9th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၂။ နွေဦးတော်လှန်ရေးက ခေတ်အဆက်ဆက် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးတွေကို အပြီးသတ် ပွဲသိမ်းကြရမယ့် အကောင်းဆုံးအချိန်လည်း ဖြစ်နေပြီဟု ဝန်ကြီးချုပ် ပြောကြား

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

📌 ၄။ ၃၆ နှစ်မြောက် ၈၈၈၈ နေ့ ကိုရီးယား-မြန်မာအဖွဲ့အစည်းများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

📌 ၅။ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ဦးကို တရုတ်ရဲက တန့်ယန်းအထိ ထပ်မံလာရောက်ရှာဖွေ

📌 ၆။ သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ၊ ရာဇဝတ်မှုအကျဉ်းသား (၃၇၂)ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး

📌 ၇။ ရှစ်လေးလုံး အရေးတော်ပုံ ၃၆ နှစ်ပြည့် လှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြို့ထဲမှ ထွက်ပြေးလာကြသော မူဆလင် အများအပြား မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာ၌ သေဆုံးမှုသည် ၎င်းနှင့် သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန်

🚩 ၂။ ဆီဆိုင် မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိ

🚩 ၃။ နမ့်လန်မြို့ နောင်ကော်ကြီးရွာ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဦးဇင်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦီး သေဆုံး

🚩 ၄။ လွိုင်ကော် - ဒီးမော့ဆို လမ်းတလျောက် တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ပြည်သူများ အသုံးမပြုကြဖို့ KNDF မေတ္တာရပ်ခံ

🚩 ၅။ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ()ဦး သေဆုံး

🚩 ၆။ နောင်ချို မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ဩဂုတ်လ ၈ရက်။ 

RadioNUG

ဩဂုတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။

သဝဏ်လွှာတွင် -


မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နှင့် ပြည်ထောင်စုသားများအားလုံးက ဒီမိုကရေစီရရှိရေးအတွက် ညီညွတ်စွာ ကြွေးကြော်ကြကာ တစ်ပါတီအာဏာရှင်စနစ်ကို တိုက်ထုတ်တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်၏ မီးရှူးတန်ဆောင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ ရက် ယနေ့တွင် (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း


ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့သည့် မော်ကွန်းတင်လောက်သော လူထုအရေးတော်ပုံကြီး ဖြစ်သည့်အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ညီညွတ်ခြင်း ပြယုဂ်တစ်ခုလည်း ဖြစ်ခဲ့ကြောင်း


အာဏာရှင်အဆက်ဆက်သည် လူထုအပေါ်တွင် ဆိုးရွားလွန်းသော ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ကြသော်လည်း တရားဥပဒေအရ ထိုက်တန်သော အပြစ်ပေးအရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ခြင်း၏အကျိုးဆက်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မဲဆန္ဒရှင်လူထု၏ ရွေးကောက်တင်မြှောက်မှုကို အသိအမှတ်မပြုဘဲ တိုင်းပြည် အာဏာကို မတရား သိမ်းယူရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း


နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ၃၆ နှစ် ကြာလာသည်ထိ ရှင်သန်နေဆဲဖြစ်သည့် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲလျက် တိုင်းရင်းသား ညီနောင်မဟာမိတ်များအပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ မဝေးတော့သည့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုသည့် သဝဏ်လွှာကို ပေးပို့အပ်ပါကြောင်း ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးက ခေတ်အဆက်ဆက် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးတွေကို အပြီးသတ် ပွဲသိမ်းကြရမယ့် အကောင်းဆုံးအချိန်လည်း ဖြစ်နေပြီဟု ဝန်ကြီးချုပ် ပြောကြား


ဩဂုတ်လ ၈ရက်။ 

RadioNUG

နွေဦးတော်လှန်ရေးက ခေတ်အဆက်ဆက် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးတွေကို အပြီးသတ် ပွဲသိမ်းကြရမယ့် အကောင်းဆုံးအချိန်လည်း ဖြစ်နေပြီဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ယနေ့ ကြုံတွေ့နေရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သရုပ်မှန်ဟာ အခုမှ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက ဒီအတိုင်းပဲဆိုတာကို ၁၉၈၈ အရေးတော်ပုံကာလကို မမှီလိုက်တဲ့ ယနေ့ခေတ်မျိုးဆက်တွေ အနေနဲ့လည်း မျက်ဝါးထင်ထင် တွေ့မြင်သိရှိကြပြီး နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ဒီစစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းဖြိုချကြဖို့ ကြိုးပမ်းနေတဲ့အချိန်လည်း ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။


၁၉၈၈ ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ တော်လှန်စိတ်ဓါတ်တွေနဲ့ လူထုကြီးဟာ ၂၀၁၂ နောက်ပိုင်းပိုမို ပွင့်လင်းလာတဲ့ နိုင်ငံရေးအသိ၊ စစ်ရေးအသိတွေ မြင့်မားလာပြီး ပြည်ထောင်စုသားများ အချင်းချင်းလည်း ခေါင်းဆောင်များကြားသာမက လူထုများအကြားပါ ချိတ်တွဲဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာတာကြောင့် တော်လှန်ရေးကြီးဟာ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများအပြင် မဟာမိတ်စုဖွဲ့မှုပါ ပိုမိုအားကောင်းစွာနဲ့ အကြမ်းဖက်စစ်အုပ်စုကို ယိုင်နဲ့ပြီး အသက်ရှုကြပ်လောက်အောင် ဆောင်ရွက်နေနိုင်ကြတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


သမိုင်းတွင်မယ့်အောင်ပွဲကြီးတွေ ဆက်တိုက် ရရှိနေပြီး အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အနိမ့်ပါးဆုံး အချိန်နဲ့ အင်အားအနည်းဆုံး အခြေအနေကို ရောက်ရှိပြီလို့ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်


ဩဂုတ်လ ရက်။

RadioNUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၄)ကို ဩဂုတ်လ ၈ရက်နေ့ မနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၈/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။


========================


📌📌 ၄။ ၃၆ နှစ်မြောက် ၈၈၈၈ နေ့ ကိုရီးယား-မြန်မာအဖွဲ့အစည်းများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်


ဩဂုတ်လ ရက်။

RadioNUG

ဩဂုတ်လ ၈ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို ဆိုးလ်မြို့ စကစ-စစ်သံရုံးရှေ့တွင် နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ပါတယ်။


မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားမှု တပ်ပေါင်းစုက ဦးဆောင်ပြုလုပ်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ရုံးအဖွဲ့ဝင် ဦးဝင်းပေါ်မောင်နှင့်၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီမှ ပူးတွဲဥက္ကဋ္ဌ ကိုတင်ဌေးအောင်တို့ ပါဝင် တက်ရောက်ကြတယ်လို့ သိရပါတယ်။


သတင်းစာရှင်းလင်းပွဲတွင် တပ်ပေါင်းစုတွင် ပါဝင်သည့် အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆောင်းဂုံဝဲတက္ကသိုလ်မှ ကျောင်းသားကိုယ်စားလှယ်များက မြန်မာစစ်တပ်၏ အာဏာရူးမှုကို ရှုတ်ချကြောင်း၊ မြန်မာပြည်သူလူထု တောင်းဆိုနေသော ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို ထောက်ခံကြောင်း၊ ယနေ့ မြန်မာ့တော်လှန်ရေး၏ နည်းပေါင်းစုံ တွန်းလှန်မှုကို ထောက်ခံကြောင်း၊ မြန်မာစစ်အစိုးရနှင့် ဆက်ဆံနေသည့် Posco စသည့် ကိုရီးယားကုမ္ပဏီများအနေနှင့် ရပ်တန်းကရပ်သင့်ကြောင်း စသဖြင့် ထုတ်ဖော် ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ ကိုတင်ဌေးအောင်က မြန်မာ့ဒီမိုကရေစီရေး ထောက်ခံဝန်းရံကြသော ကိုရီးယားအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း၊ ယနေ့ တော်လှန်ရေးသည် ပြည်သူဘက်က အောင်မြင်နေပြီဖြစ်ကြောင်း၊ ကိုရီးယားရောက် မြန်မာများ အပါအဝင် ပြည်တွင်းပြည်ပ ပြည်သူအားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် တိုက်ပွဲဝင်လျက်ရှိရာ ကိုရီးယားနိုင်ငံကလည်း ဆက်လက် ထောက်ခံဝန်းရံပေးရန် တောင်းဆိုပါကြောင်း ပြောကြားပါတယ်။


ထို့နောက် ထုတ်ပြန်ကြေညာချက်ကို မြန်မာ-ကိုရီးယား နှစ်ဘာသာဖြင့် ဖတ်ကြားပြီး၊ ၎င်းစာကို စစ်သံရုံးသို့ ပေးအပ်ခဲ့ပြီး ထုတ်ပြန်စာတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မြန်မာပြည်သူလူထု၏ ဒီမိုကရေစီလိုလားသော ပြင်းပြသောဆန္ဒကို နားလည်လေးစားကြောင်း၊ စစ်တပ်သည် မကြာမီ လုံးဝရှုံးနိမ့်မည်မှ ကျိန်းသေနေကြောင်း၊ မြန်မာနိုင်ငံသားများနှင့်အတူ ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ဦးကို တရုတ်ရဲက တန့်ယန်းအထိ ထပ်မံလာရောက်ရှာဖွေ


ဩဂုတ်လ ၈ရက်။ 

RadioNUG

သျှမ်းပြည် တန့်ယန်းမြို့နယ်သို့ တရုတ်က အလိုရှိနေသည့်တပ်ဖွဲ့ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ()ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ ထပ်မံလာရောက် ရှာဖွေခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရပါတယ်။


ဇူလိုင်လ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ် မိုင်းကောင်၊ မိုင်းဟဒေသဘက်သို့ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့က တရုတ်အလိုရှိနေသည့်တပ်ဖွဲ့ UWSA ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban)နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို မြေပြင်အထိ ကွင်းဆင်းပြီး ထပ်မံလာရောက် ရှာဖွေခဲ့ကြောင်း သိရပါတယ်။


ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း မိုင်းရှူးမြို့နယ်သို့ တရုတ်က အလိုရှိနေသည့်ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့က ကား စီးဖြင့် လာရောက်ရှာဖွေခဲ့ကြောင်း မိုင်းရှူးဒေသခံများထံမှ သိရပါတယ်။


တပ်ဖွဲ့ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ဦးကို တရုတ်နိုင်ငံမှ ၂၀၂၃ အောက်တိုဘာလ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ဆုကြေးပေးမည်ဟုလည်း ကြေညာထားပါတယ်။


========================


📌📌 ၆။ သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ၊ ရာဇဝတ်မှုအကျဉ်းသား (၃၇၂)ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး


ဩဂုတ်လ ၈ရက်။ 

RadioNUG

သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ၊ ရာဇဝတ်မှုအကျဉ်းသား (၃၇၂)ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။


သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား ()ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ လက်နက်ကြီးကျည်စ ထိမှန်ပြီး()ဦးသေဆုံးခဲ့ကာ ကျန်()ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နိုင်ငံရေးအကျဉ်းသား (၄၃)ဦးအထဲမှ ()ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရပြီး ကျန်နိုင်ငံရေးအကျဉ်းသား (၄၁)ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့် ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇)ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားဝတ်နေရေး ထောက်ပံ့ကူညီမှုများ ပေးလျက်ရှိတယ်လို့ ဆိုထားပါတယ်။


ယခင်ရက်များ၌ ရန်သူ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းအပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား လိုက်လံရှင်းလင်းနေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရကာ ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ဩဂုတ်လ()ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား ဆက်လက် ထိန်းသိမ်းထားကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ရှစ်လေးလုံး အရေးတော်ပုံ ၃၆ နှစ်ပြည့် လှုပ်ရှားမှု ပြုလုပ်


ဩဂုတ်လ ၈ရက်။ 

RadioNUG

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှုများထဲတွင် အထင်ရှားဆုံး အရေးတော်ပုံတစ်ခုဖြစ်သည့် ရှစ်လေးလုံး အရေးတော်ပုံသည် ၃၆နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ စိတ်ဓာတ်ကို ဆက်လက်ကိုင်ဆွဲကာ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲကြရန်အတွက် နိုင်ငံရေးအကျဉ်းသူများအဖွဲ့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများ အနုပညာရှင်များ တော်လှန်ပြည်သူများအားလုံး၏ ပူးပေါင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ယခုလက်ရှိတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ရှစ်လေးလုံး အရေးဝောာ်ပုံသည် နွေဦးတော်လှန်ရေးအဖြစ် ဆက်လက် တိုက်ပွဲဝင်နေပြီး နိုင်ငံရေးအကျဉ်းသူများ အဖွဲ့သည်လည်း နိုင်ငံရေးအကျဉ်းသူများအပါအဝင် ပြည်သူနှင့်အတူ တစ်သားတည်း ရပ်တည် ပါဝင်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ UWSA ‘တပ်ဖွဲ့က လားရှိုးသို့ စစ်အင်အားထပ်ပို့


ဩဂုတ်လ ရက်။

RadioNUG

လက်လွှတ်လိုက်ရသည့် လားရှိုးမြို့ကို ပြန်သိမ်းမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်မြင်သံကြားမိန့်ခွန်း မှတဆင့် ကြေညာခဲ့အပြီး ရက်အကြာ သြဂုတ်လ ၇ရက်တွင်UWSA ‘တပ်ဖွဲ့က လားရှိုးမြို့သို့ လက်နက်ကိုင်စစ်သားအများအပြား တန့်ယန်း-မိုင်းရယ်ဘက်မှတစ်ဆင့် UWSAတပ်ဖွဲ့အလံ ထောင်ထားသည့် စစ်ဘက်သုံး ထရပ်ကား ၁၀ စီးခန့်ဖြင့် စေလွှတ်လိုက်တယ်လို့ ဒေသတွင်း သတင်းမီဒီယာဖော်ပြချက်တွေအရ သိရပါတယ်။


ဇူလိုင် ၂၇ ရက်နေ့တွင် ရာနှင့်ချီသော လက်နက်ကိုင် UWSA ‘များသည် လားရှိုးမှ ၎င်းတို့၏ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဟု အကြောင်းပြပြီး ပထမဆုံးအကြိမ်အဖြစ် တပ်စွဲခဲ့ပါတယ်။


ပြင်းထန်သည့်တိုက်ပွဲများ ရှိနေသော်လည်း လားရှိုးမြို့ပေါ်မှ UWSA တပ်သားများ၊ ရုံးခန်း၊ ပိုင်ဆိုင်မှုများ ထိခိုက်မှုမရှိခဲ့ဘဲ အခုတစ်ကြိမ်တွင်မူ စေလွှတ်ရသည့် အကြောင်းပြချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။


========================


🚩🚩 ၂။ ဘော်လခဲ ရေကျော်တပ်စခန်းကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု သိမ်းပိုက်


ဩဂုတ်လ ရက်။ 

Radio NUG

ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက မယ့်စလောင်းမြို့နဲ့ ဘောလခဲ မြို့ကြားက စစ်ကောင်စီရဲ့ ရေကျော်စခန်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ခြေမှုန်း နိုင်ခဲ့တယ်လို့ ကရင်နီ တပ်မတော် (KA) တပ်ရင်း ကထံက သိရပါတယ်။


မယ့်စလောင်းတောင် စခန်းကို သိမ်းပိုက်နိုင်ပြီးထဲက အဆိုပါ ရေကျော်စခန်းကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဩဂုတ်လ ရက်နေ့မှာမှ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဘောလခဲခရိုင် အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ မယ့်စလောင်း တပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါစခန်းမှ စစ်ကောင်စီတပ် အင်အားများဟာ ရေကျော်စခန်းမှာ ပြန်လည်အခြေချထားတာလို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း()လောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


စခန်းက ထွက်ပြေးသွားတဲ့ လက်ကျန် တပ်သားတွေဟာ ဘောလခဲမြို့ဘက်ကို တပ်ဆုတ်သွားခဲ့ကြပြီး လူအင်အားပြန်စုက စစ်ကြောင်းထိုးလာနိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင် ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဩဂုတ်လ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ နယ်မြေရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Homalin People's Defense Force - HPDF 124 က သတင်း ထုတ်ပြန်ထားပါတယ်။


အဆိုပါ နောင်ပိုနယ်မြေ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ယခု တိုက်ခိုက်မှုကို HPDF 124 အပါအဝင် ခန္တီးခရိုင် တော်လှန်ရေး တပ်ပေါင်းစုက ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပုလောမြို့နယ်က စစ်ကောင်စီနဲ့ ပျူပူးပေါင်းစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်


ဩဂုတ်လ ရက်။ 

Radio NUG

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်း ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းအား တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ မြိတ် ခရိုင် အမှတ်()တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် နာရီဝန်းကျင်မှာ မီးလောင်ချောင်း ကျေးရွာက အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အထိခိုက်များစွာဖြင့် စွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မီးလောင်ချောင်း ကျေးရွာ အတွင်းက ရန်သူခံစစ် နေရာများနဲ့ စာသင်ကျောင်းအတွင်းမှာ တည်ဆောက်ထားတဲ့ ဘန်ကာများကို မီးရှို့ဖျက်စီးခဲ့ကာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူများကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် အမှတ်()တပ်ရင်း၊ ကရင့်အမျိုးသား ကာကွယ်ရေးတပ် (KNDO)တပ်ရင်း() ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (.က.)နဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ ရက်နေ့ကလည်း ပလမြို့ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တို့အား မြိတ်ခရိုင်၊ အမှတ် ()တပ်ရင်းနဲ့ KNDO တပ်ရင်း()တပ်ခွဲ ()တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ သုံ့ပန်း()ဦး ဖမ်းဆီးရမိ


သြဂုတ်လ ၈ရက်။ 

RadioNUG

ဩဂုတ်လ()ရက်နေ့ နံနက်(၁၁:၁၈)အချိန်မှ စတင်ကာ ရပ်စောက်မြို့နယ်အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) လှုပ်ရှားရာ ကျောက်ဂူဒေသတွင် (DPLF/DPLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DPLF/DPLAက သတင်းထုတ်ပြန်ပါတယ်။


ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)တပ်များရှိရာသို့ စစ်ကောင်စီမှ ထိုးစစ်ဆင်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ညနေ (:၄၅)အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ကျောက်ဂူတိုက်ပွဲအတွင်း စစ်ကောင်စီစစ်သုံ့ပန်း()ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်မှ ()ဦး သေဆုံးခဲ့ကာ လက်နက်(၁၉)လက် သိမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဆော-ဆိတ်ဖြူ လမ်းပိုင်းတွင် စစ်ကောင်စီ ရိက္ခာပို့ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့


ဩဂုတ်လ ရက်။ 

Radio NUG

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ဆော-ဆိတ်ဖြူ ကားလမ်းပိုင်းတွင် စစ်ကောင်စီရဲ့ ရိက္ခာပို့ ကား ()စီးနဲ့ စစ်ကားအကြီး ()စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force LPDF က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် နာရီ ခွဲခန့်မှာ ကပစ - ၂၁ မှ ထွက်လာတဲ့ အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲခဲ့ပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး မျက်မြင်သေဆုံးခဲ့ပြီး ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကာ စစ်ကား စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Yenanthar Youth Force LPDF မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိပ်ဖြူမြို့နယ် CAF ပကဖ တိုက်ခိုက်ရေးအဖွဲ့ ပခုက္ကူခရိုင် အမှတ် - ၁၉ တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ကျောက်လှေခါးရွာ ကားလမ်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို ပစ်ခတ်တိုက်ခိုက် 


ဩဂုတ်လ ရက်။ 

Radio NUG

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါး ကျေးရွာက ကားလမ်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းကို စက်လက်၊ စက်ကလေး၊ 60 mm များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်၊ ၁၁ နာရီ ၁၀ မိနစ်မှာ ကျောက်လှေခါးရွာ ဂိတ်စခန်းမှ စစ်ကောင်စီ တပ်သားများ မူးယစ် သောက်စားပြီး ထန်းတောငယ် ကျေးရွာကို ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တလုံးပေါ် ကျရောက်ခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသား ဦး သေဆုံးကာ မိသားစုဝင် ဦး ဒဏ်ရာရခဲ့ပါတယ်။


အဆိုပါ ဖြစ်စဉ်ကို လက်တုံပြန်တဲ့ အနေဖြင့် ဩဂုတ်လ ရက်နေ့ မနက် နာရီခန့်မှာ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ဂိတ်စခန်း အတွင်းသို့ 60 mm ဗုံးသီး လုံး ကျရောက် ပေါက်ကွဲခဲ့ရာ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF BNRA ပခုက္ကူခရိုင် ရင်း() Yesagyo Revolution Group (YRG) ဒေါင်းစစ်သည် ဒေါင်းသွေးနီ ဒေါင်းညီနောင် ပြည်သူ့အားမာန် PDF King Cobra စတဲ့ မဟာမိတ်ညီကိုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


ထို့ပြင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၅၀ အရေးပေါ် လိုအပ်နေတာကြောင့် ပါဝင်လှူဒါန်း ကူညီပေးကြဖို့ကိုလည်း Southern YSO PDF က မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၈။ KIOထိန်းချုပ်နယ်မြေနေရာ ၄ခုတွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါအဝင် ၇ဦး ထိခိုက်ဒဏ်ရာရ


ဩဂုတ်လ ၈ရက်။ 

RadioNUG

ဩဂုတ်လ ၇ရက် ၁၂နာရီဝန်းကျင်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIOထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ၄ခုကို စစ်တပ်ကအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIOပြောကြားထားပါတယ်။


မိုင်ဆပ်ပါ(Mai sak Pa) မုန်လိုင်ခက်(Munglai Hkyet) မြို့သစ်(Myo Thit)နဲ့ ကုန်းလော(Kunglaw)နေရာတွေကို တစ်ပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဆိုထားပါတယ်။


မိုင်ဆပ်ပါ ကျေးရွာကချင်နှစ်ခြင်းခရစ်ယာန်KBCဘုရားကျောင်းဝန်းထဲ လေယာဉ်ဗုံး၃လုံး ကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာ ရှိတဲ့နေအိမ်တစ်လုံးလည်းထိခိုက်ပျက်စီးသွားပြီး အသက်၂၀ခန့်ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ညာဘက်ခြမ်းခြေထောက်တစ်ဖက် ဗုံးစထိမှန် ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။


မိုင်ဆပ်ပါကျေးရွာကို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာ လိုင်ဇာမြို့ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။


မိုင်ဆပ်ပါနဲ့ မုန်လိုင်ခက်ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားပြီး နာရီဝက်အကြာ ဩဂုတ်လ၈ရက်နေ့ မနက်ပိုင်း၁နာရီဝန်းကျင်မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီးဗုံးကြဲ တိုက်ခိုက်သွားတယ်လို့သိရပါတယ်။


မြို့သစ်၊ ကုန်လောကျေးရွာ ၂ရွာကလေကြောင်းပစ်ခတ်မှုမှာ အရပ်သားပြည်သူ၆ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာရ


ဩဂုတ်လ ၈ရက်။

RadioNUG

ဩဂုတ်လ ရက်နေ့ ညနေ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ထန်းတောကြီးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူပြည်သူများမှာ ကျေးစာကျေးရွာနှင့် ထန်းတောကြီးကျေးရွာမှ ပြည်သူများဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။


ရွှေတောင်ဦး အောင်ဇယျကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်တာဖြစ်ပြီး ထန်းတောကြီး ရွာအရှေ့ပိုင်း ကွမ်းယာဆိုင်ပေါ်ကို ကျကာ ကွမ်းယာဝယ်နေတဲ့ အမျိုးသား ဦး နေရာတင်ပွဲချင်းပြီး သေဆုံးသလို ဒဏ်ရာရရှိတဲ့ ပြည်သူ ဦးထဲက တစ်ဦးသည် ဆေးကုသမှု ခံယူရင်း ဩဂုတ်လ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment