16th OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

📌 ၂။ သြစတြေးလျနိုင်ငံ Brisbane မြို့မှာ ကျင်းပမယ့်တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မယ်

📌 ၃။ နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဂါနာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားစီ တွေ့ဆုံ

📌 ၄။ "အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၆၃၇မှုကို စက်တင်ဘာလအတွင်း ကျူးလွန်ခဲ့"

📌 ၅။ အလုပ်သမားရေးရာ အသိအမြင် မြှင့်တင်ရေး စကားဝိုင်း NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ပါဝင်ဆွေးနွေးမယ်

📌 ၆။ Airbusကုမ္ပဏီဟာ စစ်အုပ်စု ဖို့ လေယာဉ်တွေနဲ့ လက်နက်တွေ ရောင်းနေတဲ့ AVIC ကုမ္ပဏီနဲ့ စီးပွားရေးအရရော နည်းပညာအရပါ လက်တွဲဆောင်ရွက်နေ

📌 ၇။ အသည်းရောဂါရှိသူကို တီဘီဆေးများ ပေးကုသခံရသည့် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး ကျဆုံး

📌 ၈။ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တွေ့ဆုံ၍ မြို့နယ်လုပ်ငန်းစဉ်များ ချပြရှင်းလင်း


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမှတ် ၁၀၀၂ လုပီ နယ်ခြားစောင့်တပ် KIAနှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

🚩 ၂။ သီပေါမြို့သိမ်းတိုက်ပွဲမှာ  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီး အပါအဝင်၊  လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA အတည်ပြု

🚩 ၃။ နမခကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်

🚩 ၄။ တောင်ကုတ်မှာ အကြမ်းဖက် စစ်ကောင်စီ‌ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရ

🚩 ၅။ မုံရွာမြို့နယ်အတွင်းရှိ နဝရတ်ရွှေဆိုင် ဓါးပြတိုက်မှု ပါဝင်ကျူးလွန်သူများအား ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၁၅ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သော အဖွဲ့သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရရှိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခမ်းအနားသို့ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။ 


ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိခဲ့သော ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၅၂) ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅) ထုတ်နှင့် ဘိန်းမဲ ၁၈ထုတ် (တထုတ်လျှင် ပိဿာ ခန့်မှန်း) တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ကူညီစောင့်ရှောက်ပေးသည့် ရပ်မိရပ်ဖများကို အထူးကျေးဇူးတင်ကြောင်း၊ ဖမ်းဆည်းရမိထားသည့် စစ်သုံ့ပန်းများကို မေးမြန်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်သည်ကို ဝန်ခံကြကြောင်း၊ စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲရုံသာမက ယခု သိမ်းဆည်းရမိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချီနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သိမ်းပိုက်ရရှိထားသည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေးသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း (တနည်းအားဖြင့်) ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း၊ တာဝန်ပေးထားသော စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ၏ မဟုတ် မမှန်သည့် လုပ်ဆောင်ခြင်းများကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများကြောင့် ပြည်သူများနှင့်လူငယ်များ၏ ဘဝများ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်းပြည်သည်လည်း မည်သည့်နိုင်ငံနှင့်မှ မယှဥ်နိုင်ပဲ မျက်နှာငယ်ခဲ့ရကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားသည့်အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရကြောင်း၊ ခုခံတွန်းလှန်မှု မပြုလုပ်လျှင် နိုင်ငံအနာဂတ်ပျောက်မည် ဖြစ်သည့်အတွက် ခေတ်သမိုင်း၏ တာဝန်ပေးချက်အရ လက်နက်နှင့် အကြမ်းဖက်နေသူကို လက်နက်နှင့်တွန်းလှန်တိုက်ဖျက်မှ ရမည်ဟု သန္နိဋ္ဌာန် ချမှတ်ကာ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပြည်သူများ လက်တွဲညီညီ တိုက်ဖျက်သွားရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်


========================


📌📌 ၂။ သြစတြေးလျနိုင်ငံ Brisbane မြို့မှာ ကျင်းပမယ့်တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မယ်


အောက်တိုဘာ၁၅ရက်

Radio NUG


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် (စနေနေ့) တွင် Brisbane မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားအဖွဲ့အစည်းများစုပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိသော မြန်မာ့ရိုးရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် နိုဝင်ဘာလ တော်လှန်ရေးရံပုံငွေစျေးရောင်းပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ထားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မယ်လို့ သိရပါတယ်။


အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ Brisbane မြို့ ရှိ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံမိတ်ဆက်သွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဂါနာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားစီ တွေ့ဆုံ


အောက်တိုဘာ၁၅ရက်

Radio NUG

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ  ညီလာခံ တတိယနေ့မြောက် ဖြစ်သည့် အောက်တိုဘာ ၁၅ရက်နေ့ နံနက်ပိုင်းမှစ၍  Harnessing science, technology and innovation for a more peaceful and sustainable future ခေါင်းစဉ်ဖြင့် ဆွေးနွေးလျက်ရှိသည့် ညီလာခံ၏ General Debate အစီအစဥ်တွင် ပါဝင်တက်ရောက်ခဲ့ပါတယ်။ 


ထို့ပြင် ဆက်စပ်အစည်းအဝေးဖြစ်သည့် Can parliaments tip the balance for sexual and reproductive health and rights? ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားမှုမြှင့်တင်ရေးကော်မတီ အစည်းအဝေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အလားတူ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဂါနာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့အရေး အခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှင်းလင်းပြောကြားခဲ့ကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများကို ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ "အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၆၃၇မှုကို စက်တင်ဘာလအတွင်း ကျူးလွန်ခဲ့"


အောက်တိုဘာ ၁၅ရက်

Radio NUG

"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၆၃၇မှုကို စက်တင်ဘာလအတွင်း ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ခွန်ဗဟန်းထန်က ဆိုပါတယ်။


"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စက်တင်ဘာလအတွင်း ကျူးလွန်တာမှာ ပိုမိုဆိုးရွားလာတာကို တွေ့ရှိရပါတယ်။ မှတ်တမ်းတင် တွေ့ရှိချက်များအရ တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့ အမှုပေါင်း ၁၁၇မှု၊ နေအိမ်နဲ့ ကိုယ်ပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အမှုပေါင်း ၁၀၀မှု၊ အခြား ချိုးဖောက်မှု ၁၂၂မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၆၃၇မှုကို ရက်ရက်စက်စက်ကျူးလွန်ခဲ့တာကို တွေ့ရှိရပါတယ်"လို့ ဆိုပါတယ်။


မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေကတဆင့်  ကောက်ယူမှတ်တမ်းတင်လျက် ရှိပါတယ်။ 


၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းနှင့်ပြည်နယ်အလိုက်၊ အမှုအမျိုးအစားအလိုက်အပြင် အထူးဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာယန္တရားတွေကိုလည်း အချိန်နဲ့ တပြေးညီ ပေးပို့ထားရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ အလုပ်သမားရေးရာ အသိအမြင် မြှင့်တင်ရေး စကားဝိုင်း NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ပါဝင်ဆွေးနွေးမယ်


အောက်တိုဘာ၁၅ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ယုံကြည်ရာ ပန်းတိုင် အလုပ်သမားရေးရာ အသိအမြင် မြှင့်တင်ရေး စကားဝိုင်းအစီအစဉ်တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှ အကောင်အထည်ဖော်သွားရန် ရှိသည့် ပန်းရောင်ဘတ်အသစ် ကိစ္စနှင့် ပတ်သက်၍ သိရှိရန် လိုအပ်သည့် ကိစ္စရပ်များကို  ထိုင်းရောက် မြန်မာအလုပ်သမားများနှင့် ပန်းရောင်ဘတ်သစ် ဘာလဲ ဘယ်လဲ ဆိုသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမယ်လို့ သိရပါတယ်။


အဆိုပါစကားဝိုင်းကို အောက်တိုဘာ၁၆ရက်ညပိုင်း မြန်မာစံတော်ချိန်၇နာရီမှာကျင်းပသွားမှာဖြစ်ပါတယ်။


ဆွေးနွေးပြောကြားမည့် ပုဂ္ဂိုလ်များအနေနဲ့ ဦးကျော်နီ (ဒုတိယဝန်ကြီး)(NUG အလုပ်သမားဝန်ကြီးဌာန), ကိုရဲမင်း (ထိုင်းနိုင်ငံ အလုပ်သမားအရေး လှုပ်ရှားသူ) ဦးဝေလင်းမောင် (ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ၊ CDM) တို့ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ Airbusကုမ္ပဏီဟာ စစ်အုပ်စု ဖို့ လေယာဉ်တွေနဲ့ လက်နက်တွေ ရောင်းနေတဲ့ AVIC ကုမ္ပဏီနဲ့ စီးပွားရေးအရရော နည်းပညာအရပါ လက်တွဲဆောင်ရွက်နေ


အောက်တိုဘာ၁၅ရက်

Radio NUG

ဥရောပနိုင်ငံကြီး ခုရဲ့ အစိုးရတွေ ရှယ်ယာအများစု ပါဝင်တဲ့ Airbusကုမ္ပဏီဟာ စစ်အုပ်စုဖို့ လေယာဉ်တွေနဲ့ လက်နက်တွေ ရောင်းနေတဲ့ AVIC ကုမ္ပဏီ နဲ့ စီးပွားရေးအရရော နည်းပညာအရပါ လက်တွဲဆောင်ရွက်နေတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးကမ်ပိန်းက ဖော်ပြပါတယ်။


"Airbus ကုမ္ပဏီဟာ ပြင်သစ်အခြေစိုက် လေကြောင်းကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဥရောပရဲ့ အကြီးဆုံး လေကြောင်းကုမ္ပဏီဖြစ်ပါတယ်။ 

 Airbus ကုမ္ပဏီမှာ ပြင်သင်၊ ဂျာမနီ နဲ့ စပိန် အစိုးရတွေဟာ ရှယ်ယာတွေအများကြီးထည့်ဝင်ထားပါတယ်။ ပြင်သစ်အစိုးရက ရှယ်ယာ 10.8 ရာခိုင်နှုန်း ဂျာမန်အစိုးရက 10.8 ရာခိုင်နှုန်းနဲ့ စပိန်အစိုးရက 4.1 ရာခိုင်နှုန်းပါဝင်ပါတယ်။ ဥရောပလေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus ဟာ အကြမ်းဖက်စစ်အုပ်စုကို လေယာဥ်၊ လေယာဉ်တပ်လက်နက်နဲ့ လေယာဉ်ပြုပြင်ရေးဝန်ဆောင်မှုတွေ ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီရဲ့ အရေးကြီးတဲ့ရှယ်ယာရှင်ဖြစ်သလို စီးပွားမိတ်ဖက်လည်းဖြစ်ပါတယ်" လို့ ဖော်ပြပါတယ်။


လက်ရှိမှာတော့ Airbus ဟာ AVIC ကုမ္ပဏီနဲ့အတူ လေကြောင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းခွဲပေါင်းများစွာကို လုပ်ဆောင်လျက်ရှိပါတယ်။


Justice For Myanmar ရဲ့ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်မှာ Airbus နဲ့ AVIC ကုမ္ပဏီတို့အကြား လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တန်ဖိုးငွေပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၀ ရှိခဲ့ပါတယ်။


 Airbus နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ AVIC မှ စစ်သုံးလေယာဉ်တွေ၊ လေယာဉ်တပ်လက်နက်တွေနဲ့ နည်းပညာအကူအညီတွေကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ အသည်းရောဂါရှိသူကို တီဘီဆေးများ ပေးကုသခံရသည့် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး ကျဆုံး


အောက်တိုဘာ၁၅ရက်

Radio NUG

အသည်းရောဂါရှိသူကို တီဘီဆေးများ ပေးကုသခံရသည့် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး ကျဆုံးခဲ့ရတယ်လို့ အောက်တိုဘာ ၁၅ ရက်  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။


အသက်(၄၁)နှစ်အရွယ် ကိုဌေးအောင်ကျော်အား စစ်ကောင်စီလက်အောက်ခံတပ်များမှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ()ရက်နေ့တွင် ဖားအံတွင် ဖမ်းဆီးပြီးနောက် ပုဒ်မ၅၀() ၅၀()တို့ဖြင့် ထောင်ဒဏ်၁၅နှစ် ချမှတ်ခဲ့ကြပြီး စစ်ကောင်စီအနေဖြင့် ဖမ်းဆီးချိန်မှစ၍ ကိုဌေးအောင်ကျော်အား  ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖားအံ တောင်ကလေးထောင်သို့ ပို့ဆောင်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။


နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်အား တောင်ကလေးထောင်မှတဆင့် ကျိုက်မရောထောင်သို့ (၂၀၂၂)ခုနှစ်တွင် ထောင်ပြောင်းရွှေ့ခဲ့ကာ ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ပြီး သာယာဝတီထောင် တိုက်ထဲတွင် ချုပ်နှောင်ခြင်းခံခဲ့ရပါတယ်။


သာယာဝတီ‌ထောင်တိုက်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ကျန်းမာရေးထိခိုက်ပြီး နေမကောင်းဖြစ်သည့်အတွက် ထောင်ဆရာဝန်ဖြင့်ပြသရာတွင် တီဗီရောဂါဖြစ်ကြောင်း ထောင်ဆရာဝန်မှပြောဆိုကာ တီဗီဆေးများကို သုံးလနီးပါးသောက်သုံးခဲ့ရပြီး အမှန်တကယ်တွင်မှု ကိုဌေးအောင်ကျော်တွင် အသဲရောဂါရှိနေကြောင်း နောက်ပိုင်းတွင်မှ သိရှိရတယ်လို့ ဖော်ပြပါတယ်။


ရောဂါပြင်းထန်လာသည့် ကိုဌေးအောင်ကျော်အား ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ထောင်ပြင်ပဆေးရုံသို့ပို့ပေးခဲ့ပြီး စက်တင်ဘာလတွင်မှု ရောဂါပြန်လည်သက်သာလာကြောင်း ပြော၍ သာယာဝတီထောင်သို့ ပြန်လည်ခေါ်ဆောင်ချုပ်နှောင်ခဲ့ပြီး ထောင်ထဲတွင် နှစ်ပတ်ကြာခန့် ပြန်လည်နေထိုင်ရစဉ် အသဲရောဂါပိုမိုဆိုးရွားလာပြီး  ထောင်ပြင်ပဆေးရုံသို့ ပြန်လည်ပြသရန်လိုအပ်လာခဲ့ပြီး အချိန်မှီ ထောင်ပြင်ပရှိ ဆေးရုံသို့ပို့ဆောင်နိုင်ခြင်းမရှိသည့်အတွက် ထောင်ပြင်ပဆေးရုံသို့ရောက်ရှိချိန်တွင် သတိလစ်မေ့မျောကာ ၁၃ရက်နေ့ ညနေ၆နာရီနှစ်ဆယ်မိနှစ်ခန့်တွင်မှု သတိလုံးဝပြန်လည်လာခြင်းမရှိတော့ပဲ ကျဆုံးခဲ့ရပါတယ်။


၂၀၂၄ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၄)ဦး ကျဆုံးခဲ့ရပါတယ်။


========================


📌📌 ၈။ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တွေ့ဆုံ၍ မြို့နယ်လုပ်ငန်းစဉ်များ ချပြရှင်းလင်း


အောက်တိုဘာ ၁၅ရက်

Radio NUG

မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အောက်တိုဘာ၁၄ ရက်နေ့တွင် တိုက်နယ်အတွင်းရှိ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ မြို့နယ်လုပ်ငန်းစဥ်များရှင်းလင်းခြင်း၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့များ အချင်းချင်း ပူးတွဲလုပ်ကိုင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ရပ်ကျေးတံဆိပ်တုံးများ အပ်နှံနိုင်ရေး၊ NGO/INGOအဖွဲ့များ ကျေးရွာအတွင်း ဝင်ရောက်လာခြင်းအပေါ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ချိတ်ဆက်၍ စနစ်တကျလက်ခံဆောင်ရွက်နိုင်ရေးများအား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။


ဆက်လက်၍ ကျန်းမာရေး နှင့်ပညာရေးတာဝန်ခံများမှလည်း မြို့နယ်အတွင်းဆောင်ရွက်ချက်များ ရှင်းလင်းပြခဲ့ကြပြီး၊ လိုအပ်ချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အမှတ် ၁၀၀၂ လုပီ နယ်ခြားစောင့်တပ် KIAနှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ


အောက်တိုဘာ ၁၅ 

Radio NUG 


အောက်တိုဘာလ ၁၅ရက်နေ့ နေ့လယ် ၁၂နာရီ ၄၀မိနစ်ခန့်မှာ ကချင်အထူးဒေသ ချီဖွေပန်ဝါလမ်းပေါ်က လုပီ၊ လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်း တစ်ခုလုံးကို  KIAနှင့် ပူးပေါင်းတပ်များ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ကချင်စစ်ရေးသတင်းများအရ သိရပါတယ်။


KIA တပ်တွေဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းလောက်ကနေ လုပီတပ်ရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီး တပ်ရင်းထဲမှာရှိတဲ့ ကာကင်းစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ကာ အောက်တိုဘာ ၁၅ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA တပ်တွေ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးရက်အကြာမှာ ရရှိခဲ့တဲ့ အမှတ် ၁၀၀၂ လုပီ နယ်ခြားစောင့်တပ် ဌာနချုပ်ဟာ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တည်ရှိကာ ပန်ဝါမြို့တစ်ခုလုံးကို အဓိက ကာကွယ်ပေးနေတဲ့ ရှေတန်းတပ်ရင်းအကြီးတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။


နယ်ခြားစောင့် တပ်ဖွဲ့ဝင်‌တွေထဲက အများစုဟာ မကြာသေးမီက စစ်သားအဖြစ် စုဆာင်းခံရပြီး ရက်အနည်းငယ်သာ သင်တန်းပေးထားတဲ့ စစ်သည်တွေများတယ်လို့ သိရပါတယ်။


KIA တပ်တွေ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး ကချင်အလံစိုက်ထူထားတယ်လို့ သိရပါတယ်။


ပန်ဝါမြို့အထိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်နေရာတွေနဲ့ ပန်ဝါဗျူဟာကုန်း တစ်ခုသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။


၁၀၀၂ ပြည်သူ့စစ်ညွှန်မှူး ဇေခေါင်၊ တပ်မှူး လန်ကျော့ဆောင်တိန်းတို့ ဒဏ်ရာအပြင်းအထန်နှင့် တရုတ်ပြည်ထဲ ပြေးသွားပြီး ဇခုန်တိန်းယိမ်း သားအဖတို့ကတော့ တရုတ်ပြည်က တဆင့် မူဆယ်ကို ပြေးပြီလို့ သတင်းများ ထွက်ပေါ်နေပါတယ်။


========================


🚩🚩 ၂။ သီပေါမြို့သိမ်းတိုက်ပွဲမှာ  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီး အပါအဝင်၊  လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA အတည်ပြု


အောက်တိုဘာ၁၅ရက်

Radio NUG

ရှမ်းပြည်နယ် သီပေါမြို့သိမ်းတိုက်ပွဲမှာ  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းပိုက်ရရှိခဲ့တယ်လို့ အောက်တိုဘာ၁၅ရက်  TNLAက ထုတ်ပြန်ဖော်ပြပါတယ်။


သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်း (:၀၀) နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။


သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း()အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ()လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများ ဖြစ်ကြသည့် ခမရ (၅၀၃) ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ  အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။


စစ်ကောင်စီ သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် ()ကြိမ်နှင့် ဟောင်၀ိဇာ ()ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာသီပေါမြို့ စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Y12ဖြင့် (၇၉)ကြိမ်၊ Y8 ()ကြိမ်၊ Mi17 ()ကြိမ် လက်နက်ခဲယမ်းများ (၄၄၀)ထုပ် လာရောက်ကျဲချခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM ()လက်၊ 81 MM ()လက်၊ RPG ()လက်၊ စက်လက် ()လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်တယ်လို့ အတည်ပြု ဖော်ပြပါတယ်။


စစ်ကောင်စီ သီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ဦး သေဆုံးပြီး (၈၀)ဦး ဒဏ်ရာရ၊ စာသင်ကျောင်း()ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားချင်းစာနာထောက်ထားသောအားဖြင့်  ပြန်လည်လွှတ်ပေးခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။


၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း()အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၃။ နမခကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်


အောက်တိုဘာ ၁၅ 

Radio NUG 


အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိစဉ် ကာမီကာဇေ ဒရုန်း စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force Drone Team မှ သတင်းထုတ်ပြန်ပါတယ်။


ဒုချုပ် စိုးဝင်းနားနေရာ စစ်ရုံးချုပ်ထဲကို ကာမီကာဇေ ဒရုန်း စီးဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နမခ တပ်အတွင်းရှိ ဒုချုပ်စိုးဝင်း၏ ရဟတ်ယာဉ် ရပ်နားထားသည့်နေရာကို ကာမီကာဇေ ဒရုန်း စီးဖြင့်လည်းကောင်း ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ထိရောက်စွာ ပေါက်ကွဲမှုရှိခဲ့ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြီးနောက် နမခတပ်အတွင်းမှ ရဟတ်ယာဉ် တစ်စီးဖြင့် ကင်းပတ်ပျံဝဲကာ လုံခြုံရေးယူပြီးနောက် ရဟတ်ယာဉ် စီးလည်း ပျံတက် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမန် စစ်ဆင်ရေးအဖွဲ့များသည် Shar Htoo Waw နည်းပညာ တပ်ဖွဲ့ Team (3) PDAF (ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-() Shar Htoo Waw နည်းပညာတပ် ဖွဲ့ Team (4) SSTF Eagle Wing Drone Force ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့ "ငါတို့"ထောက်ပို့အဖွဲ့ ခွန်အားမျှပါ သိန်း(၅၀၀၀)ထောက်ပို့အဖွဲ့နှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ တောင်ကုတ်မှာ အကြမ်းဖက် စစ်ကောင်စီ‌ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၁၅ 

Radio NUG 


အောက်တိုဘာ ၁၄ ရက်‌ ညနေပိုင်းတွင် တောင်ကုတ်မြို့နယ် ပေါက်အင်း (ရွာသစ်)ကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


ပေါက်အင်းရွာ ဘုန်းကြီးကျောင်း အနီးတဝိုက်ကို ဗုံးကျဲခဲ့သည့်အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနှင့် အနီးအနားက နေအိမ်အချို့ ပျက်စီးခဲ့ကာ အမျိုးသမီး နှစ်ဦးရဲ့ လည်ဂုတ်၊ ဘယ်ဘက်လက်နဲ့ ညာဘက် တင်ပါးတို့ကို ဗုံးစ ထိမှန်ခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ရှုံး စစ်ကောင်စီသည် အာရက္ခဒေသ အပြစ်မဲ့အရပ်သားပြည်သူတို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။


========================


🚩🚩 ၅။ မုံရွာမြို့နယ်အတွင်းရှိ နဝရတ်ရွှေဆိုင် ဓါးပြတိုက်မှု ပါဝင်ကျူးလွန်သူများအား ဖမ်းဆီးရမိ


အောက်တိုဘာ ၁၅ 

Radio NUG 


၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း မုံရွာမြို့နယ်အတွင်းရှိ နဝရတ်ရွှေဆိုင်အား ဓါးပြတိုက်မှု ဖြစ်ပေါခဲ့ရာ ပါဝင်ကျူးလွန်သူများ ဖြစ်သော ဗလ (ခေါ်) သန်းကျော်အေး - အသက် (၂၉)နှစ်၊ ဇီးကွက် (ခေါ်) ကျော်ထက် - အသက် (၂၄)နှစ်၊ ရှမ်းလေး (ခေါ်) ရန်မျိုးနိုင် - အသက် (၃၇)နှစ် တို့အား ကနဦးဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (PSF)နှင့် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ပါတယ်။


မုံရွာမြို့နယ် ပကဖ (တာဝန်ခံ) ဆရာကျောင်း၊ မုံရွာမြို့နယ် ပလဖ (တာဝန်ခံ) ကိုအာကူးတို့ ဦးဆောင်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁၆/ ၃၂/ ၃၈ စသည့် အဖွဲ့များအပြင် Local အဖွဲ့များ‌ ပူးပေါင်း၍ ထိုတရားခံများကို ဖမ်းဆီး‌ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး နောက်ဆက်တွဲ အရေးယူမှုများနှင့် အမှုတွင် ပါဝင်ပတ်သတ်၍ ဖမ်းဆီးရန် ကျန်ရှိနေသေးသော ဆက်စပ်တရားခံများအား မုံရွာမြို့နယ်ပလဖ Facebook  Page တွင် ဓါတ်ပုံနှင့်တကွဝရမ်းထုတ်၍ ကြေငြာသွားမည်ဖြစ်ပြီး အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment