24th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေး ဗဟိုကော်မတီ မှတ်ပုံတင်ခွင့် ပြု

📌 ၃။ အာဆီယံကအကြမ်းဖက်စစ်အုပ်စုအား အစည်းအဝေးများ လက်ခံကျင်းပစေခြင်း၊ တက်ရောက်ခွင့်ပေးနေခြင်းများကို ရပ်တန့်ရမှာ ဖြစ်ပြီး ဆက်ဆံရေးအားလုံးကို ဖြတ်တောက် အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ဆို

📌 ၄။ SDB Airdrop Project ရဲ့ beta version ကို စတင်မိတ်ဆက်ပြီးတဲ့နောက်ပိုင်း ကစားသူပေါင်း တစ်သောင်းကျော် ရှိခဲ့

📌 ၅။ Airbus to Airstrikes Campaign ကို အောက်တိုဘာလ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ လှုပ်ရှားမှာဖြစ်ပြီး ပြည်သူလူထုများ ပူးပေါင်းပါဝင်နိုင်

📌 ၆။ ညောင်လေးပင်ခရိုင်အတွင်း   ခရိုင်တာဝန်ရှိသူများနှင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့မှ ဒုက္ခရောက်ပြည်သူလူထုများထံသို့ သွားရောက်ထောက်ပံ့ကူညီ

📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် တစ်နှစ်ခွဲအရွယ် ယောကျ်ားလေး တစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၀) ဦးနှင့် ယောကျ်ားလေး (၁၀) ဦး စုစုပေါင်း (၂၀) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

🚩 ၂။ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း

🚩 ၃။ မြင်းမူတွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုကို တော်လှန်ရေး အင်အားစုများ တိုက်ခိုက်ခဲ့

🚩 ၄။ ဆားတောင်ရဲစခန်းအတွင်း ပြုလုပ်နေတဲ့ စစ်သား မင်္ဂလာဆောင် တိုက်ခိုက်ခံရပြီး ၁၆ ဦး ဒဏ်ရာရ

🚩 ၅။ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၁၀ တန်းကျောင်းသူ ဦး အပါအဝင် ပြည်သူ ဦး သေဆုံး

🚩 ၆။ လေကြောင်းတိုက်ခိုက်ခံရတဲ့ အိုင်းမရွာအနီး မပေါက်ကွဲသေးတဲ့ ရော့ကတ်ထိပ်ဖူးများ ကျန်ရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာ  ၂၃ 

Radio NUG


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို အောက်တိုဘာလ ၂၃ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို အောက်တိုဘာလ ၂၃ရက် နေ့လယ်(:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေး ဗဟိုကော်မတီ မှတ်ပုံတင်ခွင့် ပြု


အောက်တိုဘာ၂၃ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေး ဗဟိုကော်မတီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဥပဒေ ပညာရှင်များသုတေသနအဖွဲ့ (MLPRA) အား မှတ်ပုံတင်အမှတ် (NGO-039/24/10) ဖြင့် မှတ်ပုံတင်ခွင့် ပြုလိုက်ပါတယ်လို့ မြန်မာနိုင်ငံဥပဒေ ပညာရှင်များသုတေသနအဖွဲ့က တရားဝင် အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အရပ်ဘက်အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသင်းအဖွဲ့များ၏ အခွင့်အရေးများကို အားပေးထောက်ခံသည့်အတွက် ကျေးဇူးအထူးတင်ရှိတယ်လို့ မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့က ဖော်ပြပါတယ်။


မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) က ထုတ်ပြန်သည့် ဥပဒေ၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အဖွဲ့အစည်း၏ အဓိက ရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးကာလ တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ပံ့ပိုးကူညီသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ အာဆီယံကအကြမ်းဖက်စစ်အုပ်စုအား အစည်းအဝေးများ လက်ခံကျင်းပစေခြင်း၊ တက်ရောက်ခွင့်ပေးနေခြင်းများကို ရပ်တန့်ရမှာ ဖြစ်ပြီး ဆက်ဆံရေးအားလုံးကို ဖြတ်တောက် အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ဆို


အောက်တိုဘာ၂၃ရက်

Radio NUG

အာဆီယံကအကြမ်းဖက်စစ်အုပ်စုအား အစည်းအဝေးများ လက်ခံကျင်းပစေခြင်း၊ တက်ရောက်ခွင့်ပေးနေခြင်းများကို ရပ်တန့်ရမှာဖြစ်ပြီး ဆက်ဆံရေးအားလုံးကို ဖြတ်တောက် အဆုံးသတ်ရမှာ ဖြစ်တယ်လို့ အောက်တိုဘာ၂၃ရက် Defend Myanmar Democracy က အသိပေးဖော်ပြပါတယ်။


ယခုလအတွင်း အာဆီယံက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အာဆီယံ အစည်းအဝေး ၁၉ ခုကို စီစဉ်ထားရှိပါတယ် ။သို့သော် အာဆီယံ စွမ်းအင်ဆိုင်ရာအစည်းအဝေး (ASCOPE) ကို မလေးရှားနိုင်ငံတွင် ကျင်းပရန် အစားထိုး ပြောင်းရွှေ့ခဲ့ပါတယ်။ ASCOPE မှန်ကန်သော လုပ်ရပ်ကောင်း တစ်ခု ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


အာဆီယံဟာ အကြမ်းဖက်စစ်အုပ်စုအား အစည်းအဝေးများ လက်ခံကျင်းပစေခြင်း၊ တက်ရောက်ခွင့်ပေးနေခြင်းများကို ရပ်တန့်ရမှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက် အဆုံးသတ်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၄။ SDB Airdrop Project ရဲ့ beta version ကို စတင်မိတ်ဆက်ပြီးတဲ့နောက်ပိုင်း ကစားသူပေါင်း တစ်သောင်းကျော် ရှိခဲ့


အောက်တိုဘာ၂၃ရက်

Radio NUG

SDB Airdrop Project ရဲ့ beta version ကို စတင်မိတ်ဆက်ပြီးတဲ့နောက်ပိုင်း ကစားသူပေါင်း တစ်သောင်းကျော် ရှိခဲ့တယ်လို့ အောက်တိုဘာ၂၃ရက် နွေဦးဖွံဖြိုးရေးဘဏ်SDBက ဖော်ပြပါတယ်။


"SDB Airdrop Project ရဲ့ beta version ကို စတင်မိတ်ဆက်ပြီး လွန်ခဲ့တဲ့  ၂၄ နာရီအတွင်းမှာ ကစားသူပေါင်း တစ်သောင်းကျော် ရှိခဲ့ပြီဖြစ်ပါတယ်။ ပါဝါရူးဝက်ဝံတွေကို ဝိုင်းတုပ်လွှတ်ဖို့ဆိုရင် အားလုံးစုစည်းနေရင် ဘာမှမဖြစ်တာမို့ ငါတို့ ပုန်ကန်ပျားတွေရဲ့ အင်အားကို ထပ်ပြီး စုစည်းဖိတ်ခေါ်ကြမယ်နော်။"လို့ဆိုပါတယ်။


SDB Airdrop gameကို ဆော့ဖို့  နွေဦးဘဏ် အကောင့် UID Telegram အကောင့် ရှိရမှာဖြစ်ပါတယ်။


SDB Airdrop ကိုနေ့စဉ် telegram mini app ဝင်ကစားရုံနဲ့ လက်ငင်းရရှိနိုင်တဲ့ လက်ဆောင်များကို ပိုင်ဆိုင်နိုင်တဲ့အပြင် နွေဦးဘဏ်ရှယ်ယာရှင်ဖြစ်ခွင့်ကလည်း စောင့်ကြိုနေမှာဖြစ်ပါတယ်။


========================


📌📌 ၅။ Airbus to Airstrikes Campaign ကို အောက်တိုဘာလ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ လှုပ်ရှားမှာဖြစ်ပြီး ပြည်သူလူထုများ ပူးပေါင်းပါဝင်နိုင်


အောက်တိုဘာ၂၃ရက်

Radio NUG

Airbus to Airstrikes Campaign ကို အောက်တိုဘာလ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ လှုပ်ရှားမှာဖြစ်ပြီး ပြည်သူလူထုများ ပူးပေါင်းပါဝင်နိုင်တယ်လို့ အောက်တိုဘာ၂၃ရက် Blood Money Campaign MMက အသိပေးကြေညာပါတယ်။


"Airbus to Airstrikes Campaign ဆိုတာ Airbus ကို AVIC ထံမှာ ရင်းနှီးမြှုပ်နှံမှု ဆက်မလုပ်တော့အောင် ဖိအားပေး တိုက်တွန်းကြမယ့် လှုပ်ရှားမှုဖြစ်ပါတယ်။ AVICက မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆုံးသတ်စေဖို့ (သို့မဟုတ်)  AVIC ထံမှာ ရင်းနှီးမြှုပ်နှံတာတွေ ဆက်မလုပ်တော့ဖို့ ကျွန်တော်တို့ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ တောင်းဆိုလိုက်ကြရအောင်ပါ။ Campaign ကာလကတော့ အောက်တိုဘာလ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ  ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ဥရောပရဲ့အကြီးဆုံး လေကြောင်းကုမ္ပဏီဖြစ်တဲ့ Airbus ဟာ အကြမ်းဖက် စစ်အုပ်စု လေယာဥ်၀ယ်နေတဲ့ တရုတ်အစိုးရပိုင် လေကြောင်းကုမ္ပဏီ AVIC ရဲ့အရေးကြီးဆုံး နဲ့ ဒုတိယမြောက် အများဆုံး  ရှယ်ယာရှင် ဖြစ်ပါတယ်။


ပြည်သူတွေပါ၀င်နိုင်မယ့် လှုပ်ရှားမှုအနေနဲ့ကတော့ Comment Campaign  (ကော့မန့် ကမ်ပိန်း) Public Letter Sending နဲ့ (ပြည်သူလူထု ပေးပို့စာ ကမ်ပိန်း) Photo Campaign (ဓါတ်ပုံ ကမ်ပိန်း) တို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ညောင်လေးပင်ခရိုင်အတွင်း   ခရိုင်တာဝန်ရှိသူများနှင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့မှ ဒုက္ခရောက်ပြည်သူလူထုများထံသို့ သွားရောက်ထောက်ပံ့ကူညီ


အောက်တိုဘာ ၂၃ 

Radio NUG


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်တွင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (CIDKP)မှ ဗဟို၊ခရိုင်တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး အောက်တိုဘာ(၁၁)ရက်နေ့တွင်  မြို့နယ်()ခုအတွင်း  ကျေးရွာပေါင်း  (၂၉)ရွာ ရှိ အိမ်ခြေ (,၀၉၃)လုံး မှ စုစုပေါင်းလူဦးရေ(၁၆,၁၁၂)ဦးအား မြန်မာကျပ်ငွေ (၇၅၉,၉၆၄,၀၀၀)ကျပ် သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ မြို့နယ်()ခုအတွင်း  ပြီးခဲ့သည့်စက်တင်ဘာလမှ ယနေ့အချိန်ထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့လက်နက်ကြီးနှင့်ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များရင်ဆိုင်ကြိုတွေ့နေရခြင်းတို့ကြောင့် စားဝတ်နေရေးအကျပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ကြိုတွေ့နေရပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် တစ်နှစ်ခွဲအရွယ် ယောကျ်ားလေး တစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၀) ဦးနှင့် ယောကျ်ားလေး (၁၀) ဦး စုစုပေါင်း (၂၀) ဦး သေဆုံးခဲ့


အောက်တိုဘာ၂၃ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့မှ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် တစ်နှစ်ခွဲအရွယ် ယောကျ်ားလေး တစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၀) ဦးနှင့် ယောကျ်ားလေး (၁၀) ဦး စုစုပေါင်း (၂၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၂၀) ဦးအနက် (၁၃) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး () ဦးမှာ စစ်အုပ်စု၏လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့၍ ကျန်()ဦးမှာ စစ်အုပ်စုမှ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရကာ စစ်ကိုင်းတိုင်းမှာ ကလေး () ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်တယ်လို့ဆိုပါတယ်။


အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အင်အား ၂၅ ဦးခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊  ဗန္ဓုလရပ်ကွက်ရှိ ကုန်စုံဆိုင်တဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးဖိုးကြားကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို ပစ်ခတ်၍ သော်လည်းကောင်း၊ ၎င်း၏ဇနီး ဒေါ်မာသင်းကိုလည်း ဦးခေါင်း ပစ်ခတ်၍ လည်းကောင်း၊ ၎င်းတို့၏ သမီး မခင်မိုးသဲဦး၊ သား မောင်ရွှေဖြိုးအောင်နှင့် ၎င်းတို့၏ တူမများဖြစ်သော မထက်ထက်အောင်နှင့် မမေပျိုပျိုတို့၏  ဦးခေါင်းကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား ထောင်ဒဏ် (၁၀) နှစ်ချမှတ်


အောက်တိုဘာ ၂၃ 

Radio NUG


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း () တပ်ခွဲ() - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် () လင်းစေ က ပစ်သတ်ခဲ့ကြောင်း အကျဉ်းစစ်တရားရုံးချုပ် အမှတ် (/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရပေါ်ပေါက်သဖြင့် တရားခံကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ နာရီခွဲခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော် ပြည့်ထွန်းနိုင် က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင်း ဖြစ်ပါတယ်။


အဆိုပါအမှုကို စစ်ဆေးကြားနာရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) ဖြင့် အကျဉ်းစစ်တရားရုံးချုပ်အမှတ် (/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တရားခံ ရဲဘော်ပြည့်ထွန်းနိုင် () လင်းစေသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ () အရ  အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ကျခံစေရန် နှင့် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် - ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တစ်ရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသလို တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့် တရားစီရင်မှုများ (fair trial) လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း


အောက်တိုဘာ ၂၃ 

Radio NUG


အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊  ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Armyမှ သတင်းထုတ်ပြန်ပါတယ်။


ထို့သို့ တိုက်ခိုက်ခြင်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ် အနိုင်ကျင့်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၃။ မြင်းမူတွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုကို တော်လှန်ရေး အင်အားစုများ တိုက်ခိုက်ခဲ့


အောက်တိုဘာ ၂၃၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားလျက်ရှိတဲ့ စစ်ရေးပစ်မှတ် နေရာ ခုကို တော်လှန်ရေး အင်အားစုများက စစ်ကြောင်း နှစ်ကြောင်းခွဲကာ ချီတက်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်၊ အမှတ် -  ၁၂ တပ်ရင်း၊ တပ်ခွဲ - က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၂ ရက် နေ့လည် နာရီခန့်မှာ မြောင်-မြင်းမူ-ချောင်းဦး လမ်းဆုံ‌မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများအား တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ၊ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ခရီးသွား ပြည်သူများကို အတင်း အဓ္ဓမ ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီ တပ်များအား Fixed wings drone ၁၀ စီး Multi rotor drone စီးဖြင့် တိုက်ခိုက်ခဲ့ ပါသေးတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။


ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။


ယခု စစ်ဆင်ရေးကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် - ၁၂ တပ်ရင်း၊ တပ်ခွဲ - ) စစ်ကိုင်းခရိုင် တပ်ရင်း (/ / ) ရေနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျားခင်စိန်အဖွဲ့ (‌မြောင်) နဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဆားတောင်ရဲစခန်းအတွင်း ပြုလုပ်နေတဲ့ စစ်သား မင်္ဂလာဆောင် တိုက်ခိုက်ခံရပြီး ၁၆ ဦး ဒဏ်ရာရ


အောက်တိုဘာ ၂၃

Radio NUG


စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းတွင် စစ်သားတဦး မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး သတို့သား အပါအဝင် ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကြောင်လက်သည်း တပ်ဖွဲ့ထံက သိရပါတယ်။


အောက်တိုဘာလ ၂၂ ရက် မနက် နာရီ ခွဲအချိန်မှာ စစ်ကောင်စီ တပ်သား တဦးနှင့် သစ်ငုတ်တို ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန်မှာ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သတို့သား အပါအဝင် ၁၆ ဦး ဒဏ်ရာရခဲ့ပြီး သတို့သား ဖြစ်သူမှာ နံရိုး ပွင့်ထွက်ခဲ့ကာ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့၊ ဥပဒေ မီးတောက်တပ်ဖွဲ့၊ ဇာမဏီ တပ်ဖွဲ့၊ Phoenix တပ်ဖွဲ့ နဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၁၀ တန်းကျောင်းသူ ဦး အပါအဝင် ပြည်သူ ဦး သေဆုံး


အောက်တိုဘာ ၂၃ 

Radio NUG 


အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ နာရီ ၂၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖွားအို ဦးနှင့် အသက် ၁၅ နှစ်ဝန်းကျင် အရွယ် ၁၀ တန်းကျောင်းသူ ဦး တို့ ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ ၂၀ ကျော်၊ ၃၀ ကျော်အရွယ် လူငယ် ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရပါတယ်။


လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် လုံး ပျက်စီးခဲ့ပြီး နွား ကောင်၊ သိုး ကောာင်နှင့် ဝက်တစ်ကောင် သေဆုံးခဲ့ကာ ဆေးကုသမှု ခံယူနေရသူ ဦးမှာ စိုးရိမ်စရာ မရှိတော့ကြောင်း သိရပါတယ်။


ပထမဆုံး လေယာဉ်က ငမျှောင်တောင်ရွာအနီး ဘုရားကြီးနားကို ဗုံး လုံး ကျဲချခဲ့ပြီး အဲဒီနေရာက ရွာနဲ့ ဝေးတော့ ပြည်သူထိခိုက်မှု မရှိဘဲ နောက်တစ်စီးက ဇရပ်ကုန်းရွာအရှေ့ပိုင်း ဒေါ်သန်းနုအိမ်နဲ့  ဒေါ်ထူးအိမ်ပေါ်ကို တည့်တည့် ကျခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ လေကြောင်းတိုက်ခိုက်ခံရတဲ့ အိုင်းမရွာအနီး မပေါက်ကွဲသေးတဲ့ ရော့ကတ်ထိပ်ဖူးများ ကျန်ရှိနေ


အောက်တိုဘာ ၂၃၊ 

Radio NUG

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မကွေးတိုင်း၊ ယောနယ်၊ ထီးလင်းမြို့နယ် အိုင်းမကျေးရွာနဲ့ အနီးပတ်ဝန်းကျင် နေရာတွေမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ရော့ကတ်ထိပ်ဖူးကျည်များ ကျန်ရှိနေသေးတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။


အိုင်းမရွာရဲ့ အရှေ့မြောက်ဘက်၊ ဘုရားကုန်းရဲ့ အနောက်မြောက်ဘက်က လယ်ကွင်းပြင်တွေမှာ လေယာဉ်ကနေ ပစ်ချခဲ့တဲ့ ရော့ကတ်ထိပ်ဖူး လုံးထက်မနည်း မပေါက်ကွဲသေးဘဲ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။


ဒေသတွင်းက တော်လှန်ရေး အင်အားစု တခုကလည်း အိုင်းမရွာ အနီးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ရော့ကတ် ထိပ်ဖူးတွေ ရှိနေကြောင်း အတည်ပြုထားပြီး ကျွမ်းကျင်သူတွေ စေလွှတ်ကာ ရှင်းလင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


ထို့အပြင် မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းများ တွေ့ရှိပါက မကိုင်တွယ် မစူးစမ်းသင့်ဘဲ အမြန်ဆုံး လာရောက် သတင်းပို့ကြဖို့ အသိပေးထားပါတယ်။


အောက်တိုဘာ ၂၂ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဗုံးအကြီး လုံး၊ ရော့ကတ် ၁၂ လုံးနဲ့ ပွိုင့်ဖိုက်ကဒ်လိုက် အိုင်းမရွာ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်းနဲ့ စာသင်ကျောင်းအနီး နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


အိုင်းမရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အမျိုးသမီး တဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ဦးနဲ့ ကလေး ဦး အပါအဝင် ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ ကျွဲနွား ကောင် သေဆုံးခဲ့ပြီး နေအိမ် လုံး ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment