11th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ပြည်သူကိုမျက်နှာမူလျက် အလုပ်လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

📌 ၂။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews နှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ ဒေါက်တာထွန်းအောင်ရွှေတို့ တွေ့ဆုံ

📌 ၃။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်လိုအပ်ချက်များအတွက် နော်ဝေးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၃၅,၀၀၀ ကို ထပ်မံထောက်ပံ့ခဲ့

📌 ၄။ ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား ကူညီပေးနေသည့် အဖွဲ့အစည်းများ လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ သွားလာခွင့် တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ရန်ပုံငွေနည်းပါးခြင်းများ ရင်ဆိုင်နေရ

📌 ၅။ မြန်မာပြည်တွင်းရေးကို ပြည်ပနိုင်ငံတွေက ဝင်ရောက်စွတ်ဖက်ရန် စီစဉ်နေတာကြောင့် ပြည်ပအင်အားစုတွေက အတင်းအကြပ်အသုံးမပြုနိုင်စေရန်နဲ့ မလိုလားအပ်တဲ့ အငြင်းပွါးမှု၊ ပါဋိပက္ခတွေမှာ ပါဝင်ခြင်း ကာကွယ်ရန်အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေကို MNDAAထုတ်ပြန်

📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၃၅) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၁၅) ဦး စုစုပေါင်း (၅၀) ဦး ရှိခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နေပြည်တော် PDF ရှေ့တန်း ရဲဘော်များကို ကျည်ကာ Helmet နှင့် Plate ပြားများ တပ်ဆင်

🚩 ၂။ ဘားအံတွင် သန်းခေါင်စာရင်းကောက်အဖွဲ့ လုံခြုံရေး စစ်ကား RPG ဖြင့် ပစ်ခံရပြီး စစ်သား ဦး သေဆုံး

🚩 ၃။ ရမည်းသင်းတွင် သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြိမ်တိုင် မိုင်းဆွဲခံရ

🚩 ၄။ ဒဂုံမြို့နယ် သမ္မတ ရုပ်ရှင်ရုံအနီး စကစ ယာယီဂိတ်နှင့် ရွှေပြည်သာမြို့ နယ်၊ (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကို ဖောက်ခွဲတိုက်ခိုက်

🚩 ၅။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့

🚩 ၆။ ကျောက်တော် ဗုံးကြဲခံရမှု ကလေးငယ် ဦးအပါအဝင် သေဆုံးသူ ဦးခန့် ရှိ

🚩 ၇။ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ပြည်သူကိုမျက်နှာမူလျက် အလုပ်လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း


အောက်တိုဘာလ (၁၀) ရက်

Radio NUG

ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ပြည်သူကိုမျက်နှာမူလျက် အလုပ်လုပ်ကြဖို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၄) ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မူဝါဒတွေကို မြို့နယ်က တာဝန်ရှိသူတွေက ကောင်းမွန်စွာ အကောင်အထည်ဖော်ပေးနိုင်မှသာ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားကြီး ကောင်းမွန်စွာလည်ပတ်နိုင်မှာဖြစ်ပါကြောင်း။ မြို့နယ် တာဝန်ရှိသူတွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်တာဝန်ပေးထားချက်နဲ့အညီ ပြည်သူကိုမျက်နှာမူလျက် အလုပ်လုပ်ကြရမှာဖြစ်ပါကြောင်း။ ကျွန်တော်တို့ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေအနေနဲ့ လက်တလောအခြေအနေမှာတော့ မြေပြင်နဲ့ ဗဟိုအကြားမှာ စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုတွေ တဆင့်ပြီးတဆင့် တိုးတက်ကောင်းမွန်လာဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာကိုလည်း မြင်ရသလို ထပ်ပြီး စနစ်တကျလုပ်နိုင်ဖို့ကိုလည်း ဆက်လက်ကြိုးစားကြရအုံးမှာ ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၇/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews နှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ ဒေါက်တာထွန်းအောင်ရွှေတို့ တွေ့ဆုံ


အောက်တိုဘာ၁၀ရက်

Radio NUG

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့၌ သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာတွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


တွေ့ဆုံပွဲတွင် ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က အကြမ်းဖက် စစ်အုပ်စုအား လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတစ်ချို့ကို တားဆီးလျော့ချနိုင်ခဲ့ပြီး၊ ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံအနေဖြင့် စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀%ခန့်ထိ လျော့ချနိုင်ခဲ့ပါကြောင်း၊ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်မှ အဓိကတင်ပို့ရောင်းချနေသဖြင့် ဗီယက်နမ်အနေဖြင့် ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ဩစတေးလျအစိုးရကိုလည်း အကြမ်းဖက်စစ်အုပ်စုအား ပိတ်ဆို့အရေးယူရန် တိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ တချိန်တည်းမှာပင် သြစတေးလျနိုင်ငံအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုအား Universal Jurisdiction မှတဆင့်အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်းဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီပေးရာတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းများထံ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှသာ အမှန်တကယ်လိုအပ်သည့်နေရာများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာအစိုးရများအနေဖြင့် ကန့်ကွက်ရန် လုပ်ဆောင်ရန်လိုပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီတင်ပို့နေသည့် ကုမ္ပဏီအဖွဲ့အစည်းများအား အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးအပေါ် တရုတ်အစိုးရ၏ စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားနိုင်ငံမှ စွက်ဖက်နေခြင်းကို ကန့်ကွက်ပါကြောင်း Mr. Tom Andrews က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်လိုအပ်ချက်များအတွက် နော်ဝေးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၃၅,၀၀၀ ကို ထပ်မံထောက်ပံ့ခဲ့


အောက်တိုဘာ ၁၀ရက်

Radio NUG

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်လိုအပ်ချက်များအတွက် နော်ဝေးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၃၅,၀၀၀ ကို ထပ်မံထောက်ပံ့ တိုးမြှင့်ပေးအပ်ခဲ့တယ်လို့ အောက်တိုဘာ ၁၀ရက် နော်ဝေးသံရုံး ရန်ကုန်က ထုတ်ပြန်ပါတယ်။


နော်ဝေး နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီး Anne Beathe Kristiansen Tvinnereim က "ရာသီဥတုဖောက်ပြန်မှုက မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုဆိုးရွားစေခဲ့ပါတယ်။ လူပေါင်း ရာနဲ့ချီ အသက်ဆုံးရှုံးပြီး အများအပြားပျောက်ဆုံးခဲ့သလို သိန်းနဲ့ချီတဲ့ ပြည်သူတွေလည်း အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူပေါင်းများစွာရဲ့ ထိခိုက်လွယ်တဲ့အခြေအနေကို ဖော်ပြနေတာပါပဲ" ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။


နော်ဝေးနိုင်ငံ၏ အလှူငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေမှတဆင့် ပေးအပ်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ (CERF) အဖွဲ့၏ ရေဘေးတုံ့ပြန်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ထောက်ပံ့ပေးမှုအစီအစဉ်တွင်လည်း နော်ဝေးနိုင်ငံအနေဖြင့် ၁၀ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၄။ ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား ကူညီပေးနေသည့် အဖွဲ့အစည်းများ လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ သွားလာခွင့် တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ရန်ပုံငွေနည်းပါးခြင်းများ ရင်ဆိုင်နေရ


အောက်တိုဘာ ၁၀ 

Radio NUG 

ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား တုံ့ပြန်အကူအညီပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အစည်းများသည် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ အဖွဲ့အစည်းအမျိုးမျိုး၏ သွားလာခွင့်တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ရန်ပုံငွေနည်းပါးခြင်းများအပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း UNOCHAမှ သတင်းထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံရှိ အရပ်သားများသည် ကျယ်ပြန့်လာသည့်ပဋိပက္ခနှင့် ထိခိုက်သေကျေမှုရှိခဲ့သော ရေဘေးသင့်ခြင်းများအပါအဝင် များပြားလာသည့် အန္တရာယ်ကို ကြုံတွေ့နေရပြီး၊ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။


မြို့နယ်ပေါင်း ၃၃၀ အနက်မှ မြို့နယ် ၇၀ ရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာနေကြရသူ အများအပြား အပါအဝင် ခန့်မှန်းခြေ လူဦးရေ သန်းခန့် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် အများဆုံးရေဘေးသင့်ခဲ့ပြီး၊ လယ်ယာများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရေနစ်မြုပ်ခဲ့ကာ အသက်မွေးဝမ်းကျောင်းများ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ရပြီး လက်နက်ကိုင်ပဋိပက္ခ ရပ်စဲခြင်းမရှိခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးခြင်းများ၊ အရပ်သားထိခိုက်သေဆုံးခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများလည်း မြင့်မားနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေက အမေရိကန်ဒေါ်လာ သန်းခွင့်ပြုပေးထားပြီး၊ နိုင်ငံတကာအလှူရှင်များကလည်း ဒေါ်လာ သန်းကျော် ထပ်မံထည့်ဝင်သွားမည်ဟု ကတိပြုထားကြတယ်လို့ သိရပါတယ်။


ဆယ်လပိုင်းအတွင်း ဝင်ရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် လိုအပ်သည့် ရန်ပုံငွေ၏ ၂၈ ဒသမ ရာခိုင်နှုန်းမျှသာ ရရှိထားပြီး ကျယ်ပြန့်လာသည့် လိုအပ်ချက်များကို အလုံးအရင်းဖြင့် အကူအညီပေး တုံ့ပြန်နိုင်ရန် ထပ်ဆောင်းရန်ပုံငွေများ အရေးပေါ်လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မြန်မာပြည်တွင်းရေးကို ပြည်ပနိုင်ငံတွေက ဝင်ရောက်စွတ်ဖက်ရန် စီစဉ်နေတာကြောင့် ပြည်ပအင်အားစုတွေက အတင်းအကြပ်အသုံးမပြုနိုင်စေရန်နဲ့ မလိုလားအပ်တဲ့ အငြင်းပွါးမှု၊ ပါဋိပက္ခတွေမှာ ပါဝင်ခြင်း ကာကွယ်ရန်အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေကို MNDAAထုတ်ပြန်


အောက်တိုဘာ ၁၀ 

Radio NUG 


မကြာသေးမီက မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပတပ်ဖွဲ့ဝင်များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေကြောင်း သတင်းရရှိပြီး လက်ရှိ ရှုပ်ထွေးနေသော ပြည်တွင်းအခြေအနေအရ ကျွန်ုပ်တို့ပါတီနှင့် ကျွန်ုပ်တို့၏တပ်မတော်အား ပြင်ပအင်အားစုများက အတင်းအကြပ်အသုံးမပြုစေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခများတွင် ပါဝင်ခြင်းမှ ကာကွယ်ရန်အတွက် ကျွန်ုပ်တို့ပါတီ၊ အစိုးရနှင့် တပ်မတော်နှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေကို MNDAAမှ အောက်တိုဘာ ၉ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။


MNDAAနဲ့ ဆက်စပ်သူတွေ အာဆီယံနိုင်ငံများ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ခရီးသွားလာတာတွေ တားမြစ်ခြင်း၊ ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံတကာညီလာခံတွေမှာ ပါဝင်ခြင်းမှ တားမြစ်ခြင်း၊ ခွင့်ပြုချက်မရဘဲ အမေရိကန်နဲ့ အနောက်တိုင်းမီဒီယာက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုကို တားမြစ်ပြီး အခုနှစ်အတွင်း ပြည်ပမီဒီယာတွေရဲ့ အင်တာဗျူးကို လက်မခံခြင်း၊ ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံအခြေနေအပေါ် ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းအမည်ဖြင့် ရပ်တည်ချက်နဲ့သဘောထားဖော်ပြတာတွေကို တားမြစ်ခြင်းစတဲ့ စည်းကမ်းချက်များကို ဖော်ပြထားပါတယ်။


စည်းကမ်းဖောက်ဖျက်သူတွေကို အခြေနေနဲ့အကျိုးဆက်ပေါ်မူတည်ပြီး သက်ဆိုင်ရာက တာဝန်တွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၃၅) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၁၅) ဦး စုစုပေါင်း (၅၀) ဦး ရှိခဲ့


အောက်တိုဘာ ၁၀ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၃၅) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၁၅) ဦး စုစုပေါင်း (၅၀) ဦး ရှိသည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ (၅၀) ဦးအနက် အသက် ၆၀ နှစ်နှင့်အထက် သေဆုံးသူ (၂၂) ဦး ပါဝင်ပြီး၊ မန္တလေးတိုင်းမှာ (၁၉) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖုံကျေးရွာသို့ မြင်းခြံမြို့အခြေစိုက် အမှတ် ၁၅ ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံများဖြစ်ကြသည့် ဦးရဲဝင်း၊ ဦးအောင်ကျော်ဇင်နှင့် ကိုကျော်စွာဝင်းတို့အား ဖမ်းဆီးခဲ့ပါတယ်။


စစ်အုပ်စုက ဦးရဲဝင်း၏ ခြေထောက်ကိုရိုက်ချိုး၍ ရင်ဘတ်ကိုဓါးဖြင့် ထိုးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ သော်လည်းကောင်း၊ ကိုကျော်စွာဝင်းကိုလည်း လည်ပင်းဓါးဖြင့်လှီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့၍ သော်လည်းကောင်း၊ ဦးအောင်ကျော်ဇင်၏ ဦးခေါင်းကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့နောက် ၎င်းတို့၏ ရုပ်အလောင်းများကို ဒေသခံနေအိမ်အချို့အား မီးရှို့ချိန်၌ ထည့်သွင်း၍ မီးရှို့ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နေပြည်တော် PDF ရှေ့တန်း ရဲဘော်များကို ကျည်ကာ Helmet နှင့် Plate ပြားများ တပ်ဆင်


အောက်တိုဘာ ၁၀ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော်တိုင်း စစ်ဌာနမှ ရှေတန်း စစ်မျက်နှာမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များအား  ကျည်ကာ Helmet နှင့် Plate ပြားများ တပ်ဆင်ပေးခဲ့တယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။


ကျည်ကာ Helmet နှင့် Plate ပြား အစုံ ၁၀၀ ကို အောက်တိုဘာလ ရက်နေ့က နေပြည်တော် အနီးရှိ ရှေ့တန်း စစ်မြေပြင် တနေရာမှာ သွားရောက်တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ကျည်ကာ Helmet နှင့် Plate ပြားများ ဝယ်ယူနိုင်ရန်အတွက် The key project မှ သိန်း (၁၀၀၀) MNSO (ဂျပန်) အဖွဲ့မှ (၂၆၅) သိန်းနဲ့ ကူညီတွဲလက် PDF (ဂျုလိုင်လ) မှ (၁၂၄) သိန်းကျော် ပံ့ပိုးကူညီပေးခဲ့တာ ဖြစ်ကြောင်းနဲ့ ပြည်တွင်းပြည်ပမှ အလှူရှင်များကို ကျေးဇူးအထူးတင်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ဘားအံတွင် သန်းခေါင်စာရင်းကောက်အဖွဲ့ လုံခြုံရေး စစ်ကား RPG ဖြင့် ပစ်ခံရပြီး စစ်သား ဦး သေဆုံး


အောက်တိုဘာ ၁၀ 

Radio NUG


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ မြောက်ဘက် ၀င်းစိန်ကျေးရွာ၊ ဇေယျာသီရိ ရပ်ကွက်၊ ၀င်းစိန် ဘုန်းကြီးကျောင်း မုဒ်၀အနီး သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားတဲ့ စစ်ကား စီး RPG ဖြင့် ပစ်ခတ်ခံရပြီး ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၀ ရက် မနက် နာရီ အချိန်မှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ Hijet အမျိုးအစား မော်တော်ယာဉ်ကို အနီးကပ် ပစ်ခတ်သွားခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံး ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်များမှာ ဖော်ပြထားပါတယ်။


ပစ်ခတ်ခံရပြီးနောက် အဆိုပါ နေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ RPG တလက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို KNU/PDF အဖွဲ့က ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် သက်ဆိုင်ရာ အဖွဲ့များဘက်က သီးခြားအတည်ပြု ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။


========================


🚩🚩 ၃။ ရမည်းသင်းတွင် သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြိမ်တိုင် မိုင်းဆွဲခံရ


အောက်တိုဘာ ၁၀

Radio NUG


မန္တလေးတိုင်း၊ ရမည်းသင်း မြို့နယ်၊ ပေပင်ရှည်ရွာမှာ တပ်စွဲထားပြီး အနီးနား ကျေးရွာများကို သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ စစ်ကောင်စီ ပူးပေါင်း စစ်ကြောင်းကို ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံက သိရပါတယ်။


အောက်တိုဘာ ၁၀ ရက်နေ့ နာရီခွဲ အချိန်မှာ ကျောက်အိုးလေး ကျေးရွာ အနောက်ဘက် အထွက်ကို ရောက်ရှိလာတဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် မနက် နာရီခန့်မှာလည်း လည်ကျင်းခေါင်းကျေးရွာ၊ ကျေားလမ်းမကြီးပေါ်ကို ထပ်မံ ရောက်ရှိလာတဲ့ အဲ့ဆိုပါ စစ်ကြောင်းကိုပဲ နောက်ထပ် မိုင်း လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ရမည်းသင်း ခရိုင် ပကဖ ရမည်းသင်း မြို့နယ် ပကဖနှင့် ပျော်ဘွယ်မြို့နယ် ပကဖ ညီနောင်မဟာမိတ် ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဒဂုံမြို့နယ် သမ္မတ ရုပ်ရှင်ရုံအနီး စကစ ယာယီဂိတ်နှင့် ရွှေပြည်သာမြို့ နယ်၊ (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကို ဖောက်ခွဲတိုက်ခိုက်


အောက်တိုဘာ ၁၀ 

Radio NUG 


အောက်တိုဘာလ ၁၀ရက်နေ့ နေ့လယ် ၁၁:၄၅ နာရီအချိန်ခန့်တွင် ဒဂုံမြို့နယ် အလံပြဘုရားလမ်းပေါ်ရှိ သမ္မတ ရုပ်ရှင်ရုံအနီး စကစ စစ်သားများ အထိုင်ချထားသော ယာယီဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God's Hand Forces (GHF)မှ သတင်းထုတ်ပြန်ပါတယ်။


ရာသီဥတုနှင့် အခြေနေတစ်ရပ်ကြောင့် နောက်ဆက်တွဲ ထိခိုက်မူကို မသိရသေးဘဲ တိုက်ခိုက်မှုအပြီး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


 အဆိုပါတိုက်ခိုက်မှုသည် " M 043 စစ်ဆင်ရေး " တစ်စိတ်တစ်ဒေသ ဖြစ်ပြီး သတ္တမမြောက် ဖော်ဆောင်မှုဖြစ်ပါသည့်အပြင် မြို့ပြတိုက်ခိုက်မှုများအတွက် နည်းပညာနှင့် ခဲယမ်း ကူညီပေးပါသော ညီနောင် Tiger Dragon Revolution Force (TRDF) ကိုလည်း ကျေးဇူး မှတ်တမ်း တင်အပ်ပါကြောင်း ဖော်ပြထားပါတယ်။


အလားတူ အောက်တိုဘာလ ၁၀ရက်နေ့ ( :၀၀ ) နာရီ၀န်းကျင်အချိန်ခန့်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နယ်၊ (၁၉) ရပ်ကွက် အကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံး အား အုပ်ချုပ်ရေးအဖွဲ့များ ရှိစဉ် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့ နှင့်ပူးပေါင်း၍ ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း Yangon Army (YA)မှ သတင်းထုတ်ပြန်ပါတယ်။


အုပ်ကြီးနှင့် နောက်လိုက်နောက်ပါများ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပြီး ပြည်သူအား မျိုးစုံဖိနှိပ် အနိုင်ကျင့်နေသော တရားမ၀င်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေကြသော အုပ်ချုပ်ရေးမှူးများနှင့် နောက်လိုက်များကို ထိထိရောက်ရောက်ထပ်မံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့


အောက်တိုဘာ ၁၀ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်နဲ့ လယ်ဒို မြို့နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့ မနက် နာရီ ၂၀ မိနစ်တွင် မူးမြို့နယ်၊ ရေအိုးစဉ် ကျေးရွာအနီး စစ်ကောင်စီ နဲ့ KNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ရေအိုးစဉ် ကျေးရွာနေ ဒေသခံ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် အောက်တိုဘာ ရက်နေ့ ညနေ နာရီ ၅၁ မိနစ် အချိန်မှာလည်း စစ်ကောင်စီတပ်က မအူပင်ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကြဲခဲ့တာကြောင့် နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့ပြီး ညနေ နာရီ မိနစ် အချိန်မှာ ခမရ  ၄၃၉ တပ်ရင်းမှ ငနုဆန်း ကျေးရွာအတွင်း လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ကျောင်းလာတက်နေတဲ့ ကညင်ဒိုင်းရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးတဦး ဒဏ်ရာရခဲ့ပါတယ်။


အလားတူ လယ်ဒို မြို့နယ်၊ ကျောင်းစိုးရွာ အနီးမှာလည်း စစ်ကောင်စီရဲ့ ခမရ - ၂၀ တပ်နဲ့ ခလရ - ၂၆၄ တပ်တို့ စစ်ကြောင်းထိုးချိန်မှာ ထောင်ထားခဲ့တဲ့ မိုင်းကို အောက်တိုဘာ ရက် နေ့လည် ၁၂ နာရီ ခွဲမှာ နွားကျောင်းနေတဲ့ ရွာသားတဦး နင်းမိခဲ့တာကြောင့် ခြေထောက်တဖက် ဖြတ်တောက်ခဲ့ရပါသေးတယ်။


ထို့အပြင် အောက်တိုဘာ ရက်နေ့ နာရီ မိနစ်မှာ စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်ရင်းမှ ပစ်ခတ်ခဲ့တဲ့ ၁၂၀ မမ လက်နက်ကြီး လုံးဟာ အင်းပုရိ ရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသား ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ရက်‌နေ့က ဝက်လာတော ရွာသားတဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် မင်းသက်ကို ဆိုသူဟာ ကျောက်တံခါး မြို့ပေါ်ကို ဈေးသွားဝယ်ချိန်မှာ စစ်ကောင်စီ လက်အောက်ခံ ကျောက်တံခါး ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခဲ့ပြီး ငွေကျပ် သိန်း တောင်းခံကာ အောက်တိုဘာ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ကျောက်တော် ဗုံးကြဲခံရမှု ကလေးငယ် ဦးအပါအဝင် သေဆုံးသူ ဦးခန့် ရှိ


အောက်တိုဘာ ၁၀ 

Radio NUG 


အောက်တိုဘာလ ၁၀ ရက် ညနေ နာရီခွဲ ဝန်းကျင်က ကျောက်တော်မြို့ ..က() စာသင်ကျောင်းအနီးနှင့် လမ်းမကြီးအနီးရှိ အမှုန့်ကြိတ်စက်ရုံပတ်ဝန်းကျင်ကို လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သဖြင့် ကလေးငယ် ဦးအပါအဝင် သေဆုံးသူ ဦးခန့် ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း သိရပါတယ်။ 


ကျောက်တော်မြို့မဈေးကို ဗုံး လုံးနှင့် အထက စာသင်ကျောင်းဝန်းထဲ ဗုံး လုံး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


"လုံးဝမထင်မှတ်ထားတဲ့ အချိန်မှာ လာကြဲတော့ ဒေသခံတစ်ယောက်အနေနဲ့ ကြောက်တယ်။ ခြေဖျား၊ လက်ဖျား အေးစက်သွားတယ်။ အခုက လေယာဥ်သံကြားလိုက်တာနဲ့ ချက်ချင်းဗုံးပေါက်တာပဲ "ဟု ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။


ဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးသူများကို အရေးပေါ်ကားများက သယ်ဆောင်သွား၍ အမည်၊ အသက်အရွယ်၊ လိပ်စာ စသဖြင့် အသေးစိတ်အချက်အလက်အား မသိရသေးဘဲ ကျောက်တော်မြို့သည် ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသော မြို့ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်


အောက်တိုဘာ ၁၀

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့မရဲစခန်းမှ ရဲတပ်သား တဦး လက်နက်နှင့် အလင်းဝင်ရောက်လာခဲ့ကြောင်း Earthquake people's defence force က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ရက် မနက် ၁၁ နာရီ အချိန်မှာ ပခုက္ကူ မြို့မရဲစခန်းမှ အသက် ၃၁ နှစ် အရွယ်ရှိ ရဲတပ်သား အောင်ဗိုလ်မင်း ဆိုသူဟာ လက်နက်နှင့်တကွ ဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။


၎င်းရဲတပ်သားဟာ အူဇီသေနတ် တလက်၊ ကျည်ဘောက် နှခုနဲ့ 9mm ကျည် ၁၀၀ တောင့်ကို တပါတည်း ယူလာခဲ့တာ ဖြစ်ပါတယ်။


၎င်းကို ကာကွယ်ရေးအဖွဲ့မှ နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံခဲ့ပြီး လုံခြုံတဲ့နေရာကို အသက်အာမခံချက် အပြည့်ဖြင့် ပို့ဆောင် ပေးသွားမယ်လို့ အသိပေးပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment