26th SEP 2024 - Evening Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "လူသားချင်းစာနာမှုနဲ့ ပတ်သက်ရင် ပြည်သူတွေသာ ပထမဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

📌 ၂။ ပဲခူးတိုင်း ဒေသကြီးရှိ ရေဘေးသင်ံ့ပြည်သူများအတွက်အမျိုးသမီး၊   လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းထောက်ပံ့မှုများလုပ်ဆောင်

📌 ၃။ ၇၉ ကြိမ်မြောက်ကုလသမဂ္ဂ ထွေထွေညီလာခံ က်စပ်အစည်းအဝေးမှာ ကုလလူ့အခွင့်အရေးမဟာမင်းကြီးဟောင်း Zeid bin Ra'ad  နှင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေး

📌 ၄။ တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ပန်းရောင်ဘတ်ကတ် လုပ်ပေးဖို့ ထိုင်းအစိုးရ အတည်ပြု


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ညောင်ဦးမြို့နယ်ပကဖ ကို NUG လက်နက်တပ်ဆင်ပေး

🚩 ၂။ Mobye Local PDF ထူထောင်ခြင်း ()နှစ်ပြည့်အခမ်းအနားအတွက်ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့

🚩 ၃။ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်

🚩 ၄။ ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရေး စောင့်ကြည့်ထိန်းသိမ်းနေတယ်လို့ PDF အသိပေး

🚩 ၅။ ကြို့ပင်ကောက်မြို့နယ်မှာ အရပ်သားတွေကို ပေါ်တာဆွဲနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လေသေနတ်တလက် သိမ်းဆည်းရရှိ

🚩 ၆။ တနင်္သာရီမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်သား ၃ဝ ကျော်သေပြီး သေနတ် လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိ

🚩 ၇။ သံတွဲမြို့‌မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေအပါအဝင် ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ

🚩 ၈။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတားအဆီး ဖြစ်ရတယ်လို့ MNDAA ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ "လူသားချင်းစာနာမှုနဲ့ ပတ်သက်ရင် ပြည်သူတွေသာ ပထမဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော


စက်တင်ဘာ၂၆ရက်


"လူသားချင်းစာနာမှုနဲ့ ပတ်သက်ရင် ပြည်သူတွေသာ ပထမဖြစ်တယ်"လို့ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌနာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


စက်တင်ဘာလအတွင်း ရေဘေးနဲ့ပတ်သက်လို့ ပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။


"လူသားချင်းစာနာမှုနဲ့ပတ်သက်ရင် ပြည်သူတွေသာ ပထမပါ၊ ပြည်သူဆိုတာ ဘယ်နေရာမှာပဲရှိရှိ ဘယ်အောက်မှာပဲရှိရှိ ဘယ်အုပ်ချုပ်မှုမှာပဲရှိရှိ ပြည်သူဟာ ပြည်သူပဲ။ ပြည်သူတွေ အကူအညီရဖို့ အရေးကြီးတယ်၊ ဒါကြောင့် ဘယ်ကပဲဖြစ်ဖြစ် ပြည်သူတွေဆီ အကူအညီအမြန်ဆုံးရောက်အောင်ပေးပါလို့ နိုင်ငံတကာကိုပြောတာပါ"လို့ပြောပါတယ်။


လက်ရှိရေကြီးရေလျှံမှုများကို အများဆုံးဒဏ်ခံစားရသော နယ်မြေများမှာ စကစ၏ထိန်းချုပ်နယ်မြေများဖြစ်သော နေပြည်တော်၊ ရမည်းသင်းမြို့နယ်၊ ရှမ်းပြည်နယ် ကလော၊ အင်းလေးစတဲ့မြို့နယ်နေရာများဖြစ်ကြပြီး စကစဟာ လုံလောက်တဲ့ ကယ်ဆယ်ထောက်ပံ့မှုအတွက် ပျက်ကွက်ခဲ့ပါတယ်။


========================


📌📌 ၂။ ပဲခူးတိုင်း ဒေသကြီးရှိ ရေဘေးသင်ံ့ပြည်သူများအတွက်အမျိုးသမီး၊   လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းထောက်ပံ့မှုများလုပ်ဆောင်


စက်တင်ဘာ၂၆ရက်


ပဲခူးတိုင်း ဒေသကြီးရှိ ရေဘေးသင်ံ့ပြည်သူများအတွက် အမျိုးသမီး၊   လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းထောက်ပံ့မှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


စက်တင်ဘာ၂၆ရက် အမျိူးသားညီညွတ်ရေးအစိုးရ  အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အမျိူးသားညီညွတ်ရေးအစိုးရ  အမျိုးသမီး၊  လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းများ၊ ကလေးငယ်များအတွက် စားစရာ အာဟာရများနှင့် လိုအပ်သည်များကို ပဲခူးတိုင်း ဒေသကြီးရှိ ရေဘေးသင်ံ့ပြည်သူများအတွက် ပေးဝေလှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆက်တိုက်ထောက်ပံ့ကူညီလျက်ရှိပါတယ်။


========================


📌📌 ၃။ ၇၉ ကြိမ်မြောက်ကုလသမဂ္ဂ ထွေထွေညီလာခံ က်စပ်အစည်းအဝေးမှာ ကုလလူ့အခွင့်အရေးမဟာမင်းကြီးဟောင်း Zeid bin Ra'ad  နှင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေး


စက်တင်ဘာ၂၆ရက်


၇၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံဆက်စပ်အစည်းအဝေးမှာ ကုလလူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Zeid bin Ra'ad  နှင့် NUG လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


စက်တင်ဘာ၂၆ရက် ဆိုရှယ်မီဒီယာမှာ NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးက အသိပေးဆိုထားပါတယ်။


"၇၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံဆက်စပ် အစည်းအဝေးမှာ ကုလလူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Zeid bin Ra'ad  နှင့် မြန်မာ့လူ့အခွင့်ရေးအခြေအနေကြောင်း ဆွေးနွေးဖြစ်ပါတယ်"လို့ဆိုပါတယ်။


၇၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တို့ဟာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။


========================


📌📌 ၄။ တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ပန်းရောင်ဘတ်ကတ် လုပ်ပေးဖို့ ထိုင်းအစိုးရ အတည်ပြု


စက်တင်ဘာ၂၆ရက်


ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့  ကမ္ဘောဒီးယားနိုင်ငံသားတွေ တရားဝင် အလုပ်သမားဖြစ်အောင် နေထိုင်ခွင့်အထောက်အထားလက်မှတ် ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပြီလို့ ထိုင်းအစိုးရစာမျက်နှာတွေကနေ အသိပေးထားပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးမှာ တရားမဝင်နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင်လုပ်သားဖြစ်စေဖို့အတွက် နေထိုင်ခွင့်အထောက်အထား  ပန်းရောင်ဘတ် ပြုလုပ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်ပြခဲ့တာလို့ နယ်စပ်သတင်းတွေကို မျှဝေနေတဲ့ မြဝတီ- မဲဆောက်မီဒီယာကလည်း ဒီနေ့ စက်တင်ဘာ ၂၆ မနက်မှာ ဖော်ပြထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ တင်ပြချက်တွေထဲမှာ ထိုင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင် အလုပ်သမားဖြစ်အောင် နေထိုင်ခွင့်အထောက်အထားပြုလုပ်ပေးဖို့နဲ့ အလုပ်သမားတွေနဲ့ ပါလာတဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်တွေကိုလည်း နေထိုင်ခွင့်အထောက်အထား လက်မှတ် ပြုလုပ်ပေးဖို့ အရင်က အလုပ်ရှင်ပြောင်းတဲ့အချိန် တလ သတ်မှတ်ပေးထားကို အခု လအထိ အချိန်တိုးမြှင့်ပေးဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ Work Permit သက်တမ်းကုန်ဆုံးမယ့် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို နှစ် သက်တမ်းတိုးခွင့်ပြုဖို့နဲ့ သက်တမ်းကုန်ဆုံးပါက MoU လုပ်သားများနည်းတူ နောက်တပ် နှစ် သက်တမ်းတိုးပေးဖို့လည်း တင်ပြတဲ့အချက်တွေထဲမှာပါတယ်လို့ ဆိုပါတယ်။

အစည်းအဝေးအတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများ အကျုံးဝင်မယ်လို့ အစိုးရအဖွဲ့ စာမျက်နှာက ထုတ်ပြန်ထားပါတယ်။

ပန်းရောင်ဘတ်အသစ်ပြုလုပ်ပေးဖို့ အစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီဖြစ်ပေမယ့် ထိုင်းဘုရင်နန်းတော်က လက်မှတ်ထိုး ထုတ်ပြန်မှသာ အသက်ဝင်မှာဖြစ်ပြီး နောက်ဆက်တွဲ လုပ်ငန်းစဉ်အသေးစိတ်ကို သိရမယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FEDက အသိပေးထားပါတယ်။  

ဒါကြောင့် ထိုင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ နေထိုင်ခွင့်အထောက်အထားပြုလုပ်ပေးဖို့ ထိုင်းအစိုးရက တရားဝင်ကြေညာမှသာ ပွဲစားတွေဆီမှာ ငွေသွင်းကြဖို့ ထိုင်းရောက်မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူတွေက အကြံပြုတိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ညောင်ဦးမြို့နယ်ပကဖ ကို NUG လက်နက်တပ်ဆင်ပေး


စက်တင်ဘာ ၂၆ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန - MOD က လက်နက်တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။

အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

MOD က လက်နက်တပ်ဆင်ပေးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီက သိမ်းဆည်းရရှိတဲ့ လက်နက်တွေနဲ့ဆိုရင် လက်ရှိမှာ တော်လှန်ရေးရဲဘော်အရေအတွက်ရဲ့ ၃ဝ ရာခိုင်နှုန်းခန့်သာ တပ်ဆင်ပေးနိုင်သေးတယ်လို့ ညောင်ဦးမြို့ နယ်-ပကဖ တာ ဝန်ရှိသူတဦးက ဆိုပါတယ်။

ညောင်ဦးမြို့နယ်-ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်း အတိုင်း ကင်းပတ်ပြန်လာတဲ့ စစ်သားနဲ့ရဲတွေပါတဲ့ ကား၄စီးနဲ့ ဆိုင်ကယ်၃စီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ  စစ်ကောင်စီဘက်က ၃ဦး သေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရရှိကာ M-22 အမျိုးအစား သေနတ်တလက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ Mobye Local PDF ထူထောင်ခြင်း ()နှစ်ပြည့်အခမ်းအနားအတွက်ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့


စက်တင်ဘာ၂၆ရက်


Mobye Local PDF ထူထောင်ခြင်း ()နှစ်ပြည့် အခမ်းအနားအတွက် ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ စက်တင်ဘာ၂၆ရက်မှာ Mobye Local PDFက တရားဝင်အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ Mobye Local PDF အတိအလင်းပြန်လည်ကြေညာထူထောင်ခြင်း ()နှစ်ပြည့်အခမ်းအနားအတွက် သဝဏ်လွှာ ပေးပို့လာသော MODနှင့် ညီနောင်မဟာမိတ်များ အထူးကျေးဇူးတင်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


 MobyeLocalPDF သို့ ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပေးပို့ခဲ့ရာတွင် စစ်ဆင်ရေးများတွင် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားပြီး ပြည်သူ့တော်လှန်ရေးအောင်မြင်သည်အထိ လက်တွဲညီစွာ ဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၃။ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်


စက်တင်ဘာ၂၆ရက်


မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်ခဲ့တယ်လို့ စက်တင်ဘာ၂၅ရက်မှာ ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က အသိပေးဖော်ပြပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ မွမ်းမံသင်တန်းများနဲ့ လက်နက်တပ်ဆင်ခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၄။ ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရေး စောင့်ကြည့်ထိန်းသိမ်းနေတယ်လို့ PDF အသိပေး


စက်တင်ဘာ၂၆ရက်


မိုးသည်းထန်စွာရွာပြီးနောက် အုတ်ဖိုမြို့နယ်နှင့် ထိစပ်နေတဲ့ ပဲခူးရိုးမအတွင်းက ဂမုန်းရေလှောင်တမံ ရေလျှံခဲ့ပေမယ့် တမံကျိုးပေါက်မှု မရှိစေရေးလုပ်ဆောင်ခဲ့ပြီး တမံကြံ့ခိုင်မှုကိုလည်း စစ်ဆေးနေတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဒီနေ့ စက်တင်ဘာ ၂၆ မှာ ထုတ်ပြန်ပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ စစ်ဆင်ရေးနယ်မြေမှာ ဒီလပိုင်း အတွင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဂမုန်းရေလှောင်တမံရဲ့ ကန်ရေပြည့်မှတ် အထက်ရောက်ရှိကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတဲ့ စစ်ကောင်ဏီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းတွေ မရှိတာကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက တမံကျိုးပေါက်မှု မရှိစေရေးအတွက် ပင်မရေထိန်းတံခါးကနေ ထိန်းညှိရေလွှတ်ခြင်း၊ ရေပိုလွှဲကနေ ရေစီးဆင်းမှုကောင်းစေဖို့ အမှိုက်ရှင်းတာ တမံကြံ့ခိုင်မှုတွေ စစ်ဆေးတာတွေ နေ့ညမပြတ် လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လို့လည်း ဆက်လက်အသိပေးထားပါတယ်။ 

ဒါကြောင့် ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေဖို့ ထိန်းသိမ်းဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ မစိုးရိမ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောာင်စီထိန်းချုပ်ထားတဲ့ နေရာတွေက ဆည်တွေကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက အတိုင်းအဆမရှိ ရေတွေ ဖောက်ချနေပေမယ့် ဂမုန်းရေလှောင်တမံကိုတော့ PDF ‌တွေက ထိန်းညှိလွှတ်ပေးနေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကြို့ပင်ကောက်မြို့နယ်မှာ အရပ်သားတွေကို ပေါ်တာဆွဲနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လေသေနတ်တလက် သိမ်းဆည်းရရှိ


စက်တင်ဘာ၂၆ရက်


ပဲခူတိုင်းအနောက်ခြမ်း သာယာဝတီခိရုင် ကြို့ပင်ကောက်မြို့နယ်မှာ အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ ကြို့ပင်စခန်းရွာက ရာအိမ်မှူး သိန်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လေသေနတ်၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။ 

ကြို့ပင်ကောက်မြို့နယ်အတွင်း အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်နေတဲ့ ကြို့ပင်စခန်းရွာက ရာအိမ်မှူး သိန်းဦးကို တော်လှန်ရေးရဲဘော်တွေက စက်တင်ဘာ ၂၄ ရက် ညနေ နာရီခန့်မှာ ပစ်ခတ်ရာမှာ သေဆုံးသွားပြီး သေဆုံးသွားတဲ့ ရာအိမ်မှူး သိန်းဦးထံကနေ လေသေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း BTZM  GBK  PDF က အသိပေးထားပါတယ်။

ကြို့ပင်စခန်းရွာက ရာအိမ်မှူး သိန်းဦးဟာ ကျေးရွာဒေသခံတွေဆီကနေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တအိမ်ကို တလ ကျပ် ၃သိန်း အတင်းအဓမ္မကောက်ခံနေတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ ရဲတပ်ဖွဲ့တို့နဲ့ပေါင်းကာ လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ကျပ်သိန်း ဆယ်ချီငွေညှစ်နေသူဖြစ်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေကဆိုပါတယ်။

ကြို့ပင်စခန်းရွာက ရာအိမ်မှူး သိန်းဦးကို တော်လှန်ရေးရဲဘော်တွေ သွားရောက်ဖမ်းဆီးချိန်မှာ သိန်းဦးဟာ လေသေနတ်နဲ့ ဓားကိုင်ပြီး ပြန်လည်ခုခံဖို့ ကြိုးစားတာကြောင့် တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BTZM  GBK  PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နဲ့ တပ်ရင်း ၃၈၀၂ တပ်ခွဲ- Dragon Brothers တပ်ဖွဲ့တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ တနင်္သာရီမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်သား ၃ဝ ကျော်သေပြီး သေနတ် လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိ


စက်တင်ဘာ၂၆ရက်


တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း က  စက်တင်ဘာ ၂၅ မှာ ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း တို့ စက်တင်ဘာ ရက်ကနေ ၂၂ ရက်အထိဖြစ်တဲ့ ၁၉ ရက်တာတိုက်ပွဲတွေနဲ့ ပတ်သက်လို့ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ ကနေ မိုင်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ စက်တင်ဘာ ရက် မနက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့သလို ဗောဓိကမ်းတံတားဘက်ကနေ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


ဗောဓိကမ်းတံတားဘက်ကနေ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ တနင်္သာရီမြို့ပေါ်က အရပ်သားပြည်သူတွေကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို အရပ်သားကားတွေကို ချောဆွဲကာ အသုံးပြု‌ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်တာ ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် ဘန်လောရွာ၊ ဘန်လင်ရွာနဲ့ မိုင်ရွာက လူနေအိမ်အချို့နဲ့ အရပ်သားကားအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ၁၉ ရက်တာ ချေမှုန်းတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့တဲ့အပြင် MA2 တလက်၊ MA 3 တလက်၊ 60MM ဗုံးသီးတလုံး၊ 40MM ကျည်သီး လုံး၊ ၁၆ ကျည် ၄၀၀ ကျော်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒီတိုက်ပွဲတွေမှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း နဲ့အတူ စစ်ကြောင်း ၂၊ KNLA တပ်ရင်း ၁၁၊ KTLA တောကြီးမြွေဟောက် မိုင်းအဖွဲ့ -ပုလော ပြည်သူ့ကာကွယ်‌ရေးအဖွဲ့၊ Dragon Squad ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့၊ ADF ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တဦး မြင့်မြတ်စွာကျဆုံးခဲ့သလို ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး စက်တင်ဘာ ၁၂ ရက်က ထွက်ပြေးလာပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

တနင်္သာရီမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ဒီနေ့အထိ စစ်‌ရေး တင်းမာနေဆဲလို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ သံတွဲမြို့‌မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေအပါအဝင် ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ


စက်တင်ဘာ၂၆ရက်


ရခိုင်ပြည်နယ် သံတွဲမြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ သံတွဲမြို့နယ်ခန်းမနဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို မနက်၇ နာရီ ၄၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး လုံး ကြဲချခဲ့တာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မြင်သာထင်သာရှိတဲ့ စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။

သံတွဲမြို့ကို ရခိုင့်တပ်တော် - AAက အခုနှစ် ဧပြီလမှာ စတင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လမှာ စစ်ကောင်စီစခန်း အားလုံးကို သိမ်းယူခဲ့သလို နောက်ဆုံးကျန်ရှိနေတဲ့ မောင်ရွှေလေးရေတပ်စခန်းကိုလည်း စက်တင်ဘာ ရက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AA က စက်တင်ဘာ ရက်မှာ ထုတ်ပြန်ခဲ့တာကြောင့် သံတွဲမြို့နဲ့ သံတွဲမြို့နယ်တခုလုံးကို ရခိုင့်တပ်တော်-AA က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အခုလို ရခိုင့်တပ်တော်-AA က သံတွဲမြို့နယ်တခုလုံးကို ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ဒေသခံတွေ ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ ယာယီစစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြချိန်မှာ စစ်ကောင်စီက စစ်ရှောင်စခန်းကို ဦးတည်တိုက်ခိုက်သွားတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

စစ်ရှောင်စခန်း ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ရခိုင်ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Arakan Princess Media က ဖော်ပြရာမှာ သေဆုံးသူအများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်နေတာကို တွေ့ရပေမယ့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်တွေကတော့ AA တပ်ဖွဲ့ဝင် တထောင်ကျော်နေထိုင်ပြီး များစွာသေဆုံး ဒဏ်ရာရသွားတယ်လို့ သတင်းအမှားတွေ ဖြန့်ဝေနေကြပါတယ်။

ထို့အတူ စစ်ကောင်စီဟာ စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းမှာ ရခိုင်ပြည် မြေပုံမြို့နယ်က ကမ်းထောင့်ကြီးမြို့ကို လေကြောင်းကနေ ဗုံး လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးတဦးအပါအဝင် ဦးသေဆုံးပြီး ဦးခန့် ဒဏ်ရာရ သွားတယ်လို့ ရခိုင်ဒေသသတင်းတွေကို တင်ဆက်နေတဲ့ Western က ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတာကြောင့် ဒဏ်ရာပြင်းထန်သူတွေဟာ အသက်အန္တရာယ် စိုးရိမ်းနေရတယ်လို့လည်း ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ နာရီ ၄၀ မိနစ်ခန့်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရခဲ့တာရှိတယ်လို့ သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီ ယခုလဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာကြောင့် ဒေသခံပြည်သူအများအပြားထိခိုက်သေဆုံးနေရသလို အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေရပါတယ်။


========================


🚩🚩 ၈။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတားအဆီး ဖြစ်ရတယ်လို့ MNDAA ပြော


စက်တင်ဘာ၂၆ရက်


စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတားအဆီးဖြစ်ရတယ်လို့ ကိုးကန့်တပ် - MNDAA ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၄ နဲ့ ၂၅ ရက် သန်းခေါင်ယံအချိန်မှာ အကြမ်းဖက်စစ်တပ်က လားရှိုးမြို့ကို ဖျက်အားပြင်းဗုံးတွေနဲ့ ရက် ဆက် ကြဲချတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ကိုးကန့်တပ် - MNDAA က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အေးချမ်းတည်ငြိမ်နေတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အရပ်သားအများ‌အပြား‌သေဆုံးခဲ့ရပြီး စာသင်ကျောင်းနဲ့ လူနေအိမ်ကဲ့သို့သော အများပြည်သူပိုင်နေရာတွေနဲ့ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့သူမြို့သားတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရပြီး ဒေသခံပြည်သူတွေရဲ့ နေထိုင်မှုဘဝများ ထိခိုက်ခဲ့ရသလို စစ်ပြီးခေတ် လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း အတားအဆီး ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုးကန့်တပ် - MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီဟာ ဩဂုတ်လ ၃၀ ကနေ စက်တင်ဘာ   ၂၅ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။  

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို MNDAA က ဩဂုတ်လ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်ရေးအရအထိနာနေတဲ့အနေခြအနေမှာ ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုနေပြီး အခုစက်တင်ဘာလအတွင်း ရှမ်းမြောက်၊ ကရင်နီ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ရခိုင်စတဲ့နေရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် အရပ်သားပြည်သူ ရာချီထိခိုက်သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment