16th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်တပ်က စာသင်ကျောင်းနဲ့ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အတွက် လုံခြုံတဲ့ရပ်ဝန်း ပိုမိုပျောက်ကွယ်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော

📌 ၂။ ဩစတြေးလျက မြန်မာနိုင်ငံကိုပေးအပ်မယ့်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်းစစ်ကောင်စီကို တိုက်ရိုက်မပေး

📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၄၂) ဦးအထိရှိလာ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလအတွင်းမှာ စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၇‌ဝ ခန့် ဖြစ်ခဲ့ပြီး စစ်သား ၁၅ဝ နီးပါးသေဆုံး

🚩 ၂။ မုဒုံမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး ဦး သေဆုံး 

🚩 ၃။ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများအား ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့

🚩 ၄။ စစ်ကောင်စီကလုပ်မယ့် ပွဲလမ်းသဘင်တွေကို မသွားကြဖို့ ပြည်သူ့ကာကွယ်ရေး လက်ရုံးတပ်ဖွဲ့ သတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်တပ်က စာသင်ကျောင်းနဲ့ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အတွက် လုံခြုံတဲ့ရပ်ဝန်း ပိုမိုပျောက်ကွယ်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော


အောက်တိုဘာ ၁၆


စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အရှိန် မြှင့် လုပ်ဆောင်နေတာကြောင့် ကလေးငယ်တွေအတွက် လုံခြုံတဲ့ရပ်ဝန်းတွေ ပိုမိုပျောက်ကွယ်လာတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၄ ရက်ကကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်အဝေး မှာ ကလေးငယ်များရဲ့ အခွင့်အရေးများအား ကာကွယ်မြှင့်တင်ပေးရေးနှင့်ဆိုင်တဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ မြေပြင်မှာ ကျရှုံးမှုတွေများလာတာနဲ့အမျှ ကလေးငယ်တွေအပေါ် အကြမ်းဖက်တာတွေ အမျိုးမျိုး ကျူးလွန်လာတဲ့အပြင် အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်းကနေတိုက်ခိုက်တာတွေ ချဲ့ထွင်လာတာ သိသာထင်ရှားလာတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝဝတ်မှုတွေအတွက် လက်နက်ခဲယမ်းနဲ့ငွေကြေးအပါအဝင် လေယာဉ်ဆီအပေါ် အဓိကမှီခိုနေရတာကြောင့် ဒီတိုက်ခိုက်စော်ကားမှုတွေရပ်တန့်နိုင်ဖို့ဆိုရင် နိုင်ငံတကာအနေနဲ့ စစ်တပ်ကို ထောက်ပံ့ပို့ဆောင် နေတာတွေ ရပ်တန့်သွားအောင် အရေးယူဆောင်ရွက်ရမယ်လို့လည်း အသိပေးထားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လက်နက်ကိုင်ပဋိပက္ခနှင့် ကလေးငယ်များဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံအပါအဝင် လက်နက်ကိုင်ပဋိပက္ခများအတွင်းကျရောက်နေတဲ့ ကလေးငယ်တွေကိုထိခိုက်စေတဲ့ ကမ္ဘာလုံး ဆိုင်ရာရေစီးကြောင်းကို ထင်ဟပ်စေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ကလေးငယ်တွေကို အတင်းအကြပ် တပ်သားသစ်အဖြစ် စုဆောင်းခြင်းနှင့် အသုံးချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းစေခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများအား ပိတ်ဆို့ခြင်းစတဲ့ ကလေးသူငယ်များအပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှု ခုကို ဖောက်ဖျက်ကျူးလွန်တာတွေမြင့်တက်လာတယ်လို့လည်း ရှင်းပြထားပါတယ်။

ဒီညွှန်းကိန်းတွေဟာ ကိန်းဂဏန်းမျှသာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ကလေးငယ်များရဲ့အခွင့်အရေးများအား ကာကွယ်မြှင့်တင်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်ပြီး ရာဇဝတ်မှုများ မြင့်တက်လာခြင်းနှင့် လူသားဆန်မှု ကျဆင်းလာခြင်းတို့ရဲ့ ပကတိအခြေအနေပင်ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် စစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ချိန်ကစပြီး ပဋိပက္ခတွေအလွန် မြင့်တက်လာခဲ့တာကြောင့် လူဦးရေ ဒသမ သန်းကျော် နေရပ်စွန့်ခွာတဲ့အနက် ၄၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်နေပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အရေးတကြီးလိုအပ်နေတဲ့ လူဦးရေ ၁၈ ဒသမ၆ သန်းကျော်အနက် သန်းကျော်ရှိတဲ့ ကလေး ငယ် တွေဟာ အခြေခံကျန်းမာရေးနဲ့ပညာရေးဝန်ဆောင်မှုတွေ ပြတ်တောက်နေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့လည်း ရှင်းပြထားပါတယ်။

ဒါကြောင့် ကလေးငယ်တွေကို သတ်ဖြတ်ခြင်းနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းစေခြင်းတို့အပြင် စာသင်ကျောင်းတွေကိုတိုက်ခိုက် တာဟာ ပြင်းထန်တဲ့ချိုးဖောက်မှုမြောက်တယ်ဆိုတာ ကုလအဖွဲ့ဝင်နိုင်ငံတွေ အမှတ်ရစေဖို့ သံအမတ်ကြီးက သတိပေး ပြောကြားခဲ့ပြီး မြန်မာကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အစာအာဟာရပြည့်ဝရေးနဲ့ ကောင်းမွန်တဲ့ မိလ္လာစနစ်တို့ အတွက် ပြီးပြည့်စုံတဲ့ အထောက်အပံ့တွေ ကူညီပံ့ပိုးပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၂။ ဩစတြေးလျက မြန်မာနိုင်ငံကိုပေးအပ်မယ့်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်းစစ်ကောင်စီကို တိုက်ရိုက်မပေး


အောက်တိုဘာ ၁၆


ဩစတြေးလျက မြန်မာနိုင်ငံကိုပေးအပ်မယ့်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်းစစ်ကောင်စီကို တိုက်ရိုက်မပေးဘူးလို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က အောက်တိုဘာ ၁၄ ရက်မှာ အကူအညီနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ရပ်ရွာက စွန့်ခွာနေရသူ . သန်းနဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၈. သန်းအတွက်အကူအညီများကို လူသားချင်းစာနာမှုအကူအညီပေးရေးမိတ်ဖက်အဖွဲ့ကတစ်ဆင့် ဒေါ်လာ သန်းကိုထောက်ပံ့ပေးအပ်သွားမှာလို့သိရပါတယ်။

သြစတြေးလျအစိုးရက မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့မယ်လို့ဆိုထားပြီး မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးတွန်းအားပေးရပ်တည်လျက်ရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၄၂) ဦးအထိရှိလာ


အောက်တိုဘာ၁၆ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၄၂) ဦးအထိရှိလာတယ်လို့သိရပါတယ်။


အောက်တိုဘာ၁၅ရက် စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍AAPPကဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၄၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၅၁) ဦးရှိပြီး ထိုအထဲမှ (၂၁၀၄၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၀၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလအတွင်းမှာ စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၇‌ဝ ခန့် ဖြစ်ခဲ့ပြီး စစ်သား ၁၅ဝ နီးပါးသေဆုံး


အောက်တိုဘာ ၁၆


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလအတွင်း စခန်း သိမ်းတိုက်ပွဲ ကြိမ်အပါအဝင် တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က စစ်သား ၁၅ဝ နီးပါးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလအတွင်းမှာ စခန်းသိမ်းတိုက်ပွဲ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၆၆ ကြိမ်၊ စစ်တပ်သတင်းပေး ထောက်တိုင်တွေကို ရှင်းလင်းမှု ကြိမ်၊ ရန်သူ့စခန်းတွေနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂၄ ကြိမ်၊ လက်နက်ကြီးနဲ့ပစ်တာ မိုင်းဆွဲတိုက်ခိုက်  တာတွေအပါအဝင် စနိုက်ဘာနဲ့ ပစ်ခတ်တာတွေကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ စစ်သား ၁၄၇ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရသွားကာ သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ ဦးကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ ရန်သူစစ်ကောင်စီတပ်တွေရဲ့ ရိက္ခာကားတစီး၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာအပြင် ဆန်အိတ် ၄၀၀ ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀ မမ ကျည် ၅၂ လုံး၊ လက်ပစ်ဗုံးတွေနဲ့ ဆွဲမိုင်းတွေ သိမ်းဆည်းရရှိခဲ့ သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ပျက်စီးဆုံးရှုံးမှုတွေ အနည်းငယ်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

စက်တင်ဘာလထဲမှာဖြစ်တဲ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေဘက်က ရဲဘော် ၁၇ ဦး တိုင်းပြည်အတွက် ရဲဝံ့စွာ အသက်ပေးလှူခဲ့ရပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးဌာနက ပြောပါတယ်။

ဒါဟာ တောင်ပိုင်းစစ်ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF မွန်ပြည်သစ်-AD ပူးပေါင်း တပ်ဖွဲ့ များ၊ KNU-KNLAKNDO နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ဟန်ချက်ညီစစ်ဆင်ရေးတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ တာပဲဖြစ်ပါတယ်။


အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းဗုံးသီးတွေ ကြဲချတာ လက်နက်ကြီးတွေနဲ့ နေ့စဥ် ရမ်းသမ်းပစ်ခတ်တာ လေကြောင်းကနေ တိုက်ခိုက်တာတွေနဲ့ အရပ်သားပြည်သူတွေ ကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် စက်တင်ဘာလအတွင်းမှာ အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၉၃ ဦးမှာ မတရားဖမ်းဆီးခံခဲ့ရတယ်လို့လည်း အသိပေးပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်တိုက်စစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိတာတွေ ချန်လှပ်ထားတာကြောင့် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးဦးရေဟာ ဒိထက် ပိုများနိုင်တယ်လို့ တောင်ပိုင်းစစ်ဒေသက ခန့်မှန်းထားပါတယ်။


========================


🚩🚩 ၂။ မုဒုံမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး ဦး သေဆုံး 


အောက်တိုဘာ ၁၆


မွန်ပြည်နယ် မုဒုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးသွားတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထား ပါတယ်။  

မုဒုံမြိုနယ် အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ် - ၃၁၈ ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ ရက်မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တာဲ့ပတ်သက်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ် လက်နက်တိုက်နဲ့ လက်နက်ကြီး အထိုင်စခန်းနေရာအပါအဝင် အခြားအ‌ဆောက်အအုံတွေ ပျက်စီး ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဦးသေဆုံးကာ တဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးမှာ SDDF Missile Team က ထုတ်တဲ့ ရှော့တိုက်ဒုံးနဲ့ ဒရုန်းတွေကိုအသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်မ တော် တောင်ပိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း တပ်ခွဲ ၂၊ တပ်ခွဲ ၄၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-KBDF Saw Dragon Drone Force-SDDF-ဒရုန်းအထူးတပ်ဖွဲ့ မွန်ပြည်တော်လှန်ရေးတပ်-MSRF မွန်ပြည်ကာကွယ်‌ရေးတပ်-MSDF မွန်ပြည် သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP-AD နဲ့ Ye Air Force YAF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တပ်ရင်း ၁၊ ထားဝယ်ခရိုင် အမှတ် တပ်ရင်း-T5 ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဦး - DDPDF တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများအား ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့


အောက်တိုဘာ၁၆ရက်


ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများအား ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများသည် ကျေးရွာနေ ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုလျှက် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူပေါင်းပါဝင် နေသည်ကို သတင်းရရှိ၍ အောက်တိုဘာ (၁၄) :၀၀  နာရီအချိန်ခန့်တွင် ပဲ့တိုင်ကျေးရွာ ပျူစောထီး စခန်းကုန်းသို့ ၄၀ မမ ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးများဘက်မှ လနကြီးများဖြင့်လည်း တရစပ် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် စမုံချောင်းဝတွင် ကင်းလှည့်ချထားသော စစ်ကောင်စီ(ရေတပ်) စစ်သင်္ဘောမှလည်း ပွိုက်ဖိုက်ဖြင့်ပစ်ခတ်၍ ပဲ့တိုင်ကျေးရွာသို့ ရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုတွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီး ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်အောင် စုံစမ်းလျှက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီကလုပ်မယ့် ပွဲလမ်းသဘင်တွေကို မသွားကြဖို့ ပြည်သူ့ကာကွယ်ရေး လက်ရုံးတပ်ဖွဲ့ သတိပေး


အောက်တိုဘာ ၁၆


စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ပွဲလမ်းသဘင်တွေကို မသွားကြဖို့ ထားဝယ်သူ၊ ထားဝယ်သားတွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ Sky Ghost Drone Force -SGDF က သတိပေး ပြောဆိုလိုက်ပါတယ်။

ထားဝယ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ သဲကွင်းပန်းခြံမှာကျင်းပမယ့် ထားဝယ်ရိုးရာ သပိတ်မီးမျောပွဲကျင်းပမယ့်နေရာနဲ့ ကမ်းနားစျေး ကားပါကင်မှာ ဗုံးကွဲမှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်လို့ SGDF က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အောက်တိုဘာလ ၁၅ ရက်နေ့ မနက် နာရီကနေ နာရီ ၃၅ မိနစ်ကြားမှာ ထားဝယ်မြို့ ကမ်းနားလမ်းက သဲကွင်းနေရာမှာ ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပဖို့ ပြင်ဆင်ထားတဲ့နေရာအနီး ဗုံး ကြိမ်ပေါက်ကွဲခဲ့ရာမှာ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ  တဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ထို့အတူ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာလည်း ကမ်းနားစျေး ကားပါကင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မြို့တွင်းမစ်ရှင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်- ဗျူဟာ-၃၄ နယ်မြေအတွင်းမှာရှိတဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်- တပ်ရင်း ခေါ် T1 ရဲ့ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ SKY GHOST DRONE FORCE က အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို ရုရှားကနေရရှိထားတဲ့ လေကြောင်းနည်းပညာကိုအသုံးပြုခဲ့ပြီး ရဲဘော်ဗျောက်အိုးက တာဝန်ထမ်းဆောင် တာဖြစ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်မှူမရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါဟာ ထားဝယ်လူမျိုးတို့ရဲ့ရိုးရာကို ထိခိုက်နစ်နာစေလိုတဲ့စိတ်မရှိဘူးလို့လည်း ဒေသနေမိဘပြည်သူများကို အသိပေး တောင်းပန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ထောက်တိုင်တိုင်းကို ဖြိုဖျက်ရမယ့်တာဝန် တော်လှန်ရေးရဲဘော်တွေမှာရှိသလို စစ်တပ်ဦးဆောင် မှုနဲ့လုပ်တဲ့ ပွဲသဘင်တိုင်းကိုလည်း ထားဝယ်သူ ထားဝယ်သားတွေအနေနဲ့ သွားလာတာတွေမလုပ်ဖို့  လေးလေးနက်နက် တောင်းဆိုထားပြီး လိုက်နာခြင်းမရှိတာကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကို  SGDF ဒရုန်းရဲဘော်များအနေနဲ့ လုံးဝ တာဝန် ယူမှာ မဟုတ်ဘူးလို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့မှာ ရက်ဆက် ဗုံးပေါက်ကွဲမှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက် ကစပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment