11th OCT 2024 - Evening Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်/သေဆုံးပြည်သူများ၊ ကျဆုံးရဲဘော်များ၊ Drone တပ်ရင်းတွင်တာဝန်ထမ်းဆောင်နေသာရဲဘော်များအား ထောက်ပံ့၊ ချီးမြှင့်ငွေများပေးအပ်

📌 ၂။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်   မြန်မာနိုင်ငံမှာ  လေကြောင်းတိုက်ခိုက်ခံရမူပေါင်း ငါးထောင်ကျော် ခြောက်ထောင်နီးပါးထိ ဖြစ်ပွားခဲ့

📌 ၃။ မြိတ်-ထားဝယ်ခရိုင်မှာ ဘဏ္ဍာရေးဆိုင်ရာရုံးလုပ်ငန်းသင်တန်းနဲ့ မှုခင်းအထူးသင်တန်းဆင်းပွဲကျင်းပ  

📌 ၄။ ”To The End Point" ကမ်ပိန်းမှာ ဒေါ်မီမီဝင်းဘတ် အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းခဲ့တဲ့ ရွှေဆွဲကြိုးကို လက်ဆောင်အဖြစ် အထူးဆု ကံစမ်းမဲဖောက်ပေးသွားမည်

📌 ၅။ အဆိုတော်ဖြူဖြူကျော်သိန်း လန်ဒန်ရှိုးပွဲလက်မှတ်အရောင်းဖွင့်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ ယူရို125 နဲ့ယူရို 100 တန်းတွေလက်မှတ်တွေရောင်းကုန်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကာကွယ်ရေးဝန်ကြီး အမှတ်၁ စစ်ဒေသရှိ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)   တပ်ရင်းတပ်ဖွဲ့များ ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့များကို ကွင်းဆင်းစစ်ဆေး

🚩 ၂။ စစ်ကောင်စီက ပင်လည်ဘူးမြို့မကျရေး လေကြောင်းကနေ ဗုံးအလုံး ၅ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အမှတ် စစ်ဒေသထုတ်ပြန်

🚩 ၃။ ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားတဲ့အရပ်သား၂ဦးကို ARSA အဖွဲ့က သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တယ်လို့ AA ပြော  

🚩 ၄။ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူအချို့ဒဏ်ရာရ

🚩 ၅။ သီပေါနဲ့နောင်ချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ TNLA ပြော

🚩 ၆။ ရေဦးမြို့အထွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

🚩 ၇။ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပိုမိုအားကောင်းလာစေဖို့ ဂန့်ဂေါခရိုင်က တပ်ရင်း ရင်း စုပေါင်းလေ့ကျင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်/သေဆုံးပြည်သူများ၊ ကျဆုံးရဲဘော်များ၊ Drone တပ်ရင်းတွင်တာဝန်ထမ်းဆောင်နေသာရဲဘော်များအား ထောက်ပံ့၊ ချီးမြှင့်ငွေများပေးအပ်


အောက်တိုဘာ ၁၀ရက်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုအောက်တိုဘာ ရက်နေ့တွင် စစ်ကောင်စီ၏ Drone ချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကျေးရွာတစ်ရွာမှ ပြည်သူ()ဦးအား တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀) ထိခိုက်မှုများသော ပြည်သူ()ဦးအား ငွေကျပ်(၁၀၀၀၀၀)ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀)အား လည်းကောင်း၊  စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကျေးရွာ()ရွာမှ ထိခိုက်ဒဏ်ရာရပြည်သူ()ဦးအား တစ်ဦးလျှင်ငွေကျပ် (၅၀၀၀၀) သေဆုံး()ဦး အတွက် ငွေကျပ်(၁၀၀၀၀၀)ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၅၀၀၀၀၀)အားလည်းကောင်း ထောက်ပံ့ပါတယ်။


ထို့အပြင် ကျေးရွာတစ်ရွာရှိ  ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကျဆုံးရဲဘော်()ဦး အတွက်တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀၀) ထိခိုက်ဒဏ်ရာရရဲဘော်()ဦးအတွက် ငွေကျပ်(၅၀၀၀၀)ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၅၀၀၀၀) တို့အား ကျေးရွာအသီးသီးသို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။


ထို့နောက်အောက်တိုဘာ ရက်နေ့တွင် ရွှေဘိုခရိုင်ကွပ်ကဲရေး() Drone တပ်ရင်းအဖွဲ့တွင် တာဝန်ထမ်း ဆောင်နေသော လူငယ်ရဲဘော်(၃၆)ဦးတို့အား တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့် ချီးမြှင့်ငွေကျပ် စုစုပေါင်း (၁၈၀၀၀၀၀)အား ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


အဆိုပါထောက်ပံ့၊ ချီးမြှင့်ငွေများအားမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာလုပ်ငန်းများဆောင်ရွက်ရန် ရရှိသော အခွန်ရငွေခွဲတမ်းဖြင့် ထောက်ပံ့ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌 ၂။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်   မြန်မာနိုင်ငံမှာ  လေကြောင်းတိုက်ခိုက်ခံရမူပေါင်း ငါးထောင်ကျော် ခြောက်ထောင်နီးပါးထိ ဖြစ်ပွားခဲ့


အောက်တိုဘာ၁၁ရက်


"အာဏာသိမ်းပြီးတဲ့နောက်  မြန်မာနိုင်ငံမှာ ယခုနှစ်အထိ လေကြောင်းတိုက်ခိုက်ခံရမူပေါင်း ၅ထောင်ကျော် ၆ထောင်နီးပါးထိ ဖြစ်ပွားခဲ့ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်လာပြီး တစ်ဖက်မှာလဲ လူသားမျိုးနွယ်များကို အစုလိုက် အပြုံလိုက် -တ်ဖြတ်မူ့တွေလုပ်ဖို့ မတရားစစ်မူထမ်းဥပဒေပြဌာန်းပြီး စစ်ရေးတိုက်ခိုက်မူ့ နည်းဗျူဟာတွေမှာ အသုံးပြုလာပါတယ်။လေကြောင်းအားသာချက်များဖြင့် စစ်အုပ်စုက အကြမ်းဖက်နေပြီး ဆုံးရှူံးမူ့များလာတဲ့ နယ်မြေတွေအပေါ်မှာ ပြန်လည်ရယူနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာဖြစ်တယ်"လို့ အောက်တိုဘာလအတွင်းမှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကအသိပေးဆိုပါတယ်။

 မေလမှ ဩဂုတ်လ လေးလအတွင်း တစ်ရက်လျင်စကစရဲ့ လေကြောင်းအကြမ်းဖက် ခံရမူ ( )ကြိမ်နီးပါး အထိရှိနေတယ်လို့ ညာဏ်လင်းသစ် ( Nyan Lynn Thit Analytica )ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဘေကျင်းမြို့မှာရှိတဲ့ တရုတ်နိုင်ငံပိုင် လေကြောင်းနဲ့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီး Aviation Industry Corporation of China ( AVIC )ကုမ္မဏီမှ တိုက်ခိုက်ရေး လေယာဉ်တွေဖြစ်တဲ့ 

( ) Shaanxi Y-8

( ) JF - 17 Thunder

( ) K-8

( ) Y- 12

( ) FTC - 2000 G နဲ့

( ) J-7 တို့ကို စစ်အုပ်စုက ၀ယ်ယူရရှိခဲ့ပြီး လက်ရှိ လေကြောင်းတိုက်ခိုက်ရေး အကြမ်းဖက်မူ့တွေမှာ အများဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။


========================


📌📌 ၃။ မြိတ်-ထားဝယ်ခရိုင်မှာ ဘဏ္ဍာရေးဆိုင်ရာရုံးလုပ်ငန်းသင်တန်းနဲ့ မှုခင်းအထူးသင်တန်းဆင်းပွဲကျင်းပ  


အောက်တိုဘာ၁၁ရက်

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြ၊ မြိတ်-ထားဝယ်ခရိုင်မှာ ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဘဏ္ဍာရေးဆိုင်ရာ ရုံးလုပ်ငန်းသင်တန်းနဲ့ မှုခင်းအထူးသင်တန်းဆင်းပွဲကို မနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

 စက်တင်ဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိဖွင့်ခဲ့တဲ့ ဒီသင်တန်းကို  မြိတ်-ထာဝယ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ခုနဲ့ ထီးမိုပွာဒေသက ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၂၂ ဦးတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို မြိတ် -ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား၊ ခရိုင်ရဲမှူးကြီး ဒုတိယဗိုလ်မှူးကြီးနော်ဆာမူနား၊ ထီးမိုပွာဒေသတာဝန်ခံ ပဒိုစောဒေးထူး၊ လူငယ် စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်းအုပ် ဆရာစောလူပွေဒိုနဲ့ အခြားဌာန၊ ဌာနခွဲတွေက ခေါင်းဆောင်တွေ တက်ရောက်ချီးမြှင့်ပြီး အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ”To The End Point" ကမ်ပိန်းမှာ ဒေါ်မီမီဝင်းဘတ် အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းခဲ့တဲ့ ရွှေဆွဲကြိုးကို လက်ဆောင်အဖြစ် အထူးဆု ကံစမ်းမဲဖောက်ပေးသွားမည်


အောက်တိုဘာ၁၁ရက်


"To The End Point" ကမ်ပိန်းမှာ ဒေါ်မီမီဝင်းဘတ် အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းခဲ့တဲ့  ရွှေဆွဲကြိုးကို လက်ဆောင်အဖြစ် အထူးဆု ကံစမ်းမဲဖောက်ပေးသွားမယ်လို့သိရပါတယ်။

I4V (Initiatives for Victory) တို့ရဲ့ နည်းဗျူဟာ နဲ့ ဆက်သွယ်ရေးဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းများအတွက် လိုအပ်နေတဲ့ ထောက်ပို့ငွေများရရှိနိုင်ဖို့ "To The End Point" ကမ်ပိန်းကိုလုပ်ဆောင်လျက်ရှိပါတယ်။

"To The End Point" ကမ်ပိန်းမှာ ဆရာမကြီးဒေါ်မီမီဝင်းဘတ် အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းခဲ့တဲ့ ဘိုးဘွားပိုင်လက်ဆင့်ကမ်းလာသော နှစ် ၆၀ ကျော်သက်တမ်းရှိတဲ့ ရွေဆွဲကြိုးကို လက်ဆောင်အဖြစ် အထူးဆု ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပြီးတော့လက်မှတ်တစ်စောင်ကို ဒေါ်လာ၄၀ နဲ့ ညီမျှတဲ့ နိုင်ငံတကာငွေကြေးများနဲ့ နိင်ငံအသီးသီးက ဖန်ရေဇာများထံမှတဆင့်ဝယ်ယူနိုင်ပြီး စောင်ရေ ၁၀၀၀ ထိ တားဂတ်ထား ရောင်းချပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ အဆိုတော်ဖြူဖြူကျော်သိန်း လန်ဒန်ရှိုးပွဲလက်မှတ်အရောင်းဖွင့်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ ယူရို125 နဲ့ယူရို 100 တန်းတွေလက်မှတ်တွေရောင်းကုန်


အောက်တိုဘာ၁၁ရက်


အဆိုတော်ဖြူဖြူကျော်သိန်း လန်ဒန်ရှိုးပွဲလက်မှတ်အရောင်းဖွင့်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ ယူရို125 နဲ့ယူရို 100 တန်းတွေလက်မှတ်တွေရောင်းကုန်ခဲ့ကြောင်းကို အောက်တိုဘာ၁၁ရက်မှာ အဆိုတော်ဖြူဖြူကျော်သိန်း၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုပါတယ်။

"Phyu Phyu in London လက်မှတ်အရောင်းဖွင့်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ 125 နဲ့ 100 တန်းတွေ ကုန်ပါပြီ။တကယ်တော့London ဆိုတာ ရွေးချယ်စရာ ကမ္ဘာ့အဆင့်မီ entertainment တွေအပြည့်ရှိတဲ့နေရာပါ။ ဖြူဖြူတို့ထက်သာတဲ့ entertainment တွေကို အချိန်မရွေး ကြည့်နိုင်တဲ့နေရာပါ။ ဖြူဖြူ့ပွဲကို လာကြည့်ဖို့ ဆုံးဖြတ်ကြတယ်ဆိုတာ ဖြူဖြူ့ကို မေတ္တာပြဖို့၊ အမိမြေကို ကူညီချင်ကြလို့ ဆိုတာ သိတာမို့အဲ့ဒီမေတ္တာတွေကို ခံစားရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် UK ကမြန်မာတို့ရေ"လို့ဆိုထားပါတယ်။

Theater seating ဖြစ်တဲ့အတွက် 75 နဲ့ 50 တန်းတွေ ကလည်း နေရာကောင်းတွေဖြစ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကာကွယ်ရေးဝန်ကြီး အမှတ်၁ စစ်ဒေသရှိ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)   တပ်ရင်းတပ်ဖွဲ့များ ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့များကို ကွင်းဆင်းစစ်ဆေး


အောက်တိုဘာ၁၁ရက်


ကာကွယ်ရေးဝန်ကြီးဦးရည်မွန် အမှတ်၁ စစ်ဒေသရှိ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)   တပ်ရင်းတပ်ဖွဲ့များ ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့များကို ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့

အောက်တိုဘာ၁၁ရက်မှာ စစ်ကိုင်းတိုင်းပကဖကအသိပေးဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီး အမှတ်၁ စစ်ဒေသရှိ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)   တပ်ရင်းတပ်ဖွဲ့များ ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့များကို ကွင်းဆင်းစစ်ဆေးစဥ်၊မှတ်တမ်းဓာတ်ပုံလို့ဖော်ပြပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များဟာ စုဖွဲ့မှုအရခရိုင်အခြေပြုတပ်ရင်းများမှ နယ်မရွေးတိုက်ပွဲဝင်နိုင်သည့်အဆင့်သို့ တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီက ပင်လည်ဘူးမြို့မကျရေး လေကြောင်းကနေ ဗုံးအလုံး ၅ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အမှတ် စစ်ဒေသထုတ်ပြန်


အောက်တိုဘာ၁၁ရက်


အကြမ်းဖက်စစ်ကောင်စီက ပင်လည်ဘူးမြို့မကျရေး အင်အား ၈၀၀ ခန့်နဲ့ခုခံခဲ့ပြီး လေကြောင်းကနေ ဗုံးသီး ၅ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် စစ်ဒေသက ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ အရင်ကတည်းကအခြေချနေတဲ့ စစ်အင်အားအပြင် Mi-17 နဲ့ ၂၁ ကြိမ် အင်အားဖြည့်တင်းခဲ့ တာကြောင့် ခလရ -၅၀၊ ခလရ-၈၇၊ ခလရ-၃၀၁၊ ခလရ-၃၀၅၊ ခမရ-၁၆၊ ခမရ-၁၀၁၊ ခမရ - ၁၁၁၊ ခမရ-၃၆၃၊ ခမရ-၃၆၈၊ ခမရ-၇၀၄၊ ရဲ နဲ့ ရှမ်းနီတပ် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အားနဲ့ဆိုရင် အင်အား ၇၇၂ ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို အင်အား ရာ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကောလင်းခရိုင် အထူးစစ်ဆင်ရေးမှူးကွပ်ကဲမှုနဲ့ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ အမှတ်- စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ကြီးအဖွဲ၊ အထူးလှုပ်ရှားတပ်ရင်း ၁၊ ၂၊ ၄၊ ၈၊ ၁၀၊ အမှတ် ၁၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း ၁၊ ၂၊ ၄၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ ၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၃ တပ်ရင်းများ၊ စစ်ကိုင်းတိုင်းထဲက ကောလင်းခရိုင်နဲ့ ရွှေဘိုခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ဝန်းသို မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ် ပလဖ၊ ဒရုန်းအဖွဲ့တွေဖြစ်တဲ့ အမှတ်- စစ်ဒေသ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး၊ရွှေဘိုခရိုင် ပကဖ၊ ပင်လည်ဘူးမြို့နယ် ပကဖ၊ ကောလင်းမြို့နယ် ပကဖ၊ ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲတို့က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီတိုက်ပွဲမှာ ရန်သူစစ်ကောင်စီဘက်က ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးကာ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လည်း ပြောပါတယ်။ 

ဒဏ်ရာရသူတွေထဲမှာ ၆၀ ဦးက စိုးရိမ်ရပြီး အမှတ်- စစ်ဒေသထံ အလင်းဝင်လာသူ ၄၈ ဦးရှိကာ စစ်သုံပန်းအဖြစ် ၁၀၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်မှာ Y-8 Y-12 Yak-130 MiG-29 FTC-2000G K-8W Mi-2 Mi-17 Mi-35 ကင်းထောက်လေယာဉ်တို့နဲ့ အကြိမ် ၆၇၀ ကျော်လာရောက်ပြီး ဗုံးသီး အလုံး ၅ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးသုံးစွဲထားတာကိုတွေ့ရပြီး စစ်တပ် အဓိကအခြေပြုရာစခန်းဖြစ်တဲ့ ရဲစခန်း အတွင်းကနေ တပိသာခန့်ရှိတဲ့ ဘိန်းမဲအထုပ် ၁၈ ထုပ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူအထုပ်သေး ၁၂၈၅ ခု သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထပ်ပြီး အသိပေးထားပါတယ်။

ဒါ့အပြင် လက်ကောက်ဆိုဒ်ရှိတဲ့ ကျောက်စိမ်းတုံး ၂၃၄ ခု၊ Starlink အစုံတခု၊ အထိုင် Jammer ခု၊ Jammer Battery ခု၊ Jammer Battery အားသွင်းခုံ အစုံ ခု၊ ကျောလွယ် Drone Shooter Gun စုံ၊ Drone Shooter Gun Tabletတခု၊ Drone အသေးတခု၊ ဆက်သွယ်ရေးစက် အစုံ ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် ခု၊ လက်ဗွေစစ် သေတ္တာပုံးတခု သိမ်းဆည်းရမိတယ်လို့လည်း အမှတ်- စစ်ဒေသ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ ကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ရဲဘော်တွေကို လေးစားဂုဏ်ပြုကြောင်း အမှတ်- စစ်ဒေသက အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားတဲ့အရပ်သား၂ဦးကို ARSA အဖွဲ့က သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တယ်လို့ AA ပြော  


အောက်တိုဘာ၁၁ရက်


ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်အတွင်း ဝါးခုတ်သွားတဲ့ အရပ်သားပြည်သူ ၂ဦးကို ARSA လက်နက်ကိုင်တပ်က သတ်ဖြတ် ကာ အလောင်းဖျောက်ခဲ့တယ်လို့ ရခိုင့်တပ်တော်-AA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဘူးသီးတောင်မြို့ အမှတ်- ရပ်ကွက် ရွာသစ်ရွာက အသက် ၆၇ နှစ်နဲ့ ၆၅ နှစ်အရွယ် အမျိုးသား ၂ဦးဟာ အောက်တိုဘာ ရက်နေ့ မနက်ပိုင်းက ဂုံးနားကျေးရွာဘက်ကို ဝါးခုတ်ဖို့ ထွက်သွားရာက ပျောက်ဆုံးနေတာကြောင့် AA ရဲ့ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်လံရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုရှာဖွေခဲ့ရာမှာ ပျောက်ဆုံးနေသူ ဦးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၁၀ ရက်မနက်မှ ဂုံးနားမွတ်ဆလင်ရွာ က နေအိမ်ခြံဝင်းတခုမှာ ခေါင်းဖြတ်အသတ်ခံထားရပြီး မြေမြှုပ်ထားတာကို တွေ့ရတယ်လို့ AA က ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS ရဲ့ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဝန်ထမ်းများနဲ့ မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက် တူးဖော်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီနောက် အသက်ဆုံးပါးသွားခဲ့သူ ဦးရဲ့ မိသားစုဝင်တွေကိုအကြောင်းကြားပြီး အလောင်းတွေ့ရာနေရာအနီးမှာပဲ ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ အပြစ်မဲ့ရွာသား၂ဦးကို သတ်ဖြတ်သွားတဲ့ ARSA မွတ်ဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေတယ်လို့လည်း AA က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အရပ်သား ၂ဦးကို အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ဝင်တွေ အောက်တိုဘာ ရက်နေ့က စပြီး ရှာဖွေခဲ့ရာမှာ ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကျဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ AA က အောက်တိုဘာ ရက်မှာ အသိပေးထားပါတယ်။

အောက်တိုဘာ ၆ရက်ကလည်း မောင်တောမြို့ တောင်ပြိုကနေ အခြေခံစားသောက်ကုန်ပစ္စည်းတွေဝယ်ပြီး ပြန်လာတဲ့ အရပ်သား ဦးပါကားကို ARSA က ခြုံခိုပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူအချို့ဒဏ်ရာရ


အောက်တိုဘာ၁၁ရက်


ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူအချို့  ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အောက်တိုဘာ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ရေတာရှည်မြို့နယ်ထဲက ရွှေသောင်ရွာဟောင်း၊ သစ်နံ့သာ၊ရွာသာယာရွာတို့ကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ Yedashe Township Information ကလည်း အောက်တိုဘာ ၁၀ ရက်မှာ အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး PDF တပ်ရင်း-၃၅၀၁ တပ်ခွဲ- က သတင်းပြန်ကြားရေးတာဝန်ခံကလည်း အတည်ပြုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်တောင်းမြစ်အနောက်ကမ်း ကျွန်းတောကုန်းနဲ့နှောပင်ကျေးရွာဘက်ကို ဒရုန်းတင်ဆောင်လာတဲ့ ကားနဲ့ ၀င်ရောက်လာပြီး မိချောင်းအိုင်အုပ်စု၊ ရွှေသောင်ရွာဟောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ရွှေသောင်ရွာဟောင်းက နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦးအပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ Yedashe Township Information ကဖော်ပြထားပါတယ်။

ဒါ့အပြင် သစ်နံ့သာစည်ပင်ကျောင်းအနီးကိုလည်း ဗုံးသီး ထပ်မံကြဲချခဲ့ရာ အိမ်တလုံး ပျက်စီးခဲ့ပြီး ရွာသာယာရွာက ရေစင် အနီး ညနေ နာရီခန့်က ဗုံးသီးကြဲချခဲ့ရာမှာတော့ ကလေးငယ်တဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ 

ရွှေသောင်ရွာဟောင်းကို ၁၁ နာရီအချိန်က ဒရုန်းနဲ့ ဗုံးသီးကြဲချရာမှာတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူ လူထုအနေနဲ့ ပေါက်ကွဲသံတွေ ကောင်းကင်ကလာတဲ့ ပန်ကာဒလတ်သံတွေကြားတာနဲ့ မိမိတို့နေအိမ်နဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ Yedashe Township Information က သတိပေးထားပြီး လမ်းပေါ်မှာ ကလေးသူငယ်တွေကို လွတ်မထားဖို့ မေတ္တာရပ်ခံပန်ကြားထားပါတယ်။

ရေတာရှည်အခြေစိုက် PDF တပ်ဖွဲ့တွေ စက်တင်ဘာအတွင်းက စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေသုံးပြီး ဗုံးသီးချတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၅။ သီပေါနဲ့နောင်ချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ TNLA ပြော


အောက်တိုဘာ၁၁ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့  စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲလို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ ၁၀၈ ရက်မြောက် စစ်ရေးအခြေအနေကို ဖော်ပြရာမှာ အခုလိုထည့်သွင်းထုတ်ပြန် ထားတာဖြစ်ပါတယ်။

သီပေါမြို့က စစ်ကောင်စီတပ် ခလရ-၂၃ တပ်စခန်းနေရာနဲ့ နောင်ချိုမြို့က စစ်ကောင်စီ အမြောက်တပ်-၃၅၄ တပ်စခန်း နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။  

တိုက်ပွဲဖြစ်နေတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ကြိမ်၊ Y12 နဲ့တကြိမ် ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးပါတယ်။ 

စစ်ကောင်စီဟာ ခလရ ၂၃ တပ်စခန်းနေရာကို အရင်နေ့တွေမှာလိုပဲ ထောက်ပို့ယာဉ် Y12  နဲ့ ၁၁ ကြိမ်တိုင် လက်နက်ခဲယမ်း တွေ လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ -၂၃ တပ်မှာ တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီက သီပေါအကျဉ်းထောင်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကျဉ်းထောင်အပါအဝင် အိမ် လုံး ပျက်စီးသွား တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေရဲ့အဆိုကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာကန ဖော်ပြထားပါတယ်။

ခလရ -၂၃ တပ်က အရာရှိတွေနဲ့မိသားစုဝင်တွေကို စစ်ကောင်စီက အောက်တိုဘာ ရက်နေ့မှာ ရဟတ်ယာဉ် စင်းနဲ့ လာခေါ်သွားတယ်လို့လည်း သိရပါတယ်။ 

ဒါနဲ့ပတ်သက်လို့ စစ်တပ်ထောက်ခဲ့သူအချို့ကတော့ သီပေါမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်တွင်းမိသားစုတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ခေါ်ထုတ်သွားပြီးဖြစ်တယ်လို့ ပြောဆိုနေတာလဲရှိပါတယ်။   

ထို့အတူ နောင်ချိုမြို့ ဘန့်ဘွေးရွာကနေ ရေမောင်းတန်းရွာနဲ့ ဂန့်ကော်ရွာဘက်ကို စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့တကြိမ် ဗုံးသုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ရေဦးမြို့အထွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်


အောက်တိုဘာ၁၁ရက်


စစ်ကိုင်းတိုင်း ရေဦးမြိအေနောက်ဘက် အထွက်မှာရှိတဲ့ ရွှေကျီးမင်းစစ်တပ် စစ်ဆေးရေးဂိတ်ကို Fixed Wing Drone တွေသုံးပြီး ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးက ပြောပါတယ်။ 

 မနေ့ အောက်တိုဘာ ၁ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေဦးက ရွှေကျီးမင်း စစ်တပ်ဂိတ်ကို Fixed Wing Drone တွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

 တိုက်ခိုက်မှုပြီးချိန်မှာ ရွှေကျီးမင်းစစ်တပ်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က  လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ တယ်လို့လည်း အသိပေးထားပါတယ်။

 ဒါဟာ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ဒရုန်းတပ်စုရဲ့ လှုပ်ရှားမှုကို အသိပေးလိုက်တာဖြစ်ပြီး တော်လှန်ရေးမှာ မဆုတ်မရွံ့ တဲ့ ခွန်အားနဲ့ ကြိုးစားနေတယ်ဆိုတာ ပြည်သူလူထု သိစေဖို့နဲ့ အင်အားတခုဖြစ်စေဖို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးဟာ အခုလ ရက်နေ့ကလည်း ရေဦးမြို့နယ်ပကဖ နဲ့အတူ ရေဦးမြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ အောင်သာပျူရွာက စစ်တပ်အထိုင်စခန်းကို Fixed Wing Drone တွေနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ရက်နေ့ကလည်း ရေဦးမြို့မရဲစခန်းကို Fixed Wing Drone တွေနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရစေခဲ့ပြီး လိုင်းခန်း မီးလောင်ပျက်စီး အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၇။ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပိုမိုအားကောင်းလာစေဖို့ ဂန့်ဂေါခရိုင်က တပ်ရင်း ရင်း စုပေါင်းလေ့ကျင့်


အောက်တိုဘာ၁၁ရက်

မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကြား ပိုမိုကျစ်လစ်အားကောင်းလာစေဖို့ ဂန့်ဂေါခရိုင်က တပ်ရင်း ရင်း စုပေါင်းလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ The Youth Force- Saw & Kyaukhtu က အသိပေးထုတ်ပြန်ပါတယ်။

ဂန့်ဂေါခရိုင်တပ်ရင်း ရင်း စုဖွဲ့မှုကို ပြည်သူများအား အသိပေးထုတ်ပြန်ခြင်းဆိုပြီး အောက်တိုဘာ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ဂန့်ဂေါခရိုင်ထဲမှာရှိတဲ့ ခရိုင်အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ စတဲ့တပ်ရင်းတွေက ဒေသအတွင်း တော်လှန်ရေးအင်အားစုများ ပိုမိုကျစ်လစ်အားကောင်းလာစေဖို့ရည်ရွယ်ပြီး အခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်နဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကချမှတ်ထားတဲ့ ရဲဘော်တွေလိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်းများကိုလည်း တပ်ရင်း ရင်း စုဖွဲ့ မှုအနေနဲ့ နေရာ၂ခုမှာ သင်တန်းပို့ချပြီးဖြစ်တယ်လို့ လည်း အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment