13 Oct 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ထောα€€်တိုα€˜ာα€œ ( ၁၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ Mindat University Students Union α€™ှ CDF မင်းတပ်ထံ α€€ျပ် αα€αˆ α€žိα€”်းတိတိ ထောα€€်ပို့

 

Mindat University Students Union - MUSU ထနေα€”ဲ့ CDF မင်းတပ်ထံ α€€ျပ် ၁၀,αˆα€α€,၀၀၀ (တရာ့α€›ှα€…်α€žိα€”်း) တိတိ ပေးပို့ပါဝင်α€”ိုင်ခဲ့α€α€š်α€œို့ α€žိရပါα€α€š်။

 

၂၀၂၄ ခုα€”ှα€…် ၇ α€œα€ာ (မတ် - α€…α€€်တင်α€˜ာ) ထတွင်း ထောα€€်ပို့ထီα€›ောင်းချα€™ှုα€™ှတဆင့် ထခုα€œို ပါဝင်α€”ိုင်ခဲ့တာ MUSU α€€ α€–ော်ပြထားပါα€α€š်။

 

ထီα€œα€€်α€™ှတ်α€α€š်α€šူ α€€ံα€…α€™်းα€žူထားα€œုံးα€€ို α€€ျေးဇူးတင်α€€ြောင်းα€”ဲ့ ဆက်α€œα€€်ဝန်းα€›ံထားပေးα€€ြα€–ို့α€œα€Š်း α€‘α€žိပေးပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ထံ α€›ောα€€်α€›ှိα€™α€š့် ထောα€€်ပို့ငွေα€€ို Mindat University Students Union Facebook Page ထံ ထီα€œα€€်α€™ှတ် α€α€š်α€šူα€”ိုင်α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ထောα€€်ပို့ထီထရောင်းα€€ိုα€š်α€…ားα€œှα€š်တွေα€€ ပြောပါα€α€š်။

 

ထာ၊ဏာα€™α€žိα€™်းα€™ီ α€–ွဲ့α€…α€Š်းထားတဲ့ Mindat University Students Union – MUSU α€™ှာ ပါဝင်α€žူ α€€ျောင်းα€žူ/α€€ျောင်းα€žားထများα€…ုα€Ÿာ α€…α€…်ထာ၊ဏာα€žိα€™်းα€™ှုα€€ို ဆန့်α€€ျင်ပြီး ထကြα€™်းα€™α€–α€€်ထာဏာα€–ီဆန်တဲ့ CDM α€™ှာ တက်တက်α€€ြွα€€ြွပါဝင်α€”ေα€€ြα€žα€œို တချို့α€€ α€œ၊α€€်α€”α€€်α€€ိုင် တော်α€œှα€”်α€”ေα€€ြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€šောထခြေα€…ိုα€€် PDF တပ်ရင်း ၅ ရင်း α€…ုα€–ွဲ့α€œေ့α€€ျင့်α€™ှု ၂ α€œα€€ျော်α€€ြာ ပြုα€œုပ် 

 

α€™α€€ွေးတိုင်း၊ ဂန့်ဂေါခရိုင်ထခြေα€…ိုα€€် PDF တပ်ရင်း ၅ ရင်း ပေါင်းα€…α€Š်းပြီး α€…ုα€–ွဲ့α€œေ့α€€ျင့်α€™ှုα€€ို ၂ α€œα€€ျော်α€€ြာ ပြုα€œုပ်α€”ေα€α€š်α€œို့ ဂန့်ဂေါခရိုင်ထမှတ် ၁၃ တပ်ရင်း (The Youth Force Saw & Kyaukhtu) α€€ ထောα€€်တိုα€˜ာ ၁၀ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€’ေα€žα€ွင်းထင်ထား ပိုα€™ိုα€€ျα€…်α€œα€…်α€…ေα€–ို့ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်၊ ဂန့်ဂေါခရိုင်ထမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေထနေα€”ဲ့ ၂၀၂၄ ဇူα€œိုင် ၂၄ α€›α€€်α€€ စတင်ပေါင်းα€…α€Š်းα€œေ့α€€ျင့်α€”ေခဲ့တာα€œို့ ပြောပါα€α€š်။

 

α€’ီα€…ုα€–ွဲ့α€™ှုα€€ာα€œα€‘α€ွင်း α€…α€…်α€›ေးα€œေ့α€€ျင့်α€™ှုထပြင်၊ NUG MoD ချα€™ှတ်တဲ့ α€…α€…်α€žα€Š်တော်α€€ျင့်ဝတ် α€…α€Š်းα€™ျဉ်းတွေα€€ိုα€œα€Š်း ထနီးကပ်ပို့ချပေးခဲ့α€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။ 

 

α€…ုα€–ွဲ့α€œေ့α€€ျင့်α€™ှု ဆောင်α€›ွα€€်α€”ေစဉ်α€€ာα€œα€‘α€ွင်း ခရိုင်α€€ွပ်α€€ဲα€™ှု α€œα€™်းα€Šွှα€”်ချα€€်α€”ဲ့ α€…α€…်α€€ောင်α€…ီα€€ို α€œα€€်တွဲα€Šီα€Šီ ဆက်α€œα€€်တို၊α€€်ပွဲဝင်α€žွားα€™α€š်α€œို့ ဂန့်ဂေါခရိုင်ထခြေα€…ိုα€€် တပ်ရင်း ၅ ရင်းα€€ α€€ြေα€Šာထားပါα€α€š်။

 

ဂန့်ဂေါခရိုင်ထမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းα€Ÿာ ထမှတ် ၁ α€…α€…်α€’ေα€žα€™ှာပါဝင်ပြီး ဆောα€™ြို့α€”α€š်၊ α€€ျောα€€်ထုα€™ြို့α€”α€š်α€”ဲ့ ထီးα€œα€„်းα€™ြို့α€”α€š်ထခြေα€…ိုα€€် PDF တွေ α€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€”ိုင်ငံα€›ေးα€™ှာ α€›ိုးα€žားα€€ြα€–ို့ α€…α€…်ခေါင်းဆောင်ပြော

 

၂၀၂၅ α€›ွေးα€€ောα€€်ပွဲα€™ှာ ထနိုင်ရတဲ့ ထစိုးα€›α€€ို ချα€€်ချင်းထာဏာပြα€”်α€œα€Š် α€œွှဲပြောင်းပေးα€™ှာα€–ြα€…်ပြီး α€”ိုင်ငံα€›ေးα€™ှာ α€›ိုးα€žားα€–ို့α€œိုထပ်α€α€š်α€œို့ α€…α€…်ခေါင်းဆောင် α€™၊င်းထော၊င်α€œှို၊င်α€€ ပြောပါα€α€š်။

 

၂၀၂၄ ထောα€€်တိုα€˜ာ ၈ α€›α€€်α€”ေ့ပြုα€œုပ်တဲ့ α€›α€”်α€€ုα€”်တိုင်းα€’ေα€žα€€ြီး α€œုံခြုံα€›ေးα€”ဲ့ α€–ွံ့α€–ြိုးα€›ေးတိုးတက်α€›ေးα€‘α€…α€Š်းထဝေးα€™ှာ ထခုα€œိုပြောတာပါ။

 

α€”ိုင်ငံα€›ေးα€™ှာ α€›ိုးα€žားα€™ှုα€™α€›ှိရင် ထဲα€’ီထကျိုးဆက်ပြα€”်α€œα€Š်ခံα€…ားရတဲ့α€–ြα€…်စဉ်တွေ ပြα€Š်တွင်းα€”ဲ့ α€”ိုင်ငံတကာα€™ှာ α€™ြင်တွေ့α€›α€™ှာα€œို့α€œα€Š်း α€…α€…်ခေါင်းဆောင်α€€ ခိုင်းα€”ှိုင်းထားပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€Ÿာ ၂၀၂၅ ခုα€”ှα€…်ထဲ α€›ွေးα€€ောα€€်ပွဲα€œုပ်α€”ိုင်α€–ို့ ၂၀၂၄ ထောα€€်တိုα€˜ာ ၁ α€›α€€်α€€α€”ေ ၁၅ α€›α€€်α€”ေ့ထထိ α€™ြα€”်α€™ာပြα€Š်ထနှံ့α€™ှာ α€žα€”်းခေါင်α€…ာရင်းα€€ောα€€်α€šူα€”ေပါα€α€š်။

 

α€’ီမတိုင်ခင် ထကြ၊α€™်းα€–α€€် PDF ထပါထဝင် တိုင်းရင်းα€žားα€œ၊α€€်α€”α€€်α€€ို၊င်ထဖွဲ့α€‘α€…α€Š်း၊ ထကြ၊α€™်းα€–α€€် α€žောင်းα€€ျ၊α€”်းα€žူထဖွဲ့α€‘α€…α€Š်းတွေထနေα€”ဲ့ α€”ိုင်ငံα€›ေးပြα€Ώα€”ာα€€ို α€”ိုင်ငံα€›ေးα€”α€Š်းα€œα€™်းα€”ဲ့ α€–ြေα€›ှင်းα€€ြα€–ို့ α€€α€™်းα€œှα€™်းα€–ိတ်ခေါ်α€α€š်α€œို့ α€…α€…်α€€ောင်α€…ီα€˜α€€်α€€ (α€…α€€်တင်α€˜ာ ၂၆) α€Šα€™ှာ α€€ြေα€Šာခဲ့ပါα€α€š်။

 

NUG ထပါထဝင် တော်α€œှα€”်α€›ေးထင်ထားα€…ုတွေကတော့ α€…α€…်α€€ောင်α€…ီပြုα€œုပ်α€™α€š့် α€›ွေးα€€ောα€€်ပွဲα€Ÿာ တရားမဝင်α€˜ူးα€œို့ ထုတ်ပြα€”်ပါα€α€š်။

 

α€…α€…်α€€ောင်α€…ီထတွα€€် α€žα€”်းခေါင်α€…ာရင်းα€€ောα€€်α€šူတဲ့ α€™α€Š်α€žူ့α€€ိုမဆို ထိထိα€›ောα€€်α€›ောα€€် ထရေးα€šူα€™α€š့်ထကြောင်း ချင်းပြα€Š်ထတွင်းα€›ှိ တော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€€ α€€ြိုတင်ထုတ်ပြα€”်ထားα€€ြα€žα€œို တီးတိα€”်α€™ြို့ပေါ်α€™ှာတော့ချင်းα€Šီα€”ောင်ထဖွဲ့ဝင် PDF - Zoland α€€ α€œα€€်တွေ့ထရေးα€šူα€™ှုတွေ α€œုပ်ဆောင်ထားပါα€α€š်။ 


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment