18th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းသည့်နေ့ရက်များ အမြန်ရောက်ရှိနိုင်ပါစေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း

📌 ၂။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုကြောင်း အတည်ပြု

📌 ၃။ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများကို အိမ်သုံးအရေးပေါ်ပစ္စည်းများ ကုလသမဂ္ဂ ပေးအပ်

📌 ၄။ နွေဦးဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၄ ဇွန်လ ၃၀ ရက်နေ့ မှာ ပြီးဆုံးသည့် လတာ အမြတ်ဝေစုခွဲဝေခြင်းကို အတည်ပြုနိုင်ခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပန်ဝါအနီးရှိ BGF ကာကင်းစခန်းနှင့် ကံပိုက်တည်ရှိ ကာကင်းစခန်းတို့ကို KIA ထပ်မံ သိမ်းပိုက်၊ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကို ထိုးစစ်ဆင်

🚩 ၂။ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီးများကို ဝင်ရောက်ပစ်ခတ်

🚩 ၃။ မြင်းမူမြို့ ရဲစခန်းနှင့် အထက ကျောင်းဝန်းထဲတွင်တပ်ဆွဲနေသည့် စစ်သားများကို ထိုးစစ်ဆင်တိုက်ခိုက်

🚩 ၄။ အောက်တိုဘာလအတွင်း ယောဒေသကို လေကြောင်းတိုက်ခိုက်မှု () ကြိမ်ခန့် ပြုလုပ်ခဲ့မှုကြောင့် PDF ဦးနှင့် ပြည်သူ ဦး သေဆုံးကာ (၃၀) ကျော် ဒဏ်ရာရရှိ

🚩 ၅။ တော်လှန်ရေး ရဲဘော်များနဲ့ ပြည်သူများကို ဆေးဝါးကုသမှုပေးနိုင်ရန် ကာလရှည်ဆေးသင်တန်း MSFC ဖွင့်လှစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းသည့်နေ့ရက်များ အမြန်ရောက်ရှိနိုင်ပါစေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း


အောက်တိုဘာ၁၇ရက်

Radio NUG

မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းသည့်နေ့ရက်များ အမြန်ရောက်ရှိနိုင်ပါစေကြောင်း  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာ၁၇ရက်  ဆိုရှယ်မီဒီယာကတဆင့် ဆုမွန်ကောင်း တောင်းဆိုလိုက်ပါတယ်။


"သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်း အေးချမ်းသာယာရှိကြပါစေ။ ဝေးကွာနေကြသော မိသားစုဝင်များလည်း ပြန်လည်ဆုံစည်းနိုင်ကြပြီး ငြိမ်းချမ်းသည့်နေ့ရက်များ အမြန်ရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ ဆိုပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုကြောင်း အတည်ပြု


အောက်တိုဘာ ၁၇ 

Radio NUG 

အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကာလအတွင်း ကျင်းပခဲ့သည့် (၂၁၄) ကြိမ်မြောက် အမှုဆောင်ကောင်စီအစည်းအဝေးက  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအား IPU တရားဝင် မိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ သတင်းထုတ်ပြန်ပါတယ်။

 

အမှုဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ချက်မချမှတ်မီ မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ဝင်ရောက်ဆွေးနွေးရာတွင်မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်သည် မြေပြင်တွင် နယ်မြေဆုံးရှုံးမှုများ ပိုမိုများပြားနေခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိပါကြောင်း၊ လက်ရှိပဋိပက္ခများအကြားမှ အာဏာသိမ်းစစ်တပ်သည် ၂၀၂၅ ခုနှစ်တွင် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ယင်းသည် ဒီမိုကရေစီနည်းမကျနိုင်သည်သာမက ပြည်သူ့ဆန္ဒကိုလည်း ထင်ဟပ်နိုင်မည် မဟုတ်ပါကြောင်း၊ တော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြီးနောက်မှသာ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားရန်ဖြစ်နိုင်မည်ဖြစ်ကြောင်း သဘောတူညီထားပါကြောင်း၊ ယင်းသည် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအား အသိအမှတ်မပြုရန်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုရန် ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများကိုယ်စား အမှုဆောင်ကော်မတီအား တိုက်တွန်းကြောင်းဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


 မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအောက်တိုဘာ ၁၆ရက်နေ့၊  နေ့လယ်ပိုင်းတွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ယူကေနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


ယင်းသို့ တွေ့ဆုံစဉ် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ အခြေအနေနှင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်ထားသည့် အကြမ်းဖက်မှုများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများနှင့် နိုင်ငံတကာအသိုက်အဝန်းထံသို့ တောင်းဆိုတိုက်တွန်းချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း ပေးအပ်ခဲ့ပါတယ်။


 နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) သည် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုနောက် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြု အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံအစည်းအဝေးများအား () လတစ်ကြိမ် ကျင်းပကာ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံအား ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများကို အိမ်သုံးအရေးပေါ်ပစ္စည်းများ ကုလသမဂ္ဂ ပေးအပ်


အောက်တိုဘာ ၁၇ 

Radio NUG 


မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်ဒေသများကို မရှိမဖြစ်လိုအပ်သော အိမ်သုံးအရေးပေါ်ပစ္စည်းများ (HEAP) ကို ပံ့ပိုးဖြန့်ဖြူးပေးလျှက်ရှိကြောင်း UNDP Myanmar မှ အောက်တိုဘာလ ၁၇ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


ညောင်ဦး(မန္တလေးတိုင်း) ကံမ နှင့် ဆင်ဘောင်ဝဲ (မကွေးတိုင်း) ကလောနှင့် ညောင်ရွှေ (ရှမ်းပြည်နယ်) နှင့် ဘားအံ (ကရင်ပြည်နယ်) တို့တွင် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအသောက်၊ ဆိုလာဓါတ်မီး၊ ပါဝါဘန့်၊ အဝတ်အထည်များနှင့် အခြေခံဆေးဝါးပစ္စည်းများ ပါဝင်သည့်  HEAP အထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


လာမည့် ရက်သတ္တပတ်များတွင် ထိုပံ့ပိုးကူညီမှုများကို လှိုင်းဘွဲမြို့နယ် (ကရင်ပြည်နယ်) နှင့် ပဲခူးတိုင်းဒေသကြီးရှိ ရပ်ရွာများတွင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ထောက်ပံ့ရေးပစ္စည်းများသည် သဘာဝဘေးအန္တရာယ် ရင်ဆိုင်အပြီးတွင် ရပ်ရွာပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော ပံ့ပိုးမှုများတွင် ပါဝင်တယ်လို့ သိရပါတယ်။


ဤလုပ်ဆောင်မှုသည် UNDP ပရောဂျက်တစ်ခုဖြစ်သော Enabling Community Recovery and Resilience (ENCORE) မှ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အနာဂတ်တွင် ကြုံလာမည့် သဘာဝဘေးအန္တရာယ်များအတွက် ရပ်ရွာလူထုအနေဖြင့် ပြန်လည် ထူထောင်နိုင်စွမ်းအားရရှိစေရန်နှင့် ပိုမိုကြံ့ကြံ့ခံနိုင်ရည်ရှိလာစေရန် ဒေသခံ အသိုင်းအဝိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်လျှက် ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ နွေဦးဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၄ ဇွန်လ ၃၀ ရက်နေ့ မှာ ပြီးဆုံးသည့် လတာ အမြတ်ဝေစုခွဲဝေခြင်းကို အတည်ပြုနိုင်ခဲ့


အောက်တိုဘာ၁၇ရက်

Radio NUG

နွေဦးဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၄ ဇွန်လ ၃၀ ရက်နေ့မှာ ပြီးဆုံးသည့် လတာ အမြတ်ဝေစုခွဲဝေခြင်းကို အတည်ပြုနိုင်ခဲ့တယ်လို့ အောက်တိုဘာ၁၇ရက် နွေဦးဖွံ့ဖြိုးရေးဘဏ်အလုပ်အမှုဆောင်အရာရှိချုပ် ကယ်လ်ဗင်က အသိပေးဆိုထားပါတယ်။


"SDB နွေဦးဘဏ်နှင့် ဆက်နွှယ်သော အဖွဲ့အစည်းများနှင့် နွေဦးထီအပါအဝင် မိတ်ဖက်အစီအစဥ်များကို အင်တိုက်အားတိုက် ဝန်းရံအားပေးမှုများအတွက် ရင်နှင့်အမျှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။  နွေဦးဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၄ ဇွန်လ ၃၀ ရက်နေ့မှာ ပြီးဆုံးသည့် လတာ အမြတ်ဝေစုခွဲဝေခြင်းကို အတည်ပြုနိုင်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။ ၂၀၂၄  ဇန်နဝါရီ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အတွက် ဘဏ်ဝင်ငွေ  စုစုပေါင်း USD ၅၇၈,၇၆၇  ရရှိခဲ့ပြီး အသားတင်အမြတ်အစွန်းမှာ USD ၃၆၉,၂၈၇ ဖြစ်ပါတယ်။  အသားတင် အမြတ်ငွေများ၏ ရာနှုန်းပြည့်ကို တိုကင်အစုရှယ်ယာရှင်များထံ အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း အတည်ပြုရသည့်အတွက် ဂုဏ်ယူမိပါတယ်။ သတ်မှတ်ထားသော ရက်စွဲတွင် အမြတ်ဝေစုခွဲဝေမှုများ စတင်ဖြန့်ဖြူးမည်ကိုလည်း မကြာမီ ကြေညာပေးမှာပါ" လို့ ဆိုထားပါတယ်။


ဒ့ါအပြင် ဒုတိယအကြိိမ် ရှယ်ယာပိုင်ဆိုင်ခွင့် အစီအစဥ် ICO Round 2 ကို ၂၀၂၄  နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ရက်အတွင်း စီစဥ်ကျင်းပရန် ဘုတ်အဖွဲ့မှ ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။


၎င်းကာလအတွင်း နွေဦးဘဏ်တွင် ဒေါ်လာ သန်း ၂၅၀ တန်ကြေးကို ထင်ဟပ်စေသည့်  ထုတ်ပြန်ပြီးနှင့် ကျန်ရှိသော တိုကင်များထဲမှ () ရာခိုင်နှုန်းကို  ရှယ်ယာ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပြီး SpringDB တိုကင် တစ်ခု၏ တန်ဖိုးကို $0.0025 ဖြင့် သတ်မှတ်မှာ ဖြစ်တယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပန်ဝါအနီးရှိ BGF ကာကင်းစခန်းနှင့် ကံပိုက်တည်ရှိ ကာကင်းစခန်းတို့ကို KIA ထပ်မံ သိမ်းပိုက်၊ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကို ထိုးစစ်ဆင်


အောက်တိုဘာ ၁၇ 

Radio NUG 


အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကချင်အထူးဒေသ () ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ် (BGF) ကာကင်းစခန်း တစ်ခုနှင့် ကံပိုက်တည်ရှိ ကာကင်းစခန်း တစ်ခုတို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။ 


ချန်ရင်းခူးကျေးရွာရှိ BGF ကာကင်းသို့ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်လာသောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် BGFများ စခန်းက‌ ဆုတ်ခွာသွား‌တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်ဖြင့် သွားလာနေသည့် KIA တပ်ဖွဲ့ဝင်များကို စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် KIA တပ်ဖွဲ့ဝင်  သုံးဦးခန့် သေဆုံးကာ နှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


ချန်ရင်းခူးကျေးရွာရှိ ရွှေဆော့ဇမ်ဟိုတယ်အနီး တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ချန်ရင်းခူးကျေးရွာသည့် ပန်ဝါမြို့မှ ဆိုင်ကယ်ဖြင့် မိနစ် သုံးဆယ်ခန့်သွားရသည့် အကွာအဝေးတွင်ရှိပြီး  ဒေသခံပြည်သူများကို ပန်ဝါမြို့သို့ ပြောင်းရွေ့ခိုင်းနေတယ်လို့ သိရပါတယ်။


ထို့အပြင် ကံပိုက်တည်ကို ထိန်းထားတဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကိုလည်း KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေပြီး ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီးများကို ဝင်ရောက်ပစ်ခတ်


အောက်တိုဘာ ၁၇ 

Radio NUG 


အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် နာရီခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၄၃ လမ်း ၅၅×၅၆ ကြားရှိ အကြမ်းဖက်စစ်တပ်၏ စစ်သားများ၊ ပျူစောထီးများနှင့် ရပ်ကွက်တွင်းရှိ လူမိုက်များ လူစုသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်သံ အချက် ၂၀ ခန့် ထွက်ပေါ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် နံနက်ပိုင်းတွင် အသုဘ မဏ္ဍပ် တစ်ခု လမ်းပိတ်၍ ထိုးထားသည်ကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။


Sniper သမားများ အပါ အင်အား ၅၀နဲ့ ၁၀၀ကြား ရှိတဲ့ အဲ့ဒီနေရာကို ပေါက်ကိုယ်တော်လည်း မကြာခဏ လာတတ်ပြီး နံနက်ပိုင်းတွင် ယူနီဖောင်းနဲ့ထွက်ကာ ညဆိုရင် အရပ်ဝတ်နဲ့ ထွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မြင်းမူမြို့ ရဲစခန်းနှင့် အထက ကျောင်းဝန်းထဲတွင်တပ်ဆွဲနေသည့် စစ်သားများကို ထိုးစစ်ဆင်တိုက်ခိုက်


အောက်တိုဘာ ၁၇ 

Radio NUG 


အောက်တိုဘာလ ၁၇ရက်နေ့ မနက် ၁နာရီအချိန် မြင်းမူမြို့ ရဲစခန်းနှင့် အထက ကျောင်းဝန်းထဲတွင် တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများကို ထိုးစစ်စစ်ဆင် တိုက်ခိုက်နိုင်ခဲ့ကြောင်း Moe Nyo Revolution Force MNRF မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားချိန် မိနစ်နှစ်ဆယ်ကျော်ကြာခဲ့ပြီး စကစ တပ်သားများမှ 40မမ၊ 60မမ၊ RPG (R12) MA(2) စက်လက်များဖြင့် ပြင်းပြင်းထန်ထန် ခုခံခဲ့သာ်လည်း အပြင်ဘက်မထွက်ရဲဘဲ မနက် ၁၁နာရီ အချိန်တွင် ကား စီးဖြင့် အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။


စကစ တပ်သားများ ထိခိုက်သေဆုံးစာရင်း မသိရ‌သေးကြောင်း၊ မဟာမိတ်ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


ထိုစစ်ဆင်ရေးအား Moe Nyo Revolution Force MNRF Dog Killers People's Defence Force Myinmu (DKPDF-MMU) စစ်ကိုင်းမြို့နယ်တိုက်ခိုက်ရေးတပ်ခွဲ ()တို့မှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ အောက်တိုဘာလအတွင်း ယောဒေသကို လေကြောင်းတိုက်ခိုက်မှု () ကြိမ်ခန့် ပြုလုပ်ခဲ့မှုကြောင့် PDF ဦးနှင့် ပြည်သူ ဦး သေဆုံးကာ (၃၀) ကျော် ဒဏ်ရာရရှိ


အောက်တိုဘာ ၁၇ 

Radio NUG 


အောက်တိုဘာလအတွင်း ယောဒေသကို လေကြောင်းတိုက်ခိုက်မှု () ကြိမ်ခန့် ပြုလုပ်ခဲ့မှုကြောင့် PDF ဦးနှင့် ပြည်သူ ဦး သေဆုံးကာ (၃၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကာ နောက်ဆုံးတိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာလ (၁၆) ရက်နေ့ အခြေအနေကို ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရှိရသေးကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို ပစ်မှတ်ထားကာ အောက်တိုဘာလ (၁၄) ရက်နေ့ ညနေ နာရီခွဲခန့်အချိန်က ဂျက်ဖိုက်တာ () စီးဖြင့် ဖျက်အားပြင်း ဗုံးသီးများ၊ ရော့ကတ်များဖြင့် () နေရာကို လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော််ပြထားပါတယ်။


တိုက်ခိုက်ခံရမှုကြောင့် ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့် ခေတ္တရောက်ရှိနေသော ထုတ်လုပ်ရေးဌာနမှ ဌာနမှုး ရဲဘော်ကျော်ဟိန်း (၃၃ နှစ်) နှင့် တပ်သား ရဲဘော် တာဇံ (၄၅ နှစ်ခန့်) တို့ ကျဆုံးခဲ့ပြီး အရပ်သားပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦး (၂၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီအကြမ်းဖက်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်များကြောင့် လူ၊ လက်နက်အင်အား အစွမ်းကုန်သုံးကာ အပြင်းအထန် ခုခံနေရပြီး နေ့စဉ်နဲ့အမျှ သေဆုံး၊ ဒဏ်ရာရသူများ၊ ထွက်ပြေးသူများ၊ လက်နက်ချ အလင်းဝင်သူများလည်း များပြားလျက်ရှိကာ မြေပြင်ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မရှိတော့သည့်အတွက် ဝေဟင်ကို အသုံးပြုကာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကိုပါမချန် လူမဆန်စွာ တိုက်ခိုက်လျက်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ တော်လှန်ရေး ရဲဘော်များနဲ့ ပြည်သူများကို ဆေးဝါးကုသမှုပေးနိုင်ရန် ကာလရှည်ဆေးသင်တန်း MSFC ဖွင့်လှစ်


အောက်တိုဘာ ၁၇ ရက်၊ 

Radio NUG


မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကျန်းမာရေးဌာနမှ တော်လှန်ရေး ရဲဘော်များနဲ့ ပြည်သူများကို အရေးပေါ် ဆေးဝါးကုသမှု ပေးနိုင်ရန်နှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကာလရှည် ဆေးသင်တန်း တခုကို ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


အဆိုပါ ဆေးသင်တန်းကို မွန်ပြည်တောင်ပိုင်းက တော်လှန်ရေးတပ် ထိမ်းချုပ်နယ်မြေအတွင်းမှာ အောက်တိုဘာ လလည်ပိုင်းမှ စတင်ပြီး လကြာ ဖွင့်လှစ်သင်ကြား ပေးသွားမယ်လို့ ဆိုပါတယ်။


သင်တန်းဖွင့်ပွဲတွင် MSFC အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက "စစ်အာဏာရှင်တွေနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ ရဲဘော်တို့ရဲ့ အသက်က အလွန် အရေးကြီးပါတယ်။ ဆေးမှူးတို့ တာဝန်ကလည်း အရေးကြီးတယ်။ ရဲဘော်‌တွေရဲ့ အသက် မဆုံးရှုံးပဲ ကယ်ဆယ်ဖို့နဲ့ စစ်‌မြေပြင်ကနေ နောက်တန်း ဆေးရုံ‌တွေကို ရောက်ရှိနိုင်ဖို့ အလားတူ ဘယ်ဒေသ ဘယ်နေရာ ရောက်ရောက် ပြည်သူတို့ရဲ့ ကျန်မာရေးကိစ္စ စောင့်ရှောက်ဖို့လည်း မမေ့ပါနဲ့လို့ အမှာစကား ပြောကြားခဲ့ပါတယ်။


အဆိုပါ ဆေးသင်တန်း ဖွင့်ပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်း၊ ကျန်းမာရေးဌာန ဒု-ဌာနမှူး၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ခေါင်းဆောင်များ၊ တော်လှန်ရေး ရဲဘော်များ၊ အရပ်ဖက် အဖွဲ့အစည်းများနဲ့ ပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်လာတာနဲ့အမျှ ပြည်သူများနဲ့ တော်လှန်ရေး ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိမှု များလာတဲ့အတွက် အရေးပေါ် အသက်ကယ် ကုသနိုင်ရေးနှင့် အခြေခံ ပြည်သူ့ကျန်းမာရေး ကြည့်ရှု ကုသနိုင်ရန်အတွက် အခုလို ဆေးသင်တန်းကျောင်း ဖွင့်လှစ်ရတာလို့ MSFC ကျန်းမာရေး ဌာနက အသိပေး ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment