24th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့

📌 ၂။ "တော်လှန်ရေးမှာ ဘာသာရေးအစွန်းရောက်မှုတွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတွေကို ဘေးဖယ်ထားကြရမယ်"လို့ ဒုဝန်ကြီးခွန်စောဖူးဆို

📌 ၃။ မိတ္ထီလာထောင်တွင် သောက်သုံးရေသန့်ရှင်းမှုမရှိသဖြင့်အကျဉ်းထောင်မှ ရောင်းချသော သောက်ရေသန့်ဘူးများကို မြန်မာငွေ(၁၅၀၀)ကျပ်အထိ ဈေးကြီးပေးဝယ်သောက်သုံးနေရ

📌 ၄။ ဒေါ်မီမီဝင်းဘတ်ရဲ့ ရတနာပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရရှိမယ့် "To The End Point" ကမ်ပိန်းတားဂတ်လက်မှတ်စောင်ရေလိုအပ်ချက်ရှိနေသေး၍ဝိုင်းဝန်းပေးရန်တိုက်တွန်း

📌 ၅။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ့ပင်လယ်ပြင်နဲ့ကမ်းရိုးတန်းဒေသတွေမှာ ငါးဖမ်းထွက်တာတွေ ရပ်နားထားဖို့ MOHADM သတိပေး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေရ

🚩 ၂။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ KIA ထံ လက်နက်ချ အလင်းဝင်

🚩 ၃။ KNDF တပ်ရင်း- နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအတွက်ပြင်ဆင်

🚩 ၄။ ဘုတလင်ဒေသတွင် စစ်ကောင်စီ၏ ဓားစာခံလုပ်ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၂ဦးအထိရှိလာပြီ ဖြစ်ပြီး မီးရှို့ခံရသည့် အိမ်နှင့် ကျောင်းအရေအတွက် ၃၈၀ကျော်ထိရှိလာ

🚩 ၅။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရဲ့ သတင်းအချက်လက်တွေကို ဆက်သွယ်အတည်ပြုပြီးမှထုတ်ပြန်ဖို့ တိုက်တွန်း  

🚩 ၆။ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်အစည်းအဝေးကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့


အောက်တိုဘာ၂၄ရက်


European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ကြောင်းကိုအောက်တိုဘာ၂၃ရက်မှာ European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး Mr. Stefano Sanninoက ၎င်း၏Twitterစာမျက်နှာမှာရေးသားဆိုထားပါတယ်။


"ပြည်သူတွေရဲ့အသံကိုကြားပြီး တန်ဖိုးထားရတဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီဖို့ဒေါ်ဇင်မာအောင် NUGနဲ့ အကျိုးရှိတဲ့တွေ့ဆုံမှု"လို့ဆိုထားပါတယ်။


ဥရောပသမဂ္ဂ - ( နိုင်ငံခြားရေးရာ ဌာန ) အထွေထွေအတွင်းရေးမှုး ) ဖြစ်သူ Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ဟာ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလကလည်း ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၂။ "တော်လှန်ရေးမှာ ဘာသာရေးအစွန်းရောက်မှုတွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတွေကို ဘေးဖယ်ထားကြရမယ်"လို့ ဒုဝန်ကြီးခွန်စောဖူးဆို


အောက်တိုဘာ၂၄ရက်


"တော်လှန်ရေးမှာ ဘာသာရေးအစွန်းရောက်မှုတွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတွေကို ဘေးဖယ်ထားကြရမယ်"လို့ ဒုဝန်ကြီးခွန်စောဖူးက အောက်တိုဘာလအတွင်းမှာ ၎င်း၏ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။


"လူထုဝန်ဆောင်မှုပေးခြင်းဟာ အစိုးရတစ်ရပ်ရဲ့ အဓိကအလုပ်ဖြစ်တယ်။ဉာဏ်ရည်၊ လုပ်ဆောင်နိုင်စွမ်းချိန်ဆပြီး လုပ်ကြမယ်။ လေ့လာသင်ယူကြမယ်။လက်တွေ့ကျတဲ့အိပ်မက်တွေကို လက်တွေ့ကျကျအကောင်အထည်ဖော်ကြမယ်။တော်လှန်ရေးမှာ ဘာသာရေးအစွန်းရောက်မှူတွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတွေကို ဘေးဖယ်ထားကြမယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဥ်နဲ့ ပြည်သူ့ဝန်ဆောင်မှုများပေးအပ်ခြင်းကို စိုးမိုးဒေသများမှာဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ မိတ္ထီလာထောင်တွင် သောက်သုံးရေသန့်ရှင်းမှုမရှိသဖြင့်အကျဉ်းထောင်မှ ရောင်းချသော သောက်ရေသန့်ဘူးများကို မြန်မာငွေ(၁၅၀၀)ကျပ်အထိ ဈေးကြီးပေးဝယ်သောက်သုံးနေရ


အောက်တိုဘာ၂၄ရက်


မိတ္ထီလာထောင်တွင် သောက်သုံးရေသန့်ရှင်းမှုမရှိသဖြင့်အကျဉ်းထောင်မှ ရောင်းချသော သောက်ရေသန့်ဘူးများကို မြန်မာငွေ(၁၅၀၀)ကျပ်အထိ ဈေးကြီးပေးဝယ်သောက်သုံးနေရတယ်လို့

အောက်တိုဘာ(၂၄)ရက်မှာမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတရားဝင်အသိပေးဆိုထားပါတယ်။


"မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေ သန့်ရှင်းမှုမရှိ၍ အကျဉ်းထောင်တွင်းပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။အကျဉ်းထောင်အတွင်း ရေသန့်စက်တပ်ဆင်ထားသော်လည်း စက်မှာ မကြာခဏပျက်သည့်အပြင် ရေညှိများမကြာခဏတက်လေ့ရှိပြီးသောက်ရေသန့် သောက်သုံးချင်သူများအနေဖြင့် အကျဉ်းထောင်မှ ရောင်းချသော သောက်ရေသန့်ဘူးများကို မြန်မာငွေ(၁၅၀၀)ကျပ်အထိ ဈေးကြီးပေးဝယ်သောက်နေရကြောင်း စီစစ်တွေ့ရှိရပါတယ်။ရေသန့်ဈေးကြီးတဲ့အတွက် သောက်ရေသန့်ဝယ်မသောက်နိုင်သည့် သူများမှာ ထောင်ကပေးသည့် ရေကိုသာ ကျိုချက်သောက်သုံးနေကြရပါတယ်"လို့ဆိုပါတယ်။


လက်ရှိ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေသာမက ချိုးရေများမှာလည်း မလောက်ငှ၍ ထောင်ပြင်ပမှ ရေများကို ဝယ်ယူ၍ ချိုးကြရပြီး ရေကားတစ်စီးကို မြန်မာငွေ (၆၀,၀၀၀)ကျပ်အထိ ပေးကြရပြီး နှစ်ရက်ကို တစ်ကြိမ်ခန့် အနည်းဆုံး ဝယ်ယူကြရတယ်လို့ဖော်ပြပါတယ်။


ချိုးရေမလုံလောက်သည့်အတွက် နောက်ဆက်တွဲ ယားနာကဲ့သို့သော အရေပြားပြဿနာများလည်း ဖြစ်ပေါ်နေပြီး မိတ္ထီလာထောင်တွင် ဆရာဝန်နှင့်ထောင်ဆေးရုံမရှိသဖြင့် အကျဉ်းသား၊အကျဉ်းသူများ ခက်ခဲမှုများစွာ ရင်ဆိုင်နေရသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုများပင် လုံလောက်စွာမရရှိသည့် အခြေအနေများကို ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။


လက်ရှိ မိတ္ထီလာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသား ၅၀၀ဝန်းကျင်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။


========================


📌📌 ၄။ ဒေါ်မီမီဝင်းဘတ်ရဲ့ ရတနာပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရရှိမယ့် "To The End Point" ကမ်ပိန်းတားဂတ်လက်မှတ်စောင်ရေလိုအပ်ချက်ရှိနေသေး၍ဝိုင်းဝန်းပေးရန်တိုက်တွန်း


ဒေါ်မီမီဝင်းဘတ်ရဲ့ ရတနာပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရရှိမယ့် "To The End Point" ကမ်ပိန်းတားဂတ်လက်မှတ်စောင်ရေလိုအပ်ချက်ရှိနေသေး၍ဝိုင်းဝန်းပေးရန် အောက်တိုဘာ၂၄ရက်မှာ နွေဦးမြန်မာအသင်းက အသိပေးဆိုထားပါတယ်။


တော်လှန်ရေးကိုထောက်ပို့ရင်း ဆရာမကြီးဒေါ်မီမီဝင်းဘတ်ရဲ့ ရတနာပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရရှိမယ့် "To The End Point" ကမ်ပိန်းကို ရည်မှန်းထားတဲ့လက်မှတ်စောင်ရေမပြည့်သေးတဲ့အတွက် 31 Oct အထိရက်တိုးခွင့်ပြုပါခင်ဗျာလို့ဆိုပါတယ်။


တားဂတ်လက်မှတ်စောင်ရေ ၁၀၀၀ မှာ ၇၂၇ စောင်ထိပဲရောက်ရှိနေသေးပြီးလကုန်အမှီ အောင်မြင်စွာပြီးဆုံးနိုင်ဖို့ ကမ်ပိန်းလေးမှာဝိုင်းဝန်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ့ပင်လယ်ပြင်နဲ့ကမ်းရိုးတန်းဒေသတွေမှာ ငါးဖမ်းထွက်တာတွေ ရပ်နားထားဖို့ MOHADM သတိပေး


အောက်တိုဘာလ ၂၄ရက်


ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနေ တဲ့အတွက် မြန်မာ့ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကမ်းနီးကမ်းဝေးရေလုပ်သားတွေအနေနဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်တာ ခေတ္တရပ်နားထားသင့်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန -MOHADM က ဒီနေ့ အောက်တိုဘာ ၂၄ မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ လေဖိ အားနည်းရပ်ဝန်းဟာ ဒီနေ့မနက်ပိုင်းမှာ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ 

အဲဒီ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဟာ မနက်ဖန် အောက်တိုဘာ ၂၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေ မြောက်ပိုင်းကို တနာရီ ၆၅ မိုင်ကနေ ၇၅ မိုင်ခန့်နဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 


ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားတာမဟုတ်ပေမယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတမ်း တလျောက် လှိုုင်းကြီးရာက အလွန်လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းဟာလည်း တနာရီကို ၂၅ မိုင်ကနေ မိုင် ၄ဝ ခန့်အထိ တိုက်ခတ်နိုင်တဲ့အတွက် ကမ်းနီးကမ်းဝေးရေလုပ်သားတွေအနေနဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်တာ ခေတ္တရပ်နားထားဖို့ MOHADM အကြံပြုထားတာဖြစ်ပါတယ်။

မုန်တိုင်းဟာ အိန္ဒိယနိုင်ငံကမ်းခြေဘက် ပိုမိုနီးကပ်စွာရွေ့လျားသွားတဲ့အတွက် မြန်မာနိုင်ငံ ဒေသအတော်များများမှာ မိုးရွာ သွန်းမှု သိသိသာသာ ပြန်လည်လျော့ကျသွားနိုင်ပေမယ့် ဒီနေ့အောက်တိုဘာ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေရ


အောက်တိုဘာလ ၂၄ရက်


ရှမ်းတောင် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပင်လောင်းမြို့နယ် နန်းပါမူနဲ့ ပင်စုံစတဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ် လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြပါတယ်။ 

ပင်လောင်းမြို့နယ်မှာ စစ်ကောစီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNO နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလို့ မြေပြင်အခြေအနေသိရှိသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်က ပင်လောင်းမြို့နယ် ဆောင်လန်ကျေးရွာက လှေဆိပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် ဆောင်လန်၊ မိုင်းဖြတ်နဲ့ လွယ်ဖွီးကျေးရွာက ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ်တလျှောက်မှာရှိတဲ့ မိုင်းဖြတ်၊ လွယ်ဖွီး၊ မိုးဦးကျေးရွာတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်နဲ့ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်တွေက ဝါးလီ၊ တင်းထက်၊ တောင်ဗာရွာတို့မှာ တပ်စွဲထား တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အောက်တိုဘာလအတွင်းမှာပဲ ပင်လောင်းမြို့နယ်ထဲက ကျေးရွာ ၁၃ ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။


တိုက်ပွဲတွေကြောင့် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တင်မကဘဲ အင်းလေးဒေသတောင်ပိုင်း စံကားကျေးရွာအုပ်စုကဒေသခံတွေ လည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


ပင်လောင်းမြို့ပေါ်မှာ စစ်ရှောင် တထောင်ဝန်းကျင်ရှိနေပြီး မြို့အနီးက ကျေးရွာတွေမှာလည်း စစ်ရှောင်တွေရှိနေကာ စားဝတ်နေရေးအတွက် ဆန်၊ ဆီ၊ ဆား စတာတွေ အဓိကလိုအပ်နေတယ်လို့ စစ်ရှောင်သူတွေက ပြောပါတယ်။


လက်ရှိမှာ ဆီဆိုင် - ပင်လောင်း - ဖယ်ခုံလမ်းပိုင်းကို ပိတ်ထားတဲ့အတွက် ဒေသခံတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ KIA ထံ လက်နက်ချ အလင်းဝင်


အောက်တိုဘာလ ၂၄ရက်


ကချင်ပြည်နယ် ကန်ပိုက်တီမြို့နဲ့ ပန်ဝါမြို့ကြားမှာရှိတဲ့ တမူခုန်း (Tamu Hkung) ရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ လက်နက်အပြည့်အစုံနဲ့ ကချင်လွတ်လပ်ရေးတပ်တော် KIA ထံ လက်နက်ချအလင်းဝင်လာတယ်လို့ ဒေသတွင်းသတင်း တွေက ဆိုပါတယ်။

တမူခုန်း (Tamu Hkung) ရွာက ပြည်သူ့စစ်တပ်ဖွဲ့က တမူခုန်းပြည်သူ့စစ်ဗိုလ်ဦးဆောင်ပြီး မနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မှာ လက်နက်အပြည့်အစုံနဲ့ KIA ထံ လက်နက်ချ အလင်းဝင်လာခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကား ပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ 7 Stars News ကဖော်ပြပါတယ်။

ပန်ဝါမြို့ကို KIA စစ်ကြောင်းတွေ ဝင်ရောက်လာချိန်မှာ တမူခုန်းရွာကထွက်ပြေး တိမ်းရှောင်သွားခဲ့ကြပြီး ပန်ဝါကို KIA တပ် သိမ်းပြီးချိန်မှာ ရွာကိုပြန်လာကာ လက်နက်တွေနဲ့အတူ အလင်းဝင်လိုက်ကြတာလို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA PDF AA နဲ့ ဂေါ်ရခါးတပ်တွေပါဝင်တဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၈ ရက်နေ့ညပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပေါင်း ၅၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တာရှိပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေဟာ ကန်ပိုက်တီမြို့အနီးက နယ်ခြားစောင့်တပ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိမှာ နယ်ခြားစောင့်တပ် ၁၀၀၃ တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး တပ်ရင်းဌာနချုပ် ဆက်လက်တိုက်ခိုက်နေတာကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ အောက်တိုဘာ  ၂၀ ရက်နေ့ ကစပြီး ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ KNDF တပ်ရင်း- နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအတွက်ပြင်ဆင်


အောက်တိုဘာ၂၄ရက်


ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့ကို အခြေပြုလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် - က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်းအမှတ်- နယ်မြေလုံခြုံရေးနှင့် စစ်ရေးပြင်ဆင်နေမှုပုံရိပ်များဆိုပြီး KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေးက အောက်တိုဘာ ၂၃ ညနေပိုင်းမှာ အသိပေးလိုက်တာဖြစ်ပါတယ်။

ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေက လွိုင်ကော်မြို့မှာရှိတဲ့ ထောက်ပံ့ရေးတပ် ထပရ-၇၂၂ ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာရှိခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် KNDF ဘက်ကတော့ တရားဝင်ထုတ် ပြန်တာမရှိသေးတဲ့အတွက် ခြေလုံလက်လုံ လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ 

ဒါ့အပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာအမှတ်- ကို တပ်ရင်းအမျတ် ၂၉ ၃ဝ တို့နဲ့ ဇွန်လ ကတည်းက တိုးချဲ့ဖွဲ့စည်းထားတာလည်းရှိပါတယ်။ 

သက်ဆိုင်ရာတပ်ဖွဲ့တွေ တပ်ရင်းအလိုက် စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ပင်လောင်းဘက်မှာ တပ်ရင်းအချို့တိုးချဲ့ ထားတာရှိ တယ်လို့လည်း ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက ဒေသတွင်းသတင်းဌာနအချို့ကို အတည်ပြုထားပါတယ်။

စစ်ကောင်စီဘက်က ဇူလိုင်ကစပြီး ကရင်နီပြည်ဘက်ကို ထိုးစစ်ဆင်နေတာကြောင့် လွိင်ကော်- ဒီးမော့ဆိုလမ်းမကြီးကို အသုံးမပြုကြသေးဖို့ KNDF တပ်ရင်း က သတိပေးထားပါတယ်။ 

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့တွေဟာ ပင်လောင်းမြို့နယ်ဘက်ကနေ ဖယ်ခုံဘက်ကို စစ်ကြောင်း ခုနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေနေ့စဥ်နီးပါးဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဘုတလင်ဒေသတွင် စစ်ကောင်စီ၏ ဓားစာခံလုပ်ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၂ဦးအထိရှိလာပြီ ဖြစ်ပြီး မီးရှို့ခံရသည့် အိမ်နှင့် ကျောင်းအရေအတွက် ၃၈၀ကျော်ထိရှိလာ


အောက်တိုဘာ၂၄ရက်


ဘုတလင်ဒေသတွင် စစ်ကောင်စီ၏ ဓားစာခံလုပ်ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၂ဦးအထိရှိလာပြီ ဖြစ်ပြီး မီးရှို့ခံရသည့် အိမ်နှင့် ကျောင်းအရေအတွက် ၃၈၀ကျော်ထိရှိလာတယ်လို့ အောက်တိုဘာလအတွင်းမှာ ကျောင်းသားလက်ရုံးတပ်တော်SAFက အတည်ပြုထုတ်ပြန်ပါတယ်။


ဘုတလင်ဒေသတွင် စစ်ကောင်စီ၏ ဓားစာခံလုပ်ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၂ဦးအထိရှိလာပြီ ဖြစ်ပြီး မီးရှို့ခံရသည့် အိမ်နှင့် ကျောင်းအရေအတွက် ၃၈၀ကျော်ထိရှိလာပြီဖြစ်ပါတယ်။ခန့်မှန်းအင်အား (၁၀၀)ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှထွက်ရှိလားပြီး အောက်တိုဘာလ ၆ရက်နေ့တွင် ဘုတလင်နယ်မြေအတွင်း၌ စစ်ကြောင်းထိုး၍ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည်  နီးစပ်ရာ ရွာများမှ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာကိုမီးရှို့ခြင်းများကို ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ (၁၂)ရက်နေ့တွင် ဘုတလင်မြို့တွင်းရှိ ဈေးဆိုင်အိမ်တအိမ်တွင် နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် ပြည်သူ () ဦးကို သတ်ဖြတ်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။


အောက်တိုဘာလ ၁၂ရက်နေ့တွင်  ငပယင်းရွာအား လေကြောင်းတိုက်ခိုက်မှု () ကြိမ်ပြုလုပ်ခဲ့သည့်အပြင် အောက်တိုဘာလ ၁၃ရက်နေ့တွင်ဘုတလင်မြို့နှင့် မြောက်ကျီရွာတွင် ပြည်သူ () ဦးကို ထပ်မံသတ်ဖြတ်ခဲ့သည့်အပြင် စီပါရွာမှ ပြည်သူ (၁၀) ဦးကို ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ စီပါရွာကို မီးရှို့ဖျက်စီးခဲ့ပါတယ်။


အောက်တိုဘာလ ၁၇ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) တွင် စီပါရွာ၌ အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်၍ ခေါင်းဖြတ်ခြင်း၊ ခြေလက်များဖြတ်ခြင်း၊ အရေခွံစုတ်ခြင်း၊ အမျိုးသားလိင်အင်္ဂါကိုဖြတ်၍ အမျိုးသမီးရုပ်အလောင်း၏ ပါးစပ်တွင်းထည့်ထားခြင်းများ ပြုလုပ်ပြီး အဆိုပါရုပ်အလောင်းများကို ထန်းလက်ကာ ခြံစည်းရိုးတွင် စိုက်ထူထားခြင်းများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အောက်တိုဘာလ ၁၈ ရက်နေ့တွင် ညောင်ကန်ရွာအား လေကြောင်းမှ () ကြိမ်၊ ဟော်ဝေဇာဖြင့် () ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောက်တိုဘာလ ၂၀ ရက်နေ့တွင် သခွတ္တနယ်ရွာနှင့် ဂွေးပင်ကျင်းရွာအား လေကြောင်းတိုက်ခိုက်မှု () ကြိမ် ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် စိုင်ပြင်လေးရွာကို မီးရှို့ဖျက်စီးခဲ့ပါတယ်။


လက်ရှိတွင် ရရှိထားသော စာရင်းများအရ အပြစ်မဲ့ပြည်သူ ၂၂ဦးကို သတ်ဖြတ်ထားပြီး ၅၀ဦးခန့် ဖမ်းဆီးထားသည့်အပြင်  တက်လှိုင်း၊စီပါ၊ ကျွဲသေချောင်း၊ ဆည်ဝရွာသစ်၊ ဆည်ဝရွာဟောင်း၊ အိုင်ပေါင်းချောင်၊ စိုင်ပြင်လေးရွာများရှိ အိမ်နှင့် ကျောင်းများကို ဆက်တိုက်မီးရှို့ဖျက်စီးလျက်ရှိပါတယ်။


========================


🚩🚩 ၅။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရဲ့ သတင်းအချက်လက်တွေကို ဆက်သွယ်အတည်ပြုပြီးမှထုတ်ပြန်ဖို့ တိုက်တွန်း  


အောက်တိုဘာ၂၄ရက်


ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရဲ့ သတင်းအချက်လက်တွေကို တပ်ဖွဲ့ရဲ့တရားဝင်စာမျက်နှာနဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်အတည်ပြုပြီးမှ ထုတ်ပြန်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ 

သတင်းအချက်ထုတ်ပြန်တာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- က မနေ့ အောက်တိုဘာ ၂၃ ရက် မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး အသိပေးတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

မီဒီယာများနဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရဲ့ စစ်ရေးလှုပ်ရှားမှု သတင်း အချက်အလက်တွေကို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံ ဆက်သွယ် အတည်ပြုပြီးမှ ကြေညာကြဖို့ တိုက်တွန်းလိုက်တာ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရဲ့ စစ်ရေးသတင်းလှုပ်ရှားမှုများနဲ့ သတင်းထုတ်ပြန်ချက်တွေကို တပ်ဖွဲ့ရဲ့ တရားဝင်စာမျက်နှာများ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတို့က တရားဝင်ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခြားရင်းမြစ်တွေကတဆင့် ထုတ်ပြန်တဲ့ တပ်ဖွဲ့နဲ့သက်ဆိုင်တဲ့ ဘယ်သတင်းအချက်အလက်ကိုမဆို တပ်ဖွဲ့ အနေနဲ့ တာဝန်ခံ၊တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်များ၊ ပြည်သူလူထုများသို့ အသိပေးလှုပ်ရှားမှုများနဲ့ တပ်ဖွဲ့ရဲ့ သဘောထားတွေကို ပြည်သူ့ဆက်ဆံရေးအဖွဲ့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်အစည်းအဝေးကျင်းပ


အောက်တိုဘာလ ၂၄ရက်

 

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ- ဖားအံခရိုင် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကို  အောက်တိုဘာ ၁၉ ရက်နေ့က ပိတခကျေးရွာမှာ ကျင်းပခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။


ဒါဟာ ဖားအံခရိုင်မှာ ဒုတိယအကြိမ်‌မြောက်ကျင်းပခဲ့တဲ့ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်အပြီးမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးလို့ နားလည်ရပါတယ်။

  

အခမ်းအနားမှာ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ်  ဆုတောင်းပွဲအပါအဝင် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးရဲ့ ရှေ့လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်မှုနဲ့ တနှစ်တာ လှုပ်ရှားဆောင်ရွက်မှုတွေဆွေးနွေးခဲ့ပြီး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လူငယ်ကိုယ်စားလှယ်တို့က  သုံးသပ်အကြံပြုတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။


နှစ်ကုန်အစည်းအဝေးမှာ ကရင်လူငယ်အစည်းအရုံး-ဗဟိုက တွဲဖက်အတွင်းရေးမှူး- စောအယ်ထီးကော်၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောဝင်းမိုး၊ ပိုင်ကျုံမြို့နယ် တွဲဖက်အတွင်းရေးမှူး ပဒိုစောပုလူ၊ တရားသူကြီး ပဒိုမန်းစံရွှေမြင့်၊ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး အကြံပေးပုဂ္ဂိုလ် ဗိုလ်ကြီးစောပိလေးနဲ့ ပဒိုနန်းကျင်စိန်တို့က အားပေးစကားနဲ့ လမ်းညွှန်စကား ပြောကြားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

 

ဒီအစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး-ဗဟိုက ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်း ကော်မတီက ဆရာမ နော်အယ်ဖေါဝါး၊ ပိုင်ကျုံမြို့နယ် ရုံးထိုင်မှူး ပဒိုနော်အယ်နေပါသနူးစိုးမူး၊ မြို့နယ် ကရင်လူငယ်အစည်း အရုံးနှင့် ကရင်အမျိုးသမီးအစည်းအရုံး၊ ကျေးနယ် ကရင်လူငယ်အစည်းအရုံး အလုပ်အမှုဆောင်ကော်မတီဝင်များ၊ လူငယ် ကိုယ်စားလှယ်များ၊ ကျေးနယ်ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ ၂၅၀ ခန့် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment