4th AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးတော်လှန်ရေးဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်း ခေတ်ပြောင်းတော်လှန်ရေး နံနက်မိုးသောက် အလင်းရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စကစတပ်ရဲ့လုပ်ရပ်များကို တချိန်တွင်တရားစွဲအရေးယူနိူင်ဖို့အထောက်အထားများပေးပို့နိူင်

📌 ၃။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရမှုဟာ စကစရဲ့ စစ်ဌာနချုပ်တွေ တခုပြီး တခု ပြိုလာမယ့် အစဖြစ်တယ်လို့ဆို

📌 ၄။ ခွပ်ဒေါင်း အလံတင်အခမ်းအနားနှင့်အမေရိကန် Buffalo မြို့ခံ ပြည်သူများကိုတွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့်ဒုဝန်ကြီးဦးမိုးဇော်ဦးတို့အပါအဝင် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်


၂၀၂၄ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် ထွက်ပြေးလွတ်မြောက်နေ

🚩 ၂။ ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲရာနေရာကို ဗုံးကြဲတိုက်ခိုက်ရာ ၂ဦးသေဆုံး

🚩 ၃။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ကို KNPP KNU နဲ့ CNF တို့က ဂုဏ်ပြု သဝဏ်လွှာ‌ပေးပို့

🚩 ၄။ လားရှိုး""ဆက်ဆံရေးရုံးတွင်ဂြိုလ်တု WIFIအသုံးပြုနိုင်တယ်လို့အသိပေး

🚩 ၅။ ကန့်ဘလူနယ်ထဲ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၂သောင်းနီးပါး စစ်ဘေးရှောင်နေရ

🚩 ၆။ ဖာပွန်ခရိုင်မှာ ဇူလိုင်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၅ဝ ကျော်သေဆုံး KNU အသိပေး

🚩 ၇။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် လက်နက်ချအလင်းဝင်လာတဲ့ စစ်သားနဲ့ မိသားစုဝင် ၁၀၀၀ ကျော်ရှိလာ 

🚩 ၈။ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ကစထမှူးအဖြစ် အစားထိုးခန့်

🚩 ၉။ မြင်းခြံခရိုင် အမှတ် တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်း ခေတ်ပြောင်းတော်လှန်ရေး နံနက်မိုးသောက် အလင်းရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


သြဂုတ်လ၄ရက်။


နွေဦးတော်လှန်ရေးဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်း ခေတ်ပြောင်းတော်လှန်ရေး နံနက်မိုးသောက် အလင်းရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သြဂုတ်လ၃ရက်ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားလိုက်ပါတယ်။


"ဒီဓါတ်ပုံ ပုံ ဟာ မြန်မာ့သမိုင်းဖြစ်သွားပြီ။

နွေဦးတော်လှန်ရေးဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်း ခေတ်ပြောင်းတော်လှန်ရေး နံနက်မိုးသောက် အလင်းရောက်ပြီ. နွေဦးတော်လှန်ရေးတွင် ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့တဲ့ သူရဲကောင်း အာဇာနည်အပေါင်းကို အလေးပြုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


MNDAAတပ်ဖွဲ့ဟာမဟာမိတ်များနှင့်အတူ စကစတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်နိူင်သည့်မှတ်တမ်းဓာတ်ပုံများ သြဂုတ်လ၃ရက်နေ့ကထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


========================

                               

📌📌 ၂။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စကစတပ်ရဲ့လုပ်ရပ်များကို တချိန်တွင်တရားစွဲအရေးယူနိူင်ဖို့အထောက်အထားများပေးပို့နိူင်


သြဂုတ်လ၄ရက်။


အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စကစတပ်ရဲ့လုပ်ရပ်များကို တချိန်တွင်တရားစွဲအရေးယူနိူင်ဖို့အထောက်အထားများပေးပို့နိူင်တယ်လို့လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုများနဲ့ပတ်သက်လို့စကစတပ်ရဲ့ကျူးလွန်မှုကို တွေ့ဆုံမေးမြန်းခန်းတခုမှာ လူ့အခွင့်ရေးဝန်ကြီးကဆိုပါတယ်။


"လူငါးယောက် သေသွားတယ်၊ လူငါးယောက် သတ်သွားတယ်ဆိုတာ လေပေါ်မှာ ပြန့်ပြီး ပျောက်သွားတာမျိုး ဖြစ်လို့ မရပါဘူး။ ဘယ်တုန်းက၊ ဘယ်အချိန်က၊ ဘယ်သူတွေ၊ ဘယ်လိုမျိုးပုံစံနဲ့ သတ်ဖြတ်ခံရလဲ ဆိုတဲ့ အချက်အလက်တွေက ရင်နာစရာတွေ ဖြစ်ပေမယ့် တချိန်မှာ တရား စွဲဆိုနိုင်ဖို့ လိုအပ်တဲ့ သက်သေ အထောက်အထားတွေ ဖြစ်ပါလိမ့်မယ်။ ကြုံတွေ့တဲ့သူတွေ သိရှိတဲ့သူတွေက အချက်အလက်တွေကို အထူးသဖြင့် ဘယ်တပ်က ကျူးလွန်တာလဲ ဆိုတဲ့ အချက်တွေက အစ တိတိကျကျ ရယူပြီးတော့ ကျွန်တော်တို့ဆီ ပေးပို့ ပေးပါ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကလည်း စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုတိုင်ကြားနိူင်ကြောင်း ဆက်သွယ်ပေးပို့ရန်လိပ်စာများဖော်ပြထားပါတယ်။


========================


📌📌 ၃။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရမှုဟာ စကစရဲ့ စစ်ဌာနချုပ်တွေ တခုပြီး တခု ပြိုလာမယ့် အစဖြစ်တယ်လို့ဆို


သြဂုတ်လ၄ရက်။


အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရမှုဟာ စကစရဲ့ စစ်ဌာနချုပ်တွေ တခုပြီး တခု ပြိုလာမယ့် အစဖြစ်တယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်က သြဂုတ်လ၄ရက်မှာ ဆိုရှယ်မီဒီယာမှပြောကြားလိုက်ပါတယ်။


"ဒိုမီနို ဆိုတာ အရပ် အခေါ် ဒိုးဆက်ပေါ့။ဒိုးဆက်လေး တွေကို တန်းစီပြီး ထောင်ထားရင် ရှေ့က ဒိုးဆက်လေး ကိုပဲ တောက်ချလိုက်ရင် တတန်းကြီးပြိုသွားတာ။အဲ့ဒါကို စစ်ရေး၊ နိုင်ငံရေး မှာ စကားပုံ အနေနဲ့ သုံးကျတယ်။အခုလည်း စစ်တိုင်း စစ်ဌာနချုပ်တွေ တခုပြီး တခု ပြိုလာမယ့် အစ"လို့ဆိုပါတယ်။


MNTJP မှန်ကန်သောဦးဆောင်မှုဖြင့် ရှေ့တန်းတပ်သားများ အားလုံး၏ သွေးထွက်သံယို တိုက်ပွဲများနှင့်အတူ ၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAAတပ်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး  ကျန်နေသော ရန်သူတပ်များကို ချေမှုန်းခဲ့ပါတယ်။


MNDAAတပ်သည်လားရှိုးမြို့ရှိနိူင်ငံရေးအကျဥ်းသားများကိုပါ ကယ်ထုတ်စောင့်ရှောက်နိူင်ခဲ့ပါတယ်။


========================


📌📌 ၄။ ခွပ်ဒေါင်း အလံတင်အခမ်းအနားနှင့်အမေရိကန် Buffalo မြို့ခံ ပြည်သူများကိုတွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့်ဒုဝန်ကြီးဦးမိုးဇော်ဦးတို့အပါအဝင် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်


သြဂုတ်လ၄ရက်။


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် Buffalo မြို့၌ ၁၅ကြိမ်မြောက် တိုက်ပွဲဝင်ခွပ်ဒေါင်း အလံတင်အခမ်းအနားကို ဩဂုတ်လ၃ရက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့်ဒုဝန်ကြီးဦးမိုးဇော်ဦးတို့အပါအဝင် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားကို၈၈မျိုးဆက် ကျောင်းသားဟောင်းများက စီစဉ်ကျင်းပခဲ့ကြပြီး Buffalo ဒုတိယမြို့တော်ဝန်  Deputy Mayor Dr. Callie Johnson နှင့်ONA Director Darren Saxon   

ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့်ဒုဝန်ကြီးဦးမိုးဇော်ဦးတို့အပါအဝင် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်ခဲ့ပါတယ်။


ညနေပိုင်းအခမ်းအနားတွင် Buffalo မြို့ခံမြန်မာပြည်သူများ ထောက်ပို့ပြည်သူများနှင့် ဝန်ကြီးများတွေ့ဆုံကာ နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် ထွက်ပြေးလွတ်မြောက်နေ


သြဂုတ်လ၄ရက်


ကိုးကန့်တပ် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် စိုးလှိုင် မူဆယ်မြို့ကနေ ထွက်ပြေးသွားတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

တပ်မ ၉၉  တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ဟာ ဇူလိုင်လလယ်ပိုင်းကပဲ ရာထူးကနေဖယ်ရှားခံရတဲ့ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် နေရာမှာ အစားထိုးခန့်အပ်ခံရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်စိုးလှိုင်အနေနဲ့ တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်စိုးလှိုင်ဟာ တိုင်းမှူးဖြစ်လာချိန်မှာ လားရှိုးမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်ကိုမသွားဘဲ မူဆယ်ကနေ ကွပ်ကဲနေရာကနေ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားတဲ့အတွက် မူဆယ်ကနေ ထွက်ပြေးသွားတာဖြစ်ပြီး အဆက်အသွယ်ပြတ်တောက် နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲရာနေရာကို ဗုံးကြဲတိုက်ခိုက်ရာ ၂ဦးသေဆုံး


သြဂုတ်လ၄ရက်


ပဲခူးတိုင်း ဖြူးမြို့နယ်ထဲက ညောင်ပင်သာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့နေရာကို တရက်တည်း ဒရုန်းနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ ဖြူးမြို့နယ်-ပကဖက ထုတ်ပြန်ထားပါတယ်။

ဖြူးမြို့နယ်-ပကဖ ဒရုန်းအဖွဲ့ကရဲဘော်တွေ သြဂုတ် ရက် မနက် နာရီကျော်အချိန်မှာ ညောင်ပင်သာမြို့ အရှေ့ဘက် မြို့မ လမ်းနဲ့ မြို့မ လမ်းဆုံ ရွာလယ်ဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ၂ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ညောင်ပင်သာမြို့ က ရဲစခန်း ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရပြီးချိန်မှာ အင်အားဖြည့်တင်းပြီး လာရောက်စခန်းခနေတဲ့အဖွဲ့လို့ သိရပါတယ်။ 

ထို့အတူ မွန်းလွဲ နာရီဝန်းကျင်မှာလည်း ညောင်ပင်သာမြို့ က စစ်ကောင်စီတပ် အထိုင်ချနေတဲ့နေရာကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဖြူး-ပကဖ က အသိပေးထားပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတာကြောင့် ကျောင်းမှာရှိတဲ့ သံဃာတော်တွေ ရွှေ့ပြောင်း နေထိုင်ကြရတယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ရာ ညောင်ပင်သာမြို့အရှေ့ဘက် အုန်းပင်စုကျေးရွာအနီး ဗုံးသီး တွေ ကျရောက်ပေါက်ကွဲသလို ညောင်ပင်သာမြို့အထွက်နေရာနဲ့ အင်ပင်သာရွာဘက်ကို လက်နက်ကြီးတွေနဲ့  ရမ်းသမ်း ပစ်ခတ်ခဲ့တာရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဖြူးမြို့နယ်-ပကဖ ဒရုန်းအဖွဲ့ဟာ သြဂုတ် ရက်ကလည်း ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အရှေ့ဘက် ကွင်းဝိုင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးနဲ့ မိုင်းရှာခွေးတကောင် သေဆုံးစေခဲ့ပါတယ်။


========================


🚩🚩 ၃။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ကို KNPP KNU နဲ့ CNF တို့က ဂုဏ်ပြု သဝဏ်လွှာ‌ပေးပို့


သြဂုတ်လ၄ရက်


ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ကို KNPP KNU နဲ့ CNF တို့က ဩဂုတ်လ ရက်မှာ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- MNDAA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ လားရှိုးမြို့မှာ အခိုင်အမာတည်ဆောက်ထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်း ညီနောင်တော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့ KNPP KNU နဲ့ CNF တို့က ဆိုပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာရရှိထားတဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူသလို အောင်ပွဲတွေ ဆက်လက်ရရှိစေဖို့ လည်း KNPP KNU နဲ့ CNF တို့က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။ 

ဒါ့အပြင် ညီနောင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပြိုလဲတဲ့အထိ ဟန်ချက်ညီစွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ယခုအောင်ပွဲဟာ စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တခုအဖြစ် အရေးပါသလို ဒီအောင်ပွဲကတဆင့် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်တိုင်းကိုဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနဲ့ စစ်ရေး ဟန်ချက်ညီညီလုပ်ဆောင်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမယ်လို့လည်း KNPP KNU နဲ့ CNF တို့က ၎င်းတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆို ထားပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- MNDAA နဲ့ တအာင်းအအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ်လ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩 ၄။ လားရှိုး""ဆက်ဆံရေးရုံးတွင်ဂြိုလ်တု WIFIအသုံးပြုနိုင်တယ်လို့အသိပေး


သြဂုတ်လ၄ရက်


လားရှိုး""ဆက်ဆံရေးရုံးတွင်ဂြိုလ်တု WIFIအသုံးပြုနိုင်တယ်လို့ သြဂုတ်လ၄ရက် ဝပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဆိုရှယ်မီဒီယာတွင်ဖော်ပြထားပါတယ်။


"မိတ်ဆွေများမိမိတို့လားရှိုး""ဆက်ဆံရေးရုံးသို့ဂြိုလ်တု WIFIအသုံးပြုနိုင်ပါကြောင်း"လို့ဖော်ပြထားပါတယ်။


၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAAတပ်သည်  မင်းအောင်လှိုင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး  ကျန်နေသော ရန်သူတပ်များကို ချေမှုန်းနိူင်ခဲ့ပါတယ်။


========================


🚩🚩 ၅။ ကန့်ဘလူနယ်ထဲ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၂သောင်းနီးပါး စစ်ဘေးရှောင်နေရ


သြဂုတ်လ၄ရက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်းကို စစ်တပ်က စ်စကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၆ ရွာက ဒေသခံ ပြည်သူ ၂သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၂၀၀ ကျော်ပါတဲ့အဖွဲ့ဟာ ဇူလိုင် ၂၅ ရက်ကစပြီး ကန့်ဘလူ တောင်ခြမ်းကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ 

ဒီ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးနေတဲ့ ပတ်တာကာလအတွင်း ကန့်ဘလူနယ်တောင်ခြမ်းက စစ်ရေးအရ အရေးပါတဲ့နေရာမှာ အထိုင်ချတပ်စွဲနေတာလဲရှိတယ်လို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Infinity Group က အသိပေးထားပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင်လ ၂၇ ရက်က ထန်းကုန်း-ဇီးကုန်း မူးဘောင်လမ်းဘေးမှာရှိတဲ့ ဒေသအခေါ် မဂုံးလို့ ခေါ်တဲ့ မင်းကုန်း ရွာကို မီးရှို့ဖျက်ဆီးပြီး ဘန်ကာတွေဆောက်လုပ်ကာ အထိုင်ချတပ်စွဲနေတာလို့ ဆိုပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းကုန်းရွာမှာ တပ်စွဲပြီး အနီးပတ်ဝန်းကျင်ကရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးကာ ပြည်သူပိုင် စားနပ်ရိက္ခာ၊ကျွဲ နွားနဲ့ စက်ပစ္စည်းတွေအပါအဝင် ပရိဘောဂပစ္စည်းတွေကို ခိုးယူပြီး ထန်းကုန်းစံပြရွာဘက်ကို ကားတွေနဲ့ သယ်သွားကြတယ်လို့လည်း သိရပါတယ်။

 အကြမ်းဖက် စစ်အုပ်စုရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လ ၂၅ ရက်ကနေ ဩဂုတ်လ ရက်နေ့အထိ မင်းကုန်းရွာနဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၃၄ဝ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ Infinity Group ရဲ့ မှတ်တမ်းအရ သိရပါတယ်။ 

စစ်အုပ်စုက မင်းကုန်ရွာမှာ အထိုင်ချတပ်စွဲပြီး လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် မင်းကုန်း(က) မဲသည်၊ကျွန်းပင် ကုန်း၊ ရှမ်းတပ်၊သရက်ခေါင်း၊ညောင်ဇင်ကြီး၊သိုးဘိုး၊ကိုးမြို၊ဖလံချိုင်၊တောင့်တည်းကုန်း၊ငါးရာနဲ၊ပေလည်၊ဘိုတည်းကုန်း၊ ဘိုကုန်း၊ဆူးဘုတ်ကုန်း၊သပြေသာလေး အစရှိတဲ့ ကျေးရွာ ၁၆ ရွာက ဒေသခံပြည်သူ ၂သောင်းနီးပါး စစ်ဘေးရှောင်နေရ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကန့်ဘလူနယ်တောင်ခြမ်းက စစ်ရှောင်ကျေးရွာတွေက ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ လူသားစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဖာပွန်ခရိုင်မှာ ဇူလိုင်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၅ဝ ကျော်သေဆုံး KNU အသိပေး


သြဂုတ်လ၄ရက်


ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ နယ်မြေ ဖာပွန်ခရိုင်မှာ ဇူလိုင်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် က  ၅၂ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

မူတြော်ခရိုင်လို့ခေးတဲ့ ဖာပွန်ခရိုင်မှာ ဇူလိုင် ရက်ကနေ ၃၁ ရက်အတွင်း တိုက်ပွဲ ၁၀၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အထိနာသွားတာနဲ့ပတ်သက်လို့ KNU ဗဟိုက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ အဆောက်အအုံ ၂ခု ထိခိုက် ပျက်စီးပြီး မြင်း ကောင်သေဆုံးခဲ့တယ်လို့ KNU ဘက်က ဆိုပါတယ်။

တလတာအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေဘက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ ရှေ့တန်းစခန်းတွေကို ရိက္ခာဖြည့်တင်းရာမှာ လေကြောင်းကနေပဲ ရိက္ခာတွေ ချပေးနိုင်တော့တယ်လို့လည်း အသိပေးထားပါတယ်။

တိုက်ပွဲတွေမှာ အထိနာသွားတဲ့စစ်ကောင်စီဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများနဲ့ ဒေသခံတွေလုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ အကြိမ်များစွာပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် လက်နက်ချအလင်းဝင်လာတဲ့ စစ်သားနဲ့ မိသားစုဝင် ၁၀၀၀ ကျော်ရှိလာ 


သြဂုတ်လ၄ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် လက်နက်ချ အလင်းဝင်တဲ့ စစ်သားနဲ့ တပ်သားမိသားစုဝင် ၁၀၀၀ ကျော်ရှိလာပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ ဩဂုတ်လ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်မှာ MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ တခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အလံဖြူထောင်ကာ အလင်းဝင်တဲ့ စစ်သားနဲ့ ပြည်သူ့စစ်အပါအဝင် တပ်မိသားစုဝင် ၁၀၀၀ ကျော်ရှိလာတာလို့ဆိုပါတယ်။ 

အလံဖြူထောင်လာတဲ့ စစ်သားတွေ ပြန့်ကျဲနေတာကြောင့် လက်ရှိမှာ အရေအတွက်ကို အသေးစိတ်မစိစစ်နိုင်သေးဘဲ ထပ်တိုးလာနိုင်တယ်လို့လည်း သိရပါတယ်။  

လက်ရှိမှာ ဦးတည်ရာမဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေဆဲဖြစ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပေမယ့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတခုလုံးကို MNDAA တပ်တွေ စိုးမိုးထားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီလို့ သိရပါတယ်။


========================


🚩🚩 ၈။ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ကစထမှူးအဖြစ် အစားထိုးခန့်


သြဂုတ်လ၄ရက်


လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ကျရှုံးသွားတာကြောင့် ရမခ မကျစေရေး ကွပ်ကဲရတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ - မှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို စစ်ကောင်စီက ရာထူးမှဖယ်ရှားလိုက်ပြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင် ကို အစားထိုးခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရပ်ချုပ်တာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို မူလတာဝန်ဖြစ်တဲ့ စစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီက ဩဂုတ်လ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မကျစေရေး ကွပ်ကဲရတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ - မှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို စစ်ကောင်စီက ရာထူးကနေ ဖယ်ရှားလိုက်ပြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို မူလ စစ်ဖက်ရာထူး ပြန်လည်ထမ်းဆောင်စေကာ ကစထ မှူးအဖြစ် ခန့်အပ်လိုက်တာလို့ စစ်ဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။


========================


🚩🚩 ၉။ မြင်းခြံခရိုင် အမှတ် တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ 


သြဂုတ်လ၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် စစ်ဒေသလက်အောက်မှာရှိတဲ့ မြင်းခြံခရိုင် အမှတ် တပ်ရင်း -NPDF က အခြေခံစစ်ပညာသင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို မနေ့ ဩဂုတ် ရက် မှာ ကျင်းပခဲ့ပါတယ်။  

စစ်မြေပြင်တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲတော့မယ့် ကျွန်တော်တို့ ရဲဘော်များအတွက် လက်နက်ခဲယမ်း၊ ကျည်ကာဦးထုပ်နဲ့ ကျည်ကာများ ဝယ်ယူဖို့ တတ်နိုင်သမျှ ပါဝင်ပေးကြဖို့  မိဘပြည်သူများကို မေတ္တာရပ်ခံအပ်ပါတယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း- NPDF က ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင် အမှတ် () တပ်ရင်း Natogyi People Defence Force ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကပဲ ကုန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မန္တလေးကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ အင်အား ၄ဝ ဝန်းကျင်ပါ စစ်ကား ၃စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစီး မီးလောင်ပျက်စီးသွားပြီး စစ်သားအများအပြား သေဆုံးစေခဲ့တဲ့ တပ်ရင်း ဖြစ်ပါတယ်။

ထို့အတူ ဇူလိုင် ၂၁ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမအတိုင်း မိတ္ထီလာမြိုကနေ မန္တလေးဘက် စစ်ကူလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကား၂စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးကာ အများအပြား ဒဏ်ရာရစေခဲ့ပါတယ်။

ဒါအပြင် Natogyi People Defence Force ဟာ ဒေသတွင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်လေ့ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်းတလျောက် ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းစေဖို့ လမ်းလုံခြုံရေး ယူနေတဲ့ တပ်ရင်းတပ်ဖွဲ့တခုလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment