21st OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ တွေ့ဆုံ

📌 ၂။  BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ်၏ Registration ပိတ်သိမ်းရန်ကာလ (၁၅) ရက်သာ ကျန်ရှိတော့ကြောင်း အသိပေး

📌 ၃။ စစ်သုံ့ပန်းများနှင့်အတူ လိုက်လာသော မိသားစုဝင် ၃၁ ဦးကို MNDAA နေရပ်ပြန်ပို့

📌 ၄။ အပတ်စဉ် အထိ စစ်မှုထမ်း စုဆောင်းခံရသူ ၂၁ဝဝဝ ထက်မနည်း ရှိ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သားအများအပြား လေထီးဖြင့် ဆင်းနေပြီး လေထီးမပွင့်၍ သေဆုံးသူများ ရှိ 

🚩 ၂။ မြဝတီတွင် စစ်ကောင်စီရဲ့ ကာကင်းစခန်း ခုမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

🚩 ၃။ ချောင်းဦးမြို့ နတ်ရေကန် စစ်တပ်ဂိတ်မှ ရေပိုးစားဘက် နယ်မြေရှင်းလင်းရေး ထွက်လာသော စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်

🚩 ၄။ စလင်းတွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုနှင့် လင်းဇင်းရဲစခန်း တပြိုင်နက် တိုက်ခိုက်ခံရ

🚩 ၅။ ပွင့်ဖြူ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ် ဗုံး ကြိမ် ပေါက်ကွဲ၊ နယ်ထိန်းရဲ အပါအဝင် ဦး အပြင်းအထန် ဒဏ်ရာရ

🚩 ၆။ ကိုးကန့်ခရိုင်၊ နမ့်ဟူးနယ်ကို စစ်ကောင်စီက ညသန်းခေါင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩 ၇။ ရေဦးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် 

🚩 ၈။ ဘုတလင်၊ စိုင်ပြင်လေးရွာကို မီးရှို့၊ စီပါရွာက ပြည်သူ ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်

🚩 ၉။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( )နှစ်ပြည့် အခမ်းအနား ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ တွေ့ဆုံ


အောက်တိုဘာ ၂၀ 

Radio NUG 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံ၊ ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

 

ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စု၀န်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်ရှိကြိုးပမ်းလုပ်ဆောင်နေမှုများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


အီတလီ အပါအ၀င် နိုင်ငံတကာအစိုးရများနှင့် တွေ့ဆုံပြီး အကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေးအရ အရေးယူခြင်း၊ စီးပွားရေးပိတ်ဆို့ အရေးယူခြင်း၊ လက်နက်တင်ပို့မှုများ ဖြတ်တောက်ခြင်းနှင့် ဥပဒေကြောင်းအရအရေးယူနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

နိုင်ငံရပ်ခြားတွင် နေထိုင်ကြသော်လည်း မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးတိုက်ပွဲအပေါ် တတ်နိုင်သည့်ဘက်က ယခုအချိန်အထိ  စဥ်ဆက်မပြတ် ပါ၀င်နေကြသည့်အပေါ် ကျေးဇူးတင်ကြောင်းနှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းစေမည့် အဆုံးသတ်တိုက်ပွဲတွင် အောင်မြင်သည့်အထိ ဆက်လက်ပါ၀င် ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။  BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ်၏ Registration ပိတ်သိမ်းရန်ကာလ (၁၅) ရက်သာ ကျန်ရှိတော့ကြောင်း အသိပေး


အောက်တိုဘာ ၂၀ 

Radio NUG 


၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည် (.၁၀.၂၀၂၄) ရက်နေ့ မှ (.၁၁.၂၀၂၄) ရက်နေ့အထိ ဖြစ်ခြင်းကြောင့် လျှောက်ထားနိုင်သည့်ကာလ (၁၅) ရက်သာ ကျန်ရှိတော့ပါကြောင်း NUG ပညာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားပါတယ်။


စနစ်ဟောင်းဒသမတန်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် BECA Registration ကာလဖြစ်သည့်အတွက် (.၁၁.၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ Registration Form ဖြည့်သွင်းနိုင်ကြပါရန်နှင့်  BECA နှင့်စပ်လျဉ်း၍ မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ဖော်ပြထားပါတယ်။


ဖြေဆိုခွင့်လျှောက်ထားနည်းများနှင့် ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိပါက enquiry@be.moeedu.org beca.info@be.moeedu.org နှင့် Blue Mark အမှတ်အသားပါရှိသော Myanmar Basic Education Home Facebook Page Messengerသို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ စစ်သုံ့ပန်းများနှင့်အတူ လိုက်လာသော မိသားစုဝင် ၃၁ ဦးကို MNDAA နေရပ်ပြန်ပို့


အောက်တိုဘာ ၂၀ 

Radio NUG 


MNTJP ဗဟိုကော်မတီနှင့် MNDAA စစ်ရေးအုပ်ချုပ်မှု ကော်မတီ၏ သက်ဆိုင်ရာ ညွှန်ကြားချက်အရ မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ စစ်သုံ့ပန်းနှင့်အတူ လိုက်လာသော မိသားစုဝင် ၃၁ ဦးကို နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ရှေ့တန်းစစ်ဘေးကြားခံဇုန်သို့ ပို့ဆောင်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်သုံ့ပန်းများ၏ မိသားစုဝင်များ ရှိရာကို သွား၍ စစ်သုံ့ပန်းများကို ရိုက်နှက်ညှင်းပန်းခြင်း သို့မဟုတ် စစ်သုံ့ပန်းများ၏ စိတ်ဓာတ်ရေးရာကို စော်ကားခြင်း လုံးဝမရှိသော မဟာမိတ်တပ်၏ အမြဲလိုက်နာကျင့်သုံးခဲ့သည့် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ စစ်သုံ့ပန်းများကို စိတ်ချလက်ချဖြင့်ထားခဲ့ကာ မိသားစုဝင်များနေရပ်ပြန်နိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်သုံ့ပန်း မိသားစုဝင် စုစုပေါင်း ၃၁ ဦးကို နေရပ်သို့ ပြန်ရန် စစ်ဘေးကြားခံဇုန်သို့ ဘေးကင်းစွာ ပို့ဆောင်ပြီးနောက် အာဏာသိမ်းတပ်၏ ထိန်းချုပ်နယ်မြေများသို့  မော်တော်ယာဉ်များဖြင့် သွားလာရန် စီစဉ်ပေးခဲ့သည့်အပြင် စားစရိတ်နှင့် ခရီးစရိတ် ပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ အပတ်စဉ် အထိ စစ်မှုထမ်း စုဆောင်းခံရသူ ၂၁ဝဝဝ ထက်မနည်း ရှိ


အောက်တိုဘာ ၂၀ 

Radio NUG 


စစ်ကောင်စီသည် စစ်မှုထမ်း အပတ်စဉ် မှ အထိ သင်တန်းများကို နိုင်ငံတဝန်းရှိ သင်တန်းကျောင်း ပေါင်း ၂၃ ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး စစ်မှုထမ်း စုဆောင်းခံရသူ ၂၁ဝဝဝ ထက်မနည်း ရှိကြောင်း Burma Affairs & Conflict Study မှ သတင်းထုတ်ပြန်ပါတယ်။


ရှမ်းပြည်နယ်အတွင်း သင်တန်းကျောင်း အများဆုံး ဖွင့်လှစ်ခဲ့ပြီး သင်တန်းကျောင်း ပေါင်း ခုရှိကာ မန္တလေးတွင် သင်တန်းကျောင်း ကျောင်း၊ မွန်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတို့တွင် ကျောင်းစီနှင့် မကွေးနှင့် တနင်္သာရီတို့တွင် ကျောင်းစီ ဖွင့်လှစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အပတ်စဉ် တွင် သင်တန်းသား ၅၀၀၀ နီးပါး စုဆောင်းနိုင်ခဲ့ပြီး ကျန်အပတ်စဉ်များတွင် သင်တန်းသား ၄ဝဝဝ ကျော်စီ စုဆောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် သင်တန်းဆင်းခြင်း အပတ်စဉ် ခုအထိရှိလာကာ သင်တန်းဆင်းများကို ရှေ့တန်းစစ်မျက်နှာပြင်များဆီ ပို့ဆောင်ခဲ့၍ သေဆုံးဒဏ်ရာရမှု များစွာကိုလည်း တွေ့လာရပြီး ထိုသို့သော အခြေအနေများတွင် စစ်ကောင်စီသည် အပတ်စဉ် နှင့် ကဲ့သို့ စုဆောင်းမှုသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်မလာစေရန် ဂရုစိုက် လုပ်ဆောင်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မြဝတီ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သားအများအပြား လေထီးဖြင့် ဆင်းနေပြီး လေထီးမပွင့်၍ သေဆုံးသူများ ရှိ 


အောက်တိုဘာ ၂၀ 

RadioNUG 

အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ နာရီခန့်မှစ၍  အကြမ်းဖက် စစ်သားအများအပြား မြဝတီမြို့ ကုန်သွယ်ရေးဇုန်အတွင်းကို လေထီးဖြင့် မိနစ် တစ်ခါ ခုန်ဆင်းနေပြီး လေထီးမပွင့်၍ အကြမ်းဖက်စစ်သားများ သေဆုံးမှုရှိကြောင်း ဒေသသတင်းများအရ သိရပါတယ်။


တစ်ခါ ခုန်ဆင်းရင် ယောက် ပါရှိပြီး လေထီး မပွင့်တာ ယောက် မျက်မြင်တွေ့ရတာလို့ သိရပါတယ်။


အကြမ်းဖက် စစ်သားများ လေထီးနှင့် မခုန်ဆင်းမီက ဂျက်ဖိုက်တာ စီးဖြင့် မြဝတီ - အာရှလမ်းမကြီး ဒေါနတောင်ပေါ်ကို ဗုံးကျဲချခဲ့ပါတယ်။


========================


🚩🚩 ၂။ မြဝတီတွင် စစ်ကောင်စီရဲ့ ကာကင်းစခန်း ခုမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး


အောက်တိုဘာ ၂၀ 

Radio NUG


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာ အနီးရှိ ကာကင်းစခန်း ခုမှ စစ်ကောင်စီ တပ်သားများ စခန်း စွန့်ခွာပြီး ထွက်ပြေးသွားခဲ့တာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက် ရှင်းလင်းခဲ့တယ်လို့  Cobra Column 2 Venom စစ်ကြောင်းထံက သိရပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့မှာ သေဘော့ဘိုး စစ်ကောင်စီ စခန်းကုန်းရဲ့ မြဝတီ - ဝေါ်လေ လမ်းမပေါ် ဘလယ်ဒို ကျေးရွာ အနီးတဝိုက်ရှိ ကာကင်းစခန်းများမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားခဲ့ကြတာလို့ ဆိုပါတယ်။


စစ်ကောင်စီ တပ်သားများဟာ သေဘော့ဘိုး ပင်မစခန်းကို သွားပြန်ပေါင်းကြတာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေး ရဲဘော်တဦးက ဆိုပါတယ်။


စစ်ကောင်စီ တပ်သားများ မရှိတော့တဲ့ ကာကင်း စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်း သိမ်းပိုက်နေရာယူထားတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မြဝတီမြို့နယ်၊ လေးကေကော်မြို့ အနီးရှိ စွယ်တော်ကုန်း ဗျူဟာ အမြောက်တပ် စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၃။ ချောင်းဦးမြို့ နတ်ရေကန် စစ်တပ်ဂိတ်မှ ရေပိုးစားဘက် နယ်မြေရှင်းလင်းရေး ထွက်လာသော စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်


အောက်တိုဘာ ၂၀ 

Radio NUG 


အောက်တိုဘာလ ၂၀ရက်နေ့ မနက် နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်တပ်ဂိတ်မှ ရေပိုးစားဘက် ထွက်လာသော စစ်သား (၃၀)ခန့်သည် နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် လမ်းပိုင်းမိုင်းရှင်းရာမှ အဆင်သင့်ပြင်ထားတဲ့ မိုင်းပွိုင့်အားတွေ့ရှိပြီး တူးဖော်ကြရာမှ အသင့်စောင့်ဆိုင်းနေသောရဲဘော်များမှ ပဒေသာမိုင်း ()လုံး ()ပွိုင့်နှင့်  ()လုံး ()ပွိုင့်တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywaမှ သတင်းထုတ်ပြန်ပါတယ်။


ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မိုင်းရှင်းနေသည့်  စစ်သား () ဦး ထိမှန်ပြီး စစ်သား ဦး နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးကာ ဦး သေနိုင်သည့် ဒဏ်ရာရရှိသလို () ဦးမှာ ချိုင်းထောက်ဖြင့် စာအုပ်လိုက်ရောင်းရမည့်အခြေအနေသို့ ရောက်ရှိသွားကြောင်း ဖော်ပြထားပါတယ်။


အထိနာသွားသော စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရပ်စပ် လိုက်လံပစ်ခတ်သော်လည်း မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa နွေဦးလူငယ် People's Defence Force တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram Venom Revolution Force Shining Star. Local  Defense Force Myinmu Local Defence Force မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့နှင့် လက်တွဲ၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စလင်းတွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုနှင့် လင်းဇင်းရဲစခန်း တပြိုင်နက် တိုက်ခိုက်ခံရ


အောက်တိုဘာ ၂၀

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုနှင့် လင်းဇင်းရဲစခန်း တပြိုင်နက်ထဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်းထံက သိရပါတယ်။


စလင်းမြို့  ဆုတ်လေဦးလမ်းဆုံ အနီးရှိ ကင်းစခန်း၊ သစ်ခေါက်တောင်ရွာရှိ စစ်ကောင်စီ တပ်စွဲထားရာ ကင်းစခန်းနှင့် လင်းဇင်း ရဲစခန်းတို့ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုရှိခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်တွင်း ဖရဲသီးထံက သိရကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် () နှင့် အမှတ် () တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် () တပ်ရင်း၊ စလင်း (ပကဖ) မင်းဘူးခရိုင် ဒရုန်း လက်ရုံး အဖွဲ့၊ ဒေါင်းညီနောင် ပျောက်ကြား အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ပွင့်ဖြူ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ် ဗုံး ကြိမ် ပေါက်ကွဲ၊ နယ်ထိန်းရဲ အပါအဝင် ဦး အပြင်းအထန် ဒဏ်ရာရ


အောက်တိုဘာ ၂၀ 

Radio NUG 


အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ကြိမ် ပေါက်ကွဲပြီး နယ်ထိန်းရဲ ဦး အပါအဝင် ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသသတင်းများအရ သိရပါတယ်။


အုပ်ချုပ်ရေးမှူး အိမ်တွင် ဗုံးပေါက်ကွဲပြီးနောက် ပွင့်ဖြူ မြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာချိန် မွန်းလွဲ နာရီ မိနစ်တွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး စခန်းမှူး၊ နယ်ထိန်း၊ အုပ်ကြီး သားအငယ်နှင့် ထောက်ခံစာ လုပ်တဲ့သူ တစ်ယောက် အပါအဝင် စုစုပေါင်း ယောက် ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။


အုပ်ချုပ်ရေးမှူး သာဒွေးအောင်သည် စစ်မှုထမ်းဥပဒေနှင့် ရပ်ကွက်အတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်တပ်အတွင်း မတရားထည့်သွင်းနေသူ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ကိုးကန့်ခရိုင်၊ နမ့်ဟူးနယ်ကို စစ်ကောင်စီက ညသန်းခေါင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၂၀ 

Radio NUG


အထူးဒေသ () ကိုးကန့်ခရိုင်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာ အုပ်စုအတွင်းက အရပ်သားများ နေထိုင်ရာ ရပ်ကွက်များကို ညသန်းခေါင် အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့် သတင်းအေဂျင်စီက ဖော်ပြပါတယ်။


အောက်တိုဘာလ ၂၀ ရက် မနက် ၀၀ နာရီ ၅၂ မိနစ်တွင် တိုက်လေယာဉ်များဖြင့် နမ့်ဟူး ကျောင်းအနီးက လူနေ ရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့နဲ့ ခြံဝင်းထဲမှာ ရပ်ထားတဲ့ ကားများ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နမ့်ဟူးကျေးရွာဟာ စစ်ပွဲဖြစ်ပွားရာ ဒေသမဟုတ်သလို လက်နက်ကိုင် တပ်ဖွဲ့များ တပ်စွဲထားတဲ့ နေရာလည်း မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ရေဦးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် 


အောက်တိုဘာ ၂၀ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းက စည်သာမြေရွာနဲ့ မဲအိုးရွာကြားက တနေရာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ နာရီ ၁၄ မိနစ်ခန့်တွင် MiG-29 Jet Fighter တစီးဖြင့် ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုကျေးရွာ ခုကြားက ချောင်းကူးတံတားအနီးမှာ တလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ချောင်းအတွင်း တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ 


========================


🚩🚩 ၈။ ဘုတလင်၊ စိုင်ပြင်လေးရွာကို မီးရှို့၊ စီပါရွာက ပြည်သူ ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်


အောက်တိုဘာ ၂၀

Radio NUG


အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းမှစတင်၍ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြည်သူပိုင်နေအိမ်များကို ညပိုင်းအထိ မီးရှို့ဖျက်ဆီးနေပြီး မီးလာငြိမ်းသည့် ပြည်သူ ၁၀ ဦးကိုလည်း ရွာထဲ၌ ဖမ်းဆီးထားကြောင်း သိရပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာ ၁၇ ရက်နေ့က စီပါ ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နောက်တနေ့မှာ ကျွဲသေချောင်း ရွာဘက်ကို ထွက်ခွာသွားပြီးတဲ့နောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ စီပါကျေးရွာက နေအိမ် အလုံး ၂၀၀ ထက်မနည်း မီးရှို့ဖျက်စီးခံထားရကာ ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ပြည်သူ ဦးထက် မနည်း ရုပ်အလောင်းများကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို လမ်းတွေနဲ့ နေအိမ် ခြံစည်းရိုးတွေ အပေါ်မှာ အပိုင်းပိုင်း ခုတ်ထစ်ပြီး ဖြန့်ကျဲ ချိတ်ဆွဲထားခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။


စက်တင်ဘာလကုန်ပိုင်းက ဘုတလင်မြို့နယ် စီပါကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းတခုလုံးကို ပြည်သူ့ ကာကွယ်‌ရေး ပူးပေါင်းတပ်တွေက ချေမှုန်းခဲ့တဲ့အပေါ် အခဲမကျေဖြစ်ပြီး အခုလို စစ်ကြောင်းထိုးဝင်ရောက်ကာ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၉။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( )နှစ်ပြည့် အခမ်းအနား ကျင်းပ


အောက်တိုဘာ ၂၀ 

Radio NUG 


အောက်တိုဘာလ ၂၀ရက်နေ့မှာ ကျရောက်တဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( )နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ () တပ်ခွဲ တပ်ခွဲ တို့မှ ရဲဘော်များသည် ရှေ့တန်းစခန်း တစ်နေရာတွင် ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် သဝဏ်လွှာ၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး နိုင်ကောင်းရွက်မှ ပေးပို့သည့် သဝဏ်လွှာ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့  တိုင်း-တာဝန်ခံ ကိုနောင်ရိုးမှ ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရဲဘော်များမှ တော်လှန်ရေး အောင်မြင်သည်အထိ  ဆက်လက်တိုက်ပွဲဝင်ကြရန် ကတိသစ္စာဓိဌာန်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment