1st OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ   ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုရင် စစ်တပ်နိုင်ငံရေးက ထွက်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၂။ မြန်မာနိုင်ငံကို ဂျပန်က သံအမတ်အသစ် စေလွှတ်‌တော့မှာ မဟုတ်

📌 ၃။ အကြမ်းဖက်စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရန်ပြင်ဆင်မှုအပေါ် ချင်းညီနောင်အဖွဲ့က သဘောထားထုတ်ပြန်

📌 ၄။ NUG-MoJ နှင့် ကရင်နီပြည် တရားရေးဌာန (IEC-DoJ) တို့ ပူးပေါင်း၍ ဥပဒေအရာရှိများအတွက် တရားစွဲနှင့် အမှုလိုက်ပညာ သင်တန်းဖွင့်လှစ်ခဲ့

📌 ၅။ ထိုင်းက ဖမ်းဆီး ပြန်လွှဲပေးနေသော မြန်မာများအနက်မှ အမျိုးသားများအားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်မချလို၍ စစ်မှုထမ်းခိုင်းဟုဆို


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချီဖွေမြို့ ရတလ (၁၀၅) စခန်းနဲ့ ဝိုင်းမော်မြို့နယ်က စခန်း () ခုကို KIA သိမ်းပိုက်

🚩 ၂။ အတင်းအဓမ္မ ဖိအား‌ပေး စုဆောင်းထားတဲ့ ပြည်သူ့စစ်အင်အား နှစ်သောင်းကျော်ကို PNO/PNA ပြသ

🚩 ၃။ လေကြောင်းတိုက်ခိုက်အများစုတွင် အသုံးပြုနေတဲ့ တရုတ်ထုတ် FTC - 2000 G အမျိုးအစား တိုက်လေယာဉ်သစ် () စီးကို နမ့်စန်နှင့် မိတ္တီလာလေတပ်တို့တွင် () စီးစီထားရှိ

🚩 ၄။ နမ့်လန်မြို့အနီး MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားရာ ခရီးသည် () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၅။ လားရှိုးမြို့ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား () ဦး ဒဏ်ရာပြင်းထန် 

🚩 ၆။ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်များပျက်စီး

🚩 ၇။ ဘုတလင်မြို့ကို ပြန်ဆုတ်ခွာလာတဲ့ အင်အား (၁၂၀) ကျော်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုတွင် (၅၀) ကျော် သေဆုံးပြီး (၄၀) ခန့် အရှင်ဖမ်းမိ

🚩 ၈။ ကန်ဒေါင့်ရဲစခန်းကို လက်နက်ခဲယမ်း ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး () ဦး သေဆုံး

🚩 ၉။ လေးကေ့‌ကော်မြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲဖြစ်ပွား

🚩 ၁၀။ စစ်ကောင်စီ တပ်သား () ဦး လွိုင်ကော် LPDF ထံ လက်နက်နဲ့ အလင်းဝင်

🚩 ၁၁။ အကြမ်းဖက်စစ်အုပ်စုကနိုင်ငံတဝန်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုရင် စစ်တပ်နိုင်ငံရေးက ထွက်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို


နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုရင် စစ်တပ်နိုင်ငံရေးက ထွက်ဖို့တော့ လိုတယ်လို့ စက်တင်ဘာလအတွင်း BBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

"နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုရင် ပထမဆုံး စစ်တပ် နိုင်ငံရေးက ထွက်လိုက်၊ စစ်တပ် နိုင်ငံရေးက ထွက်ဖို့တော့လိုတယ်။ အနည်းဆုံး ဒီဟာ ဒီ Principle ကို သဘောတူရလိမ့်မယ်။ ပြီးလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးရမယ်။ ဒါကြောင့် ဖွဲ့စည်းပုံအသစ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံအသစ်ရေး၊ ပြီးလို့ရှိရင် အဲဒီအသစ်နဲ့အတူ ခုနက တိုင်းပြည်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေကို Address (ဖြေရှင်း) လုပ်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုပြန်လည်ဖော်ဆောင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြီးတော့ အာမခံလိုက်။ ဒါဆိုပြီးသွားပြီ"လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံကို ဂျပန်က သံအမတ်အသစ် စေလွှတ်‌တော့မှာ မဟုတ်


လွန်ခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆိုင်ရာသံအမတ် ထွက်ခွာပြီးနောက် ဂျပန်နိုင်ငံမှ သံအမတ်အသစ် စေလွှတ်မည် မဟုတ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့တယ်လို့ ဂျပန်သတင်းများမှာ ဖော်ပြထားပါတယ်။

သံအမတ်အသစ် ခန့်အပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့တွင် အာဏာရယူခဲ့တဲ့ စစ်အစိုးရထံ အထောက်အထားများ တင်ပြရန် လိုအပ်ပြီး စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်မှာ စိုးရိမ်တာကြောင့်လို့ သိရပါတယ်။

အနောက်နိုင်ငံများနှင့် မတူဘဲ တိုကျိုသည် အာဏာသိမ်းပြီးကတည်းက စစ်တပ်နှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့များအပေါ် ပိတ်ဆို့အရေးယူမှုများ မချမှတ်ရသေးပဲ စစ်အစိုးရနှင့် အဆက်အသွယ်ရှိနေသော်လည်း မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံရဲ့ ပါဝင်မှု ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဂျပန်သံတမန်သတင်းရင်းမြစ်တစ်ခုကတော့ "မြန်မာနိုင်ငံက ဂျပန်အတွက် အရေးကြီးတဲ့အချက်က ပြောင်းလဲမှာမဟုတ်ပါဘူး။ နားလည်မှုရဖို့ (ဂျပန်နိုင်ငံတွင်းနဲ့ ပြင်ပ) မှာ ကြိုးပမ်းသွားမယ်" လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama သည် (၂၀၁၈) ခုနှစ်မှစတင်၍ ရာထူးတာဝန် ထမ်းဆောင်ပြီးနောက် ယခုသီတင်းပတ်ကုန်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း၊ ရန်ကုန်ရှိ ဂျပန်သံရုံးမှ ၀န်ကြီး Shogo Yoshitake က ယာယီသံအမတ်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရပါတယ်။

အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဥရောပနိုင်ငံအချို့နှင့် တောင်ကိုရီးယားတို့က မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခဲ့ကြပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရန်ပြင်ဆင်မှုအပေါ် ချင်းညီနောင်အဖွဲ့က သဘောထားထုတ်ပြန်


အကြမ်းဖက် စစ်ကောင်စီရဲ့ အောက်တိုဘာ () မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့နဲ့ ၄င်းဟာအာဏာသက်ဆိုးရှည်ရေး ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့က စက်တင်ဘာ (၃၀) ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်မီးတွေ တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူတွေ စစ်ဘေး၊ သဘာဝဘေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ  သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက်၊ သန်းခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့နဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်နိုင်မယ့် တခြားကိစ္စရပ်တွေမှာ အသုံးပြုဖို့အတွက် ရည်ရွယ်ပြီး သန်းခေါင်စာရင်းတွေ ကောက်ယူဖို့ ပြင်ဆင်လာမှုက မိုက်ရူးရဲ ဆန်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာမက်မောမှုကို ပြသနေခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။


========================


📌📌 ၄။ NUG-MoJ နှင့် ကရင်နီပြည် တရားရေးဌာန (IEC-DoJ) တို့ ပူးပေါင်း၍ ဥပဒေအရာရှိများအတွက် တရားစွဲနှင့် အမှုလိုက်ပညာ သင်တန်းဖွင့်လှစ်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန (NUG-MoJ) နှင့် ကရင်နီပြည် တရားရေးဌာန(IEC-DoJ)တို့ ပူးပေါင်း၍ ဥပဒေအရာရှိများအတွက် တရားစွဲနှင့် အမှုလိုက်ပညာ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းအား (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၁၆) မှ (၁၉) ရက်နေ့ထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းအား စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနှင့် ကရင်နီပြည် IEC-DoJ တွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်အဆင့် ဥပဒေအရာရှိများအတွက် လုပ်ငန်းခွင်အတွင်း ဥပဒေအကြံပေးခြင်း၊ တရားစွဲနှင့်အမှုလိုက်ခြင်းကိစ္စရပ်များတွင် အဆင်ပြေထိရောက်မှု ရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

အဆိုပါ () ရက်တာသင်တန်းတွင် NUG-MoJ မှ ဥပဒေအရာရှိ (၃၁) ဦး၊ IEC-DoJ မှ ဥပဒေအရာရှိ (၁၄) ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆရာများအဖြစ် CDM ဥပဒေအရာရှိကြီးများမှ သင်ကြားပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ ထိုင်းက ဖမ်းဆီး ပြန်လွှဲပေးနေသော မြန်မာများအနက်မှ အမျိုးသားများအားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်မချလို၍ စစ်မှုထမ်းခိုင်းဟုဆို


ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်မှုများဖြင့် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခံရသော မြန်မာနိုင်ငံသားများအားလုံးအနက်မှ အမျိုးသားများအားလုံးမှာ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင် ထပ်မံချခံရမည်ဖြစ်တာကြောင့် ပြစ်ဒဏ်မခံလိုပါက စစ်မှုထမ်းမှသာလျှင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကာ လက်မှတ်ရေးထိုးခိုင်းပြီးနောက် စစ်သားစုဆောင်းရေး တပ်များထံသို့ ပို့ဆောင်လျက်ရှိကြောင်း၊ ပြန်တော်ပြန် မြန်မာများ စစ်မှုထမ်းရန်ကိစ္စကို နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်လျက်ရှိကြောင်း တနင်္သာရီတိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်ထံမှ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံက ပြန်လည် လွှဲပြောင်းလိုက်သူများ၏ ကိုယ်ရေးရာဇဝင်၊ နောက်ကြောင်းများကို တနင်္သာရီတိုင်း၊ ကော့သောင်းရှိ စစ်ကောင်စီလက်အောက်ခံ လ၀က၊ ရဲနှင့် စရဖတို့က စိစစ်ပြီး နေပြည်တော်သို့ တိုက်ရိုက်တင်ပြကြောင်း၊ ထိုသို့ တင်ပြစိစစ်ပြီးနောက် ထိုင်းနိုင်ငံအတွင်း တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှု မရှိကြောင်း စိစစ်တွေ့ ရှိရမှသာ စစ်မှုထမ်းရန် ခေါ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် စစ်မှုထမ်းခေါ်ဆောင်ခံရသူများ၏ မိသားစုများထံသို့ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းနေကြောင်း အကြောင်းကြားပေးရန် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က လူမှုဆက်ဆံရေးအဖွဲ့များ ဖွဲ့စည်းနေကြောင်း၊ ယင်းအဖွဲ့များ ပီပြင်စွာ ဖြစ်ပေါ်လာပါက ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းခံရသူများ စစ်မှုထမ်းဆောင်နေသည်ကို သက်ဆိုင်ရာ မိသားစုများထံသို့ အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ချီဖွေမြို့ ရတလ (၁၀၅) စခန်းနဲ့ ဝိုင်းမော်မြို့နယ်က စခန်း () ခုကို KIA သိမ်းပိုက်


ကချင်ပြည်နယ်၊ ချီဖွေမြို့ အခြေစိုက် ရတလ (၁၀၅) ပင်မစခန်း (ပွိုင့်-၁၀၄၆) နဲ့ ဝိုင်းမော်မြို့နယ်၊ ဆိုင်လော်ရွာ အထက်ပိုင်းက စစ်ကောင်စီ စခန်း () ခုတို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

စက်တင်ဘာလ (၃၀) ရက်နေ့ မွန်းလွဲ () နာရီ (၃၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဆိုင်လော်ရွာ အထက်ရှိ ရှငေါ်ပင်မစခန်း၊ ကာကင်းစခန်းနဲ့ လက်နက်ကြီးကုန်းတို့ကို နေ့လည် (၁၂) နာရီခန့်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ဆဒုံးဗျူဟာအပါအဝင် ဝိုင်းမော်-ဆဒုံးလမ်းပေါ်ရှိ စစ်တပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်- BGF တပ်စခန်း (၂၀_ ကျော်ကို KIA နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ 


========================


🚩🚩 ၂။ အတင်းအဓမ္မ ဖိအား‌ပေး စုဆောင်းထားတဲ့ ပြည်သူ့စစ်အင်အား နှစ်သောင်းကျော်ကို PNO/PNA ပြသ


စက်တင်ဘာလ (၃၀) ရက်နေ့မှာ မြင့်မိုရ်တိုင်း ရန်ကင်းပအိုဝ်းစစ်ဒေသ၊ တောင်ကြီး ဟိုပုံးမြောက်ဘက်ခြမ်းဒေသ၊ ရပ်စောက်၊ ကလော အရှေ့ဘက်ခြမ်းဒေသအတွက် အတင်းအဓမ္မ ဖိအား‌ပေး စုဆောင်းထားတဲ့ ပြည်သူ့စစ်အင်အား နှစ်သောင်းကျော် PNO/PNA က ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြင့်မိုရ်တိုင်းတစ်ခုလုံးရှိ အသက် (၃၅) နှစ်အထက်နှင့် (၅၀) နှစ်အောက်ရှိ ဒေသခံများဟာ ကိုယ့်စရိတ်နှင့်ကိုယ် စစ်ဝတ်စုံ၊ ဖိနပ်၊ ဦးထုပ်ဝယ်ရပြီး စစ်ဝတ်စုံအတွက် တစ်ဦးကို () သောင်းတောင်းကာ  တက်ရောက်ရန် အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

PNO/PNA ပြုလုပ်ခဲ့တဲ့ စစ်အင်အားပြပွဲမှာ စစ်လက်နက် မတပ်ဆင်ပေးထားသလို တက်ရောက်တဲ့သူတွေထဲမှာလည်း စစ်အင်အား တစ်သောင်းခွဲ မရှိနိုင်ဘူးလို့ စစ်ရေးသတင်းအရင်အမြစ်တွေက ခန့်မှန်းနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ အထူးဒေသ () မြင့်မိုရ်တိုင်းဟာ ကလော၊ တောင်ကြီး၊ တာချီလိတ် လမ်းမကြီး၏ မြောက်ဘက်ဒေသ၊ ဟိုပုံးနှင့် ရပ်စောက် စတဲ့ မြို့များ ပါဝင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ လေကြောင်းတိုက်ခိုက်အများစုတွင် အသုံးပြုနေတဲ့ တရုတ်ထုတ် FTC - 2000 G အမျိုးအစား တိုက်လေယာဉ်သစ် () စီးကို နမ့်စန်နှင့် မိတ္တီလာလေတပ်တို့တွင် () စီးစီထားရှိ


မြန်မာနိုင်ငံသို့ လေကြောင်းတိုက်ခိုက်အများစုတွင် အသုံးပြုနေတဲ့ တရုတ်ထုတ် FTC - 2000 G အမျိုးအစား တိုက်လေယာဉ်သစ် စီးကို နမ့်စန်နှင့် မိတ္တီလာလေတပ်တို့တွင် စီးစီ ထားရှိကြောင်း သိရပါတယ်။

FTC - 2000 G လေယာဉ်အုပ်မှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးက နမ့်စန်လေတပ်တွင် ကြီးကြပ်ကွပ်ကဲနေပြီး မိတ္တီလာလေတပ်ရှိ FTC - 2000 G လေယာဉ်သစ် () စီးကို DSA အပတ်စဉ် (၄၆) က သူရဘွဲ့ရထားတဲ့ ဗိုလ်မှူး ဇေယျာထွန်းက ဦးစီးလျက်ရှိကာ နိုင်ငံတစ်ဝန်းမှ လေကြောင်းတိုက်ခိုက်မှုများကို FTC - 2000 G လေယာဉ်သစ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(၂၀၂၂) ခုနှစ်အတွင်း ရောက်ရှိခဲ့သော FTC - 2000 G () စီးတွင် တစ်စီးမှာ ဇန်နဝါရီလ (၁၆) ရက်နေ့  ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးတွင် KIA က ပစ်ခတ်ချခဲ့သဖြင့် () စီးသာ ကျန်ရှိပြီး အခု () စီးနဲ့ဆိုရင် စုစုပေါင်း လေယာဉ် (၁၁) စီး ရှိတယ််လို့ သိရပါတယ်။

မြင်းခြံ၊ တောင်သာ၊ မတ္တရာ၊ လားရှိူး‌ လေကြောင်းတိုက်ခိုက်မှုအများစုကို ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးက နမ့်စန်ကနေ ကွပ်ကဲနေတယ်လို့ လေတပ်သတင်းရင်းမြစ်ထံမှ သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ နမ့်လန်မြို့အနီး MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားရာ ခရီးသည် () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ


စက်တင်ဘာလ (၂၉) ရက် () နာရီခွဲမှာ သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ကောင်းဟတ်ရွာကြား ကိုးကန့်တပ်မတော် - MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခရီးသည် အမျိုးသား () ဦး သေဆုံးခဲ့ပြီး  အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသသတင်းတွေအရ သိရပါတယ်။

ထိခိုက်သေဆုံးတဲ့လူတွေဟာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာကြောင့် လည်ပင်းထိကာ သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

တောင်ကြီးမှ လားရှိုးသို့ သွားတဲ့ ကားသမားတွေကိုလည်း နမ့်လန်နဲ့ ကောင်းဟတ်ကြားမှာရှိတဲ့ စစ်တပ်က ကားအသေးတစ်စီးလျှင် () သောင်းကနေ () သိန်းကြား၊ ကားကြီးတစ်စီး () သိန်းကနေ () သိန်းကြား ငွေကောက်ပြီး () နာရီမှ ဖြတ်သန်းခွင့်ပြုပြီး ခရီးသည်တင်ကားတွေအပေါ်  စစ်သားတစ်ဦးစီ အတင်းအဓမ္မထည့်ကာ လူသားဒိုင်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ လားရှိုးမြို့ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား () ဦး ဒဏ်ရာပြင်းထန် 


ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားရာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ 

စက်တင်ဘာလ (၃၀) ရက်နေ့ မနက်အစောပိုင်း (၁၂) နာရီ (၃၅) မိနစ်မှ (၄၃) မိနစ်အတွင်း အရပ်သား ပြည်သူများ နေထိုင်ရာ လားရှိုးမြို့တွင်းကို စစ်ကောင်စီက ဗုံး () လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ဗုံး () လုံးမှာ လားရှိုးမြို့ ရပ်ကွက် (၁၁) ဂေါက်ကွင်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး () လုံးမှာ ရပ်ကွက် () မန်ဆူ ဟိုလ်တယ် အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံ အရပ်သား () ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီးမှာ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီ၏ သက်ဆိုင်ရာဌာန၊ ရဲစခန်းနှင့် ရပ်ရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တို့က အမြန်ဆုံး သွားရောက်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ယခုလနှောင်းပိုင်းအတွင်း စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု () ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား () ဦး သေဆုံးခဲ့ကာ (၃၉) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်များပျက်စီး


စက်တင်ဘာလ (၂၉) ရက်နေ့ နေ့လယ် (၁၂) နာရီခွဲနှင့် () နာရီ (၂၀) မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ပင်းတဲကျေးရွာ နှင့် မကျီးကုန်းရွာ တို့အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ  စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် အပြစ်မဲ့ပြည်သူပိုင်နေအိမ် ()​ လုံးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က အတည်ပြုပါတယ်။

စက်တင်ဘာလ (၂၉) ရက်နေ့ နေ့လယ် (၁၂) နာရီခွဲတွင် ပင့်သာတိုက်နယ်၊ ပင်းတဲရွာအား စစ်ကောင်စီတပ်ဘက်မှ မိတ္ထီလာလေတပ်တက် Jet Fighter တစ်စီးဖြင့်  ဗုံးသီး () လုံးချကာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူပိုင်နေအိမ် () လုံးပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာရှိပြည်သူများလည်း ရွာအတွင်းမနေရဲတော့ဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။

ထို့အတူ ညပိုင်း () နာရီ (၂၀) မိနစ်တွင် ပင့်သာတိုက်နယ် မကျီးကုန်းရွာဘုန်းကြီးကျောင်းအား မိတ္ထီလာလေတပ်တက် Y-12 ထောက်ပို့ယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့်  ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် ပျက်စီးခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ ဘုတလင်မြို့ကို ပြန်ဆုတ်ခွာလာတဲ့ အင်အား (၁၂၀) ကျော်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုတွင် (၅၀) ကျော် သေဆုံးပြီး (၄၀) ခန့် အရှင်ဖမ်းမိ


စက်တင်ဘာလ (၃၀) ရက် မွန်းတည့် (၁၂) နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတောရဲစခန်းသို့ စစ်ကူလာရောက်ပြီး ဘုတလင်မြို့သို့ ပြန်လည် ဆုတ်ခွာလာသော အင်အား (၁၂၀) ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကနေရာအသီးသီးခွဲယူကာ ပိတ်ဆို့ဖြတ် တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၅၀) ကျော် သေဆုံးပြီး (၄၀) ခန့် အရှင်ဖမ်းမိကာ လက်နက်တွေ ဖွက်ပြီး စစ်သားအချို့ထွက်ပြေးသွားကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း 96 Solider PDF (အညာဒေသ) မှ ဒုတိယစစ်ရေးတာဝန်ခံ ကိုဉာဏ်က ပြောကြားထားပါတယ်။

စစ်ကူလာပေးရင်းနဲ့ ရက်သတ္တပတ်ထက်မနည်း အထိုင်ချပြီး ဘေးနားက ရွာတွေကို လှည့်ပတ်ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေ ရိက္ခာယူ ခိုးတယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ပွဲ () နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်နေစဉ် ညနေ () နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် () ကြိမ်ထက်မနည်း ဗုံးကြဲပြီး စက်လက်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာကို ညပိုင်းအထိ MI - 17 ဖြင့် ကင်းထောက် လှည့်ပတ် ပျံသန်းမှုရှိကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို 96 Soliders PDF (အညာဒေသ) တပ်ဖွဲ့အပါအဝင် ဒေသကာကွယ်ရေးတပ် ဖွဲ့များ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၈။ ကန်ဒေါင့်ရဲစခန်းကို လက်နက်ခဲယမ်း ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး () ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်းမထီး ကျေးရွာမှ ကန်ဒေါင့် ရဲစခန်းကို လက်နက်ခဲယမ်း ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ABSDF Column - 3 က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၂၉) ရက်၊ နေ့လည် () နာရီ (၅၀) မိနစ် အချိန်မှာ အင်မထီး ပျူစောထီး ကျေးရွာမှ ကန်‌ဒေါင့်ရဲစခန်း ကို လက်နက်ခဲယမ်းများ ပို့ဆောင်ပြီး ပြန်လည်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အင်အား (၆၀) ခန့်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းမှ () ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် စက်တင်ဘာ (၂၈) ရက်နေ့ကလည်း အင်မထီး ပျူရွာကို စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ရိက္ခာနဲ့ ခဲယမ်းများကို လေထီးဖြင့်ချပေးခဲ့ပြီး စက်တင်ဘာ (၂၉) ရက်မှာ ကန်ထောင့်ရဲစခန်းကို လာရောက်ပို့ဆောင်ကြတာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် () စစ်ကြောင်း အမှတ် (၁၄) တပ်ရင်း၊ NUG - MOD ဗျူဟာစစ်ကြောင်း၊ ပုံတောင် တိုက်ဂါး PDF Eagle-1 PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၉။ လေးကေ့‌ကော်မြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲဖြစ်ပွား


စက်တင်ဘာ (၃၀) ရက် မနက်ပိုင်းတွင် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း) တွင် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၉) ရက်မှာ တိုက်ပွဲ ပြန်လည်စတင်ခဲ့ပြီး လေယာဉ်နဲ့ ဗုံးကြဲခဲ့ကာ စစ်ကောင်စီ၏ စွယ်တော်ကုန်းအား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စက်တင်ဘာလ (၂၉) ရက် တိုက်ပွဲအတွင်း စွယ်တော်ကုန်းရှိ စစ်ကောင်စီ၏ လက်နက်တိုက် ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ပေးနေတဲ့ စွယ်တော်ကုန်းအမြောက်တပ်ကို ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် (၂၉) ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၁၀။ စစ်ကောင်စီ တပ်သား () ဦး လွိုင်ကော် LPDF ထံ လက်နက်နဲ့ အလင်းဝင်


လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local Pdf) ထံကို စစ်ကောင်စီ တပ်သား တဦး စက်တင်ဘာ (၂၉) ရက်နေ့က လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မ တပ်သားသစ် စုဆောင်းခြင်းခံခဲ့ရတဲ့ တပ်သား အေးချမ်းအောင် (ပစ - ၁၀၂၁၈၄ ) ဟာ MA-11 သေနတ် () လက်၊ ကျည်ဘောက် () ဘောက်၊ ကျည် (၂၄၇) တောင့်၊ လက်ပစ်ဗုံး () လုံး နဲ့ 14 မိုင်း () လုံး တို့ကို ယူဆောင်လာခဲ့ပြီး လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာလ (၂၃) ရက်နေ့ကလည်း မြစ်ခြေ ရဲစခန်းမှ ရဲတပ်သား () ဦး G-3 သေနတ် () လက်၊ ကျည် (၁၉၈) တောင့်၊ ကျည်ဘောက် () ခုနဲ့ လက်ပစ်ဗုံး () လုံးတို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက် လာခဲ့တယ်လို့ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၁၁။ အကြမ်းဖက်စစ်အုပ်စုကနိုင်ငံတဝန်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိ


"အကြမ်းဖက်စစ်အုပ်စုက လက်နက်ကိုင်တော်လှန်နေသည့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စက်တင်ဘာလ (၂၆) ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ နိုင်ငံတဝန်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်" လို့ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPP က စက်တင်ဘာလ (၃၀) ရက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ (၂၆) ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုလည်းကောင်း၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ကိုလည်းကောင်း၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူဦးရေ (၂၀) ကျော် ထိခိုက်သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူ များစွာရှိခဲ့ပါတယ်။

ထို့ပြင် စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် ယခု စက်တင်ဘာလအတွင်း၌ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင်လည်းကောင်း မိသားစု () စုထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment