24th SEP 2024 - Morning Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာမှုအပေါ် ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ၊ ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက်စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန် NUCC တိုက်တွန်း

📌 ၂။ ရေဘေး၊ စစ်ဘေးသင့် ဒေသများရှိ ပြည်သူများအတွက်  (၁၀) ရက်အတွင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို NUG ထံသို့ ကျပ် သန်း (၂၄၀) ကျော် လွှဲပြောင်းပေးနိုင်ခဲ့

📌 ၃။ NUG အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် အခြေခံမော်တာစက်ချုပ်သင်တန်း ပြီးဆုံးသွားသည့် သင်တန်းသူ/ သင်တန်းသားများကို အလုပ်ဝင်ရောက် လျှောက်ထားနိုင်ရေးအတွက် ဝန်ကြီးဌာန ကူညီပေးမည်

📌 ၄။ KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေဘေးသင့်ရွာများကို သွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

📌 ၅။ "No More Dictator" ဆိုတဲ့ Digital Art ပန်းချီကားကို လေလံကြမ်းခင်းဈေး USD $5000 နဲ့  စတင်လေလံတင်မယ်

📌 ၆။ မင်္ဂလာမူဆယ်‌ စျေးဝယ်စင်တာ အိမ်ရာဝန်းထဲက ကျားဖြန့်ကို စစ်ကောင်စီ ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွား


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နီပြည် ရေဘေးသင့် ပြည်သူများအတွက် ကောက်ခံရရှိတဲ့ အလှူငွေများကို ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်

🚩 ၂။ ပင်လည်ဘူးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး အင်အား (၁၀၀) ကျော် ထပ်ဖြည့်

🚩 ၃။ မြို့သာမြို့ ရဲစခန်းက အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရ

🚩 ၄။ ထီးလင်းမြို့မှ စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

🚩 ၅။ မုံရွာတွင် စစ်သင်တန်းဆင်း တစ်ဦးကို ဖမ်းဆီးရရှိပြီး စစ်ဆေးချက်များအရ ရာဇဝတ်မှုများစွာ ကျူးလွန်ထားသူ ဖြစ်နေ

🚩 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၆၀၀) ကျော်ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာမှုအပေါ် ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ၊ ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက်စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန် NUCC တိုက်တွန်း


မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့  ရွှေ့ပြောင်းလာနေမှုအပေါ်  Amazing World Culture Club အဖွဲ့အစည်းအပါအဝင် ထိုင်းအမျိုးသားရေးအဖွဲ့အစည်း () ဖွဲ့မှ ထိုင်းနိုင်ငံသား (၂၀) ဦး ဝန်းကျင်က စက်တင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၃၀) မိနစ်အချိန်မှ စတင်၍ ဘန်ကောက်ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။

"ဒီနေရာက ငါတို့နေရာ။ နင်တို့တွေကို ငါတို့မကြောက်ဘူး။ နင်တို့ မြန်မာတွေ ထွက်သွားကြ။ဟုဆိုကာ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး အိတ်ဖွင့်စာလည်း ပေးပို့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

" မြန်မာတွေက ဆိုင်တွေဖွင့်တယ်၊ ထိုင်းတွေ လုပ်ရမယ့် အလုပ်တွေကို ဝင်လုပ်တယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ သံရုံးကို စာပေးပြီး ပြန်ထွက်သွားကြတယ်" လို့ ဆန္ဒပြပွဲကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောဆိုထားပါတယ်။

ယင်းနဲ့ဆက်စပ်၍ ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

စက်တင်ဘာလ (၂၃) ရက်မှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှ သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ၊ ပြည်သူများသို့ မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာပြည်သူလူထု ရင်ဆိုင်နေရသော ဆိုးရွားခက်ခဲသည့် အခြေအနေအရပ်ရပ်အား သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အစိုးရများမှ နားလည်သိမြင်ပြီး ထောက်ပံ့ ကူညီပေးနေမှုများအပေါ်  အလေးအနက် တန်ဖိုးထား အသိအမှတ်ပြုအပ်တယ်လို့ NUCC က ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ချမှတ်ထားသော ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစားလိုက်နာပြီး အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တောင်းဆိုအပ်တယ်လို့လည်း ဖော်ပြပါတယ်။

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အထောက်အထားမဲ့ မြန်မာပြည်သူများအား ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးသည့် အစီအစဉ်များကို ရေးဆွဲအတည်ပြုပေးစေလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ရေဘေး၊ စစ်ဘေးသင့် ဒေသများရှိ ပြည်သူများအတွက်  (၁၀) ရက်အတွင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို NUG ထံသို့ ကျပ် သန်း (၂၄၀) ကျော် လွှဲပြောင်းပေးနိုင်ခဲ့


ရေဘေး၊ စစ်ဘေးသင့် ဒေသများရှိ ပြည်သူများအတွက်  (၁၀) ရက်အတွင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန ထံသို့ နွေဦးဘဏ်ချစ်သူတို့က ကျပ် သန်း (၂၄၀) ကျော် လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ စက်တင်ဘာလ (၂၃) ရက်မှာ နွေဦးဘဏ် Spring Development Bank က တရားဝင်အသိပေးပါတယ်။

"ရေဘေး၊ စစ်ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၂) မှ (၂၁) အထိ (၁၀) ရက်အတွင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို  Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ၂၄၀,၈၇၇,၀၇၇ (ကျပ် သိန်းပေါင်း ၂၄၀၀ ကျော်) ကို () ကြိမ် ခွဲ၍ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်တယ်" လို့ ဆိုပါတယ်။

စက်တင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်း ထပ်မံရရှိမည့် အလှူငွေများကိုလည်း စုစည်းပြီး စက်တင်ဘာလကုန်တွင် ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၃။ NUG အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် အခြေခံမော်တာစက်ချုပ်သင်တန်း ပြီးဆုံးသွားသည့် သင်တန်းသူ/ သင်တန်းသားများကို အလုပ်ဝင်ရောက် လျှောက်ထားနိုင်ရေးအတွက် ဝန်ကြီးဌာန ကူညီပေးမည်


အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်ရန်၊ ပုံမှန်ဝင်ငွေ ရရှိပြီး ရေရှည်ရပ်တည်မှုအတွက် တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ CSOs အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သက်မွေး ပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အခြေခံမော် တာစက် ချုပ်သင်တန်း၊ အမှတ်စဉ် () ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား စုစုပေါင်း (၁၄) ဦး တက်ရောက်ခဲ့ပြီး ပို့ချပြီးစီးခဲ့ပြီလို့ စက်တင်ဘာလ (၂၃) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် သင်တန်းပြီးဆုံးသွားသည့် သင်တန်းသူ/ သင်တန်းသားများကို အထည်ချုပ်စက်ရုံများသို့ အလုပ်ဝင်ရောက်လျှောက်ထားနိုင်ရေးအတွက် ဝန်ကြီးဌာနဘက်မှ အကူအညီပေးသွားမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများအတွက် သက်မွေးပညာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဆက်လက်စီစဉ် ဖွင့်လှစ်ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေဘေးသင့်ရွာများကို သွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်


တောင်ငူခရိုင်အတွင်း KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေဘေးသင့်ရွာများကို သွားရောက်လှူဒါန်းလျှင် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက အလှူရှင်၊ ပရဟိတနှင့် လူမှုရေးအဖွဲ့များကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လာတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တောင်ငူမြို့သို့ လာရောက်ကြသည့် ရေဘေးကူညီရေး ပရဟိတအဖွဲ့များ၊ အလှူရှင်များနှင့် လူမှုရေးအသင်းများကို ဒေသအာဏာပိုင်များနှင့် ချိတ်ဆက်၍ ကူညီမှုများ လုပ်ဆောင်ကြရန်နှင့် တောင်ငူအခြေစိုက် ပရဟိတနှင့် လူမှုရေးအဖွဲ့များကလည်း ရပ်ဝေးမှလာသော အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ကူညီမှုများ လုပ်ဆောင်ကြပါက စစ်ကောင်စီ၏ တာဝန်ရှိသူများထံသို့ အကြောင်းကြားကြရန် အမိန့်ပေးညွှန်ကြားတယ်လို့ သိရပါတယ်။

တောင်ငူအတွင်းပိုင်း PDF စိုးမိုးတဲ့ နေရာတွေကို ဆန်၊ ဆီ၊ ဆေးဝါး၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်၊  စက်သုံးဆီ၊ စားသုံးဆီနှင့် အသက်ကယ်လှေများ၊ အသက်ကယ်အင်္ကျီများ  လုံး၀ သယ်ခွင့်မပေးဘဲ အဲဒီပစ္စည်းတွေ သယ်ရင် သိမ်းဆည်းတယ်လို့ သိရပါတယ်။

ဒေသခံများ ခက်ခဲ၍ အကူအညီများ လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က မြို့ဝင်၊ မြို့ထွက်တွင် ရေဘေးအလှူပစ္စည်းများကို စစ်ဆေးကာ လိုက်ပါလာသူများ၏ အမည်နှင့် မှတ်ပုံတင်တို့ကို တောင်းယူစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။


========================


📌📌 ၅။ "No More Dictator" ဆိုတဲ့ Digital Art ပန်းချီကားကို လေလံကြမ်းခင်းဈေး USD $5000 နဲ့  စတင်လေလံတင်မယ်


ရဲဘော်ဂျပန်ကြီး နောက်ဆုံးရေးဆွဲထားသော "No More Dictator" ဆိုတဲ့ Digital Art ပန်းချီကားကို လေလံကြမ်းခင်းဈေး USD $5000 နဲ့  စတင် လေလံတင်မယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ မနီလာသိန်းက စက်တင်ဘာ (၂၃) ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် အသိပေးလိုက်ပါတယ်။ 

"ဒေသတွင်း နိုင်ငံရေးခေါင်းဆောင်၊ အောင်မြင်မှု အလီလီရခဲ့တဲ့ တိုက်ခိုက်ရေးခေါင်းဆောင်််််် တစ်ယောက်။ မိခင် ဧရာဝတီီီီီီမြေဆီ ပြန််််််််ခြေချလိုသူ တော်လှန်ရေးသမား၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ အနုအညာရှင်။ ဒိုင်း၊လေးဂွ၊သေနတ် နှင့် အနုပညာလက်နက်မျိုးစုံဖြင့် ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးသစ္စာ၊ စာရိတ္တ၊ သီလ မြဲခဲ့သူ။ သူ့ကို လွန်ခဲ့တဲ့ () လက  စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲဝင်ရင်း ရှေ့တန်းတစ်နေရာမှာ ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့ နောက်ဆုံးတော်လှန်မှု လက်မှတ်ဟာ လူကြီးမင်းတို့ရဲ့ မျက်မှောက်ဘူတာကို ဆိုက်ရောက်လို့လာခဲ့ပါပြီ။ အဲ့ဒီ နောက်ဆုံးတော်လှန်မှု လက်မှတ်ကတော့ "No More Dictator" ဆိုတဲ့ သူ မကျဆုံးမီ နောက်ဆုံးရေးဆွဲခဲ့တဲ့ Digital Art ပန်းချီကားပဲ ဖြစ်ပါတယ်။" လို့ ဖော်ပြထားပါတယ်။

လေလံဆွဲမည့်သူများမှ မိမိတို့ ပေးနိုင်တဲ့ လေလံဈေးနှုန်းများကို “Doh Ye Baw - ဒို့ရဲဘော်” Page ရဲ့လေလံPostတွင် Comment ၍လည်းကောင်း၊  “Doh Ye Baw - ဒို့ရဲဘော်” Page Messenger သို့ စာပို့၍ လည်းကောင်း လေလံ bid နိုင်တယ်လို့ သိရပါတယ်။ 

လေလံ update တွေကို  “Doh Ye Baw - ဒို့ရဲဘော်” Page ကနေ နေ့စဉ် Update လုပ်ပေးသွားမှာဖြစ်ပြီး "No More Dictator" Digital Art ပန်းချီကားအား Digital Art Printing ဖြင့် Print ထုတ်မှာ ဖြစ်ပြီး ဒို့ရဲဘော်တို့၏ အမှတ်အသားများကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လေလံအောင်မြင်သွားသူအနေဖြင့် ကမ္ဘာပေါ်တွင် တချပ်တည်းသာရှိမည်ဖြစ်သော "No More Dictator" Digital Art ပန်းချီကားအား လက်ဝယ်ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၆။ မင်္ဂလာမူဆယ်‌ စျေးဝယ်စင်တာ အိမ်ရာဝန်းထဲက ကျားဖြန့်ကို စစ်ကောင်စီ ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွား


စက်တင်ဘာလ (၂၃) ရက်မနက်ပိုင်းက မူဆယ်မြို့၊ မင်္ဂလာမူဆယ်‌ စျေးဝယ်စင်တာ အိမ်ရာဝန်းထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းတွေအရ သိရပါတယ်။

ဒေသတွင်း သတင်းတချို့မှာတော့ မင်္ဂလာမူဆယ်က ကျားဖြန့်လုပ်ငန်းကို တရုတ်၊ မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ အထဲမှာရှိနေတဲ့ ပြည်သူ့စစ်တွေက ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မူဆယ်မြို့မှာ လှုပ်ရှားနေကြတဲ့ ပြည်သူ့စစ်အဖွဲ့ (၃၄) ဖွဲ့က တရားမဝင် ဖွင့်လှစ်ထားတဲ့ ကျားဖျန့်ရုံ (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးပေါင်း (၅၈) ရုံရှိတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်နားက မင်္ဂလာမူဆယ် စျေးဝယ်စင်တာဝန်းဟာ တရုတ်ပြည်နဲ့ ရွှေလီမြစ်ပဲ ခြားတဲ့ နယ်စပ်ဘေးမှာရှိတာဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူတွေကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် မူဆယ်မြို့ထဲကို အဝင်အထွက် ပိတ်ထားတယ်လို့လည်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကရင်နီပြည် ရေဘေးသင့် ပြည်သူများအတွက် ကောက်ခံရရှိတဲ့ အလှူငွေများကို ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်


ကရင်နီပြည် ရေဘေးသင့် ပြည်သူများအတွက် ကောက်ခံရရှိထားတဲ့ အလှူငွေ သိန်း (၄၀) ကို ပြည်သူများ လက်ဝယ်ထံ သွားရောက်ထောက်ပံ ပေးအပ်ခဲ့တယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၆) ရက်နေ့မှ စတင်ပြီး Loikaw Local PDF ရဲဘော်များနဲ့ မိဘ ပြည်သူများရဲ့အားဖြင့် () ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း (၄၀) ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ခံရရှိထားတဲ့ အလှူငွေတွေကို ရေဘေးဒဏ် ခံစားနေရတဲ့ ကျေးရွာများမှ အိမ်ထောင်စု (၁၂၀) စာကို ဆန်၊ ဆီ၊ ဆား၊ ကြာဇံ၊ ငရုပ်သီး၊ ဟင်းချိုမှုန့်၊ ကြက်ဥ၊ ငါးသေတ္တာ၊ အသားတု၊ ခြင်ဆေးခွေ၊ ရေသန့်၊ ဆေးလိပ် နဲ့ ခလေးမုန့်မျိုးစုံ တို့အပြင် ငွေသား (,၀၂၀,၀၀၀) ကျပ် တို့ကို လိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူများထံ ပေးအပ်ခဲ့ တယ်လို့ သိရပါတယ်။

Loikaw Local Pdf တပ်ဖွဲ့အနေဖြင့် ရေဘေးသင့် ပြည်သူများကို မိဘပြည်သူများ အလှူရှင်များနဲ့အတူ ပူးပေါင်းပါဝင် ကူညီခွင့် ရခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပင်လည်ဘူးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး အင်အား (၁၀၀) ကျော် ထပ်ဖြည့်


စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်အင်အား (၁၀၀) ကျော်နဲ့ ခဲယမ်း ရိက္ခာများ ထပ်ဖြည့်ပေးခဲ့တယ်လို့ Kachin News Group က မြေပြင် ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးကို မေးမြန်းဖော်ပြထားပါတယ်။

စက်တင်ဘာလ (၂၃) ရက် နေ့လည်ပိုင်းမှာ ပင်လည်ဘူး ရဲစခန်း အနီးက တောရကျောင်းကို  Mi-17 ဖြင့် () ကြိမ်ခန့် စစ်အင်အား ၁၀၀ ကျော်ကို လာချသွားတယ်လို့ သိရပါတယ်။

ထိုသို့ စစ်အင်အား ထပ်ချနိုင်ဖို့အတွက် Y-12 ဖြင့် (၁၇) ကြိမ်ခန့်အထိ ပစ်ကူပေးခဲ့တယ်လို့ သိရပြီး လက်ရှိမှာ အဆိုပါ စစ်ကူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ထို့ပြင် စစ်ကောင်စီက ချပေးခဲ့တဲ့ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာထုတ်တွေကိုလည်း တော်လှန်ရေးတပ်တွေဘက်က သိမ်းဆည်းရရှိခဲ့တာတွေရှိပြီး ပြီးခဲ့တဲ့ ဩဂုတ်လ (၂၁) ရက်ကလည်း လေကြောင်းက ချပေးတဲ့ ခဲယမ်းနဲ့ ရိက္ခာထုတ်တွေကို ရရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၁၄) ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ ဒုတိယအကြိမ် ပင်လယ်ဘူး မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံပန်း (၈၀) ကျော်ထိ ဖမ်းဆီးရမိထားသလို လက်နက်ချအလင်းဝင်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြို့ရဲ့ (၇၀) ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး မြို့ထဲမှ ရဲစခန်းနဲ့ အာရှဘဏ်ကုန်း နေရာ‌ဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

လက်ကျန်စခန်းများ လက်မလွတ်ရဖို့ စစ်ကောင်စီက နေ့စဉ် လေကြောင်းကနေ ပေါင် (၃၀၀) ပေါင် (၅၀၀) နဲ့ ပေါင် (၁၀၀၀) ဗုံးများအပြင် ကလက်စတာ ဗုံးများကိုပါ အကြိမ်များစွာ အသုံးပြုခုခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မြို့သာမြို့ ရဲစခန်းက အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရ


စက်တင်ဘာ (၂၀) ရက် နေ့လယ်ပိုင်းက ငါန်းဇွန်းမြို့နယ် မြို့သာမြို့ ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  Hero Defence Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြို့သာ ရဲစခန်းမှ မင်းနေကုန်း ရဲစခန်းသို့ သွားတဲ့လမ်းမှာ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောရေးမှူး အပါအဝင် ရဲတပ်သား () ဦး သေဆုံးကာ () ဦး ဒဏ်ရာအပြင်းအထန် ရရှိပြီး ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်မှ  G-3 ကျည်ဆံ (၃၇၄) တောင့်၊ G-3 ကျည်ဘောက် နှစ်ခုနှင့် အခြား အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နဲ့ MGN (TIGER) ညီနောင် မဟာမိတ် နှစ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ထီးလင်းမြို့မှ စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ


စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် () စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁၈) တပ်ရင်းသို့  ထီးလင်းမြို့မှ စစ်ကောင်စီတပ်သား ထက်လင်းအောင် (/-----) သည် ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း Yaw National Revolution Force မှ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သား ထက်လင်းအောင်သည် MA-3 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ 5.56 ကျည် (၂၀) တောင့်နှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဂုဏ်ပြုဆုငွေ သိန်း( ၅၀)  ကျပ်တိတိ ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မုံရွာတွင် စစ်သင်တန်းဆင်း တစ်ဦးကို ဖမ်းဆီးရရှိပြီး စစ်ဆေးချက်များအရ ရာဇဝတ်မှုများစွာ ကျူးလွန်ထားသူ ဖြစ်နေ


ဩဂုတ်လ (၂၆) ရက်နေ့ () နာရီခန့်အချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ် ဘိုးဘွားရိပ်သာအနီး မီးရထားသံလမ်းအရှေ့ဘက် ကပ်လျက်လမ်းပေါ်တွင် စုံတွဲတစ်တွဲကို ရိုက်နှက်ဖမ်းဆီးပြီး မိန်းကလေးကို အုပ်စုဖွဲ့မုဒိမ်းကျင့်သူများအနက်မှ စစ်သင်တန်းဆင်း အေးကျော် () ဝူခုန်းကို ဖမ်းမိခဲ့ပြီး ၎င်းသည်  စစ်သားစုဆောင်းပေးရန်နှင့် PDF သတင်းများ စုံစမ်းပေးရန် စစ်တပ်က စေခိုင်းထားသူ ဖြစ်ကြောင်း မုံရွာပလဖက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိထားသူမှာ ထန်းတောအင်းစပ်ရပ်ကွက်နေ အသက် (၃၀) နှစ်ဝန်းကျင်အရွယ် အေးကျော် () ဝူခုန်းဆိုသူဖြစ်ပြီး ၎င်းနေထိုင်ရာ နေအိမ်ကနေ စက်တင်ဘာလ ဒုတိယပတ်အတွင်းက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အေးကျော်နှင့် အပေါင်းအပါများသည် အသက် (၁၈) နှစ်အရွယ် သမီးရည်းစား စုံတွဲကို ဖမ်းဆီးပြီး ကောင်လေးကို သတိမေ့သည်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးဖြစ်သူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြကြောင်း၊ အဆိုပါ မုဒိမ်းမှု ကျူးလွန်သူများထဲမှ အသက် (၃၀) အရွယ် အေးကျော် () ဝူခုန်းကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အေးကျော်နှင့်အတူ ဘိုဘုလုံး (ခေါ်) လက်တို၊ ကျော်ခိုင်နှင့် ကဒေါင်တို့ () ဦးသည် ယင်းနေ့ ညနေ () နာရီခန့်က ကားလေးကွင်းအနီး ပြည်ထောင်စုလမ်းဘေး၊ ထန်းလုံးကြီးဘီယာဆိုင်၌ ဘီယာသောက်ကာ ဆိုက်တွဲဖြင့် ပြန်လာခဲ့ပြီးနောက် ဘိုးဘွားရိပ်သာအနီးအရောက်မှာ အသက် (၁၈) နှစ်အရွယ် စုံတွဲတစ်တွဲကို တွေ့ရှိသဖြင့် ကောင်လေး၏ ဖုန်းကို လုယူကာ သတိမေ့သည်အထိ ဝိုင်းဝန်းရိုက်နှက်ပြီး ကောင်မလေးဖြစ်သူကို အနီးရှိ မီးရထားသံလမ်းဘေးသို့ ဆွဲခေါ်ကာ ဘိုဘုလုံးက ပထမဆုံး မုဒိမ်းကျင့်ခဲ့ပြီးနောက် အေးကျော်က မုဒိမ်းကျင့်ရန် ကြံစည်နေစဉ် အင်းဘက်မှ လူသံများ ကြားတာကြောင့် ကောင်မလေးကို ဆိုက်တွဲပေါ် ဆွဲတင်ကာ ပြည်ထောင်စုလမ်းအတိုင်း ကားလေးကွင်းဘက်သို့ မောင်းနှင်ခဲ့ပြီး တာဝါတိုင်အနီးအရောက် လမ်းဘေး မြေနိမ့်ပိုင်းတစ်နေရာတွင်  ထပ်မံ မုဒိမ်းကျင့်နေစဉ် ကောင်မလေးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မုဒိမ်းမှု ကျူးလွန်သောသူများအား မုံရွာမြို့နယ် ပလဖအဖွဲ့က စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှု ကျူးလွန်ရာပါဝင်သူ ကျော်ခိုင်နှင့် ကဒေါင်တို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဘိုဘုလုံး (ခေါ်) လက်တိုမှာ နေအိမ်၌ ပြန်လည်ရောက်ရှိသည်ဟု သတင်းအရ သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားသဖြင့် ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

ထို့ကြောင့် ဘိုဘုလုံး (ခေါ်) လက်တို၊ အသားညို၊ ဂင်တို၊ ဘယ်ဘက်လက် တံတောင်ဆစ်နားမှ ပြတ်သူအား တွေ့ရှိပါက မုံရွာမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ များထံသို့ ဆက်သွယ် သတင်းပေးပို့ပေးကြပါရန်နှင့် ဖမ်းဆီးရရှိတဲ့ အေးကျော်() ဝူခုန်းကိုလည်း တရားဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရရှိသူ အေးကျော်() ဝူခုန်းသည် ရဲများမှ ပေါ်တာဆွဲကာ ကလေးမြို့ အမှတ် (၁၀) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရကာ စစ်သင်တန်းအမှတ်စဉ် (/၂၀၂၄) ကို တက်ရောက်ခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းဆင်းပြီးနောက် သင်တန်းကျောင်းမှ ဗိုလ်မှူး ပြည့်ဖြိုးဝေနှင့် တပ်ကြပ်ကြီး ဆရာသွင် တို့က မုံရွာမြို့သို့ ပြန်ရောက်ပါက တစ်လလျှင် စစ်သားသစ် (၁၀) ဦး စုဆောင်း၍ နမခသို့ ပို့ဆောင်ပေးရန်၊ မုံရွာမြို့နယ်အတွင်းရှိ PDF သတင်းများနှင့် အခြားသတင်းများကို စုဆောင်းကာ သတင်းပေးပို့ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် အေးကျော် () ဝူခုန်းသည် မုံရွာမြို့နေ ချစ်ကောင်းနှင့် ဆိုင်ကယ်များ လိုက်လံခိုးယူရောင်းစားခဲ့ရာ စုစုပေါင်း ဆိုင်ကယ် () စီးရှိပြီ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။


========================


🚩🚩 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၆၀၀) ကျော်ရှိလာ


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၆၈၈) ဦးအထိ ရှိလာပြီဖြစ်ကြောင်း စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ စက်တင်ဘာလ (၂၃) ရက်မှာ AAPP က ထုတ်ပြန်ပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၄၂၄) ဦးရှိပြီး ထိုအထဲမှ (၂၀၉၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၄၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment