25th OCT 2024 - Evening Daily News by Radio NUG


၂၀၂၄ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ (၆၄)နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးကသဝဏ်လွှာပေးပို့

📌 ၂။ အမေရိကန်အခြေစိုက် ကျန်းမာရေးတက်ကြွလှုပ်ရှားသူများက ပေးအပ်ချီးမြှင့်သော Edward Barsky Award ဆုကိုအောက်တိုဘာ၂၇ရက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးလက်ခံရယူမည်

📌 ၃။ တောင်ယမားဆည်ရေပြည့်နေပေမယ့် မစိုးရိမ်ကြဖို့ ပုလဲပအဖ အသိပေး

📌၄။စစ်ခေါင်းဆောင်ဟောင်း သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ထား


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်အာဏာရှင်စနစ် ဧကမုချကျရှုံးမှာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်လက် လက်တွဲသွားမယ်လို့ KIO ဥက္ကဋ္ဌ ပြော 

🚩 ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု ဦးခန့် ဒဏ်ရရ 

🚩၃။စစ်ကောင်စီထောက်တိုင်နဲ့ စီးပွား‌ရေးသမားများရဲ့ အချက်အလက်ပေးပို့သူတွေကို ဆုချီးမြှင့်မယ့်လို့ SSTF ကြေညာ

🚩 ⁨⁨တအာင်းဒေသ တရားဥပဒေစိုးမိုးရေး အမှုစစ်ရဲအရာရှိသင်တန်း အပတ်စဉ်- ဖွင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ (၆၄)နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးကသဝဏ်လွှာပေးပို့


အောက်တိုဘာလ ၂၅ ရက်


(၆၄)နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးကသဝဏ်လွှာပေးပို့ခဲ့ပါတယ်။


၂၀၂၄ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့သည် ကချင်အမျိုးသားများက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပင်လုံစာချုပ်ကတိကဝတ်အရ ဆုံးရှုံးသွားသော နိုင်ငံရေးအခွင့်အရေးများကို ပြန်လည် ရရှိရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization - KIO) ကို စတင် ထူထောင်ခဲ့သည့် (၆၄) နှစ်မြောက်သည့် သမိုင်းဝင်နေ့ ဖြစ်ပြီးယခုလိုနေ့ထူးနေ့မြတ်အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရက ကချင်အမျိုးသားခေါင်းဆောင်များ၊ ကချင်ပြည်သူလူထုနှင့် ရဲဘော် ရဲဘက်များအားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါ စေကြောင်း ပဏာမ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်လို့ဖော်ပြပါတယ်။


ကချင်တော်လှန်ရေးခရီးကြမ်းတွင် ခေါင်းဆောင်များ၏ အမျှော်အမြင်ကြီးမှု၊ ကချင်ပြည်သူလူထု၏ ပေးဆပ်မှု၊ စည်းလုံးညီညွတ်မှုနှင့် ကြံကြံခိုင်နိုင်မှုတို့ကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) သည် ယခု (၆၄) နှစ်ပြည့်မြောက်သည်အထိ  အခက်အခဲပေါင်းများစွာကျော်ြဖတ်ပြီး ကချင်လူထုရှေ့တွင် ရပ်တည်နိုင်ခဲ့ ရုံသာမက ယခုနွေဦးတော်လှန်ရေးတွင်လည်း မဟာမိတ်တိုင်းရင်းသား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ ရှေ့မှ မားမားမတ်မတ် ရပ်တည်ရင်ဆိုင် တိုက်ပွဲဝင်နေသည်ကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရက လေးစားတန်ဖိုးထားသကဲ့သို့ အသက်သွေးချွေးပေးဆပ်သွားသည့် ကချင်ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထု၏ ကျေးဇူးများကို အမြဲတမ်း အမှတ်ရ ကမ္မည်း တင်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကချင်လူထုနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများနှင့် ဖိအားများစွာ ရင်ဆိုင်နေရသည်ကို သိရှိနားလည်တယ်လို့ဆိုပါတယ်။


တော်လှန်ရေးသစ္စာခိုင်ကြည်မှုဖြင့် နွေဦးတော်လှန်ရေးအစမှ ယခုတိုင် မဟာမိတ်တိုင်းရင်းသားများ၊ တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလျက် လွတ်လပ်ပြီး ငြိမ်းချမ်းသည့် အနာဂတ်နိုင်ငံတော်သစ်ဆီကို မမှိတ်မသုန် ဆက်လက်လက်တွဲခိုင်မာလျက် ကြိုးပမ်းကြဖို့နှင့်  ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) (၆၄) နှစ်ပြည့်မြောက်သည့် နေ့ထူးနေ့မြတ်အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကချင်ခေါင်းဆောင်များနှင့် ကချင်တိုင်းရင်းသား ပြည်သူလူထုအား လေးမြတ်စွာဖြင့် ဦးညွတ်ဂုဏ်ပြုရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ အမေရိကန်အခြေစိုက် ကျန်းမာရေးတက်ကြွလှုပ်ရှားသူများက ပေးအပ်ချီးမြှင့်သော Edward Barsky Award ဆုကိုအောက်တိုဘာ၂၇ရက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးလက်ခံရယူမည်


အောက်တိုဘာ၂၅ရက်


အမေရိကန်အခြေစိုက် ကျန်းမာရေးတက်ကြွလှုပ်ရှားသူများက ပေးအပ်ချီးမြှင့်သော Edward Barsky Award ဆုကို  ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး

 ဆုရရှိကြောင်းကို အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။


အဆိုပါဆုအားကို အောက်တိုဘာ ၂၇ရက်တွင် ကျင်းပပြုလုပ်မည့် 2024 Health Activist Dinnerမှာ ပေးအပ်ချီးမြှင့်မည်ဖြစ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး လက်ခံရယူမယ်လို့ သတင်းရရှိပါတယ်။


အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ ညီလာခံက ညစာစားပွဲတွင် နွေဦးတော်လှန်ရေးကျန်းမာရေးရဲဘော်များနှင့် NUG ကျန်းမာရေးဝန်ကြီးဌာနတို့ကို ပေးအပ်ချီးမြှင့်မည့် Edward Barsky Award နှင့်အတူ Paul Cornely Award Paul Ambrose Oustanding Award နှင့် Paul Wellstone Award တို့ကိုလည်း ပေးအပ်ချီးမြှင့်မယ်လို့သိရပါတယ်။


========================


📌📌 ၃။ တောင်ယမားဆည်ရေပြည့်နေပေမယ့် မစိုးရိမ်ကြဖို့ ပုလဲပအဖ အသိပေး


အောက်တိုဘာ၂၅ရက်


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက တောင်ယမားဆည် ရေပြည့်နေပေမယ့် စိုးရိမ်ရတဲ့အခြေအနေမရှိသေးတာကြောင့် စိုးရိမ်မလွန်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထားပါတယ်။

ပုလဲမြို့နယ်မှာရှိတဲ့ တောင်ယမားဆည်ရဲ့ တာဝါတိုင် ၆၆၀ ဆိုရင် ဆည်ရေပြည့်ပြီး မနေ့ အောက်တိုဘာ ၂၄ရက် နေ့လယ် နာရီခန့်မှာ ရေ‌ပြည့်မှတ်ကိုကျော်လွန်ကာ  ၆၆၂ ဒသမ အထိရောက်ရှိလာပေမယ့် အဝါရောင်အဆင့်သာရှိတာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ အလွန်အကျွံမစိုးရိမ်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်တာ ဖြစ်ပါတယ်။

ရေပိုလွှဲကနေ ပေခွဲကျော်ရင်တော့ စိုးရိမ်မှတ်ကျော်လွန်သွားပြီဖြစ်တာကြောင့် တောင်ယမားချောင်းဘေး ရေလျှံနိုင်ပေ မယ့် ရေလွှတ်မြောင်းမကြီးကနေ လက်မခန့် ပုံမှန်ရေလွှတ်ထားတာကြောင့် မစိုးရိမ်ရသေးဘူးလို့ ဆိုပါတယ်။ 

မကွေးတိုင်းမြောက်ပိုင်းမှာ မိုးများနေတာကြောင့် တောင်ယမားချောင်းရေတိုးလာတာနဲ့ ရေပိုလွှဲက ရေကျော်နေတွေကြောင့် တောင်ယမားချောင်းရေ ပေခွဲ ၄ပေခန့်အထိ ရေတိုးလာတာလို့ သိရပါတယ်။ 

ဒါကြောင့် တောင်ယမားချောင်းမှာ ကလေးငယ်တွေ ချောင်းရေချိုးတာ ဆော့ကစားတာမျိုးမလုပ်ဖို့နဲ့ အရေးတကြီး ခရီးသွားရမယ့်သူတွေ ချောင်းရေကို သတိထားကူးဖြတ်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထား ပါတယ်။

လက်ရှိမှာ တောင်ယမားဆည်ကို အနီးကပ်စောင့်ကြည့်နေပြီး ပြည်သူလူထုကို အချိန်နဲ့တပြေးညီ အသိပေးပေးသွားမယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌၄။စစ်ခေါင်းဆောင်ဟောင်း သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ထား  


အောက်တိုဘာ၂၅ရက်


စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်တဦးဖြစ်တဲ့ ဒေါက်တာနေစိုးမောင်ကို လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ စစ်တပ်က ကြေညာထားပါတယ်။ 

နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေဖို့ လူမှုကွန်ရက်စာမျက်နှာကနေလှုံ့ဆော်တယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာနေတဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာ ၂၃ ရက်နေ့ ညနေ နာရီခွဲအချိန်မှာ ဖမ်းဆီးပြီး မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ စစ်တပ်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေါက်တာနေစိုးမောင်အနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ လှုံ့ဆော်တာ ဝါဒဖြန့်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူရတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

ဒေါက်တာနေစိုးမောင်ဟာ စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနဲ့လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်းသန်းရွှေရဲ့ အချစ်ဆုံးမြေးတဦးဖြစ်တဲ့ နေရွှေသွေးအောင်ရဲ့ ဖခင်လည်းပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ တပ်မတော်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ် မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဒေါက်တာနေစိုးမောင်က အောက်တိုဘာ ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာကနေ ဝမ်းနည်းကြေကွဲတဲ့ ခံစားချက်တွေပြင်းထန်ရတဲ့အကြောင်းရေးသားခဲ့ပြီး ရက်နေ့မှာ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားစွာနဲ့ဂါရဝပြုကြောင်း ရေးသားခဲ့တာကြောင့် စစ်ကောင်စီရဲ့ဖမ်းဆီး ထိန်းသိမ်းတာကို ခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ်။ 

ဒေါက်တာနေစိုးမောင်ဟာ စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း လူမှုကွန်ရက်မှာ မကြာခဏရေးသားလေ့ရှိရာ  အောက်တိုဘာလ ရက်နေ့ညကပဲ မြန်မာပြည်သူအပေါင်း လေယာဉ်သံ ဗုံးသံတွေကင်းစင်ပြီး ဘေးမသီရန်မခ အိပ်ပျော်တဲ့ညတွေဖြစ်ပါစေဆိုပြီး စစ်ကောင်စီကို ဝေဖန်ရေးသားခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။စစ်အာဏာရှင်စနစ် ဧကမုချကျရှုံးမှာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်လက် လက်တွဲသွားမယ်လို့ KIO ဥက္ကဋ္ဌ ပြော 


အောက်တိုဘာ၂၅ရက်


လက်ရှိတော်လှန်ရေးဟာ ပြည်သူတရပ်လုံးဆင်နွှဲနေတဲ့ တော်လှန်ရေးဖြစ်တာကြောင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် ဧကမုချကျရှုံးမှာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့အတူ ဆက်လက်လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ -KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပါတယ်။ 

ဒီနေ့မှာကျရောက်တဲ့ KIO တည်ထောင်ခြင်း ၆၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမိန့်ခွန်းမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ 

လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးဟာ မြန်မာပြည်သူတရပ်လုံးပါဝင်ထောက်ခံတဲ့ တော်လှန်ရေးဖြစ်တာကြောင့် စစ်အာဏာရှင်စနစ် ဧကန်မုချကျဆုံးရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

နွေဦးတော်လှန်ရေးအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် တော်လှန်နေတဲ့အချိန်အခါကောင်းဖြစ်တာကြောင့် KIO အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံးနဲ့အတူ ဆက်လက်လက်တွဲသွားမယ်လို့လည်း အသိပေးထားပါတယ်။ 

မိဘပြည်သူတွေရဲ့ အကြံပြုချက်ကြောင့် အချို့သောစစ်ကောင်စီဩဇာခံ ပြည်သူစစ်အဖွဲ့တွေ ရုပ်သိမ်းသွားတာရှိပေမယ့် စစ်ကောင်စီအတွက် စိတ်ရောကိုယ်ပါ ဆက်လုပ်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကျန်ရှိနေသေးရာ ကျန်နေတဲ့ ပြည်သူ့စစ် အဖွဲ့တွေအနေနဲ့ KIO နဲ့အတူ လျှောက်လမ်းကြဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားပါတယ်။

 ဒါ့အပြင် KIO အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေး၊ တရားဥပေဒစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေပြီလို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့-KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းအပြည့်အစုံကို KIO ပြန်ကြားရေးဌာနတွေဖြစ်တဲ့ Liza TV မှာ ကြည့်ရှုနားဆင်နိုင်သလို The Kachin Net ကလည်း ကချင်ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု ဦးခန့် ဒဏ်ရရ 


အောက်တိုဘာ၂၅ရက်

 

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးခန့် ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်လာပါတယ်။ 

ပေါင်းတည်မြို့နယ်အတွင်းကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာ ၂၂ ရက်နေ့ နာရီခွဲအချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို ဒီနေ့မနက်မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁နဲ့ တပ်ခွဲ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံး စစ်သား ဦးခန့်ထိခိုက်ဒဏ်ရာရသွားပြီး သေဆုံးမှုရှိ၊ မရှိကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲလို့ အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်အောင်လုပ်ဆောင်တိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်းစီတပ်တွေကို သတင်းပေးတာ၊ လမ်းပြအဖြစ်လိုက်တာ တွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF ၃၆၀၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။စစ်ကောင်စီထောက်တိုင်နဲ့ စီးပွား‌ရေးသမားများရဲ့ အချက်အလက်ပေးပို့သူတွေကို ဆုချီးမြှင့်မယ့်လို့ SSTF ကြေညာ


အောက်တိုဘာ၂၅ရက်

 

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ထောက်တိုင်တွေနဲ့ စီးပွား‌ရေးသမားတွေရဲ့ အချက်အလက် ပေးပို့သူတွေကို ဆုချီးမြှင့်မယ်လို့ NUG အစိုးရ ပြည်ထဲ‌ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲ တပ်ဖွဲ့လက်အောက်ခံ SSTF -ပြင်ဦးလွင် အထူးတပ်ဖွဲ့က ကြေညာလိုက်ပါတယ်။

ပြင်ဦးလွင်မြို့အနီးမှာတိုက်ပွဲတွေဖြစ်လာနေပြီး တော်လှန်ရေးတပ်တွေချဉ်းကပ်လာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force -SSTF က အခုလို အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့က အကြမ်းဖက်စစ်တပ်နဲ့အပေါင်းပါတွေကို ထောက်ပံ့ကူညီနေတဲ့ စီးပွား‌ရေးသမားများ၊ စစ်တပ် ထောက်တိုင်များ၊ စစ်တပ်သတင်းပေးများ၊ စစ်လော်ဘီများနဲ့ ပျူစောထီးများကို တရားဥပဒေနဲ့အညီ အရေးယူ အပြစ် ပေးဖို့ အချိန်ကျပြီလို့ SSTF  တာဝန်ရှိသူတွေက ဆိုပါတယ်။

စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူတွေရဲ့ အချက်အလက် ပေးပို့လာသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သတင်းအချက် အလက်ပေါ်မူတည်ပြီး ပြင်ဦးလွင်မြို့ စစ်ကောင်စီလက်အောက်ကလွတ်မြောက်ချိန်မှာ NUG အစိုးရ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲ တပ်ဖွဲ့လက်အောက်ခံ SSTF -ပြင်ဦးလွင် အထူးတပ်ဖွဲ့က ဂုဏ်ပြုဆုတွေ ချီးမြှင့်မယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် ပြင်ဦးလွင်ဒေသခံတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တွေသူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်ပြီး ခိုင်လုံတဲ့ သတင်းအချက်အလက်တွေပေးပို့ကြဖို့ Security and Special Task Force -SSTF က တိုက်တွန်း ထားပါတယ်။ 

သတင်းပေးပို့လိုသူတွေအနေနဲ့ အဖွဲ့လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ https://www.facebook.com/people/Pyin-Oo-Lwin-SSTF/100072466938866/?mibextid=ZbWKwL နဲ့ t.me/SSTFMyanmarAdmin တယ်လီဂရမ်တို့ကနေ လုံခြုံ စိတ်ချစွာ သတင်းပေးပို့နိုင်မှာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြင်ဦးလွင်မြို့အနီးကို ချဥ်းကပ်လာနေပြီဖြစ်ရာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေး ရှောင်ကြမယ့် ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူဖို့ ကြံစည်နေတဲ့အဖွဲ့တွေရှိနေတာကြောင့် ဒီအဖွဲ့တွေ ကို စောင့်ကြည့်တားဆီးနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force -SSTF က အသိပေးထားပါတယ်။


========================


🚩🚩 ⁨⁨တအာင်းဒေသ တရားဥပဒေစိုးမိုးရေး အမှုစစ်ရဲအရာရှိသင်တန်း အပတ်စဉ်- ဖွင့်


အောက်တိုဘာ၂၅ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ တအာင်းပြည်တနေရာမှာ တရားဥပဒေစိုးမိုးရေး အမှုစစ်ရဲအရာရှိသင်တန်း အပတ်စဉ် ဖွင့်ပွဲအခမ်းအနားကို မနေ့ အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့ပါတယ်။ 

တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ဆိုရင် ချမှတ်ထားတဲ့ဥပဒေတွေကို မိမိတို့ ကိုယ်တိုင် ကြိုးစားလိုက်နာဖို့နဲ့ ပြည်သူတွေရဲ့လုံခြုံရေးကို တာဝန်ယူစောင့်ရှောက်သွားဖို့လိုတယ်လို့ PSLF/TNLA ရဲချုပ် တားကုန်ခရီးက မှာကြားခဲ့ပါတယ်။

သင်တန်းဖွင့်ပွဲမှာ PSLF/TNLA က ရဲချုပ် ဗိုလ်မှူးကြီး တားကုန်ခရီးအပါအဝင် ဒုရဲချုပ် ဗိုလ်မှူး တားကုန်းနော၊ ဒုခရိုင်းမှူး တားတံင်မျံမ်နဲ့ သင်ကြားပေးယ့်ဆရာတွေကလည်း အမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီတရားဥပဒေစိုးမိုးရေး အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်းဟာ လကျော်ကြာမြင့်မှာဖြစ်ပြီး အမှုစစ်ဆေးခြင်းဆိုင်ရာ ပညာများ၊ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရမယ့်အချက်များ၊ ရာဇသတ်ကြီး၊ တရားမျှတမှုဆိုင်ရာများ၊ သက်သေခံဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနဲ့ လုပ်ငန်းဆိုင်ရာဘာသာရပ်တွေအပါအဝင် ဘာသာရပ် ၁၀ ခုကို ကျွမ်းကျင်တဲ့ ဆရာတွေက သင်ကြားပို့ချပေးမှာဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

ဒီသင်တန်းမှာ သင်တန်းသား ၂၇ ဦး၊ သင်တန်းသူ ဦး စုစုပေါင်း ၃၀ ဦး တက်ရောက်သင်ကြားမှာဖြစ်ပါတယ်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆရာများ၊ သင်တန်းသာသင်တန်းသူ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ PSLF/TNLA အနေနဲ့ တဖက်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဆင်နွှဲနေသလို တဖက်မှာလည်း သူတို့ထိန်းချုပ်သိမ်းပိုက်ထားတဲ့ဒေသတွေမှာ အုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်ဖို့နဲ့ နယ်မြေဒေသလုံခြုံရေး ကြိုးစားနေတာလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment