9th AUG 2024 - Evening Daily News by Radio NUG


၂၀၂၄ သြဂုတ်လ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်လေးခုနဲ့တည်ဆောက်ဖို့လိုတယ်လို့ယာယီသမ္မတပြောကြား

📌 ၂။ ပြည်တွင်းမှာ ဆေးဝါးပြတ်တောက်မှုတွေပါ ဖြစ်လာ၍တော်လှန်ရေးရဲဘော်များနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၃။ (၇၆) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာပေးပို့

📌 ၄။ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်တခုလုံးအမြစ်ပြတ်ရေးကိုတောင်းဆိုတဲ့အထိ ပြည်သူလူထုကတောင်းဆိုသံတွေကျယ်ပြန့်လာတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဆို

📌 ၅။ ခွပ်ဒေါင်းအလံအား တိုက်ပွဲဝင်အလံအဖြစ်မှသည် အောင်ပွဲဝင်အလံအဖြစ်နဲ့ မြန်မာပြည်မှာလွှင့်ထူနိုင်ဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း

📌 ၆။ ဖက်ဆစ်စစ်တပ် အပေါ်စီး ရနေသ၍ မည်သည့်ဒေသမှ မငြိမ်းချမ်းနိူင်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တူးခေါင်ဆို

📌 ၇။ NUGအစိုးရအားအသိအမှတ်ပြုထောက်ခံအားပေးရန်  ဖိလစ်ပိုင် အစိုးရအား ပါဆေးမြို့ နိုင်ငံခြားရေးဌာန ရှေ့တွင် ဖိလစ်ပိုင်အင်အားစုများတိုက်တွန်း

📌 ၈။ မန္တလေးမှာ ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေနဲ့ ရုံးသုံးပစ္စည်းတွေ အရေးပေါ် ရွှေ့ပြောင်းဖို့နဲ့ ဝန်ထမ်းတွေ လုံခြုံတဲ့ နေရာရွှေ့ပြောင်းနိုင်ရေး စီမံထားဖို့ စစ်ကောင်စီညွှန်ကြား 


၂၀၂၄ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်အာဏာရှင်စနစ် အပြီးတိုက်ဖျက်သိမ်းရေး ညီနောင်မဟာမိတ် ဖွဲ့အပါအဝင် တိုင်းရင်းသားအားလုံးနဲ့အတူ တိုက်ပွဲ ဝင်သွားမယ်လို့ PNFC PNLO နဲ့ NMSP-AD တို့ ကြေညာ

🚩 ၂။ မောင်တောမြို့နယ်မှာ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ မွတ်ဆလင်တွေကို AA ကယ်ထုတ်  

🚩 ၃။ ပင်လည်ဘူးမှာ စစ်တပ်ထောက်ပို့ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ အရာရှိအပါ ဦး သေဆုံးပြီး ရဟတ်ယာဉ်မှူးအပါ ၁၆ ဦး ဒဏ်ရာရ  

🚩 ၄။ မြိုင်နယ် ဝက်ပုတ်ရွာပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်လေးခုနဲ့တည်ဆောက်ဖို့လိုတယ်လို့ယာယီသမ္မတပြောကြား


သြဂုတ်လ၉ရက်


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုတည်ဆောက်ဖို့အတွက်အခြေခံအုတ်မြစ်လေးခုနဲ့တည်ဆောက်ဖို့လိုတယ်လို့ယာယီသမ္မတဒူဝါလရှီးလက သြဂုတ်လ၈ရက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။


"ကျနော်တို့ဟာအခုအချိန်မှာ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ကို စနစ်တကျနဲ့ဝိုင်းဝန်းတည်ဆောက်နေတဲ့အချိန်နဲ့ကြုံကြိုက်နေပြီဖြစ်ပါတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုတည်ဆောက်ဖို့အတွက်ကျနော်တို့ဟာ အခြေခံအုတ်မြစ်လေးခုနဲ့တည်ဆောက်ဖို့လိုတယ်လို့ယူဆပါတယ်။အဲဒီအခြေခံအုတ်မြစ်လေးခုကတော့လွတ်လပ်ရေး၊ဒီမိုကရေစီအရေး၊လူ့အခွင့်ရေးနဲ့ဖက်ဒရယ်အရေးဆိုတဲ့အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့လွတ်လပ်ရေးဟာ မိတ်ဖက်တွေဖြစ်သလိုဒီမိုကရေစီနဲ့လူ့အခွင့်အရေးဟာပူးတွဲတည်ရှိရမယ့်အနှစ်သာရတွေပဲ ဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုတည်ဆောက်ဖို့အတွက်အခြေခံအုတ်မြစ်လေးခုနဲ့ တော်လှန်ရေးအင်အားစုများဟာ တညီတညွတ်တည်းလျှောက်လှမ်းနေကြတာဖြစ်တယ်လို့ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ပြည်တွင်းမှာ ဆေးဝါးပြတ်တောက်မှုတွေပါ ဖြစ်လာ၍တော်လှန်ရေးရဲဘော်များနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြော


သြဂုတ်လ၉ရက်


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို အသိပေးပြောကြားပါတယ်။


"ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းမှာ လက်ရှိအရေးပေါ်အခြေအနေတွေနဲ့၊ စစ်ဘေးရှောင်ကဏ္ဍတွေကို တိုက်ရိုက်အထောက်အကူပြုတဲ့ လုပ်ငန်းများဘက်ကို ပိုပြီး အားဖြည့်သုံးစွဲစေလိုပါကြောင်း။ ပြည်တွင်းမှာ ဆေးဝါးပြတ်တောက်မှုတွေပါ ဖြစ်လာနေတာကြောင့် ကျွန်တော်တို့ တော်လှန်ရေးရဲဘော်များနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့ကိုလည်း စနစ်တကျ ထည့်သွင်းစဉ်းစားကြစေလိုပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဒါ့အပြင် မြို့နယ်တွင်းပြဿနာတွေကို ကိုင်တွယ်တဲ့အခါမှာလည်း တတ်နိုင်သမျှ ပြဿနာ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး  အမှားကျူးလွန်သူ တွေကို ထိထိရောက်ရောက်အပြစ်ပေးဖို့နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်နေသူတွေကိုလည်း မှားယွင်းအပြစ်မပေးမိအောင် စီမံကြဖို့ကို ဝန်ကြီးချုပ်ကပြောပါတယ်။


========================


📌📌 ၃။ (၇၆) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာပေးပို့


ဩဂုတ်လ ရက်


သြဂုတ်လ၉ရက်မှာကျရောက်သော(၇၆) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သည် ကရင်နီတစ်မျိုးသားလုံးအနေဖြင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေး သာတူညီမျှမှုတို့ကို လိုလားတောင့်တ လျက် မျှော်ရည်ကြိုးစားခဲ့သော သမိုင်းမှတ်တမ်းဝင် ထင်ရှားကြီးမြတ်သည့်နေ့ တစ်နေ့ဖြစ်ပါတယ်။ယနေ့တွင် (၇၆) နှစ်ကာလ ပြည့်မြောက်ခြင်းနှင့်အတူ ကရင်နီတစ်မျိုးသားလုံးနှင့် ကရင်နီ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် ချိတ်ဆက် မှု ခိုင်မာစွာဖြင့် မိမိတို့အားလုံး၏ တူညီသောဘုံရည်မှန်းချက်ဖြစ်သည့် အကြမ်းဖက် စစ်အာဏာရှင် စနစ် ကျရှုံးရေးလုပ်ငန်းစဥ်များအား ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။


ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သော်လည်း ... အစိုးရက ကရင်နီလူမျိုး တို့၏ သီးခြားလွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို စတင်ထိပါးလာသော အချိန်ဖြစ်သည့် ၁၉၄၈ ခုနှစ်မှ စ၍ ယနေ့ထိတိုင် ကရင်နီတိုင်းရင်းသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် အာဏာရှင် စနစ်ဆိုးအား ဆန့်ကျင်တော်လှန်နေကြခြင်း ဖြစ်ကာ ကရင်နီလူမျိုးများ၏ ကြိုးပမ်းဆောင်ရွက် မှုများသည် သမိုင်းစာမျက်နှာတွင် ပုံရိပ်ကောင်းများအဖြစ် ထင်ကျန်နေဆဲဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် မြင့်မြတ်စွာ ပေးဆပ်မှု ကြီးမားခဲ့ကြ သော အာဇာနည်သူရဲကောင်းအပေါင်းတို့၏ မျှော်မှန်းချက်များ အောင်မြင်ရန်အတွက် ဆက်လက် ဖော်ဆောင်ကြိုးစားသွားကြရန် လက်ရှိကာလသည် လွန်စွာအရေးကြီးသည့်ကာလ ဖြစ်ပြီး၎င်းတို့၏ ပေးဆပ်မှုများ အချည်းနှီးမဖြစ်စေရန်မှာ မိမိတို့အားလုံး၏ ပခုံးလွှဲပြောင်း သမိုင်းပေး တာဝန်သာ ဖြစ်တယ်လို့ဆိုပါတယ်။


 ပြည်သူလူထုရှေ့မှောက်တွင် ဒူးထောက်အညံ့ခံကြရတော့မည့် အကြမ်းဖက် စစ်အာဏာရှင်နှင့် အပေါင်းအပါတို့သည် အကြမ်းဖက်နည်းလမ်းပေါင်းစုံဖြင့် ပြည်သူနှင့်နိုင်ငံအား အလုံးစုံပျက်စီးစေရန် ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက်လည်း မိမိတို့အားလုံးအနေဖြင့် လက်တွဲ ခိုင်မာစွာ ကြံ့ကြံ့ခံ ရပ်တည်ရှင်သန်ကြရမည်ကိုလည်း အသိပေးလိုပါတယ်လို့ဆိုပါတယ်။


 ကရင်နီတိုင်းရင်းသားများအနေဖြင့် ညီညွတ်မှုအခြေပြုသည့် ပြည်သူ့အကျိုးပြု တော်လှန်ရေးအင်အားစုများ ဖြစ်သည်နှင့်အညီ ရှေ့သို့ချီတက်ကြရမည့် ဖက်ဒရယ်ဒီမိုကရေစီခရီး လမ်းတွင် ကောင်းမွန်မြန်ဆန်သော ပြုပြင်ပြောင်းလဲမှုများ ပိုမိုဖော်ဆောင်နိုင်ကြပါစေကြောင်း တိုက်တွန်းလျက် (၇၆) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်တခုလုံးအမြစ်ပြတ်ရေးကိုတောင်းဆိုတဲ့အထိ ပြည်သူလူထုကတောင်းဆိုသံတွေကျယ်ပြန့်လာတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဆို


သြဂုတ်လ၉ရက်


နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်တခုလုံးအမြစ်ပြတ်ရေးကိုတောင်းဆိုတဲ့အထိ ပြည်သူလူထုကတောင်းဆိုသံတွေကျယ်ပြန့်လာတယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက သြဂုတ်လ၈ရက် ၈၈၈၈လုံးအခမ်းအနားမှာ ဆိုလိုက်ပါတယ်။


"ဒါ့အပြင်နွေဦးတော်လှန်ရေးမှာ၈၈နဲ့မတူတဲ့တောင်းဆိုချက်တွေတွေ့ရပါလိမ့်မယ်။၈၈တုန်းကတပါတီစနစ်ပြုတ်ကျရေးဆိုတဲ့စနစ်ပြည်သူ့အစိုးရပေါ်ထွန်းရေးဆိုတဲ့စနစ် ဒါကိုကြွေးကြော်မှုတွေရှိခဲ့ပေမယ့် အခုကာလအတွင်းမှာ တပါတီအာဏာရှင်စနစ်ထက်စစ်အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းရေးပိုမိုကျယ်ပြန့်ပြီးအနှစ်သာရရှိတဲ့ ကြွေးကြော်သံတွေတောင်းဆိုလာပါတယ်။တပါတီစနစ်ပဲ ပြောင်းပြောင်းအစိုးရပဲပြောင်းပြောင်း စစ်အာဏာရှင် စနစ်ရှိနေသမျှကာလပတ်လုံးစစ်အာဏာရှင်စနစ်ရဲ့အငွေ့အသက်တွေရှိနေသမျှကယလပတ်လုံးပြည်သူလူထုက အလုံးစုံလွတ်လပ်ရေး၊အလုံးစုံ လူ့အခွင့်ရေးထွန်းကာရေး၊အလုံးစုံ လူ့အခွင့်ရေးဒီမိုကရေစီရရှိရေးအားလုံးသဘောပေါက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူပြောင်းရေး၊အစိုးရတခုလုံးပြောင်းရေးတင်မကဘဲနဲ့စနစ်တခုလုံးပြောင်းရေးမှာ အာဏာရှင်စနစ်တခုလုံးအမြစ်ပြတ်ရေးကိုတောင်းဆိုတဲ့အထိ တောင်းဆိုသံတွေကျယ်ပြန့်လာပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် စကစရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုအချိန်နဲ့တပြေးညီကမ္ဘာကသိအောင် NUGလူ့အခွင့်ရေးဝန်ကြီးဌာနကပေးပို့ခဲ့တယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ ခွပ်ဒေါင်းအလံအား တိုက်ပွဲဝင်အလံအဖြစ်မှသည် အောင်ပွဲဝင်အလံအဖြစ်နဲ့ မြန်မာပြည်မှာလွှင့်ထူနိုင်ဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း


သြဂုတ်လ၉ရက်


ခွပ်ဒေါင်းအလံအား တိုက်ပွဲဝင်အလံအဖြစ်မှသည် အောင်ပွဲဝင်အလံအဖြစ်နဲ့ မြန်မာပြည်မှာလွှင့်ထူနိုင်ဖို့ သြဂုတ်လအတွင်း ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"၈၈၈၈ ၃၆ နှစ်ပြည့် ၁၅ ကြိမ်မြောက်တိုက်ပွဲဝင် ခွပ်ဒေါင်းအလံလွှင့်ထူပွဲကို Buffalo City, New York မှာ တက်ရောက်ခဲ့ပါတယ်။ တိုက်ပွဲဝင်အလံအဖြစ်မှသည် အောင်ပွဲဝင်အလံအဖြစ်နဲ့ မြန်မာပြည်မှာလွှင့်ထူနိုင်ဖို့ ဆက်ပြီးကြိုးစားကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စကစတပ်များဟာ ကရင်နီပြည်၊ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းတို့မှာအထိနာကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၆။ ဖက်ဆစ်စစ်တပ် အပေါ်စီး ရနေသ၍ မည်သည့်ဒေသမှ မငြိမ်းချမ်းနိူင်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တူးခေါင်ဆို


သြဂုတ်လ၉ရက်


ဖက်ဆစ်စစ်တပ် အပေါ်စီး ရနေသ၍ မည်သည့်ဒေသမှ မငြိမ်းချမ်းနိူင်ဘူးလို့ သြဂုတ်လ၉ရက် တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။


" မဘသတွေ စိုးရိမ်သလို တခြားတိုင်းရင်းသားလူမျိုးလက်နက်ကိုင်တပ်တွေက ဗမာနယ်ကို အုပ်ချုပ်သွားမှာ စိုးရိမ်နေရင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုကရော ဗမာစစ်တပ် ဗိုလ်ကျစိုးမိိုးနေတာနှစ်ပေါင်းများစွာခံလာရတာကို တော်လှန်နေတာ ကိုယ်ချင်းစာဖို့ မသင့်ဘူးလား ပေါ့။ ဒါကြောင့် ဗမာအပါအဝင် လူမျိုးတိုင်းအတွက် အာမခံချက်ရှိတဲ့ စနစ်၊ ဘယ်လူမျိုးကမှ တခြား မည်သည့်လူမျိုးကိုမှ ဗိုလ်ကျစိုးမိုးလို့မရတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်လိုအပ်တယ် ဆိုတာ ပို သေခြာသွားစေတယ်။ ဒီစိုးရိမ်စိတ်တွေ ကင်းဝေးမှ ဒီနိုင်ငံ ဒီဒေသ ငြိမ်းချမ်းမှာပါ။ စိတ်ရှိတိုင်း အရပ်သားနေအိမ်၊ စျေးတန်းများပေါ် လေယာဥ်ဗုံးကျဲတတ်တဲ့ ဖက်ဆစ်စစ်တပ် အပေါ်စီး ရနေသ၍ မည်သည့်ဒေသမှ မငြိမ်းချမ်းပါ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေရှိအရပ်သားနေထိုင်ရာနေရာများကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၇။ NUGအစိုးရအားအသိအမှတ်ပြုထောက်ခံအားပေးရန်  ဖိလစ်ပိုင် အစိုးရအား ပါဆေးမြို့ နိုင်ငံခြားရေးဌာန ရှေ့တွင် ဖိလစ်ပိုင်အင်အားစုများတိုက်တွန်း


သြဂုတ်လ၉ရက်


NUGအစိုးရအား အသိအမှတ်ပြုထောက်ခံအားပေးရန်  ဖိလစ်ပိုင် အစိုးရအား ပါဆေးမြို့ နိုင်ငံခြားရေးဌာန ရှေ့တွင် ဖိလစ်ပိုင်အင်အားစုများကတိုက်တွန်းလိုက်ကြောင်း သြဂုတ်လ၈ရက်နေ့မှာ SENTROကအသိပေးဖော်ပြပါတယ်။


မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြု ထောက်ခံအားပေးရန် ဖိလစ်ပိုင် အစိုးရအား ပါဆေးမြို့ နိုင်ငံခြားရေးဌာန ရှေ့တွင် လှုပ်ရှားမှုလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။


လှုပ်ရှားမှုတွင် NUGအစိုးရအားအသိအမှတ်ချက်ချင်းပြု၊မြန်မာနိူင်ငံကိုလွတ်လပ်ခွင့်ပေးစတဲ့တောင်းဆိုမှုလည်းတွေ့ရှိခဲ့ရပါတယ်။


========================


📌📌 ၈။ မန္တလေးမှာ ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေနဲ့ ရုံးသုံးပစ္စည်းတွေ အရေးပေါ် ရွှေ့ပြောင်းဖို့နဲ့ ဝန်ထမ်းတွေ လုံခြုံတဲ့ နေရာရွှေ့ပြောင်းနိုင်ရေး စီမံထားဖို့ စစ်ကောင်စီညွှန်ကြား 


သြဂုတ်လ၉ရက်


မန္တလေးမြို့တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေက ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေအပါအဝင် ရုံးသုံးပစ္စည်းတွေ အရေးပေါ် ရွှေ့ပြောင်းဖို့နဲ့ ဝန်ထမ်းတွေ လုံခြုံတဲ့နေရာ ရွှေ့ပြောင်းနိုင်ရေး စစ်ကောင်စီက အရေးပေါ် ညွှန်ကြားထားတဲ့စာ ထွက်ပေါ်လာပါတယ်။ 

မနေ့ ဩဂုတ်လ ရက်နေ့ကထုတ်ပြန်တဲ့ မန္တလေးတိုင်းမြေစာရင်းဦးစီးဌာနရဲ့ ရုံးစာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေအရ ဌာနပိုင် အရေးကြီးစာရွက်စာတမ်းများ၊ ရုံးသုံးစက်ကိရိယာများနဲ့မြေတိုင်းပစ္စည်းများကို အရေးပေါ် ရွှေ့ပြောင်းသိမ်းဆည်းမယ့်အစီအစဉ်နဲ့ ဝန်ထမ်းတွေကို လုံခြုံတဲ့နေရာ ပြောင်းရွှေ့နိုင်ဖို့ အစီအမံတွေရေးဆွဲထားဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါကြောင့် မြို့နယ်ဦးစီးဌာနမှူးတွေအနေနဲ့ အရေးပေါ်ရွှေ့ပြောင်းရေး အစီအမံတွေရေးဆွဲပြီး အမြန်ဆုံးပြန်လည်တင်ပြဖို့ လည်း ညွှန်ကြားထားပါတယ်။ 

မန္တလေးဒေသအတွက် လိုအပ်တဲ့ စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီရေးနဲ့ အုပ်ချုပ်ရေးထူထောင်မှုလုပ်ငန်းတွေ ဂရုတစိုက်နဲ့ ကြိုတင်စီမံဆောင်ရွက်ထားဖို့ အမျိုးသားညီညွတ် ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုပြီးချိန်မှာ စစ်ကောင်စီဘက်က အခုလို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

လက်ရှိ မန္တလေးမြို့တော်မှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်မှုတွေလုပ်ဆောင်နေရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ နန်းတွင်းကျုံးပတ်လည်မှာလည်း သဲအိတ်တွေနဲ့ ဘန်ကာတွေတည်ဆောက်တာ CCTV တွေတပ်ဆင်တာတွေအပြင် လုံခြုံရေးစစ်သားတွေ တိုးမြှင့်ချထားတာတွေ လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ 

ထို့အတူ မန္တလေးမြို့တော်မှာရှိတဲ့ ရဲစခန်းတွေမှာလည်း အတားအဆီးတွေဖြစ်တဲ့ ဘယ်ရီဂိတ်တွေ တိုးမြှင့်ချထားတာ ဘန်ကာတွေ တိုးမြှင့်တည်ဆောက်တာ ကင်းလှည့်တာနဲ့ ရဲစခန်းရှေ့တွေမှာ Slowdown တွေ ပိုမိုထားရှိတာ မြို့အဝင် အထွက်တွေမှာ ဂိတ်ချစစ်ဆေးတာ အများပြည်သူရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာ ဧည့်စာရင်းစစ်ဆေးတာတွေ ပိုပြီး ပြုလုပ်လာတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်အာဏာရှင်စနစ် အပြီးတိုက်ဖျက်သိမ်းရေး ညီနောင်မဟာမိတ် ဖွဲ့အပါအဝင် တိုင်းရင်းသားအားလုံးနဲ့အတူ တိုက်ပွဲ ဝင်သွားမယ်လို့ PNFC PNLO နဲ့ NMSP-AD တို့ ကြေညာ


သြဂုတ်လ၉ရက်


အကြမ်းဖက် စစ်အာဏာရှင်အပြီးတိုင် ဖျက်သိမ်းရေး မြောက်ပိုင်းညီနောင် မဟာမိတ် ဖွဲ့အပါအဝင် တိုင်းရင်းသား အားလုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ PNFC PNLO နဲ့ NMSP-AD တို့က ပူးတွဲကြေညာလိုက်ပါတယ်။ 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဦးဆောင်တဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်တွေ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်မှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာကနေတဆင့် အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။ 

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုလိုလားတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွေမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ အပါအဝင် ဘ၀တူ ညီနောင်တော်လှန်ရေး အင်အားစုများနဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ဖွဲ့အပါအဝင် တော်လှန်ရေးတပ်တွေက ဩဂုတ်လ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကို ပြည်တွင်းပြည်ပမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကလည်း သောင်းသောင်းဖျဖျကြိုဆိုကြမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

 ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနဲ့အတူ လူထုတော်လှန်ရေးအောင်ပွဲအဆင့်ဆင့်ကိုရရှိခဲ့ပြီး လူထုကို ရန်သူအဖြစ် သတ်မှတ်စစ်ဆင်နေတဲ့ စစ်အုပ်စုရဲ့ ရှုံးနိမ့်မှုတွေကိုလည်း ပီပီပြင်ပြင်တွေ့မြင်နေရပြီလို့ NFC PNLO နဲ့ NMSP-AD တို့က ပြောထားပါတယ်။


========================


🚩🚩 ၂။ မောင်တောမြို့နယ်မှာ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ မွတ်ဆလင်တွေကို AA ကယ်ထုတ်  


သြဂုတ်လ၉ရက်


ရခိုင်ပြည် မောင်တောမြို့နယ်မှာ စစ်ကောင်စီက လူသားဒိုင်းကာအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခေါ်ယူထားတဲ့ မွတ်ဆလင်တွေကို အချိန်မီကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

မောင်တောမြို့ထဲမှာပိတ်မိနေတဲ့ မွတ်ဆလင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ယူထားတဲ့ မွတ်ဆလင်တွေကို AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပေးနေတဲ့ ရုပ်သံဖိုင်ကို AA က ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

ဒီဗီဒီယိုဖိုင်မှာတွေ့ရတဲ့ မွတ်ဆလင်တွေဟာ လသာကျေးရွာက မွတ်ဆလင်တွေဖြစ်ပြီး ဩဂုတ်လ ရက်နေ့က ကယ်ထုတ် ခဲ့တာလို့ အသိပေးထားပါတယ်။  

မောင်တောမြို့ထဲမှာ စစ်ကောင်စီဘက်က လူသားဒိုင်းကာအဖြစ်အသုံးပြုဖို့ ဖမ်းဆီးထားတဲ့ ပြည်သူလူထုနဲ့ မြို့တွင်းမှာ ပိတ်မိနေတဲ့ ပြည်သူလူထုကို ရခိုင့်တပ်တော်က ဘေးလွတ်ရာနေရာတွေထိ ရွေ့ပြောင်းကယ်တင်တာတွေ ဆက်တိုက် ပြုလုပ်နေသလို မောင်တောမြို့တွင်းက ပြည်သူတွေကလည်း ၎င်းတို့နည်း ၎င်းတို့ဟန်နဲ့ ထွက်ပြေးလာကြသောသူတွေ လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်စလင်လက်နက်ကိုင်တွေနဲ့ မွတ်စလင်အဖွဲ့တွေဟာ  မောင်တောမြို့မှာရှိတဲ့ မွတ်ဆလင်တွေအပါအဝင် အခြားဒေသခံပြည်သူတွေကို လုံခြုံရာနေရာတွေသွားရောက်ခွင့်မပြုဘဲ မြို့ထဲမှာ ပိတ်လှောင်ထားတာကြောင့် အပြစ်မဲ့ပြည်သူတွေဟာ နေစဉ်နဲ့အမျှ ခြိမ်းခြောက် နှိပ်စက် သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ပင်လည်ဘူးမှာ စစ်တပ်ထောက်ပို့ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ အရာရှိအပါ ဦး သေဆုံးပြီး ရဟတ်ယာဉ်မှူးအပါ ၁၆ ဦး ဒဏ်ရာရ  


သြဂုတ်လ၉ရက်


စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့နယ်မှာ စစ်တပ်ထောက်ပို့ရဟတ်ယာဉ် MI-17 ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ် အရာရှိ အပါအဝင် ဦး သေဆုံးပြီး ရဟတ်ယာဉ်မှူးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးဒဏ်ရာသွားတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  

စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ရဲ့ ဇူလိုင်လ ရက်နေ့ ညနေ  နာရီဝန်းကျင်အချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုအခြေအနေနဲ့ ပတ်သက်လို့ ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်တပ်က MI-17 ထောက်ပို့ရဟတ်ယာဥ်သုံးပြီး မြေပြင်မှာပစ္စည်းချပြီး ထိခိုက်ဒဏ်ရာရထားတဲ့စစ်သားတွေကို တင်ဆောင်နေချိန်မှာ အမှတ် စစ်ဒေသကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ ဒရုန်းဗုံးသီးဟာ MI-17 ရဟတ်ယာဥ်အမြီးပိုင်းနဲ့ လူတင်တဲ့ အနောက်တံခါးပေါက်အနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်တပ်ရဲ့ ဘီလူးစစ်ကြောင်းက အရာရှိအပါအဝင် ဦး နေရာမှာတင်သေဆုံးသွားတဲ့အပြင် ရဟတ်ယာဥ်မှူးတဦး အပါအဝင် ၁၇ ဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အခြား ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး MI-17 ထောက်ပို့ရဟတ်ယာဥ်လည်း ထိခိုက်ပျက်စီး သွားခဲ့ပြီး ပြုတ်ကျကျန်ရစ်တဲ့အရေးပေါ် တံခါးပေါက်ကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီက ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မြိုင်နယ် ဝက်ပုတ်ရွာပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေရရှိ


သြဂုတ်လ၉ရက်


မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေစခန်းချရာ ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ပြောပါတယ်။

မြိုင်မြို့နယ်မှာရှိတဲ့ ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို ဩဂုတ် ၅ရက်ကစတင်ပြီး မြိုင်ပကဖနဲ့ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံဖို့ ပြောဆိုခဲ့ပေမယ့် အညံ့မခံတဲ့အတွက် ထိုးစစ်ဆင်တိုက်ခဲ့ရာ လေကြောင်းပစ်ကူနဲ့ မြေပြင်စစ်ကူတွေကို ဖြတ်တောက်တားဆီးနိုင်ခဲ့တာကြောင့် ဩဂုတ် ရက်မနက်မှာ ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာလို့ မြိုင်ပကဖက အသိပေးထားပါတယ်။

ဒီတိုက်ပွဲမှာ ဝက်ပုတ်ကျေးရွာက ဒေသခံပြည်သူ ၂၀ ခန့်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တဲ့အပြင် ရွာထဲမှာ ရှိနေတဲ့ မပေါက်ကွဲ သေးတဲ့ လက်နက်ကြီးအကြွင်းအကျန်တွေနဲ့ စစ်အုပ်စုထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းပေးနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ထက်ဦးမနည်း သေဆုံပြီး ၂၀ ခန့် ဒဏ်ရာရသွားတာကြောင့် စက်မှု စခန်း ဘက် ဆုတ်ခွာသွားသလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝက်ပုတ်ကျေးရွာစခန်းကနေ MA4 တလက်၊ ကာဘိုင် တလက် G3 ၂လက် G4 တလက် M16 တလက်နဲ့ ၇၉ မမ လက်နက်ကြီး တလက်၊ ၆ဝ မမ လက်နက်ကြီးတလက်နဲ့ ဂျန်ပါတလုံး အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါ စစ်ဆင်ရေးကို မြိုင်ပကဖ ပကဖတပ်ပေါင်းစု အမှတ် တပ်ရင်း ပခုက္ကူခရိုင် အမှတ် ၁၊၂၊၆၊၇၊၁၀၊၁၄ ၁၅၊၁၇ အညာမြေတပ်ပေါင်းစု ကမ္မတပ်ပေါင်းစု ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ပေါက်ပကဖ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး BLY ပျောက်ကြားတပ်ဖွဲ့ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူလူထုပါ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ  ၁၂ ကြိမ် ပစ်ကူခဲ့တဲ့အပြင် ဒေသခံတွေစစ်ရှောင်နေတဲ့ ပေါက်မြို့နယ် ရွာသစ်စုကျေးရွာက ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့က အသိပေးထားပါတယ်။

ပခုက္ကူခရိုင်တွင်းက အညံ့မခံသေးတဲ့ စစ်တပ်အထိုင်စခန်းတွေနဲ့ ပျူစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်တဲ့ အတွက် ပြည်သူလူထုအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး ဗုံးခိုကျင်းတွေတူးထားကြဖို့ မြိုင်ပကဖအဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နှင့်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment