10th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအောင်မြင်စွာ ဖွဲ့စည်းနိုင်သည့်အပေါ်  ပြည်ထောင်စုဝန်ကြီးချုပ်က ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ 

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနတို့အကြား ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မယ် 

📌 ၃။ စစ်ကိုင်းတိုင်းဒေသအတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံ ပြည်သူလူထုများအတွက် မြေဆီလွှာ အိတ် (၃၀၀) ကျော်ကို သက်သာ ချောင်ချိသည့် ဈေးနှုန်းများဖြင့် ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန အသိပေး 

📌 ၄။ ထိုင်းအစိုးရရဲ့မြန်မာအရေး ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုသော်လည်း မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒအပေါ် အခြေခံဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဒုဝန်ကြီးပြော 

📌 ၅။ လားရှိုး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူများရဲ့ မိသားစုများကို MNDAA ထောက်ပံ့ 

📌 ၆။ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ () ရွာအား ဆန်အိတ်အပိုင်း (၃၀၀) နှင့် ငွေသား ကျပ်သိန်း (၅၀၀) MDY-PDF မတည် လှူဒါန်း 

📌 ၇။ သာစည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်တပ်က ဖျက်ဆီးပြီး ရွှေ့ယူသွား 

📌 ၈။ မိုးကုတ်မြို့နယ် ပြည်သူများထံ NUG ရဲ့ ပံပိုးမှုဖြင့် စစ်သတင်းလွှာ ဖြန့်ဝေ 

📌 ၉။ အောက်တိုဘာလ () ရက်နေ့မှ () ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး နှင့် အမျိုးသား စုစုပေါင်း () ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ 


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာ စကစရဲ့ထုနဲ့ခံခဲ့တဲ့ ခုခံမှုကို NUG တပ်ဖွဲ့တွေက နိုင်အောင်တိုက်နိုင် သိမ်းနိုင်ပြီ ဆိုတဲ့ အာမခံချက်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား 

🚩 ၂။ ဒီပဲယင်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် () ကြိမ် ဗုံးကြဲ 

🚩 ၃။ ရှမ်းပြည်နယ် မိုင်းရယ်နဲ့ ချင်းပြည်နယ် ဖလမ်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ () ဦး သေဆုံး 

🚩 ၄။ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအဖ နှစ်ဦး သေဆုံး 

🚩 ၅။ ရေတာရှည်မြို့နယ်တွင် PDF ရဲဘော် () ဦး ပစ်သတ်ခံရပြီး () ဦး ဖမ်းဆီးခံရ 

🚩 ၆။ တအောင်းဒေသတွင် တရားဥပဒေ စိုးမိုးရေး (အခြေခံ ပုလိပ်သင်တန်း) သင်တန်းဆင်းပွဲပြုလုပ် 

🚩 ၇။ စစ်အုပ်စုဟာ အခိုင်အမာခံစစ်ယူထားတဲ့ မြို့တွေကိုပါ ခုခံနိုင်ခြင်းမရှိတော့ဘဲ စစ်တိုက်လိုစိတ်ကိုပင် ပင်လည်ဘူး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက ရိုက်ချိုးနိုင်လိုက်ပြီ ဖြစ်တယ်လို့ PDF Insight ဆို 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအောင်မြင်စွာ ဖွဲ့စည်းနိုင်သည့်အပေါ်  ပြည်ထောင်စုဝန်ကြီးချုပ်က ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ 


မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာလ () ရက်‌မှာ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) က အသိပေးဖော်ပြလိုက်ပါတယ်။

အဆိုပါ လုပ်ငန်းကော်မတီအောင်မြင်စွာ ဖွဲ့စည်းနိုင်သည့်အပေါ်  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 

မန္တလေးဒေသတွင် တော်လှန်ရေးကာလအတွင်း အဓိက လိုအပ်နေသော ကြားကာလအစီအမံတစ်ရပ်ကို ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှု၊ ယုံကြည်မှုတို့ကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ပေါင်းစည်းဆောင်ရွက်နိုင်မှု ရလဒ်၏ ပထမ ခြေ လှမ်းအဖြစ် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေး ဆွဲရေး လုပ်ငန်းကော်မတီတစ်ရပ်အား အောင်မြင်စွာ အတည်ပြု ဖွဲ့စည်းနိုင်သည့်အပေါ် များစွာ ကြိုဆိုဂုဏ်ပြုပါကြောင်း အလေးအနက်ဖော်ပြအပ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကော်မတီက ရေးဆွဲမည့် ကြားကာလ အစီအမံသည် မန္တလေးဒေသအတွက် တော်လှန်ရေးကာလ၏ ရှေ့ဆောင်လမ်းပြ မြေပုံဖြစ်သကဲ့သို့ အသွင်ကူးပြောင်းရေးကာလ၏ လမ်းစ လည်း ဖြစ်လိမ့်မည်ဟု ယုံကြည်ယူဆပြီး နောက်ခံအကြောင်းတရား မတူညီကြသည့် တော်လှန် ရေးအင်အားစုများသည် ယုံကြည်ရာ နိုင်ငံရေးအယူဝါဒ အသီးသီးကို ကိုင်စွဲလျက် ကြားကာလ အစီအမံရေးဆွဲရာတွင် ပါဝင်ဆွေးနွေးကြမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ဒေသအကျိုး၊ ဒေသရှိ ပြည်သူလူထု အားလုံးတို့၏ အကျိုးကိုသာ ရှေးရှုဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ဒေသအလိုက် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြု၍ တော်လှန်ရေးအင်အားစုများ အားလုံး စုစည်းညီညွတ်စွာ ပါဝင်ပြီး အသီးသီးထွက်ပေါ်လာကြမည့် နိုင်ငံရေးအစီအမံများကိုလည်းကောင်း၊ ယင်းနိုင်ငံရေးအစီအမံများကို တာဝန်ခံကာ စုဖွဲ့ပေါ်ပေါက် လာမည့် ဒေသကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းများ၊ ဒေသအစိုးရများကိုလည်းကောင်း အားပေး ကြိုဆိုလျက် ရှိပါကြောင်းနှင့် မန္တလေးဒေသတွင် ကြားကာလ နိုင်ငံရေးအစီအမံတစ်ရပ် ထွက်ပေါ် လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် မန္တလေးဒေသမှ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများ၊ တာဝန်ရှိသူများနှင့် ပြည်သူလူထုအပေါင်းကိုလည်း ဂုဏ်ပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ ဖော်ပြထားပါတယ်။       

မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများသည် မိမိတို့ မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှု၊ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေး လုပ်ငန်းအစီအစဉ်ကို လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ ရက်စွဲဖြင့် အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့ သိပါတယ်။ 

၎င်းလုပ်ငန်းအစီအစဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် မန္တလေးဒေသကိုယ်စားပြု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြားတွင် အချိန်တခုယူကာ အကြေအလည် ညှိနှိုင်းဆွေးနွေး၊ သဘောတူခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ကို လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ကိုယ်စားလှယ် - ၁၂ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦး၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာ အဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့ ကိုယ်စားလှယ်၁၅ ဦး၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍအစုအဖွဲ့ ကိုယ်စားလှယ် - ဦး၊ လူနည်းစု လူမျိုးများ အစုအဖွဲ့ကိုယ်စားလှယ် - ဦး၊ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အစုအဖွဲ့ - ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနတို့အကြား ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မယ် 


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနတို့အကြား ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မယ်လို့ အောက်တိုဘာ ၈ရက် ချင်းပြည်အစိုးရက တရားဝင်သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဒုဝန်ကြီး ဂျာထွယ်ပန်တို့က တွေ့ဆုံပွဲအစည်းအဝေးအား တက်ရောက်ခဲ့ပြီး ချင်းပြည်အစိုးရဘက်က ဝန်ကြီးချုပ် ဦးပါထန်းနဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။

ထို့နောက် အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ပေါ်ပေါက်လာရန်နဲ့ အခြေခံပညာပြီးဆုံးကြောင်းစစ်ဆေးအကဲ ဖြတ်ခြင်း၊ ဆရာအတတ်ပညာကဏ္ဍ၊ အဆင့်မြင့်ပညာနဲ့ သက်မွေးပညာကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်းဒေသအတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံ ပြည်သူလူထုများအတွက် မြေဆီလွှာ အိတ် (၃၀၀) ကျော်ကို သက်သာ ချောင်ချိသည့် ဈေးနှုန်းများဖြင့် ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန အသိပေး 


အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြေပြင်လုပ်ငန်းစီမံချက်များ ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထု သက်သာချောင်ချိရေး အစီအစဉ်နှင့် ကျေးရွာအခြေပြု မိသားစု မွေးမြူရေးကဏ္ဍ အစီအစဉ် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိတယ်လို့ ဖော်ပြပါတယ်။ 

ဝန်ကြီးဌာန၏ ပြည်သူလူထု သက်သာ ချောင်ချိရေး အစီအစဉ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသ အတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံ ပြည်သူလူထုများအတွက် မြေဆီလွှာ အိတ် (၃၀၀) ကျော်ကို သက်သာ ချောင်ချိသည့် ဈေးနှုန်းများဖြင့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျေးရွာအခြေပြု မိသားစု မွေးမြူရေးကဏ္ဍ အစီအစဉ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသအတွင်းရှိ မြို့နယ်()ခုတွင် ကြက်မွေးမြူရေးလုပ်ငန်းအတွက် တမြို့နယ်လျှင် ကျေးရွာ()ရွာ၊ ကျေးရွာတစ်ရွာလျှင် (၁၀)အိမ်ထောင်စုနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ကြက်အကောင်ရေ (၁၀)ကောင်နှင့် ကြက်စာ () လစာအတွက် တစ်သိန်းနှစ်သောင်းကျပ်ကို ထောက်ပံ့ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ထိုင်းအစိုးရရဲ့မြန်မာအရေး ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုသော်လည်း မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒအပေါ် အခြေခံဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဒုဝန်ကြီးပြော 


ထိုင်းအစိုးရရဲ့ မြန်မာအရေးအပေါ် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုသော်လည်း မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒအပေါ် အခြေခံဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက Radio NUG ကို တရားဝင် ပြောကြားထားပါတယ်။ 


(ဦးမိုးဇော်ဦးအသံဖိုင်) 


ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံက ဦးဆောင်မယ်လို့ ပြောကြားထားပါတယ်။


========================


📌📌 ၅။ လားရှိုး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူများရဲ့ မိသားစုများကို MNDAA ထောက်ပံ့ 


အောက်တိုဘာ () ရက် နံနက် () နာရီတွင် လားရှိုးမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် သေဆုံးသူ သုံးဦး နေအိမ်များသို့ သွားရောက်ခဲ့ပြီး နှစ်သိမ့်အားပေးကာ ထောက်ပံ့ကူညီမှုများ ပေးခဲ့တယ်လို့ MNDAA မှ သတင်းထုတ်ပြန်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ မိသားစု တစ်စုစီတိုင်းကို ငွေကျပ် (၁၅) သိန်း၊ ဆန်တစ်အိတ်နှင့် စားသုံးဆီ တစ်ပုံးစီ ပေးခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူ () ဦး သေဆုံးပြီး အရပ်သား (၁၀၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာများသို့ အလျင်အမြန်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆုံးရှုံးမှု မများစေရန် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ () ရွာအား ဆန်အိတ်အပိုင်း (၃၀၀) နှင့် ငွေသား ကျပ်သိန်း (၅၀၀) MDY-PDF မတည် လှူဒါန်း 


သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ () ရွာအား ဆန်အိတ်အပိုင်း(၃၀၀)နှင့် ငွေသား ကျပ်သိန်း(၅၀၀) မတည် လှူဒါန်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အောက်တိုဘာလ () ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။ 

သပိတ်ကျင်းမြို့နယ်ရှိ ဝက်သေကျေးရွာ ဖက်ရှည်ကျေးရွာ ကွင်း (၃၀) ကျေးရွာ ရေထွက်ကျေးရွာ လိပ်ကျကျေးရွာ နှင့် လက်ပံပြန့်ကျေးရွာတို့မှ လတ်တလော လိုအပ်ချက်ရှိသော အခြေခံလူတန်းစား  အိမ်ထောင်စုတစ်စုလျှင် ဆန် () ပြည်နှင့် ငွေသား (၅၀၀၀၀) ကျပ်နှုန်း ပေးအပ်လှူဒါန်းသွားရန် လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် သပိတ်ကျင်းမြို့နယ်ရှိ အခြားသော ကျေးရွာများမှ အခြေခံလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆက်လက်လှူဒါန်းနိုင်ရန် ကြိုးစားဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ သာစည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်တပ်က ဖျက်ဆီးပြီး ရွှေ့ယူသွား 


မန္တလေးတိုင်း၊ သာစည်မြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ဗိုလ်ချုပ်ရင်ပြင်ကို အောက်တိုဘာလ () ရက်နေ့ နံနက် () နာရီဝန်းကျင်မှာ မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရုပ်တုကို သယ်ဆောင်သွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။

စစ်တပ်က ဖျက်ဆီး သယ်ဆောင်ချိန်တွင် သာစည်မြို့ကို မီးဖြတ်ထားပြီး ဗိုလ်ချုပ်ကြေးရုပ်ကို စစ်ကားဖြင့်  ခမရ - ၄၁၉ ထဲသို့ သယ်ဆောင်သွားကာ သယ်ဆောင်ပြီးချိန် မနက် () နာရီမှာ မီးပြန်ပေးတယ်လို့ သိရပါတယ်။

သာစည်မြို့ စည်သာပန်းခြံဝင်းအနီး မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေးတွင် အလျား (၆၃) ပေ၊ အနံ (၅၇) ပေရှိ ရင်ပြင်တွင် အလေးချိန် ကြေးချိန်ပိဿာ (၄၅၀) အမြင့်ကိုးပေရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို (၂၀၁၉) ခုနှစ် ဇန်နဝါရီ () ရက်နေ့တွင် စိုက်ထူခဲ့ပြီး ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားကို (၁၀၄) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါတယ်။


========================


📌📌 ၈။ မိုးကုတ်မြို့နယ် ပြည်သူများထံ NUG ရဲ့ ပံပိုးမှုဖြင့် စစ်သတင်းလွှာ ဖြန့်ဝေ 


တော်လှန်‌ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နေ ပြည်သူများထံကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီစဉ်ပံ့ပိုးမှုဖြင့် စစ်သတင်းလွှာတွေ ဖြန့်ဝေပေးလျက် ရှိတယ်လို့ .က. အသံက ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ စိုးမိုးနယ်မြေ အတွင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ- ကြောင့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက် နေမှုတွေကို ဒေသခံပြည်သူတွေ အချိန်နဲ့ တပြေးညီ သိရှိ နိုင်စေဖို့၊ သတင်းအချက်အလက်တွေ ပုံမှန်ရရှိ နေစေဖို့ စစ်သတင်းလွှာတွေကို အပတ်စဉ် ထုတ်ဝေဖြန့်ချီနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ ၎င်းစစ်သတင်းလွှာတွေကို မိုးကုတ်မြို့နေ ပြည်သူများထံ အပတ်စဉ် စောင်ရေ နှစ်ရာခန့် စတင်ဖြန့်ဝေနေတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၉။ အောက်တိုဘာလ () ရက်နေ့မှ () ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး နှင့် အမျိုးသား စုစုပေါင်း () ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ 


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့မှ () ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မ များဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၅) ဦး စုစုပေါင်း (၁၉) ဦး ရှိပြီး အဆိုပါ အရေအတွက်တွင် အသက် ၁၈ နှစ်အောက် ထောင်ဒဏ် ချမှတ်ခံရသူ () ဦး ပါဝင်ကာ ထောင်ဒဏ်ချမှတ်ခံရသူ (၁၇) ဦးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်တယ်လို့ သိရပါတယ်။

၎င်း (၁၉) ဦးတွင် အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ချမှတ်ခံရကာ ထောင်ဒဏ် (၁၀) နှစ်နှင့်အထက် ချမှတ်ခံထားရသူ () ဦး၊ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ () ဦးနှင့် သေဒဏ်ချမှတ်ခံထားရသူ () ဦး ပါဝင်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေ RADIO NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာ စကစရဲ့ထုနဲ့ခံခဲ့တဲ့ ခုခံမှုကို NUG တပ်ဖွဲ့တွေက နိုင်အောင်တိုက်နိုင် သိမ်းနိုင်ပြီ ဆိုတဲ့ အာမခံချက်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား 


ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာစကစရဲ့ ထုနဲ့ခံခဲ့တဲ့ ခုခံမှုကို NUG တပ်ဖွဲ့တွေကနိုင်အောင်တိုက်နိုင် သိမ်းနိုင်ပြီ ဆိုတဲ့ အာမခံချက်ဖြစ်တယ်လို့ပြည်ထဲ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အောက်တိုဘာလ () ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ပြောကြားလိုက်ပါတယ်။

"ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာ စကစဘက်က အင်အား (၁၀၀၀) နီးပါးကို လေကြောင်းကနေစစ်ကူ အကြိမ်ကြိမ်ချပေးပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာချီ (ဗုံး အလုံးရေ ၃၀၀၀ ခန့် လို့ သတင်းရ) တိုက်ခိုက်ပြီး () လနီးပါးအပြင်းအထန် ခုခံခဲ့တဲ့တိုက်ပွဲ ဖြစ်ပါတယ်။စကစက ဒီလောက်ပြင်းပြင်းထန်ထန် အသေအလဲ ခုခံမှုကို PDF အဓိကအင်အားနဲ့ဦးဆောင်ပြီ ပကဖ၊ ပလဖ စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ကွပ်ကဲရေးမှူး ဒူကပါရဲ့ဦးဆောင်မှုနဲ့ ကြံကြံခိုင်ခိုင် အောင်ပွဲခံနိုင်အောင်် တိုက်ခိုက်ခဲ့ကြခြင်းဟာ သမိုင်းဝင်တိုက်ပွဲကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သလို စကစရဲ့ထုနဲ့ခံခဲ့တဲ့ ခုခံမှုကို NUG တပ်ဖွဲ့တွေဟာ နိုင်အောင်တိုက်နိုင် သိမ်းနိုင်ပြီ ဆိုတာဟာ အောင်ပွဲအတွက် အာမခံချက်လည်း ဖြစ်ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် အသက်စွန့်သွားကြတဲ့ သူရဲကောင်းတွေနဲ့ ရဲဝံ့စွန့်စားတိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်တွေကို ကွပ်ကဲမှုပေးခဲ့တဲ့ ဒူကပါတို့ကိုလည်းဦးညွတ်ဂုဏ်ပြုတယ်လို့ ဝန်ကြီးက ပြောပါတယ်။


========================


🚩🚩 ၂။ ဒီပဲယင်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် () ကြိမ် ဗုံးကြဲ 


ဒီပဲယင်းမြို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် () ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း People's Defense Comrade မှ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ () ရက်နေ့ ညနေ () နာရီ (၁၃) မိနစ်၊ (၁၅) မိနစ်၊ (၁၇) မိနစ်၊ (၁၉) မိနစ်၊ (၂၀) မိနစ်၊ (၂၁) မိနစ်၊ (၂၃) မိနစ်၊ (၂၄) မိနစ်နှင့် (၂၆) မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က  ဒီပဲယင်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးက တက်လာသည့် K-8W ဖိုက်တာ () စီးဖြင့် ဗုံး () ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်တာကြောင့် စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့တွင်းမှာ စစ်သားတွေ မီးရှို့ထားတာတွေနှင့် လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူပိုင် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု များပြီး မြို့တွင်းမှာ စစ်တပ် အထိုင်ချထား၍ နေအိမ် ဘယ်လောက်ပျက်စီးထားတယ်ဆိုတာ တိတိကျကျမသိရသေး‌ကြောင်းနှင့် မည်သူမှထိခိုက်မှုမရှိပါကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ရှမ်းပြည်နယ် မိုင်းရယ်နဲ့ ချင်းပြည်နယ် ဖလမ်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ () ဦး သေဆုံး 


ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့အနီး ရှန်တော်ရွာက သံတောင်ဦးသကြားစက်ရုံကို စစ်ကောင်စီက လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ဒေသခံ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာလ () ရက်နေ့ မနက် () နာရီခန့်မှာ အဆိုပါ သကြားစက်ရုံကို ဗုံး () လုံး ကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရခဲ့သူတွေကိုတော့ ကျေးသီးဆေးရုံဘက်ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။  

အဆိုပါ သကြားစက်ရုံဟာ သံတောင်ဦး ကုမ္ပဏီပိုင် သကြားစက်ရုံဖြစ်ပြီး ထိခိုက်သေဆုံးခဲ့ သူတွေဟာ စက်ရုံဝန်ထမ်းတွေ ဖြစ်ပြီး အဆောက်အဦး ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့ အနီးက ကျေးရွာ () ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား () ဦး သေဆုံးခဲ့ရတယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) က ဆိုပါတယ်။

စက်တင်ဘာလ () ရက်နေ့ နေ့လယ် () နာရီ ဝန်းကျင်မှာ အဆိုပါ ကျေးရွာ () ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး တောင်ယာ လုပ်ကိုင်နေတဲ့ အသက် (၅၆) နှစ် အရွယ် Biak Kip Ceu ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကာ ကလေးငယ်တချို့ ဒဏ်ရာရခဲ့ပါတယ်။

ထို့အပြင် နေ့လယ် () နာရီ ဝန်းကျင်မှာလည်း ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီရဲ ခလရ - ၂၆၈ တပ်ကနေ ကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအဖ နှစ်ဦး သေဆုံး 


မူတြော်ခရိုင်၊ ဘူးသိုမြို့နယ် ဒေးလော်ပူတွင် (၂၀၂၄) ခုနှစ် အောက်တိုဘာလာ () ရက်နေ့ ညနေ (၃း၃၀) အချိန် အကြမ်းဖက် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံး () လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ သားအဖ နှစ်ဦး သေဆုံးသွားကြောင်း ‌KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။

စောဖားနူး (၂၅) နှစ် နှင့် သူ၏ သမီးဖြစ်သူ နော်မုနော် () နှစ်တို့ သေဆုံးခဲ့ရပြီး နော်ဖိုးငယ် (၁၄) နှစ်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ညနေ () နာရီအချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ အနန်းကွင်း၊ သံပရာ၊ ဝင်းခန၊ တိုခေါဖူးနှင့် ကျောက်ဘီလူးတို့မှ ပြည်သူများသည် တိုက်ပွဲများကြောင့် () လကျော်ကြာ ကြက်ချော (ကြက်ခြံ) ရွာသို့ သွားရောက်စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ရှောင်များ နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေပြီး စားနပ်ရိက္ခာဆေးဝါးများလည်း လိုအပ်နေသည်ဟု စစ်ရှောင်များမှ ပြောဆိုထားပါတယ်


========================


🚩🚩 ၅။ ရေတာရှည်မြို့နယ်တွင် PDF ရဲဘော် () ဦး ပစ်သတ်ခံရပြီး () ဦး ဖမ်းဆီးခံရ 


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဇရစ်စမ်း ကျေးရွာအနီးနဲ့ ချောင်းမကျည်းဆည် အနီးမှာ အလုပ်ကိစ္စသွားတဲ့ PDF ရဲဘော် () ဦး ပစ်ခတ်ခံရပြီး () ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။

အောက်တိုဘာလ () ရက်၊ နေ့လည် () နာရီခန့်က PDF ပူးပေါင်းအဖွဲ့ဝင် () ဦးဟာ ငွေတောင် - ချောင်းမကျည်း လမ်းအတိုင်း ခရီးသွားနေစဉ် ဆိုင်ကယ် ဘီးပေါက်တာကြောင့် ရဲဘော် () ဦးက ဆိုင်ကယ်ပြင်ဖို့ ကျန်ရစ်ခဲ့ချိန်မှာ စစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာပါ။

ထို့ပြင် နောက်တနေ့ မနက် (၁၀) နာရီခန့်မှာ ချောင်းမကျည်း ဆည်အနီးက ကြံခင်းထဲမှာ ပုန်းခိုနေတဲ့ ကျန်ရဲဘော် () ဦး ဆီကိုလည်း စစ်ကောင်စီ အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီး ခဲ့တာကြောင့် () ဦး သေဆုံးခဲ့ကာ () ဦး ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။

ကျန်ရစ်ခဲ့တဲ့ ရဲဘော်တွေ ဆီကနေ လက်နက်၊ လက်ပစ်ဗုံး၊ ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီ တပ်က သိမ်းဆည်းရရှိသွားတာတွေ ရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများမှာတော့ ရေတာရှည်မှာ PDF တွေကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ () ဦး သေဆုံးပြီး () ဦး ဖမ်းမိထားကာ သေနတ် (၁၀) လက်၊ ကျည် (၄၀၀) ကျော်၊ လက်ပစ်ဗုံး () လုံး၊ ကျည်အိမ် () ခု၊ အိုင်ကွန် () လုံး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းများအပြင် ဆိုင်ကယ်တွေကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ တအောင်းဒေသတွင် တရားဥပဒေ စိုးမိုးရေး (အခြေခံ ပုလိပ်သင်တန်း) သင်တန်းဆင်းပွဲပြုလုပ် 


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တနေရာတွင် တရားဥပဒေ စိုးမိုးရေး (အခြေခံ ပုလိပ်သင်တန်း) အပတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းအခမ်းအနားမှာ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကတအာင်းပြည်အတွင်း တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ပြီး ချမှတ်ထားတဲ့ ဥပဒေများကို ပြည်သူများ လိုက်နာမှု ရှိ/မရှိ စောင့်ကြည့်သွားရန်၊ မိမိတိုကိုယ်တိုင်လည်း လိုက်နာမှုရှိအောင် ကြိုးစားသွားကြရန်မှာကြားခဲ့ပါတယ်။

ထို့အပြင် PSLF/TNLA အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်နဲ့ ရဲချုပ် ဗိုလ်မှူးကြီး တားကုံးခရီး တို့လည်း တက်ရောက်အမှာစကား ပြောကြားခဲ့ကာ PSLF/TNLA ထိပ်ပိုင်း ခေါင်းဆောင်များ၊ ဒေသခံ ပြည်သူလူထုများ၊ ဆရာများနှင့် ကျောင်းသူ/သားများ အပါအဝင် လူဦးရေ (၁၅၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလ () လကျော်အတွင်း ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေး အခြေခံမူများ၊ ရာဇသတ်ကြီး၊ တရားမမှု ဆိုင်ရာများ၊ သက်သေခံ ဥပဒေများ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့် အခြား လုပ်ငန်းဆိုင်ရာ ဘာသာရပ်များ စုစုပေါင်း ဘာသာရပ် (၂၆) ခုကို ကျွမ်းကျင်ဆရာများနဲ့ CDM ရဲများက သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်းတွင် သင်တန်းသား (၉၀) ဦး၊ သင်တန်းသူ (၄၅) ဦး စုစုပေါင်း (၁၃၅) ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ စစ်အုပ်စုဟာ အခိုင်အမာခံစစ်ယူထားတဲ့ မြို့တွေကိုပါ ခုခံနိုင်ခြင်းမရှိတော့ဘဲ စစ်တိုက်လိုစိတ်ကိုပင် ပင်လည်ဘူး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက ရိုက်ချိုးနိုင်လိုက်ပြီ ဖြစ်တယ်လို့ PDF Insight ဆို 


စစ်အုပ်စုဟာ အခိုင်အမာခံစစ်ယူထားတဲ့ မြို့တွေကိုပါ ခုခံနိုင်ခြင်းမရှိတော့ဘဲ စစ်တိုက်လိုစိတ်ကိုပင် ပင်လည်ဘူး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက ရိုက်ချိုးနိုင်လိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ () ရက်မှာ စစ်ရေးအခြေအနေများသုံးသပ်တဲ့ PDF Insightက ဖော်ပြပါတယ်။ 

"ပင်လည်ဘူးမြို့ ခုခံ ကာကွယ်ရေး အတွက် ရန်သူ့ တပ်ရင်း ပေါင်း (၁၁) ရင်း၊ လေယာဉ်ဗုံးကြဲမှုပေါင်း အကြိမ် (၁၃၀) ကျော် အသုံးပြုခဲ့ပေမယ့် စစ်သုံ့ပန်းတွေ ရရှိခဲ့သလို လက်နက်ပေါင်း (၄၀၀) ကျော်ကို သိမ်းပိုက် ရရှိထားပါတယ်။" လို့ ဆိုပါတယ်။ 

"စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို ပေါင် (၅၀၀၊ ၃၀၀၊ ၂၀၀) ဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချနေတဲ့ ကြားကနေ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေက မြို့ကို သိမ်းယူရရှိလိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ရန်သူ့လေကြောင်း တိုက်ခိုက်မှုဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ရဲ့ စစ်ရေးအောင်ပွဲကို တားဆီးနိုင်ခြင်း မရှိဘူး၊ စစ်ရေးရည်မှန်းချက် မရရှိရေး ပိတ်ပင်နိုင်ခြင်း မရှိဘူး ဆိုတာ သိသာထင်ရှားပါတယ်။" လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေ RADIO NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment