21st SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရေဘေးကြောင့် လယ်စိုက်ခင်းပျက်စီးခဲ့ရသည့် လယ်သမားများအား KNU က မျိုးစပါးများထောက်ပံ့    

📌 ၂။ မြိုင်မှာ စျေးဝယ်ထွက်လာတဲ့ စစ်သားတွေကိုတိုက်ခိုက်မှု ဦးသေပြီး ဒုအရာခံဗိုလ်အပါအဝင် ဦး ဖမ်းမိ

📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း( ၅၆၀၀)ကျော်အထိ ရှိနေလို့ AAPP ထုတ်ပြန်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးမြို့အနီး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် 

🚩 ၂။ တနင်္သာရီမြို့နယ် လသာရွာနဲ့နယ်ခြားရွာကြားမှာ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် 

🚩 ၃။ စလင်းမြို့မှာရှိတဲ့ ကပစ ၂၅ နဲ့ ကပစ ၂၁ ကိုသွယ်တန်းထားတဲ့မီးလိုင်းတွေပြင်ဖို့လာတဲ့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

🚩 ၄။ နောင်ချို မြို့ မစျေးနဲ့ စျေးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်သဖြင့် စျေးဆိုင်နဲ့အိမ်တွေ ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရေဘေးကြောင့် လယ်စိုက်ခင်းပျက်စီးခဲ့ရသည့် လယ်သမားများအား KNU က မျိုးစပါးများထောက်ပံ့    


စက်တင်ဘာလ၂၁ရက်


ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရတဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို ခလယ်လွီထူခရိုင် လယ်ယာစိုက်ပျိုးရေးဌာက မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းရေကြီးမှုကြုံရတဲ့နည်းတူ KNU ညောင်လေးပင်ခရိုင်မှာ ဇူလိုင်လလယ်မှာ ပထမအကြိမ်ရေကြီးမှုတွေဖြစ်ခဲ့ပြီး ခရိုင်းအတွင်းက ကျေးရွာ ၂၆၀ ကျော် ရေလွှမ်းမိုးခံရကာ လယ်သမား ၄ထောင်ကျော်ပိုင်တဲ့ လယ် ဧက ၃သောင်း၉ထောင် ကျော်အနက် ဧက ၂သောင်းကျော်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပျက်စီးသွားသောလယ်တွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို ခရိုင်လယ်ယာစိုက်ပျိုးရေးဌာနက စာရင်းပြုစုခဲ့ ရာ ဧက ၄၀၀ ကျော်ရှိပြီး ဒီလယ်မြေအတွက် မျိုးစပါး တင်း တထောင့်၂၀၀ ကျော်နဲ့ စက်သုံးဆီ ဂါလံ ၈၀၀ ကျော်လိုမှာ ဖြစ်တဲ့အတွက် စက်တင်ဘာ ၁၉ ရက်ကစပြီး လယ်သမားတွေကို မျိုးစပါးတွေပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စက်တင်ဘာ ၁၀ ရက်ကစပြီး ဒုတိယအကြိမ်ကြုံရတဲ့ ရေဘေးဟာ ပထမအကြိမ်ထက် လယ်စပါးစိုက်ခင်းပျက်စီးမှုပိုများ တာကြောင့် ပျက်စီးလယ်ဧကစာရင်း ပြုစုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ မြိုင်မှာ စျေးဝယ်ထွက်လာတဲ့ စစ်သားတွေကိုတိုက်ခိုက်မှု ဦးသေပြီး ဒုအရာခံဗိုလ်အပါအဝင် ဦး ဖမ်းမိ


စက်တင်ဘာလ၂၁ရက်


မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ စက်မှု- စခန်းကနေ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၃ဦး သေဆုံးပြီး ဒုအရာခံဗိုလ်အပါအဝင် ၄ဦး ဖမ်းမိတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မြိုင်မြို့တောင်ဘက်  မိုင်ခန့်အကွာမှာရှိတဲ့ စက်မှု- စခန်းက စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကို စက်တင်ဘာ ၁၉ ရက် မနက်က တိုက်ခိုက်ခဲ့တာတာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်တဲ့ MA -1 သေနတ် လက်နဲ့ကျည်ဘောက် ခု သိမ်းဆည်း ရရှိခဲ့ပြီး ဦးက ဒူးထောက်အညံ့ခံခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ဒုအရာခံဗိုလ် ဖိုးလပြည့်၊ ကပစ-၁၄ က တပ်ကြပ်တင်ဝင်း၊ ပျူစောထီးအဖွဲ့ဝင် စိုင်းထက်အောင်နဲ့ တပ်ကြပ်တဦးရဲ့သမီး လုပ်သားဝန်ထမ်း မသဲမြတ်စင်တို့ဖြစ်တယ်လို့ သိရပါတယ်။

စက်မှု- စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စျေးဝယ်ထွက်လေ့ရှိတယ်လို့သိရတဲ့အတွက် ၁၅ ရက်နီးပါး ကင်းပုန်းဝပ်ကာ စောင့်ဆိုင်ခဲ့ရပေမယ့် ပစတ်ခတ်ချိန်နဲ့ လက်နက်သိမ်းချိန်ဟာ တမိနစ်အတွင်းသာရှိခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း တပ်ခွဲ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဒါကြောင့် မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ အမြန်ဆုံး လက်နက်ချဖို့ မြိုင်ပကဖက တိုက်တွန်း ထားပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း တပ်ခွဲ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း( ၅၆၀၀)ကျော်အထိ ရှိနေလို့ AAPP ထုတ်ပြန်


စက်တင်ဘာ ၂၁ရက်

 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ စာရင်းတွေအရ ကျဆုံး ခဲ့ရသူ ၅၆၇၅ ဦး အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်ပါတယ်။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်တွေ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ ဖမ်းဆီး ချုပ်နှောင် ခြင်းခံထားရသူ စုစုပေါင်း ၂၇၄၁၆ ဦးရှိပြီး ယင်းတို့ထဲမှာ ၂၀၉၂၆ ဦးမှာ ထိန်းသိမ်း ခံနေရဆဲဖြစ်ကာ အဆိုပါ ထိန်းသိမ်းခံထား ရသူများအနက် ၉၄၄၀ က ထောင်ဒဏ်ချမှတ် ခံထားရ တယ်လို့ ဖော်ပြထားပါတယ်။


ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေက AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့အချက်အလက်နဲ ကိန်းဂဏန်းအရေ အတွက်တွေက ယခုထက် ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားသလို အချက်အလက်တွေ ထပ်မံကောက်ယူရရှိ လာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့ ဖေါ်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မန္တလေးမြို့အနီး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် 


စက်တင်ဘာလ၂၁ရက်

 

မန္တလေးမြို့နဲ့ ၅မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက သုံးဆယ်ပေးကျေးရွာမှာ ဒီနေ့ စက်တင်ဘာ၂၁ မနက် အစောပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး လေကြောင်းပစ်ကူတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ သုံးဆယ်ပေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနက် နာရီလောက်မှာ အလစ်အငိုက် စစ်ကြောင်းထိုးခဲ့ရာက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

မတ္တရာနယ်အနောက်ခြမ်း သုံးဆယ်ပေးရွာအနီးတဝိုက်ကို တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာတစင်းက မနက်  နာရီ ၂၅ မိနစ်ခန့်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့ကြောင်း သတင်းရထားတယ်လို့ ဒေသတွင်းစစ်ရေး သတင်းတွေကိုအသိပေးနေတဲ့ Wetletinformational Network က ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းက အလစ်အငိုက်ဝင်တိုက်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေကပြောနေပေမယ့် Wetletinformational Network ကတော့ စစ်သားတွေ ရွာထဲရောက်နေပြီး နေရာခွဲကာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်စီးနေတယ်လို့ ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော် မှာ အသိပေးထားပါတယ်။  

ဧရာဝတီမြစ်တဖက်ကမ်းကရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးနေတာလို့ သိရပါတယ်။  

ထို့အတူ ရွှေချောင်းပျုရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလဲ ၈၁ မမလို့ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ အနောက်ဘက်ကို   ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

တိုက်ပွဲဖြစ်နေရာဟာ မန္တလေးမြို့နဲ့အနီးဆုံးနေရာဖြစ်တာကြောင့် လက်နက်ကြီးပစ်ခတ်သံတွေကို မန္တလေးမြို့ပေါ်ကတောင် ကြားနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

အခုလို လက်နက်ကြီးပစ်ခတ်သံတွေနဲ့ တိုက်လေယာဉ်သံတွေ မကြာခဏကြားနေရတာကြောင့် မန္တလေးမြို့ခံတွေ ဒီမနက် အစောပိုင်းကစပြီး သတိနဲ့စောင့်ကြည့်နေရတယ်လို့ ပြောဆိုနေတာတွေလည်းရှိနေပါတယ်။


========================


🚩🚩 ၂။ တနင်္သာရီမြို့နယ် လသာရွာနဲ့နယ်ခြားရွာကြားမှာ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် 


စက်တင်ဘာလ၂၁ရက်

 

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲက လသာရွာနဲ့နယ်ခြားရွာကြားမှာ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန် ပါတယ်။

တနင်္သာရီမြိုန့ယ် လသာရွာနဲ့ နယ်ခြားရွာကြားကို အင်အား ၅၀ ခန့်နဲ့ ဆင်းလာတဲ့ စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက စက်တင်ဘာ ၁၈ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီလိုတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သားတွေက ၄၀ မမတွေနဲ့ ချက် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြန် အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး အကြမ်းဖက်စစ်သား ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

ဒီအကြမ်းဖက်စစ်သားတွေဟာ စက်တင်ဘာ ၁၇ ရက်နေ့က မြိတ်မြို့ နယ် တုံးဗျောကြီးစခန်းကနေ ခြေလျင်ထွက်လာတဲ့ အင်းအား ၅၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး နယ်ခြားရွာဘက်ကနေ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကားတွေနဲ့ ပြန်ဆင်းလာခဲ့တာ လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ တနင်္သာရီ ရိုးမ ပြည် သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ထို့အတူ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုက ဘန်းလမွတ်၊ ကျောင်းကုန်းပိုင်းနဲ့ ညောင်ပင်ကုန်းကျေးရွာတို့မှာ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ တနင်္သာရီ ပကဖ (ဇုန်-) တောဗုံးကြီးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ စလင်းမြို့မှာရှိတဲ့ ကပစ ၂၅ နဲ့ ကပစ ၂၁ ကိုသွယ်တန်းထားတဲ့မီးလိုင်းတွေပြင်ဖို့လာတဲ့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး


စက်တင်ဘာလ၂၁ရက်


မကွေးတိုင်း စလင်းမြို့နယ်ထဲက ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေပြင်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေဖြစ်တဲ့ ကပစ ၂၅ နဲ့ ကပစ ၂၁ တို့ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေကို စလင်းမြို့နယ် ပကဖက စက်တင်ဘာ ၁၆ ရက်နေ့က ဖြတ်တောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြတ်တောက်သွားတဲ့မီးလိုင်းတွေကို ပြန်လည်ပြင်ဆင်ဖို့ရောက်ရှိလာတဲ့ အင်အား ၁၅၀ ပါတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၁၈ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်တာ၊ Drone နဲ့ ဗုံးကြဲတိုက်ခိုက် တာ၊ Rocket တွေနဲ့ပစ်ခတ်ခြင်းအပါအဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါ တယ်။

ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေဲ့ ပြန်လည်ပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-ပကဖ နယ်မြေ-၃၊ နယ်မြေ-၂၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူးခရိုင် တပ်ရင်း- နဲ့ မင်းဘူးခရိုင် တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။


========================


🚩🚩 ၄။ နောင်ချို မြို့ မစျေးနဲ့ စျေးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်သဖြင့် စျေးဆိုင်နဲ့အိမ်တွေ ပျက်စီး


စက်တင်ဘာလ၂၁ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့က မြို့မစျေးနဲ့စျေးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆိုင်ခန်းတွေနဲ့အိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံပြည်သူ တွေက ပြောပါတယ်။

ဒီနေ့စက်တင်ဘာ ၂၁ ရက် မနက် နာရီခွဲခန့်အချိန်မှာ စစ်ကောင်စီလေယာဉ်က နောင်ချိုမြို့မစျေးနဲ့ စျေဒအနီးကရပ်ကွက် တွေကို ဗုံးသီး လုံးကြဲချခဲ့တာလို့ဆိုပါတယ်။ 

စစ်ကောင်စီလေယာဉ်ကကြဲချတဲ့ဗုံသီးတွေဟာ စျေးအနောက်ပေါကက ဆိုင်ခန်းပေါ်၊ ညစျေးတန်းနားက ညောင်ပင်ပေါ်နဲ့ လှပသစ္စာထမင်းဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတဦးက ပြောပါတယ်။ 

အခြားဒေသခံတဦးကတော့ Y12 လေယာဉ်နဲ့ ဗုံးကြဲသွားတာကြောင့် စျေးဆိုင်ခန်းအချို့ပျက်စီးသလို လူနေအိမ်တွေပေါ်ကျ ရောက်ပေါက်ကွဲတာကြောင့် လူတဦးပြင်းထန်ဒဏ်ရာသွားတဲ့အတွက် နောက်ထပ် ဗုံးကြဲခံရမှာစိုးရိမ်နေတယ်လို့ ဆိုပါတယ်။ 

နောင်ချိုမြိုမဈေးဟာ လက်တလောမှာ ပိတ်ထားဆဲဖြစ်ပြီး ဈေးသည်တွေအနေနဲ့ ရွေ့လျားပုံစံနဲ့ ရောင်းချနေတာလို့ နောင်ချိုမြို့က PDF ရဲဘော်တဦးက ပြောပါတယ်။

အကြမ်းဖက်စစ်လေင်းဆောင်က ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် နိုင်ငံအဆင့် ရန်နိုင်မင်း စစ်ဆင်ရေးကို အခုလဆန်းကစပြီး အကောင်အထည်ဖော်နေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာတွေ့ရပါတယ်။

ဒီလိုလုပ်ဆောင်လာတာကြောင့် နောင်ချိုမြို့ဟာ စက်တင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီရဲလေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်ခံနေရတဲ့မြို့ ဖြစ်လာခဲ့ပါတယ်။ 

လတ်တလောမှာလည်း နောင်ချိုမြို့က တောင်ခမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်တွေကို တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး အမြောက်စခန်းအချို့ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment