13th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေမှုအပေါ် သတင်းထုတ်ပြန်

📌 ၂။ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ    

📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း 2021 ဖေဖော်ဝါရီလမှ 2024 စက်တင်ဘာလ (၃၀)ရက်နေ့အထိ အမျိုးသမီး ကလေးနှင့် လူငယ် သေဆုံးသူ ဦးရေ MOWYCA ထုတ်ပြန်

📌 ၄။ စစ်တွေထောင်ပြောင်း နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၃၅၁ ဦး ပုသိမ်ထောင်သို့ ရောက်ရှိပြီး စားသောက်နေထိုင်ရေး ခက်ခဲလျက်ရှိ

📌 ၅။ အမ်းမြို့ မှ NON CDM ဝန်ထမ်းများ မြို့ကို စွန့်ခွာနေကြ

📌 ၆။ လယ်ဒိုမြို့နယ်၌ ကျောင်း ဆရာ၊ ဆရာမများနေ့အား  ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။  ဂွမြို့နယ် ရတနာမြိုင် ရဲစခန်းမှ စစ်တပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် သံတွဲ-ဂွကားလမ်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိ

🚩 ၂။ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အမတ-၃၁၈ ကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း(Drone) များဖြင့် တိုက်ခိုက်

🚩 ၃။ ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ဦး သေဆုံး

🚩 ၄။ မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကာလမ်းပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး တဦးသေဆုံး

🚩 ၅။ အမ်းမြို့နယ် မဲလက်မောင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ တိုက်ခိုက်ရာ စာသင်ကျောင်း ပြိုပျက်ပြီး အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာရ

🚩 ၆။ သိန္နီခရိုင် နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတစ်ခု ပျက်စီးခဲ့ပြီး အရပ်သား တစ်ဦး ဒဏ်ရာရရှိ

🚩 ၇။ တာဝန်သိ ပြည်သူများမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများ လာရောက်အပ်နှံ

🚩 ၈။ ရေဘေးသင့် ပြည်သူများကို လာရောက်ကူညီ ခဲ့ကြသူများအား ကျေးဇူးတင်ကြောင်း အာဠာဝက စစ်ကြောင်း ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေမှုအပေါ် သတင်းထုတ်ပြန်


အောက်တိုဘာ ၁၂ 

Radio NUG 


အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် ဥပဒေမဲ့သိမ်းယူရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှ ယနေ့အချိန်ထိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ သတင်းထုတ်ပြန်ပါတယ်။


" ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသူဖြစ်သော်လည်း အကျဉ်းထောင်အတွင်း သင့်တင့်သော နေထိုင်မှုနှင့် လုံလောက်သော ဆေးကုသခွင့် မရရှိခဲ့ခြင်းကြောင့် မကြာသေးမီက သေဆုံးခဲ့ပါသည်။ ယင်းကဲ့သို့ လုပ်ရပ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ အကျဉ်းချခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဆိုးရွားစွာ ပြုမူဆက်ဆံမှု (ill-treatment) အထောက်အထားဖြစ်ပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယင်းလူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ကျွန်ုပ်တို့သည် ကျန်ရှိနေသေးသည့် ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း များစွာ စိုးရိမ်လျက်ရှိပါသည် " ဟု ဖော်ပြထားပါတယ်။


ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ အခြားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် () ဦးသည်လည်း ထောင်တွင်း၌ ဆေးကုသခွင့်မရှိသဖြင့် သေဆုံးခဲ့ရသည့်အပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


နောက်ဆုံးအချက်အလက်များအရ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြောင်းပြချက်မရှိ ဖမ်းဆီးနေမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် () ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရပြီး အခြားသော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော နိုင်ငံရပ်ခြားသို့ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ ဖြစ်ကြသည့် ဦးရည်မွန် () ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်နှင့် ဒေါ်ဖြူဖြူသင်းတို့ကို နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုရာပုဒ်မ တပ်၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကာ မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်မရခြင်း၊ လျှို့ဝှက်နေရာများသို့ ပို့ဆောင်ထားရှိခံရခြင်း၊ လုံလောက်သော ဆေးကုသခွင့်မရခြင်းတို့ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုဝင်များထံမှ သိရှိရပါတယ်။


လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်လွှတ်တော် ကိုယ်စားလှယ် (၁၇) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်‌ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ    


အောက်တိုဘာ ၁၂ 

Radio NUG 


အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၂/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားရာတွင် စစ်ကောင်စီဘက်တွင် အခြေအနေများ အဘက်ဘက်က ယိုင်နဲ့နေကြောင်း၊ နိုင်ငံရေးအရ ယနေ့တော်လှန်ရေးကို တွန်းအားဖြစ်စေရေးအတွက် ပိုမိုကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် လွှတ်တော်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို သိရှိလိုပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာလျန်မှုန်းဆာခေါင်းက ဝန်ကြီးဌာန၏ လုပ်ငန်းများ နောက်ဆုံး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြင်ဆင်မှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၏ အခြေအနေများနှင့် ဝန်ကြီးဌာန၏ ရှေ့ဆက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဥ်များအား တင်ပြခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက လက်ရှိ နိုင်ငံရေးအခြေအနေများနှင့်စပ်လျဥ်း၍ သိရှိလိုသည်များအား ဆွေးနွေး မေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။

 

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် မြေပြင်အခြေအနေများအား တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၂း၃၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း 2021 ဖေဖော်ဝါရီလမှ 2024 စက်တင်ဘာလ (၃၀)ရက်နေ့အထိ အမျိုးသမီး ကလေးနှင့် လူငယ် သေဆုံးသူ ဦးရေ MOWYCA ထုတ်ပြန်


အောက်တိုဘာ ၁၂

Radio NUG 


နွေဦးတော်လှန်ရေးကာလအတွင်း 2021 ဖေဖော်ဝါရီလမှ 2024 စက်တင်ဘာလ (၃၀)ရက်နေ့အထိ အမျိုးသမီး ကလေးနှင့် လူငယ် သေဆုံးသူ ဦးရေ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်ပါတယ်။


2021 ဖေဖော်ဝါရီလမှ 2024 စက်တင်ဘာလ (၃၀)ရက်နေ့အထိ သေဆုံးသူ ကလေးဦးရေ ၈၉၈ ဦး ရှိပြီး စုစုပေါင်း သေဆုံးသူရဲ့ ၁၁.% ရှိကာ ကျား/ မဖော်ပြနိုင်သူ ၁၁% ယောက်ျားလေး ၅၈% မိန်းကလေး ၃၁%နှင့် စစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့ပါတယ်။


2021 ဖေဖော်ဝါရီလမှ 2024 စက်တင်ဘာလ (၃၀)ရက်နေ့အထိ သေဆုံးသူ လူငယ်ဦးရေ ၂၁၆၀ ဦး ရှိပြီး စုစုပေါင်း သေဆုံးသူရဲ့ ၂၆.% ရှိကာ ကျား/ မဖော်ပြနိုင်သူ .% ယောက်ျားလေး ၈၀.% မိန်းကလေး ၁၉.%နှင့် စစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့ပါတယ်။


2021 ဖေဖော်ဝါရီလမှ 2024 စက်တင်ဘာလ (၃၀)ရက်နေ့အထိ သေဆုံးသူ ကလေးဦးရေ ၁၆၄၇ ဦး ရှိပြီး စုစုပေါင်း သေဆုံးသူရဲ့ ၂၀.% ရှိကာစစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ စစ်တွေထောင်ပြောင်း နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၃၅၁ ဦး ပုသိမ်ထောင်သို့ ရောက်ရှိပြီး စားသောက်နေထိုင်ရေး ခက်ခဲလျက်ရှိ


အောက်တိုဘာ ၁၂ 

Radio NUG 


ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့ရန် ခေါ်ထုတ်ခံရသည့် အကျဉ်းသားများကို အောက်တိုဘာလ ၁၀ရက်နေ့ ညနေပိုင်းအချိန်တွင် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး  စားသောက်နေထိုင်ရေး ခက်ခဲလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ သတင်းထုတ်ပြန်ပါတယ်။


မိဘပြည်သူများအနေဖြင့် ကူညီထောက်ပံ့မူများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ တဆင့် ငွေကြေးပျောက်ဆုံးမှု မရှိစေပဲ ထိရောက်စွာ ကူညီပေးလို့ရပါကြောင်း အသိပေးထားပါတယ်။


ငါတို့မှာ ငါတို့ပဲ ရှိတယ် ဆိုသည့် စကားလုံးသည်  စကားလုံးအဖြစ် ရှိနေရုံ မဟုတ်ပဲ လက်တွေ့လုပ်ဆောင်ကြခြင်းဖြင့် မတရားဖမ်းဆီးခံထားရသည့်  နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ၊ LGBT+ များနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုလည်း ကူညီနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အမ်းမြို့ မှ NON CDM ဝန်ထမ်းများ မြို့ကို စွန့်ခွာနေကြ


အောက်တိုဘာ ၁၂ 

Radio NUG 


ရခိုင်ပြည် အမ်းမြို့တွင် အောက်တိုဘာ ရက်နေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှ ကုန်ကားအစီး ၂၀ နဲ့ အတူ တပ်မိသားစုဝင်များကို ပြည်မဖက်သို့ ပို့ဆောင်ပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့က လွဲပြီး NON CDM ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ မြို့ကို စွန့်ခွာ ထွက်ပြေးကြတယ်လို့ နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။


အမ်းမြို့ပေါ်တွင် AA နှင့် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ပြည်မဘက်နှင့် တစ်ခြား ဘေးလွတ်ရာ နယ်မြေများသို့ ထွက်ပြေးကြတယ်လို့ သိရပါတယ်။


အမ်းမြို့ အခြေစိုက် နပခဌာနချုပ်၏ မဲတောင်ဗျုဟာ သိမ်းပိုက်ခံရပြီးနောက် AA ထိုးစစ်သည် အမ်းမြို့အနီးသို့ ရောက်ရှိလာပြီး မြို့အနီးဝန်းကျင်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။


အမ်းမြို့ အဝင်အထွက် လမ်းများကို စစ်တပ်က ပိတ်ထားလိုက်ပြီး နပခဌာနချုပ် အပါအဝင် တပ်ရင်းများ အနီးအနားသို့ သွားလာခွင့်များကို ကန့်သတ် ပိတ်ပင်ထားပါတယ်။


========================


📌📌 ၆။ လယ်ဒိုမြို့နယ်၌ ကျောင်း ဆရာ၊ ဆရာမများနေ့အား  ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်


အောက်တိုဘာ ၁၂ 

Radio NUG 


ညောင်လေးပင်ခရိုင်၊ လယ်ဒို မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှ ဦးဆောင်၍  ၂၀၂၄ ခုနှစ် အောက်တိုဘာ () ရက်နေ့တွင် ကျောင်းဆရာ/ များ‌နေ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ရှိ ခေါင်းဆောင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် မိဘပြည်သူလူထု စုစုပေါင်း လူဦးရေ (၃၅၀) ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။  ဂွမြို့နယ် ရတနာမြိုင် ရဲစခန်းမှ စစ်တပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် သံတွဲ-ဂွကားလမ်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိ


အောက်တိုဘာ ၁၂ 

Radio NUG 

ဂွမြို့နယ် ရတနာမြိုင် ( ကုလားပြင်) ရဲစခန်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ပြီးနောက် သံတွဲ-ဂွကားလမ်းအတိုင်း တောင်ဘက်သို့ ထိုးစစ်ဆက်လက်ဆင်လာရာ ဘဲအင်းနှင့် ဒယ်ဘုတ်ကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိတယ်လို့ နိရဉ္စရာ သတင်းဌာနမှ ဖော်ပြထားပါတယ်။


အောက်တိုဘာ ၁၂ ရက်နေ့ထိ တိုက်ပွဲပြင်းထန်နေပြီး ကုလားပြင်က ဆုတ်သွားတဲ့ တပ်က ခံစစ်အနေနဲ့ ခံပစ်နေတယ်လို့ သိရပါတယ်။


ဘဲအင်းနှင့် ဒယ်ဘုတ်ရွာအနီးမှ စစ်ကောင်စီတပ်သည် တဖြည်းဖြည်းနောက်ဆုတ်ကာ ကြွေချိုင်ရွာနှင့် တိုင်ကြိုးအနီးရှိ ပုဂံတောင်ဘုရားတွင် တပ်စွဲကာ ဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်လာတဲ့အတွက် ကြွေချိုင်ရွာအထိ မီးဖြတ်ထားပြီး ပုဂံတောင်မှာ အမြောက်တွေ တပ်ဆင်ထားသလို တင်းတောရွာမှာလည်း နေဗီက အမြောက်တပ်ဆင်ထားကာ တစ်ပြိုင်တည်းပစ်ခတ်နေတယ်လို့ သိရပါတယ်။


ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း လတ်တလော သင်တန်းဆင်းလာသည့် တပ်သားသစ်များနှင့် ဧရာ၀တီတိုင်းဘက်မှ စစ်ကူလာသော တပ်ရင်းများ ပါဝင်ပြီး AA ထိုးစစ်ကို ကောင်းစွာ ခုခံတိုက်ခိုက်မှု မလုပ်နိုင်သဖြင့် အကျအဆုံးများဖြင့် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာနေရပါတယ်။



========================


🚩🚩 ၂။ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အမတ-၃၁၈ ကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း(Drone) များဖြင့် တိုက်ခိုက်


အောက်တိုဘာ ၁၂ 

Radio NUG 


ပြည်သူလူထု နေအိမ်များပေါ်သို့  လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် မုဒုံမြိုနယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း (အမတ-၃၁၈)ကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း(Drone) များဖြင့် အောက်တိုဘာလ()ရက်နေ့တွင် နံနက်(:၃၀) မှ (၁၀:၃၀) အချိန်ထိ တိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါနစစ်ကြောင်းနှင့် MSRFမှ သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ရှော့တိုက်ဒုံး SF-Z ဒရုန်း ဖြင့် တိုက်ခိုက်မှု့ကြောင့် (အမတ-၃၁၈)ရှိ  လက်နက်ကြီးအထိုင်စခန်းနေရာများ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နှင့် အခြားအဆောက်အအုံများလည်း ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ဆင်ရေးတွင် တော်လှန်းရေးပူးပေါင်းအဖွဲ့များမှ အထိအခိုက်မရှိ ခွါစစ်ဆင်နိုင်ခဲ့ပြီး အကြမ်းဖက်အာဏာသိမ်းစစ်ကောင်းစီဘက်မှ ()ဦး သေဆုံးခဲ့ကာ ()ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း မှ(တပ်ခွဲ-) (တပ်ခွဲ-) ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KBDF မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) မွန်ပြည်တော်လှန်ရေးတပ် ( MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) Saw Dragon  Drone Force (ဒရုန်းအထူးတပ်ဖွဲ့) Ye Air Force (YAF) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း- ထားဝယ်ခရိုင် အမှတ်()တပ်ရင်း-T5 နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


 🚩🚩 ၃။ ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ဦး သေဆုံး


အောက်တိုဘာ ၁၂ 

Radio NUG 

အောက်တိုဘာလ (၁၁)ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ ၂၅၆ မှ ထွက်လာသော ခန့်မှန်းအင်အား ၇၀ခန့်ပါ စစ်ကြောင်းသည် နံနက်၅နာရီအချိန် ဇီးကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ အဆိုပါစစ်ကြောင်းအား  ဇီးကုန်းနှင့် ဇီးကုန်းကျွန်းကျေးရွာကြား အရောက်တွင် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်မှ သတင်းထုတ်ပြန်ပါတယ်။


နှစ်ဖက် အပြန်အလှန် ၁နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ဦးအား ရှင်းလင်းနိုင်ခဲ့ကာ MA3 တစ်လက်၊ ကျည်ဘောက် ၄ဘောက် MA 11 တစ်လက်၊ ကျည်ဘောက် ၃ဘောက်၊ 5.56mm  ကျည် ၂၇၅ တောင့်၊ အီနာဂါ ဗုံးသီးတစ်လုံးအား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နှစ်ဖက်အပြန်အလှန် ဖြစ်ပွားမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (.က.)မှ  ရဲဘော်နွေဦးသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ကျန်ရဲဘော် ၂ဦးမှာလဲ အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ (၁၂)ရက်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းခဲ့ရာ ဇီးကုန်းကျေးရွာ ဘုန်းကြီးတစ်ပါး၊ ပြည်သူ ၂ဦးနှင့် စစ်သား အလောင်း လောင်းတို့အား မြေမြုပ်ထားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကာလမ်းပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး တဦးသေဆုံး


အောက်တိုဘာ ၁၂ ရက် 

Radio NUG


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်က ကန်ဖျားဇရပ်အနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဦး သေဆုံးခဲ့တယ်လို့ Moe Nyo Revolution Force က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ် ၁၀ နာရီခွဲခန့်မှာ မိုင်းရှင်းလင်းရေး လုပ်နေတဲ့ စစ်ကောင်စီ တပ်သားများကို M9 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့ပြီး ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သားများကို လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။


ထိုနောက် စစ်ကောင်စီဘက်က အင်အား ၁၀ ဦးခန့်ဖြင့် MA2 စက်လက်ဖြင့် ထောက်ပြီး စစ်ကြောင်းပြန်ထိုးလာခဲ့ရာမှာလည်း လက်ဦးမှု ရယူနိုင်ခဲ့ကာ ကြိုဆိုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဲ့ဒီနောက်မှာတော့ စစ်ကောင်စီဘက်က သံချပ်ကာကား တစီးဖြင့် စစ်ကူ ရောက်လာတာကြောင့် ရဲဘော်များ အထိခိုက် ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်သား ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိခဲ့တဲ့ အရေအတွက်လည်း များတယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ အမ်းမြို့နယ် မဲလက်မောင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ တိုက်ခိုက်ရာ စာသင်ကျောင်း ပြိုပျက်ပြီး အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာရ


အောက်တိုဘာ ၁၂ 

Radio NUG 

အောက်တိုဘာ ၁၁ ရက် ည‌နေ ၄နာရီခွဲတွင် အမ်းမြို့နယ် မဲလက်မောင်းရွာ အလယ်တန်းကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး လုံး ကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ကျောင်းကို ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး ကျောင်းနားက အိမ်ကို ဗုံးစထိမှန်ခဲ့တာကြောင့် ပြည်သူတစ်ဦးဘယ်ခြေထောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


စစ်ရှုံးကောင်စီသည် အာရက္ခဒေသ တိုက်ပွဲများအတွင်း အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။


========================


🚩🚩 ၆။ သိန္နီခရိုင် နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတစ်ခု ပျက်စီးခဲ့ပြီး အရပ်သား တစ်ဦး ဒဏ်ရာရရှိ


အောက်တိုဘာ ၁၂ 

Radio NUG 


အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ နာရီအချိန်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်လေယာဉ်ဖြင့် သိန္နီခရိုင် သံလွင်နယ် နမ့်ပေါင် ကျေးရွာရှိ မြန်မာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့်  အရပ်သားတစ်ဦးက ညာလက်မောင်း ဒဏ်ရာရရှိပြီး ကျောင်းအဆောက်အအုံ ထိခိုက် ပျက်စီးခဲ့ကာ အနီးနားရှိ မိသားစုမှ မွေးမြူထားသည့် နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ တာဝန်သိ ပြည်သူများမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများ လာရောက်အပ်နှံ


အောက်တိုဘာ ၁၂ 

Radio NUG 


တိုက်ပွဲဖြစ်ပွားသည့် ဧရိယာများအတွင်း ဒေသခံပြည်သူလူထုများမှ ရှာဖွေတွေ့ရှိခဲ့သည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို တာဝန်သိ ပြည်သူများမှ လာရောက်အပ်နှံမှုများ ရှိခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလအတွင်း နေရာ () နေရာမှ ပေါက်ကွဲစေတတ်သည့် ပစ္စည်း () မျိုးနှင့် ဆက်သွယ်ရေးပစ္စည်းများ လာရောက်အပ်နှံမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။


လာရောက်အပ်နှံသည့် ပစ္စည်းများမှာ -မပေါက်ကွဲသေးသည့် RPG ဗုံးသီးတစ်လုံး၊ ဒရုန်းဗုံးသီးတစ်လုံး (အသုံးပြု၍မရ) Radio Telecom (RT) စက်တစ်လုံးနှင့် ဘက္ထရီအပိုတစ်လုံး (အသုံးပြု၍ရ) တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ပြီးခဲ့သည့် လပိုင်းကလည်း စစ်ကောင်စီထုတ် ၆၀ မမ ဗုံးသီးတစ်လုံး (အသုံးပြု၍ ) နှင့် လက်လုပ်ဗုံးသီးများ (အသုံးပြု၍ မရ) တို့ကို လာရောက်အပ်နှံမှုများလည်း ရှိခဲ့ပါတယ်။


ပြည်သူလူထုအနေဖြင့် စစ်ဖက်သုံးပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ မင်္သကာဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှု့ခြင်း မလုပ်ကြဘဲ နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များကို ဆောလျင်စွာ အကြောင်းကြား၍ ရှင်းလင်းဖယ်ရှားပြီးမှ သွားလာကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၈။ ရေဘေးသင့် ပြည်သူများကို လာရောက်ကူညီ ခဲ့ကြသူများအား ကျေးဇူးတင်ကြောင်း အာဠာဝက စစ်ကြောင်း ထုတ်ပြန်


အောက်တိုဘာ ၁၂ ရက် 

Radio NUG


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ ရေဘေးသင့်နေစဉ် လိုလေသေးမရှိ လာရောက်ကူညီ ပံ့ပိုးပေးခဲ့ကြတဲ့  ရပ်နီး ရပ်ဝေးမှ သူများကို ကျေးဇူးအထူးတင်ကြောင်း အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ဘာသာပေါင်းစုံမှ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦး တယောက်စီတိုင်းကို အထူး ကျေးဇူးတင်ကြောင်းနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်း ဓါတ်ပုံများကို ဖော်ပြထားပါတယ်။


လာရောက်ကူညီခဲ့ကြသူများရဲ့ လုံခြုံရေးနဲ့ လမ်းကြောင်းအဆင်ပြေစေရေးအတွက် အခုအချိန်မှ ဂုဏ်ပြုရတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။


အာဠာဝကစစ်ကြောင်း အနေဖြင့် ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြင်ဆင် ဆောင်ရွက်လျှက် ရှိနေကြောင်းကိုလည်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment