25th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ယာယီသမ္မတပြော

📌 ၂။ တော်လှန်ရေးအင်အားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်မှုတွေဟာ အင်မတန်အရေးကြီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား

📌 ၃။ ရေကြီးရေလျှံဖြစ်လျက်ရှိသောဒေသများအတွက် အမျိုးသမီး၊  လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သိန်း ၃၀၀တန်ဖိုးရှိပစ္စည်းများပေးဝေလှူဒါန်း

📌 ၄။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင်ပါဝင်နေသော LGBTQ များ၏ အခန်းကဏ္ဍနှင့် ပတ်သက်သော အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်ဆွေးနွေးမယ်

📌 ၅။ မြန်မာနိုင်ငံတွင် စာသင်ကျောင်းများကို တိုက်ခိုက်နေခြင်းဟာ ကလေးသူငယ်များနှင့် လူငယ်သုံးသိန်း ကျော်အတွက် လုံခြုံစိတ်ချရသော ပညာသင်ကြားရေးနေရာများ ဖန်တီးထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းကို ခြိမ်းခြောက်လျက်ရှိတယ်လို့ဆို

📌 ၆။ အဆောက်အဦအဟောင်းတွင် အဖီဆွဲထားသည့် အဆောက်အဦ ပြိုကျခဲ့ပြီး အမျိုးသမီး ၁ဦး သေဆုံး

📌 ၇။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက လူဦးရေ (၅၇၉) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုပင် စစ်အုပ်စုက လုံခြုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့

🚩 ၂။ စစ်ကောင်စီနှင့် ပျူ ကင်းစခန်းကို မဟာမိတ်တပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စခန်းစွန့်ခွာ ထွက်ပြေး

🚩 ၃။ သာစည်ကျေးရွာမှ အကျဉ်းထောင်နှင့် ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၄။ သီပေါတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးသေ ဦးဒဏ်ရာရ

🚩 ၅။ ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီဝင် သားအဖ ဦး ပစ်ခတ်ခံရပြီး သေဆုံး 

🚩 ၆။ လောင်းကစား ကစားနေတဲ့ အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦး  ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၇။ မြိုင်တွင် ပျူစောထီး လူငယ် နှစ်ဦးမှ ရဲတဦးအား ပစ်သတ်ပြီး သေနတ်တလက် ယူဆောင်ထွက်ပြေး၊ စစ်ကောင်စီ တပ်သား ဦး ပကဖ ထံ လက်နက်နဲ့ အလင်းဝင်

🚩 ၈။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်

🚩 ၉။ မသမာသူများက PDF အမည်သုံး ဆက်ကြေးတောင်းစာများ ဖြန့်ဝေနေကြောင်း အမှတ် () စစ်ဒေသ အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ယာယီသမ္မတပြော


စက်တင်ဘာ၂၄ရက်။

 Radio NUG

နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ စက်တင်ဘာ၂၄ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားပါတယ်။


"ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ အကြမ်းနဲ့ အနု / အမာနဲ့ အပျော့ / အပူနဲ့ အအေး ဆိုတဲ့ ဝိရောဓိတွေကို သိမ်မွေ့စွာ ကိုင်တွယ်နိုင်ရေးအတွက် အလေးအနက်ထား လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ သဘောတရားရေးတစ်ခုဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒေသတွင်းနိုင်ငံရေး ရာသီဥတု အခြေအနေတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဦးတည်စေတာမျိုး လုံးဝ ဖြစ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ အကျိုးစီးပွားဟာ လက်တွေ့နိုင်ငံရေးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြတဲ့ ကိစ္စဖြစ်တာကြောင့်၊ နိုင်ငံကြီးတွေရဲ့ 

နိုင်ငံခြားရေးအမြင်တွေကို လေ့လာအကဲခတ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ reality ကို ချန်လှပ်ထားလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျယ်ပြန့်တဲ့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ အထူးလိုအပ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် ပြည်တွင်းမှာ အင်အားစုတွေ အကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်/ စစ်ရေးအရပဲ ဖြစ်ဖြစ် အင်မတန် အကဲဆတ်တယ်လို့ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအင်အားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်မှုတွေဟာ အင်မတန်အရေးကြီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား


စက်တင်ဘာလ ၂၄ရက်။

 Radio NUG

တော်လှန်ရေးအင်အားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်မှုတွေဟာ အင်မတန်အရေးကြီးနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၆/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း တော်လှန်ရေးလုပ်ငန်းများကို ဆွေးနွေး ဆောင်ရွက်ကြရာမှာ  နိုင်ငံရေး၊ သံတမာန်ရေး၊ စစ်ရေး နည်းလမ်းများကို ချင့်ချိန်ညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို တုန့်ပြန်နိုင်ဖို့အတွက် ဝန်ကြီးဌာန တခုနဲ့တခု ချိတ်ဆက်မှု၊ ပေါင်းစပ်မှု အားကောင်းနေဖို့ လိုအပ်သလို အစိုးရအနေနဲ့ဖွဲ့စည်းထားတဲ့ ကော်မတီတွေဆိုရင်လည်း ကော်မတီလုပ်ငန်းစဉ် တခုနဲ့ တခုဟာ ချိတ်ဆက်မိနေဖို့ အင်မတန်အရေးကြီးပါတယ်။ ထို့အတူဘဲ တော်လှန်ရေးအင်အားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်မှုတွေဟာလည်း ခုချိန်ခါမှာ အင်မတန်အရေးကြီးနေပြီ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။


တော်လှန်ရေးအခြေအနေတွေအရ စုစည်းမှု၊ ပေါင်းစပ်ဆောင်ရွက်မှု၊ အချင်းချင်းကြား နားလည်မှုတွေ ပိုမိုအားကောင်းလေ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး ဖယ်ရှားနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ ရေကြီးရေလျှံဖြစ်လျက်ရှိသောဒေသများအတွက် အမျိုးသမီး၊  လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သိန်း ၃၀၀တန်ဖိုးရှိပစ္စည်းများပေးဝေလှူဒါန်း


စက်တင်ဘာလ၂၄ရက်။

 Radio NUG

 ရေကြီးရေလျှံဖြစ်လျက်ရှိသောဒေသများအတွက် အမျိုးသမီး၊  လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သိန်း ၃၀၀တန်ဖိုးရှိ ပစ္စည်းများပေးဝေလှူဒါန်းခဲ့တယ်လို့ အမျိုးသမီး၊  လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ စက်တင်ဘာ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။


လက်ရှိ ရေကြီးရေလျှံဖြစ်လျက်ရှိသော ဒေသများအတွက် အမျိုးသမီး၊   လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သိန်း ၃၀၀ တန်ဖိုးရှိ အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းများ၊ ကလေးငယ်များအတွက် စားစရာ အာဟာရများကို ပဲခူးတိုင်း၊ ကရင်နီပြည်၊ မကွေးနှင့် စစ်ကိုင်းဒေသများသို့ ပေးဝေလှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ရေဘေးသင့်ဒေသများသို့ ဆက်တိုက်လှူဒါန်းထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင်ပါဝင်နေသော LGBTQ များ၏ အခန်းကဏ္ဍနှင့် ပတ်သက်သော အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်ဆွေးနွေးမယ်


စက်တင်ဘာ၂၄ရက်

Radio NUG

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်နေသော LGBTQ များ၏ အခန်းကဏ္ဍနှင့် ပတ်သက်သော အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်ဆွေးနွေးမယ်လို့သိရပါတယ်။


မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်နေသော LGBTQ များ၏အခန်းကဏ္ဍနှင့် ပတ်သက်သော အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက် မြန်မာချိန် ၁၈:၃၀ နာရီတွင် ကျင်းပသွားမယ်လို့ဆိုပါတယ်။


အဆိုပါ အွန်လိုင်းဆွေးနွေးပွဲကို  OUTRIGHT International မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသဖြင့် စောင့်မျှော် ကြည့်ရှုပေးဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံတွင် စာသင်ကျောင်းများကို တိုက်ခိုက်နေခြင်းဟာ ကလေးသူငယ်များနှင့် လူငယ်သုံးသိန်း ကျော်အတွက် လုံခြုံစိတ်ချရသော ပညာသင်ကြားရေးနေရာများ ဖန်တီးထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းကို ခြိမ်းခြောက်လျက်ရှိတယ်လို့ဆို


စက်တင်ဘာ၂၄ရက်။

 Radio NUG

မြန်မာနိုင်ငံတွင် စာသင်ကျောင်းများကို တိုက်ခိုက်နေခြင်းဟာ ကလေးသူငယ်များနှင့် လူငယ်သုံးသိန်း ကျော်အတွက် လုံခြုံစိတ်ချရသော ပညာသင်ကြားရေးနေရာများ ဖန်တီးထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းကို ခြိမ်းခြောက်လျက်ရှိတယ်လို့ စက်တင်ဘာ၂၄ရက်တွင် USAID က ရှုတ်ချလိုက်ပါတယ်။


မှတ်တမ်းပြုစုထားချက်များအရ လွန်ခဲ့သည့်နှစ်နှစ်အတွင်း စာသင်ကျောင်းပေါင်း (၁၇၄) ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့်အတူ မြန်မာနိုင်ငံရှိ အရပ်သားများနေထိုင်ရာဒေသများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အရပ်သားများကို သေဆုံးစေခဲ့ပြီး ကလေးသူငယ်များနှင့် လူငယ်များသည်လည်း ၎င်းတို့၏ လုံခြုံစွာပညာသင်ကြားခွင့်ကို ငြင်းပယ်ခံခဲ့ကြရပါတယ်။


အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် USAID မှ ပြည်တွင်းပညာရေးမိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံစားနေကြရသော ကလေးသူငယ်များနှင့် လူငယ် (၃၀၀,၀၀၀) ကျော်အတွက် လုံခြုံစိတ်ချရသော ပညာသင်ကြားရေးနေရာများ ဖန်တီးထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းကို ခြိမ်းခြောက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


မြန်မာပြည်သူများ အထူးသဖြင့် ကျောင်းသူ/ကျောင်းသားများ၊ ကျောင်းဆရာ/ဆရာမများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရှိစာသင်ကျောင်းများအား တိုက်ခိုက်မှုများကို ယခုချက်ချင်းရပ်တန့်ရမှာဖြစ်တယ်လို့ သတင်းနှင့် စာနယ်ဇင်းဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ Benjamin Suaratoက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ အဆောက်အဦအဟောင်းတွင် အဖီဆွဲထားသည့် အဆောက်အဦ ပြိုကျခဲ့ပြီး အမျိုးသမီး ၁ဦး သေဆုံး


စက်တင်ဘာလ ၂၄ရက်။ 

Radio NUG 


စက်တင်ဘာလ ၂၄ရက်နေ့ နံနက် ၁နာရီ ၅၅မိနစ်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်အမှတ် (၁၂၅) ၁၉ လမ်းနှင့် လမ်း၂၀ကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အုတ်မိုးအုတ်ကာ သံမံတလင်းခင်း ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း အဆောက်အဦအဟောင်း၏ ညာဘက်ခြမ်းတွင် အဖီဆွဲထားသော သွပ်မိုးအုတ်ကာ သံမံတလင်းခင်း () ခန်း အဆောက်အဦ ပြိုကျမှု ဖြစ်ပွားခဲ့ရာ အဆောက်အဦအတွင်း နေထိုင်သည့် အမျိုးသမီး ၁ဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦး အပါအဝင် ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


လူတွေ အိပ်နေတဲ့ အချိန်ကြီး ရုတ်တရက် ပြိုကျသွားတာကြောင့် အဆောက်အဦးထဲမှာ ရှိနေတဲ့သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။


အဆောက်အဦ ပြိုကျမှုကြောင့် ဒေါ်ဒယ်ကိုဖောရဲ့ ညာဘက် နား သွေးထွက် (စိုးရိမ်ရ)ပြီး ဒေါ်ဒယ်ကိုဖော၏ သမီး မပိုင်ဖြိုးသက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ကိုအောင်စန်ဖြိုး၊ ညာဘက်တင်ပါး ဆုံရိုးကျိုး (စိုးရိမ်ရ)နဲ့ မောင်ခန့်ကျော်ဇင်သန့် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့ပြီး ဒေါ်စန်းကျင်မှာ အဆောက်အဦးအတွင်း ပိတ်မိ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၇။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက လူဦးရေ (၅၇၉) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့


စက်တင်ဘာလ၂၄ရက်။

Radio NUG 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၆၅) ဦး၊ အမျိုးသား (၄၁၃) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ () ဦး စုစုပေါင်း (၅၇၉) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် နွေဦးတော်လှန်ရေးကာလတွင်း ဖမ်းဆီးခံရပြီး လွတ်မြောက်လာပြီးမှ  ထပ်မံ၍ နောက်ထပ် နှစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရသူ () ဦးနှင့် တကြိမ် ပြန်လည်ဖမ်းဆီးခံရသူ () ဦး စုစုပေါင်း () ဦး ပါဝင်တယ်လို့သိရပါတယ်။


ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစု၏ (တကသ) တွဲဘက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ဇော်လင်းထွဋ် () ဖိုးသားအား အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပါတယ်။


 ဇော်လင်းထွဋ် () ဖိုးသားသည် ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆန္ဒပြပွဲတခုကိုသွားရာ လမ်းမှာအဖမ်းခံခဲ့ရပြီး ၂၀၂၂ မတ်လ ၃၁ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ် အဖမ်းခံရခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုပင် စစ်အုပ်စုက လုံခြုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့


စက်တင်ဘာလ ၂၄ရက်။

Radio NUG

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုပင် စစ်အုပ်စုက လုံခြုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ စက်တင်ဘာ၂၄ရက် စစ်ရေးသုံးသပ်ချက်များရေးသားဖော်ပြတဲ့ PDFInsightကဖော်ပြပါတယ်။


လက်ရှိ ကာလမှာ တော်လှန်ရေး အင်အားစုတွေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေစဉ့်ကူး-ထီးချိုင့် မြို့နားထိ လမ်းပိုင်း၊ ဗန်းမော် မြို့ အထက်ကနေ ဝိုင်းမော်မြို့နားထိ လမ်းပိုင်း ရှိလာသလို တစုံတရာ စိုးမိုးထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေ ပေါ်ထွက်လာပြီလို့ဖော်ပြပါတယ်။


နောက်ဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုပင် စစ်အုပ်စုက လုံခြုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တခါတရံ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်လျက်ရှိပါတယ်။ 


ရန်ကုန်-မန္တလေး အမြန်လမ်း၊ နွားထိုးကြီးမြို့နယ်တွင်းမှာရှိတဲ့ လုံခြုံရေးစခန်းကို သြဂုတ် ၂၉ ရက်က တိုက်ခိုက်ရာ စစ်သား () ဦး သေဆုံးပြီး၊ ဗိုလ်ကြီး ဝေဖြိုးသူ အပါအဝင် စစ်သုံ့ပန်း () ဦး ဖမ်းဆီးရရှိခဲ့ပါတယ်။


အလားတူ အမြန်လမ်း မိုင်တိုင် (၃၂၂) အနီးမှာ စစ်ကား ()စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြင်းခြံ ခရိုင် အမှတ် () တပ်ရင်းက ဇူလိုင်လအတွင်း တိုက်ခိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီနှင့် ပျူ ကင်းစခန်းကို မဟာမိတ်တပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စခန်းစွန့်ခွာ ထွက်ပြေး


စက်တင်ဘာလ ၂၄ ရက်။ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာက စစ်ကောင်စီနဲ့ ပျူစောထီး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ မဟာမိတ် အဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ PLA က သတင်း ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာ ၂၂ ရက်နေ့ မနက် နာရီ ၁၅ မိနစ်မှာ ကဘဲရွာရှိ ပျူကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီး အဖွဲ့ဝင်များမှ ပြန်လည်ခုခံခြင်း မရှိဘဲ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။


ထိုကြောင့် တပ်ပေါင်းစု ရဲဘော်များမှ ရန်သူ့စခန်းကို မီးရှို့ဖျက်စီးခဲ့ပြီး မနက် နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရွှေဘိုခရိုင် တပ်ရင်း ၂၅ (TPC) ရွေဘိုခရိုင် တပ်ရင်း (၁၆) တန့်ဆည်မြို့နယ် .က. နှင့် ဒေသတွင်း အခြေစိုက် တော်လှန်ရေး အင်အားစုများက ပူးပေါင်း ဖော်ဆောင် ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ သာစည်ကျေးရွာမှ အကျဉ်းထောင်နှင့် ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာလ ၂၄ ရက်။ 

Radio NUG


အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည် ကျေးရွာရှိ အကျဉ်းထောင်နဲ့ ရဲကင်း စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည် နာရီခွဲခန့်တွင် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ထောင်ဝင်း အတွင်းမှ ကောင်တာပြန်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုနောက် တောတောင်ကို အခွင့်ကောင်းယူကာ Snipe Rangers Force ရဲ့ လက်နက်ကြီး ပွိုင့်နေရာကို စီးနင်းခံ ရတာကြောင့် ခေတ္တ တပ်ဆုတ်ပေးခဲ့ပြီး နာရီကျော် အချိန်ယူကာ ၎င်းနေရာကို ကျားတက်ထိုးပြီး  စစ်ကောင်စီ လက်ထဲကနေ ၆၀ မမ (လက်လုပ်) ကို ပြန်လည်ရယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၀ ဦးအထက်မှာ ရှိခဲ့ပြီး ထိုသတင်းကို ထိန်းချုပ်ထားဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local - PDF) နှင့်အတူ PHOENIX ပြောက်ကျား တပ်ဖွဲ့ , HERO BROTHER MON YWA L-PDF , BLACK DRAGON , မုံရွာခရိုင် တပ်ရင်း (၂၇) တပ်ခွဲ () , မုံရွာ ခရိုင် တပ်ရင်း (၂၄) တပ်ရင်းဒုံးတပ်ဖွဲ့ , ယင်မာပင်ခရိုင် တပ်ရင်း () တပ်ခွဲ () , ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) တပ်ခွဲ (), ဒေါင်းပြောက်ကျားတပ်ဖွဲ့, Sun King Envoy L-PDF , Special Revolution Force , တောကျွဲကြီး , ကမြင်းမနီ နယ်စည်းမခြား , BLACK HERO L-PDF , S.R.S L-PDF , MON YWA M4 L-PDF , ပလဖ , BROTHER Revolution Force MON YWA, ညောင်ဦးခရိုင် တပ်ရင်း (), တွေ့မရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ သီပေါတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးသေ ဦးဒဏ်ရာရ


စက်တင်ဘာလ ၂၄ ရက်။ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ ထိန်းချုပ်နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦးသေဆုံးပြီး ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၃ရက်နေ့ နေ့လည် ၃နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ဗုံး လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နားလွယ်ကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး မောင်ကြည်တာ အသက် ၁၈ နှစ်၊ မောင်ဂူသာ အသက် ၂၁ နှစ်၊ ဒေါ်မာလေး အသက် ၅၀ နှစ်နှင့် ဒေါ်အေနွန် အသက် ၇၇ နှစ်တို မြေးအဖွား ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 


ထို့အပြင် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ နာရီခွဲ အချိန်တွင်လည်း စစ်ကောင်စီက Y12 လေယာဉ် ဖြင့် ဗုံးအလုံး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ 


========================


🚩🚩 ၅။ ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီဝင် သားအဖ ဦး ပစ်ခတ်ခံရပြီး သေဆုံး 


စက်တင်ဘာလ ၂၄ရက်။

RadioNUG 


စက်တင်ဘာလ ၂၃ ရက်နေ့ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ်၊ကျိုက်ထိုမြို့ နယ်၊ မုက္ခမူကျေးရွာတွင် နေထိုင်သည့် ကြံ့ဖွတ်ပါတီဝင်၊ ရပ်/ကျေး အတွင်းရေးမှူး  မြင့်အောင်နှင့်  သမီး ဖြစ်သူ ရပ်/ကျေး ကြံ့ဖွတ်ပါတီ လူငယ်အဖွဲ့ဝင် မဝင်းနုခိုင်()မကေတို့ ဦးကို ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။


သေဆုံးသွားတဲ့ သားအဖသည် ကြံ့ခိုင်ရေးအမာခံပါတီဝင်များဖြစ်ပြီး တပ်မတော်က နိုင်နေပြီ ဆိုတာမျိုး မကြာခဏ ပြောသလို တပ်ဆီ သတင်းပေး လုပ်တယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်လို့ သိရပါတယ်။


စစ်တပ်က လာရောက် စစ်ဆေးမှုများလုပ်ဆောင်ပြီး သားအဖ ဦး၏ အလောင်းကို ကောင်းမွန်စွာ သဂြိုလ်ရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးသွားခဲ့ပြီး ပစ်ခတ်သွားသူများကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၆။ လောင်းကစား ကစားနေတဲ့ အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦး  ပစ်ခတ်ခံရပြီး သေဆုံး


စက်တင်ဘာလ ၂၄ရက်။

 Radio NUG 


စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုး ၁၉ လမ်းအတွင်းရှိ ပုံတူလောင်းကစားဝိုင်းတစ်ခုတွင် ကစားနေသည့် တလုပ်ပင်ကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးကို ဆိုင်ကယ်စီးလာသူ ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြင့်ဆွေမှာ ပွဲချင်းပြီး သေဆုံးပြီး ၎င်း၏ နောက်လိုက်မှာ ဆေးရုံရောက်ပြီးမှ သေဆုံးသွားကြောင်း  ဒေသသတင်းများအရ သိရပါတယ်။


အုပ်ချုပ်ရေးမှူး မြင့်ဆွေသည် တလုပ်ပင်ရွာမှာ ပစ်ခတ်ခံခဲ့ရဖူးပြီး မသေဘဲ ရွာမှာ မနေရဲလို့ အောင်လံမြို့ပေါ်ကို ပြောင်းနေခဲ့ကာ ရွာထောင်ရပ်ကွက် စကစခန့် အုပ်ချုပ်ရေးအဖွဲ့နဲ့လည်း စကားအကြီးအကျယ် များထားတာ ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မြိုင်တွင် ပျူစောထီး လူငယ် နှစ်ဦးမှ ရဲတဦးအား ပစ်သတ်ပြီး သေနတ်တလက် ယူဆောင်ထွက်ပြေး၊ စစ်ကောင်စီ တပ်သား ဦး ပကဖ ထံ လက်နက်နဲ့ အလင်းဝင်


စက်တင်ဘာလ ၂၄ ရက်။ 

Radio NUG


မြိုင်တွင်  အသက် ၁၉ နှစ်အရွယ်ရှိ ညီညီထွန်းနှင့် အသက် ၁၆ နှစ် အရွယ်ရှိ ဝေယံမင်းခန့်အောင်  ပျူစောထီး လူငယ် နှစ်ဦးက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား တစ်ဦးကို ပစ်သတ်ပြီး သေနတ်တစ်လက် ယူဆောင်ကာ ထွက်ပြေးလာ ခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။ 


စက်တင်ဘာလ ၁၂ ရက်နေ့တွင် ၎င်းပျူစောထီး လူငယ် နှစ်ဦးဟာ ရဲတပ်သား ယောကြီးဆိုသူကို ပစ်သတ်ပြီး G3  သေနတ် တလက်၊ ကျည် ၃၇ တောင့်၊  MA1 သေနတ် တလက်၊ ကျည် (၂၃)​တောင့် တို့ကို ယူဆောင်ကာ မြိုင် ပတဖထံ ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။ 


ထို့အပြင် ၎င်းရဲကို ပစ်သတ်ခဲ့တဲ့ ကာဘိုင်သေနတ်ကို အနီးတနေရာတွင် လွှင့်ပစ်ခဲ့ရာ မြိုင့် ပတဖ မှ စက်တင်ဘာ ၂၃ ရက်နေ့တွင် သွားရောက် ရှာဖွေခဲ့ပြီး ၎င်းသေနတ်နဲ့ ကျည် တောင့်ကို ထပ်မံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  


ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်ကလည်း မြိုင်မြို့ပေါ်မှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား တဦးဟာ AK သေနတ် လက်၊ ကျည် ၄၅ တောင့်ကို ယူဆောင်လာပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကို  အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ဒုတပ်ကြပ် အဆင့်ရှိ စစ်ကောင်စီတပ်သား တဦးဟာ HK သေနတ် လက်၊ ကျည် ၉၈ တောင့်ကို ယူဆောင်လာပြီး တာဝန်ကျရာ မြိုင် အထက () ကျောင်းမှ ထွက်ပြေးခိုလှုံလာခဲ့ တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၈။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်


စက်တင်ဘာလ ၂၄ရက်။

RadioNUG 


စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ ကြီးမှူးကျင်းပခဲ့သော အ‌ခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် () စစ်ဒေသ၊ ယာယီဌာနချုပ်၌ ကျင်းပပြီးစီးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါသတင်တန်းကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် နိုင်ငံရေးသင်ခန်းစာများ ပို့ချခြင်း၊ အဖွဲ့နှင့် တပ်တော်၏ နိုင်ငံရေးနှင့် စစ်ရေးဖြတ်သန်းမှုများ မျှဝေခြင်း၊ အ‌ခြေခံစစ်ပညာအား ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၏ စစ်ရေးရည်မှန်းချက်များအတိုင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ () လခွဲတာ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းဆင်းပွဲ အခမ်းအနားတွင်  ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ ဥက္ကဋ္ဌမှ သင်တန်းဆင်းရဲဘော်များသို့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်ပြုတ်သုန်းရေးမှသည် စစ်မှန်သော ဒီမိုကရေစီသစ်ဆီသို့ ချီတက်တိုက်ပွဲဝင်နိုင်ပါစေကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး  

ပြည်သူ့ဒီမိုကရက်တစ်တပ်‌တော် စစ်ဦးစီးချုပ်မှလည်း သင်တန်းဆင်းရဲဘော်များသို့ အဖိနှိပ်ခံပြည်သူလူထုကို မျက်နှာမူသော တော်လှန်ရေးဆင်နွှဲရန်၊ ခိုင်မာသောစိတ်ဓာတ်ဖြင့် တော်လှန်တိုက်ပွဲဝင်သွားရန်၊‌ မိမိကိုယ်ကို အမြဲနိမ့်ချကာ ပြည်ထူလူထုထံသို့ သေနတ်ပြောင်း မလှည့်မိရန်၊ မိမိတို့ဟာ ပြည်သူလူထုထံမှ ပေါက်ဖွားလာတာကို အမြဲသတိရရန်နှင့် ရဲဘော်တွေအနေနဲ့ တတ်နိုင်သမျှ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။


သင်တန်းဆင်းပွဲ အခမ်းအနားသို့ မဟာမိတ်များ ဖြစ်သော ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦီး (ABSDF) ဒေသခံ ပအဖ ပကဖ ပလဖ နှင့် ဒေသခံ ပြည်သူလူထုများ တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ မသမာသူများက PDF အမည်သုံး ဆက်ကြေးတောင်းစာများ ဖြန့်ဝေနေကြောင်း အမှတ် () စစ်ဒေသ အသိပေး


စက်တင်ဘာလ ၂၄ ရက်။ 

Radio NUG


တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များရဲ့ အမည်၊ အမှတ်တံဆိပ်များကို အသုံးပြုပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများကို ခြိမ်းခြောက်ငွေညှစ် ဆက်ကြေးတောင်းတဲ့ စာများ၊ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်များကို မသမာသူများက ဖြန့်ဝေနေကြောင်း အမှတ် () စစ်ဒေသက အသိပေးထားပါတယ်။


၎င်းစာများဟာ အမှတ် () စစ်ဒေသခွဲ ကွပ်ကဲမှုအောက်က PDF တပ်ရင်း၊ စစ်ကြောင်းများနဲ့ ပကဖ အဖွဲ့များရဲ့ လုပ်ဆောင်ချက် လုံးဝမဟုတ်ဘဲ စစ်ကောင်စီ လက်ပါးစေများက ပြည်သူ့တော်လှန်ရေး ဂုဏ်အသရေကို ထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေတာလို့ ဆိုပါတယ်။


လုပ်ငန်းရှင်ပြည်သူများ အနေဖြင့် အဆိုပါ စာများ လက်ဝယ်ရောက်ရှိလာပါက အမှတ် () စစ်ဒေသခွဲအောက်က ဟုတ်မဟုတ်ကို စီစစ်နိုင်ရန် စစ်ဒေသခွဲ ရဲ့ Emai ဖြစ်တဲ့ pdfsouthernmilitarysubregion@gmail.com ကို ပေးပို့၍ဖြစ်စေ၊ တရာဝင် လူမှုကွန်ယက် စာမျက်နှာကိုဖြစ်စေ ဆက်သွယ် အသိပေးကြဖို့ ပန်ကြားထားပါတယ်။


အကယ်၍ စစ်ဒေသ ကွပ်ကဲမှုအောက်က တပ်ဖွဲ့ (သို့မဟုတ်) တပ်ဖွဲ့ဝင် တဦးဦးက လုပ်ဆောင်တာ ဖြစ်ကြောင်း စိစစ်တွေ့ရှိပါကလည်း စစ်စည်းကမ်း ဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြည်သူ လူထုကို အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တိုက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment