17th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလအတွင်းမှာ စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၇‌ဝ ခန့် ဖြစ်ခဲ့ပြီး စစ်သား ၁၅ဝ နီးပါးသေဆုံး

📌 ၂။ မုဒုံမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး ဦး သေဆုံး 

📌 ၃။ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများအား ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့

📌 ၄။ စစ်ကောင်စီကလုပ်မယ့် ပွဲလမ်းသဘင်တွေကို မသွားကြဖို့ ပြည်သူ့ကာကွယ်ရေး လက်ရုံးတပ်ဖွဲ့ သတိပေး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သီပေါမြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးနောက် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် ကွင်းဆင်းစစ်ဆေး

🚩 ၂။ မြဝတီမြို့အနီးမှာရှိတဲ့ စွယ်တော်ကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ ထောက်ကြံ့မြို့က ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

🚩 ၄။ စစ်အုပ်စုက နည်းမျိုးစုံသပ်သျှိုနေတာကြောင့် တော်လှန်ရေးအကျိုးစီးပွားဦးစားပေးဖို့ ပအိုဝ်း PNFC ဥက္ကဋ္ဌ သတိပေး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလအတွင်းမှာ စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၇‌ဝ ခန့် ဖြစ်ခဲ့ပြီး စစ်သား ၁၅ဝ နီးပါးသေဆုံး


အောက်တိုဘာ ၁၆


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလအတွင်း စခန်း သိမ်းတိုက်ပွဲ ကြိမ်အပါအဝင် တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က စစ်သား ၁၅ဝ နီးပါးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလအတွင်းမှာ စခန်းသိမ်းတိုက်ပွဲ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၆၆ ကြိမ်၊ စစ်တပ်သတင်းပေး ထောက်တိုင်တွေကို ရှင်းလင်းမှု ကြိမ်၊ ရန်သူ့စခန်းတွေနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂၄ ကြိမ်၊ လက်နက်ကြီးနဲ့ပစ်တာ မိုင်းဆွဲတိုက်ခိုက်  တာတွေအပါအဝင် စနိုက်ဘာနဲ့ ပစ်ခတ်တာတွေကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ စစ်သား ၁၄၇ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရသွားကာ သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ ဦးကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ ရန်သူစစ်ကောင်စီတပ်တွေရဲ့ ရိက္ခာကားတစီး၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာအပြင် ဆန်အိတ် ၄၀၀ ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀ မမ ကျည် ၅၂ လုံး၊ လက်ပစ်ဗုံးတွေနဲ့ ဆွဲမိုင်းတွေ သိမ်းဆည်းရရှိခဲ့ သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ပျက်စီးဆုံးရှုံးမှုတွေ အနည်းငယ်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

စက်တင်ဘာလထဲမှာဖြစ်တဲ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေဘက်က ရဲဘော် ၁၇ ဦး တိုင်းပြည်အတွက် ရဲဝံ့စွာ အသက်ပေးလှူခဲ့ရပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးဌာနက ပြောပါတယ်။

ဒါဟာ တောင်ပိုင်းစစ်ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF မွန်ပြည်သစ်-AD ပူးပေါင်း တပ်ဖွဲ့ များ၊ KNU-KNLAKNDO နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ဟန်ချက်ညီစစ်ဆင်ရေးတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ တာပဲဖြစ်ပါတယ်။


အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းဗုံးသီးတွေ ကြဲချတာ လက်နက်ကြီးတွေနဲ့ နေ့စဥ် ရမ်းသမ်းပစ်ခတ်တာ လေကြောင်းကနေ တိုက်ခိုက်တာတွေနဲ့ အရပ်သားပြည်သူတွေ ကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် စက်တင်ဘာလအတွင်းမှာ အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၉၃ ဦးမှာ မတရားဖမ်းဆီးခံခဲ့ရတယ်လို့လည်း အသိပေးပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်တိုက်စစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိတာတွေ ချန်လှပ်ထားတာကြောင့် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးဦးရေဟာ ဒိထက် ပိုများနိုင်တယ်လို့ တောင်ပိုင်းစစ်ဒေသက ခန့်မှန်းထားပါတယ်။


========================


📌📌 ၂။ မုဒုံမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး ဦး သေဆုံး 


အောက်တိုဘာ ၁၆


မွန်ပြည်နယ် မုဒုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးသွားတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထား ပါတယ်။  

မုဒုံမြိုနယ် အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ် - ၃၁၈ ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ ရက်မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တာဲ့ပတ်သက်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ် လက်နက်တိုက်နဲ့ လက်နက်ကြီး အထိုင်စခန်းနေရာအပါအဝင် အခြားအ‌ဆောက်အအုံတွေ ပျက်စီး ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဦးသေဆုံးကာ တဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးမှာ SDDF Missile Team က ထုတ်တဲ့ ရှော့တိုက်ဒုံးနဲ့ ဒရုန်းတွေကိုအသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်မ တော် တောင်ပိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း တပ်ခွဲ ၂၊ တပ်ခွဲ ၄၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-KBDF Saw Dragon Drone Force-SDDF-ဒရုန်းအထူးတပ်ဖွဲ့ မွန်ပြည်တော်လှန်ရေးတပ်-MSRF မွန်ပြည်ကာကွယ်‌ရေးတပ်-MSDF မွန်ပြည် သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP-AD နဲ့ Ye Air Force YAF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တပ်ရင်း ၁၊ ထားဝယ်ခရိုင် အမှတ် တပ်ရင်း-T5 ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဦး - DDPDF တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများအား ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့


အောက်တိုဘာ၁၆ရက်


ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများအား ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများသည် ကျေးရွာနေ ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုလျှက် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူပေါင်းပါဝင် နေသည်ကို သတင်းရရှိ၍ အောက်တိုဘာ (၁၄) :၀၀  နာရီအချိန်ခန့်တွင် ပဲ့တိုင်ကျေးရွာ ပျူစောထီး စခန်းကုန်းသို့ ၄၀ မမ ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးများဘက်မှ လနကြီးများဖြင့်လည်း တရစပ် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် စမုံချောင်းဝတွင် ကင်းလှည့်ချထားသော စစ်ကောင်စီ(ရေတပ်) စစ်သင်္ဘောမှလည်း ပွိုက်ဖိုက်ဖြင့်ပစ်ခတ်၍ ပဲ့တိုင်ကျေးရွာသို့ ရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုတွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီး ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်အောင် စုံစမ်းလျှက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီကလုပ်မယ့် ပွဲလမ်းသဘင်တွေကို မသွားကြဖို့ ပြည်သူ့ကာကွယ်ရေး လက်ရုံးတပ်ဖွဲ့ သတိပေး


အောက်တိုဘာ ၁၆


စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ပွဲလမ်းသဘင်တွေကို မသွားကြဖို့ ထားဝယ်သူ၊ ထားဝယ်သားတွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ Sky Ghost Drone Force -SGDF က သတိပေး ပြောဆိုလိုက်ပါတယ်။

ထားဝယ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ သဲကွင်းပန်းခြံမှာကျင်းပမယ့် ထားဝယ်ရိုးရာ သပိတ်မီးမျောပွဲကျင်းပမယ့်နေရာနဲ့ ကမ်းနားစျေး ကားပါကင်မှာ ဗုံးကွဲမှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်လို့ SGDF က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အောက်တိုဘာလ ၁၅ ရက်နေ့ မနက် နာရီကနေ နာရီ ၃၅ မိနစ်ကြားမှာ ထားဝယ်မြို့ ကမ်းနားလမ်းက သဲကွင်းနေရာမှာ ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပဖို့ ပြင်ဆင်ထားတဲ့နေရာအနီး ဗုံး ကြိမ်ပေါက်ကွဲခဲ့ရာမှာ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ  တဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ထို့အတူ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာလည်း ကမ်းနားစျေး ကားပါကင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မြို့တွင်းမစ်ရှင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်- ဗျူဟာ-၃၄ နယ်မြေအတွင်းမှာရှိတဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်- တပ်ရင်း ခေါ် T1 ရဲ့ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ SKY GHOST DRONE FORCE က အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို ရုရှားကနေရရှိထားတဲ့ လေကြောင်းနည်းပညာကိုအသုံးပြုခဲ့ပြီး ရဲဘော်ဗျောက်အိုးက တာဝန်ထမ်းဆောင် တာဖြစ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်မှူမရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါဟာ ထားဝယ်လူမျိုးတို့ရဲ့ရိုးရာကို ထိခိုက်နစ်နာစေလိုတဲ့စိတ်မရှိဘူးလို့လည်း ဒေသနေမိဘပြည်သူများကို အသိပေး တောင်းပန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ထောက်တိုင်တိုင်းကို ဖြိုဖျက်ရမယ့်တာဝန် တော်လှန်ရေးရဲဘော်တွေမှာရှိသလို စစ်တပ်ဦးဆောင် မှုနဲ့လုပ်တဲ့ ပွဲသဘင်တိုင်းကိုလည်း ထားဝယ်သူ ထားဝယ်သားတွေအနေနဲ့ သွားလာတာတွေမလုပ်ဖို့  လေးလေးနက်နက် တောင်းဆိုထားပြီး လိုက်နာခြင်းမရှိတာကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကို  SGDF ဒရုန်းရဲဘော်များအနေနဲ့ လုံးဝ တာဝန် ယူမှာ မဟုတ်ဘူးလို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့မှာ ရက်ဆက် ဗုံးပေါက်ကွဲမှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက် ကစပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သီပေါမြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးနောက် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် ကွင်းဆင်းစစ်ဆေး


အောက်တိုဘာလ ၁၇ ရက်နေ့


တအာင်းပြည် တပ်မဟာ၂ နယ်မြေ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးနောက် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် ကွင်းဆင်းစစ်ဆေးနေတဲ့ရုပ်သံမှတ်တမ်းကို PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၁၃ ရက် မွန်းလွဲ နာရီအချိန်မှာ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့တာကြောင့် သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

သီပေါမြို့နယ်မှာရှိတဲ့ တပ်စခန်းတွေကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ဇူလိုင် ၂၀ ရက်ကစပြီး တိုက်ခိုက်ခဲ့ရာ လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၅၀၃၊ ခမရ ၅၀၄ နဲ့ ခလရ ၂၃ တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

သီပေါမှာရှိတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအနေနဲ့  ဂျက်ဖိုက်တာနဲ့ ၁၀၅ ကြိမ်၊ Y 12 နဲ့ ၁၆၇ ကြိမ်၊ လက်နက်ကြီးနဲ့ ၁၈၉၃ ကြိမ်၊ ရော့ကတ်ဒုံးကျည် ကြိမ်နဲ့ ဟောင်ဝှစ်ဇာနဲ့ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သီပေါမြို့က စစ်ကောင်စီတပ်တွေကို ထောက်ပို့ယာဉ် Y12 နဲ့ ၇၉ ကြိမ်၊ Y8 နဲ့ ကြိမ်၊ Mi17 နဲ့ ကြိမ် လာရောက် ပြီး လက်နက်ခဲယမ်း ၄၄၀ ထုပ် လာရောက်ကြဲချပေးခဲ့တယ်လို့ PSLF/TNLA မှတ်တမ်းတွေအရ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်တွေအသုံးပြုတဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ ၁၅၅ လက် 60 MM လက်၊ 81 MM တလက်၊ RPG လက်၊ စက်လက် လက်၊ မိုင်းနဲ့ ခဲယမ်းမျိုးစုံ အမြောက်အများအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

သီပေါမြို့က စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် PSLF/TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာကြောင့် သီပေါမြို့က ဒေသခံ ၃၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရ ကာ စာသင်ကျောင်း ကျောင်းနဲ့ လူနေအိမ် ၄၇ လုံး လေယာဉ်ဗုံးစထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရတဲ့ ရဲမေ ၇၈ ဦးကို ဖမ်းဆီးရမိ ခဲ့ပေမယ့် လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ တပ်မိသားစုဝင်များနဲ့အတူ ပြန်လွှတ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းတပ်မတော် PSLF/TNLA အနေနဲ့ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲ မြို့ နဲ့ သီပေါမြို့တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၂။ မြဝတီမြို့အနီးမှာရှိတဲ့ စွယ်တော်ကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်


အောက်တိုဘာလ ၁၇ ရက်နေ့


ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို ဒီနေ့မနက်မှာပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးဗျူဟာစခန်းကုန်းဖြစ်တဲ့ စွယ်တော်ကုန်းစခန်းကို ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက် နာရီခန့်အချိန်မှာ အပြီးသပ်သိမ်းပိုက်ခဲ့တာလို့သိရပါတယ်။  

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို လက်နက်ကြီးပစ်ကူပေးနေတဲ့ စွယ်တော်ကုန်းအမြောက်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ‌က ကာလအတန်ကြာအောင် ဝန်းရံပိတ်ဆို့ထားတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင်နဲ့ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် ကျန်ရှိနေတဲ့စွယ်တော်ကုန်းတပ်စခန်းကို အခုမှ သိမ်းပိုက်နိုင် တာ ဖြစ်ပါတယ်။

စွယ်တော်ကုန်းအောက်က ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ ရက်ကတည်းက သိမ်းပိုက်ခဲ့ပြီး စွယ်တော်ကုန်းတပ်စခန်းကို ကော်ဘရာပူးပေါင်းတပ်တွေက မကြာခဏတိုက်ခိုက်နေနေခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်သုံပန်းအချို့ ဖမ်းဆီးရမိထားပြီး ၁၂၀ မမ လက်နက်ကြီးများ၊ ပွိင့်ဖိုက်များ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပေမယ့် တပ်မ ၄၄ ဗျူဟာမှူးနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ဟဟ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့သိမ်းပိုက်ရရှိခဲ့တဲ့ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစခန်းဟာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးစခန်းဖြစ်ပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ် တွေက လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ထောက်ကြံ့မြို့က ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်


အောက်တိုဘာလ ၁၇ ရက်နေ့


ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အ၀းထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ Dark Shadow တပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ထောက်ကြံ့မြို့မှာရှိတဲ့ ခမရ ၁၀၆ တပ်ရင်းကို မနေ့ အောက်တိုဘာ ၁၆ ရက် ညနေ နာရီခွဲအချိန်မှာ အဝေးထိန်းမိုင်းနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေ မသိရသေးပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြည်သူလူထုကို နေ့စဉ် ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်တွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိက်ခဲ့တာဖြစ်ပြီး စစ်ရေး ပစ်မှတ် တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ပြည်သူလူခုအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေ စစ်သား၊ရဲ၊ ပျူစောထီးများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာတွေကိုမသွားကြဖို့နဲ့ အဝေးကနေရှောင်ရှားသွားလာကြဖို့ Dark Shadow တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်


========================


🚩🚩 ၄။ စစ်အုပ်စုက နည်းမျိုးစုံသပ်သျှိုနေတာကြောင့် တော်လှန်ရေးအကျိုးစီးပွားဦးစားပေးဖို့ ပအိုဝ်း PNFC ဥက္ကဋ္ဌ သတိပေး 


အောက်တိုဘာလ ၁၇ ရက်နေ့


လက်ရှိအချိန်ဟာ အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို နည်းမျိုးစုံနဲ့သပ်သျှိုသွေးခွဲနေချိန်ဖြစ်တဲ့ အတွက် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားထက် တော်လှန်ရေးအကျိုးစီးပွားကို ဦးစားပေးဖို့လိုကြောင်း ပအိုဝ်းအမျိုးသားများ ဖက်ဒရယ်ကောင်စီ -PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သတိပေးပြောကြားလိုက်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးတဲ့ ခွန်မြင့်ထွန်းက PNLO အဖွဲ့တွင်း အခြေအနေ တွေနဲ့ပတ်သက်လို့ သူရဲ့သဘောထားကိုရှင်းပြရင်း အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

PNLO ဦးဆောင်နာယကအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO (NCA-S) အမည်နဲ့ PNLO ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ရာ ဒီလုပ်ရပ်ဟာ PNLO ရဲ့ မူ၊ ဝါဒ၊ လမ်းစဉ်တို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်တဲ့ တာဝန်အရပ်ရပ်ထက် ကျော်လွန်ဆန့်ကျင်နေတယ်လို့ ဥက္ကဋ္ဌဟောင်းခွန်မြင့်ထွန်းက ဆိုပါတယ်။

အဖွဲ့အစည်းအတွင်းမှာ စစ်အုပ်စုက နည်းလမ်းအမျိုးမျိုးနဲ့ဖြိုခွဲတာတွေ သပ်လျှိုတာတွေလုပ်နေကြတဲ့ အခြေအနေဖြစ်နေ တာကြောင့် မိမိတို့ အချင်းချင်းကြား ချမှတ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ မူတွေနဲ့အညီ လုပ်ကြဖို့ ခွန်မြင့်ထွန်းက တိုက်တွန်းထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်မှုအတွက် တတိယတော်လှန်ရေးကို အတူတကွထူထောင်ခဲ့ကြသူများကြား အပြန်အလှန် တန်ဖိုးထားမှုတွေ လိုအပ်နေတယ်လို့လည်း အသိပေးထားပါတယ်။

ခွန်မြင့်ထွန်းဟာ PNLO စုဖွဲ့ရာမှာပါဝင်ခဲ့ပြီး PNLO ညီလာခံအဆက်ဆက် အထွေထွေအတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ စတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။

ဒါ့အပြင် ခွန်မြင့်ထွန်းဟာ PNLO ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်က NCA မှာ လက်မှတ်ရေးထိုးခဲ့သူဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့အတူရပ်တည်ကာ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ -PNFC ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူလည်းဖြစ်ပါတယ်။

PNLO/PNLA အနေနဲ့ အခုနှစ်ဆန်းကစပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ဦးဆောင်နာယကဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက စစ်ကောင်စီကို တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်ကို စွပ်စွဲပြစ်တင်တာတွေ လုပ်ခဲ့ပြီး PNLO NCA-S စုဖွဲ့ကာ ဥက္ကဋ္ဌတာဝန်ကို ရယူကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ကြေညာခဲ့ပါတယ်။ 

အခုလို အဖွဲ့သစ်စုဖွဲ့တာဟာ တရားမဝင်ဘူးဆိုပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် ဦးကို အဖွဲ့ဝင် တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီး လာမယ့်ညီလာခံမှာ အယူခံဝင်နိုင်တယ်လို့ PNLO/PNLAက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြေညာခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment