10th SEP 2024 - Evening Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကျန်းမာရေးCDMများ စိုးမိုးဒေသတွေမှာ ပြည်သူတွေရဲ့ ဝန်ဆောင်မှုကိုပေးကြရမယ့်အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ NUGတရားရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာအချက်အလက်များကိုအသိပညာပေး

📌 ၃။ မန္တလေးလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် မတ္တရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၄။ ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ချောင်းရေတိုက်စား၍ရွေ့ပြောင်းရသော အိမ်ထောင်စု ၂၈ စုအတွက်စားနပ်ရိက္ခာများထောက်ပံ့


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်း ကျော် ပျက်စီးခဲ့ရ

🚩 ၂။ ဆားလင်းကြီးနယ်တွင်လေကြောင်းအန္တရာယ်နှင့်မိုင်းအန္တရာယ်ဟောပြောပွဲလုပ်ဆောင်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကျန်းမာရေးCDMများ စိုးမိုးဒေသတွေမှာ ပြည်သူတွေရဲ့ ဝန်ဆောင်မှုကိုပေးကြရမယ့်အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဇော်ဝေစိုးပြောကြား


စက်တင်ဘာ၁၀ရက်


ကျန်းမာရေးCDMများ စိုးမိုးဒေသတွေမှာ ပြည်သူတွေရဲ့ ဝန်ဆောင်မှုကိုပေးကြရမယ့်အချိန်ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဇော်ဝေစိုးက မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ ဖွဲ့စည်းခြင်း () နှစ်ပြည့်မှာပြောကြားခဲ့ပါတယ်။


"ဒီကနေ့တော်လှန်ရေးဟာ အဆင့်တဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကျနော်တို့CDMများရဲ့လမ်းပြမြေပုံနဲ့အညီ ကျနော်တို့ဟာဒီအချိန်မှာသိမ်းပိုက်ရရှိထားတဲ့ နယ်မြေဒေသ၊စိုးမိုးဒေသများမှာ မိမိရဲ့ယန္တရားကိုကျနော်တို့ရဲ့ယန္တရားကိုလည်ပတ်ရမှာဖြစ်ပါတယ်။စီမံခန့်ခွဲကြရမှာဖြစ်ပါတယ်။ပြည်သူတွေရဲ့ ဝန်ဆောင်မှုကိုပေးကြရမယ့်အချိန်ဖြစ်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင် ပြည်သူများဟာ လက်ရှိအချိန်မှာစိတ်ရောကိုယ်ပါကျန်းမာဖို့လိုအပ်ပြီးတော့ ဒီဝန်ဆောင်မှုကိုကျန်းမာရေးCDMဝန်ထမ်းကထမ်းဆောင်ဖို့လိုအပ်တယ်လို့ဝန်ကြီးကပြောပါတယ်။


========================


📌📌 ၂။ NUGတရားရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာအချက်အလက်များကိုအသိပညာပေး


စက်တင်ဘာ၁၀ရက်


NUGတရားရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာအချက်အလက်များကိုအသိပညာပေးလျက်ရှိနေပါတယ်။


စက်တင်ဘာလအတွင်း တရားရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနက အသိပညာပေးအစီအစဉ်များကိုဖော်ပြလျက်ရှိပါတယ်။


အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုသည်ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုဖြေရှင်းရန်အားထုတ်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။


အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု၏ပင်မရည်ရွယ်ချက်မှာ ထိခိုက်နစ်နာခံစားရသူများအတွက်တရားမျှတမှုဆောင်ကြဥ်းပေးရန် တို့ဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ မန္တလေးလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် မတ္တရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


စက်တင်ဘာ၁၀ရက်


စက်တင်ဘာလ () ရက်မန္တလေးလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် မတ္တရာမြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကို နေ့လယ် (:၀၀) နာရီအချိန်တွင်ကျင်းပခဲ့ပါတယ်။


 ထို့နောက် မန္တလေးလွှတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှူး ဦးမြင့်အောင်မိုး မှ နှုတ်ခွန်းဆက်စကားနှင့်တွေ့ဆုံရခြင်းရည်ရွယ်ချက်များအားရှင်းလင်းခြင်း၊မတ္တရာမြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊မိတ်ဆက်ခြင်းအစီအစဥ်တို့ဖြင့်အခမ်းအနားစတင်ခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသူများမှ ဒေသတွင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ (စစ်ဘေးရှောင်ပြည်သူများကူညီထောက်ပံ့နေမှုများ၊ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ဒေသတွင်းပူးပေါင်းဆောင်ရွက်နေမှုများ) အား ဆွေးနွေးခြင်း၊သိရှိလိုသည်များအားမေးမြန်းခြင်း၊ပြန်လည်ဆွေးနွေးဖြေကြားခြင်းများ၊ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ချောင်းရေတိုက်စား၍ရွေ့ပြောင်းရသော အိမ်ထောင်စု ၂၈ စုအတွက်စားနပ်ရိက္ခာများထောက်ပံ့


စက်တင်ဘာ၁၀ရက်


စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ချောင်းရေတိုက်စား၍ ရွှေ့ပြောင်းရသော ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၂၈ စုအတွက် တစ်အိမ်‌ထောင်လျှင် ဆန်တစ်တင်း၊ ဆီတစ်ပိသာ၊ ဆားနှစ်ပိသာ၊ ငါးပိငါးဆယ်သား၊မြေတောက်ပဲတစ်ပြည်တို့ကို သွားရောက်‌ထောက်ပံ့ခဲ့ကြတယ်လို့ဖော်ပြပါတယ်။


အဆိုပါထောက်ပံ့မှုကို မြို့နယ်၏အခွန်ငွေခွဲတမ်းရငွေဖြင့် မြို့နယ်နာယက၊အဖွဲ့ဝင်၊ မြို့နယ်လူသားစာနာတာဝန်ခံနှင့် လူသားစာနာအဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ခဲ့ကာအားပေးစကားများပြောကြားခဲ့ပြီးနောက် ရွေ့ပြောင်းပေးရန်ကိစ္စများအား စီစဉ်ပေးခဲ့ကြောင်းသိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်း ကျော် ပျက်စီးခဲ့ရ


စက်တင်ဘာ၁၀


စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးခဲ့ရတယ်လို့စက်တင်ဘာ၁၀ရက်မှာ Data for Myanmarကအစီရင်ခံစာကိုထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ်အတွင်းစကစတပ်များရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ပေါင်း၂၁၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီး ၄င်းတို့ထဲမှအိမ်ခြေ၁၀၀၀နဲ့၅၀၀၀ကြားပျက်စီးရတဲ့မြို့နယ်များကတော့ကောလင်း၊ကလေး၊ဘူးသီးတောင်၊ မြင်းခြံနဲ့မုံရွာမြို့နယ်တို့ဖြစ်ကြပါတယ်။


စစ်ကိုင်းတိုင်းဟာ မီးရှို့ဖျက်ဆီးခံရမှုရာခိုင်နှုန်းတနိုင်ငံလုံးရဲ့၇၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။


စကစတပ်များဟာစစ်ရေးပြင်းထန်တဲ့နယ်မြေကအရပ်သားနေအိမ်များနဲ့ အဆောက်အဦများကိုတမင်တကာရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


🚩🚩 ၂။ ဆားလင်းကြီးနယ်တွင်လေကြောင်းအန္တရာယ်နှင့်မိုင်းအန္တရာယ်ဟောပြောပွဲလုပ်ဆောင်


စက်တင်ဘာ၁၀ရက်


ဆားလင်းကြီးနယ်တွင်လေကြောင်းအန္တရာယ်နှင့်မိုင်းအန္တရာယ်ဟောပြောပွဲလုပ်ဆောင်ခဲ့တယ်လို့ စက်တင်ဘာလအတွင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။


လေကြောင်းအန္တရာယ်နှင်းမိုင်းအန္တရာယ်ဟောပြောပွဲကိုဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ အမျိူးသမီးကလေးသူငယ်ရေးရာတာဝန်ခံ ပညာရေးဘုတ်အဖွဲ့ နှင့် လက်ပံတောင်းတောင်ပင်မသပိတ်တို့မှ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment