1st OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ   ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလအဖွဲ့ဝင်နိုင်ငံများအားလုံးသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို

📌 ၂။ အောက်တိုဘာ ၂ရက်မှ၍ မုတ်သုံဆုတ်ခွာချိန်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းသတိပေး

📌 ၃။ ကယန်းအမျိုးသားပညာရေးကော်မတီKNEC က ကယန်းအမျိုးသားတက္ကသိုလ် ကွန်ပျူတာဌာန ကျောင်းဖွင့်ပွဲ ကျင်းပ

📌 ၄။ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် (၇၅) နှစ်ပြည့်အတွက်NUGနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆုမွန်ကောင်းတောင်း


၂၀၂၄ ခုနှစ် အောက်တိုဘာလ   ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တရားမဝင် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအ‌ပေါ် ပယ်ချကြောင်း NUCC နှင့် NUG တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီမှ သဘောထားထုတ်ပြန်

🚩 ၂။ သီပေါမြို့မှာ လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ဦးသေဆုံး

🚩 ၃။ စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် ငါးထောင်ကျော်ရှိခဲ့ပြီး ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ ထောင့်ကိုးရာကျော်ပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလအဖွဲ့ဝင်နိုင်ငံများအားလုံးသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို


အောက်တိုဘာ၁ရက်


မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလအဖွဲ့ဝင်နိုင်ငံများအားလုံးသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆိုလိုက်ပါတယ်။


 ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


" နျူကလီးယားလက်နက်နှင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက် များသည် ခွဲခြားမှုမရှိ အတိုင်းအတာမဲ့ ဖျက်ဆီးနိုင်စွမ်းရှိရာ ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်ကြီးမားကြောင်း၊ မြန်မာပြည်သူများသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်၏ အာဏာသိမ်းယူမှုခံရပြီးနောက် ၎င်းတို့၏ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားနေခဲ့ကြရာ ယင်းလက်နက်များ၏ ဖျက်ဆီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြောင်း၊ မြန်မာပြည်သူများအပေါ် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ် သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် အဖွဲ့ဝင်နိုင်ငံများအားလုံးသို့ တောင်းဆိုကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင်  နျူကလီးယားကင်းစင်သောကမ္ဘာကြီးဖြစ်ပေါ်စေရန် လိုက်နာရမည့် ကတိကဝတ်များကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝလိုက်နာမည်ကို ထပ်လောင်းအတည်ပြုကြောင်း၊ လုံခြုံ စိတ်ချသည့် ကမ္ဘာကြီးပေါ်ပေါက်လာစေရေး ဆွေးနွေးညှိနှိုင်းများအားလုံးတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အမြဲအဆင်သင့်ရှိကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အောက်တိုဘာ ၂ရက်မှ၍ မုတ်သုံဆုတ်ခွာချိန်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းသတိပေး


အောက်တိုဘာ၁ရက်


အောက်တိုဘာ ၂ရက်မှ၍ မုတ်သုံဆုတ်ခွာချိန်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းကိုအောက်တိုဘာ၁ရက်မှာ  NUG ၏လူသားချင်းစာနာ‌ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ မိုးလေဝသသတင်းတရပ်ကိုသတိပေးထုတ်ပြန်ထားပါတယ်။


ယခုတစ်ပတ်အတွင်း အောက်တိုဘာ (၂ရက်၃ရက်၄ရက်၅ရက်၆ရက်များတွင် မုတ်သုံဆုတ်ခွာချိန်အတွင်း မိုးများသည်းထန်ခြင်းကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်းများ တစ်ကျော့ပြန်ကြုံတွေ့နိုင်တယ်လို့ဖော်ပြပါတယ်။


မိုးကြီးခြင်း နှင့်ဆက်စပ်လျက် အဆိုပါ ဒေသများတွင် ရေဘေး/ မြေပြိုဘေးဖြစ်ပေါ်လာနိုင်ခြေရှိလာပါက ထိခိုက်မှု အန္တရာယ်လျော့ပါးစေရေး ကြိုတင်ပြင်ဆင် အလေးထားနေထိုင်သင့်တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ကယန်းအမျိုးသားပညာရေးကော်မတီKNEC က ကယန်းအမျိုးသားတက္ကသိုလ် ကွန်ပျူတာဌာန ကျောင်းဖွင့်ပွဲ ကျင်းပ


အောက်တိုဘာ၁ရက်


ကယန်းအမျိုးသားပညာရေးကော်မတီ(KNEC) ဦးဆောင်ပြီး ကယန်းအမျိုးသားကွန်ပျူတာတက္ကသိုလ်ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ရပ်ကို စိန်မိုက်ကယ်မြို့သစ်မှာစက်တင်ဘာ ၂၉ရက်နေ့ က ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


၎င်း အခမ်းအနားမှာ ကယန်းအမျိုးသားပညာရေးကော်မတီ - KNECရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကယန်းပြည်သစ်ပါတီမှ ဗဟိုကော်မတီအချို့နှင့်  တိုက်နယ် ဘာသာရေးအကြီးအကဲများပါဝင်တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် (၇၅) နှစ်ပြည့်အတွက်NUGနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆုမွန်ကောင်းတောင်း


အောက်တိုဘာ၁ရက်


အောက်တိုဘာ၁ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် (၇၅) နှစ်ပြည့်အတွက် NUGနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆုမွန်ကောင်းတောင်းဆိုကြောင်းကို ထုတ်ပြန်ထားပါတယ်။


ယနေ့ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ထူထောင်သည့် (၇၅) နှစ်ပြည့် စိန်ရတုအခါသမယတွင် တရုတ်ပြည်သူများအနေဖြင့် ကြွယ်ဝချမ်းသာခြင်းနှင့် အောင်မြင်မှုအသီးအပွင့်များရရှိနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသည်တက်ကြွပြီးဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တရားမဝင် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအ‌ပေါ် ပယ်ချကြောင်း NUCC နှင့် NUG တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီမှ သဘောထားထုတ်ပြန်


အောက်တိုဘာလ () ရက်

Radio NUG


နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်းခေါင်းစဥ် ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအား ပြတ်ပြတ်သားသား ပယ်ချပါကြောင်းကို NUCC နှင့် NUGတို့မှ တော်လှန်ရေးသစ္စာဖြင့် ပူးတွဲဖွဲ့စည်းထားသော တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ () ရက်‌နေ့ ဒီ‌ကနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်စာမှာ တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ် သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ် သာ ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြပါရန်လည်း တော်လှန်ရေးအင်အားစုများအား ကျွန်ုပ်တို့က တိုက်တွန်းနှိုးဆော်ပါသည်။   


တစ်ဆက်တည်းမှာပဲ စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများ စွာလည်း ရှိခဲ့ပြီး ဖြစ်သည်။ ယခုလည်း အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေး အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအားဗုံးကြဲခြင်း၊ ရွာများအားမီးရှို့ခြင်း၊ ပြည်သူများကိုမတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း စသည်တို့ကို မရပ်မနား ပြုလုပ်နေပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်သည်။ 


အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို မည့်သည့်အခါမှ ဝန်ခံခြင်းမရှိ သကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာ သိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြု ကြရန် လိုပါသည်။ 


အကြမ်းဖက်စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်၍ အာဏာ သိမ်းယူခဲ့သော တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းတခုသာ ဖြစ်သည်။ တရားမဝင် အကြမ်းဖက် စစ်အုပ်စုတွင် ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ လုပ်ပိုင်ခွင့် မရှိသကဲ့သို့ ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိပါ။


ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ် သကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်သည်။ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားအသုံးပြု၍ ပြုလုပ်လိုသည့် မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံသကဲ့သို့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ် ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


တော်လှန်ရေးသစ္စာဖြင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ။


========================


🚩🚩 ၂။ သီပေါမြို့မှာ လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ဦးသေဆုံး


အောက်တိုဘာ၁ရက်

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ  စက်တင်ဘာလကုန်ပိုင်းက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့်  ကလေး ၁ဦးအပါအဝင်အရပ်သား ဦးသေဆုံးတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေထံကသိ ရှိရကြောင်းကို People's Springမှာဖေါ်ပြထားပါတယ်။

စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မြို့ပေါ် နဲ့  သီပေါမြို့နယ်ထဲက ခါလိန်းကျေးရွာတို့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။

လေကြောင်းနဲ့လက်နက်ကြီး ရန်ကြောင့် ခါလိန်ရွာမှာ ဦး   မြို့ပေါ် ဓမ္မာရုံက ဂေါပက အဖွဲ့ဝင် သက်ကြီးပိုင်း အမျိုးသား ၁ဦီး စုစုပေါင်း ဦီးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ခါလိန်ရွာကသေဆုံးသူ အရပ်သားတွေထဲမှာ နှစ်အရွယ် ကလေးငယ် ပါဝင် တယ်လို့သိရပါတယ်။

ဒါအပြင် သီပေါမြို့ ဇာတ်စုရပ် မှာ   ဦီး ပန်းတိမ်မြောက်ရပ်မှာ ဦီး စျေးရပ်ကွက်မှာ ဦီး စုစုပေါင်း  အရပ်သား ဦးလည်း လေကြောင်းနဲ့လက်နက်ကြီး ရန်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နယ်စည်းမခြား အရေးပေါ်အသက်ကယ်ဆယ်ရေးအသင်း(သီပေါ)  ရဲ့  ဓာတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူအရပ်သားရုပ်အလောင်းတွေမှာ ကိုယ်လက်အင်္ဂါ  အစိတ်အပိုင်းတွေ တစစီဖြစ်သွားတာတွေ့ရပြီး သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အမည် ကျား၊ အသက်အရွယ်တွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ရက် ကလည်း သီပေါမြို့   နားလွယ်ကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ရာ  မြေအဖွား ဦီးနေရာတင်သေဆုံးခဲ့ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း က သီပေါမြို့ကို သိမ်းယူဖို့အတွက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ()မှာ တအာင်းတပ်(TNAL) က ထိုးစစ်ဆင်ခဲ့ပြီး  မြို့ပေါ် ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

မြို့ပြင်မှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်နဲ့ ခြေမြန်တပ်ရင်း ၃ရင်း ရှိနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ 


========================


🚩🚩 ၃။ စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် ငါးထောင်ကျော်ရှိခဲ့ပြီး ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ ထောင့်ကိုးရာကျော်ပါဝင်


အောက်တိုဘာ၁ရက်

Radio NUG


စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် ငါးထောင်ကျော်ရှိခဲ့ပြီး ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ ထောင့်ကိုးရာကျော်ပါဝင်ပါတယ်။


အောက်တိုဘာ၁ရက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် သေဆုံးအချက်အလက်များအရ စုစုပေါင်း ၅၇၁၂ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ ၁၉၀၂ဦးပါဝင်တယ်လို့သိရပါတယ်။


အဆိုပါသေဆုံးသည့်အရေအတွက်ငါးထောင်ကျော်တွင် အမျိုးသမီးတထောင်ကျော်နဲ့ကလေးငယ်ခြောက်ရာကျော်ပါဝင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment