14th OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

📌 ၂။ စက်တင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် PRF ထုတ်ပြန်

📌 ၃။ ပင်လောင်းမှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရ

📌 ၄။ တပတ်အတွင်း စစ်ကောင်စီသတ်ဖြတ်၍ အပြစ်မဲ့ပြည်သူ ၅ဦး သေဆုံး

📌 ၅။ ဒေါက်တာဇော်မြင့်မောင်အား ရည်စူး၍ ရက်လည်အလှူ ABSDF ပြုလုပ်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတ္တရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနဲ့ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေး PDF ထုတ်ပြန်

🚩 ၂။ CDF - Thantlang စစ်ဦးစီးချုပ် ရှေ့တန်း တိုက်ပွဲ တနေရာမှာ ကျဆုံး

🚩 ၃။ ဝေါလေတွင် ဈေးဝယ်ထွက်တဲ့ စစ်ကောင်စီကား ပစ်ခတ်ခံရပြီး ဦးသေဆုံး၊ တပ်ရင်းမှူးနဲ့ ဒုရင်းမှူး အပါအဝင် ဦး ဒဏ်ရာရ

🚩 ၄။ သိမ်ဇရပ်တွင် လမ်းမှားပြီး PDF ဂိတ်ကို ဝင်လာတဲ့ စစ်ဗိုလ် တဦးနှင့် အမျိုးသမီးကို ဖမ်းဆီးရမိ

🚩 ၅။ အုတ်ဖို ဝိုင်းကျေးရွာရဲစခန်းမှ ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

🚩 ၆။ ဝမ်းတွင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို လက်နက်ကြီးနှင့် ပစ်ခတ်

🚩 ၇။ ထူးချောင်းစခန်းကုန်းမှ စစ်ကောင်စီ တပ်သားများ  စခန်းအား စွန့်ခွာထွက်ပြေး

🚩 ၈။ ယောချောင်းတံတားနှင့် နေအိမ်တချို့ကို စစ်ကောင်စီက လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်

🚩 ၉။ ကြာခတ်ချောင်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

🚩 ၁၀။ ဗန်းမော်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်

🚩 ၁၁။ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ကန်နီပျူရွာမှ ရဲ တဦး လက်နက်နဲ့ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်


အောက်တိုဘာ ၁၃ 

Radio NUG 


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်လျက် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHမှ သတင်းထုတ်ပြန်ပါတယ်။


(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကော်မတီအစည်းအဝေးများ၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သွားမည်ဖြစ်ကာ ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံအလိုက်  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖိုရမ်၊ အာရှပစိဖိတ်ဒေသ အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့သည့်အပြင် နယူးဇီလန်၊ ဆွီဒင်၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားကာ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းများအရေး၊ စစ်ဘေးရှောင်ပြည်သူများအခြေအနေနှင့် လိုအပ်ချက်များ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်သူ အစုအဖွဲ့များ၏ ကြိုးပမ်းနေသည့် နိုင်ငံရေးမျှော်မှန်းချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်ရရှိနိုင်ရေး စသည့်  ရည်ရွယ်ချက်များ၊ ကြိုတင်ပြင်ဆင်မှုများဖြင့် သွားရောက်တက်ရောက်နေခြင်း ဖြစ်ပါတယ်။


နိုင်ငံတကာပါလီမန်များအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏  တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားကာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင် သွားရောက်တက်ရောက်လျက်ရှိသည့်အပြင် မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်  သိရှိနားလည်နိုင်စေရေး ကိုယ်စားပြုဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ စက်တင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် PRF ထုတ်ပြန်


အောက်တိုဘာ ၁၃ 

Radio NUG 


စက်တင်ဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ၊ ထောက်ပို့ငွေပမာဏ တို့ကို အများပြည်သူလူထုအားလုံး ပွင့်လင်းစွာ သိရှိစေဖို့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRFမှ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလအတွင်း ထောက်ပို့တပ်သားဦးရေ ၂၈၂၉၉ ဦးနှင့် ထောက်ပို့ငွေပမာဏ အမေရိကန်ဒေါ်လာ ၇၄၂၁၈၇ ခန့်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံမှ ထောက်ပို့တပ်သား ၁၅၃၂၄ ဦး ရှိပြီး ထောက်ပို့ငွေ ပမာဏ အမေရိကန်ဒေါ်လာ ၄၅၉၁၁၇.၈၁ ခန့် ရရှိခဲ့ကာ မန္တလေးတိုင်းမှာ ထောက်ပို့တပ်သားဦးရေ ၂၁၄၆ ဦးနှင့် ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၅၁၂၇၇.၆၁ ခန့် အများဆုံး ထောက်ပို့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ပင်လောင်းမှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရ


အောက်တိုဘာ ၁၃ 

Radio NUG 


ပင်လောင်းမြို့နယ်မှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ပင်လောင်းမြို့နယ် နမ်ဖါမူနဲ့  နောင်ဝိုးစတဲ့ ကျေးရွာတွေမှာ အောက်တိုဘာလက စပြီး စစ်ကောင်စီနဲ့ ကရင်နီ  တော်လှန်ရေးအင်အားတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။


ပင်လောင်းမြို့ပေါ်တွင် တိုက်ပွဲမဖြစ်ပွားဘဲ ရွာတွေဘက်မှာ ဖြစ်ပွားနေတာကြောင့် ပင်လောင်းမြို့ပေါ်မှာ  လူဦးရေ ထောင်ကျော် စစ်ရှောင်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ တပတ်အတွင်း စစ်ကောင်စီသတ်ဖြတ်၍ အပြစ်မဲ့ပြည်သူ ၅ဦး သေဆုံး


အောက်တိုဘာ ၁၃ 

Radio NUG 


တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီတပ် ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ တပတ်အတွင်း အပြစ်မဲ့ပြည်သူ ၅ဦး သေဆုံးခဲ့ရပြီး၊ နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့်အတူ စစ်ကောင်စီ ထောင်ထားခဲ့သော မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက် ဒဏ်ရာရသူ နှစ်ဦး အပါအဝင် စုစုပေါင်း ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။


နေအိမ် ၅လုံး ပျက်စီးသွားခဲ့ပြီး နွား ၆ကောင် ဒဏ်ရာရ သေဆုံးခဲ့သည့်အပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ် ဒရုန်းဗုံးသီးများ ကျဲချတိုက်ခိုက်နေခြင်းကြောင့် အနီးအနားရှိ ကျေးရွာ ()ရွာမှ ပြည်သူ (၅၀၀)ဦးခန့် စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။


တောင်ပိုင်းစစ်ဒေသ၏ ရရှိထားသော အချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် အထက်ပါစာရင်းထက် ပိုများနိုင်ကြောင်း သိရပါတယ်။


========================


📌📌 ၅။ ဒေါက်တာဇော်မြင့်မောင်အား ရည်စူး၍ ရက်လည်အလှူ ABSDF ပြုလုပ်


အောက်တိုဘာ ၁၃ 

Radio NUG 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ  ဒေါက်တာဇော်မြင့်မောင်အား ရည်စူး၍ ရက်လည်အလှူကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ABSDF ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ရက်လည်အလှူကို ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ပြည်သူ့ဂုဏ်ရည်အသင်းမှ ဒုဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် ၈၈ မျိုးဆက် ကိုယဉ်ထွေးတို့မှ မကဒတ ရဲဘော်များနှင့်အတူ ရည်စူးကုသိုလ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မတ္တရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနဲ့ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေး PDF ထုတ်ပြန်


အောက်တိုဘာ ၁၃ ရက်

Radio NUG.


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (မန္တလေး) က သိမ်းယူထားတဲ့ တပ်စခန်းများကို ပြန်လည် ရရှိနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနဲ့ ရုပ်အလောင်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းများနှင့်တကွ MDY-PDF က ထုတ်ပြန်ထားတာပါ။


စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြုပြီး တန်ပြန် ထိုးစစ်ဆင်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိမ်းယူထားတဲ့ တပ်စခန်းများကို အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မတ္တရာမြိုနယ်ထဲက တိုက်ပွဲများအတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်များကို သာမက အရပ်သား ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ CDF - Thantlang စစ်ဦးစီးချုပ် ရှေ့တန်း တိုက်ပွဲ တနေရာမှာ ကျဆုံး


အောက်တိုဘာ ၁၃ ရက်

Radio NUG.


ချင်းပြည်နယ်၊ ထန်တလန်မြို့ အခြေစိုက် CDF - Thantlang (ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ - ထန်တလန်) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဆလိုင်းရမ်ဇဲလ် (Salai Ram Zel) ဟာ ရှေ့တန်းတနေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာ ၁၂ ရက်နေ့က ထန်တလန်မြို့တွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်း တနေရာကို တိုက်ခိုက်ဖို့ လုပ်နေချိန်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ပြီး ကျဆုံးသွားခဲ့တာပါ။


၎င်းနဲ့အတူ CDF - Thantlang တပ်ရင်း () မှ ရဲဘော် တဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


အာဏာမသိမ်းခင်က ဆလိုင်းရမ်ဇဲလ်ဟာ ထန်တလန် မြို့နယ်ကျောင်းသားများမိသားစု (TSC) ရဲ့ ခေါင်းဆောင် ဖြစ်သလို ချင်းကျောင်းသား အဖွဲ့အစည်းတွေမှာ တာဝန်ရှိသူ တဦးလည်း ဖြစ်ပါတယ်။


ဆလိုင်းရမ်ဇဲလ် ကျဆုံးချိန်မှာ အသက် ၃၀ အရွယ်သာ ရှိသေးပြီး ၎င်းမှာ အမျိုးသမီးနှင့် ကလေးနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဝေါလေတွင် ဈေးဝယ်ထွက်တဲ့ စစ်ကောင်စီကား ပစ်ခတ်ခံရပြီး ဦးသေဆုံး၊ တပ်ရင်းမှူးနဲ့ ဒုရင်းမှူး အပါအဝင် ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၃ ရက်

Radio NUG.


ကရင့်အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ () ကော့ကရိတ် မြို့နယ်၊ ဝေါ‌လေရွာတွင် ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကား ပစ်ခတ်ခံရပြီး ဦးသေဆုံးကာ တပ်ရင်းမှူးနဲ့ ဒုရင်းမှူး အပါအဝင် ဦး ဒဏ်ရာရခဲ့ပါတယ်။


အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၈နာရီ ၂၀ မိနစ်တွင်  စစ်ကောင်စီ တပ်အင်အား ၂၀ မှ ၃၀ ကြား ပါတဲ့ Vigo ကားနှစ်စီးကို တော်လှန်ရေး တပ်ဖွဲ့တွေက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း တပ်ကြပ်ကြီး တဦးနဲ့ တပ်သား တဦး သေဆုံးခဲ့ပြီး ခမရ (၅၈၅) တပ်ရင်းမှူး၊ အမတ (၃၁၆) ဒုရင်းမှူးနဲ့ တပ်သား တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဝေါ်လေဗျူဟာ စခန်းကုန်းသို့ ပြန်ရောက်ချိန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာ အနီးပတ်ဝန်းကျင်ကို ၁၂၀ မမ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။


ဝေါလေဗျူဟာကုန်းစခန်းတွင် ခမရ - ၅၈၅၊ ခမရ - ၅၅၉၊ ခမရ - ၅၅၅ တပ်များ တပ်စွဲနေထိုင်ပြီး အင်အား ၂၀၀ ကျော်ခန့် ရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ သိမ်ဇရပ်တွင် လမ်းမှားပြီး PDF ဂိတ်ကို ဝင်လာတဲ့ စစ်ဗိုလ် တဦးနှင့် အမျိုးသမီးကို ဖမ်းဆီးရမိ


အောက်တိုဘာ ၁၃ ရက် 

Radio NUG.


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် လမ်းမှားပြီး PDF ဂိတ်ထဲကို ဝင်လာတဲ့ စစ်ကောင်စီရဲ့ အမတ - ၃၁၀ တပ်ရင်းမှ ဗိုလ်တဦးနှင့် ၎င်းရဲ့ အမျိုးသမီးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဂိတ်ကို လမ်းမှားပြီး ရောက်လာတဲ့ ဗိုလ်ဟိန်းဇေယျာဦးနဲ့ ၎င်းရဲ့ အမျိုးသမီးတို့ကို PDF က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး KNU လက်ထဲကို လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။


၎င်းဟာ PDF ဂိတ်ကို စစ်တပ်ဂိတ်နဲ့ မှားပြီး ကားရပ်ကာ လမ်းလာမေးရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ သေနတ် တလက်၊ ယူနီဖောင်း တစုံနှင့် အရာရှိ စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဗိုလ်တဦး ဖမ်းဆီးခံရပြီးနောက် အမတ - ၃၁၀ အမြှောက်တပ်က လက်နက်ကြီးနဲ့ သိမ်ဇရပ် မြိုတွင်းကို ပစ်ခတ်ခဲ့ရာ အရပ်သား ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ အုတ်ဖို ဝိုင်းကျေးရွာရဲစခန်းမှ ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်


အောက်တိုဘာ ၁၃ 

Radio NUG 


အောက်တိုဘာ ၁၃ရက် နေ့လည် နာရီဝန်းကျင်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှ ထွက်လာတဲ့ အင်အား ၃၀ ပါ စစ်ကြောင်းကို ပဒေသာမိုင်း ၄လုံးဆွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ () ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။ 


အဆိုပါစစ်ကြောင်း ရေတာရွာဘက်ကို ထွက်ခွာလာစဉ် ဝိုင်းရွာထိပ် ဂုံးပေါက်ကြီးအကျော် ဝိုင်းအုပ်စု ဆေးရုံရှေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 


အသေအပျောက်များပြီး ထိခိုက်ဒဏ်ရာရသူများကာ သေဆုံးတဲ့ အလောင်းတွေကို ရွာသင်္ချိုင်းဆီ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ နေရာဟာ ပြည်သူတွေ နေထိုင်ရာနေရာနဲ့ ကိုက် ၃၀၀ နီးပါးလောက် ဝေးကွာပြီး စစ်ကောင်စီက အထိနာသွားတာကြောင့်သာ ရမ်းသမ်းဖမ်းဆီးသွားတာလို့ ဆိုပါတယ်။


========================


🚩🚩 ၆။ ဝမ်းတွင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို လက်နက်ကြီးနှင့် ပစ်ခတ်


အောက်တိုဘာလ ၁၃ရက် ညနေ နာရီခန့်တွင် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို  လက်နက်ကြီး ၄၀ မမ လေးလုံး ပစ်ခတ်တိုက်ခိုက်ရာ ထွေအုပ်ရုံးဘက်သို့ တစ်လုံး၊ ရဲစခန်းဘက်သို့ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း Wundwin Township Revolution Forceမှ သတင်းထုတ်ပြန်ပါတယ်။


WTRF အဖွဲ့မှ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာစဉ် ရဲနှင့် စစ်သားများဘက်မှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အများပြည်သူနေထိုင်ရာ ရပ်ကွပ်များသို့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ထူးချောင်းစခန်းကုန်းမှ စစ်ကောင်စီ တပ်သားများ  စခန်းအား စွန့်ခွာထွက်ပြေး


အောက်တိုဘာ ၁၃ 

Radio NUG 


အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖားဆောင်းနှင့် ဘောလခဲကြားရှိထူးချောင်းစခန်းကုန်းမှ စစ်ကောင်စီ တပ်သားများ စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း ဖားဆောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ပါတယ်။


စွန့်ခွာထွက်‌ပြေးသွားသော ယင်းစခန်းအား ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် အတူ တပ်ပေါင်းစုမှ ၀င်ရောက်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


စစ်ဆင်ရေးအား တပ်ပေါင်းစုနှင့်အတူ ဖားဆောင်း PDF / KA Drone Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ ယောချောင်းတံတားနှင့် နေအိမ်တချို့ကို စစ်ကောင်စီက လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၁၃ ရက်

Radio NUG.


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ တောင်စိုင်ကမ်း တိုက်နယ် အတွင်းက ယောချောင်းတံတားနှင့် အရပ်သား နေအိမ်တချို့ကို စစ်ကောင်စီက လေကြောင်းကနေ ကြိမ် ထက်မနည် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


အောက်တိုဘာ ၁၂ ရက်နေ့ ညနေ  နာရီ ၄၅ မိနစ်တွင် တကြိမ်၊ နာရီ ၄၀ မိနစ်တွင် တကြိမ်၊ ညဉ့် ၁၁ နာရီ ၁၀ မိနစ်တွင် တကြိမ်၊ ညဉ့် ၁၁ နာရီ ၄၀ တွင် တကြိမ် စုစုပေါင်း လေးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ယောချောင်း တံတား အပါအဝင် အရပ်သား နေအိမ် လုံး၊ အဆောက်အဦး တချို့နဲ့  ကား စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ကျောက်တော် မြို့မဈေးနဲ့ အထက စာသင်ကျောင်းဝင်းထဲကို စစ်ကောင်စီက ဗုံး လုံး ကြဲချခဲ့တာကြောင့် ကလေးငယ် ဦး အပါအဝင် ထိခိုက်သေဆုံးသူ ဦး ထက်မနည်း ရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၉။ ကြာခတ်ချောင်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ


အောက်တိုဘာ ၁၃ ရက်

Radio NUG.


အောက်တိုဘာ ၁၂ရက်နေ့မှာ ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ဝင်းရေးမြို့နယ်၊ ကြခတ်ချောင်းရွာတွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ကြာအင်းဆိပ်ကြီး အခြေစိုက် စစ်ကောင်စီ ဗျူဟာကုန်းကနေ ၈၁ မမ လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့တာဖြစ် ပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တာပါ။


ထို့အပြင် နောက်ထပ် အမျိုးသား ဦးနဲ့ အမျိုးသမီး ဦးလည်း ထိမှန်ဒဏ်ရာ ရခဲ့ပြီး နှစ်ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံက ပြောပါတယ်။


လက်ရှိမှာ KNU ဝင်းရေး မြို့နယ်၊ အနန်းကွင်း ကျေးရွာ အခြေစိုက် စစ်ကောင်စီ ဗျူဟာ စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ အများအပြား အသုံးပြု ခုခံနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။


========================


🚩🚩 ၁၀။ ဗန်းမော်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်


အောက်တိုဘာ ၁၃ 

Radio NUG 

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗန်းမော်မြို့နယ် မိုင်နှင့် မိုင်အကြား KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများ ပစ်ခတ်တာကြောင့် ရပ်ကွက်များအတွင် လက်နက်ကြီးကျည်များ ကျရောက်၍ မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း   Bhamo People Defense Force - BPDF မှ သိရပါတယ်။


နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ကောင်ဂျာယန်အနီးမှာလည်း စစ်ရေးတွေ တင်းမာနေတယ်လို့ သိရပါတယ်။


KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့ ပတ်ဝန်းကျင်တွင် ရောက်ရှိနေပြီး စစ်တပ်မှ ခုခံစစ်ပြင်နေကြောင်း သိရပါတယ်။


========================


🚩🚩 ၁၁။ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ကန်နီပျူရွာမှ ရဲ တဦး လက်နက်နဲ့ အလင်းဝင် 


အောက်တိုဘာ ၁၃ ရက်၊ 

Radio NUG.


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူစောထီး)ရွာကို ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ရွာအတွင်းမှ ရဲတပ်သား တဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ Burmese Peacock Defense Force - BPDF က သတင်း ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၁ ရက်နေ့မှာ BPDF ဗမာ့ဒေါင်း တပ်ဖွဲ့နဲ့ မဟာမိတ် တပ်ဖွဲ့များက ကန်နီပျူရွာအား RC Plane များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ပျူရွာအတွင်းမှ ရဲတဦး MA-3 သေနတ်တလက် နှင့်တကွ အလင်းဝင် လာခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း ပျူရွာအတွင်းမှ ကင်းတဲတလုံး ပျက်စီးခဲ့တယ်လို့ အလင်းဝင် ရဲတပ်သားထံမှ သိရှိရကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment