17th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့‌ခေါင်းဆောင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး နိုင်ငံတကာပါလီမန်များညီလာခံတွင် မိန့်ခွန်းပြောကြား

📌 ၂။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

📌 ၃။ နွေဦးထီမှ အမြတ်ငွေများကို CDM နိုင်ငံ့ဝန်ထမ်းများထံ ထပ်မံ ခွဲဝေပေးမည်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နီပြည်၊ ထူးချောင်းစခန်းကို သိမ်းပိုက်၊ နယ်မြေရှင်းစဉ် ဆန်နဲ့အတူ မြုပ်ထားတဲ့ ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိပြီး လက်နက်ခဲယမ်းများပါ ရရှိ

🚩 ၂။ ရွှေဘိုမြို့နယ် မြင်းချင်း (ပျူ)ကျေးရွာက စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ဦး သေဆုံး

🚩 ၃။ ရေးမြို့၊ အပလိုင်ရွာနှင့် စုံပတောက်ရွာကြား စစ်သင်တန်းဆင်း ပျူစောထီး ဦးကို အရှင်ဖမ်းမိ 

🚩 ၄။ မင်းကွန်းမြို့တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်မှု ဒုရဲအုပ် ၂ဦး ဒုတပ်ကြပ် သေဆုံး၊ စစ်တပ်က ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး

🚩 ၅။ သန်းခေါင်စာရင်း ကောက်ယူခြင်းကိစ္စ အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် အောင်ပွဲခံပြီး သောက်စားပျော်ပါးနေတဲ့ ပျူနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်

🚩 ၆။ မူဆယ် နမ့်အွမ်ရွာက အမျိုးသား ဦး လက်နက်ကြီးကျည် ဖြုတ်ကြည့်ရာ ပေါက်ကွဲပြီး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

🚩 ၇။ မောင်တောမှာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရ

🚩 ၈။ တပ်ရင်းမှူးအပါအဝင် လူကြီးများအား  သီတင်းကျွတ်ကန်တော့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့‌ခေါင်းဆောင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး နိုင်ငံတကာပါလီမန်များညီလာခံတွင် မိန့်ခွန်းပြောကြား


အောက်တိုဘာလ ၁၆ ရက်

Radio NUG

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ.နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်နေသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့‌ခေါင်းဆောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးသည် ညီလာခံ စတုတ္ထနေ့ အောက်တိုဘာ ၁၆ရက်နေ့တွင်  “Harnessing science, technology and innovation for a more peaceful and sustainable future” ခေါင်းစဉ်ဖြင့် ဆွေးနွေးလျက်ရှိသည့် ညီလာခံ၏ General Debate အစီအစဥ်တွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


မိန့်ခွန်းပြောကြားရာမှာ" မိမိတို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် မျှော်မှန်းထားချက်သည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါကြောင်း၊ မိမိတို့၏ တော်လှန်ရေးအစ ပထမနေ့မှာကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြည့်ဝစွာ ဖော်ဆောင်နိုင်ရန် နည်းပညာဟာ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ သင့်လျော်သောနည်းပညာပလပ်ဖောင်းများကို အသုံးပြုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် တော်လှန်ရေးအင်အားစုများသည် နည်းပညာကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ အသံများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးအပ်မှုများကို ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအဆင့်များအကြား ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း" ပြောပါတယ်။


ဒါ့အပြင်၂၀၂၁ ခုနှစ်၊ စစ်တပ်၏ အာဏာသိမ်းမှုသည် မြန်မာလွှတ်တော်ကိုယ်စားလှယ်များက  ပြည်သူတွေကို ကိုယ်စားပြုခြင်းကို မတားဆီးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် အီလက်ထရောနစ်နည်းပညာကို ပြည့်ပြည့်ဝဝ အသုံးပြုလည်ပတ်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဆက်လက်နိုင်ခဲ့ပါကြောင်း၊ လူမှုကွန်ရက်နှင့် အခြားသော ဒီဂျစ်တယ်နည်းပညာများကို မိမိတို့၏ အလုပ်အကြောင်းများကို သိရှိစေရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများကို သိရှိအောင် လုပ်ဆောင်ခြင်းများအတွက်  အသုံးပြုနိုင်ခဲ့ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည်  ညီလာခံအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်ပါဝင် တက်ရောက်လျက်ရှိပြီး နိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၂။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ


အောက်တိုဘာ၁၆ရက်

Radio NUG

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်မှာ ကျင်းပခဲ့ကြပါတယ်။


 အစည်းအဝေးကို အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၈၉%) တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


ဒီအစည်းအဝေးမှာ ကော်မတီရဲ့ လုပ်ငန်းလမ်းညွှန် (မူကြမ်း) ကို ဆက်လက်ပြီး အချောသတ် ဆွေးနွေးခဲ့ကြကာ အောက်တိုဘာလအတွင်း ကော်မတီက ဆောင်ရွက်မယ့် အလုပ်အချိန်ဇယားကိုလည်း  ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။


အဲ့ဒီနောက်မှာတော့ ကော်မတီက ဆောင်ရွက်ရမယ့် ချိတ်ဆက်ညှိနှိုင်းရေးကဏ္ဍကို လိုအပ်သလို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ချိတ်ဆက်ညှိနှိုင်းမှုရေးရာဆပ်ကော်မတီကို ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ နွေဦးထီမှ အမြတ်ငွေများကို CDM နိုင်ငံ့ဝန်ထမ်းများထံ ထပ်မံ ခွဲဝေပေးမည်


အောက်တိုဘာ၁၆ရက်

Radio NUG

နွေဦးထီမှ အမြတ်ငွေများကို CDM နိုင်ငံ့ဝန်ထမ်းများထံ ထပ်မံ ခွဲဝေပေးမည် ဖြစ်ကြောင်း အောင်လံလွှင့်ချီနွေဦးထီကအသိပေးဖော်ပြပါတယ်။


နွေဦးထီ Version 2 ပြန်လည်စတင်ချိန်မှစ၍ CDM နိုင်ငံ့ဝန်ထမ်းများအား ၂၀၂၄ ခုနှစ် မတ်လမှ ဩဂုတ်လအထိ နွေဦးထီမှ အမြတ်ငွေ ကျပ် ၄၂၀,၀၀၀,၀၀၀ကို ခွဲဝေပေးနိုင်ခဲ့သည့် အပြင် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်ကုန် လက်ကျန်စာရင်းဖြတ်ရာတွင် ငွေကျပ် ၃၅၃,၁၈၄,၂၉၈ ကျန်ရှိ နေပြီး အဆိုပါ လက်ကျန်ငွေကို CDM နိုင်ငံ့ဝန်ထမ်းများထံ ထပ်မံ ခွဲဝေပေးမည်ဖြစ်ရာ ၂၀၂၄ ခုနှစ် မတ်လမှ ဩဂုတ်လအထိ နွေဦးထီမှ အမြတ်ငွေခွဲဝေပေးသော ပမာဏ စုစုပေါင်းမှာ ငွေကျပ် ၇၇၃,၁၈၄,၂၉၈ ဖြစ်တယ်လို့ဖော်ပြပါတယ်။


CDM နိုင်ငံ့ဝန်ထမ်းများကို ပိုမိုထောက်ပံ့နိုင်ရန် အစဉ်တစိုက် အားထုတ် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အောင်လံလွှင့်ချီ နွေဦးထီ ဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝိုင်းဝန်း ကူညီခဲ့ ကြသော နွေဦးထီ ဝိုင်းတော်သားများနှင့် အားပေးဝန်းရံခဲ့ကြသည့် ပြည်သူ တစ်ဦးတစ်ယောက် ချင်းစီအား CDM Success Committee မှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိတယ်လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကရင်နီပြည်၊ ထူးချောင်းစခန်းကို သိမ်းပိုက်၊ နယ်မြေရှင်းစဉ် ဆန်နဲ့အတူ မြုပ်ထားတဲ့ ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိပြီး လက်နက်ခဲယမ်းများပါ ရရှိ


အောက်တိုဘာ ၁၆ 

Radio NUG 


စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲကြားရှိ ထူးချောင်းစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် နေ့စဉ်ရက်ဆက်  ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး မခံနိုင်တော့သဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် စခန်းစွန့် ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ရှင်းလင်းစဉ်  ရေမြောင်းများအတွင်း စွန့်ပစ်ထားခဲ့ပြီး ပုတ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းများပါ ရရှိကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က  ပြောဆိုပါတယ်။


အောက်တိုဘာ ၁၄ရက်နေ့မှာ ပင်မစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်း ကျန်ရှိနေတဲ့ ဆန်ရိက္ခာတွေကို သေဆုံးသွားတဲ့ တပ်သားတွေရဲ့ အလောင်းတွေပေါ်ကို ဖြန့်ကြဲထားပြီး ဖျက်ဆီးထားတယ်လို့ သိရပါတယ်။


အဆိုပါ ထူးချောင်းစခန်းရှိ အကြမ်းဖက်စစ်သားများမှာ ဘောလခဲမြို့နယ်ရှိ စစ်ဗျူဟာကုန်းဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်ပြီး ဘောလခဲနှင့် ဖားဆောင်းမြို့နယ်အတွက် စစ်ရေးအရ အရေးပါသည့် နေရာတစ်ခုဖြစ်ကာ၊ နယ်မြေရှင်းလင်းမှုကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် - ဖားဆောင်း PDF KA Drone Force နှင့် ကရင်နီတပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


ဘောလခဲခရိုင်အတွင်းမှာ အရေးပါတဲ့ စစ်ကောင်စီစခန်းကုန်းတွေဖြစ်တဲ့ မယ်စလောင်းတောင်စခန်း၊ ရေကျော်စခန်း၊ ထူးချောင်းစခန်းနဲ့ ပင်မစခန်းကို ၂၀၂၄ ခုနှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပါတယ်။


========================


🚩🚩 ၂။ ရွှေဘိုမြို့နယ် မြင်းချင်း (ပျူ)ကျေးရွာက စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ဦး သေဆုံး


အောက်တိုဘာ ၁၆ 

Radio NUG 


အောက်တိုဘာလ ၁၅ရက် ညနေ ()နာရီမှ ၁၀နာရီအထိ ရွှေဘိုမြို့နယ်၊ မြင်းချင်း(ပျူ) ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူများအား ရွှေဘိုမြို့နယ်--က--တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် စတင်ဝင်ရောက်ခဲ့ရာ တိုက်ပွဲကြာချိန် ၃နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ပန်းရံ(ပျူ)ကျေးရွာ၊ မင်္ဂလာ ပျူရွာဖက်မှ ဇီးကုန်းလေး ပျူရွာဖက်သို့ လာရောက်ပူးပေါင်း၍ စစ်ကူပေးရန်လာသော စစ်သားနှင့် ပျူများအား ၆၀ မမ ဒရုန်းဗုံးသီးများ အကြိမ်ကြိမ် ချ၍ တိုက်ခိုက်တယ်လို့ သိရပါတယ်။


ကာကွယ်ရေးရဲဘော်များ မြင်းချင်း (ပျူ) ရွာအတွင်းမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာပြီးသည့် အချိန်တွင်လည်း မြင်းချင်း(ပျူ)ရွာအတွင်းရှိ စစ်သားနှင့် ပျူများအား ဒရုန်းဗုံးသီးများ အကြိမ်ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုများတွင် စစ်သားနှင့် ပျူများဖက်မှ ()ဦး သေဆုံး၍ ထိခိုက်မှု ၁ဝဦးထက်မနည်း ရှိနိုင်ပြီး အတိအကျ မသိရှိနိုင်သေးပါကြောင်း၊ ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် -က- တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် -က- တိုက်ခိုက်ရေးအဖွဲ့ PDO တိုက်နယ် () -က- တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ် () ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ် -က- တိုက်ခိုက်ရေးအဖွဲ့ (Group 1 3 အနောက်မြောက်လွင်ပြင် -က-) ရွှေဘိုမြို့နယ် -က- Shwebo Federal Tech Drone တပ်ဖွဲ့၊ တိုက်နယ် () ပကဖ ဂဠုန်ကြီး Fixed wings Droneတပ်ဖွဲ့၊  နယ်မြေခံ ပကဖ အဖွဲ့များနှင့်ပူးပေါင်း၍ -က- အဖွဲ့များ သီးသန့်တိုက်ပွဲ  ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရေးမြို့၊ အပလိုင်ရွာနှင့် စုံပတောက်ရွာကြား စစ်သင်တန်းဆင်း ပျူစောထီး ဦးကို အရှင်ဖမ်းမိ 


အောက်တိုဘာ ၁၆ 

Radio NUG 


ရေးမြို့နယ် အပလိုင်ရွာနှင့် စုံပတောက်ရွာကြားတွင် စစ်သားများအတွက် လမ်းပြလုပ်ပေးနေသော စစ်သင်တန်းဆင်း ပျူ ဦးကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးမှ သတင်းထုတ်ပြန်ပါတယ်။


ပျူ အမည်ခံ စစ်မှုထမ်းလူသစ် ဖြစ်ကြောင်း သိရှိရပြီးအဲဒီကောင်တွေ (အကြမ်းဖက်စစ်သားတွေ) လာယူရင် ပြန်ပေးမယ်။ လာတက်ယူ၊ ငါတို့ နေရာမှာ။ ပျူစောထီးဆိုပေမယ့် အမှန်တော့ တပ်သားပဲ စစ်မှုထမ်းတဲ့ လူသစ်တွေပေါ့။ လမ်းနည်းနည်းကျွမ်းတဲ့ ကောင်တွေ သုံးလို့ရတဲ့ကောင်တွေ အရှေ့ပွိုင့်မှာ ပြန်သုံးတယ်။ ကျနော်တို့ရဲ့ အခြေအနေတွေကို အကဲခတ်လေ့လာထားတဲ့ အဲဒီလို ကောင်မျိုးတွေပေါ့။ ကင်းပုန်းလာဝပ်ရာမှာ ပါလာတဲ့ လမ်းပြပေါ့ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုထားပါတယ်။


========================


🚩🚩 ၄။ မင်းကွန်းမြို့တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်မှု ဒုရဲအုပ် ၂ဦး ဒုတပ်ကြပ် သေဆုံး၊ စစ်တပ်က ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး


အောက်တိုဘာ ၁၆ 

Radio NUG 


အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းကွန်းမြို့ရှိ မင်းကွန်း မယ်တော်ကြီးဘုရားရှေ့တွင် လက် ဖက်ရည်သောက်နေသည့် အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်ပစ်ခတ်ရာ ဒုရဲအုပ် ၂ဦး ဒုတပ်ကြပ် သေဆုံးခဲ့ကြောင်း၊ စစ်တပ်က ပြန်လည်၍ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိပြီး ပြည်သူ မည်မျှ သေဆုံးသည်ကို မသိရှိရသေးကြောင်း ဒေသသတင်းများအရ သိရပါတယ်။


စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ မင်းကွန်းမြို့ပေါ်ပစ်ခတ်မှုကြောင့် ဒုရဲအုပ် သက်နိုင်ဌေးမှာ ယာဘေးနံဘေး ကျည်ဖောက်ဝင် ဒဏ်ရာဖြင့်လည်းကောင်း၊  ဒုရဲအုပ် ရဲဝင်းထွန်းမှာ ယာပါး ကျည်ဖောက်ဝင် ဒဏ်ရာဖြင့်လည်းကောင်း၊  ရဲဒုတပ်ကြပ် ဇော်မင်းနိုင်မှာ ဦးခေါင်းထိပ် ကျည်ဖောက်ဝင် ဒဏ်ရာ၊ ယာပေါင် ကျည်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း စစ်တပ်ဘက်မှ တပ်ကြပ် မောင်ဆန်းမှာ ယာနံဘေး ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရပါတယ်။


စစ်သားများမှ ဆိုင်ရှင်ကို ပစ်သတ်ပြီး ဆိုင်နှင့် အနီးအနားက နေအိမ်အချို့ကို မီးရှို့သွားကာ ဆိုင်ရှိ ကလေး ၂ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


========================


🚩🚩 ၅။ သန်းခေါင်စာရင်း ကောက်ယူခြင်းကိစ္စ အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် အောင်ပွဲခံပြီး သောက်စားပျော်ပါးနေတဲ့ ပျူနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်


အောက်တိုဘာ ၁၆ 

Radio NUG 


ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် သန်းခေါင်စာရင်း ကောက်ယူခြင်းကိစ္စကို အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် အောင်ပွဲခံပြီး သောက်စားပျော်ပါးနေကြကြောင်း သိရှိရသဖြင့်၊ အောက်တိုဘာလ (၁၅)ရက်နေ့ ()နာရီအချိန်ခန့် တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကော့သောင်းမြို့နယ်မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှ ပျူစောထီး ဦးနောင်နီနှင့် ဦးဘဦးတို့နှစ်ဦးအား အသေရရှိပြီး ကျန်အဖွဲ့ဝင်များသည် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 


ကျန်ရှိနေသော စစ်ကောင်စီနှင့် အပေါင်းပါများအား  ပြည်သူဘက်ရပ်တည်ပြီး ပြည်သူ့ရင်ခွင် အမြန် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၆။ မူဆယ် နမ့်အွမ်ရွာက အမျိုးသား ဦး လက်နက်ကြီးကျည် ဖြုတ်ကြည့်ရာ ပေါက်ကွဲပြီး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၆ 

Radio NUG 


အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မူဆယ်မြို့နယ် နမ့်အွမ်ရွာမှာ အမျိုးသား ဦး လက်နက်ကြီးကျည် ဖြုတ်ကြည့်ရာ ပေါက်ကွဲပြီး သေဆုံးကာ ကလေးတစ်ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ပဇူကာလက်နက် ယူဆရတဲ့ လက်နက်ကြီးကျည်ကို ဖြုတ်ကြည့်လို့ ပေါက်ကွဲသွားတယ်လို့ သိရပါတယ်။


ပေါက်ကွဲနိုင်တဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်အကြောင်း ပြည်သူတွေကို အသိပညာ မကြာခဏပေးဖို့ လိုအပ်နေပါတယ်။


ဧပြီ ၂၄ ရက်ကလည်း နမ့်ဖတ်ကာမှာ ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ကောက်လာပြီး ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲကာ သေဆုံးခဲ့ဖူးပါတယ်။


========================


🚩🚩 ၇။ မောင်တောမှာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၁၆ 

Radio NUG 

အောက်တိုဘာ ၁၆ ရက်‌နေ့ ညနေ နာရီခန့်တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာရွာကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်  အရပ်သားပြည်သူ   ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


အောင်မင်္ဂလာရွာကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံး လုံး ကျဲချမှုကြောင့် စစ်ဘေးရှောင်နေတဲ့ မောင်တောမြို့က မငြိမ်းစန္ဒာ (၁၁ နှစ်) ကိုနေကိုဟိန်း (၂၂ နှစ်)၊ဦးဇော်ဇော်() ဘိုအောင်(၄၁ နှစ်)နဲ့ အောင်မင်္ဂလာရွာခံ ကိုစိုးမင်းနိုင်() သန်းထွန်း(၂၁ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဗုံးဒဏ်ကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တစ်ချို့လည်း မီးလောင်ပြာကျ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ တပ်ရင်းမှူးအပါအဝင် လူကြီးများအား  သီတင်းကျွတ်ကန်တော့


အောက်တိုဘာ ၁၆ 

Radio NUG 


ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ (ဗျူဟာ ၄၇) မှ ရဲဘော်များက တပ်ရင်းမှူးအပါအဝင် တပ်ရင်းရှိ လူကြီးများအားအောက်တိုဘာလ ၁၆ရက်‌တွင် မြန်မာ့ဗုဒ္ဓဘာသာ ထုံးတမ်းဓလေ့နှင့်အညီ သီတင်းကျွတ်အခါသမယတွင် ကန်တော့ခဲ့ကြကြောင်း သတင်းထုတ်ပြန်ပါတယ်။


ယင်းမာပင်ခရိုင်တပ်ရင်း မှ တပ်ရင်းမှူးက လာရောက်ကန်တော့ကြသည့် ရဲဘော်များကို ဆုများ ပေးအပ်ပြီး  မုန့်ဖိုးများ ပြန်လည်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment