7th AUG 2024 - Morning Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့အမြန် ရောက်ရှိလာတော့မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြန်မာတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်များသာမက ကျွမ်းကျင်သူများဟု ဆိုသူများကိုလည်း အံ့အားသင့်စေခဲ့တယ်လို့ဆို

📌 ၃။ အငြိမ်းစား စစ်တပ်အရာရှိတွေ ပြင်ပမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မင်းအောင်လှိုင် တားမြစ်ကန့်သတ်

📌 ၄။ "ပြည်သူများသို့ အောင်စကား" အစီအစဉ် သတင်းဌာနအသီးသီးကနေထုတ်လွှင့်မည်

📌 ၅။ မွန်ပြည်နယ်အတွင်း ဇူလိုင်လ တစ်လတာတွင် ဖမ်းဆီးခံရသူ (၂၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၂၂)ဦးနှင့် သတ်ဖြတ်ခံရသူ ()ဦးရှိကာ ကလေးငယ် ၄ဦး ပါဝင်

📌 ၆။ ၂၀၂၄ခုနှစ်အတွင်းမှာ စကစရဲ့တပ်ဖွဲ့များမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း တသောင်းငါးထောင်နီးပါး ဆုံးရှုံးခဲ့ရကာ ရခိုင်ပြည်နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်တိုးလာ



၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ()ကြိမ်မြောက် ထောက်ပို့ထီရောင်းရငွေမှ သိန်း၇၀ဖိုး ကျည်ဆန် ၇၀၀ ဝယ်ယူနိုင်ခဲ့တယ်လို့ တမူးPDFတပ်ရင်း၄အသိပေး

🚩 ၂။ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝမြို့နယ်ပကဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်() သင်တန်းဆင်းပွဲမှာ လက်ဖြောင့်တပ်သားဆုရရှိသူများပါဝင်

🚩 ၃။ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)တို့ အခြေခံ စစ်သင်တန်း ဆင်းပွဲများ အသီးသီး ပြုလုပ်

🚩 ၄။ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံနှင့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ

🚩 ၅။ စစ်ကောင်စီ အင်အား (၇၀)ခန့်ပါ မော်တော်ယာဉ်နှစ်စီး မိုင်းဆွဲခံရပြီး (၁၁)ဦး သေဆုံး

🚩 ၆။ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ မန္တလေးတက္ကသိုလ်ကို လာရောက်ချိန်မှာ မိုင်းခွဲ တိုက်ခိုက်ခံရ

🚩 ၇။ ချောင်းဦး မြို့မရဲစခန်းမှ စခန်းမှူးကို ပစ်ခတ်ရာ သေဆုံး၊ ရဲတပ်သားတစ်ဦး ခြေထောက်ပြတ်

🚩 ၈။ မန္တလေးတွင် စစ်ကောင်စီခန့် မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၉။ ငါန်းဇွန် ပြည်သူ့အင်အားအဖွဲ့မှပစ္စတိုလက်လုပ်သေနတ် ထုတ်လုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့အမြန် ရောက်ရှိလာတော့မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ ၆ရက်။

Radio NUG

အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့အမြန် ရောက်ရှိလာတော့မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဩဂုတ်လ()ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၂/၂၀၂၄)တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ဩဂုတ်လ()ရက်နေ့မှာအာဏာလုစစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဟာ တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံးမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေအတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး နေရာဒေသအနှံ့မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ဆက်လက် ဖော်ဆောင်နိုင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့အမြန် ရောက်ရှိလာတော့မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၂။ မြန်မာတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်များသာမက ကျွမ်းကျင်သူများဟု ဆိုသူများကိုလည်း အံ့အားသင့်စေခဲ့တယ်လို့ဆို


သြဂုတ်လ ၆ရက်။

Radio NUG

မြန်မာတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်များသာမက ကျွမ်းကျင်သူများဟု ဆိုသူများကိုလည်း အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။


သြဂုတ်လ၆ရက် သြစတြေးလျနိုင်ငံ NUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက ဆိုရှယ်မီဒီယာမှာရေးသားဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စကစဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းထဲတို့တွင် အထိနာကျရှုံးလျက်ရှိပြီး လက်နက်ချအလင်းဝင်သူများလည်း ရှိနေပါတယ်။


========================


📌📌 ၃။ အငြိမ်းစား စစ်တပ်အရာရှိတွေ ပြင်ပမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မင်းအောင်လှိုင် တားမြစ်ကန့်သတ်


သြဂုတ်လ ၆ရက်။

Radio NUG

အငြိမ်းစား စစ်တပ်အရာရှိတွေအနေနဲ့  လက်ရှိစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို သုံးသပ်တာတွေကို လုံး၀မပြုလုပ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ကြောင်း တပ်တွင်းကရရှိတဲ့ သတင်းကို ပြန်လည်ကိုးကားပြီး CDM ဗိုလ်ကြီး ထက်မြက်က သူ့ရဲ့ Youtube Channel ဖြစ်တဲ့ Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


အခုလို တားမြစ်လိုက်ခြင်းဟာ အငြိမ်းစားအရာရှိတွေအနေနဲ့ တပ်တွင်းက အခြေအနေအမှန်တွေ၊ စည်းလုံးမှု ပျက်ပြားနေတဲ့ ကိစ္စရပ်တွေကို ပိုမိုသိရှိတာကြောင့် အရာရှိတွေရဲ့ ပြောစကား သုံးသပ်ချက်တွေဟာ စစ်ကောင်စီ ဝါဒဖြန့်နေတဲ့ သတင်းစကားတွေနဲ့ကွဲလွဲနေတာကြောင့် ဖြစ်တယ်လို့ ဗိုလ်ကြီးထက်မြက်က ဆိုထားပါတယ်။


အခုရက်ပိုင်းအတွင်း စစ်တပ်အမာခံထောက်ခံသူ ဘူးလက်လှဆွေက Live လွှင့်ပြောဆိုခဲ့ရာမှာလားရှိုးစစ်ဌာနချုပ်ထဲကို ရှော့တိုက်ဒုံး တစ်လုံးကျရင် ပေါင်တစ်ထောင်ဗုံး လောက်ကိုင်ကို လေယာဉ်နဲ့ ကျွေးလိုက်ဟု ပြောကြားခဲ့သလို လားရှိုးစစ်ဌာနချုပ်ကို ဗုံးတစ်လုံးကျပါက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသုတ်လိုက် သုတ်သင်ရှင်းလင်းဖို့အထိ ရက်စက်တဲ့ အမုန်းစကားတွေ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။


အခုရက်ပိုင်းအတွင်း စစ်အရာရှိဟောင်း NLD အမတ်ဟောင်း ဦးကျော်ဇေယျကလည်း မင်းအောင်လှိုင်ကို ချိုမိုင်မိုင်တောင် မသိဘဲ မင်းသားလုပ်ချင်တယ်လို့ဆိုကာ ဝေဖန်တဲ့ ပို့စ်တစ်ခုကို မျှဝေရေးသားခဲ့ပါသေးတယ်။


========================


📌📌 ၄။ "ပြည်သူများသို့ အောင်စကား" အစီအစဉ် သတင်းဌာနအသီးသီးကနေထုတ်လွှင့်မည်


သြဂုတ်လ ၆ရက်။

Radio NUG

"ပြည်သူများသို့ အောင်စကား" အစီအစဉ် သတင်းဌာနအသီးသီးကနေထုတ်လွှင့်မည်ဖြစ်ကြောင်းသိရပါတယ်။


"ပြည်သူများသို့ အောင်စကား"အစီအစဉ်ကို ဩဂုတ် ၁၀ ရက် (စနေနေ့)မနက် နာရီတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးရည်မွန် ဒေါ်ဇင်မာအောင် ဦးတင်ထွန်းနိုင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီနဲ့ ဦးမင်းကိုနိုင်တို့က ပြောကြားသွားမယ်လို့ သတင်းရရှိပါတယ်။


အစီအစဉ်ကို NUG PVTV Radio NUG DVB Mizzima ခေတ်သစ် D Day Channel ဒီလမ်း နွေဦးအသံ People's Spring သံလွင်တိုင်းမ်နှင့် Red Peacock ပေ့ချ်များမှ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ မွန်ပြည်နယ်အတွင်း ဇူလိုင်လ တစ်လတာတွင် ဖမ်းဆီးခံရသူ (၂၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၂၂)ဦးနှင့် သတ်ဖြတ်ခံရသူ ()ဦးရှိကာ ကလေးငယ် ၄ဦး ပါဝင်


သြဂုတ်လ ၆ရက်။

Radio NUG

မွန်ပြည်နယ်အတွင်း ဇူလိုင်လ တစ်လတာတွင် ဖမ်းဆီးခံရသူ (၂၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၂၂)ဦးနှင့် သတ်ဖြတ်ခံရသူ ()ဦးရှိကာ ကလေးငယ် ၄ဦး ပါဝင်ကြောင်း လဂွန်းအိမ်စာစဉ်က ဖော်ပြထားပါတယ်။


ယမန်နှစ်များထက် လက်နက်ကိုင်တိုက်ပွဲများ အားကောင်းလာသည့် မွန်ပြည်နယ်တွင် ဇူလိုင်လအတွင်း တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီအကြား ထိပ်တိုက်တိုက်ပွဲများအပြင် တစ်ဖက်မှ ကြားဖြတ်တိုက်ခိုက်မှုများ၊ ခြုံခိုတိုက်ခိုက်မှုများ၊ စစ်ကောင်စီမှ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု စသဖြင့် (၂၆) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအများဆုံး ဖြစ်ပွားသည့် မြို့နယ်မှာ ကျိုက်ထိုမြို့နယ်ဖြစ်ကာ ရေးမြို့နယ်က ဒုတိယအများဆုံးဖြစ်ပြီး  သထုံမြို့နယ်မှာ တတိယအများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စစ်ရေးပဋိပက္ခပြင်းထန်မှုနှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ အများစုသည် မတရားဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ လမ်းသွားလမ်းလာတွင် မြေမြုပ်မိုင်းထိမှန်ပြီး ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းတို့ ဖြစ်ပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှု (၁၃)လုံးကျော် ရှိကာ ၂၅၀၀၀ကျော် ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၆။ ၂၀၂၄ခုနှစ်အတွင်းမှာ စကစရဲ့တပ်ဖွဲ့များမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း တသောင်းငါးထောင်နီးပါး ဆုံးရှုံးခဲ့ရကာ ရခိုင်ပြည်နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်တိုးလာ


သြဂုတ်လ ၆ရက်။

Radio NUG

၂၀၂၄ခု နှစ်အတွင်းမှာစကစရဲ့ တပ်ဖွဲ့များမီးရှို ့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း တသောင်းငါးထောင်နီးပါး ဆုံးရှုံးခဲ့ရကာ ရခိုင်ပြည်နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်တိုးလာတယ်လို့ဆိုပါတယ်။


သြဂုတ်လ၆ရက် Data for Myanmarကအသိပေးထုတ်ပြန်ပါတယ်။


စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း စကစနဲ့လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်းကိုးသောင်းငါးထောင်ကျော်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။


၂၀၂၄ခု နှစ်အတွင်းမှာ စကစရဲ့တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း တသောင်းငါးထောင်နီးပါး ဆုံးရှုံးခဲ့ရကာ ရခိုင်ပြည်နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်တိုးလာတယ်လို့ ဖော်ပြပါတယ်။


၂၀၂၄ခု နှစ်ပထမနှစ်ဝက်အတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းက ရွာပေါင်း၁၆ရွာမှာ စကစများမီးရှို့ခဲ့လို့ နေအိမ်ပေါင်းသုံးထောင့်တရာကျော် ပျက်စီးပြီးအကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ()ကြိမ်မြောက် ထောက်ပို့ထီရောင်းရငွေမှ သိန်း၇၀ဖိုး ကျည်ဆန် ၇၀၀ ဝယ်ယူနိုင်ခဲ့တယ်လို့ တမူးPDFတပ်ရင်း၄အသိပေး


သြဂုတ်လ ၆ရက်။

Radio NUG

() ကြိမ်မြောက် ထောက်ပို့ထီရောင်းရငွေမှ သိန်း၇၀ဖိုး ကျည်ဆန် ၇၀၀ ဝယ်ယူနိုင်ခဲ့တယ်လို့ တမူး PDF တပ်ရင်း၄က အသိပေးဆိုပါတယ်။


သြဂုတ်လ၆ရက်ညပိုင်းမှာ တမူး PDF တပ်ရင်း၄ က ဖော်ပြပါတယ်။


ပြည်သူများရဲ့ အားစိုက်ထုတ်မှုအတွက် ဝမ်းသာဂုဏ်ယူပီတိဖြစ်မိကြောင်း ဖော်ပြထားပြီး()ကြိမ်မြောက်ထီရောင်းရငွေမှ ရှေ့တန်းက ရဲဘော်တွေအတွက် Equipment များ ဝယ်ယူလိုတယ်လို့လည်း အသိပေးဆိုထားပါတယ်။


========================


🚩🚩 ၂။ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝမြို့နယ်ပကဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်() သင်တန်းဆင်းပွဲမှာ လက်ဖြောင့်တပ်သားဆုရရှိသူများပါဝင်


သြဂုတ်လ ၆ရက်။

Radio NUG

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝမြို့နယ်ပကဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲမှာ လက်ဖြောင့်တပ်သားဆုရရှိသူများ ပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝမြို့နယ်ပကဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲကို လုံခြုံရေးအခက်အခဲများကြားကပင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတခုတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့၌ ကျင်းပခဲ့ပါတယ်။


သင်တန်းဆင်းပွဲသို့ အခြေစိုက်ဒေသရှိ KNU/KNLA မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင်ပကဖ တာဝန်ခံများ၊ မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။


အခြေခံစစ်ပညာသင်တန်း အပတ်စဉ်() ရဲဘော်ရဲမေစုစုပေါင်း (၃၃)ဦး (ကျား ၂၉၊ ၃၊ LGBTQ )အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့သည်။ ထူးချွန်သင်တန်းသားဆုအနေဖြင့် လက်ဖြောင့်တပ်သားဆု ()ဆု၊ ဇွဲဆု ()ဆု၊ ဆေးမနားဆု ()ဆုနှင့် ဂုဏ်ပြုဆုအနေဖြင့် သင်တန်းသားအားလုံးကို နာရီနှင့် ဦးထုပ်များ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


အခြေခံစစ်ပညာသင်တန်း အပတ်စဉ်()ကို (..၂၀၂၄)တွင် စတင်ခဲ့ပြီး သင်တန်းကာလ ()လအတွင်း အခြေခံစစ်ပညာရပ်များအပြင် လက်နက်ခဲယမ်းများ လက်တွေ့ပစ်ခတ်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဆက်သွယ်ရေးနည်းပညာ၊ အချက်ပြနည်းပညာ၊ အရေးပေါ် ရှေးဦးသူနာပြုစုခြင်း၊ အရေးပေါ်ဆေးဝါးများ အသုံးပြုခြင်း၊ နိုင်ငံရေးသဘောတရား၊ စစ်သည်တော်တို့၏ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ စစ်ပွဲဆိုင်ရာစည်းမျဉ်းများ၊ လူအခွင့်အရေးသင်ခန်းစာများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ လုပ်ငန်းလမ်းညွှန်တို့ကိုပါ သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)တို့ အခြေခံ စစ်သင်တန်း ဆင်းပွဲများ အသီးသီး ပြုလုပ်


ဩဂုတ်လ ရက်။

Radio NUG

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားတခုကို ကရင့်အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာ ခရိုင်၊ တပ်မဟာ ()နယ်မြေအတွင်း ဩဂုတ်လ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါ အခမ်းအနားကို ဗိုလ်မှူးကြီး တားဆငည်းလေး (PSLF/TNLA ပြင်ပမဟာမိတ် ဆက်ဆံရေးတာဝန်ခံ) ဒုဗိုလ်မှူးကြီး မန်းညွန့်မောင်(တပ်ရင်းမှူး KNDO တပ်ရင်း ) စောသန်းစိုးမြင့် (ဒူးပလာခရိုင်၊ ကျုံဒိုး မြို့နယ်၊ တွဲဘက်အတွင်းရေးမှူး) နိုင်စိုးဝင်း (ဒု-စစ်ကြောင်းမှူး၊ ဂဠုန်စစ်ကြောင်း)တို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။


အလားတူ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) စစ်ဦးစီးရုံး၊ လေ့ကျင့်ရေး တပ်ဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် ()စစ်အခြေခံ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ရက်နေ့က အမှတ် (၁၀၇)စစ်ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံနှင့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ


သြဂုတ်လ ၆ရက်။

Radio NUG

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံနှင့် ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ သတင်းဖော်ပြထားပါတယ်။


ဩဂုတ်လ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်၏ ပြင်ဦးလွင်ဘက်မှ တက်လာသော Mi-35 ရဟတ်ယာဉ် စီး က မတ္တရာမြို့နယ် Alpha ဘိလပ်မြေစက်ရုံနှင့် ကျောက်တံတားရွာ အနီးတဝိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


ထို့ပြင် မွန်းလွဲ နာရီ ၅၁ မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လာသော အကြမ်းဖက်စစ်တပ်၏ Y-12 လေယာဉ် စီးက မတ္တရာမြို့နယ် အနောက်ခြမ်း မြစ်ကမ်းတစ်လျှောက်နှင့် ရေလယ်ကျွန်းပေါ်ရွာများကို ဗုံးသီး ၈၃ လုံးဖြင့် ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ အင်အား (၇၀)ခန့်ပါ မော်တော်ယာဉ်နှစ်စီး မိုင်းဆွဲခံရပြီး (၁၁)ဦး သေဆုံး


ဩဂုတ်လ ရက်။ 

Radio NUG

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ပါ မော်တော်ယာဉ် နှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးခန့် သေဆုံးပြီး ၂၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ ညနေ နာရီ မိနစ် ၃၀ ခန့်တွင် ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးက ကားလမ်းမပေါ်မှာ အဆိုပါ စစ်ကောင်စီ ယာဉ်နှစ်စီးကို ကာကွယ်ရေး တပ်ဖွဲ့များက အသင့်ထောင်ထားတဲ့ မိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦးခန့် သေဆုံးခဲ့ကာ ၂၂ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူမြို့နယ်၊ ကမ္မရွာနဲ့ မြိုင်မြို့နယ်၊ တောင်ပိုင်းက ပျူရွာများကို ဆက်လက် ထွက်ခွာနိုင်ခြင်း မရှိတော့ဘဲ ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ မော်တော်ယာဉ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ နေရာကို နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကာဘိုင် ကျည်အိမ် ခု၊ ကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး လုံး၊ G3 ကျည် တောင့်၊ .၅၆ ကျည် တောင့်၊ အီကွက်မန့် စုံနဲ့ ဂွရှင် ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယခု တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra PKU Thurain အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြေပြင်စစ်ကြောင်းများ မလာရဲတော့တဲ့ စစ်ကောင်စီတပ်က မြိုင်မြို့နယ်ထဲက ကျေးရွာများကို ဩဂုတ်လ ရက်နဲ့ ရက်နေ့တို့တွင် Mi-35 ဖြင့် ၁၅ ကြိမ် ထပ်မနည်း၊ ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ထက်မနည်း၊ Y12  SU-30 များဖြင့် ပေါင်ဗုံး၊ ကလစ်စတာ ဗုံးများဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ မန္တလေးတက္ကသိုလ်ကို လာရောက်ချိန်မှာ မိုင်းခွဲ တိုက်ခိုက်ခံရ


ဩဂုတ်လ ရက်။ 

Radio NUG

မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်မှာ ကျင်းပတဲ့ ကျောင်းပေါင်းစုံ စာဖတ်စွမ်းရည် ပြိုင်ပွဲကို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ ပညာရေးဝန်ကြီးတို့ ရောက်ရှိလာချိန်မှာ အမျိုးသမီး တော်လှန်ရေး ရဲဘော်များက မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၅)ထံက သိရပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် နာရီ ၄၅ မိနစ်ခန့်က မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC အနီးနဲ့ စစ်ကောင်စီ တပ်သားတွေ နေရာယူထားတဲ့ ဘွဲ့နှင်းသဘင် ညာဘက်အနောက်ထောင့်မှာ တိုက်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း (၁၅) Eagle Guerrilla Force (ဗိုလ်ကောက်ရိုး) Civilian Military - Sagaing Region Defense Force တို့မှ လက်ရွေးစင် အမျိုးသမီး ရဲဘော်များက တက္ကသိုလ်ထဲထိ ဝင်ရောက်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။


ယခုတိုက်ခိုက်မှုဟာ စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့ အစောင့်စစ်သားတွေကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆရာ/ ကျောင်းသား/သူတွေကို ထိခိုက်မှု မရှိအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ချောင်းဦး မြို့မရဲစခန်းမှ စခန်းမှူးကို ပစ်ခတ်ရာ သေဆုံး၊ ရဲတပ်သားတစ်ဦး ခြေထောက်ပြတ်


ဩဂုတ်လ ၆ရက်။ 

RadioNUG

သြဂုတ်လ ၆ရက်နေ့ နံနက် : ၅၀ အချိန်တွင် ချောင်းဦး မြို့မရဲစခန်းနှင့် မီတာ ၁၂၀ အကွာတွင် လမ်းသွားလမ်းလာ ပြည်သူများကို ဆက်ကြေးကောက်နေသော စခန်းမှူးနှင့် ရဲတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Chaung U Revolution Armyက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါပစ်ခတ်မှုကြောင့် လမ်းသွား လမ်းလာပြည်သူများကို ဆက်ကြေးကောက်နေသော စခန်းမှူးနှင့် ရဲတစ်ဦး စုစုပေါင်း ၂ဦးသေဆုံးခဲ့ပြီး ၁ဦးမှာ ခြေထောက်ပြတ်ဒဏ်ရာရတယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၁၅/ {ဗိုလ်နိုင် -လေပွေမုန်တိုင်း တပ်ခွဲ}မှ ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ မန္တလေးတွင် စစ်ကောင်စီခန့် မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး


သြဂုတ်လ ၆ရက်။

Radio NUG

ဩဂုတ်လ ရက်နေ့ နံနက် နာရီ ၃၀ အချိန်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသော စစ်ကောင်စီခန့် မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်များ၏ ဖော်ပြချက်များအရ သိရပါတယ်။


အောင်မြေသာစံမြိုနယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈ လမ်း၊ ၈၂ လမ်းထောင့်တွင် ဆိုင်ကယ်ဖြင့် သေနတ်သမားတချို့က ပစ်ခတ်သဖြင့် နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရပါတယ်။


မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူးသည် မေဃဂီရိရပ်ကွက်သာမက အောင်မြေသာစံမြို့နယ်ထဲမှာ အုပ်စုဖွဲ့၊ လူစုတာ၊ ဧည့်စာရင်းစစ်ပြီး လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်း ဖမ်းဆီးတာတွေမှာ ရှေ့ဆုံးက ပါခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က သဘောကျသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။


မန္တလေးတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်လာသည့်အပြင် ရဲစခန်းများ၊ တပ်စခန်းများနှင့် မြို့အတွင်း အထပ်မြင့်တိုက်အမြင့်များတွင် နေရာယူ ကင်းပုန်းချထားမှုများ၊ စနိုက်ပါသမားများ ချထားမှုများရှိနေပါတယ်။


========================


🚩🚩 ၉။ ငါန်းဇွန် ပြည်သူ့အင်အားအဖွဲ့မှပစ္စတိုလက်လုပ်သေနတ် ထုတ်လုပ်


သြဂုတ်လ ၆ရက်။

Radio NUG

ငါန်းဇွန် ပြည်သူ့အင်အားအဖွဲ့မှပစ္စတိုလက်လုပ်သေနတ် ထုတ်လုပ်ခဲ့ပါတယ်။


သြဂုတ်လ၆ရက်မှာ ငါန်းဇွန် ပြည်သူ့အင်အားအဖွဲ့မှအသိပေးဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်ဒေသစုံမှ ပြည်သူ့ရဲဘော်များဟာ ၆၀မမများ၊ လက်လုပ်လက်နက်ကြီးများကိုလည်း အောင်မြင်စွာထုတ်လုပ်လျက်ရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment