6th SEP 2024 - Morning Daily News by Radio NUG


၂၀၂၄ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အုပ်ချုပ်ရေးထူထောင်မှုကဏ္ဍသာမကဘဲ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးအပ်နိုင်ရေးကိုလည်း ပိုပြီးလုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးMr. Maris Sangiampongsa ထံနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

📌 ၃။ NUGနိူင်ငံခြားရေးဒုဝန်ကြီးနှင့် ARSPHအဖွဲ့တို့ရိုဟင်ဂျာအရေးဆွေးနွေး

📌 ၄။ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့ရှိ ပလပ်စတစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား()ဦး အပြစ်မရှိဘဲအလုပ်ထုတ်ခံရသဖြင့် တိုင်ကြားမှုကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဆို

📌 ၅။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တပ်ဖွဲ့မှ တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီး သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအတွက် လမ်းခင်းပေးနေ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PDF တွေက လူသားတံတိုင်းပြုလုပ်ပြီး တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်စွပ်စွဲ

🚩 ၂။ အမှတ် ()စစ်ဒေသခွဲ လှုပ်ရှားနယ်မြေတွင် သြဂုတ်လအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄၀)ဦး သေဆုံး၊ (၉၅)ဦး ထိခိုက်ဒဏ်ရာရ

🚩 ၃။ စစ်ကောင်စီ၏ ဖိအားပေးမူကြောင့် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ရသည့် ဆင်ကျော့ပြည်သူ့စစ် SSPP/SSA ထံ ပြန်လည်ရောက်ရှိ

🚩 ၄။ ပခုက္ကူမြို့ လေယာဉ်ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာရှိ အထိုင်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့များအား ၀င်ရောက်ပစ်ခတ်၊ စစ်သား ၁၇ဦး သေဆုံး

🚩 ၅။ ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်()ဦး ထပ်မံ အလင်းဝင်

🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ တပ်ကြပ်တစ်ဦး လက်နက်မဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အုပ်ချုပ်ရေးထူထောင်မှုကဏ္ဍသာမကဘဲ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးအပ်နိုင်ရေးကိုလည်း ပိုပြီးလုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


စက်တင်ဘာလ ၅ရက်။

Radio NUG

အုပ်ချုပ်ရေးထူထောင်မှုကဏ္ဍသာမကဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးအပ်နိုင်ရေးကိုလည်း ပိုပြီးလုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၄)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာစေဖို့အတွက် ဆက်လက်စီမံဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။ အုပ်ချုပ်ရေးထူထောင်မှုကဏ္ဍသာမကဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးအပ်နိုင်ရေးကိုလည်း ပိုပြီးလုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါကြောင်း။ ဒါကြောင့် Community Resilience တို့ Human Security တို့နဲ့ဆိုင်တဲ့ ကဏ္ဍတွေဘက်ကိုလည်း ပိုမို အာရုံစိုက်ပြီး ကျွန်တော်တို့ရဲ့ စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ရရှိဖို့ အတူတကွ ကြိုးစားလုပ်ဆောင်ပေးကြပါလို့ "ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၂/၂၀၂၄)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးMr. Maris Sangiampongsa ထံနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


စက်တင်ဘာလ ၅ရက်။

Radio NUG

စက်ဘာဘာ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa ထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်လို့ သတင်းရရှိပါတယ်။


သဝဏ်လွှာထဲမှာ မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုမှာ ထိုင်းနိုင်ငံရဲ့ ကူညီပံ့ပို့ပေးမှုကို အထူးကျေးဇူးတင်ပြီး မြန်မာ့အရေး ဆက်လက်ကူညီပေးဖို့အတွက် ဆိုထားပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရနဲ့တိုင်းရင်းသား မဟာမိတ်တွေ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ NUGနိူင်ငံခြားရေးဒုဝန်ကြီးနှင့် ARSPHအဖွဲ့တို့ရိုဟင်ဂျာအရေးဆွေးနွေး


စက်တင်ဘာလ ၅ရက်။

Radio NUG

NUG နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် ARSPHအဖွဲ့တို့ ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုတွင်တွေ့ဆုံမှုကို ARSPHကအသိပေးဖော်ပြထားပါတယ်။


NUGနိုင်ငံခြားရေးဒုဝန်ကြီးတို့အကြား အရေးကြီးပြီး အပြုသဘောဆောင်သော တွေ့ဆုံမှုဖြစ်တယ်လို့ဆိုထားပါတယ်။


ရခိုင်ပြည်နယ်အတွင်း ပိုမိုဆိုးရွားလာနေသော အကျပ်အတည်းနှင့် ရိုဟင်ဂျာများအပါအဝင် အားလုံး၏အခွင့်အရေးများကို အကာအကွယ်ပေးသည့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်ဆီသို့ ဦးတည်ချက်များကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့ရှိ ပလပ်စတစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား()ဦး အပြစ်မရှိဘဲအလုပ်ထုတ်ခံရသဖြင့် တိုင်ကြားမှုကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဆို


စက်တင်ဘာလ ၅ရက်။

Radio NUG

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့ရှိ ပလပ်စတစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား()ဦး အပြစ်မရှိဘဲအလုပ်ထုတ်ခံရသဖြင့် တိုင်ကြားမှုကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ စက်တင်ဘာ၅ရက် NUGအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြပါတယ်။


ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့ရှိ ပလပ်စတစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား()ဦး အားအပြစ်မရှိဘဲအလုပ်ထုတ်ခံရသဖြင့် တိုင်ကြားလာမှုအား လက်ခံစစ်ဆေးပြီး MHAC အဖွဲ့နှင့်အတူ ထိုက်သင့်သည့် လုပ်အားခများ၊ နစ်နာကြေးများနှင့် လျော်ကြေးများရရှိစေရန်အတွက်စမွတ်ပရာကန်မြို့နယ် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၅။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တပ်ဖွဲ့မှ တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီး သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအတွက် လမ်းခင်းပေးနေ


စက်တင်ဘာလ ၅ရက်။ 

Radio NUG

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တပ်ဖွဲ့မှ တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီး သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအတွက် လမ်းခင်းပေးနေကြောင်း Shan State Frontline Investment Monitor (SSFIM)မှ သတင်းထုတ်ပြန်ပါတယ်။


UWSA တပ်ဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်ကို လွန်ခဲ့သော လကတည်းက ဖယ်ရှားကာ တန့်ယန်းမြို့မြောက်ဘက်ခြမ်းကို ထိန်းချုပ်ခဲ့ပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှ သံလွင်မြစ်ထဲသို့ စီး၀င်သည့် မြစ်လက်တက်ဖြစ်သည့် နမ့်မမြစ်ပေါ်တွင် တည်ဆောက်နေသော ၂၂၅ မဂ္ဂ၀ပ်ရှိ မန်တုံ ရေကာတာစီမံကိန်းနှင့် မျက်နှာခြင်းဆိုင် သံလွင်မြစ်အနောက်ဘက်ကမ်းကို ထိန်းချုပ်နေရာယူထားတယ်လို့ ဖော်ပြထားပါတယ်။


ရေကာတာနှစ်ခုလုံးနှင့် ပတ်သက်သော နားလည်မှုစာချွန်လွှာကို ၂၀၀၉ ခုနစ်ဒီဇင်ဘာလတွင် တရုတ်ဒုသမ္မတ ရှီကျင်းဖျင့် နေပြည်တော်သို့လာရောက်စဥ်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူ ညီမှုစာချုပ်ကို ၂၀၁၄ ခုနစ်မေလ သိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ကာ နောင်ဖာ ရေကာတာစီမံကိန်း ရှေ့ဆက်လုပ်ဆောင်မှုကို ပြည်သူလူထုမှ ပြင်းပြင်းထန် ဆန့်ကျင်ခဲ့ကြသော်လည်း UWSA တပ်ဖွဲ့သည် ၄င်းတို့ ထိန်းချုပ်ရာဒေသတွင် မန်တုံ ရေကာတာစီမံကိန်းကို တိတ်တဆိတ် တည်ဆောက်ခွင့်ပြုနေသည်ကို  ဂြိုလ်တုမြေပုံများ၏ ပြသချက်အရ နမ့်မ မြစ်ကမ်း နှစ်ဘက်လုံးတွင် ရေကာတာဖောင်ဒေးရှင်း တည်ဆောက်ရန် စီစဥ်နေမှုများကို တွေ့ရကြောင်း၊


လူမှုသဘာ၀ပတ်၀န်းကျင်စစ်တမ်း(ESIAs) ကို သြစတေးလျအခြေစိုက် Snowy Mountains Engineering Corporation – SMEC မှ ထုတ်ပြန်ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂၀၁၇ စစ်တမ်းအရ ESIAs အစီရင်ခံချက်များကို တစ်ကြိမ်တစ်ခါမှ မြန်မာသယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနသို့ တင်သွင်းခဲ့ခြင်းမရှိဘဲ SMEC Holdings သည် ယခုအချိန်အထိ အဆိုပါ စီမံကိန်းနှစ်ခုလုံး၏ တရား၀င်အဆက်အသွယ်အဖြစ် စာရင်းရှိနေဆဲ ဖြစ်ကြောင်း၊


သြဂုတ်လ ဒုတိယပတ်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးသည် နောင်ဖာ ရေကာတာစီမံကိန်းနေရာသို့ လာရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


နောင်ဖာရေကာတာနှင့်ပတ်သက်၍ စိုးရိမ်ချက်များတွင် ဆည်ရေလှောင်ကန်အတွင်းရှိ ရေအလေးချိန်ကြောင့် မြေငလျင်အန္တရာယ် ဖြစ်ပေါ်လာနိုင်ပြီး ရေကာတာနေရာသည် များပြားသော ပြတ်ရွေ့ကြောများအနီးတွင် တည်ရှိတယ်လို့ သိရပါတယ်။


အခြားစိုးရိမ်စရာတစ်ခုမှာ ရေကြီးရေလျှံမှုများကြောင့် ဆည်မှ ရေများ ရုတ်တရက် စွန့်ထုတ်ရန် လိုအပ်လာပြီး မြစ်အောက်ပိုင်းတွင် အန္တရာယ်ရှိသော ရေလွမ်းမိုးမှုများကို ဖြစ်ပေါ်စေနိုင်ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ရှမ်းပြည်၏ မကြုံစဖူး ရေလွမ်းမိုးမှုများမှာ ၄င်းစိုးရိမ်မှုကို မီးမောင်းထိုးပြနေတယ်လို့ ဖော်ပြထားပါတယ်။


တရုတ်အနေဖြင့် သံလွင်ရေကာတာစီမံကိန်းများအပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကို ဂရုပြုကာ မြန်မာပြည်အရှေ့ပိုင်း၏ အဓိက အသက်သွေးကြောပေါ်တွင် ဆည်ဆောက်ရန် စီစဥ်နေမှုများကို လျင်မြန်စွာ ပယ်ဖျက်သင့်ကြောင်း၊ စင်္ကာပူနိုင်ငံအနေဖြင့်လည်း Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနှင့် မန်တုံရေကာတာစီမံကိန်း နှစ်ခုလုံးတွင် ပါ၀င်နေမှုအား အမြန်ရပ်တန့်သင့်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ PDF တွေက လူသားတံတိုင်းပြုလုပ်ပြီး တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်စွပ်စွဲ


စက်တင်ဘာလ ၅ရက်။

Radio NUG

တော်လှန်ရေးအင်အားစုတွေဟာ မြို့ရွာတွေမှာ လူသားတံတိုင်းပြုလုပ်ပြီး အကာအကွယ်ယူတိုက်ခိုက်နေကြောင်း၊ KNDF အဖွဲ့နဲ့ PDF တွေရဲ့တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးရတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွိုင်ကော်မြို့ခရီးစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ပြည်သူများအနေနဲ့ ၎င်းတို့ သက်ဆိုးရှည်စေမယ့် ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုပြီး သောင်းကျန်းသူများအနေဖြင့် မြို့ရွာများရှိ ပြည်သူလူထုများ၏ နေအိမ်များ၌ ဝင်ရောက်နေထိုင်၍ အကာအကွယ်ယူ တိုက်ခိုက်ကြခြင်းဖြစ်တယ်လို့ မင်းအောင်လှိုင်က စွပ်စွဲပြောကြားခဲ့တာပါ။


တောင်ကြီးခရီးစဉ်မှာလည်း မင်းအောင်လှိုင်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူကာ နယ်မြေတွေ ချဲ့ထွင်နေတာလို့ စွပ်စွဲခဲ့ပါတယ်။


မင်းအောင်လှိုင် ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ၁၂၀ မမ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်ရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုထားပြီး စစ်ခေါင်းဆောင်ရဲ့ လွိုင်ကော်ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ စက်တင်ဘာလ ရက်နဲ့ ၅ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခံမြို့ အနီးတဝိုက်မှာ နှစ်ရက်ဆက် တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ဦးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတချို့က ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ အမှတ် ()စစ်ဒေသခွဲ လှုပ်ရှားနယ်မြေတွင် သြဂုတ်လအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄၀)ဦး သေဆုံး၊ (၉၅)ဦး ထိခိုက်ဒဏ်ရာရ


စက်တင်ဘာလ ၅ရက်။ 

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ် ()စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိ တပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း (၂၀) တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များ ထိတွေ့မှုပေါင်း (၃၂)ကြိမ်ဖြစ်ပွါးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ()စစ်ဒေသခွဲမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၄၀)ဦးသေဆုံးပြီး (၉၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်အမျိုးအစားအစုံအလင် အလက်ပေါင်း (၃၀) ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော် ()ဦးကျဆုံးခဲ့ကာ ()ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၈)ဦးသေဆုံးကာ (၃၆) ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


တိုက်ခိုက်မှုများကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တပ်များ ပူးတွဲပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီ၏ ဖိအားပေးမူကြောင့် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ရသည့် ဆင်ကျော့ပြည်သူ့စစ် SSPP/SSA ထံ ပြန်လည်ရောက်ရှိ


စက်တင်ဘာလ ၅ရက်။ 

Radio NUG

စက်တင်ဘာလ ရက် နံနက်ပိုင်းတွင် SSPP/SSA တပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည်ရောက်ရှိလာကြသည့် ဆင်ကျော့ဌာနေ ပြည်သူ့စစ်များအား ဝမ်းမြောက်ကြိုဆိုသည့် အခမ်းအနားကို ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဦးဆောင်ပြီး ဝမ်ဟိုင်းဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားမှာ SSPP/SSA နာယက()ဗိုလ်ချုပ်ကြီး ဆေထင်မှ အခမ်းအနားအဖွင့်အမှာစကား ပြောကြားပြီး ဆင်ကျော့ပြည်သူ့စစ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး လွယ်မောဝ်းမှ ယခင် ၂၀၁၀ ခုနှစ်အချိန်တွင်  အခြေအနေအမျိုးမျိုးကြောင့် SSA တပ်မဟာ ()မှ ဆင်ကျော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရခြင်းအကြောင်း လက်ရှိအချိန်မှစ၍ ဆင်ကျော့ဌာနေ ပြည်သူ့စစ်မှ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်အဖြစ် သတ်မှတ်အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။


မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည်ရောက်ရှိလာကြသည့် ဆင်ကျော့ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို SSPP/SSA မှ ဆုတော်ငွေ ကျပ်သိန်း ၄၀၀ ကျော် ချီးမြင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆင်ကျော့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် စစ်ကောင်စီ၏ ဖိအားပေးမူကြောင့် မလွဲမရှောင်တာ ရှမ်းပြည်တပ်မတော် SSA မှ စစ်တပ်လက်အောက်ခံ ဆင်ကျော့ဌာနေ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ရသည့် တပ်ဖွဲ့ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူမြို့ လေယာဉ်ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာရှိ အထိုင်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့များအား ၀င်ရောက်ပစ်ခတ်၊ စစ်သား ၁၇ဦး သေဆုံး


စက်တင်ဘာလ ၅ရက်။ 

Radio NUG

စက်တင်ဘာလ ရက်နေ့ နေ့လယ် ၁၁:၃၀ မိနစ်အချိန်တွင် ပခုက္ကူမြို့ လေယာဉ်ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာတွင် အင်အား ရာဂဏန်းနီးပါးဖြင့် တပ်စွဲထားသော ကျေးရွာဘုန်းကြီးကျောင်း စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Southern YSO PDFမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဦး မျက်မြင်သေဆုံးအောင် ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဆေးရုံရောက်ရှိတယ်လို့ သိရပါတယ်။


PDF ရဲဘော်များမှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ယောက် ရရှိခဲ့ပြီး အောင်မြင်စွာ တပ်ဆုတ်နိုင်ခဲ့ကာ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့မှ ၁၇ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။


စခန်းသိမ်း မစ်ရှင် ပြုလုပ်ခဲ့သော်လည်း ပွဲသိမ်းအခြေအနေအတွင်း ဆုံးဖြတ်ချက်တစ်ခုကြောင့် အောင်မြင်စွာ နောက်ဆုတ်ခဲ့တယ်လို့ ဆိုထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG) ဒေါင်းသွေးနီ၊ ပြည်သူ့အားမာန်၊ King Cobra စတဲ့ မဟာမိတ်ညီနောင်များမှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်()ဦး ထပ်မံ အလင်းဝင်


စက်တင်ဘာလ ၅ရက်။ 

Radio NUG

ချင်းပြည်နယ် ဟားခါးမြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်()ဦးသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ထံသို့ အလင်းဝင်လာကြောင်း Chinland Defense Force-Hakha မှ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ရက်နေ့ ညနေပိုင်းက ဟားခါးမြို့က ရဲတပ်သားတစ်ဦးအလင်းဝင်လာကြောင်း ကြေငြာခဲ့ပြီးနောက် စက်တင်ဘာလ ရက်နေ့မှာလည်း ယမန်နေ့က နောက်ထပ် အလင်းဝင်လာသူတစ်ဦးကို ထပ်မံကြေညာလာတာ ဖြစ်ပါတယ်။


လက်နက်ယူဆောင်၍ အလင်းဝင်လာသူကို CDF-Hakha မှ ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သလို စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် အလင်းဝင်လိုပါက ကောင်းမွန်စွာ လက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်းနှင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း CDF-Hakha  ကသတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ တပ်ကြပ်တစ်ဦး လက်နက်မဲ့ အလင်းဝင်


စက်တင်ဘာလ ၅ရက်။ 

RadioNUG

စက်တင်ဘာလ ၅ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ လက်နက်မဲ့ အလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီ ရေတပ်၊ အမှတ်() ဗျူဟာစစ်ရေယာဉ်စု (မော်လမြိုင်)(ဟိန်းဇဲဒေသ)မှ တပ်ကြပ်ညီညီလွင်သည် လက်နက်မဲ့ အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ သတင်းထုတ်ပြန်ပါတယ်။


တပ်ကြပ်ညီညီလွင်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

 

လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment