08 SEP 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ α€…α€€်တင်α€˜ာα€œ ( ၈ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ ချင်းပြα€Š်ထတွင်း α€…α€…်ဆင်α€›ေးတွေα€™ှာ ခရီးα€žα€Š်တင် ATR α€œေα€šာဉ်တွေα€€ို α€…α€…်α€€ောင်α€…ီ α€‘α€žုံးပြုα€”ေ

 

ပြင်α€žα€…်α€”ိုင်ငံထုတ် ခရီးα€žα€Š်တင် ATR α€œေα€šာဉ်တွေα€€ို α€…α€…်α€€ောင်α€…ီα€€ α€…α€…်ဆင်α€›ေးတွေα€™ှာ α€…α€…်α€žα€Š်၊ α€œα€€်α€”၊α€€်α€”ဲ့ ထောα€€်ပံ့α€›ေးပစ္α€…α€Š်းα€žα€š်α€šူပို့ဆောင်α€–ို့ ထဓိα€€α€‘α€žုံးပြုα€”ေα€α€š်α€œို့ Justic for Myanmar α€›ဲ့ ၂၀၂၄ ခုα€”ှα€…် ဩဂုတ်α€œ ၂၉ α€›α€€်α€”ေ့ ထစီရင်ခံα€…ာα€™ှာ α€–ော်ပြပါα€α€š်။

 

ပြင်α€žα€…် - ထီα€α€œီ α€–α€€်စပ်ထုတ်α€œုပ်တဲ့ ATR α€œေα€šာဉ်တွေα€€ို α€…α€…်α€›ေးထတွα€€် ပြောင်းα€œဲ α€‘α€žုံးပြုα€”ေပြီး α€™ြα€”်α€™ာ၊ ထီးα€šူ၊ ထမေα€›ိα€€α€”်ပြα€Š်ထောင်α€…ု၊ ထစ္α€…α€›ေးα€”ဲ့ စင်α€€ာပူα€”ိုင်ငံα€›ှိ α€€ုα€™္ပဏီတွေα€Ÿာ α€œေα€šာဉ်ထပိုပစ္α€…α€Š်း α€›ောင်းချပေးခြင်း၊ ပြုပြင်ထိα€”်းα€žိα€™်းα€›ေးဝန်ဆောင်α€™ှု ပေးထပ်ခြင်းတွေα€”ဲ့ α€…α€…်α€€ောင်α€…ီα€€ို α€€ူα€Šီα€”ေခဲ့α€α€š်α€œို့ ဆိုပါα€α€š်။

 

Justic for Myanmar α€›ဲ့ တွေ့α€›ှိချα€€်α€™ှာ ၂၀၂၄ ခုα€”ှα€…်ထတွင်း α€…α€…်α€žားα€α€šောα€€်α€€ TikTok ပေါ်α€™ှာ တင်ခဲ့တဲ့ α€—ီα€’ီα€šိုα€–ိုင်တခုα€™ှာ ချင်းပြα€Š်α€€ို ATR α€…α€…်တပ်α€œေα€šာဉ်α€–ြင့် α€…α€…်α€žα€Š်ပို့ဆောင်ခဲ့α€™ှု၊ ၂၀၂၄ ခုα€”ှα€…် ဇန်နဝါα€›ီα€œ ၂၄ α€›α€€်α€”ေ့ ထိα€”္α€’ိα€šα€”ိုင်ငံ၊ α€™ီဇိုα€›α€™်ပြα€Š်α€”α€š်α€˜α€€်α€žို့ ထွα€€်ပြေးတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၉၂ ဦးα€€ို ATR α€œေα€šာဉ်α€”ဲ့ ပြα€”်ခေါ်ဆောင်တဲ့ α€–ြα€…်စဉ်တွေေ ပါဝင်ပါα€α€š်။

 

ATR α€œေα€šာဉ်တွေα€€ို α€…α€…်α€€ောင်α€…ီα€€ ဆက်α€œα€€်α€‘α€žုံးပြုα€”ေα€™ှု တားဆီးα€–ို့ထတွα€€် ထရေးα€šူဆောင်α€›ွα€€်ချα€€်တွေ ထရေးတကြီး α€œိုထပ်α€”ေတာα€€ြောင့် α€™ြα€”်α€™ာ့α€œေတပ်ထနေα€”ဲ့ ထပိုပစ္α€…α€Š်းတွေα€”ဲ့ ထစားထိုးပစ္α€…α€Š်းတွေ α€œα€€်α€œှα€™်းα€™ှီα€α€š်α€šူα€›α€›ှိα€”ေα€™ှု၊ α€œေα€šာဉ်ထမှုထမ်းတွေα€”ဲ့ ပြုပြင်ထိα€”်းα€žိα€™်းα€›ေးဝန်ထမ်းတွေထတွα€€် α€œေ့α€€ျင့်α€žα€„်α€€ြားα€™ှုတွေ α€›α€›ှိα€”ေα€™ှု၊ ATR α€œေα€šာဉ်တွေ ဆက်α€œα€€်ပျံα€žα€”်းα€”ိုင်α€™ှုထတွα€€် α€œိုထပ်တဲ့ α€œα€™်းα€Šွှα€”်ချα€€်တွေ α€›α€›ှိα€”ေα€™ှုα€€ို ပိတ်ပင်တားဆီးα€–ို့ α€”ိုင်ငံတကာထစိုးα€›α€”ဲ့ ပစ္α€…α€Š်းတင်α€žွင်းα€›ောင်းချα€žူတွေα€€ို Justice For Myanmar α€€ တောင်းဆိုα€€ြောင်းα€œα€Š်း ထုတ်ပြα€”်တာ တွေ့ရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ မင်းတပ်α€™ြို့α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီα€€ α€œေα€€ြောင်းတိုα€€်ခို၊α€€်α€™ှု ထပ်α€œုပ်၊ α€α€œα€‘α€ွင်း ထကြိα€™် ၃၀ α€€ျော် α€—ုံးα€€ြဲခံα€›

 

မင်းတပ်α€™ြို့α€”α€š်ထဲ ဩဂုတ် ၃၁ α€›α€€် α€™α€”α€€် ၃ α€”ာα€›ီဝန်းα€€ျင် α€œူထိပ်α€™ောα€€ျချိα€”်α€™ှာ α€…α€…်α€€ောင်α€…ီα€œေတပ်α€€ α€œေα€€ြောင်းα€—ုံးα€€ြဲတို၊α€€်ခိုα€€်α€™ှု ထပ်α€œုပ်ခဲ့ပါα€α€š်။

 

ထဆိုပါ α€—ုံးα€€ြဲတို၊α€€်ခိုα€€်ခံα€›α€™ှုα€€ြောင့် ထရပ်α€žားα€”ေထိα€™်တချို့ ထိခိုα€€်ပျα€€်α€…ီးα€™ှုα€›ှိပြီး α€œူထိခိုα€€်α€™ှု α€›ှိ၊ α€™α€›ှိα€‘α€α€Š်ပြုα€œို့ α€™α€›α€žေးပါα€˜ူး။

 

ထခုဩဂုတ်α€œα€‘α€ွင်း α€…α€…်α€€ောင်α€…ီα€œေα€€ြောင်း တို၊α€€်ခိုα€€်α€™ှုα€Ÿာ α€žိα€žိα€žာα€žာတိုးα€œာα€”ေပြီး α€α€œα€‘α€ွင်း ထကြိα€™် ၃၀ α€€ျော်α€›ှိα€”ေပါα€α€š်။

 

The Mindat Post α€€ ပြုα€…ုထားတဲ့ α€…ာရင်းထရ ဩဂုတ်α€œ ၇၊ ၉၊ ၁၉၊ ၂၀ α€”ဲ့ ၂၆ α€›α€€်α€”ေ့တွေα€™ှာ မင်းတပ်α€™ြို့α€”α€š်ထတွင်း α€œေα€€ြောင်း၊တို၊α€€်ခိုα€€်ခံရတာပါ။

 

ဩဂုတ်α€œ ၉၊ ၂၂ α€›α€€်α€”ေ့α€™ှာα€œα€Š်း α€α€œα€› ၂၇၄ α€…α€…်α€€ောင်α€…ီတပ်ရင်းα€€ ပစ်တဲ့ α€œ၊α€€်α€”α€€်α€€ြီးα€€ျα€Š်α€€ျα€€ွဲα€œို့ ထမျိုးα€žα€™ီးတဦး α€‘α€žα€€်ဆုံးα€›ှုံးပြီး α€€α€œေးα€„α€š်တဦး α€œα€€်တဖ၊α€€်ပြတ်တဲ့ α€–ြα€…်စဉ် α€–ြα€…်ပွားခဲ့α€žα€œို α€™ြို့ပေါ်α€›ှိ α€”ေထိα€™် ၆ α€œုံးဝန်းα€€ျင်α€™ီးα€œောင်ခဲ့ပါα€α€š်။

 

α€’ါ့ထပြင် ဩဂုတ်α€œ ၂၇ α€›α€€်α€”ေ့α€€α€œα€Š်း မင်းတပ်α€™ြို့ α€…ံပြရပ်α€€ွα€€်α€™ှာ α€…α€…်α€€ောင်α€…ီထောင်တဲ့ α€™ြေα€™ြုပ်α€™ိုင်းပေါα€€်α€€ွဲα€œို့ α€‘α€žα€€် ၆၀ ဝန်းα€€ျင် ထမျိုးα€žα€™ီးတဦး ခြေတဖက်ဆုံးα€›ှုံးခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€žုံးα€›α€€်α€€ြာပြုα€œုပ်တဲ့ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်α€œုံးဆိုင်α€›ာ ပြα€Š်α€žူ့α€Šီα€œာခံ ဆုံးα€–ြတ်ချα€€်ထွα€€်ပေါ်α€œာ

 

α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေး၊ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) တာဝန်α€›ှိα€žူ αˆα‰ ဦး တက်α€›ောα€€်တဲ့ တတိα€šα€‘α€€ြိα€™်α€™ြောα€€် α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်α€œုံးဆိုင်α€›ာ ပြα€Š်α€žူ့α€Šီα€œာခံα€€ို ဩဂုတ် ၂၉ α€›α€€်α€€α€”ေ ၃၁ α€›α€€်α€”ေ့ထထိ ၃ α€›α€€်α€€ြာ α€€ျင်းပခဲ့α€α€š်α€œို့ α€žိရပါα€α€š်။

 

α€’ီα€Šီα€œာခံဆုံးα€–ြတ်ချα€€်ထရ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်ထနေα€”ဲ့ တော်α€œှα€”်α€›ေးဆိုင်α€›ာα€€ိα€…္စရပ်တွေα€€ိုချင်းα€Šီα€”ောင်α€”ဲ့ ထပြα€Š့်ထဝပူးပေါင်းပြီး α€”ိုင်ငံα€›ေးα€€ိα€…္စရပ်တွေα€€ို α€€ြားα€€ာα€œα€ျင်းထမျိုးα€žား ထတိုင်ပင်ခံα€€ောင်α€…ီ (ICNCC) α€”ဲ့ ပူးပေါင်းα€žွားα€™α€š်α€œို့ α€€ြေα€Šာပါα€α€š်။

 

ချင်းα€Šီα€”ောင်’ (ICNCC) α€”ဲ့ ပူးပေါင်းဆောင်α€›ွα€€်ခြင်းα€™α€›ှိတဲ့ α€˜α€š်α€œိုα€”ိုင်ငံα€›ေး၊ α€œ၊α€€်α€”α€€်α€€ိုင်ထဖွဲ့α€‘α€…α€Š်းα€€ိုα€™ှာ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်ထတွင်း α€œα€€်ခံα€™ှာα€™α€Ÿုတ်α€˜ူးα€œို့ ဆိုပါα€α€š်။

ဆုံးα€–ြတ်ချα€€် α€€ျူးα€œွα€”်α€žူα€›ှိα€œာရင် α€œိုထပ်တဲ့ထရေးα€šူα€™ှု ဆောင်α€›ွα€€်α€–ို့ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်α€œုံးဆိုင်α€›ာ ပြα€Š်α€žူ့α€Šီα€œာခံα€€ ဆိုပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) α€€ို α€…α€…်ဦးα€…ီးချုပ်α€…α€”α€…်α€–ြင့် ပြောင်းα€œဲα€–ွဲ့α€…α€Š်းပြီး တော်α€œှα€”်α€›ေးထရှိα€”်α€™ြှင့်α€žွားα€™α€š်α€œို့α€œα€Š်း α€€ြေα€Šာထားပါα€α€š်။

 

ချင်းα€Šီα€”ောင်α€€ို ချင်းပြα€Š် α€…α€…်α€›ေး၊ α€”ိုင်ငံα€›ေးα€€ိα€…္စထဝဝ ပူးပေါင်းα€€ိုင်တွα€š်α€–ို့ ZFU/PDF Zoland, CNC - Mindat/CDF - Mindat α€”ဲ့ CNO/CNDF တို့α€€ ၂၀၂၃ α€’ီဇင်α€˜ာα€œα€™ှာ စတင်α€–ွဲ့α€…α€Š်းα€α€Š်ထောင်α€€ြတာပါ။

ထဲα€’ီα€”ောα€€် ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) α€›ဲ့ Tumee တပ်ရင်း၊ Khonu တပ်ရင်း၊ Vakok တပ်ရင်း၊ Victoria တပ်ရင်း၊ Mahuyar တပ်ရင်း ၅ ခုα€”ဲ့ Maraland Territorial Council (MTC/MDF) တို့α€€α€œα€Š်းချင်းα€Šီα€”ောင်α€™ှာ ပူးပေါင်းပါဝင်တဲ့ ပူးတွဲ α€€ြေα€Šာချα€€် ၂၀၂၄ ဇန်နဝါα€›ီ ၃၁ α€›α€€်α€™ှာ ထုတ်ပြα€”်ပါα€α€š်။

 

၂၀၂၄ ဧပြီα€œ ၉ α€›α€€်α€”ေ့α€™ှာတော့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) တပ်α€™α€Ÿာ ၁ ကချင်းα€Šီα€”ောင်α€™ှာ ပူးပေါင်းတဲ့ထကြောင်း α€‘α€α€Š်ပြု ထုတ်ပြα€”်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ မင်းတပ်ထပါထဝင် α€™ြα€”်α€™ာပြα€Š်ထနှံ့ α€œေα€€ြောင်း α€—ုံးα€€ြဲခံα€”ေα€›၊ တရက်α€α€Š်း α€žေဆုံးα€žူ ၃၀ ဝန်းα€€ျင်ထထိα€›ှိα€”ေ

 

တော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€€ို ထိုα€€်α€žα€„့်တဲ့ တုံ့ပြα€”်α€™ှုα€œုပ်α€™α€š်α€œို့ α€…α€…်ခေါင်းဆောင် မင်းထောင်α€œှိုင်α€›ဲ့ ပြောဆိုα€™ှုထပြီး မင်းတပ်α€™ြို့α€”α€š်ထပါထဝင် α€™ြα€”်α€™ာပြα€Š်ထနှံ့α€™ှာ α€œေα€€ြောင်းα€—ုံးα€€ြဲတိုα€€်ခိုα€€်α€™ှု ဆက်တိုα€€် ခံα€”ေရပါα€α€š်။

 

(α€…α€€်တင်α€˜ာ ၆) α€™α€”α€€်ထစောပိုင်း မင်းတပ်α€™ြို့α€”α€š် တိုα€€်α€”α€š် ၄ α€˜α€€် α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံရတာα€–ြα€…်ပြီး α€œူထိခိုα€€်တာα€™α€›ှိပေα€™α€š့်၊ ထဆောα€€်ထထုံတချို့ ထိα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ပြောပါα€α€š်။

 

α€™α€€ွေးတိုင်း၊ α€™ြိုင်α€™ြို့α€”α€š်α€™ှာ α€…α€€်တင်α€˜ာ ၆ α€›α€€် α€”ေ့α€œα€š်ပိုင်း α€œေα€€ြောင်း α€—ုံးα€€ြဲခံα€›α€œို့ α€™ိα€žားα€…ုတခုα€α€Š်းα€€ α€œေးဦးα€žေဆုံးပြီး α€”ောα€€်ထပ် ထမျိုးα€žα€™ီးတဦး α€žေဆုံးα€€ြောင်း Mandalay Free Press – MFP α€€ α€–ော်ပြပါα€α€š်။

 

α€™ြိုင်α€™ြို့α€”α€š် α€œα€€်α€šα€€်α€™α€›ွာ α€…ာα€žα€„်α€€ျောင်းα€€ို α€…α€…်α€€ောင်α€…ီα€œေတပ်α€€ ပေါင် ၃၀၀ α€—ုံးα€žီးα€€ြဲချတာထပြင် α€…α€€်α€œα€€်α€”ဲ့ပါ ပစ်ခတ်α€žွားတာα€œို့ ဆိုပါα€α€š်။

 

α€žေဆုံးα€žူတွေα€Ÿာ α€—ုံးခိုα€€ျင်းထဲ ဝင်ပုα€”်းα€”ေတဲ့ α€€α€œေးα€„α€š်ထပါထဝင် α€œူ ၅ ဦး α€”ေα€›ာတင် α€‘α€žα€€်ဆုံးα€›ှုံးရတာပါ။

 

α€…α€€်တင်α€˜ာα€œ ၅ α€›α€€်α€”ေ့ α€Š ၉ α€”ာα€›ီ ၉ α€™ိα€”α€…်ထချိα€”်α€”ဲ့ α€…α€€်တင်α€˜ာ ၆ α€›α€€်α€™α€”α€€်ထစောပိုင်းα€™ှာ ကရင်α€”ီထပါထဝင် α€›ှα€™်းα€™ြောα€€် α€”α€™့်ခမ်းα€™ှာ α€œေα€€ြောင်း α€—ုံးα€€ြဲတိုα€€်ခို၊α€€်ခံα€›α€œို့ α€€α€œေးα€žူα€„α€š် ထမျိုးα€žα€™ီးα€…ုα€…ုပေါင်း α€œူ ၂၀ ဦးထက်α€™α€”α€Š်း α€žေဆုံးရတဲ့ α€–ြα€…်စဉ် α€–ြα€…်ပွားခဲ့ပါα€α€š်။

 

ပြီးခဲ့တဲ့ α€…α€€်တင်α€˜ာထစောပိုင်းα€™ှာ α€…α€…်ခေါင်းဆောင် မင်းထောင်α€œှိုင်α€€ တော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€€ို α€œိုထပ်α€žα€œို တုံ့ပြα€”်α€™α€š်α€œို့ ပြောဆိုခဲ့ပြီးα€”ောα€€်ပိုင်းα€™ှာ ထရပ်α€žားပြα€Š်α€žူတွေ α€”ေထိုင်α€›ာထနှံ့α€™ှာ ထခုα€œိုα€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှု ဆက်တိုα€€်α€–ြα€…်ပွားα€”ေတာ α€–ြα€…်ပါα€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment