25th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးပို့ခဲ့

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ

📌 ၃။ သမိုင်း၀င် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက လေလံတန်ဖိုး ထပ်မံလျှော့ချပြီး လေလံပစ်ဖို့ တရားရုံးကို တောင်းဆို

📌 ၄။ မြန်မာပြည်သူ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈. သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ  လိုအပ်နေ

📌 ၅။ စစ်ကောင်စီ၏ ဓါတုလက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများကို သေချာစွာ စိစစ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

📌 ၆။ မြန်မာနိုင်ငံတွင်းက ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို IIMM ရရှိထား

📌 ၇။ နယ်စပ်ဂိတ် အားလုံးနီးပါး ပိတ်ခဲ့ပေမယ့် ဖီမော်ဂိတ်ကို ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်း ဆက်လည်ပတ်နေ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေး ဆက်လက်လုပ်ဆောင်

🚩 ၂။ အကြမ်းဖက် စစ်တပ်ရဲ့ အဓမ္မ လူသစ် စုဆောင်းမှုရည်ရွယ်ချက် မပေါက်မြောက်ဘူးလို့ ဆို

🚩 ၃။ တီးတိန်မြို့နယ်က ဘိန်းခင်း ဧက၂၀ ကျော်ကို PDF-Zoland ဖျက်ဆီး

🚩 ၄။ တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ကြိမ် ဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ဦးသေဆုံး၊ PDF ၃ဦး ကျဆုံး

🚩 ၅။ ကနီရွာ ဘော်ဘင်တိုက်မှ ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

🚩 ၆။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ

🚩 ၇။ ထီးလင်းမှ ပျူစောထီး တဦး ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်းထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးပို့ခဲ့


အောက်တိုဘာ၂၄ရက်

Radio NUG

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၄ခုနှစ် အောက်တိုဘာလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့် ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ .၈သန်းအား ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့တွင် ၂၈ကြိမ်မြောက်  ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရNUGသည် ONE DAY CHALLENGE မင်ဘာဝင်များ၏ လစဉ် ထည့်ဝင်ငွေအား အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ခါ အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ခါ ယာယီသမ္မတကြီး၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း စသည်ဖြင့် ONE DAY CHALLENGE မင်ဘာဝင်များအား ဂုဏ်ပြုလျှက်ရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ


 အောက်တိုဘာ ၂၄ ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၉/၂၀၂၄) ကို အောက်တိုဘာ ၂၄ရက် မနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။


 "အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘုတလင်အပါအဝင် နိုင်ငံအနှံ့က ကျေးရွာတော်တော် များများကို လက်လွတ်စပယ် ဝင်ရောက်မီးရှို့တာ၊ ပြည်သူတွေကို ရက်ရက်စက်စက် အပိုင်းပိုင်း ဖြတ်တောက်ပြီး အကြောက်တရားတွေဝင်အောင် အမျိုးမျိုး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဒီရက်တွေမှာ ပိုမိုကြားလာရပါကြောင်း။ ဒီအတွက် တာဝန်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုက လူတွေ တစ်ဦး တစ်ယောက်မှ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ထုတ်ရာမှာ လွတ်မြောက်မှု မရှိစေဖို့အတွက် ကြိုးပမ်းကြရမှာဖြစ်သလို ယခုလတ်တလော အခြေအနေမှာလည်း နယ်မြေ လုံခြုံရေးအတွက် ကျွန်တော်တို့ ပိုမိုကြိုးပမ်းအားထုတ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါကြောင်း"ဝန်ကြီးချုပ်က ပြောပါတယ်။


ဒါ့အပြင့် အသက်ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်ကိုလည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေလုပ်ဆောင်ပေးဖို့နဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ကျုးလွန်တာတွေကိုလည်း မှတ်တမ်းမှတ်ရာ၊ ထွက်ဆိုချက်များနဲ့တကွ သေချာစွာပြုစုပြီး နိုင်ငံတကာကသိအောင် ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့ကိုလည်း ဝန်ကြီးချုပ်က ပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၈/၂၀၂၄)တွင်ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ သမိုင်း၀င် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက လေလံတန်ဖိုး ထပ်မံလျှော့ချပြီး လေလံပစ်ဖို့ တရားရုံးကို တောင်းဆို


အောက်တိုဘာ ၂၄ 

Radio NUG 


ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ နှစ်ကြိမ်တိုင်တိုင် လေလံပစ်ပြီး လေလံဆွဲမယ့်သူ မရှိတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် (၅၄/၅၆) သမိုင်း၀င် နေအိမ်ကို လေလံတန်ဖိုး ၁၀ ဘီလီယံ လျှော့ချပြီး လေလံပစ်ဖို့ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်တာ်လို့ သိရပါတယ်။


မိခင် ဒေါ်ခင်ကြည် အမည်ပေါက်နေအိမ်ကို ရောင်းချပြီး ခွဲဝေယူဖို့ ဦးအောင်ဆန်းဦးက ၂၀၀၁ ခုနှစ်မှာ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ ထောင်ဒဏ် ၃၃နှစ် ချမှတ်ထားပြီး  ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ကာ လေလံတင်ရောင်းချဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


သမိုင်း၀င် နေအိမ်ကို လေလံပစ်ရောင်းချမှုဟာ လုံး၀တရား၀င်မှု မရှိဘဲ လေလံဆွဲ၀ယ်ယူရင် ထိရောက်စွာ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မြန်မာပြည်သူ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈. သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ  လိုအပ်နေ


အောက်တိုဘာ၂၄ရက်

Radio NUG


မြန်မာပြည်သူ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈. သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေတယ်လို့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၂၁) အောက်ရှိ အထူးအခြေအနေရှိနိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ () - ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက်အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အထွေထွေမူဝါဒရေးရာဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


"ပြည်သူ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈. သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း၊ ထို့ပြင် လူပေါင်း . သန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရကြောင်း၊ အိုးအိမ်ပေါင်း ၁၀၀,၀၀၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ UNDP report အရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေရကြောင်း၊  ထို့ပြင် တိုင်ဖွန်းမုန်တိုင်း Yagi ရိုက်ခတ်မှုများသည်လည်း မြန်မာပြည်သူများ၏ လက်ရှိ စိန်ခေါ်မှုများအပေါ် ပိုမိုဆိုးရွားစေပြီး၊ အိုးအိမ်မဲ့ဖြစ်မှုများ ပိုမိုတိုးမြင့်လာကာ အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာစေကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ထိုသို့သော ခက်ခဲသော အခြေအနေတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO) နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အသက်ကယ်ထောက်ပံ့ရေး၊ လူသားချင်း စာနာထောက်ထားမှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ အပါအဝင် ပြည်သူများအား အရေးပေါ် အကူအညီများ ဆက်လက် ပံ့ပိုးပေးလျက်ရှိပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ၏ ဓါတုလက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများကို သေချာစွာ စိစစ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း


အောက်တိုဘာ၂၄ရက်

Radio NUG

စစ်ကောင်စီ၏ ဓါတုလက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများကို သေချာစွာ စိစစ်ဖို့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ အခြားအဖျက်စွမ်းအားပြင်းလက်နက်များ ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။


"မြန်မာနိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပွားရာဒေသများတွင် စစ်တပ်သည် ဓါတုပစ္စည်းများ အသုံးပြုမှုကြောင့် ထိခိုက်ခံရသည့်သူများတွင် ဒါဏ်ရာရရှိမှု၊ ယာယီမသန်စွမ်းဖြစ်မှု၊ အာရုံ ဝေဝါးမှု ခံစားကြရသည်ကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်း သက်သေ အထောက်အထားများ ရှိကြောင်း၊ စစ်ကောင်စီ၏ သဘောသဘာဝကို သိရှိပြီးဖြစ်သည့်အတိုင်း ၎င်းတို့အနေဖြင့် စာချုပ်ပါအချက်များ လိုက်နာခြင်း မရှိသည့်ကိစ္စမှာ မိမိတို့အားလုံးအတွက် အရေးကြီးပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဤကိစ္စကို အလေထား အရေးယူဆောင်ရွက်ဖို့ လိုကြောင်း"သံအမတ်ကြီးက ပြောပါတယ်။


အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓါတုလက်နက်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုလာမီ၊ ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ ဓာတုလက်နက်အသုံးပြုမှုပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ ဓါတုလက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများကို သေချာစွာ စိစစ်ပြီး၊ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းပါကြောင်းသံအမတ်ကြီးက ပြောပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံတွင်းက ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို IIMM ရရှိထား


အောက်တိုဘာ၂၄ရက်

Radio NUG

မြန်မာနိုင်ငံတွင်းက ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား ရရှိထားတယ်လို့အတည်ပြုထုတ်ပြန်ပါတယ်။


"ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို ယန္တရားက ရရှိထားပါတယ်။ ယန္တရားက နိုင်ငံတကာရာဇ၀တ်မှုခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးရှိ  ရိုဟင်ဂျာဆိုင်ရာ အမှုများ ဆောင်ရွက်နေတဲ့ တရားရေးအာဏာပိုင်တွေထံ အချက်အလက်ပေါင်း တစ်သန်းကျော်နဲ့  စိစစ်သုံးသပ်ချက် ဖိုင်ပေါင်း ၁၀၀ နီးပါးကို မျှဝေထားပါတယ်"လို့ ဆိုပါတယ်။


လုပ်ငန်းဆိုင်ရာတိုးတက်မှုများကို ယန္တရား၏ နောက်ဆုံးထုတ်သတင်းလွှာကိုလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ နယ်စပ်ဂိတ် အားလုံးနီးပါး ပိတ်ခဲ့ပေမယ့် ဖီမော်ဂိတ်ကို ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်း ဆက်လည်ပတ်နေ


အောက်တိုဘာ ၂၄၊ 

Radio NUG


ကချင်ပြည်နယ်အတွင်းက နယ်စပ်ဂိတ် အားလုံးနီးပါးကို တရုတ်နိုင်ငံက ပိတ်ချခဲ့ပေမယ့် ကချင် အထူးဒေသ () ထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ် ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ နဲ့ သံသတ္တုလုပ်ငန်းများ ဆက်လည်ပတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


KIA ထိန်းချုပ်မှုအောက်က လိုင်ဇာနဲ့ လွယ်ဂျယ်ဂိတ်တို့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ KIA က သိမ်းပိုက်ထားတဲ့ ပန်ဝါဂိတ်တို့ကို အောက်တိုဘာလ ၁၈ ရက်နေ့ ညကစပြီး တရုတ်ဘက်က ပိတ်ချခဲ့တာပါ။


ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ ကချင် အထူးဒေသ () ထိန်းချုပ်မှုအောက်က ကံပိုင်တည်ဂိတ်ကိုလည်း ပိတ်ချခဲ့ပြီး ကမ့်ဖန့်ဂိတ်နဲ့ အမှတ် () နယ်စပ် ဂိတ်တို့ကိုတော့ ကိုဗစ်ကာလထဲက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။


ဒါပေမယ့် ဖီမော်မြို့ နယ်စပ်ဂိတ်ကိုတော့ ဒီနေ့အထိ ပိတ်ထားခြင်း မရှိဘဲ တရုတ် လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ တူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်လည်ပတ်နေဆဲ ဖြစ်တယ်လို့ ဖီမော် ဒေသခံတွေရဲ့ ပြောကြားချက်အရ Kachin News Group က ဖော်ပြထားပါတယ်။


အဆိုပါ ဂိတ်တွေဟာ နယ်စပ်တလျောက်မှာ နေထိုင်တဲ့ ပြည်သူတွေ အဓိက လိုအပ်တဲ့ အခြေခံ စားသောက်ကုန် စက်သုံးဆီနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကို အဓိက တင်သွင်းတာ ဖြစ်ပါတယ်။


၂၀၂၀ ကိုဗစ်ကာလ နောက်ပိုင်းမှာ အဲ့ဒီ ဂိတ်တွေကနေ မြန်မာနိုင်ငံသားတွေကို တရုတ်နိုင်ငံထဲ လုံးဝ မပေးဝင်ဘဲ  တရုတ်ဘက်က ဈေးလာရောင်းတဲ့ သူတွေနဲ့ သတ္တု တူးဖော်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်တဲ့ သူတွေကိုသာ ဝင်ထွက်ခွင့်ပေးတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေး ဆက်လက်လုပ်ဆောင်


အောက်တိုဘာ ၂၄ 

Radio NUG 


အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က  မြို့၊ ရွာ၊ ဒေသတွေမှာ မိုင်းရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


ရက္ခိုင်ပြည်နယ်မှာ အဖက်ဖက်က ရှုံးနိမ့်နေတဲ့ စစ်ရှုံးကောင်စီသည် စခန်းချခဲ့တဲ့ နေရာတွေနဲ့ မြို့၊ ရွာတွေထဲမှာ ပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး မြေမြှုပ်မိုင်းများ ထောင်ထားခဲ့တယ်လို့ သိရပါတယ်။


အာရက္ခတပ်တော်အနေနဲ့ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲစတဲ့ မြို့နယ် ၁၁ မြို့နယ်ကို စသိမ်းချိန်ကတည်းက မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးနေသလို၊ မောင်တောအပါအဝင် ရာနှုန်းပြည့် အပြီးသတ် သိမ်းပိုက်ခါနီး မြို့နယ် မြို့၊ ရွာ၊ ဒေသတွေမှာလည်း မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက် စစ်တပ်ရဲ့ အဓမ္မ လူသစ် စုဆောင်းမှုရည်ရွယ်ချက် မပေါက်မြောက်ဘူးလို့ ဆို


အောက်တိုဘာ၂၄ရက်

Radio NUG

"အကြမ်းဖက် စစ်တပ် အနေနဲ့ လူငယ်တွေကို အဓမ္မ လူသစ် စုဆောင်းပြီး လိုအပ်လျက်ရှိတဲ့ တပ်သား အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေပေမယ့် ရည်ရွယ်ချက် မပေါက်မြောက်တာ၊ လူငယ်တွေက အခြေအနေပေးရင် ပေးသလို ပြန်လည် တိုက်ခိုက်တာ၊ တပ်သားသစ် ဖြစ်ပြီးတာတောင်မှ လက်နက်ချတာတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်" လို့ PDF Insightကဆိုပါတယ်။


ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အတင်းအဓမ္မစုဆောင်းထားတဲ့ လူငယ်ရာချီ ရှေ့တန်းပို့ခဲ့ကာ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှ တပ်သား ဆယ်ချီ သေဆုံးခဲ့ပြီး မဆွဲနိုင်ဘဲ  ကျန်ခဲ့သော ရုပ်အလောင်းမှာ ပါလာတဲ့ မှတ်ပုံတင် အချက်အလက်အရ   ၂၀၀၀ခုနှစ်ဖွားတွေ ပိုများကြောင်း ပုလော PDF က ထုတ်ပြန်ခဲ့ပါတယ်။ 


ဒါ့အပြင် မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းခံထားရတဲ့ စစ်သား () ဦး မြိတ် ပကဖ အဖွဲ့ထံ အောက်တိုဘာလအတွင်း ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ပါတယ်။


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ် (၂၇) ဦး ကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းဖို့ လှေ () စီးနဲ့ တင်ဆောင်လာစဉ် အစောင့် စစ်သား () ဦး ပဲ ပါလာတဲ့ အတွက် စစ်သား () ဦး လုံးကို လူငယ်တွေက သတ်ပြီး ထွက်ပြေးလွတ်မြောက်လာမှုဖြစ်စဉ်လည်း စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့ပါတယ်။


========================


🚩🚩 ၃။ တီးတိန်မြို့နယ်က ဘိန်းခင်း ဧက၂၀ ကျော်ကို PDF-Zoland ဖျက်ဆီး


အောက်တိုဘာ ၂၄ 

Radio NUG 


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းခင်း ဧက ၂၀ ကျော်ကို နှစ်ရက်အတွင်း ဖျက်ဆီးခဲ့တယ်လို့ PDF ZOLAND ထံမှ သိရပါတယ်။


PDF-Zoland က ဘိန်းခင်းပိုင်ရှင်တွေကို အသိပေးထားပေမယ့် အဲ့ဒီအသိပေးချက်ကို လိုက်နာဆောင်ရွက်တာမရှိလို့ အောက်တိုဘာလ ၂၂ရက်နဲ့ ၂၃ရက်နေ့က PDF-Zoland နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်တဲ့ PPF-Zoland တို့က သွားရောက် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။


ဘိန်းစိုက်တာဟာ လူမျိုးကို ဖျက်ဆီးနိုင်သလို ပညာတတ်လူငယ်တွေကိုလည်း ပျက်စီးစေနိုင်တဲ့အတွက် အချိန်ကြာလာရင် လူမျိုးပါတုံးသွားနိုင်လို့ အခြေနေမဆိုးလာခင် အချိန်မှီတားဆီးဖို့အတွက် အခုလို ဖျက်ဆီးလိုက်တာလို့ သိရပါတယ်။


ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ဘိန်းစိုက်ခင်းတွေကိုလည်း ဖျက်ဆီးနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။


ပြီးခဲ့တဲ့နှစ်က ချင်းပြည်နယ်မှာ ဘိန်းစိမ်း တစ်ပိဿာ သိန်း ၈၀ နဲ့ ၁၀၀ ကြားရရှိခဲ့ပြီး အခုနှစ်မှာ စျေးပိုရနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။


========================


🚩🚩 ၄။ တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ကြိမ် ဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ဦးသေဆုံး၊ PDF ၃ဦး ကျဆုံး


အောက်တိုဘာ ၂၄ 

Radio NUG 


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီးတွင် တိုက်ပွဲ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကသည်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ဦးသေဆုံးကာ သေနတ် လက် သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးခရိုင် အမှတ် တပ်ရင်းမှ သိရပါတယ်။


အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် နာရီ ၃၀ မိနစ်ခန့်တွင် တမူးမြို့နယ်၊ ပန်းသာပျူ စောထီး ကျေးရွာအထိုင်းစခန်းမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၅၀ ခန့်သည် တမူးခရိုင် အမှတ် တပ်ရင်းမှ ရဲဘော် ဦး၏ ကာကင်းယူထားသည့် စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး PDF တပ်ဖွဲ့ဘက်မှ တပ်စိတ်မှူး ဦး အပါအဝင် ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများ သိမ်းပိုက်ထားသော ကာကင်စခန်းကို နံနက် ၁၀ နာရီခန့်တွင် PDF တပ်ဖွဲ့များက တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ထွက်ပြေးသွားပြီး ကျဆုံးသွားသော ရဲဘော် ဦး၏ ရုပ်အလောင်းကို ပြန်လည် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


နံနက် နာရီ ၁၅ မိနစ်ခန့်တွင် တမူးမြို့နယ်၊ ပန်းသာရွာ ပျူစောထီးစခန်းမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကသည်း လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦး နမွန်းတား ကျေးရွာဘက်သို့ ဆိုင်ကယ် စီးဖြင့် တက်လာစဉ် PDF တပ်ဖွဲ့များ နေရာယူထားသော ဂိတ်အနီးအရောက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး AK 47 သေနတ် လက် သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ ကနီရွာ ဘော်ဘင်တိုက်မှ ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၂၄၊ 

Radio NUG


ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်နှင့် အုပ်ဖိုမြို့နယ် အစပ်ရှိ ကန်နီရွာ၊ ဘော်ဘင်တိုက်မှ ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မှ ပြန်ကြားရေး တာဝန်ခံရဲ့ ပြောကြားချက်ကို Red Peacock သတင်းဌာနက ဖော်ပြထားပါတယ်။


အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကန်နီရွာမှ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဂမုန်းဆည် ရှင်းလင်းဆောင်တဝိုက်မှာ နင်းမိုင်းများထောင်ခဲ့ပြီး ညနေ နာရီခန့်မှာ ဘော်ဘင်တိုက်မှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဘော်ဘင်တိုက်မှ ပြည်သူပိုင် နေအိမ် ၂၄ လုံး ပျက်စီခဲ့ပြီး ဆင်တဲကုန်း၊ ကန်နီ၊ တံငါကုန်း ကျေးရွာမှ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ တပ်မ (၆၆) လက်အောက်ခံ ခမရ () (တိမ်မြုပ်) ကို ပြန်မယ့် စစ်ကြောင်း ဖြစ်ပြီး ဝိုင်းရဲစခန်းမှာ ခေတ္တ နေနေတယ်လို့ ဆိုပါတယ်။ 


၎င်းစစ်ကြောင်းဟာ ဒေသခံအမျိုးသမီး ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မနေ့က ညနေမှာ ဦးကို ပြန်လွတ်ပေးခဲ့ပေမယ့် တဦးကို ဒီနေ့အထိ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၂၄

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ ဆောထိ မြို့နယ်နှင့် လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ဦး နဲ့ နေအိမ် လုံး ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့ မနက် နာရီ အချိန်မှာ ဆောထိမြို့နယ်အတွင်း ခမရ - ၄၄၀ တပ်ရင်းမှ ၈၁ မမ လုံး ပစ်ခတ်ခဲ့ရာ ကွင်းဆိပ်ကျေးရွာကို ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။


အဆိုပါ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၃၃ နှစ် အရွယ်ရှိ ဦးချစ်ကိုဝိုင်း၊ အသက် ၁၀ နှစ်အရွယ်ရှိ မောင်သီဟထိုက်ပိုင်နဲ့ အသက် နှစ် အရွယ်ရှိ မဆန်ရတီမေ တို့ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထို့အပြင် အောက်တိုဘာ ၂၂ ရက် နေ့လည် နာရီ ၁၅ မိနစ်တွင် စစ်ကောင်စီတပ်များက ကျောက်တံခါးကနေ သမင်အင်းကုန်း ကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။


========================


🚩🚩 ၇။ ထီးလင်းမှ ပျူစောထီး တဦး ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်းထံ အလင်းဝင်


အောက်တိုဘာ ၂၄၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့ ရွှေထီးခန်းမမှ ပျူစောထီး တဦးဟာ အမှတ် () စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ် (၁၈) တပ်ရင်း ထံကို လက်နက်နှင့်တကွ အလင်းဝင်ရောက်လာတယ်လို့ Yaw National Revolution Force က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့က ၎င်းပျူစောထီး တပ်သားဟာ G-3 လက်၊ M-79 လက်၊ G-3 ကျည်ဘောက် ဘောက်၊ 7.62 ကျည် ၃၈ တောင့်၊ M-79 အသီး လုံးနဲ့ icon-5 R လုံး တို့ကို ယူဆောင်လာပြီး အလင်းဝင်ခဲ့တာပါ။


အခုလို လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ပျူစောထီးတပ်သားကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ တိတိ ချီးမြှင့်ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်းက အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment