Radio NUG 10th OCT 2024 8-30 PM

 


၂၀၂၄ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကလွတ်မြောက်ဖို့ စံသတ်မှတ်ချက်တွေ ပြည့်မီခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားတာကြောင့် ပျက်စီးခဲ့ရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော

📌 ၂။ စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့်  စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon  AJAY)  ဦးဆောင်သူတဦး မတရားဖမ်းဆီးခံရ

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ ဝန်ကြီးဦးထင်လင်းအောင်၊ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်ဦးကျော်မိုးထွန်း တို့ဘော်စတွန်ရောက်မြန်မာအင်အားစုများနဲ့တွေ့ဆုံမယ်

📌 ၄။ ယခုချက်ချင်းအရေးယူချမှတ်ရမည့်စာရင်းတွင်မြန်မာနိုင်ငံသို့ လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသည့် တရုတ်အလံလွှင့်ရေနံဆီသင်္ဘော HUITONG78 နှင့်  ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ပါဝင်

📌 ၅။ အီတလီနိုင်ငံ အလယ်ပိုင်း Bologna မြို့တွင် ဒါရိုက်တာလင်းလင်း ရိုက်ကူးထားတဲ့THE WAY ဂီတရုပ်ရှင်ကိုပြသ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပင်လည်ဘူးမြို့ကို ကောလင်းခရိုင် PDF နဲ့ပကဖအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KIA အသိပေး 

🚩 ၂။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းတွေ အလင်းဝင်လာသူတွေကို လက်နက် ၄၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ စစ်ကိုင်းပကဖ ထုတ်ပြန်

🚩 ၃။ ဟားခါးမြို့ပေါ်က ရဲတဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF ဟားခါးထံ အလင်းဝင် 

🚩 ၄။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

🚩 ၅။ စစ်ကောင်စီတပ် အဓိက ခြေကုပ်ယူထားရာဖြစ်တဲ့ မုံရွာ၊ ရွှေဘို နဲ့ ကန့်ဘလူမြို့တွေဟာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့  ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ အထီးကျန်မြို့ကြီးတွေ ဖြစ်လာတော့မယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကလွတ်မြောက်ဖို့ စံသတ်မှတ်ချက်တွေ ပြည့်မီခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားတာကြောင့် ပျက်စီးခဲ့ရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော


အောက်တိုဘာ၁၀ရက်

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဒုတိယကော်မတီလို့ခေါ်တဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ် (General Debate) များအနက် အောက်တိုဘာ ရက်ကလုပ်တဲ့ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ ပျမ်းမျှနှစ်စဉ် GDP တိုးတက်မှုနှုန်း ဒသမ ရာခိုင်နှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်မားခဲ့တယ်လို့ သံအမတ်ကြီက သူ့ရဲ့မိန်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 


အရပ်သားအစိုးရဟာ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များနဲ့အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အပါအဝင် ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျတဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရေး မူဝါဒတွေချမှတ်ခဲ့တာကြောင့် အရပ်သားအစိုးရ သက်တမ်းတလျှောက် နိုင်ငံ့စီးပွားရေးတိုးတက်မှုဟာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့ပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်ခဲ့တယ်လို့လည်း အသိပေးပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားအစိုးရဟာ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်စေဖို့ ပွင့်လင်းမြင်သာတဲ့မူဝါဒတွေ မြှင့်တင်ခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ကဏ္ဍအသီးသီးမှာ ထင်ရှားတဲ့ တိုးတက်မှုတွေရရှိခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ CDP ရဲ့ ၂၀၁၈ ခုနှစ် ပြန်လည်သုံးသပ်မှုမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဆင့်ကနေ လွတ်မြောက်ဖို့ စံသတ်မှတ်ချက် ခုလုံးနဲ့ ပထမဆုံးအကြိမ် ပြည့်မီခဲ့တယ်လို့လည်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းပြသွားပါတယ်။

ဒါပေမဲ့ ရွေးကောက်ခံအရပ်သားအစိုးရ ဆောင်ရွက်ခဲ့တဲ့ လူမှုစီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်တိုးတက်ပြောင်းလဲမှုတွေဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်ရဲ့ တရားမဝင်တဲ့ အာဏာသိမ်းမှုကြောင့် ကံမကောင်းစွာ နောက်ပြန်ဆုတ်သွားခဲ့တယ်လို့လည်း ဆက်ပြီး ရှင်းပြထားပါတယ်။

တရားမဝင်စစ်အာဏာသိမ်းပြီး ၄နှစ်တာကာလအတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးတွေ ရင်ဆိုင်နေရပြီး လျှပ်စစ်မီးပြတ်တောက်မှု၊ လူသုံးကုန်ပစ္စည်း ပြတ်လပ်မှု၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှုတွေကို ကန့်သတ်လိုက်တာကြောင့် မြန်မာ့စီးပွားရေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောပါတယ်။

World Bank နဲ့ IMF တို့အဆိုအရ မြန်မာ့စီးပွားရေးဟာ ၂၀၂၄ ခုနှစ်မှာ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရကာ လူပေါင်း ဒသမ သန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရတဲ့အပြင် လူပေါင်း ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ရင်ဆိုင်နေရသလို ၁၈ ဒသမ သန်း ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေတယ်လို့လည်း အသိပေးသွားပါတယ်။

ဒီလိုစိန်ခေါ်မှုတွေရှိနေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့အတူ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာဖိနှိပ်မှုဒဏ်နဲ့ သဘာဝဘေးဒဏ် ၂ရပ်စလုံး ကြောင့် ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာ ထောက်ထားမှုနဲ့ အသက်ကယ်ဆယ်မှုအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အသိပေးခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိခိုက်ခံစားနေရတဲ့ပြည်သူအားလုံးအတွက် နောက်ထပ် အကူအညီတွေ တိုးမြှင့် ပေးအပ်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့လည်း ပြောထားပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲ တဲ့ အနာဂတ်ရရှိစေဖို့အတွက် မြန်မာပြည်သူတွေကို ခိုင်မာတိကျပြတ်သားတဲ့ ပံ့ပိုးကူညီမှုတွေပေးဖို့ နိုင်ငံတကာ အသိုက် အဝန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုခဲ့ ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့်  စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon  AJAY)  ဦးဆောင်သူတဦး မတရားဖမ်းဆီးခံရ


အောက်တိုဘာလ ၁၀ ရက် 


အောက်တိုဘာလ ရက်နေ့တွင် စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon  AJAY)  ဦးဆောင်သူတဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း() ဒီရေ သည်လည်း မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ဆိုပါတယ်။


ကိုပိုင်ဖြိုးမင်း()  ဒီရေသည်  စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို  သပိတ်အင်အားစုများ မှ အလွန်အမင်းစိုးရိမ်မိတယ်လို့ဖော်ပြပါတယ်။


ထို့ကြောင့် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း() ဒီရေ၊ ကိုဇော်လင်းထွဋ် ()ဖိုးသား၊ ကိုအောင်မင်းခိုင် ()မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်တောင်းဆိုထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ ဝန်ကြီးဦးထင်လင်းအောင်၊ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်ဦးကျော်မိုးထွန်း တို့ဘော်စတွန်ရောက်မြန်မာအင်အားစုများနဲ့တွေ့ဆုံမယ်


အောက်တိုဘာ၁၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ ဝန်ကြီးဦးထင်လင်းအောင်၊ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်ဦးကျော်မိုးထွန်း တို့ဘော်စတွန်ရောက်မြန်မာအင်အားစုများနဲ့တွေ့ဆုံမယ်လို့သိရပါတယ်။

ဘော်စတွန်မြို့အနီးမှ တော်လှန်မိတ်ဆွေများခင်ဗျ။ ကျွန်တော်တို့ရဲ့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ ဝန်ကြီးဦးထင်လင်းအောင်၊ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလည် ဦးကျော်မိုးထွန်း တို့သည် အောက်တိုဘာလ ၁၉ ရက် (စနေနေ့) Overseas Burmese Christian Fellowship (OBCF) တွင်လူထုတွေ့ဆုံပွဲကျင်းပပါမယ်လို့ဆိုထားပါတယ်။

တိုင်းရင်းသားပြည်သူအားလုံးလာရောက်ပူးပေါင်းကြပါရန်ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၄။ ယခုချက်ချင်းအရေးယူချမှတ်ရမည့်စာရင်းတွင်မြန်မာနိုင်ငံသို့ လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသည့် တရုတ်အလံလွှင့်ရေနံဆီသင်္ဘော HUITONG78 နှင့်  ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ပါဝင်


အောက်တိုဘာ၁၀ရက်


မြန်မာစစ်အုပ်စု၏ ဝေဟင်မှဗုံးကြဲတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် လေယာဥ်ဆီရောင်းချပေးနေသည့် နိုင်ငံတကာထောက်တိုင် အားလုံး၏ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ် ဆောင်ရွက်ရမည်ဖြစ်ပြီး စိတ်သဘောထားတူညီသည့် မိတ်ဖက်နိုင်ငံများသည်လည်း အလားတူ လေယာဉ်ဆီ ပိတ်ဆို့မှုများကို ချမှတ်ရန်နှင့် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ပြီးယခုချက်ချင်းအရေးယူချမှတ်ရမည့်စာရင်းတွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသည့် တရုတ်အလံလွှင့်ရေနံဆီသင်္ဘော HUITONG78 နှင့် လေယာဥ် လောင်စာဆီပို့ဆောင်ရန် အမှန်တကယ်ဦးတည်လမ်းကြောင်းကို ဖုံးကွယ်ရန်အသုံးပြုခဲ့သည့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ပါဝင်တယ်လို့ အောက်တိုဘာ၁၀ရက်မှာ JusticeForMyanmarက တရားဝင်ထုတ် ပြန်ပါတယ်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အမေရိကန်ပြည်ထောင်စုသည် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာတွင် ပါဝင်သည့် မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအား ဒဏ်ခတ်ပိတ်ဆို့ခွင့်ပြုလိုက်သည့် (မြန်မာ)နိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကို တိုးချဲ့ခဲ့ပါတယ်။


========================


📌📌 ၅။ အီတလီနိုင်ငံ အလယ်ပိုင်း Bologna မြို့တွင် ဒါရိုက်တာလင်းလင်း ရိုက်ကူးထားတဲ့THE WAY ဂီတရုပ်ရှင်ကိုပြသ


အောက်တိုဘာ၉ရက်


အီတလီနိုင်ငံ အလယ်ပိုင်း Bologna မြို့တွင် ဒါရိုက်တာလင်းလင်း ရိုက်ကူးထားတဲ့THE WAY ဂီတရုပ်ရှင်ကိုပြသခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၀ ရက်နေ့၊ ကြာသပတေးနေ့ညပိုင်းတွင် အီတလီနိုင်ငံ အလယ်ပိုင်း Bologna မြို့တွင် ဒါရိုက်တာလင်းလင်း ရိုက်ကူးထားသည့် THE WAY ဂီတရုပ်ရှင်ကို Italy - Myanmar Friendship Association Giuseppe Mapeli ဒုဥက္ကဌ Alberto Botto မှ မိတ်ဆက်တင်ပြသွားခဲ့ ပါတယ်။


နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များမှာ ဆု ပေါင်းများစွာ ဆွတ်ခူးရရှိထားပြီး တော်လှန်ရေးအနှစ်သာရ ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ စည်းလုံးညီညွတ်ရေးများကို အနုပညာမြောက်စွာ ပုံဖော်ရိုက်ကူးထားသော  မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂီတရုပ်ရှင် The Way ဟာ တော်လှန်ရေးမှတ်တိုင် အောင်မြင်မှုများစွာကို စိုက်ထူထားခဲ့ပြီးဖြစ်သလို ယခုထက်တိုင်ထိလည်း ကမ္ဘာအနှံ့ အောင်မြင်စွာဆက်လက် ပြသတင်ဆက်ရင်း မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲသတင်းကို သယ်ဆောင်ဖြန့်ဖြူးနေဆဲဖြစ်ပါတယ်။


THE WAY ရုပ်ရှင်ကို အီတလီနိုင်ငံ ပါးမါးမြို့၊ မီလန်မြို့၊ ရောမမြို့နှင့် အခြားမြို့များတွင် အောင်မြင်စွာ ပြသခဲ့ပြီးဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သီလရှင်တပါး ပျံလွန်တော်မူပြီးအရပ်သား၂ ဦး ဒဏ်ရာရ  


အောက်တိုဘာ၁၀ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည် တပ်မဟာ နယ်မြေ သီပေါမြို့ပေါ် က ရပ်ကွက်တွေနဲ့ကျေးရွာတွေကို စစ်ကောင်စီ တပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တပါး ပျံလွန်တော်မူခဲ့ပြီး အရပ်သား ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA က ပြောပါတယ်။ 

မနေ့ အောက်တိုဘာ ရက် မွန်းလွဲ နာရီခန့်အချိန်မှာ သီပေါမြို့က ရွှေကျောင်းရပ်ကွက်နဲ့ပန်းတိမ်တောာင်ရပ်ကွက်ထဲကို အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးသီး ၁၀ လုံး ကြဲချခဲ့ရာ ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ အရပ်သားပြည်သူပိုင်အိမ်တွေနဲ့ ပန်တိမ်တောင်ရပ်ကွက်က ဦးအိုက်တူးရဲ့ အိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထို့တူ အောက်တိုဘာ ရက် ၁၀ နာရီကျော်အချိန်ကလည်း သီပေါမြို့ က တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နဲ့ နမ့်ငုံးကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီရဲ့ Y -12 လေယာဉ်က ဗုံးအလုံး ၅၀ ကျော်ကြဲချခဲ့ရာ နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင်တပါး ပျံလွန်တော်မူခဲ့ကာ ဦးမြင့်လွင်တို့ လင်မယား ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နဲ့ အုတ်ကျင်းရပ်ကွက်က အရပ်သားပြည်သူပိုင် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဆိုင်းတောင်တိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ ခမရ ၁၁၉ တပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ကို  ဥရုချောင်းအနီးမှာ ပစ်ခတ်ဖမ်းဆီးရာက သေဆုံး 


အောက်တိုဘာ၁၀ရက်


ဆိုင်းတောင်တိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ ခမရ ၁၁၉ တပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ကို  KIA နဲ့ ပူးပေါင်းတပ်တွေက ဥရုချောင်းအနီးမှာ ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်နေတဲ့ ခမရ ၁၁၉ တပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းဟာ ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက် ခဲ့တာကြောင့် သူ့ကို မနေ့ အောက်တိုဘာ ရက်ညပိုင်းက လိုက်လံဖမ်းဆီးချိန်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။  

ဖားကန့်မြို့နယ် ကသိုင်းတောင်တိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းဟာ ဆိုင်းတောင်ဒေသက Lucky Men ဟိုတယ်မှာတပ်စွဲထားတဲ့စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ရက်နေ့က Lucky Men ဟိုတယ်ကို KIA နဲ့ PDF တပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ခမရ ၁၁၉ တပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ထွက်ပြေးလွတ်မြောက်သွားတာကြောင့် KIA နဲ့ PDF တပ်တွေ လိုက်လံ ဖမ်းဆီးရှင်းလင်းခဲ့ရာ အောက်တိုဘာ ရက်နေ့ ညက ဥရုချောင်းဘေးမှာ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာလို့ ဒေသတွင်းသတင်းအချို့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဒီနေ့ အောက်တိုဘာ ၁ဝ ရက်မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ အသိပေးထားပါတယ်။  

အောက်တိုဘာလ ရက်နေ့ကဖြစ်ခဲ့တဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ Lucky Men ဟိုတယ် စခန်းသိမ်းတိုက်ပွဲမှာ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းဦးဆောင်တဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး  ၂၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီထံ သတင်းပေးနေသူ ၂၀ ကျော်ကို သေဒဏ်ချမှတ်ထားတာမရှိဘဲ ထိန်းသိမ်းထားတာဖြစ်တယ်လို့ MNDAA ပြော


အောက်တိုဘာ၁၀ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ သတင်းပေးပို့ခဲ့သူ ၂၀ ဦးကျော်ကို ဖမ်းဆီးရမိခဲ့ရမှာ သေဒဏ်ချမှတ်ထားခြင်းမရှိဘူးလို့ MNDAA ဘက်က ထုတ်ပြန် ပါတယ်။ 

လားရှိုးမြို့ပေါ်တွင်နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးပို့နေသူတွေကို MNDAA တပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးခဲ့ရာ လူ ၂၀ ကျော် ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ 

ဒီလူတွေရဲ့သတင်း ပေးပို့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အရပ်သား ဦး သေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အအုံများစွာ ပျက်စီးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်ထံသတင်းပေးသူတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြီးချိန်မှာ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်သူလူထုရဲ့ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ 

ဖမ်းဆီးရမိထားသူတွေကို စိစစ်ပြီး စစ်ကောင်စီထံ သတင်းမပေးတဲ့သူတွေကို ပြန်လွှတ်ပေးမှာဖြစ်ပေမယ့်  သတင်းပေးပို့ ခဲ့တယ်လို့ ယူဆရသူတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားသူတွေကို MNDAA အနေနဲ့ သေဒဏ်အပြစ်ပေးတာမျိုးမရှိဘဲ ယာယီထိန်းသိမ်းထားတာဖြစ်ပြီး လားရှိုးမြို့ မှာနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီထံသတင်း‌ပေးပို့နေသူလို့ သံသယရှိမယ်ဆိုရင် လားရှိုးမြို့ ပြန်လည်ထူထောင် ရေးအဖွဲ့ ဒါမှမဟုတ် နီးစပ်ရာ ရပ်ကွက်ရုံးတာဝန်ရှိသူတွေထံ သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ လားရှိုးမြို့ ပြန်လည်ထူ ထောင်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁ဝ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီကလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအတွက် သန်ခေါင်စာရင်းကောက်သူတိုင်းကို ချက်ချင်း အပစ်ပေး အရေးယူမယ်လို့ MBT တပ်ဖွဲ့ သတိပေး


အောက်တိုဘာ၁၀ရက်


အကြမ်းဖက်စစ်ကောင်စီကလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီပေးနေပြီး သန်ခေါင်စာရင်းကောက်ခံတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း အပစ်ပေးအရေးယူသွားမယ်လို့ Myingyan Black Tiger MBT တပ်ဖွဲ့က ဒီနေ့ အောက်တိုဘာ ၁ဝ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ 

ရွေးကောက်ပွဲအတွက် ပထမခြေလှမ်းအဖြစ် ပြည်တွင်းက သူတို့စိုးမိုးအနိုင်ကျင့်ခွင့်ရနေသေးတဲ့ လက်ကျန် မြို့ရွာတွေမှာ  သန်းခေါင်စာရင်းကောက်တာတွေ ဇွတ်တိုးလုပ်ဆောင်လာခဲ့တာကြောင့် MBT တပ်ဖွဲ့က အခုလို့ သတိပေးလိုက်တာဖြစ် ပါတယ်။

ပြည်သူ့ဆန္ဒကိုဆန့်ကျင်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ စတင်ခဲ့တဲ့ ပြည်တွင်းစစ် တိုက်ပွဲတိုင်းမှာ အရှုံးကြီးရှုံးနေ ပြီး PDF တွေနဲ့ EROs တပ်တွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေကို တခုပြီးတခု သိမ်းပိုက်လာနိုင်ခဲ့ပြီလို့ ဆိုပါ တယ်။

ဒါကြောင့် စစ်ကောင်စီဟာ သိမ်းပိုက်ခံထားရတဲ့ မြို့ရွာတွေကို ပြာပုံအတိဖြစ်အောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေ လုပ်ခဲ့ လုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

စစ်ကောင်စီဟာ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ကတိနဲ့ ဖုံးအုပ်ပြီး နိုင်ငံတကာကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားလာတယ်လို့လည်း MBT တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Myingyan Black Tiger-MBT တပ်ဖွဲ့အနေနဲ့ စစ်ရှုံးစစ်ကောင်စီက ပြုလုပ်နေတဲ့ သန်းခေါင်စာရင်းကောက်ယူတာကို လုံးဝ သဘောမတူ ခွင့်မပြုဘူးဆိုတာ လက်တွေ့ပြမယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါကြောင့် မြင်းခြံခရိုင်အတွင်းက မြို့၊ရွာတွေမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်းကောက်ယူတာတွေမှာ ကူညီ လုပ်ဆောင်ပေးနေတဲ့ ဘယ်သူ့ကိုမဆို ပြင်းထန်စွာအရေးယူသွားမယ်လို့ Myingyan Black Tiger-MBT တပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ သိန္နီမြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးတာကြောင့် အရပ်သား ဦးဒဏ်ရာရပြီး အဆောက် အအုံများစွာ ပျက်စီး


အောက်တိုဘာ၁၀ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့နယ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ဦး ဒဏ်ရာရသွားတယ်လို့ လာရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ဒီနေ့ မွန်းတည့်ချိန်မှာ ထုတ်ပြန်ပါတယ်။  

ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက် နာရီခွဲဝန်းကျင်ခန့်အချိန်မှာ သိန္နီမြို့နယ်ထဲက ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူသေဆုံးမှုမရှိပေမယ့် ဒဏ်ရာရသူ ဦးရှိ တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ သိန္နီမြို့တွင်းမှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဖုန်းလိုင်းသာရတယ်လို့ သိရပါတယ်။  

အခုနှစ် သြဂုတ်လ ၂၆ ရက်ကနေ အောက်တိုဘာ ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိးနဲ့ မိုင်းရယ်မြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၅၅ ဦးသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဟိုတယ်များ၊ တက္ကသိုလ်များ အပါအဝင် အဆောက်အအုံ ၄၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့နယ်မြေတွေဖြစ်တဲ့ သီပေါမြိုနဲ့ နောင်ချိုမြို့တို့မှာ စစ်ရေးပဋိပက္ခတွေရှိနေပေမယ့် အရပ်သားသေဆုံးမှုနဲ့ လူနေအဆောက်အတွေ ပျက်စီးမှုအများစုဟာ တိုက်ပွဲတွေမရှိသေးဘဲ ခုခံထိန်းချုပ်မှုနယ်မြေတွေက ဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်


အောက်တိုဘာ၁၀ရက်


ရန်ကုန်တိုင်း မှော်ဘီမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military -SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းက ပြောပါတယ်။ 

မနေ့ အောက်တိုဘာ ရက် နာရီခန့်မှာ ပစ်ခတ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ K-8W အမောင်းသင်လေယာဉ်တွေထားရာ ဂိုထောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

Civilian Military -SRDF အထူးစစ်ဆင်ရေး စစ်ကြောင်းနဲ့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်းပြီး မှော်ဘီလေတပ် စခန်းကို Type 63 ရှော့တိုက်ဒုန်း ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ တလုံးက K-8W အမောင်းသင်လေယာဉ်တွေထားရာ ဂိုထောင်ကို ထိမှန်ပြီး အခြားတလုံးကတော့ လေတပ်စခန်းခြံစည်းရိုးကို ထိမှန်ခဲ့တာကြောင့် ပျက်စီးမှုတွေများနိုင်တယ်လို့ SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း တာဝန်ရှိသူက အသိပေးထားပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ လေတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆလိုက်မီးတွေထိုးပြီး ပစ်ခတ်တိုက်ခိုက်တဲ့တော်လှန်း ရေး ရဲဘော်တွေကို ရှာဖွေခဲ့ပြီး ၆ဝ မမ လက်နက်ကြီးနဲ့ တချက် ပြန်ပစ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူး လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီလက်ချက်ကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့တကွ မတရားဖမ်း‌‌ဆီး ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး Civillin Military – SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းက ရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး ပြည်သူလူထုနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ SRDF က အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment