15th OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အင်အားချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင် ဖြိုလှဲချရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union  IPU) ဥက္ကဋ္ဌဖြစ်သူ တန်ဇန်နီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး 

📌 ၃။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အစည်းအဝေးများသို့ ဆက်လက်ပါဝင်တက်ရောက်လျက်ရှိ

📌 ၄။ ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးကို AAမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်

📌 ၅။ AVIC ကုမ္ပဏီအနေနဲ့  စစ်အုပ်စုကို လေယာဉ်၊ လေယာဉ်တပ် လက်နက်တွေနဲ့ ပြုပြင်ထိန်းသိိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းချထောက်ပံ့မှုကို  တားဆီးနိုင်ဖို့ မဟာမိတ်ကုမ္ပဏီ Airbusကို ဖိအားပေးရန် နှိုးဆော်

📌 ၆။ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတဆင့် စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုများတွင် အာဆီယံက ပိုမို ရှုပ်ထွေး နက်နဲစွာ ပါဝင်လာ

📌 ၇။ မန္တလေးမြို့နှင့် ထားဝယ်မြို့တွင် ဆီသင်္ဘောနှင့် ကုန်ပစ္စည်းတင် သင်္ဘောများ မီးလောင်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတ္တရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနဲ့ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေး PDF ထုတ်ပြန်

🚩 ၂။ CDF - Thantlang စစ်ဦးစီးချုပ် ရှေ့တန်း တိုက်ပွဲ တနေရာမှာ ကျဆုံး

🚩 ၃။ ဝေါလေတွင် ဈေးဝယ်ထွက်တဲ့ စစ်ကောင်စီကား ပစ်ခတ်ခံရပြီး ဦးသေဆုံး၊ တပ်ရင်းမှူးနဲ့ ဒုရင်းမှူး အပါအဝင် ဦး ဒဏ်ရာရ

🚩 ၄။ သိမ်ဇရပ်တွင် လမ်းမှားပြီး PDF ဂိတ်ကို ဝင်လာတဲ့ စစ်ဗိုလ် တဦးနှင့် အမျိုးသမီးကို ဖမ်းဆီးရမိ

🚩 ၅။ အုတ်ဖို ဝိုင်းကျေးရွာရဲစခန်းမှ ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

🚩 ၆။ ဝမ်းတွင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို လက်နက်ကြီးနှင့် ပစ်ခတ်

🚩 ၇။ ထူးချောင်းစခန်းကုန်းမှ စစ်ကောင်စီ တပ်သားများ  စခန်းအား စွန့်ခွာထွက်ပြေး

🚩 ၈။ ယောချောင်းတံတားနှင့် နေအိမ်တချို့ကို စစ်ကောင်စီက လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်

🚩 ၉။ ကြာခတ်ချောင်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

🚩 ၁၀။ ဗန်းမော်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်

🚩 ၁၁။ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ကန်နီပျူရွာမှ ရဲ တဦး လက်နက်နဲ့ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အင်အားချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင် ဖြိုလှဲချရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


အောက်တိုဘာ၁၄ရက်

Radio NUG

အင်အားချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင် ဖြိုလှဲချရမယ်လို့ အောက်တိုဘာလ ၁၄ ရက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထူထောင်ခြင်း (၃၆) နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။


"  ဒီတော်လှန်ရေးမှာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေဟာ အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ရင်း တစ်ပြိုင်နက်တည်းမှာလည်း ခေတ်အဆက်ဆက် အဖြေရှာ မရခဲ့တဲ့ နိုင်ငံရေးပြဿနာများကိုလည်း ဖြေရှင်းလျက် ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ စစ်ရေးအရှိန်မြှင့်မှုတွေကို တွန်းအားပေးနိုင်မယ့် နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းမှုတွေက အင်မတန်အရေးပါသလို၊ နိုင်ငံတကာမျက်နှာစာမှာ ကျွန်တော်တို့ အားလုံးအတူတကွ တိုက်ပွဲဝင်နေတယ်ဆိုတဲ့ သတင်းစကားမျိုးဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ စစ်ရေးကို အထူးအလေးပေး အာရုံစိုက်ပြီး အင်အားချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင် ဖြိုလှဲချရမှာ ဖြစ်သလို တစ်ဘက်က နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍတွေကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အစုအဖွဲ့အသီးသီးရဲ့ အင်အားတွေဟာ ကဏ္ဍတိုင်းအတွက် အင်မတန် အရေးပါနေကြောင်း ပြောကြားလိုပါတယ်။" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။


ဒါ့အပြင် တော်လှန်ရေးကို ဖြစ်နိုင်သမျှ မြန်မြန်အောင်ပွဲနဲ့အတူ အဆုံးသတ်နိုင်ဖို့ အင်မတန် အရေးကြီးနေတဲ့အချိန် ရောက်နေပြီလို့ ဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union  IPU) ဥက္ကဋ္ဌဖြစ်သူ တန်ဇန်နီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး 


အောက်တိုဘာလ ၁၄ ရက်

Radio NUG

(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ၁၄ရက်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union  IPU) ဥက္ကဋ္ဌဖြစ်သူ တန်ဇန်နီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ စစ်တပ်မှ ဥပဒေမဲ့ အာဏာသိမ်းယူမှုနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အတူရပ်တည်ပြီး ပံ့ပိုးကူညီပေးခဲ့မှုများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုပြီး IPU အစည်းအဝေးသို့ ဖိတ်ကြားခဲ့မှုများ၊ IPU ဥက္ကဋ္ဌအနေဖြင့် လွှတ်တော်အစည်းအဝေးများတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။


ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရပ်တည်ချက်၊ သဘောထားများ၊ အကြမ်းဖက်စစ်တပ်က အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ရန် စီစဉ်နေမှုနှင့် တရားဝင်မှု မရှိသည့်အပြင် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်မည်မဟုတ်သည့် ယင်းအတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာပါလီမန်အသိုက်အဝန်းအနေဖြင့် လက်မခံရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌက နိုင်ငံတကာပါလီမန်များအဖွဲ့က မြန်မာ့အရေးအခြေအနေများကို နားလည်ပြီး နီးနီးကပ်ကပ်စောင့်ကြည်လျက်ရှိပါကြောင်း၊ မြန်မာပြည်သူများနှင့် ဆက်လက်ရပ်တည်လျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့်လည်း ဆက်လက်ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အစည်းအဝေးများသို့ ဆက်လက်ပါဝင်တက်ရောက်လျက်ရှိ


အောက်တိုဘာလ ၁၄ ရက်

Radio NUG

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ သွားရောက်တက်ရောက်နေသော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ၁၄ရက် နံနက်ပိုင်းတွင် အမှုဆောင်ကောင်စီအစည်းအဝေးနှင့် ဒီမိုကရေစီကို နောက်ပြန်ဆွဲခြင်းအား ကာကွယ်ရေးအတွက် ပါလီမန်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ယင်းဆွေးနွေးပွဲတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ (အိမ်မဲ မဲဆန္ဒနယ်) က ပါဝင်ဆွေးနွေးသူအဖြစ် ပါဝင်တက်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြုဆိုထားပါတယ်။


(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား အောက်တိုဘာ ၁၇ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးကို AAမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်


အောက်တိုဘာ ၁၄ 

Radio NUG 


ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးကို အာရက္ခတပ်တော် AAမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ () ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ (၁၄) ဦး၊ တိုင်ကာနာမြို့၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ () ဦး၊ ကော့ဘာဇာမြို့၊ ဖီးချားရီကကျေးရွာမှ () ဦး စုစုပေါင်းရေလုပ်သား (၁၆) ဦး ပါဝင်သော မော်တော်ဘုတ်တစ်စီးသည်  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် () နာရီခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့ကြပြီး အောက်တိုဘာလ () ရက်နေ့၊ ညနေ () နာရီခန့် အချိန်တွင် အမည်မသိ မူဆလင်လက်နက်ကိုင် (၆၀) ဦးခန့် ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့မှ မော်တော်ဘုတ် () စီးဖြင့် ဓားပြတိုက်ခြင်းကို ခံခဲ့ရသည့်အပြင် အဆိုပါ ၎င်းတို့၏ မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီးလှောင်ပိတ်ခြင်းကို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့သည် ငါးဖမ်းမော်တော်ဘုတ်အား ၎င်းတို့၏ မော်တော်ဘုတ် () စီးဖြင့် ဝိုင်းရံပြီး လက်နက်များဖြင့် ပစ်ခတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ထားခဲ့ပြီးနောက် ရေလုပ်သားငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ကာ ဘုတ်တွင် ပါလာသမျှ ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များ အားလုံးကို ယူဆောင်သွားသည့်အပြင် ရေလုပ်သားငါးဖမ်းသမားများအားလုံးကို မော်တော်ဘုတ်၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထားခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ () ရက်နေ့၊ နံနက် () နာရီခန့်အချိန်တွင် ပင်လယ်ဓားပြများမှ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်စဉ် အာရက္ခကမ်းခြေစောင့်တပ်မှ အောက်တိုဘာလ () ရက်နေ့၊ နံနက် () နာရီခွဲခန့်အချိန်တွင် တွေ့ရှိ၍ အဆိုပါ ကမ်းတင်ဘုတ်တွင် ပါလာသော ရေလုပ်သားငါးဖမ်းသမား (၁၆) ယောက်စလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေး စောင့်ရှောက်ပေးထားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်ကာ အောက်တိုဘာလ (၁၄) ရက်၊ ညနေ () နာရီ (၁၅) မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ AVIC ကုမ္ပဏီအနေနဲ့  စစ်အုပ်စုကို လေယာဉ်၊ လေယာဉ်တပ် လက်နက်တွေနဲ့ ပြုပြင်ထိန်းသိိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းချထောက်ပံ့မှုကို  တားဆီးနိုင်ဖို့ မဟာမိတ်ကုမ္ပဏီ Airbusကို ဖိအားပေးရန် နှိုးဆော်


အောက်တိုဘာ၁၄ရက်

Radio NUG

AVIC ကုမ္ပဏီအနေနဲ့  စစ်အုပ်စုကို လေယာဉ်အပါအဝင် လေယာဉ်တပ်လက်နက်တွေနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းချ ထောက်ပံ့မှုကို တားဆီးနိုင်ဖို့ မဟာမိတ်ကုမ္ပဏီ Airbusကို ဖိအားပေးခြင်းဟာ တားဆီးနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်တယ်လို့  အောက်တိုဘာ၁၄ရက် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုကမ်ပိန်းအဖွဲ့က အသိပေး ဖော်ပြပါတယ်။


"စစ်အုပ်စုရဲ့ အသက်သွေးကြော AVICဟာတရုတ်အစိုးရကိုယ်တိုင်ဖြစ်စေ၊ ၎င်းပိုင်ဆိုင်တဲ့ AVIC ဖြစ်စေ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ဘာတောင်းဆိုသည်ဖြစ်စေလုံးဝ ဂရုစိုက်လေ့မရှိပါဘူး။ ဂရုလည်း စိုက်မှာမဟုတ်ပါဘူး။ လေးစားလိုက်နာရတဲ့ ကတိကဝတ်တွေလည်း ဘာမှမရှိ။ ဒါကြောင့် AVIC ကို တိုက်ရိုက်ဖိအားပေးပြီး စစ်အုပ်စုကို ပေးနေတဲ့ထောက်ပံ့မှုတွေ ရပ်တန့်ဖို့ တောင်းဆိုနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ နည်းလမ်းရှိပါတယ် AVIC အနေနဲ့ နည်းပညာအပါအဝင် ဈေးကွက်အတွက်ပါ မှီခိုအားထားရပြီး အရေးအကြီးဆုံး မဟာမိတ်ကုမ္ပဏီက Airbus လို့ခေါ်တဲ့ ဥရောပ အခြေစိုက်ကုမ္ပဏီပါ။ Airbus ကုမ္ပဏီသာ မရှိရင် တရုတ်အစိုးရရဲ့  AVIC ကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုနဲ့ အကျိုးစီးပွားကို အကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်" လို့ ဖော်ပြပါတယ်။


========================


📌📌 ၆။ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတဆင့် စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုများတွင် အာဆီယံက ပိုမို ရှုပ်ထွေး နက်နဲစွာ ပါဝင်လာ


အောက်တိုဘာ ၁၄ ရက်၊

Radio NUG


အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး မှတဆင့် အာဆီယံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများတွင် ပိုမိုရှုပ်ထွေး နက်နဲစွာ ပါဝင်လာနေကြောင်း Justive For Myanmar အဖွဲ့က ထုတ်ပြန်လာပါတယ်။


အာဆီယံက ရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို တရားမဝင်တဲ့ အကြမ်းဖက် စစ်ကောင်စီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခြင်းဟာ စစ်ကောင်စီကို တရားဝင်မှုပေးခဲ့ရုံသာမက အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ စာသင်ကျောင်းများနဲ့ ဆေးရုံများကို ဗုံးခွဲဖျက်ဆီး၊ အစုလိုက်အပြုံလိုက် အိုးအိမ်မဲ့ဖြစ်စေခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်များကို ဂုဏ်ပြုထောက်ခံပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


အာဆီယံအနေနဲ့ အခုလို အမှားအယွင်းများကို ဆက်တိုက်ဆိုသလို ကျူးလွန်နေသော်လည်း နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အာဆီယံရဲ့ နောက်မှာ ပုန်းကွယ်နေကြဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထို့အပြင် စစ်ကောင်စီအား ရန်ပုံငွေ၊ စစ်လက်နက် ပစ္စည်းများနဲ့ လေယာဉ်ဆီများ လက်လှမ်းမှီနေမှု အားလုံးကို တားဆီးနိုင်ဖို့ နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်နေမှုကို အာဆီယံအနေနဲ့ ပံ့ပိုးကူညီပေးရမယ့်အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။


မြန်မာ့အကျပ်အတည်းအား ပိုမိုဆိုးဝါးလာစေနိုင်မှုကို ရပ်တန့်ပြီး နိုင်ငံတကာ ဥပဒေများအောက်မှာ စစ်အုပ်စုကို တာဝန်ခံစေပြီး မြန်မာနိုင်ငံသစ် တည်ဆောက်ရေးအတွက် ပြည်သူများရဲ့ ကြိုးပမ်းမှုများမှာ အာဆီယံအနေဖြင့် ပူးပေါင်းပါဝင်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၇။ မန္တလေးမြို့နှင့် ထားဝယ်မြို့တွင် ဆီသင်္ဘောနှင့် ကုန်ပစ္စည်းတင် သင်္ဘောများ မီးလောင်


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာလ ၁၄ ရက် နေ့လယ် နာရီခွဲဝန်းကျင်တွင် မဟာအောင်မြေမြို့နယ်၊ ဂေါဝိန်ဆိပ်ကမ်း၊ စွမ်းကေကေဆိပ်မှာ ဆိုက်ကပ်ပြီး စစ်ကောင်စီတပ်တွေအတွက် ရိက္ခာဆန်နဲ့ စက်သုံးဆီတွေ ခိုးဝှက် သယ်ဆောင်ပေးနေတဲ့ သံခွန်ဖလက် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းတွေအရ သိရပါတယ်။


ဘိလပ်မြေအိတ် ၅၀၀၀ ကျော် ဟန်ပြအဖြစ် တင်ဆောင်ထားတဲ့ သံခွန်ဖလက်သင်္ဘောပေါ်မှာ ဆန်အိတ် အများအပြား ပါရှိပြီး ဝမ်းဗိုက်ထဲမှာလည်း စက်သုံးဆီ ပေပါ အများအပြား တင်ဆောင်ထားတယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့ ကမ်းနားလမ်း ကာစတန်ဘောဘက် စစ်တပ် လက်နက်ကြီး ထိုင်ထားတဲ့နေရာဘက်မှာ ဆီသင်္ဘောများ မီးလောင်ပြီး ပေါက်ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ယောဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်များ ရှေ့တန်းစခန်းများကို သွားရောက်စစ်ဆေး


အောက်တိုဘာ ၁၄ ရက်၊

Radio NUG


ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟို ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ လက်ထောက် အထွေထွေ အတွင်းရေးမှူး () နဲ့ ဌာနမှူးများ၊ အရပ်ဖက် အကြံပေးအဖွဲ့ဝင်များနှင့်အတူ ရှေ့တန်း စခန်းများကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်နဲ့ ၁၀ ရက်တို့မှာ YPDF ဥက္ကဋ္ဌ ရဲဘော်ယောလေး၊ /ထအထွေထွေအတွင်းရေးမှုး () ရဲဘော်ထွားကြီးနဲ့ အဖွဲ့ဟာ ရှေ့တန်းစခန်းများကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး လုံခြုံရေးမပေါ့ဆဖို့၊ ရဲဘော် အချင်းချင်း ခိုက်ရန်မဖြစ်ပွားဖို့၊ သောက်စားမူးယစ်ခြင်း မပြုကြဖို့ အစရှိသဖြင့် မှာကြားခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် စစ်ကောင်စီတပ် လာနိုင်ခြေရှိတဲ့ လမ်းများ၊ မိုင်းကွင်းများ၊ ကင်းနေရာများကို သွားရောက် စစ်ဆေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အဲ့ဒီနောက်မှာ စစ်ဘေးရှောင် ပြည်သူများကို သွားရောက် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး၊ စစ်ရှောင် စာသင်ကျောင်းများကိုလည်း ပြည်သူမှ ပြည်သူသို့ အစီစဉ်ဖြင့် ငွေကြေးနဲ့ သင်ထောက်ကူပစ္စည်း တချို့ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ သီပေါမြို့ ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို PSLF/TNLA ပြန်လွှတ်ပေး


အောက်တိုဘာ ၁၄ 

Radio NUG


သီပေါမြို့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့် (၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုဝင်  (၁၉၁)ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ၂၆ ရက်နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား တအာင်းတပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ  အိမ်ထောင်စု (၃၈)စုရှိ ကျား(၁၁)ဦး၊ (၄၈)ဦး၊ ကလေး (၄၃) စုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့တွင် (၅၀၄)တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ  အိမ်ထောင်စု(၃၄)စုရှိ ကျား(၁၆)ဦး၊ (၃၉)ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် တပ်မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ပြီး ကား ()စီးဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။


အောက်တိုဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံး ကျန်ရှိသည့် သီပေါမြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား တအာင်းတပ်မတော် PSLF/TNLA မှ  အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြည်သူများကို သွားရောက် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး၊ စစ်ရှောင် စာသင်ကျောင်းများကိုလည်း ပြည်သူမှ ပြည်သူသို့ အစီစဉ်ဖြင့် ငွေကြေးနဲ့ သင်ထောက်ကူပစ္စည်း တချို့ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပုဂံမြို့တွင် သန်းခေါင်စာရင်းကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနှင့် ရွာငံတွင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁ဝနာရီ ၃၀ခန့်တွင် ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် စကစနှင့် ပူးပေါင်း၍ သန်းခေါင်းစာရင်း ကောက်နေသော ပုဂံမြို့ရဲ့ အဆိုးဝါးဆုံးသော  ဒလံတစ်ယောက်ဖြစ်တဲ့ ပုဂံ ငဆော် () ဆော်လီ () နိုင်နိုင်ထွန်းအား သန်းခေါင်းစာရင်း ကောက်နေချိန် ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း Bagan Ogre Force ညောင်ဦးမြို့နယ်-ပကဖမှ သတင်းထုတ်ပြန်ပါတယ်။

သန်းခေါင်စာရင်းကောက်နေချိန် ညောင်ဦးရဲစခန်းမှ အရပ်ဝတ် ရဲ ၃ဦး ပါရှိပြီး ပစ်ခတ်ချိန်တွင် သေနတ်များကိုင်ကာ ထွက်ပြေးသွားကြောင်း သိရပါတယ်။


အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ နာရီအချိန်တွင်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဇော်လွင်နှင့် ဇနီးဖြစ်သူ ခင်လေးဖြူတို့ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ရာမှ ပွဲချင်းပြီး  သေဆုံးသွားပါတယ်။


========================


🚩🚩 ၄။ အီနိုင်း ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဦး သေဆုံးခဲ့ပြီး ဦး ပြင်းထန်စွာ ဒဏ်ရာရ


အောက်တိုဘာ ၁၄ ရက်၊

Radio NUG


ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားတဲ့ သိန္နီခရိုင်၊ သံလွင်မြို့နယ်၊ အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သားပြည်သူ () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်း ၀၀ နာရီ ၁၀ မိနစ်မှ - ၁၄ မိနစ်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်များက အီနိုင်းကျေးရွာကို ပေါင်ချိန်များသော ဗုံး လုံးနှင့် ဗုံးအသေးစား လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသန္တရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဆေးခန်းအနီး လူနေရပ်ကွက်မှာ ကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံ အမျိုးသား ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကလေးငယ် တဦး အပါအဝင် ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။


ထို့အပြင် ဆေးခန်းတစ်ခန်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတကျောင်း အပါအဝင် အများပြည်သူပိုင် နေရာများနဲ့  အရပ်သား နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ကာ ကျွဲ၊ နွား၊ တရိစ္ဆာန်များ သေဆုံးခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ လားရှိုးမြို့ကို ညနေစောင်းတွင် အကြမ်းဖက်စစ်တပ်မှ ထပ်မံ ဗုံးကျဲရာ အရပ်သား တစ်ဦး သေဆုံး


အောက်တိုဘာ ၁၄

Radio NUG 


အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၁၈နာရီ ၃၁ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လားရှိုးမြို့ကို လေကြောင်းမှ ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


လားရှိုးမြို့ကို ဗုံး လုံးကြဲချခဲ့ရာ ရပ်ကွက် နားမခေါ် ကားဂိတ်အနီးကို အတိအကျ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စုံစမ်းစစ်ဆေး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပြီးနောက် ဆိုင်ကယ်ပေါ်မှ ဖြတ်သွားသည့် အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဂန့်ဂေါနယ်မှ နေရာ ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့


အောက်တိုဘာ ၁၄ ရက်၊

Radio NUG


မကွေးတိုင်း၊ ယောနယ်၊ ဂန်ဂေါမြို့နယ်အတွင်းက နေရာ ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ယောအလင်းတန်းမှ ဖော်ပြထားပါတယ်။


အောက်တိုဘာ ၁၄ ရက် ညနေ နာရီကနေ နာရီ မိနစ် ၄၀ အတွင်း စစ်ကောင်စီက ဂန့်ဂေါမြို့နယ် လာပို့ရွာကို ဗုံး လုံး၊ ကန်ရွာကို ဗုံး လုံး၊ ဘော်ပြင်းရွာကို ဗုံး လုံးနဲ့ ကျွန်းခုံသာရွာကို ဗုံး လုံး စုစုပေါင်း လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း လာပို့ရွာမှ အမျိုးသား ဦး၊ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် လုံး ပျက်စီးခဲ့ပါတယ်။


အလားတူ ဘော်ပြင်းရွာမှာလည်း ပြည်သူ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ဂန့်ဂေါနယ်က လုယက်ခဲ့သူများကို ဖမ်းဆီးရမိရာ CDM စစ်သား တစ်ဦးပါဝင်


အောက်တိုဘာ ၁၄

Radio NUG

အောက်တိုဘာလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မကွေးတိုင်းဒေသကြီး၊ ယောနယ်၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင် (အောင်မြင်) ရွာနဲ့ ခေါက်ခူရွာကြားက တစ်နေရာမှာ အုတ်လှရွာက အမျိုးသားတစ်ဦးကို လူ ဦးက ဓားပြဆန်ဆန် လုယက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တစ်စီး၊ ရွှေလက်စွပ် တစ်ကွင်း၊ ဖုန်း တစ်လုံးနဲ့ ပိုက်ဆံတို့ကို လုယူသွားခဲ့‌ကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။


အဆိုပါ အမှုကို သက်ဆိုင်ရာ နယ်မြေခံ ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပကဖ ရုံးအဖွဲ့က ပြစ်မှုကျုးလွန်သူတွေကို  အချိန်မီ အရေးယူနိုင်ရေး အချိန်နဲ့တပြေးညီ ဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပကဖ ရုံးအဖွဲ့နဲ့အတူ ပြားရွာက တာဝန်သိ ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ နာရီခန့်မှာ လုယက် ကျူးလွန်မှုမှာ ပါဝင်သူ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။


ပြစ်မှုကျူးလွန်သူတွေဟာ ဂန့်ဂေါမြို့နယ် ပြားရွာက အမျိုးသား ဦး၊ ပဲခူးတိုင်း ပြည်မြို့ကနေ CDM လုပ်လာသူ စစ်သား ဦးနဲ့ ဂန့်ဂေါမြို့ မြို့မရပ်ကွက်က အမျိုးသား ဦးတို့ ဖြစ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးမေးမြန်းနေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ မြိတ်မြို့နယ်မှာ စစ်တပ်တပ်က မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းသည့် စစ်သား ၅ဦး ပြည်သူ့ရင်ခွင် ခိုလှုံ


အောက်တိုဘာ ၁၄ 

Radio NUG 


မြိတ်မြို့နယ်၊ ခလရ (၁၀၃) တပ်ရင်း၊ တုံဗျောကြီးစခန်းမှစ စ်မူထမ်းအပတ်စဉ် () ရဲဘော် တစ်ဦးသည်  MA 2 တစ်လက်၊ လက်ပစ်ဗုံး ()လုံး၊ ကျည် (၁၈၄) တောင့်နှင့်အတူ မြိတ်ပကဖထံ စက်တင်ဘာလ ၂၁ရက်နေ့က လာရောက်ခိုလှုံခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်မှ သတင်းထုတ်ပြန်ပါတယ်။


ထို့အတူ ကော့သောင်းမြိုနယ် အခြေစိုက် ခမရ (၄၃၁) တပ်ရင်းမှ ရဲဘော် ()ဦးသည် မြိတ်မြို့ ခလရ (၁၀၃) တပ်ရင်းမှတဆင့် ထွက်‌ပြေးပြီး မြိတ်ပကဖထံသို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် လာရောက်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။


ထိုရဲဘော်များမှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ တစ်ဦးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ နှစ်ဦးဖြစ်ပြီး စစ်မူထမ်း မဲပေါက်၍ ဝင်ရောက်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။


အလားတူ မတရားဖမ်းဆီးခံရပြီး တပ်သားသစ် စုဆောင်းခံရသူ တစ်ဦးသည် တိုက်/စည်း (ရွှေဒူး)တပ်မှ အောက်တိုဘာလ ၁၁ရက်နေ့တွင် ထွက်ပြေးခဲ့ပြီး အောက်တိုဘာလ ၁၃ရက်နေ့တွင် မြိတ်ပကဖအဖွဲ့ထံ ရောက်ရှိခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။


ထိုသူမှာ မြိတ်မြို့တွင် လုပ်အားခရှင်းပြီး အိမ်အပြန် လမ်းလျှောက်လာရာ ညနေ (:၃၀)နာရီခန့်တွင် ခြိမ်းခြောက်ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ CDF - KKG တပ်ရင်း ( )  အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ) သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး


အောက်တိုဘာ၁၄

Radio NUG

CDF - KKG တပ်ရင်း ( ) မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ) သင်တန်းဆင်းပွဲကို လွန်ခဲ့သောရက်ပိုင်းက ကျင်းပခဲ့တယ်လို့ CDF KKGက အတည်ပြု ဖော်ပြပါတယ်။


သင်တန်းဆင်းပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းဆင်းပွဲတွင် စံပြဆု လက်ဖြောင့်ဆု နှင့် ဇွဲဆု  အစရှိသည့် တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment