12th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်တာဟာ PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသခဲ့တာလို့ NUG ကာကွယ်ရေးဌာန ပြော 

📌 ၂။ စစ်အာဏာသိမ်းမှုကြောင့်  မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေတိုးလာပြီး တရားမဝင်ငွေကြေးစီးဆင်းမှုဟာ ဒေါ်လာ သန်းတထောင့် ၃ရာကျော် ရှိနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော

📌 ၃။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ပြီး အမာခံ သတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်အဖွဲ့ ထပ်မံ ဖိတ်ခေါ် 

📌 ၄။ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတ္တရာမြို့နယ်ကို စစ်ကောင်စီက ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် 

🚩 ၂။ ငါန်းဇွန်နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ရာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်း သေဆုံး

🚩 ၃။ သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်တပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့် ဒေသခံတဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး

🚩 ၄။ ပန်ဝါမြို့အနီးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်‌ကလေကြောင်းကနေ ထပ်မံပစ်ခတ် 

🚩 ၅။ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကလေး ၂ဦးအပါအဝင် ဦးသေဆုံးကာ ဦး ဒဏ်ရာရ 

🚩 ၆။ နွားထိုးကြီး ကန်နားရဲစခန်းကို PDF တွေ တိုက်ခိုက်ချိန်မှာ စစ်တပ်က လေကြောင်းကနေ တုန့်ပြန် 

🚩 ၇။ ဆိုင်းတောင်ရွာကို မီးရှို့ဖျက်ဆီးရာမှာပါဝင်တဲ့ စစ်သားတွေကို ဖမ်းမိတဲ့ရုပ်သံဖိုင် ထွက်ပေါ်  


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်တာဟာ PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသခဲ့တာလို့ NUG ကာကွယ်ရေးဌာန ပြော 


အောက်တိုဘာ၁၂ရက်


စစ်ရေးအရ မဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ PDF တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်တာဖြစ်ပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ ခံစစ်လိုင်းတခုကို ချိုးဖျက်နိုင်ခဲ့တာပဲဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပင်လည်ဘူးမြို့ဟာ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင် စတဲ့မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်း မြစ်ဝှမ်းဆက်သွယ်ရာ လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ မြို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် ရန်သူ့တပ်အတွက် အရေးပါတဲ့ ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တဲ့အပြင် မြေပြန့်ဒေသမှာ ထုအင်အားနဲ့ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့အရေးကြီး သော အောင်ပွဲကိုရယူနိုင်ခဲ့ခြင်းလည်းဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ရက်ကစတင်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် ထိုးစစ်ကာလ ၅၄ မှာ သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၆၇ဝ မှာ ဗု့းသီးအလုံးရေ ၅ထောင်ကျော် ကြဲချတိုက်ခိုက်တဲ့အပြင် မြေပြင်အင်အား ၈၀၀ နီးပါးနဲ့ ခုခံခဲ့တာလို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း ရန်သူ့ဘက်က ၇၀ ခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးကာ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ထားပေမယ့် PDF ပူးပေါင်းတပ်ဘက်ကထိခိုက်ကျဆုံး  အခြေအနေအသေးစိတ်ကို ဖော်ပြမထားပါဘူး။ 

ရန်သူ့ထံက လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲ၊ယမ်း၊မီး၊ကျောက် အမြောက်အမြားနဲ့ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို အလင်းဝင်လာသူ ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပြီး ရန်သူ့တပ်သားတွေကို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားတာတွေ့ရပြီး ရန်သူ့တပ်တွေ အဓိက အခြေပြုနေတဲ့ ရဲစခန်းအတွင်းက ဘိန်းမဲအထုပ် ၁၈ထုပ် (ခန့်မှန်း ပိဿာထုပ်) ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူ အထုပ်သေး ၁၂၈၅ ခု သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေး နှစ်တာ ကာလအတွင်း ကြိမ်မြောက် ဆင်နွှဲခဲ့ရပြီး စစ်ဆင်ရေးတွေမှာ မဆုတ်မနစ်သောဇွဲသတ္တိနဲ့ အသက်၊ခန္ဓာကိုယ် ပေးဆပ်စွန့်လွှတ်သွားတဲ့ ပြည်သူ့တော်လှန်ရေး ရဲဘော်တွေကို ဂုဏ်ပြုဦးညွှတ်ကြောင်းနဲ့ ယခုအောင်ပွဲကရရှိလာတဲ့အောင်စိတ်နဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။


ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူး စစ်ဆင်ရေးမှူးကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ) အမှတ် () စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀) အမှတ် (၁၊ ) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ) ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း () စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊ပကဖ (စစ်ကိုင်းတိုင်း၊ကောလင်း ခရိုင်၊ ရွှေဘိုခရိုင်၊ပင်လည်ဘူးမြို့နယ်၊ကောလင်းမြို့နယ်၊ဝန်းသိုမြို့နယ် ပကဖ) ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်) ဒရုန်းအဖွဲ့များ (အမှတ် () စစ်ဒေသ၊ စစ်ကိုင်း တိုင်း PDF တာဝန်ခံရုံး၊ ရွှေဘိုခရိုင် ပကဖ၊ ပင်လည်ဘူးမြို့နယ် ပကဖ၊ ကောလင်းမြို့နယ် ပကဖ၊ ဝန်းသိုမြို့နယ် ပကဖ) စသည် PDF ပကဖ တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်အာဏာသိမ်းမှုကြောင့်  မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေတိုးလာပြီး တရားမဝင်ငွေကြေးစီးဆင်းမှုဟာ ဒေါ်လာ သန်းတထောင့် ၃ရာကျော် ရှိနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော


အောက်တိုဘာ၁၂ရက်


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေတိုးလာပြီး မူးယစ်ဆေးဝါးတင်ပို့မှုတခုတည်း ကနေတရားမဝင်ငွေကြေးစီးဆင်းမှုဟာ ပြည်တွင်းမှာ ဒေါ်လာ သန်း တထောင့်၃ရာ ၄၇ သန်း ရှိနေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားလိုက်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းကနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဒုတိယ ကော်မတီလို့ခေါ်တဲ့ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ရာမှာ သံအမတ်ကြီးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘဲ အကျင့်ပျက်ခြစားမှုတွေများလာတာ ဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ online လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများအပေါ် ထပ်လောင်း အကျိုးသက်ရောက်စေပြီး အခြေအနေတွေ ပိုမိုဆိုးရွား စေတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် UNCTAD ရဲ့ အဆိုကို ကိုးကားပြီး မူးယစ်ဆေးဝါးတင်ပို့မှုတခုတည်းက ဖြစ်ပေါ် လာတဲ့ တရားမဝင် ငွေကြေး စီးဆင်းမှုဟာ မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာ တထောင့် ၃ရာ ၄၇ သန်းအထိရှိနေတာဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကိုထိခိုက်စေတဲ့ အန္တရာယ်တွေဖြစ်တယ်ဆိုတာ အလွန်တင်ရှားတယ်လို့လည်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင်စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက် ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်လာမှုတွေ တိုးပွားလာခြင်းတို့ကြောင့် မြန်မာပြည်သူတွေဟာ ဘဝဖွံ့ဖြိုးတိုးတက်ရေးထက် နေ့စဉ် အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရတယ်လို့လည်း အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောကြားခဲ့ပါတယ်။

တရားမ၀င်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ လူမှုရေးယိုယွင်းပျက်စီးမှုများရဲ့ မူလဇစ်မြစ်ဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ လက်ရှိအခြေအနေမှာ လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်သော ရွေးကောက်ပွဲ ကျင်းပဖို့ သင့်တော်တဲ့အချိန်မဟုတ်ကြောင်းလည်း သံအမတ်ကြီးက ထပ်မံရှင်းလင်းပြောဆို ခဲ့ပါတယ်။ 

အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကြိုးပမ်းမှုမှန်သမျှကို မြန်မာပြည်သူတွေက ပြတ်ပြတ်သားသား ကန့်ကွက်နေသလို နိုင်ငံတကာအသိုက်အဝန်းကလည်း အလားတူလုပ်ဆောင်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို ထပ်မံတိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ပြီး အမာခံ သတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်အဖွဲ့ ထပ်မံ ဖိတ်ခေါ် 


အောက်တိုဘာ၁၂ရက်


စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ကာ အမာခံ သတင်းပေးပို့လိုတဲ့ ဖရဲသီးများကို ထပ်မံဖိတ်ခေါ်လိုက်ပြီး လိုအပ်ရင် အသက်ဘေးလွတ်ရာအထိ ရွှေ့ပြောင်းစောင့်ရှောက်ပေးမယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က အသိပေးပြောကြား လိုက်ပါတယ်။ 

ဖရဲသီးလို့လူသိများတဲ့ PreCDM အဖြစ် တာဝန်ထမ်းဆာင်နေကြတဲ့ တပ်၊ရဲနဲ့ဝန်ကြီးဌာနအသီးသီးက ပြည်သူ့ဘက်တော် သား နိုင်ငံ့ဝန်ထမ်းတွေဟာ ရန်သူ့အတွင်းစည်းမှာနေရတာကြောင့် လုံခြုံရေးအရ စိုးရိမ်စရာကောင်းတဲ့ အခြေအနေနဲ့ အချိန်ပြည့် ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ 

ဒီလိုအခြေအနေမှာတောင် တာဝန်နဲ့ရာထူးအရ သိရှိထားတဲ့ တပ်တွင်းနဲ့ဌာနတွင်းသတင်းတွေကို တာဝန်ကျေပွန်စွာ ပေးပို့ နေတာကြောင့် တော်လှန်ရေးအတွက် များစွာအထောက်အကူပြုနေတယ်ဆိုတာ တော်လှန်ရေးကာလအစကနေ ဒီနေ့အထိ ထင်ရှားပေါ်လွင်နေဆဲဖြစ်တာကြောင့် လေးစားစွာနဲ့ အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်းလည်း ပြည်သူ့ရင်ခွင်အဖွဲ့က အသိပေးထားပါတယ်။ 

ဒါကြောင့် ဖရဲသီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ တပ်၊ ရဲနဲ့ ဝန်ကြီးဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန-MOD ရဲ့ အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေငြာချက် အမှတ် /၂ဝ၂၂ အပိုဒ်- အပိုဒ်ခွဲ- ပါ အာမခံချက်အတိုင်း အပြည့်အဝအကာအကွယ်ပေးလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အထူးသဖြင့် အကျအဆုံးများနေပြီး စစ်ရေးပြင်းထန်တဲ့ဒေသတွေကို စေလွှတ်ခံရမယ့် ပြည်သူ့ဘက်တော်သား အမာခံ သတင်းပေးပို့သူ ဖရဲသီးများကို ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ မိတ်ဘက်တော်လှန် ရေးအင်းအားစုများနဲ့ ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းပြီး အသက်ဘေးကင်းလွတ်ရာ ကူညီရွေ့ပြောင်း စောင့်ရှောက်ပေးနေတယ် လို့ သိရပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်ကို ရုတ်တရက်စေလွှတ်ခံလိုက်ရတာကြောင့် အချိန်မီ ရွေ့ပြောင်းပေးနိုင်ခြင်းမရှိတဲ့ ဖရဲသီးတွေကို တောင် ကာကွယ်ရေးဝန်ကြီးဌာန-MOD နဲ့ ပြည်သူ့ ရင်ခွင်တို့အနေနဲ့ ရှေ့တန်းစစ်မျက်နှာကနေ ခေါ်ထုတ်တာ၊ တိုက်ပွဲမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရချိန်တွေမှာတောင့် သူတို့ရဲ့ ကိုယ်ရေးအချက်အလက် မပေါက်ကြားအောင် အစွမ်းကုန် ကြိုစား ခေါ်ထုတ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်များနဲ့အညီ မိသားစုထံအသိပေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို သိပေမယ့် လူမှုရေး၊ စီးပွားရေး အခြေအနေတွေကြောင့် တာဝန်ထမ်း ဆောင်နေရတဲ့ တပ်၊ရဲနဲ့ ဝန်ကြီးဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်းတွေရှိနေမယ်ဆိုတာ တော်လှန်ရေးအင်အားစုတွေဘက်က သိထားတာကြောင့် အမာခံသတင်းပေးပို့သူတွေဟာ ပြည်သူလူထုနဲ့သားတည်းရှိတယ်ဆိုတဲ့ စိတ်ရင်းကို ပြသနိုင်မယ့်အပြင် စစ်ကောင်စီကျရှုံးထွက်ပြေးချိန်မှာ ပြစ်ဒဏ်လျော့ပေါ့ကင်းလွတ်ခွင့်ရစေမယ့် တခုတည်းသော အခွင့်အရေးဖြစ်တာကြောင့် ပြည်သူ့ရင်ခွင်အဖွဲ့က ဖရဲသီးလို့လူသိများတဲ့ PreCDM တွေကို ထပ်မံဖိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်။


========================


📌📌 ၄။ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်


အောက်တိုဘာ၁၂ရက်


စစ်ကောင်စီကလုပ်ဆောင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အတွက် ကူညီပေးနေတဲ့ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်- ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကာလပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - က ပြောပါတယ်။။

မနေ့ အောက်တိုဘာ ၁၁ ရက် ၈နာရီခွဲအချိန်မှာ ရုံးအတွင်းကို လက်ပစ်ဗုံးပစ်ပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ရပ်ကွက်နေ ပြည်သူလူထုရဲ့ တိုင်ကြားချက်အရ Yangon UG People Army အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း အသိပေးထားပါတယ်။

ရုံးထဲမှာ စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရှိနေချိန်မှာ လက်ပစ်ဗုံး လုံး တပြိုင်တည်းပစ်သွင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၂လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ မြောက်ဥက္ကာလပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - တာဝန်ရှိသူက ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ ထိခိုက်သေဆုံးမှုရှိနိုင်တဲ့အတွက် အသေးစိတ်သိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ Yangon UG People Army ကလည်း အသိပေးထားပါတယ်။

စစ်ဆင်ရေးပြီးချိန်မှာ စစ်ကောင်စီဘက်က မီးတန်းကားတွေနဲ့ ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်‌ရေး ရဲဘော်တွေ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေး၊ ရေဘေး ကြုံနေရချိန်မှာ အာဏာတည်မြဲရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို တက်နိုင်သမျှဆန့်ကျင်ကြဖို့ ရန်ကုန်အခြေစိုက် လူထုသပိတ်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မတ္တရာမြို့နယ်ကို စစ်ကောင်စီက ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် 


အောက်တိုဘာ၁၂ရက်


မန္တလေးတိုင်းထဲက တော်လှန်ရေးအားကောင်းရာ မတ္တရာမြို့နယ်ကို စစ်ကောင်စီက ရက်ဆက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မတ္တရာမြို့နယ်ထဲက တံငါရွာနဲ့ အုတ်စက်ပေါက်ရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၂ ရက် မနက် နာရီ ဝန်းကျင်အချိန်မှာ Mi35 ရဟတ်ယာဉ် စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို ဦးတည်ပစ်ခတ်တာဖြစ်ပြီး လတ်တလောမှာ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးဘူးလို့လည်း ဒေသတွင်းသတင်းတွေက ဒီမနက်ပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။။ 

အကြမ်းဖက်စစ်ကောင်စီဟာ မနေ့ အောက်တိုဘာ ၁၁ ရက်ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ မတ္တရာနယ်ထဲက ကျေးရွာတွေ ကို တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု ကြိမ်လုပ်ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

မနေ့မနက်ပိုင်းက ဝေါစုကျေးရွာက စစ်ရှောင်စခန်းကို အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုမှာဆိုရင် သံဃာတော်တွေနဲ့ ကလေး ငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့ မန္တလေး- PDF က အသိပေးထုတ်ပြန်ထားပါတယ်။

ထို့အတူ ညနေ နာရီ ၁၅ မိနစ်ခန့်အချိန်မှာလည်း မတ္တရာမြို့နယ်က ယမ်းကုန်းရွာနဲ့တုံကုန်ရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ စင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ က ယမ်းကုန်းရွာနဲ့ တုံကုန်းရွာက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ငါန်းဇွန်နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ရာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်း သေဆုံး


အောက်တိုဘာ၁၂ရက်


မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ငါန်းဇွန်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မိုးတောင်ရွာနဲ့ ငါန်းမြာရွာကြား မှာ တော်လှန်ရေးတပ်တွေက မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တရက်တည်းမှာ တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေအပြင် ခြေလျင်စစ်ကြောင်းတွေနဲ့ စစ်ကူအင်အားဖြည့်လာတယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်ကြောင်းဟာ မြို့သာ၊ တံတားဦးနဲ့ ငါန်းဇွန်မြို့ဘက်ကနေ စစ်ကြောင်းစထွက်လာတာဖြစ်ပြီး မိုးတောင်ရွာနဲ့ငါန်းမြာရွာ ဘက်ရောက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မနက်ပိုင်းမှာ တကြိမ်၊ နေ့လယ်မှာတကြိမ်၊ ညနေ နာရီမှာ တကြိမ် တရက်တည်း တိုက်ပွဲ ကြိမ်ဖြစ်ခဲ့တာကြောင့် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက အရပ်သားပြည်သူတွေပါ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။ 

မနက်ပိုင်းမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်နိုင်ခဲ့တာကြောင့် စစ်တပ် ဘက်က သေဆုံးမှုများခဲ့ပြီး ညနေပိုင်းတိုက်ပွဲပြီးချိန်မှာ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကူဖြည့်တင်းလာ တာလို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ ငါန်းဇွန်ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း   Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း-၆၊ TGYR  Youth Guerrilla Counter Revolution - NZ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းတွေအပြင် ဆီမီးခုံရွာ (ဖတ်ရင် စမိတ်ခုံလို့ ဖတ်ရပါတယ်ခင်မျ) မှာ ညဘက်အထိုင်ချလေ့ရှိတဲ့ စစ်သင်္ဘော စင်းက မြစ်သာဘက်ကမ်း ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ နောက်ပြန်ဆုတ်ထားရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်တပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့် ဒေသခံတဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး


အောက်တိုဘာ၁၂ရက်


တအာင်းပြည် တပ်မဟာ နယ်မြေဖြစ်တဲ့ သီပေါနဲ့ နောင်ချိုမြို့တို့ကို စစ်တပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲချတာ ကြောင့် ဒေသခံတဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်ပါတယ်။

သီပေါမြို့မှာဆိုရင် စစ်ကောင်စီတပ်က ပြည်သူလူထုကိုဦးတည်ပြီးဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ် တဲ့ ပေါင် ၅၀၀ ဗုံး လုံး လာရောက်ကြဲချခဲ့ခဲ့တာကြောင့် နေအိမ်အများအပြား ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ သီပေါမြို့ ဇာတ်စုရပ်ကွက်နဲ့ သီပေါအကျဉ်းထောင်အတွင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ထောင်အဆောက်အအုံနဲ့ လူနေအိမ် လုံးကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်နေတဲ့ ခလရ-၂၃ တပ်အနီးတဝိုက်ကိုလည်း မနေ့မနက် နာရီခွဲကနေ နာရီခွဲအချိန်အထိ စစ်ကောင်စီ တပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၄၀ နီးပါးကြဲချခဲ့သလို နေ့လယ် နာရီခွဲကနေ နာရီခွဲအချိန်ထိ ဗုံးအလုံး ၄၀ ကျော် ထပ်မံကြဲချကာ နမ့်လန်အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ၁၀ လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ထို့အတူ နောင်ချိုမြို့နယ် အင်းဖိုကျေးရွာကိုလည်း အောက်တိုဘာ ရက် မနက် ၁၀ နာရီအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံး ၄လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့ မနက် နာရီခွဲ အချိန်မှာလည်း ဘန့်ဘွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အကြမ်ဖက်စစ်တပ်က ဖျက်အင်းပြင်းဗုံးတွေ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတဦးသေဆုံးပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ ပြည်သူလူထု အသက်အိုးအိမ် သေကြေပျက်စီးစေဖို့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို နေ့စဥ် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ပန်ဝါမြို့အနီးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်‌ကလေကြောင်းကနေ ထပ်မံပစ်ခတ် 


အောက်တိုဘာ၁၂ရက်


ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာအနီး ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၂ ရက် မနက် ၁၁ နာရီဝန်းကျင်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်လာတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

Y12 လေယာဉ်တစင်းဟာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်ကစပြီး မွန်းတည့် ၁၂ နာရီအတွင်း ၂၈ ကြိမ် ဗုံးကြဲသွားတယ်လို့ ဒေသခံတွေရဲ့အဆိုကို ကိုးကားပြီး Kachin News Group က ဖော်ပြပါတယ်။

ဒေသအခေါ် လုပြည်လို့ဆိုတဲ့ လောက်ပြေကျေးရွာမှာ အထိုင်ချထားတဲ့ ၁၀၀၂ တပ်ရင်းဟာ ပန်ဝါမြို့ကို အဓိကလုံခြုံရေး ပေးနေတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။

ပန်ဝါမြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ ဒီတပ်ရင်းကျသွားခဲ့မယ်ဆိုရင် ပန်ဝါမြို့တွင်း ဗျူဟာကုန်းတခုသာကျန်မှာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ ချီဖွေနဲ့ ဆော့လော်ကို သိမ်းပိုက်ပြီးတဲ့နောက် အောက်တိုဘာ ရက်‌နေ့စပြီး နယ်ခြားစောင့်တပ် တခုဖြစ်တဲ့ ၁၀၀၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် ၂ဖက်တပ်တွေကြား တိုက်ပွဲပြင်းထန်နေ တာလို့ သိရပါတယ်။

ပန်ဝါမြို့အနီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် လောက်ပြေကျေးရွာကဒေသခံပြည်သူတွေအပါအဝင် ချန်းရင်းခူးကျေးရွာက ပြည်သူတွေ မြို့တွင်းဘက် တိမ်းရှောင်နေကြသလို အချို့လည်း တရုတ်နိုင်ငံဘက်ခြမ်းကို တိမ်းရှောင်သွားကြပြီလို့လည်း ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့ မိုင် ၄၀ ကွာဝေးပြီး တရုတ်နယ်စပ်မြို့တမြို့ဖြစ်ကာ မြေရှားသတ္တုထုတ်လုပ်မှုအများဆုံးဒေသဖြစ် တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကလေး ၂ဦးအပါအဝင် ဦးသေဆုံးကာ ဦး ဒဏ်ရာရ 


အောက်တိုဘာ၁၂ရက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာက ပြည်သူပိုင်နေအိမ်တွေကို ငါတို့ရွာပျူအထိုင်မှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေ ဒီမနက်အစောပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၂ဦးအပါအဝင် ဦးသေဆုံး ကာ ဦး ဒဏ်ရာရသွား တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။ 

ကန့်ဘလူ ၆၀၀၆ တကရတပ်က ဒရုန်း စင်းအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစုပေါင်းအင်အား ၇၀ ခန့်ပါတဲ့စစ်ကြောင်းက ငါတို့ရွာပျူအထိုင်စခန်းကို မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နာရီခွဲမှာ ရောက်ရှိလာပြီး တိုက်ခိုက်တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို ဒီနေ့ အောက်တိုဘာ ၁၂ ရက် မနက် နာရီခွဲ၊ နာရီ ၁၃ မိနစ်နဲ့ နာရီ ၁၄ မိနစ်တို့မှာ ဒရုန်းနဲ့ ဗုံးသီး လုံးချ တိုက်ခိုက်တာကြောင့် အပြစ်မဲ့ပြည်သူပိုင်နေအိမ်အချို့ပျက်စီးတဲ့အပြင် အသက် ၃ဝ အရွယ်ရှိတဲ့ မဖြူဝင်း၊ အသက် နှစ်အရွယ် မသိမ့်သိမ့်ဖြူနဲ့ အသက် ၁ဝ နှစ်အရွယ် မငြိမ်းအိစံတို့ သေဆုံးကာ  ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ အသိပေးထားပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် နာရီခန့်မှာလည်း ရွာမရွာက ပြည်သူပိုင်နေအိမ်တွေပေါ်  ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး လတ်တလောမှာ အထိအခိုက်ရှိမရှိ အတိအကျမသိရသေးဘူးလို့လည်း ပြောပါတယ်။


ကန့်ဘလူ ၆၀၀၆ အထိုင်စခန်းက ထွက်လာတဲ့စစ်ကြောင်းတွေဟာ အရင်လိုစစ်ကြောင်းထိုးတာတွေမလုပ်တော့ဘဲ  အနီးအနားမှာရှိတဲ့ တဲတိုက်တွေက ပြည်သူပိုင် ပစ္စည်းတွေနနဲ့ ကျွဲ၊နွား၊ဝက်၊ကြက်တွေ ခိုးယူရှာဖွေစားသောက်ကာ ပျူအထိုင်စခန်းကနေ ဒရုန်းတွေနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ သိရပါတယ်။


ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ဗုံးသီးချတိုက်ခိုက်တာကြောင့် စက်တင်ဘာလအတွင်းမှာ အပြစ်မဲ့ပြည်သူ ဦး ဗုံးသီးထိမှန်သေဆုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၆။ နွားထိုးကြီး ကန်နားရဲစခန်းကို PDF တွေ တိုက်ခိုက်ချိန်မှာ စစ်တပ်က လေကြောင်းကနေ တုန့်ပြန် 


အောက်တိုဘာ၁၂ရက်


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ကန်နားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေတိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်တာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ Natogyi People Defence Force တပ်ဖွဲ့က ပြောပါတယ်။ 

အကြမ်းဖက်စစ်သားနဲ့ရဲ အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ ကန်နားရဲစခန်းကို PDF တပ်ဖွဲ့ဝင်တွေက မနေ့ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီခန့်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သားနဲ့ရဲတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တဲ့ အတွက် ဆက်လက်စုံစမ်းနေတယ်လို့လည်း နွားထိုးကြီး PDF က အသိပေးထားပါတယ်။

အခုလို ပစ်ခတ်တိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်သားနဲ့ရဲတွေ အကြောက်လွန်ပြီး လေကြောင်းပစ်ကူခေါ်ခဲ့တာကြောင့် မွန်းတည့် ၁၂ နာရီခန့်မှာ Mi 35 နဲ့ ဂျက်ဖိုက်တာတွေ လာရောက်ပစ်ကူပေးခဲ့ပေမယ့် PDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် တပ်ရင်း Natogyi People Defence Force နဲ့ အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

နွားထိုးကြီးနယ်တဝိုက် တိုက်ပွဲတွေ အချိန်မရွေးထပ်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပြင်စီ-တံတားဦးလမ်းပိုင်း ကို အသုံးမပြုကြဖို့ Natogyi People Defence Force က အသိပေးထားပါတယ်။


========================


🚩🚩 ၇။ ဆိုင်းတောင်ရွာကို မီးရှို့ဖျက်ဆီးရာမှာပါဝင်တဲ့ စစ်သားတွေကို ဖမ်းမိတဲ့ရုပ်သံဖိုင် ထွက်ပေါ်  


အောက်တိုဘာ၁၂ရက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတိုက်ပွဲမှာ ရွာကို မီးရှို့ဖျက်ဆီးရာမှာပါဝင်တဲ့ စစ်ကောင်စီဖွဲ့ဝင်တွေကို ဖမ်းမိတဲ့ ရုပ်သံဖိုင် အောက်တိုဘာ ရက် မနက်အစောပိုင်းမှာ ထွက်ပေါ်လာပါတယ်။

ဆိုင်းတောင်ရွာ၊ Lucky Men ဟိုတယ်တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် -KPDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့တဲ့ ရုပ်သံမှတ်တမ်လို့ သိရပါတယ်။

ဆိုင်းတောင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့ရာ တလ အကြာ အောက်တိုဘာ ရက်မှာ ဆိုင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ 

စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ဆိုင်းတောင် လက်ကီးမန်းဟိုတယ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို KIA က တိုက်ခိုက်ခဲ့ပြီး ရှင်းလင်းမှုတွေလုပ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားတာရှိပါတယ်။

ထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းအရ စစ်သား ၁၅ ဦးခန့်ကို လက်နောက်ပြန်ကြိုးတုပ်ကာ မြေပေါ်မှာ အတန်းလိုက် မှောက်ခိုင်းထားပါတယ်။

"ဒီကောင်တွေပဲ။ ဆိုင်းတောင်ရွာမီးရှို့တဲ့အဖွဲ့တွေ။ သက်ပိုင်ထွန်းအဖွဲ့တွေ။ တပ်မ၃၃လက်အောက်ခံ ၁၁၉၊၁၁၆ ဟုတ်လား" ဆိုပြီး KIA ပူးပေါင်းတပ်မှာ ပါဝင်သူတဦးက ရှင်းပြနေတာကို ရုပ်သံမှာတွေ့ရပါတယ်။

ဆိုင်းတောင် လက်ကီးမန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိတာရှိသလို သေဆုံးသူများနဲ့ ထွက်ပြေးလွတ် မြောက်သွားသူတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment