14th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာများပေးပို့

📌 ၂။ အိမ်ပြန်လမ်းပေါ်ရောက်နေပြီးအိမ်နဲ့တော်တော့်ကိုနီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါး

📌 ၃။ နေသာတဲ့နေ့ ရုပ်ရှင်ပြပွဲအမေရိကန်ပြည်ထောင်စုမေရီလန်းမှာအောင်မြင်စွာကျင်းပပြီးစီး

📌 ၄။ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းနေမှု ကာလအတွင်း စစ်ကောင်စီရဲ့ ()ဦးနှင့် အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများထဲတွင် ၁၈ နှစ်အောက် ကလေးသူငယ် အရေအတွက်မှာ (၂၅၈) ဦးအထိ ပါဝင်

📌 ၅။ ”BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် Registration ပိတ်သိမ်းရန်ကာလ ကြိုတင်အသိပေးနှိုးဆော်

📌 ၆။ သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ "တော်လှန်ရေးအတွက် အနုပညာလက်နက်" အစီအစဉ်မှထိုင်းဘတ် (နှစ်သန်းတသိန်းလေးသောင်းရှစ်ရာကိုးဆယ့်ခုနှစ်ဘတ်) ကို နယ်စပ်ဒေသရှိ CDM အနုပညာရှင် မိသားစုပေါင်း ၁၀၆ စုထံ ခွဲဝေပေးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သီပေါမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးစစ်သုံ့ပန်းများလည်းဖမ်းဆီးရမိထား

🚩 ၂။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊တပ်ရင်းအမှတ် (၁၄) KNDF/B-14 ()နှစ်ပြည့် တပ်မွေးနေ့ အခမ်းအနားပြုလုပ်

🚩 ၃။ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ဆင်ရေးတွေ အားလုံးမှာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေကို ဆက်တိုက်ရှုံးနိမ့်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာများပေးပို့


အောက်တိုဘာလ ၁၄ ရက်


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာများပေးပို့ခဲ့ပါတယ်။


အောက်တိုဘာ၁၄ရက်ကျရောက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ (၃၆) နှစ် ပြည့်မြောက်သည့်နေ့ အခါသမယတွင် ပါတီခေါင်းဆောင်ကြီးများနှင့်တကွ ပါတီဝင်များအားလုံး လုံခြုံဘေးကင်းကြပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာရှိကြပါစေကြောင်း အလေးအနက်ဖော်ပြလိုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။


 ပါတီထူထောင်ခြင်း (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီသည် မြန်မာ့နိုင်ငံရေးအချိုးအကွေ့များထဲမှ တစ်ခုဖြစ်သော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး မှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်ရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပြည်သူများနှင့်အတူတကွ ရပ်တည်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာကြီးမားသော နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး  ခေတ်အဆက်ဆက် လူထုအရေးတော်ပုံလှုပ်ရှားမှုများတွင် ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်ခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးကာလတွင်လည်း ပြည်သူ့ဆန္ဒနှင့်အညီ ရပ်တည်ရုန်းကန် လှုပ်ရှားနေသော ပါတီဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျှောက် အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့မှုများကိုလည်း လေးစားဂုဏ်ယူပါ ကြောင်း ဖော်ပြအပ်တယ်လို့ဆိုပါတယ်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အနာဂတ်တွင် ပါတီ၏ ရှေ့လုပ်ငန်းစဥ်များ၊ မူဝါဒများအား ပိုမိုတိုးတက်အောင်မြင်စေရန် အစုအဖွဲ့အသီးသီးတို့နှင့် ချိတ်ဆက်ဆောင်ရွက်သွား နိုင်ပါစေကြောင်းနှင့် ပါတီသည် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည် တည်ရှိပါစေကြောင်း ဆုမွန်ပါးလျက် မိမိတို့အနေဖြင့် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာမှာဖော်ပြပါတယ်။


========================


📌📌 ၂။ အိမ်ပြန်လမ်းပေါ်ရောက်နေပြီးအိမ်နဲ့တော်တော့်ကိုနီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါး


အောက်တိုဘာ၁၄ရက်


အိမ်ပြန်လမ်းပေါ်ရောက်နေပြီးအိမ်နဲ့တော်တော့်ကိုနီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါးဆိုလိုက်ပါတယ်။


ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှာ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။

"တချို့လူတွေ အိမ်ပြန်ရောက်သွားကြပြီ။ ကျွန်တော်တို့တွေအားလုံးလည်း အိမ်ပြန်မယ်။ အိမ်မှာမနေရတဲ့သူတွေအားလုံး ကျွန်တော်တို့အတူ အိမ်ပြန်ကြမယ်။ အိမ်ပြန်လမ်းပေါ်လည်း ကျွန်တော်တို့ရောက်နေပြီ၊ အိမ်နဲ့ တော်တော့်ကိုနီးနေပြီ။ ပန်းဝင်ခါနီး ကျွန်တော်တို့အားလုံး ခြေကုန်သုတ်ရမယ့် အချိန်ရောက်ပြီ။" လို့ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာပင်လည်ဘူးမြို့အပါအဝင်ရှမ်းပြည်နယ်သီပေါမြို့ကိုပါတော်လှန်ရေးအင်အားစုများသိမ်းပိုက်ရရှိပြီဖြစ်ပါတယ်။


========================


📌📌 ၃။ နေသာတဲ့နေ့ ရုပ်ရှင်ပြပွဲအမေရိကန်ပြည်ထောင်စုမေရီလန်းမှာအောင်မြင်စွာကျင်းပပြီးစီး


အောက်တိုဘာ၁၄ရက်


နေသာတဲ့နေ့ ရုပ်ရှင်ပြပွဲကို အမေရိကန်ပြည်ထောင်စုမေရီလန်းမှာ အောက်တိုဘာ၁၂ရက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ Maryland State Senator Clarence Lamတို့အပါအဝင်တော်လှန်ရေးအင်အားစုများ၊အနုပညာရှင်များတက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်လာသူများကမြန်မာအရေးကိုဆွေးနွေးပြောကြားမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းနေမှု ကာလအတွင်း စစ်ကောင်စီရဲ့ ()ဦးနှင့် အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများထဲတွင် ၁၈ နှစ်အောက် ကလေးသူငယ် အရေအတွက်မှာ (၂၅၈) ဦးအထိ ပါဝင်


အောက်တိုဘာ၁၄ရက်

စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းနေမှု ကာလအတွင်း စစ်ကောင်စီရဲ့ ()ဦးနှင့် အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများထဲတွင် ၁၈ နှစ်အောက် ကလေးသူငယ် အရေအတွက်မှာ (၂၅၈) ဦးအထိ ပါဝင်လို့ အောက်တိုဘာလအတွင်းမှာ လူသားစာနာဝန်ကြီးဌာနကဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့ အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားနေတဲ့ ရက်ပေါင်း (၁၃၅၁) ရက်တာ ကာလအတွင်းမှာ မြန်မာပြည်သူလူထုဟာ  သဘာဝဘေးအန္တရာယ်နှင့် သဘာဝဘေးကျရောက် နေစဥ်မှာပင် စစ်တပ်ရဲ့ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းကတဆင့် 

ဗုံးကြဲ တိုက်ခိုက်ခြင်း၊ drop bomb များဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်း၊ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများအား ဓါးစာခံ အဖြစ်ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ခြင်း အစရှိတဲ့ ဘေးအန္တရာယ် တွေကိုပါ ရင်ဆိုင်ဖြတ်ကျော်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။

 အဆိုပါ ဘေးဒုက္ခ ခံစားနေရသူများထဲတွင် နိုင်ငံရဲ့ အနာဂတ် မျိုးဆက်သစ် ကလေးသူငယ်များလည်း အပါအဝင်ဖြစ်ကာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းနေမှု ကာလအတွင်း စစ်ကောင်စီရဲ့ ()ဦးနှင့် အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများထဲတွင် ၁၈ နှစ်အောက် ကလေးသူငယ် အရေအတွက်မှာ (၂၅၈) ဦးအထိ ပါဝင်နေတာ တွေ့ရတယ်လို့ဖော်ပြပါတယ်။

နိုင်ငံရဲ့ မျိုးဆက်သစ်ကလေးသူငယ်များဟာ စစ်ကောင်စီ၏ စနက်ကြောင့် ဘေးကင်းလုံခြုံရာနေရာများသို့ မကြာခဏပြောင်းရွှေ့ နေရသည့်အတွက် ကောင်းစွာ ပညာသင်ယူနိုင်မှု အခွင့်အလမ်းများ၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုခံယူရေးစသည့် အခြေခံ လူ့အခွင့်အရေးများကို ဆုံးရှုံးနေရတယ်လို့လူသားစာနာဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


========================


📌📌 ၅။ ”BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် Registration ပိတ်သိမ်းရန်ကာလ ကြိုတင်အသိပေးနှိုးဆော်


အောက်တိုဘာ၁၄ရက်


"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် Registration ပိတ်သိမ်းရန်ကာလကိုအောက်တိုဘာ၁၄ရက်မှာ ပညာရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည်အောက်တိုဘာ၄ရက်နေ့ မှ နိုဝက်ဘာ၃ရက်နေ့ အထိ ဖြစ်ခြင်းကြောင့်လျှောက်ထားနိုင်သည့်ကာလ (၂၀) ရက်သာ ကျန်ရှိတော့ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်တယ်လို့ဖော်ပြပါတယ်။

စနစ်ဟောင်းဒသမတန်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် BECA Registration ကာလဖြစ်သည့်အတွက် နိုဝင်ဘာ၃ရက်နေ့ နောက်ဆုံးထား၍ Registration Form ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်တယ်လို့ဆိုပါတယ်။


BECA Registration လျှောက်ထားရမည့် Link ကိုပညာရေးဝန်ကြီးဌာနPagတွင်ဖော်ပြထားပြီး BECA နှင့်စပ်လျဉ်း၍ မကြာခဏစုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို Telegram Channel တွင်လည်း ဝင်ရောက်လေ့လာနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ "တော်လှန်ရေးအတွက် အနုပညာလက်နက်" အစီအစဉ်မှထိုင်းဘတ် (နှစ်သန်းတသိန်းလေးသောင်းရှစ်ရာကိုးဆယ့်ခုနှစ်ဘတ်) ကို နယ်စပ်ဒေသရှိ CDM အနုပညာရှင် မိသားစုပေါင်း ၁၀၆ စုထံ ခွဲဝေပေးခဲ့


အောက်တိုဘာ၁၄ရက်


သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ "တော်လှန်ရေးအတွက် အနုပညာလက်နက်" အစီအစဉ်မှထိုင်းဘတ် (နှစ်သန်းတသိန်းလေးသောင်းရှစ်ရာကိုးဆယ့်ခုနှစ်ဘတ်) ကို နယ်စပ်ဒေသရှိ CDM အနုပညာရှင် မိသားစုပေါင်း ၁၀၆ စုထံ ခွဲဝေပေးခဲ့တယ်လို့အောက်တိုဘာ၁၄ရက်သရုပ်ဆောင်မင်းမော်ကွန်းကဆိုရှယ်မီဒီယာမှာအသိပေးဖော်ပြထားပါတယ်။


မင်းမော်ကွန်း ရဲ့ "တော်လှန်ရေးအတွက် အနုပညာလက်နက်" အစီအစဉ်အဖြစ် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့ နဲ့ မဲလ်ဘုန်းတို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ ပွဲမှ ပန်းချီလေလံ၊ လက်မှတ်ရောင်းရငွေ၊ ဆုကြေးအပါအဝင် ရရှိသမျှ ရန်ပုံငွေစုစုပေါင်း  2,140,897 THB (နှစ်သန်းတသိန်းလေးသောင်းရှစ်ရာကိုးဆယ့်ခုနှစ်ဘတ်) ကို နယ်စပ်ဒေသရှိ CDM အနုပညာရှင် မိသားစုပေါင်း ၁၀၆ စုထံ မိသားစု တစုကို ဘတ် သောင်းစီ ခွဲဝေပေးခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါထောက်ပံ့ငွေများကို ဩဂုတ်လ ၂၀၂၄ ခုနှစ်မှာ အသီးသီး ပေးပို့လွှဲပြောင်းပြီးစီးကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သီပေါမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးစစ်သုံ့ပန်းများလည်းဖမ်းဆီးရမိထား


အောက်တိုဘာ၁၄ရက်


ရှမ်းပြည်နယ် သီပေါမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးစစ်သုံ့ပန်းများလည်းဖမ်းဆီးရမိထားတယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာ၁၃ရက်မှာ ရှမ်းပြည်နယ်သီပေါမြို့ရှိ စကစရဲ့ လက်ကျန်တပ်စခန်း ခလရ(၂၃) ကို TNLAနဲ့တော်လှန်ရေးအင်အားစုများကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ စစ်သုံ့ပန်းနှင့် မိသားစု ဝင် တရာ ကျော် ဖမ်မိထားတယ်လို့TNLAကသတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့ရှိ ခမရ(၅၀၃) ခမရ(၅၀၄)တပ်ရင်းများကို စက်တင်ဘာလအတွင်း TNLAကပထမဦးဆုံးသိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်သီပေါမြို့ရှိစကစတပ်စခန်းများကိုသိမ်းပိုက်ရာတွင် စကစကလေကြောင်းY12လေယာဥ်များနဲ့အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊တပ်ရင်းအမှတ် (၁၄) KNDF/B-14 ()နှစ်ပြည့် တပ်မွေးနေ့ အခမ်းအနားပြုလုပ်


အောက်တိုဘာလ (၁၂) ရက်နေ့


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၄) နှစ်ပြည့် တပ်မွေးနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကရင်နီပြည်နယ် တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏စစ်ချီသီချင်းဖြင့် ချီတက်အလေးပြုခြင်း၊ တပ်ဦးအလံအားအလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးလေပြီးသောအာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ သစ္စာအဓိဌာန်သီဆိုခြင်း များပြုလုပ်ခဲ့ပါသည်။ 

ထို့နောက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၄ တပ်ရင်းမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒု-တပ်ရင်းမှူးမှ အားပေးအမှာစကားပြောကြားခြင်း၊ဒု-ရုံးဦးစီးမှူးမှ တပ်ရင်းဖြစ်ပေါ်လာပုံနှင့် ရှေ့တက်လုပ်ဆောင်ရမည့်အစီအစဥ်များ ပြောကြားခြင်း၊ ဗျူဟာအမှတ် () ဗျူဟာမှူးနှင့် တက်ရောက်လာကြသော ဧည့်သည်တော် တာဝန်ရှိသူများမှ အားပေးအမှာစကားပြောကြားခြင်းနှင့် တပ်ရင်းအမှတ် (၁၄)ရုံးဦးစီးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား 

အစီအစဥ်အား ရုပ်သိမ်းခဲ့ပါသည်။

မိမိတို့တပ်ရင်း အမှတ် (၁၄)သည် နှစ်တာကာလတိုက်ပွဲအတွင်း ကျဆုံးသွားသောအာဇာနည်သူရဲကောင်း 

(၁၁)ဦးနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သော ရဲဘော် () ဦးအထိရှိခဲ့ပါသည်။

အခမ်းအနားကိုရှေ့တန်းရောက်ရဲဘော်များမတက်ရောက်နိုင်တာများခဲ့ပြီး တပ်ရင်း၌ရှိသောရဲဘော်များနှင့်ပြုလုပ်ခဲ့ကာ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများ အပါအဝင် လူဦးရေ (၂၀၀) ကျော်ပါဝင်တက်ရောက်ခဲ့ပါသည်။


========================


🚩🚩 ၃။ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ဆင်ရေးတွေ အားလုံးမှာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေကို ဆက်တိုက်ရှုံးနိမ့်လာ


အောက်တိုဘာ၁၄ရက်


အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ဆင်ရေးတွေ အားလုံးမှာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေကို ဆက်တိုက်ရှုံးနိမ့်လာတယ်လို့ အောက်တိုဘာလအတွင်းမှာ စစ်ရေးသုံးသပ်များကိုဖော်ပြတဲ့ PDFInsightက ဆိုထားပါတယ်။


အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကုန်းမြေပေါ်က သူတို့ အဓိက အခြေစိုက်ထားတဲ့ စစ်ဌာနချုပ်မြို့ကြီးတွေ အတိုက်ခိုက်ခံနေရတာတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက သူတို့ရဲ့ စစ်အခြေစိုက် စခန်းတွေ အသိမ်းပိုက်ခံရတာတွေ ဖြစ်နေကြတဲ့အပြင် ရေကြောင်းနဲ့ ပတ်သက်တဲ့ စစ်ဆင်ရေးတွေမှာဆိုရင်လဲ အရှုံးတွေ ဆက်တိုက် ကြုံတွေ့နေရတယ်လို့ဖော်ပြပါတယ်။

 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာဆိုရင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ရန်သူ့စစ်လှေများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်းက တိုက်ခိုက်ရာ စစ်သား (၁၇) ဦး သေဆုံးပြီး လှေ () စီး ကို နှစ်မြှပ်နိုင်ခဲ့ကာရွှေကူမှတဆင့် ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်သို့ လက်နက်ခဲယမ်း နှင့် စစ်ကူများ တင်ဆောင်လာသည့် သင်္ဘော () စီးကို ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ဆင်ရေးတွေ အားလုံးမှာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေကို ဆက်တိုက်ရှုံးနိမ့်လာနေတာလည်း ဖြစ်တယ်လို့ PDF Insightကဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment