၂၀၂၄ စက်တင်ဘာလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက်လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက် သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ "စစ်အာဏာရှင်စနစ်ကနေ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီကိုပြောင်းတဲ့အခါမှာ အာဏာရှင်အငွေ့အသက်တွေကိုအရင်ပျောက်အောင်ဖျောက်ရမှာမျိုးဖြစ်တယ်"လို့ဆို
📌 ၃။ ဥပဒေမဲ့ဖမ်းဆီးမတရားနှိပ်စက်သတ်ဖြတ်ခံရသောပြည်သူ ၄၇၇၄ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်၂ဦး၊ပါတီဝင်၁၀၇ဦးနှင့်အသက်မပြည့်သေးသောကလေးသူငယ်၃၈၁ဦး၊အမျိုးသမီး၆၇၇ဦးတို့ပါဝင်
📌 ၄။ Austin Myanmar Community မှ ဦးစီး ကျင်းပ ပြသခဲ့သည့် သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေရှာ ရုပ်ရှင်ပြသပွဲ မှ စုစုပေါင်း ဒေါ်လာတသောင်းခြောက်ထောင်ကျော်ရရှိခဲ့
📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၉၂) ဦးအထိ ရှိလာ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းပြည်နယ်သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရ
🚩 ၂။ မန္တလေးမြို့ရှိစကစတပ်များကင်းစခန်းရှိရာသို့ယနေ့မနက်ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံရ
🚩 ၃။ လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်အသိပေးနှိုးဆော်ထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက်လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက် သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတပြောကြား
စက်တင်ဘာ၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက်လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက် သင်းသတ်နိုင်ဖို့ အထူး လိုအပ်တယ်လို့ယာယီသမ္မတဒူဝါလရှီးလက စက်တင်ဘာ၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
"မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူလူထုရဲ့ အသက်ကို စတေးပြီး ၄င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့သက်သေ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စမျိုးကိုမဆို စည်းမဲ့ဘောင်မဲ့ လုပ်ဝံ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက်လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက် သင်းသတ်နိုင်ဖို့ အထူး လိုအပ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေကို တိတိကျကျ ပြတ်ပြတ်သားသား တန်ပြန်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်နှင့် စစ်အုပ်စု ဆက်လက် ရှင်သန်နိုင်အောင် ရုန်းကန်ပြီး အသက်စတေး ပေးနေတဲ့ တပ်မတော်သားများ/ မိသားစုဝင်များအနေဖြင့် အမြန်ဆုံး ပြည်သူများနှင့် ပူးပေါင်းဖို့ အချိန်တန်ပြီလို့ယာယီသမ္မတကသတိပေးပြောဆိုပါတယ်။
========================
📌📌 ၂။ "စစ်အာဏာရှင်စနစ်ကနေ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီကိုပြောင်းတဲ့အခါမှာ အာဏာရှင်အငွေ့အသက်တွေကိုအရင်ပျောက်အောင်ဖျောက်ရမှာမျိုးဖြစ်တယ်"လို့ဆို
စက်တင်ဘာ၃ရက်
"စစ်အာဏာရှင်စနစ်ကနေအနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီကိုပြောင်းတဲ့အခါမှာ အာဏာရှင်အငွေ့အသက်တွေကိုအရင်ပျောက်အောင်ဖျောက်ရမှာမျိုးဖြစ်တယ်"လို့ အသွင်ကူးပြောင်းရေးကာလနဲ့ပတ်သက်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ဆိုထားပါတယ်။
"စစ်အာဏာရှင်စနစ်ကနေအနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီကိုပြောင်းတဲ့အခါမှာ အရင်တုန်းကခေတ်အတိုင်း၊အရင်တုန်းကစနစ်အတိုင်း၊အရင်တုန်းကယန္တရားအတိုက်ချက်ခြင်းပြောင်းလို့မရပါဘူး။အဲဒီအငွေ့အသက်တွေကိုပျောက်အောင်ဖျောက်ရမှာမျိုးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ယခင်အာဏာရှင်စနစ်ဟောင်းကချိုးဖောက်ထားတဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေကိုမဖြစ်မနေတရားမျှတမှုဖော်ဆောင်ဖို့လည်းလိုအပ်မယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ ဥပဒေမဲ့ဖမ်းဆီးမတရားနှိပ်စက်သတ်ဖြတ်ခံရသောပြည်သူ ၄၇၇၄ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်၂ဦး၊ပါတီဝင်၁၀၇ဦးနှင့်အသက်မပြည့်သေးသောကလေးသူငယ်၃၈၁ဦး၊အမျိုးသမီး၆၇၇ဦးတို့ပါဝင်
စက်တင်ဘာ၃ရက်
၂၀၂၄ခု နှစ်သြဂုတ်လ၁၅ရက်နေ့အထိ ဥပဒေမဲ့ဖမ်းဆီးမတရားနှိပ်စက်သတ်ဖြတ်ခံရသောပြည်သူ ၄၇၇၄ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်၂ဦး၊ပါတီဝင်၁၀၇ဦးနှင့်အသက်မပြည့်သေးသော ကလေးသူငယ်၃၈၁ဦး၊အမျိုးသမီး၆၇၇ဦးတို့ပါဝင်တယ်လို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်၊ ဒုတိယဗဟိုကော်မတီ ကြားကာလစတုတ္ထအကြိမ် အစည်း
အဝေးသို့ ပေးပို့ခဲ့သော လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၏ အစီရင်ခံစာအရသိရပါတယ်။
ထို့အပြင်အကြမ်းဖက်စစ်ကောင်စီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ရာ စုစုပေါင်း၁၆၅ကြိမ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၄။ Austin Myanmar Community မှ ဦးစီး ကျင်းပ ပြသခဲ့သည့် သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေရှာ ရုပ်ရှင်ပြသပွဲ မှ စုစုပေါင်း ဒေါ်လာတသောင်းခြောက်ထောင်ကျော်ရရှိခဲ့
စက်တင်ဘာ၄ရက်
ဩဂုတ်လ ၂၄ရက် စနေနေ့တွင် Austin Myanmar Community မှ ဦးစီး ကျင်းပ ပြသခဲ့သည့် သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေရုပ်ရှင်ပြသပွဲမှ စုစုပေါင်း ဒေါ်လာ(၁၆,၁၇၅) ဒေါ်လာရရှိခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။
သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ပြသနိုင်ရန် ရုပ်ရှင်ရုံ main sponsor အဖြစ် ထောက်ပို့ကူညီပေးသော Belton, Texas နေ အလှူရှင် မြန်မာမိသားစု နှစ်စုနဲ့ သီးသန့်အလှူငွေ ထည့်ဝင်ပေးကြပါသော အလှူရှင်များ၊ လေလံတင်ပွဲ မှ Auction Winner မြန်မာမိသားစုများ၊Food Fair ဖြစ်မြောက်အောင် မအားလပ်တဲ့ကြားက မြန်မာအစားအသောက်များကို ဖန်တီးပေးသော စားဖိုမှုးများနှင့် ပွဲအတွင်းvolunteers များ၊ အဝေးကလာပြီး ကူညီပံ့ပိုးပေးကြသော Dallas ၊ Houston ၊ San Antonio မှ မိတ်ဆွေများ ၊ ဓာတ်ပုံကူညီရိုက်ကူးပေးသော cameraman နှင့် လာရောက်အားပေးကြတဲ့ တစ်ဦးတစ်ရောက်ချင်းစီတိုင်းကို Austin Myanmar Community မှ ကျေးဇူးအထူးတင်ရှိကြောင်းဆိုထားပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၉၂) ဦးအထိ ရှိလာ
စက်တင်ဘာ၃ရက်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၉၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၂၉၄) ဦးရှိပြီး ထိုအထဲမှ (၂၀၈၂၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၇၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အကြမ်းဖက်စစ်ရှုံးကောင်စီဟာနယ်မြို့များမှာအရပ်သားများကိုဦးတည်ဖမ်းဆီးသတ်ဖြတ်မှုများပိုမိုများပြားလာနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းပြည်နယ်သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရ
စက်တင်ဘာ၃ရက်
ရှမ်းပြည်နယ်သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးပြီး၊(၆၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်လို့ခဲ့တယ်လို့စက်တင်ဘာလအတွင်းPSLF/TNLAက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာသို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက်(၅၂)နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရပါတယ်။
========================
🚩🚩 ၂။ မန္တလေးမြို့ရှိစကစတပ်များကင်းစခန်းရှိရာသို့ယနေ့မနက်ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံရ
စက်တင်ဘာ၃ရက်
မန္တလေးမြို့ရှိစကစတပ်များကင်းစခန်းရှိရာသို့ယနေ့မနက်ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာ ၃ ရက် မနက် ၄ နာရီမှာ တိုက်ခိုက်မှုအသံများစတင်ဖြစ်ပွားတယ်လို့ MDY Revolution ကအတည်ပြုထားပါတယ်။
"ယနေ့နံနက် 4နာရီအချိန် ပစ်ခတ်မှုများတွင် လမ်း၈၀၁၁၁၂လမ်းကြား koreအကြောပြင် တိုက်အပေါ်ဆုံးထပ်သို့ လက်-နက်ကြီးတစ်လုံးကျရောက်ခဲ့ပြီး အမိုးပွင့်ကာ လူထိခိုက်မရှိကြောင်းသိရတယ်"လို့ဆိုပါတယ်။
ဒုတိယတစ်လုံးမှာ အမှတ်၄ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ်ထပ် အုတ်နံရံပျက်စီး လူထိခိုက်မှုမရှိ ၊ တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်-ကွဲခဲ့ကြောင်း နောက်ဆက်တွဲသတင်းရရှိထားတယ်လို့အတည်ပြုဆိုထားပါတယ်။
ယခုပစ်မှတ်များသည် စကစ၏ကင်း နေရာများအား အဓိကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုယူဆမိသောကြောင့် ပြည်သူများအနေဖြင့် စကစနှင့် အနီးဆုံးနေရာများမှ ရှောင်ရှားနေသင့်တယ်လို့ဆိုထားပါတယ်။
========================
🚩🚩 ၃။ လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်အသိပေးနှိုးဆော်ထား
စက်တင်ဘာ၃ရက်
လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်စက်တင်ဘာ၃ရက်မှာ KNDFတပ်ဖွဲ့က တရားဝင်အသိပေးဖော်ပြပါတယ်။
ဩဂုတ်လ(၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများပြားခဲ့၍ ၎င်းတို့ထံမှ ခဲယမ်း မီးကျောက်များ ၊ ကျန်းမာရေးပစ္စည်းများ နှင့် အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့တယ်လို့အတည်ပြုပါတယ်။
ထို့အပြင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်- ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးလှုပ်ရှားရာတွင် ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက်ရှိ အရပ်သားပြည်သူများ၏ နေအိမ် (၄၀)ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မြေပြင်စစ်ရေး အခြေနေများကြောင့် အများပြည်သူများအနေဖြင့် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်KNDFကတိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment