27th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ⁨⁨MNDAA ဌာနချုပ်ရှိရာ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်

📌 ၂။ကျောက်မဲမြို့နဲ့ မိုင်းငေါ့ကြားက ပြိုကျသွားတဲ့တံတားကို PSLF/TNLAက ကျပ်သိန်း ၂ရာကျော်သုံကာ ပြန်လည်တည်ဆောက်  

📌 ၃။ရေစကြိုနယ်မှာ စစ်အုပ်စုရဲ့ ပစ်ခတ်တာကြောင့် အရပ်သားတဦးသေဆုံး 


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲ 

🚩 ၂။ ရေနံချောင်းမြို့နယ်မှာ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ၂ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံး  

🚩 ၃။⁨⁨ ကြို့ပင်ကောက်မြို့နယ်အတါင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး 

🚩 ⁨⁨ကန့်ဘလူ ကာဘိုးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ ⁨⁨MNDAA ဌာနချုပ်ရှိရာ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်


အောက်တိုဘာ၂၇ရက်

ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားသည့်လောက်ကိုင်မြို့ကို မနေ့ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မနေ့ညသန်းခေါင်ယံအချိန်မှာ လောက်ကိုင်မြို့ပေါ်ကို ဗုံး လုံး လာကြဲသွားတာလို့ ဆိုပါတယ်။

၁၀၂၇ တနှစ်ပြည့်တဲ့နေ့မှာပဲ စစ်ကောင်စီက MNDAA ဌာနချုပ်ရှိရာ လောက်ကိုင်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်တာခဲ့တာပဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ လူတွေအိပ်ကောင်းနေတဲ့အချိန် ၁၂ နာရီ  ၂၀ မိနစ်နဲ့ ၁၂ နာရီ ၂၆ မိနစ်မှာ လောက်ကိုင်မြို့ပေါ်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးအခြေအနေကိုတော့ ဒီနေ့ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁၂ ခွဲကျော်တဲ့အထိ မသိရသေး ပါဘူး။ 

အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့နေရာတွေဟာ လောက်ကိုင်မြို့တွင်းနဲ့ ပယ်စန်းဟိုတယ်ရှိတဲ့နေရာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး MNDAA က ဟိုတယ်အဆောက်အအုံအများအပြား ဗုံးကြဲခံရပြီး အစားအစာရောင်းဝယ်မှုပြု လုပ်ရာနေရာတွေနဲ့ လမ်းတွေ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး အိမ်တွေလည်းပျက်စီးကာ အရပ်သား ဦး ဒဏ်ရာရသွားပေမယ့် ကံကောင်းတာက တယောက်မှ ပြင်းထန်ဒဏ်ရာရတာမရှိဘူးလို့ အသိပေးထုတ်ပြန် ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့သည့်ရက်ပိုင်းကလည်း MNDAA ထိန်းချုပ်ရာ လားရှိုးနဲ့သိန္နီမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ တဲ့အတွက် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်နေ့မှာ လေကြောင်းစစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် လေကြောင်းအန္တရာယ်သတိထားကြဖို့ ဒေသနေပြည်သူတွေအချင်းချင်း သတိပေးနေတာလည်းရှိပါတယ်။

ဒါဟာ MNDAA တပ်တွေ လားရှိးကနေ အမြန်ဆုတ်ခွာဖို သတိပေးခေါင်းလောင်းတီးလိုက်တာဖြစ်သလို တရုတ်အစိုးရက စစ်ကောင်စီဘက် ပြန်လည်ရပ်တည်နေတဲ့ သက်သေတခုလည်းဟုတ်တယ်လို့ စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဦးဇော်ဆန်က ဒေသတွင်းသတင်းဌာနအချို့ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ လားရှိးမြို့ကို ပြန်မရမချင်း အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တာကြောင့် ရှမ်းမြောက်ဒေသမှာ ပိုမိုဆိုးရွားတဲ့တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်လာနိုင်တဲ့အတွက် ရှမ်းမြောက်မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ မြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့လည်း ဦးဇော်ဆန်က အကြံပြုထားပါတယ်။

လက်ရှိမှာလည်း တံတားဦးလေတပ်စခန်း၊ နေပြည်တော်မှာရှိတဲ့ ဧလာလေတပ်စခန်း အပါအဝင် လေတပ်စခန်းတွေက တိုက်ခိုက်ရေးလေယာဉ်တွေ ရှမ်းမြောက်ဒေသကို ဆက်တိုက်တက်နေတယ်လို့ လေကြောင်းဆိုင်ရာ သတင်းအချက် အလက်တွေအရ သိရပါတယ်။     

မြောက်ပိုင်းညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA တအာင်းတပ်မတော် TNLA ရခိုင့်တပ်တော် AA တို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက် မနက်အစောပိုင်းမှာ ရှမ်းမြောက်ဒေသက စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင် ရေးအမည်နဲ့ တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ လောက်ကိုင်၊ ကွမ်းလုံ၊သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လားရှိုးမြို့များနှင့် ဖောင်းဆိုင်၊ ကုန်းကြမ်းအပါအဝင် ကိုးကန့်ဒေသတခုလုံးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်စခန်းတွေကို MNDAA က စစ်ဆင်ရေးတနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အလားတူ TNLA ကလည်း စစ်ဆင်ရေးတနှစ်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စတဲ့ မြို့ပေါင်း ၁၂ မြို့နှင့် တပ်စခန်းရာချီ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မှတ်တမ်းရှိထားပြီး စစ်ကောင်စီတပ်တွေကို လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

စစ်စခန်းတွေနဲ့ မြို့တွေဆုံးရှုံးသွားတာ စစ်ကောင်စီဟာ အဲဒီဒေသတွေကို မြေပြင်ထိုးစစ်မလုပ်နိုင်တော့တဲ့အတွက် လေကြောင်းစစ်ဆင်ရေးတွေ အဓိကပြုလုပ်လာတာကြောင့် အရပ်သားပြည်သူ သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာတာတွေရှိ နေပါတယ်။


========================


📌📌 ၂။ကျောက်မဲမြို့နဲ့ မိုင်းငေါ့ကြားက ပြိုကျသွားတဲ့တံတားကို PSLF/TNLAက ကျပ်သိန်း ၂ရာကျော်သုံကာ ပြန်လည်တည်ဆောက်  


အောက်တိုဘာ၂၇ရက်

တအာင်းပြည် တပ်မဟာ- နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နဲ့ မိုင်းငေါ့ကြားက ပြိုကျပျက်စီးသွားတဲ့ တံတားတစင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာက ကျပ်းသိန်း ရာကျော်သုံးကာ ပြန်လည်တည် ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီတံတားဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ကတည်းက ပျက်စီးသွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ ပိတ်ပင်တားဆီးမှု တွေကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့ပေမယ့် ကျောက်မဲမြို့ကို PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်နေ့မှာ အုပ်ချုပ်ရေးဌာနတာဝန်ရှိသူတွေက တာဝန်ယူပြီးပြန်လည်တည်ဆောက်ပေးခဲ့တာလို့ TNLA ဘက်က ပြောပါ တယ်။

အောက်တိုဘာ ၂၀ ရက်နေ့မှာပြီးစီးသွားတဲ့ အကျယ် ပေ၊ အရှည် ၂၆ ပေရှိတဲ့ ဒီတံတားကို ပြန်လည်တည်ဆောက်ရာမှာ ကျပ် ၂၁၅ သိန်းကုန်ကျခဲ့ပြီး လက်ရှိမှာ ဆိုင်ကယ်တွေ ကားတွေ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီလို့ သိရပါတယ်။

အဲဒီတံတားဟာ နမ့်ဆန်မြို့၊ ကျောက်မဲမြို့နဲ့ မိုင်းငေါ့မြို့နယ်က ဒေသခံပြည်သူတွေ ကုန်စည်ပို့ဆောင်တင်သွင်းရာမှာ အရေးပါတဲ့ တံတားတစင်းဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့ဟာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေသလို တဖက်မှာလည်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၃။ရေစကြိုနယ်မှာ စစ်အုပ်စုရဲ့ ပစ်ခတ်တာကြောင့် အရပ်သားတဦးသေဆုံး 


အောက်တိုဘာ၂၇ရက်

မကွေးတိုင်း ရေစကြိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားတဦးသေဆုံးခဲ့ရတယ်လို့ ရေစကြို သတင်းအချက်အလက်ကော်မတီ Info Committee Yesagyo က ပြောပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံမှာအထိုင်ချနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးတွေ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်း က အမှတ် ၈၊ အောင်မင်္ဂလာရပ်ကို ကား၂ စီးနဲ့ရောက်လာပြီး ရေစကြို-ညောက်ဇောက်လမ်းမကြီးပေါ်မှာ သေနတ်တွေ ပစ်ဖောက်ကာ ခရီးသွားပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီလိုစစ်ဆေးနေချိန်မှာ ဆိုင်ကယ်တစီးကိူ လူ၂ယောက်စီးလာတာတွေ့တဲ့ လိုက်လံပစ်ခတ်ရာမှာ ဆိုင်ကယ်ပေါ်က လူ၂ဦး ကို မထိဘဲ အလုပ်ကပြန်လာတဲ့ အသက် ၃၇ နှစ်အရွယ် လက်သမားဆရာ ကိုဌေးဝင်း သေနတ်ကျည်ထိမှန်တဲ့နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။ 

သေဆုံးသွားတဲ့ လက်သမားဆရာ ကိုဌေးဝင်းဟာ အမှတ် ၈၊ အောင်မင်္ဂလာရပ် အောင်တော်မူကျောင်းအနီးမှာ နေထိုင်သူ ဖြစ်ပြီး မိသားစုကိုလုပ်ကိုင်ကျွေးမွေး‌နေတဲ့ ကလေးငယ် ယောက် ဖခင်ဖြစ်တယ်လို့ သိရပါတယ်။

ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံဝင်းထဲမှာအထိုင်ချနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့အပြင် အနုကြမ်းစီး ဓာပြတိုက်တာတွေ လုပ်ဆောင်နေသလို အကြောင်းမဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်လေ့ရှိတယ် လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။⁨⁨ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲ 


အောက်တိုဘာ၂၇ရက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၂၇ရက် မနက်ပိုင်းမှာတင် ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။   

ဒါဟာ မြောက်ပိုင်းမဟာမိတ်ညီနောင် ဖွဲ့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းစတင်ခဲ့ရာ နှစ်ပြည့် နှစ်ပတ် လည်နေ့မှာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုလို့ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် နာရီ ၃၅ မိနစ်၊ နာရီ ၄၅ မိနစ်နဲ့ နာရီ ၁၄မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တအာင်းပြည် တပ်မဟာ- နယ်မြေ နမ့်ခမ်းမြို့ကို ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLA ကလည်း အသိပေးထုတ်ပြန်ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို အခုလို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲံဗုံးကြဲတိုက်ခိုက်ချိန်မှာ တရုတ်ဘက် ကလည်း မြေပြင်ကနေ ပြန်လည်ချိန်းခြောက်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြထားပါတယ်။

စစ်ကောင်စီက နမ့်ခမ်းမြို့ မန့်ဝိန်းကြီးနဲ့ စခန်းသစ်ကုန်းအနီးဝန်းကျင်ကို လေယာဉ်နဲ့ ဗုံး ၆လုံး လာရောက် ကြဲချတိုက်ခိုက် ခဲ့တာလို့ နမ့်ခမ်းမြို့ခံတဦးက ဆိုပါတယ်။

ဗုံးကြဲလေယာဉ်တွေ တမနက်လုံး ခေါက်တုံ့ခေါက်ပြန်ဝဲနေတဲ့အတွက် ဒေသခံတွေ ဘယ်သူမှအပြင်မထွက်ရဲကြတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မွန်းတည့် ၁၂ နာရီအထိ မသိရသေးပါဘူး။

ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် စစ်ကောင်စီကတိုက်ခိုက်လာမယ့် လေကြောင်း အန္တရာယ်ကို သတိထားဖို့ ပြည်သူတွေအချင်းချင်း တိုက်တွန်းနေကြပါတယ်။ 


========================


🚩🚩 ၂။ ရေနံချောင်းမြို့နယ်မှာ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ၂ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံး  


အောက်တိုဘာ၂၇ရက်

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ၂ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာ  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားတယ်လို့ People's Defense Force -Yenangyaung အဖွဲ့က ပြောပါတယ်။ 

အောက်တိုဘာ ၂၀ နေ့က အင်အား ၇၀ ခန့်နဲ့ ရေနံချောင်းမြို့နယ် ကုန်းအိုင် -ဖောင်းကွဲလမ်းကနေ မကျည်းကန်အုပ်စုဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ မကျည်းကန်အုပ်စု ရွှေကျင်ကန်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၂ မနက်ပိုင်းမှာ အလယ်ကုန်းရွာအနီး ချဉ်းကပ်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ မိုင်း၊ လက်နက်ငယ်တွေနဲ့ ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်သားတွေ အထိနာပြီး မကျည်းကန်ကျေးရွာမှာ တညအိပ်တပ်စွဲပြီး ရေနံချောင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ အသိပေးထားပါ တယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေကြတဲ့ ရွှေကျင်ကန်ကျေးရွာအတွင်းက ပြည်သူပိုင် လက်ဝတ်ရတနာ တွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို မွှေနှောက်ရှာဖွေပြီး ခိုးယူသွားတယ်လို့လည်း People's Defense Force -Yenangyaung က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို People's Defense Force -Yenangyaung (YNG-PDF) တမာမြေအထူး လှုပ်ရှားစစ်ကြောင်းနဲ့ အက်တောတိုက်နယ် -က-‌ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။⁨⁨ ကြို့ပင်ကောက်မြို့နယ်အတါင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး 


အောက်တိုဘာ၂၇ရက်

ပဲခူးတိုင်းအရှေ့ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာဘက်ကနေ တက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF ကပြောပါတယ်။   

အဲဒီစစ်ကြောင်းကို ဥယျာဥ်ကြီးကျေးရွာထိပ်မှာ Black Dragon GBK-PDF ရဲဘော်တွေက အောက်တိုဘာ ၂၅ ရက် မနက် နာရီခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ဦး အဲဒီနေရာမှာတင် သေဆုံးသွားပြီး ဒဏ်ရာရသူတွေနဲ့ ဖရိုဖရဲဖြစ်နေချိန်မှာ PDF ရဲဘော်တွေက ၄၀ မမ နဲ့ ထပ်မံပစ်ခတ်ခဲ့ရာ စစ်သား ဦးထပ်သေသွားတယ်လို့ အသိပေးထားပါတယ်။ 

အခုလို မိုင်းဆွဲခံလိုက်ရတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေ လက်နက်ကြီး လက်နက်ငယ်များတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ကြောင့် တိုက်ပွဲဟာ နာရီခန့် ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝမပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨ကန့်ဘလူ ကာဘိုးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦး ဒဏ်ရာရ


အောက်တိုဘာ၂၇ရက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ဒဏ်ရာရသွားတယ်လို့ Dragon Urban Guerrilla အဖွဲ့က ပြောပါတယ်။ 

ကာဘိုးကျေးရွာမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့ အောက်တိုဘာ ၂၆ ရက် နေလယ် ၁၂ နာရီခွဲခန့်အချိန်နဲ့ ဒရုန်းတွေနဲ့ ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဒရုံးတွေသုံးပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို အကြောင်းမဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် ဒေသခံ ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ပြန်လည်တိုက်ခိုက်ရတာလို့ Dragon Urban Guerrilla အဖွဲ့က အသိပေးထား ပါတယ်။

ကာဘိုးရွာမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်စခန်းကို Dragon Urban Guerrilla အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း- Fire Dragon- Khin U ခင်ဦးမြို့နယ် တိုက်နယ် ပကဖ၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ် ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment