13th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကုလလုံခြုံရေးကောင်စီကဦးဆောင်ပြီး စစ်အုပ်စုကိုအရေးယူနိုင်ဖို့ မြန်မာသံအမတ်ကြီးတိုက်တွန်း

📌 ၂။ ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ဦးကို တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီလို့ PNLO/PNLA ကြေညာ 

📌 ၃။ ပုလောမြို့နယ်မှာ စစ်တပ်ကသိမ်းယူသွားတဲ့ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ သွားပြန်ထုတ်တဲ့ဒေသခံတွေ ဖမ်းဆီး ငွေညှစ် ခံရ    


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း() ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရ 

🚩 ၂။ ဘောလခဲခရိုင်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲမှာ BPDF ရဲဘော်တဦး ကျဆုံး

🚩 ၃။ ရေဖြူမြို့နယ် ရေဖြူတံတားထိပ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ဦးသေဆုံးပြီး သေနတ် တလက် သိမ်းဆည်းရရှိ 

🚩 ၄။ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို စစ်တပ်ကဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ဦးနဲ့ နွား ကောင် သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကုလလုံခြုံရေးကောင်စီကဦးဆောင်ပြီး စစ်အုပ်စုကိုအရေးယူနိုင်ဖို့ မြန်မာသံအမတ်ကြီးတိုက်တွန်း


အောက်တိုဘာ၁၃


စစ်အုပ်စုနဲ့ထိုက်တန်တဲ့နေရာဟာ လွှတ်တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးများနဲ့ ခုံရုံးများသာဖြစ်တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဦးဆောင်ပြီး ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ အာဏာသိမ်း စစ်အုပ်စုကိုအရေးယူဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်ကကျင်းပတဲ့ ၇၉ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမကော်မတီမှာ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ-Crimes Against Humanity ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ အထွေထွေဆွေးနွေးမှုမှာ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ကကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုများချုပ်ငြိမ်းရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက် တဲ့ အရေးယူဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက် တာလဲ ဖြစ်ပါတယ်။ 

ယခုအချိန်ဟာ ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန်ဖြစ်ပြီး မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပေးဖို့ တိုက်တွန်းပါတယ်လို့ ကုလဆိုင်ရာ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့ပါတယ်။

စစ်မှန်တဲ့တည်ငြိမ်မှုကို လျစ်လျူရှုခြင်းဖြင့် တည်ဆောက်နိုင်မှာမဟုတ်ဘဲ တရားမျှတမှုအပေါ်တွင်သာ တည်ဆောက်နိုင် မှာဖြစ်ကြောင်းနဲ့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အစဉ်အလာကို အဆုံးသတ်ရ မယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့်စက်ဝန်း အဆုံးသတ်မှသာ အကြမ်းဖက်မှုသံသရာ ရပ်တန့်မှာဖြစ်ပါတယ်လို့ သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးထားပါတယ်။

တရားမဝင်စစ်အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကစပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်စက်စွာသတ်ဖြတ်မှု ကြောင့် လူပေါင်း ၅ထောင့် ၇၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံ့လူဦးရေရဲ့ ဒသမ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့လည်း မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 

ဒါ့အပြင် လူဦးရေ ၁၈ ဒသမ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အများစုဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုတစုအား စနစ်တကျဖယ်ရှားမှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ကျူးလွန်နေသူတွေက နိုင်ငံရေးအာဏာကိုရယူဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုဟာ တရားဝင်မှု မရထိုက် ဘူးလို့ မြန်မာသံအမတ်ကြီးက ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်အုပ်စုနဲ့ထိုက်တန်တဲ့နေရာဟာ လွှတ်တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံး များ သို့မဟုတ် ခုံရုံးများသာဖြစ်တာကြောင့် သူတို့အနေနဲ့ အဆိုပါတရားရုံးများနဲ့ခုံရုံးများရှေ့မှောက်မှာ အပြစ်သားတွေ အဖြစ်သာ ရှိသင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ဦးကို တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီလို့ PNLO/PNLA ကြေညာ 


အောက်တိုဘာ၁၃ရက်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO/PNLA ဦးဆောင်နာယကအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး- ဗိုလ်မှူး ခွန်မင်းသိမ်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး- နန်းယဉ်ယဉ်စိုးတို့ကို အဖွဲ့ဝင် တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ PNLO/PNLA က ဒီနေ့ အောက်တိုဘာ ၁၃ မှာ ကြေညာလိုက်ပါတယ်။

PNLO နာယကအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကကာနဲ့အဖွဲ့ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO (NCA-S) ကို ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် PNLO/PNLA က အခုလို ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။  

PNLO ဦးဆောင်နာယက တာဝန်ယူထားတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ အခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ စက်တင် ဘာ ၁၅ ရက်နေ့မှာ အဖွဲ့ချုပ်ကနေ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး- ဗိုလ်မှူး ခွန်မင်းသိမ်းနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး- နန်းယဉ်ယဉ်စိုးတို့က စက်တင်ဘာ ၁၁ ရက်နေကကျင်းပခဲ့တဲ့ PNLO ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးမှာ အဖွဲ့ချုပ်ကနေနုတ်ထွက်ကြောင်း နှုတ်အားဖြင့် တင်ပြခဲ့တယ်လို့ သိရပါတယ်။ 

အဖွဲ့ချုပ်က တပ်ဖွဲ့ဝင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ကို နုတ်ထွက်ခွင့်ပြု ကြောင်း ဗဟိုကော်မတီအစည်းအဝေးက အတည်မပြုမှီကာလမှာ အခုလိုအဖွဲ့သစ် ဖွဲ့စည်းတာကြောင့်  ထုတ်ပယ်ရတာလို့ PNLA က ရှင်းပြထားပါတယ်။

PNLO အမည်ကို အလွဲသုံးစားလုပ်ပြီး PNLO NCA-S ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် ဦးကို အဖွဲ့ကနေထုတ်ပယ်ဖို့ အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ရက်ကကျင်းပခဲ့တဲ့ ဗဟိုကော်မတီနှင့် တပ်မှူးများအရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့လည်း PNLO/PNLA က အသိပေးထားပါတယ်။

PNLO ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်တဲ့ ဖြားခွန်ဥက္ကာ၊ ခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ကို ပေးအပ် ထားတဲ့ ရာထူးနှင့်တာဝန်အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါ တယ်။

ထုတ်ပယ်ခံရသူ ဦးအနေနဲ့ လာမယ့် PNLO စတုတ္ထအကြိမ်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ PNLO/PNLA ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

PNLO ညီလာခံကို နှစ်တကြိမ် ကျင်းပလျက်ရှိရာ တတိယအကြိမ်ညီလာခံကို ၂၀၂၂ မှာ ကျင်းပခဲ့ပြီးဖြစ်တာကြောင့် ၂၀၂၆ ခုနှစ်မှာ စတုတ္ထအကြိမ်ညီလာခံ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

ဖြားခွန်ဥက္ကာဦးဆောင်ဖွဲ့စည်းတဲ့ PNLO-NCA-S ဟာ တရားဝင်မှုမရှိတဲ့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အမည် ထည့်သွင်းအသုံးချထားတာကိုလည်း ဆန့်ကျင်ကန့်ကွက်ထားပြီး အဖွဲ့ချုပ်အမည် အသုံးပြုခြင်းကို ခွင့်မပြု ဘူးလို့ PNLO/PNLA က ထုတ်ပြန်ကြေညာထားပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကရဲ့ အောက်တိုဘာ ရက်နေ့ ကြေညာချက်မှာတော့ လက်ရှိအဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်ဟာ  အဖွဲ့ရဲ့ မူဝါဒလမ်းစဉ်တွေကိုသွေဖယ်ပြီး NCA ကိုပစ်ပယ်ကာ ပအိုဝ်းအမျိုးသားတို့ရဲ့ အေးချမ်းသာယာဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဒေသတွင်းတိုက်ပွဲများဖော်ဆောင်လာတာကြောင့် ပအိုဝ်းအမျိုးသားဒေသအများစု တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရပြီး ဒေသခံများရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် PNLO-NCA-S ကို ဖွဲ့စည်းပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA လမ်းစဉ်နဲ့အညီ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ကြေညာထားပါတယ်။

PNLO/PNLA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစပြီး NCA ပါ သဘောတူညီချက်တွေ ကို အကောင်အထည်ဖော်နိုင်တော့တဲ့ အခင်းအကျင်းမရှိတော့ပေမယ့် NCA ရဲ့ အနှစ်သာရ ချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက် ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးတို့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ထိ နှစ်တိုင် ပါဝင်ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဩဇာညောင်းတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းမှာ မျှော်လင့်ချက်ကြီးစွာနဲ့ နှစ်တိုင် စိတ်ရောကိုယ် ပါ ပါဝင်လုပ်ဆောင်ခဲ့ပေမယ့် အာမခံချက်ရှိတဲ့ နိုင်ငံရေးရလဒ်တွေ မရခဲ့တဲ့အပြင် နိုင်ငံတဝှမ်းက ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို စစ်ကောင်စီက လက်နက်အားကိုးနဲ့ ဖျက်ဆီးနေတာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တတိယတော်လှန်ရေးကို ဦးဆောင်ဆင်နွဲဖို့  ၂၀၀၉ ခုနှစ် ပအိုဝ်းအမျိုးသားညီလာခံက ချမှတ်ပေးထားတဲ့ အခြေခံမူများနဲ့ အညီ PNLO အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြန်လည်ဆင်နွဲနေခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၃။ ပုလောမြို့နယ်မှာ စစ်တပ်ကသိမ်းယူသွားတဲ့ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ သွားပြန်ထုတ်တဲ့ဒေသခံတွေ ဖမ်းဆီး ငွေညှစ် ခံရ    


အောက်တိုဘာ၁၃


တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ယာကမ်းရွာမှာ စစ်တပ်ကသိမ်းယူသွားတဲ့ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ သွားပြန် ထုတ်တဲ့ ရွာသားတွေ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာ ရက် နေ့လယ်ပိုင်းက တောင်ယာကမ်းရွာက အရပ်သား ၂၀ ခန့်ကို ဖမ်းဆီးပြီး ရွှေနဲ့ဆိုင်ကယ်လို အဖိုးတန်ပစ္စည်းတွေ အဓမ္မယူဆောင်သွားတယ်လို့ ဆိုပါတယ်။


ဒေသခံတွေပိုင်တဲ့ ဆိုင်ကယ်အစီး ၃၀၊ ရွှေ၊ငွေနဲ့ တန်ဖိုးရှိ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၈၅ တပ်ရင်းကနေ ကားနဲ့ လာရောက်သယ်ဆောင်သွားတာလို့ ဒေသခ့တွေရဲ့ ပြောဆိုချက်ကို ဒေသတွင်း သတင်းဌာနတခု ဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်က အဓမ္မယူဆောင်သွားတဲ့ပစ္စည်းတွေကို ပြန်လည်ထုတ်ယူနိုင်တယ်လို့ ခလရ ၂၈၅ တပ်ရင်းက တောင်ယာကမ်းရွာက ဒေသခံတွေကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


ဒါကြောင့် ခလရ- ၂၈၅ တပ်ရင်းကို သွားရောက်မေးမြန်းရာမှာ တပ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ငွေညှစ်တာကြောင့် ပိုက်ဆံပေးပြီး ပြန်ထုတ်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။  


စစ်တပ်ကသိမ်းဆည်းသွားတဲ့ ဆိုင်ကယ်အချို့ကို ငွေကျပ် ၁၅ သိန်းနဲ့အထက်ပေးမှ ပြန်ထုတ်ပေးတယ်ဆိုပေမယ့် ဆိုင်ကယ် အသစ်နဲ့ မော်ဒယ်မြင့် ဆိုင်ကယ်တွေကိုတော့ ပြန်ထုတ်လို့မရဘူးလို့ တောင်ယာကမ်းရွာခံတွေက ဆိုပါတယ်။


ထို့အတူ ရွှေငွေလက်ဝတ်လက်စားတွေပြန်ရဖို့ ပုလောမြို့ရဲစခန်းကို သွားရောက်စုံစမ်းတဲ့သူကို သက်သေအထောက်အထား မရှိဘဲ စွပ်စွဲတဲ့အတွက် ဖမ်းမယ်လို့ ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့လည်း သိရပါတယ်။


ပုလောမြို့နဲ့မနီးမဝေးမှာရှိတဲ့ တောင်ယာကမ်းရွာကဒေသခံတွေကို အောက်တိုဘာ ၅ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီး ခဲ့ရာမှာ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ဒေသခံအရပ်သား ၂၀ ခန့်ကို နေ့ချင်းပြန်လွှတ်ပေးလိုက်ပြီး ဖမ်းဆီးထားချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း() ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရ 


အောက်တိုဘာ၁၃


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း () ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိကို   ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Golden Valley Warriors အဖွဲ့က ပြောပါတယ်။

လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ကျော်သူဝင်း () ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို  Golden Valley Warriors ရဲဘော်များက ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက် နာရီဝန်းကျင်မှာ လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ 

ကျော်သူဝင်း () ရွှေမန်းဟာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ချက်၊ ဝဲလက်ဖဝါး ဖောက်ဝင်ဒဏ်ရာတချက် ကျည်ထိမှန်ခဲ့ပြီး သူ့ရဲ့ ကိုယ်ရေးအရာရှိကတော့ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ချက်ရသွားတာကြောင့် လူနာတင်ယာဉ် စီးနဲ့ ဆေးရုံ ပို့လိုက် ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးနိုင်ခြေရှိတယ်လို့ Golden Valley Warriors တပ်ဖွဲ့က ပြောပါတယ်။

လှိုင်သာယာမြို့ခံလည်းဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်လည်းဖြစ်တဲ့ ကျော်သူဝင်းဟာ မဝင်မနေရ စစ်မှုထမ်းစနစ် အတွက် လှိုင်သာယာမြို့နယ်က လူငယ် ၈၀၀ ကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ခဲ့ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ သူလို့ Golden Valley Warriors အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရရှိထားတဲ့အချက်အလက်တွေအရ လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းအတွက် စစ်မှုထမ်း အများဆုံးထုတ်ပေးတဲ့မြို့နယ် အဖြစ် ထိပ်ဆုံးကရပ်တည်နေပြီး ဒီဖြစ်စဉ်အတွက် အဓိကအဆုံးအဖြတ်ကို လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က ဆုံးဖြတ်အတည်ပြုတာလို့လည်း အသိပေးထားပါတယ်။ 

ကျော်သူဝင်း (ခေါ်) ရွှေမန်းဟာ အခုနှစ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာခဲ့သူဖြစ်ပေမယ့် သူ့ရဲ့စီးပွားရေး အင်ပါယာကိုပါချဲ့ထွင်နိုင်ခဲ့ပြီး စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ Convenient store တွေနဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ် ရေးလုပ်ငန်းတွေနဲ့ တဟုန်ထိုးကြီးပွားချမ်းသာလာတယ်လို့ ဆိုပါတယ်။ 

သူပိုင်ဆိုင်တဲ့ ရွှေမန်း အိမ်၊ ခြံ၊မြေလုပ်ငန်းမှာ စစ်ဘက်အရာရှိတချို့ ပါဝင်ပတ်သက်နေပြီး တရုတ်လုပ်ငန်းရှင်တဦးကလည်း ငွေကြေးထည့်ဝင်ထားတယ်လို့ သိရပါတယ်။ 

ကျော်သူဝင်း () ရွှေမန်းဟာ လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားတာ၊ မဝင်မနေရ စစ်မှု ထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲသို့စေလွှတ်တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လှိုင်သာယာမြို့နယ်က အုပ်ချုပ်ရေးအကြီးအကဲဖြစ်နေပြီး ပြည်သူတွေရဲ့ တိုင်ကြားချက်အရ  အခုလို အုပ်ချုပ်ရေးထောက်တိုင်ကြီးတခုကို ရှင်းလင်းရခြင်းဖြစ်တယ်လို့ Golden Valley Warriors အဖွဲ့က ပြောပါတယ်။


Golden Valley Warriors တပ်ဖွဲ့အနေနဲ့ ရန်ကုန်မြို့က အကြမ်းဖက်စစ်တပ်နဲ့ဆက်စပ်နေတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဝင်များနဲ့ လုပ်ငန်းရှင်များကို စာရင်းပြုစုထောက်လှမ်းထားပြီး ၎င်းတို့အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှိုင်သာယာတမြို့နယ်လုံးကို ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားတို့ကိုလည်း ယာယီပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနဲ့သူ့ရဲ့ ကိုယ်ရေး အရာရှိကို  အနီးကပ်ရှင်းလင်းတဲ့မစ်ရှင် ဖော်ဆောင်ခဲ့သူ တော်လှန်ရေးရဲဘော်တွေ လုံခြုံရာနေရာရောက်နေပြီလို့ သိရပါတယ်။


========================


🚩🚩 ၂။ ဘောလခဲခရိုင်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲမှာ BPDF ရဲဘော်တဦး ကျဆုံး


အောက်တိုဘာ၁၃


ကရင်နီပြည် ဘောလခဲခရိုင်အတွင်းက စစ်ကောင်စီတပ်စွဲထားရာ စခန်းကုန်းတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -B PDF က ဒီနေ့ အောက်တိုဘာ ၁၃ မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီစခန်းကုန်းတခုကို ချေမှုန်း တိုက်ခိုက်ရာမှာ ရဲဘော်သက်ပိုင်မှူး ကျဆုံးခဲ့တာလို့ အသိပေးထားပါတယ်။

နိုင်ငံတော်နဲ့လူမျိုးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့တဲ့ ရဲဘော် သက်ပိုင်မှူးကို အာဇာနည်အဖြစ် အသိမှတ်ပြုတယ်လို့လည်း BPDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘောလခဲမြို့နယ်မှာ စစ်စခန်းကုန်းအချို့ သိမ်းပိုက်ဖို့ကျန်နေသေးတာကြောင့် ဒီစခန်းကုန်တွေကိုသိမ်းနိုင်ဖို့ တော်လှန်ရေး တပ်တွေ ကြိုးစားနေချိန် အောက်တိုဘာ ၁၀ ရက်နေ့တိုက်ပွဲမှာ စစ်တပ်က လေယာဥ်ပစ်ကူပေးတာတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ရှမ်းပြည်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ - လက်အောက်ခံတပ်တွေနဲ့ ဘောလခဲမြို့ကို စစ်ကောင်စီက အင်အားဖြည့်ထားပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်းနဲ့ ဆီဆိုင်မြို့ဘက်ကနေ စစ်ကြောင်းထိုးနေတာကြောင့် ပင်လောင်းနဲ့ ဖယ်ခုံမြို့ကြားမှာလည်း တိုက်ပွဲတွေ နေစဉ်နီးပါးဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရေဖြူမြို့နယ် ရေဖြူတံတားထိပ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ဦးသေဆုံးပြီး သေနတ် တလက် သိမ်းဆည်းရရှိ 


အောက်တိုဘာ၁၃ရက်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ် တိုက်ခိုက်ရာ ဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် -DNLA က ပြောပါတယ်။

ရေဖြူတံတားထိပ်ကနေပြီး ခရီးသားပြည်သူတွေကို နည်းမျိုးစုံ စစ်ဆေးအကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန် ရေးတပ်တေါက အောက်တိုဘာ ၁၁ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ အလစ်အငိုက်ပစ်ခတ်ခဲ့တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု နာရီခန့် ကြာခဲ့ တယ်လို့ သိရပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးသေဆုံးပြီး အများအပြား ဒဏ်ရာသွားတယ်လို့ လည်း သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံက MA-3 သေနတ်တလက်၊ 7 ပွိုင့် 62 ကျည် ၁၂၀ တောင့်၊ 5 ပွိုင့် 56 ကျည် ၆၀၀ တောင့်၊ ကျည်ဘောက် ခု၊ ဓားတလက်၊ စကားပြောစက်တလုံး၊ 79 အသီး လုံး၊ အီနာဂါဗုံးသီး လုံး၊ လက်ပစ်ဗုံးတလုံး၊ လက်ကိုင်ဖုန်း လုံး၊ ကျည်ကာပြားတခု၊ အီကွေးမန့်တခု၊ Drone တစင်း နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF ဘီလုံး ပျောက်ကျားတပ်ဖွဲ့ နဲ့ က္ကားသစ္ဆတ် -ကျားသစ်နက်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို စစ်တပ်ကဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ဦးနဲ့ နွား ကောင် သေဆုံး


အောက်တိုဘာ၁၃ရက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ဦးနဲ့ နွား ကောင် သေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ငါတို့ရွာ ပျူစောထီးအထိုင်စခန်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေဟာ မနေ့ အောက်တိုဘာ ၁၂ ရက် မနက် နာရီ ၃၀ မိနစ်ခန့်အချိန်မှာ အင်းလယ်ကြီးရွာက ပြည်သူပိုင်နေအိမ်တွေကို ဒရုန်းနဲ့ ဗုံးသီး လုံးကြဲချတိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ဦးအပါအဝင် မိခင်တဦးသေဆုံးပြီး၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အိမ် လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ဒဏ်ရာရသူ ဦးအနက် အမျိုးသားတဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှား သူများအဖွဲ့က အသိပေးထားပါတယ်။   

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဗုံးသီးချတိုက်ခိုက်တာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အပြင် နွား ကောင်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူများနေထိုင်ရာ ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကန့်ဘလူ ၆၀၀၆ တပ်ကဖြစ်ပြီး အရင်လို မြေပြင်စစ်ကြောင်းမထိုးတော့ဘဲ အနီးအနားမှာရှိတဲ့ တဲတိုက်တွေက ပြည်သူပိုင် ပစ္စည်းတွေနဲ့ ကျွဲ၊ နွား၊ ဝက်၊ ကြက်တွေကို ခိုးယူရှာဖွေစားသောက်ကာ အထိုင်စခန်းတွေကနေပြီး ဒရုန်းတွေနဲ့  အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေတာလို့  ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment