31st AUG 2024 - Morning Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဟောင်ကောင်စီးပွားရေးဘဏ်(HBB)မှာ NUG က အပ်ထားတဲ့ငွေ တပြားတချပ်မှ မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ရှင်းလင်း

📌 ၂။ ယူကေနိုင်ငံ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်က ဘင်္ဂလားဒေ့ရှ်/ မြန်မာ အမှုအပါအဝင် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် စုံစမ်းစစ်ဆေးနေသည့် အမှုတိုင်း၏ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေတယ်လို့ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားထုတ်ပြန်

📌 ၃။ အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများကြောင့် ခင်ဦးနယ် ကကျေးရွာအများစုတွင် ကျောင်းပညာသင်ကြားရာနေရာအများစု ပိတ်ထားရ

📌 ၄။ ယောနယ်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေ၍ နွေဦးညီနောင် သိန်း၃၀၀၀ကမ်ပိန်းတွင်ပါဝင်ရန်အသိပေး

📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၈၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၂) ဦးနှင့် အသက် ၆၀ နှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ (၁၅) ဦး ပါဝင်


၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တွေမြို့အနီးမှာ AA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲစဖြစ် 

🚩 ၂။ တနင်္သာရီမြို့နယ် မိုင်ကျေးရွာဖက် စစ်ကြောင်းထိုးလာသော စစ်ကြောင်းနှင့် ၄ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွား

🚩 ၃။ ကန့်ဘလူနယ် ချပ်ကြီးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေပြီး ၂၀ခန့် ဒဏ်ရာရ

🚩 ၄။ လိပ်သိုအခြေစိုက် ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ရာ ရိက္ခာဂိုထောင်နဲ့ မော်တော်ယာဉ်ဂိုထောင် ထိမှန်ပြီး ကား စီး မီးလောင်ပျက်စီး  

🚩 ၅။ ပခုက္ကူမြန်မာ့အစိုးရစီးပွားရေးဘဏ်ရှေ့ မီနီအိုးဝေပေါ်ရှိ စကစများအား အနီးကပ် ပစ်ခတ်ရှင်းလင်း

🚩 ၆။ ကမ္မမြို့ရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲတပ်သား ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းဆီးမိ

🚩 ၇။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်

🚩 ၈။ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဟောင်ကောင်စီးပွားရေးဘဏ်(HBB)မှာ NUG က အပ်ထားတဲ့ငွေ တပြားတချပ်မှ မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ရှင်းလင်း


သြဂုတ်လ ၃၀ရက်။

Radio NUG

ဟောင်ကောင်စီးပွါးရေးဘဏ်(HBB)မှာNUG က အပ်ထားတဲ့ငွေ တပြားတချပ်မှ မရှိဘူးလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ရှင်းလင်း ဆိုလိုက်ပါတယ်။


သြဂုတ်လ၃၀ရက်ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုထားပါတယ်။


"ဒီသတင်းကို အဟုတ်ထင်ပြီး ပြောနေကြသူတွေတချို့ တွေ့မိတယ်။ အဲ့ဒီဘဏ်မှာ NUG က အပ်ထားတဲ့ငွေ တပြားတချပ်မှ မရှိပါ။ တော်ရုံ ဖွကြပါ"လို့ဝန်ကြီးကဆိုထားပါတယ်။


NUG အပ်ထားသော ဟောင်ကောင်စီးပွားရေးဘဏ်(HBB)မှ ၅၂၈.၂သန်း အား တရုတ်အစိုးရက ဘဏ်အကောင့်များအားထပ်မံ ပိတ်သိမ်းခဲ့တယ်လို့ ကောလဟာလများကို ဆိုရှယ်မီဒီယာမှာဖြန့်ဝေလျက်ရှိပါတယ်။


========================


📌📌 ၂။ ယူကေနိုင်ငံ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်က ဘင်္ဂလားဒေ့ရှ်/ မြန်မာ အမှုအပါအဝင် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် စုံစမ်းစစ်ဆေးနေသည့် အမှုတိုင်း၏ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေတယ်လို့ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားထုတ်ပြန်


သြဂုတ်လ ၃၀ရက်။

Radio NUG

ယူကေနိုင်ငံ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်က ဘင်္ဂလားဒေ့ရှ်/ မြန်မာ အမှုအပါအဝင် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် စုံစမ်းစစ်ဆေးနေသည့် အမှုတိုင်း၏ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေတယ်လို့ မြန်မာနိူင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကထုတ်ပြန်ပါတယ်။


သြဂုတ်လ၃၀ရက်မှာ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားကတရားဝင်ထုတ်ပြန်ပါတယ်။


ယူကေနိုင်ငံ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်သည် ဘင်္ဂလားဒေ့ရှ်/ မြန်မာ အမှုအပါအဝင် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် စုံစမ်းစစ်ဆေးနေသည့် အမှုတိုင်း၏ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။


ဆိုလိုသည်မှာဖြစ်နိုင်ခြေရှိသော သက်သေများကို ဖော်ထုတ်ပြီး စွပ်စွဲထားသောပြစ်မှုများကို စစ်ဆေးမှာဖြစ်တယ်လို့ဆိုပါတယ်။


လက်ရှိမှာ ၂၀၂၂ ခုနှစ် မတ်လတွင် Myanmar Accountability Project သည် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ တူရကီနိူင်ငံအစ္စတန်ဘူလ်ရှိ အစိုးရရှေ့နေရုံးထံ တိုင်ကြားခဲ့ပြီး တူရကီ အာဏာပိုင်များက အဆိုပါတိုင်ကြားချက်အား မတုံ့ပြန်သေးဘူးလို့သိရပါတယ်။


အလားတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ထိခိုက်နစ်နာသူငါးဦးနှင့် ၎င်းတို့၏မိသားစုများသည် မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းတရားစွဲဆိုရေးဌာနတွင် ပူးတွဲရာဇ၀တ်မှု တိုင်ကြားချက်တစ်ခု တင်သွင်းခဲ့ရာ ဖိလစ်ပိုင် အာဏာပိုင်များက အဆိုပါတိုင်ကြားချက်အား တုံ့ပြန်မှု မရှိသေးဘူးလို့သိရပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများကြောင့် ခင်ဦးနယ် ကကျေးရွာအများစုတွင် ကျောင်းပညာသင်ကြားရာနေရာအများစု ပိတ်ထားရ


သြဂုတ်လ ၃၀ရက်။

Radio NUG

အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများကြောင့် ခင်ဦးနယ်ကကျေးရွာအများစုတွင် ကျောင်းပညာသင်ကြားရာနေရာအများစု ပိတ်ထားရတယ်လို့ သိရပါတယ်။


သြဂုတ်လအတွင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက အတည်ပြုပါတယ်။


"သြဂုတ်လ၁၇/၁၈/၁၉ရက်နေ့များတွင် ခင်ဦးနယ် မဒေါင်းလှ ပျူစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်မှု မအောင်မြင်ခဲ့ရာမှ အကြမ်းဖက်စကစမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပါတယ်"လို့ဖော်ပြပါတယ်။


သြဂုတ်လ ၁၈ရက်နေ့တွင် မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး အနီးတဝိုက်(မဒေါင်းလှတိုက်ပွဲ)ပစ်ခတ်ခဲ့ပြီး ၁၉ရက်နေ့ ဗအိုးရွာ အကြောင်းမဲ့ပစ်ခတ်သောကြောင့် ပြည်သူ()ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်။


၂၆ရက်နေ့တွင် မုံလှကျေးရွာအား အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ()ဦး ထိခိုက်ဒဏ်ရာရပြီး ၂၉ရက် စည်ပုတ္တရာနှင့် သေနပ်စိန်ကျေးရွာ ပြည်သူ()ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


အဆိုပါ အကြောင်းမဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ခင်ဦးနယ် ကျေးရွာအများစုတွင် ကျောင်းပညာသင်ကြားနေရာအများစု ပိတ်ထားရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ ယောနယ်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေ၍ နွေဦးညီနောင် သိန်း၃၀၀၀ကမ်ပိန်းတွင်ပါဝင်ရန်အသိပေး


သြဂုတ်လ ၃၀ရက်။

Radio NUG

ယောနယ်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေ၍ နွေဦးညီနောင် သိန်း၃၀၀၀ကမ်ပိန်းတွင်ပါဝင်ရန်အသိပေးနှိုးဆော်လိုက်ပါတယ်။


ယောနယ်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ဂန့်ဂေါခရိုင်အမှတ် (၁၃/၁၅/၁၆/၁၇/၁၈) တပ်ရင်းတွေလည်း အပါအဝင်ဖြစ်ပြီးတော့ စုဖွဲ့လေ့ကျင့်မှုတွေပြုလုပ်ကာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်နိုင်ဖို့ကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


ထို့အတွက်ရဲဘော်တွေကို ကျည်ကာဦးထုပ်၊ ကျည်ကာတွေ တပ်ဆင်နိုင်ဖို့ အဓိကရည်ရွယ်ပြီး ပြုလုပ်တဲ့ "နွေဦးညီနောင် သိန်းသုံးထောင်" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့တိုက်တွန်းထားပါတယ်။


ခရိုင်အတွင်းမှာ ကျန်ရှိနေသေးတဲ့ စကစ အပေါင်းအပါတွေကို မောင်းထုတ်နိုင်ဖို့ ရဲဘော်တွေရဲ့ တာဝန်ဖြစ်ပြီးတော့ ရဲဘော်တွေ ယုံကြည်မှုရှိရှိနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ လက်နက်ခဲယမ်းမီးကျောက်တွေအပြင် အဓိကလိုအပ်တဲ့ ကျည်ကာ၊ကျည်ကာဦးထုပ်တွေတပ်ဆင်ပေးနိုင်ဖို့ဆိုရင် ထောက်ပို့ရဲဘော်တွေရဲ့တာဝန်ပဲဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၈၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၂) ဦးနှင့် အသက် ၆၀ နှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ (၁၅) ဦး ပါဝင်


သြဂုတ်လ ၃၀ရက်။

Radio NUG

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၈၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၂) ဦးနှင့် အသက် ၆၀ နှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ (၁၅) ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၅) ဦးနှင့် အမျိုးသား (၅၃) ဦး စုစုပေါင်း (၈၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၂) ဦးနှင့် အသက် ၆၀ နှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ (၁၅)ဦး ပါဝင်တယ်လို့သိရပါတယ်။


ထို့ပြင် ၎င်း (၈၈)ဦးအနက် စစ်ကိုင်းတိုင်းမှာ (၂၇)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၄၅)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ထို့ပြင် တစ်လတာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၂)ဦးနှင့် အမျိုးသား (၅၂)ဦး စုစုပေါင်း (၇၄)ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်တွေမြို့အနီးမှာ AA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲစဖြစ် 


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ ရခိုင့်တပ်တော်-AAနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။  

ရခိုင့်တပ်တော်-AA ရဲ့စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လာရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ စဖြစ်တာလို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်တွေမြို့နဲ့ မိုင်ခန့်အကွာမှာရှိတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ ဩဂုတ်လ ၂၈ ရက်နေ့ နာရီကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာလို့ သိရပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ ညနေ နာရီမှာလည်း ပစ်ခတ်သံတွေကြားနေရပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ ဒေသခံတွေက အသိပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်တွေမြို့ကို ရေလမ်း၊ ကုန်လမ်းတွေအားလုံး ဖြတ်တောက်ထားပြီး စစ်တွေမြို့အဝင် အမြင့်ကျွန်းတံတားကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မိုင်းခွဲဖျက်ဆီးထားတယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Western News က ဖော်ပြပါတယ်။


ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA ကတော့ ဩဂုတ်လ ၃ဝ ရက်နေ့ နာရီဝန်းကျင်အထိ အသိပေးထုတ်ပြန်တာမရှိသေးပါဘူး။


စစ်တွေမြို့နယ်မှာ ဖက် အပြန်အလှန်ပစ်ခတ်မှုကနေ တိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိလာနိုင်တဲ့အတွက် အဲဒီဒေသအတွင်း ပိတ်မိနေကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ တိုက်တွန်းနေသူတွေလည်း ရှိနေပါတယ်။


========================


🚩🚩 ၂။ တနင်္သာရီမြို့နယ် မိုင်ကျေးရွာဖက် စစ်ကြောင်းထိုးလာသော စစ်ကြောင်းနှင့် ၄ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွား


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မိုင်ကျေးရွာဖက် စစ်ကြောင်းထိုးလာသော အင်အား ၈၀ ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ()၊စစ်ကြောင်း () KNLA တပ်ရင်း (၁၁) KTLA စသည့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ၊ ၂၆ ရက်နေ့မှစ၍ ၂၉ ရက်နေ့အထိ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ()မှ သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ်လ၊ ၂၆ ရက်နေ့တွင် .. (၅၆၁)ဖက်မှ မိုင်ကျေးရွာ ဖက်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ဖက်ညှပ်၍ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ မိုင်ကျေးရွာရှိ ပြည်သူများ နေထိုင်ရာနေအိမ်များထဲ အတင်းဖျက်စီးဝင်ရောက်ကာ ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းများပါ အသုံးပြုပြီး မိုင် ကျေးရွာတွင် ပိတ်မိနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဖက်မှလည်း လက်နက်ကြီးများ ပစ်ကူပေးပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လေးရက်ဆက်တိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖက်ကလည်း ရဲဘော် ဦး ဒါဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်းတစ်လက်၊ ၆၀ မမကျည်သီး လုံး၊ RPG သီး လုံး၊ ပို့ယမ်း တောင့်၊ ကျည်ဘောက် ခု၊ အီနာကာတစ်လုံးနှင့် ဖုန်းတစ်လုံး သိမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲအတွင်း ထုံတော်ရွာနှင့် မိုင်ရွာရှိ အပြစ်မဲ့ပြည်သူ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားရာ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ဖမ်းဆီးခံ ပြည်သူနှစ်ဦးမှာ ယခုချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိဘဲ ပျောက်ဆုံးနေကြောင်း ဖော်ပြထားပါတယ်။


၎င်းတိုက်ပွဲကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း () စစ်ကြောင်း (), KNLA တပ်ရင်း (၁၁) KTLA စသည့် မြေပြင်တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနဲ့အတူ ADF ဒရုန်းအဖွဲ့၊ Dragon Squadဒရုန်းအဖွဲ့နှင့် မြိတ်ခရိုင်ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကန့်ဘလူနယ် ချပ်ကြီးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေပြီး ၂၀ခန့် ဒဏ်ရာရ


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် စစ်ဒေသက ဩဂုတ်လ ၃ဝ ရက်မှာ ထုတ်ပြန်ပါတယ်။

ချပ်ကြီးကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၅၀ ခန့်ကို ကန့်ဘလူခရိုင် တပ်ရင်း ၁၊ နဲ့ ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့က ဩဂုတ် ၂၇ရက်က ပြောက်ကျားနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ဦးသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရသွားတဲ့အပြင် လက်နက်ငယ် လက် ကျည် ၈၃၂ တောင့်၊ကျည်အိမ် ခု၊အီကွင်းမင့် ခု၊ယူနီဖောင်း စုံ၊လက်ထိပ် ခု၊ ဓားတချောင်းစတဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သေဆုံးသွားတဲ့ စစ်သားရုပ်အလောင်းတွေထားခဲ့ပြီး ဒဏ်ရာရသူတွေနဲ့အတူ ချပ်ကြီးကျေးရွာထဲ ပြန်ဝင်သွားတယ်လို့ တိုက်ပွဲဝင်တပ်ဖွဲ့တွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ၎င်းတို့စခန်းတွေကို ကာကွယ်ဖို့ စစ်ကြောင်းတွေထွက်နေတာကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အင်းတော်၊ ထီးချိုင့်နဲ့ ပင်လယ်ဘူးမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို အမှတ် စစ်ဒေသအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာကြောင့် ဒီဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ လိပ်သိုအခြေစိုက် ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ရာ ရိက္ခာဂိုထောင်နဲ့ မော်တော်ယာဉ်ဂိုထောင် ထိမှန်ပြီး ကား စီး မီးလောင်ပျက်စီး  


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက လိပ်သိုမြို့မှာအခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၆၀၃ ဗဟိုကင်း စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာဂိုထောင်နဲ့ မော်တော်ယာဉ်ဂိုထောင်ကို ထိမှန်ပြီး ကား စီး မီးလောင် ပျက်စီးသွားတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 

လိပ်သိုမြို့မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၆၀၃ ဗဟိုကင်းစခန်းကို တော်လှန်းရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၂၈ ရက်နေ့ ညနေ နာရီဝန်းကျင်အချိန်မှာ ၁၁၄ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က မော်တော်ယာဉ် စီး မီးလောင်ပျက်စီးခဲ့တဲ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲ PDF တပ်ရင်း ၃၅၀၂ တပ်မဟာ တပ်ရင်း နဲ့ အထူးတပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဩဂုတ် ၂၆ရက်ကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်ကို ၁၁၄ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ရာ လေတပ်စခန်းဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တဲ့အပြင် ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာပါဝင်တဲ့ ပဲခူးတိုင်းအတွင်းက ဖြူး၊ လက်ပံတန်း၊ ပေါင်းတည်၊ အုတ်တွင်းနဲ့ မွန်ပြည်နယ်က သံဖြူဇရပ်မြိုနယ်တို့မှာ အခု ဩဂုတ်အတွင်း စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ပခုက္ကူမြန်မာ့အစိုးရစီးပွားရေးဘဏ်ရှေ့ မီနီအိုးဝေပေါ်ရှိ စကစများအား အနီးကပ် ပစ်ခတ်ရှင်းလင်း


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

ဩဂုတ်လ ၃၀ရက်နေ့ ၁၁နာရီ ၃၅မိနစ်အချိန်တွင် ပခုက္ကူ မြို့မစျေး/ လွတ်လပ်ရေးပန်းခြံ အနောက်ဘက် ပခုက္ကူမြို့ရဲစခန်းနှင့် မီတာ ၁၀၀ ခန့်သာဝေးသော မြန်မာ့အစိုးရစီးပွားရေးဘဏ်ရှေ့ မီနီအိုးဝေပေါ်ရှိ စစ်သားအား ခြောက်လုံးပြူးသေနတ်ဖြင့် ၃ချက်တိတိ / နားထင် ၂ချက်နှင့် လည်ပင်းတစ်ချက်အား DLP အဖွဲ့ဖြင့် ပူးပေါင်းကာ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိုင် ပကဖ က သတင်းထုတ်ပြန်ပါတယ်။


ပစ်ခတ်နေစဥ် မော်တော်ပီကေ ယာဥ်ထိန်းရဲ သုံးဦးမှ စီးပွားဘဏ်အတွင်းထဲသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


ထိုပစ်ခတ်ခဲ့ရာတွင် ၂၅၃ တပ်ရင်း စစ်သားတစ်ဦး သေဆုံးပြီး MA 3 အမျိုးစား လက်၊ .၅၆ ကျည်အမျိုးအစား ၂၄တောင့်အား သိမ်းဆည်းရမိပြီး ရဲဘော်တစ်ဦးရဲ့ ဆိုင်ကယ် ၁စီး ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


တပ်ဖွဲ့ဝင်ရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စကစနှင့် ပျူစောထီးများသည် အများပြည်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်းနှင့် သတိဖြင့် သွားလာကြရန် သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ကမ္မမြို့ရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲတပ်သား ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းဆီးမိ


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

ဩဂုတ်လ ၂၈ ရက် ညနေ နာရီ ခွဲခန့်က ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် ရဲတပ်သားတစ်ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း KAMMA Under Ground People Defense Force မှ သတင်းထုတ်ပြန်ပါတယ်။


ရဲတပ်သား ဖုန်းမြင့်သည် ရဲစခန်းအနောက်ဘက်သို့ ဈေးဝယ်ရန်ထွက်လာစဉ် Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းနေသော ရဲဘော်များနှင့် ထိပ်တိုက်တွေ့ပြီး G3 တစ်လက်၊ ကျည်တောက် တစ်ဘောက်၊ ကျည် ၁၀၉ တောင့်၊ ဖုန်းတစ်လုံးတို့နှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ ရဲတပ်သား ဖုန်းမြင့်သည် ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရေနံမြေရဲကင်းမှ စခန်းစွန့်ခွာလာကာ ကမ္မရဲစခန်းသို့ ရောက်ရှိနေသူဖြစ်ပြီး ၎င်းကို စစ်သုံ့ပန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်


ဩဂုတ်လ ၃၀ရက်။ 

Radio NUG

ဩဂုတ်လ ၂၉ရက်နေ့ (၁၁)နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ကွက်()ရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးအနီးတွင် ထပ်မံလာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ဗုံးကြဲချမှုကြောင့် ရပ်ကွက်()ရှိ (ဒေသအခေါ်)ပင်ပေါလေးနှင့် အုတ်ကျင်းအတွင်းရှိ ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။


အလားတူ သြဂုတ်လ(၂၇)ရက်၊ ညပိုင်း(၁၁)နာရီခွဲအချိန်တွင်လည်း ကျောက်မဲမြို့ အမှတ်()ရပ်ကွက် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ထိုရပ်ကွက်ရှိ ဒေသခံအမျိုးသား()ဦး သေဆုံးခဲ့ရပြီး ()ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၈။ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ


ဩဂုတ်လ ၃၀ရက်။ 

Radio NUG 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သြဂုတ် ၂၉ ရက် ညပိုင်းက ခင်ဦးမြို့နယ် စည်ပုတ္တရာနဲ့ သေနပ်စိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

သြဂုတ် ၁၉ ရက်ကလည်း ဗအိုးကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတဦးသေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့သလို သြဂုတ် ၂၆ ရက်ကလည်း မုံလှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် အရပ်သား ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

သြဂုတ် ၁၇ ကနေ ၁၉ ရက်အထိ မဒေါင်းလှပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ရက်ဆက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် တိုက်ပွဲဖြစ်တာမရှိတော့ပေမယ့် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အကြောင်းမဲ့ပစ်ခတ်နေတာလို့ အဲဒီဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် ခင်ဦးနယ်မှာရှိတဲ့ ကျေးရွာတွေက အခြေခံပညာကျောင်းတွေ ယာယီပိတ်ထားရပြီး ဒေသခံပြည်သူတွေဟာလည်း လူစုလူဝေးရှိရာနေရာတွေကို ရှောင်ရှားနေကြရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၉၀ ဦးရှိခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment