15th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ လူတွေ ကိုယ်တိုင်က ဒီမိုကရေစီကျင့်ထုံးတွေကို လက်လွှတ်စပယ် ပစ်ပယ်တာမျိုး လုံးဝ လုပ်ဆောင်လို့ မရဘူးလို့ ယာယီသမ္မတပြော

📌 ၂။ မြန်မာပြည်သူတို့၏ ဆန္ဒကိုမျက်ကွယ်ပြု၍ရာဇဝတ်ကောင်များကို ထောက်ခံ အားပေးကူညီနေကြသည့် ဒီမိုကရေစီ၏ ရန်ဘက်နိုင်ငံများကို ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက ပြင်းထန်စွာဝိုင်းဝန်းကန့်ကွက် ရှုတ်ချရန် တာဝန်ရှိတယ်လို့NUCCထုတ်ပြန်

📌 ၃။ မြန်မာပြည်ရေဘေးသင့်ပြည်သူတွေအတွက် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ လက်ပတ်နာရီလေလံတင်ရောင်းချရာဒေါ်လာထောင်နဲ့ချီပေးထား

📌 ၄။ သဘာဝဘေးအတွက် တုန့်ပြန်ဖို့ အရေး ပေါ်သုံး ရန်ပုံငွေမြန်မာ ကျပ် ဘီလီယံ ၂၀ကိုမတရား အာဏာသိမ်းပြီးတော့စစ်တပ်ကပြည်သူတွေအတွက် သုံးစွဲ ဆောင်ရွက်တာ မတွေ့ရဘူးလို့ဆို

📌 ၅။ ရေကြီးမှုဖြစ်ပွားနေသည့်ဒေသများမှ ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရေးနှင့် စားနပ်ရိက္ခာပံ့ပိုးခြင်းလုပ်ငန်းများကို မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့လူသားစာနာဝန်ကြီးဌာနသတင်းထုတ်ပြန်

📌 ၆။ စစ်တပ်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရပ်ပြီး ပြည်သူများရဲ့ဆန္ဒကို လေးစားတန်ဖိုးထားဖို့ အီးယူ အမေရိကန်နဲ့ ဗြိတိန်တို့ တိုက်တွန်းတောင်းဆို

📌 ၇။ ငါတို့သံအမတ်၊ ငါတို့မြန်မာပြည်သူ့အသံ၊ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဆန်ဖရန်စစ္စကိုတွင် ကျင်းပ

📌 ၈။ အဆိုတော်ကျားပေါက်ရဲ့ Mother Nature (II) အမည်ရှိ ပန်းချီကားလေလံတင်ရောင်းချရငွေကြေးများကို မြန်မာပြည်ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက်အသုံးပြုမယ်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချိုမြို့ကို စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်

🚩 ၂။ ရွှေကျင်မြို့နယ် တုံတံတားကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း

🚩 ၃။ NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်မှာပါဝင်နေမှုကို ရပ်ဆိုင်းလိုက်ပြီလို့ PNLO ကြေညာ

🚩 ၄။ တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်‌ကြောင့် တပတ်အတွင်း ဦးသေဆုံးကာ ၂ဝ ဦး ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ လူတွေ ကိုယ်တိုင်က ဒီမိုကရေစီကျင့်ထုံးတွေကို လက်လွှတ်စပယ် ပစ်ပယ်တာမျိုး လုံးဝ လုပ်ဆောင်လို့ မရဘူးလို့ ယာယီသမ္မတပြော


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့ဟာ ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးကို ပြည့်ပြည့်ဝဝ မရရှိအောင် ဟန့်တားနေတဲ့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ချုပ်ငြိမ်းပ,ပျောက်အောင် အမြဲ ကြိုးစားနေရမှာ ဖြစ်ပါတယ်။ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေဟာ အသက်အရွယ်အရ ကန့်သတ်ခံရတာမျိုး၊ လူမျိုးအရ ကန့်သတ်ခံရတာမျိုး၊ လူတန်းစားအရ ကန့်သတ်ခံရတာမျိုးတွေ မရှိအောင် အမြဲတမ်း ကြိုးစားနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဘက်တော်သားတွေအဖြစ် ခံယူပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ကျွန်တော်တို့ ကိုယ်တိုင်က ဒီမိုကရေစီကျင့်ထုံးတွေကို လက်လွှတ်စပယ် ပစ်ပယ်တာမျိုး လုံးဝ လုပ်ဆောင်လို့ မရဘူးလို့ ပြောချင်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင်တော်လှန်သူများရဲ့ အသွေးအသားထဲမှာ ဒီမိုကရေစီအနှစ်သာရတွေက နက်ရှိုင်းစွာ စိမ့်ဝင်ကိန်းအောင်းနေမှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယာယီသမ္မတကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၂။ မြန်မာပြည်သူတို့၏ ဆန္ဒကိုမျက်ကွယ်ပြု၍ရာဇဝတ်ကောင်များကို ထောက်ခံ အားပေးကူညီနေကြသည့် ဒီမိုကရေစီ၏ ရန်ဘက်နိုင်ငံများကို ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက ပြင်းထန်စွာဝိုင်းဝန်းကန့်ကွက် ရှုတ်ချရန် တာဝန်ရှိတယ်လို့NUCCထုတ်ပြန်


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ပေးပို့သည့်သဝဏ်လွှာမှာ အခုလိုဖော်ပြပါရှိပါတယ်။


မြန်မာပြည်သူတို့၏ ဆန္ဒကိုမျက်ကွယ်ပြု၍၊ ထိုသို့သောရာဇဝတ်ကောင်များကို ထောက်ခံ အားပေးကူညီနေကြသည့် ဒီမိုကရေစီ၏ ရန်ဘက်နိုင်ငံများကိုလည်း ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက ပြင်းထန်စွာဝိုင်းဝန်းကန့်ကွက် ရှုတ်ချရန် တာဝန်ရှိတယ်လို့NUCCကဖော်ပြပါတယ်။



ထို့အပြင်ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထု တရပ်လုံးနှင့် အတူ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က လေးနက်စွာ သစ္စာဓိဌာန်ပြုအပ်တယ်လို့ဖော်ပြပါတယ်။


နိုင်ငံတကာအစိုးရများအနေဖြင့်လည်း ဒီမိုကရေစီဆိုင်ရာ အခြေခံမူဝါဒများကို မြှင့်တင်ရန်  နှင့် ကူညီလုပ်ဆောင်ပေးရန် ကတိကဝတ်နှင့်တာဝန်ရှိမှုအတိုင်း တစ်နိုင်ငံချင်း၏ အကျိုးစီးပွားကို မငဲ့ဘဲ မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကို ထောက်ခံ ရပ်တည်ကြရန် တိုက်တွန်းအပ်တာ်လို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ မြန်မာပြည်ရေဘေးသင့်ပြည်သူတွေအတွက် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ လက်ပတ်နာရီလေလံတင်ရောင်းချရာဒေါ်လာထောင်နဲ့ချီပေးထား


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၄ရက်တွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အသိပေးဆိုထားပါတယ်။


"ဒီနှစ်မွေးနေ့မှာ ကျမ ပုဂ္ဂလ collection အရ နှစ်သက်မြတ်နိုးတဲ့ အရာ တွေကို အခြေခံပြီး အလှူ လုပ်ဖြစ်ပါတယ်။ တီးလက်စ ဂစ်တာ () လက်က တော့ သင်တန်းကျောင်း တခုအတွက် လှူ ပြီးသွားပါပြီ။နောက်တခုက တော့  အခု လက်ပတ် နာရီ၊အချိန် ဆိုတဲ့ သင်္ကေတ အသက် အရွယ်ရဲ့ သင်္ကေတ တန်ဖိုးဖြတ်မရတဲ့ လူဘဝ သင်္ကေတ လို့လည်း ဆိုနိုင်ပါတယ်။ 

 အခု အဲ့ဒီ ကျမတကိုယ်ရေ အဓိပါယ်ဖွင့်ဆိုမှုနဲ့ တန်ဖိုးထားရတဲ့ နာရီ () လုံး ကို ရေဘေးအန္တရာယ်ခံစားနေရတဲ့ ကျမတို့ပြည်သူတွေအတွက်ကို လှူဒါန်းသွားမှာဖြစ် ပါတယ်။ ကျမ နိုင်ငံတကာ ခရီးစဉ်တွေထဲ မှာ တော်လှန်ပြည်သူ တစ်ဦး က လက်ဆောင်ပေးခဲ့တာပါ။ လေလံအောင်သူ အလှူရှင်ထံသို့ လုံခြုံစိတ်ချစွာပေးပို့ပေးသွားမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


စက်တင်ဘာ၁၄ရက် ညပိုင်းအထိ အမေရိကန်ဒေါ်လာ၂၀၀၀ ပေးအပ်သူရှိခဲ့ပြီးစက်တင်ဘာ၁၆ရက်တနင်္လာနေ့ (၁၀)နာရီမှာ လေလံကိုပိတ်သိမ်းမှာဖြစ်ပါတယ်။


========================


📌📌 ၄။ သဘာဝဘေးအတွက် တုန့်ပြန်ဖို့ အရေး ပေါ်သုံး ရန်ပုံငွေမြန်မာ ကျပ် ဘီလီယံ ၂၀ကိုမတရား အာဏာသိမ်းပြီးတော့စစ်တပ်ကပြည်သူတွေအတွက် သုံးစွဲ ဆောင်ရွက်တာ မတွေ့ရဘူးလို့ဆို


စက်တင်ဘာ၁၅ရက်


သဘာဝဘေးအတွက် တုန်ပြန်ဖို့ အရေး ပေါ်သုံး ရန်ပုံငွေမြန်မာ ကျပ် ဘီလီယံ ၂၀ကိုမတရား အာဏာသိမ်းပြီးတော့စစ်တပ်ကပြည်သူတွေအတွက် သုံးစွဲ ဆောင်ရွက်တာ မတွေ့ရဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စက်တင်ဘာလအတွင်းမှာ ပြောဆိုထားပါတယ်။


"မတရားအာဏာမသိမ်းခင် ပြည်သူ့အစိုးရ လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့စဥ်တုန်းက သဘာဝ ဘေးနဲ့ ပတ်သက်ပြီး ကြိုတင်စီစဥ် စနစ်တကျ ဆောင်ရွက်ခဲ့တာရှိတယ်။ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေ မြန်မာ ကျပ် ဘီလီယံ ၂၀ ထားရှိတယ်။ အဲဒီအပြင်ကို နိုင်ငံတဝန်းမှာ ဖြစ်ပေါ်လာတဲ့ ဘေးတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့လိုတယ်၊ သမ္မတ အရေးပေါ် ရန်ပုံငွေ မြန်မာကျပ် ၁၀၀ ဘီလီယံ ဆိုတာရှိတယ်။ဒီသဘာဝဘေးအတွက် တုံ့ပြန်ဖို့ အရေး ပေါ်သုံးဖို့ဆိုပြီးတော့ စီမံထားတဲ့ ရန်ပုံငွေတွေကလည်း မတရား အာဏာသိမ်းပြီးတော့ ကျကျနန စီမံခန့်ခွဲတာ ပြည်သူတွေအတွက် သုံးစွဲ ဆောင်ရွက်တာလည်း မတွေ့ရပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။


အဲဒီအပြင် သဘာဝ ဘေး နဲ့ ပတ်သက်လို့ရှိရင် ကြိုတင်စီမံတဲ့ အထဲမှာပြည်သူ့အစိုးရလက်ထက်ဝယ်ယူထားသော ရဟတ်ယာဥ်အား ပြည်သူအတွက် အသုံးပြုတာမတွေ့ရဘူးလို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၅။ ရေကြီးမှုဖြစ်ပွားနေသည့်ဒေသများမှ ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရေးနှင့် စားနပ်ရိက္ခာပံ့ပိုးခြင်းလုပ်ငန်းများကို မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့လူသားစာနာဝန်ကြီးဌာနသတင်းထုတ်ပြန်


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်တွင်  NUGလူသားစာနာဝန်ကြီးဌာနက အခုလိုတရားဝင်ထုတ်ပြန်ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် အင်အားအလွန်ကြီးမားသည့် ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


 အကြမ်းဖက်စစ်တပ်၏ မီးရှို့မှုများကြောင့် စစ်ဘေးရှောင်နေရသည့်ပြည်သူများအနက် ရေကြီးမှုဖြစ်ပွားနေသည့်ဒေသများမှ ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရေးနှင့် စားနပ်ရိက္ခာပံ့ပိုးခြင်းလုပ်ငန်းများကို မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။


နေ့ရက်အလိုက် မိုးလေဝသခန့်မှန်းချက်များ၊ သတိပေးချက်များနှင့် ဘေးအန္တရာယ်ဖြစ်စဥ်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အကြံပြုချက်များကိုလည်း ဌာန၏  Website နှင့် Facebook page များ၊ PVTV နှင့် NUG Radio တို့မှတဆင့် အများပြည်သူများသိရှိနိုင်ရေး ထုတ်ပြန် ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


 လတ်တလောရေလွှမ်းမိုးမှု ဖြစ်ပွားနေသည့် မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို မြို့နယ် လူသားစာနာတာ၀န်ခံများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေး အဖွဲ့များပူးပေါင်း၍ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထောက်ပံ့ကူညီပေးလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ စစ်တပ်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရပ်ပြီး ပြည်သူများရဲ့ဆန္ဒကို လေးစားတန်ဖိုးထားဖို့ အီးယူ အမေရိကန်နဲ့ ဗြိတိန်တို့ တိုက်တွန်းတောင်းဆို


စက်တင်ဘာလ၁၅ရက်

  

ပြည်သူတွေအပေါ်  အကြမ်းဖက်နေတဲ့လုပ်ရပ်တွေရပ်ပြီး ပြည်သူများရဲ့ဆန္ဒကို လေးစားတန်ဖိုးထားဖို့ အီးယူ အမေရိကန်နဲ့ ဗြိတိန်တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက အခုလို တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။  

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆိုတာ ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို အသိပေး၊ သတိရစေမယ့်နေ့တနေ့ဖြစ်ပြီး ယဉ်ကျေးမှုရှိတဲ့ ခေါင်းဆောင်ကောင်းများအနေနဲ့ မိမိလူထုရဲ့အသံကို အလေးထားနားထောင်ပြီး လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ရေးအတွက် တရားမျှတစွာ ဂရုတစိုက်အုပ်ချုပ်ဖို့တာဝန်ရှိတယ်လို့ အီးယူသံရုံးက သတိပေးထားပါတယ်။

အနာဂတ်မြန်မာနိုင်ငံဟာ လူထုအသံကို နားထောင်ပြီး ဆန္ဒတိုင်းကို အလေးထားတဲ့နေရာ ဖြစ်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

အီးယူသံရုံးအနေနဲ့ အခုလိုတိုက်တွန်းပြောဆိုရာမှာ ပြည်မြို့ ဆေးပန်းချီတစ်ခု။ ဓာတ်ပုံမူရင်းပိုင်ရှင် - ညီညီနိုင် ဆိုပြီး ထုတ်ပြန်လာတာကိုတွေ့ရပါတယ်။

ထို့အတူ ပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက်နေတာတွေ အဆုံးသတ်ဖို့နဲ့ ပြည်သူများရဲ့ဆန္ဒကို လေးစားတန်ဖိုးထားဖို့ စစ်အာဏာရှင်ကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ 

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်က အခုလို ထည့်သွင်းတောင်းဆိုလိုက်တာဖြစ်ပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေ စီကို လိုလားတောင်းတနေတဲ့ မြန်မာပြည်သူများနဲ့အတူ ၎င်းတို့အနေနဲ့ အတူတကွရပ်တည်နေတယလို့လည်း အသိပေးထား ပါတယ်။

ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လိုအပ်နေတဲ့သူတွေကို အကူအညီပေးအပ်ဖို့ နဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစား တန်ဖိုးထားဖို့အတွက် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ပါ တယ်။

ပြည်သူများအတွက် ပြည်သူများက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိခြင်းမှာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်း ရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ရေးအတွက် လူ့လောက၏အဓွန့်ရှည် အတည်တံ့ဆုံး နည်းလမ်းဖြစ်သည်ကို ယခုလို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ပြန်လည်သတိရဆင်ခြင်မိတယ်လို့လည်း ဆိုပါတယ်။


ဗြိတိန်သံရုံးကလည်း မြန်မာနိုင်ငံသားများရဲ့ ဒီမိုကရေစီ ပန်းတိုင်လိုလားချက်များကို ယနေ့ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့တွင်သာမက အစဉ်အမြဲ ၎င်းတို့အစိုးရက ထောက်ခံအားပေးလျှက်ရှိကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းက လူမှုအသိုက်အဝန်းများစွာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့နေရတဲ့ အချိန်အခါလည်း ဖြစ်တာကြောင့် ရေဘေးသင့်ပြည်သူများအတွက် သတိရမေတ္တာပို့ဆုတောင်းပေးနေကြောင်းလည်း ဖော်ပြထားပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် ဗြိတိန်အစိုးရက ငွေသားအကူအညီသာမက လူသားချင်းစာနာထောက်ထားမှု အကူအညီ များဖြင့်လည်း တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း အသိပေးထားပါတယ်။


========================


📌📌 ၇။ ငါတို့သံအမတ်၊ ငါတို့မြန်မာပြည်သူ့အသံ၊ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဆန်ဖရန်စစ္စကိုတွင် ကျင်းပ


ရေဒီယို NUG စက်တင်ဘာ ၁၅


ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းအား (၇၉)ကြိမ်မြောက် ကုလအထွေထွေညီလာခံမှ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်နိုင်ရေးအတွက် ဆန်ဖရန်စစ္စကိုဗေးဧရိယာအခြေစိုက် မြန်မာတိုင်းရင်းသားမိသားစုများရဲ့ ဆန္ဒဖော်ထုတ်ပွဲကို ဆန်ဖရန်စစ္စကိုမြို့လည်ရှိ UN Plaza မှာကျင်းပရာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ငါးဆယ်ကျော် ခြောက်ဆယ်ခန့် တက်ရောက်ကြပါတယ်။

အဆိုပါ ထောက်ခံပွဲကို စဉ်ဆက်မပြတ်ဆန်ဖရန်စစ္စကိုလူထုသပိတ်တိုက်ပွဲ (၁၃၉)ကြိမ်မြောက်အဖြစ် Free Burma Action Committee မြောက်ပိုင်းကယ်လီဖိုးနီးယားအဖွဲ့တို့က လက်တွဲစီစဉ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။


အလားတူ စက်တင်ဘာ၁၅ရက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ 79th United Nations General Assembly Credentials Campaign ကို ကိုရီးယားနိုင်ငံဘူဖျောင်းမြို့တွင်ကျင်းပခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)ကအသိပေးဆိုပါတယ်။


၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိမိတို့၏ ပြည်သူ့သူရဲကောင်း ဦးကျော်မိုးထွန်း၏ နေရာ ဆက်လက်တည်ရှိနေရေး၊ ထိုမှတဆင့် နိုင်ငံ့ကိုယ်စားလှယ်အဆင့်အတန်း ရရှိရေးတို့အတွက်တောင်းဆိုခြင်းဖြစ်တယ်လို့သိရပါတယ်။


ထောက်ခံဆန္ဒပြပွဲသို့ မြန်မာအင်အားစုများတက်ရောက်ကာ ရန်ပုံငွေစျေးရောင်းချပွဲတော်လည်းကျင်းပခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ အဆိုတော်ကျားပေါက်ရဲ့ Mother Nature (II) အမည်ရှိ ပန်းချီကားလေလံတင်ရောင်းချရငွေကြေးများကို မြန်မာပြည်ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက်အသုံးပြုမယ်


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်မှာ မပန်ဆယ်လိုက ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုအသိပေးဆိုထားပါတယ်။


"ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် ကိုကျားပေါက်ရဲ့ အနုပညာလေလံအလှူကို ကိုမောင်မောင်အေးနဲ့ ကျွန်မပန်ဆယ်လိုတို့က ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်လေး ရှိပါတယ်။ အမိမြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီး Artist ဆရာကျား ရေးဆွဲထားတဲ့ Mother Nature (II) အမည်ရှိ ပန်းချီကားပါ။ Acrylic/Ink on 100x73cm canvas 

ကြမ်းခင်းစျေး USD 1000 နဲ့ စတင်ချင်ပါတယ်။ လေလံကာလကတော့ ငါးရက်တိတိဖြစ်ပါတယ်။ အမြင့်ဆုံးရရှိတဲ့ လေလံငွေကို မြန်မာပြည် ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူများထံ တစ်ပြားတစ်ချပ်မကျန် ပို့ဆောင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။"လို့ဆိုပါတယ်။


ဒါဟာ ကိုကျားပေါက်ရဲ့ ဒုတိယအကြိမ် အနုပညာလေလံအလှူဖြစ်ပြီး ပထမတစ်ကြိမ် Doddle Art on Ukulele လေးကတော့ USD 28500 နဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Ukulele လေးအဖြစ်နဲ့ လေလံအောင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နောင်ချိုမြို့ကို စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်


စက်တင်ဘာ၁၅ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၁၄ ရက် ၁၂ နာရီဝန်းကျင်မှာ အကြမးဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၃လုံး လာရောက် ကြဲချခဲ့တာလို့ နောင်ချိုမြို့ခံတွေက ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ၁၁ နာရီ ၅၃ မိနစ်အချိန်ကနေ ၁၂ နာရီအထိ နောင်ချိုမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တောင်ရပ်ကွက် ညောင်ကုန်းဘုရားဝင်းအတွင်းနဲ့ ကံကြီးလမ်းပိုင်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူထိခိုက်မှု မရှိပေမယ့် နေအိမ်နဲ့အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းကလည်း နောင်ချိုမြို့က အေရှားဝေါတိုးဂိတ်အနီးနဲ့ သပြေရေရပ်ကွက်ကိုလည်း ဂျက်ဖိုက်တာနဲ့ ကြိမ်လာရောက်ကြဲချခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ကြိမ်တိုင် တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အချို့ ပျက်စီးပြီး လူတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အပြင် စက်တင်ဘာ ၁၃ ရက်ကလည်း နောင်ချိုမြို့ကို ဗုံး ၁၃ လုံးကြဲချတိုက်ခိုက်တဲ့အတွက် နေအိမ်တွေ ပျက်စီးမှုရှိခဲ့ တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီအနေနဲ့ နောင်ချိုမြို့ကို ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ခံတွေဟာ လေကြောင်းရန်ကို ကြောက်နေ ကြရပါတယ်။ 

နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၄ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အမတ ၂၀၆ တပ်စခန်း၊ ၉၀၂ တပ်စခန်းနဲ့ မကျီးရေကျေးရွာတို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် စစ်ကောင်စီက လေကြောင်းကနေ  ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရွှေကျင်မြို့နယ် တုံတံတားကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း


စက်တင်ဘာ၁၅ရက်


ပဲခူးတိုင်း ရွှေကျင်မြို့နယ် တုံးတံတားကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့  Spring Warriors Column က ဒီနေ့ စက်တင်ဘာ ၁၅ မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရွှေကျင်မြို့နယ် တုံးတံတားကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်ရရှိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီး နေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်ကလည်း တုံတံတားကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိမှာ ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲကြောင့် အသေးစိတ်ခြေအနေကိုမသိရသေးပေမယ့် တော်လှန်ရေးရဲဘော် တွေ ဘေးကင်းတယ်လို့ သိရပါတယ်။ 

Spring Warriors Column အပါအဝင် KNLA တပ်ရင်း - ၃၇၀၂ PDF တပ်ရင်းနဲ့ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့-၁၈၀၅ တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စစ်ကောင်စီတပ် အခြေချတပ်စွဲထားတဲ့ ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာရှေ့တန်းစခန်းကို ဩဂုတ်လ ၃၁ ရက်နေ့က မိနစ်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် စစ်သား ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်း အမြောက်အများနဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော် သိမ်းပိုက်ရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်မှာပါဝင်နေမှုကို ရပ်ဆိုင်းလိုက်ပြီလို့ PNLO ကြေညာ


စက်တင်ဘာ၁၅ရက်


အခုနှစ်ဆန်းကစပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြန်ဖြစ်လာခဲ့တာကြောင့် တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် -NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်မှာ ပါဝင်နေမှုကိုရပ်ဆိုင်းလိုက်ပြီး စစ်ကောင်စီနဲ့တွေ့ဆုံတဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့မှာလည်း ကိုယ်စားလှယ် စေလွှတ်ထားတာမရှိတော့ဘူးလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO က စက်တင်ဘာ ၁၄ ရက်နေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

PNLO ရဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ဇန်နဝါရီ ၂၁ ရက်က စပြီး တိုက်ပွဲတွေဖြစ်ခဲ့တာကနေ အခုလို ကြေညာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

PNLO အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်ကစပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းတွေကို ထိန်းညှိ လုပ်ဆောင်ခဲ့ရာကနေ အခု စက်တင်ဘာ ၁၁ ရက်မှာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအထူးအစည်းအဝေး ကျင်းပပြီး အဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်မယ့် ဥက္ကဋ္ဌ အဖွဲ့ ဦး၊ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီတဦးစီ စုစုပေါင်း ဦးကို တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားကို ရယူခဲ့ရာမှာ ကော်မတီဝင် ၈၄ ရာခိုင်နှုန်းက ထောက်ခံတာကြောင့် အဲဒီခေါင်းဆောင် ဦးက တတိယအကြိမ် ညီလာခံသက်တမ်းကုန်ဆုံးတဲ့အထိ ဦးဆောင် သွားမယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် အဖွဲ့ချုပ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းကိစ္စတွေမှာ တာဝန်ပေးခံရတဲ့ ခေါင်းဆောင် ဦးရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်တယ်လို့ PNLO က ထုတ်ပြန်ထားပါတယ်။

အခုလို ခေါင်းဆောင် ဦးကို တာဝန်ပေးရတဲ့ အဓိကအကြောင်းအရင်းဟာ စစ်ကောင်စီကိုတော်လှန်တဲ့ လက်နက်ကိုင် တော်လှန်ရေးပြန်စချိန်မှာ အချို့သောခေါင်းဆောင်တွေက ၎င်းတို့ခံယူချက်အရ လက်နက်ကိုင်တော်လှန်ရေးမှာ မပါဝင်ဘဲ အရင်သွားနေကြလမ်းကြောင်းအတိုင်းသွားလိုတဲ့ ခေါင်းဆောင်အချို့ရှိနေတာကြောင့်ဖြစ်တယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက လူထုနွေဦးကို ပြောထားပါတယ်။ 

အဖွဲ့ကို ဦးဆောင်မယ့်သူတွေဟာ ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ- ခွန်ထွန်းတင်၊ ဒုဥက္ကဋ္ဌ- ဗိုလ်မှူးချုပ်ခွန်ကျော်ထင်နဲ့  အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ခွန်အောင်မန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ဗဟိုဒေသန္တရ အုပ်ချုပ်ရေးဌာနဌာနကြီးမှူးအဖြစ် ဒုဗိုလ်မှူးကြီး ခွန်အာဋ္ဌာရတို့ဖြစ်တယ်လို့ သိရပါတယ်။

အခုလို PNLO ခေါင်းဆောင် ဦးကို တာဝန်ပေးလိုက်ပေမယ့် ယခင်ရှိနှင့်ပြီးဖြစ်တဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် နာယက အဖွဲ့ကို ရုပ်သိမ်းခြင်းမရှိဘူးလို့လည်း သိရပါတယ်။


========================


🚩🚩 ၄။ တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်‌ကြောင့် တပတ်အတွင်း ဦးသေဆုံးကာ ၂ဝ ဦး ဒဏ်ရာရ 


စက်တင်ဘာ၁၅ရက်


တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ရရှိထားတဲ့ အချက်အလက်များအရ စစ်ကောင်စီနဲ့ ၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် တပတ်အတွင်း အပြစ်မဲ့အရပ်သား ဦး သေုံးကာ ၂ဝ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၅ မှာ ထုတ်ပြန်ပါတယ်။


တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့လုပ်ရပ်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုအခြေအနေကို အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ရက်တာ ကာလအတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ရကာ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃၈ ဦးရှိပြီး အချို့ဟာ အဆက် အသွယ် ပြတ်တောက်နေတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်သောက ရောက်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 


ဒီအချက်အလက်တွေဟာ တောင်ပိုင်းစစ်ဒေသက ရရှိထားတဲ့အချက်အလက်တွေကို အခြေခံထားတာဖြစ်တဲ့အတွက် လက်တွေ့မြေပြင်မှာ ဒီစာရင်းထက်ပိုများနိုင်တယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။ 


တနိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေးဒုက္ခအန္တရာယ် ကြုံတွေ့နေရတဲ့အပြင် အကျပ်အတည်းမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူ လူထုကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးခြိမ်းခြောက်ငွေညှစ်တာ မြို့ပြလုံခြုံရေး အစီအမံ အဖြစ် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိသူတွေကို စစ်မှုမထမ်းမနေရသတ်မှတ်ပြီး အမြန်အကောင်အထည်ဖော်နေ တာတွေကြောင့် ပြည်သူတွေဟာ အခက်အခဲများစွာရင်ဆိုင်နေရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment