📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ အောက်တိုဘာလ ( ၂၇ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မင်းတပ်မြို့နယ် - Daai(ဒိုင်ရ်)ဒေသတွင် တောင်ယာစပါးများ ပျက်စီး၊ တောင်သူများ အကူအညီလိုအပ်
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁၀/၁၃ Daai(ဒိုင်ရ်)ဒေသမှာ တောင်ယာစပါး ပျက်စီးမှုကြောင့် တောင်သူတွေ စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
တောင်ယာစပါးတွေ အခုလို ပျက်စီးတာဟာ တိုင်ဖွန်း မုန်တိုင်း ရာဂီ (Yagi) ရဲ့ သက်ရောက်မှုကြောင့် တောင်ယာကမ်းပါးတွေ ပြိုကျတာ၊ မုန်တိုင်းနောက်ဆက်တွဲ လေပြင်းတိုက်ခတ်မှုတွေကြောင့် တောင်ယာစပါးတွေ ပျက်စီးတာ၊ စပါးပိုးတွေ ဖျက်ဆီးတာစတဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြကြောင်း The Mindat Post မှာ ရေးသားထားပါတယ်။
“ဒီဟာက မုန်တိုင်းနောက်ဆက်တွဲ မိုးကြီးရေလျှံမှုတွေကြောင့် တောင်ယာ ကမ်းပါးတွေ ပြိုတယ်၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် စပါးနှံတွေ ပျက်စီးကုန်တယ်၊ နောက်ပြီး စပါးပိုးတွေ ဖျက်ဆီးလို့လည်း ပါမယ်ပေါ့။ တောင်ယာခင်းတွေ မြေပြိုပြီး စပါးခင်းမရှိတော့တဲ့ တောင်သူတွေလည်းရှိတယ်။” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဆလိုင်းယိမ်းပီးဟုန်းက ပြောဆိုကြောင်း The Mindat Postက ဖော်ပြပါတယ်။
========================
📌📌 ၂။ ယောဗျူဟာအတွက် NUG က လက်နက်တပ်ဆင်
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဗျူဟာတပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်နေ့မှာ လက်န၊က်တပ်ဆင်ပေးခဲ့ပါတယ်။
မကွေးတိုင်း၊ ယောဒေမှာ ဂန့်ဂေါခရိုင်အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်း ၅ ရင်းပါဝင်တဲ့ ဗျူဟာဖွဲ့စည်းလေ့ကျင့်ခဲ့ကြတာ ၂ လနီးပါးရှိခဲ့ပြီး ယောဗျူဟာအတွက် လိုအပ်တဲ့ လက်နက်တွေကို NUG က တပ်ဆင်ပေးခဲ့တာလို့ ထုတ်ပြန်ထားကြပါတယ်။
ဂန့်ဂေါခရိုင်အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းဟာ အမှတ် ၁ စစ်ဒေသမှာပါဝင်ပြီး ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်နဲ့ ထီးလင်းမြို့နယ်အခြေစိုက် PDF တွေ ဖြစ်ပါတယ်။
========================
📌📌 ၃။ ထီးလင်းမှာ ပျူစောထီး ၁ ဦး လက်နက် ၃ လက်နဲ့အတူ အလင်းဝင်၊ ကျပ်သိန်း ၁၀၀ ရ
မကွေးတိုင်း၊ ထီးလင်းမှာ ပျူစောထီး ၁ ဦး လက်နက် ၃ လက်ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၁၀၀ ပေးအပ်တယ်လို့ Yaw National Revolution Force - Htilin က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့က ထီးလင်းမြို့ ရွှေထီးခန်းမရှိ ပျူစောထီးတဦးဟာ G-3 သေနတ် ၂ လက်၊ M-79 ၁ လက်၊ G-3 ကျ၊ည်ဘောက် ၂ ဘောက်၊ 7.62 ကျည် ၃၈ တောင့်၊ M-79 အသီး ၅ လုံးနဲ့ icon-5 R ၁ လုံး တို့ ယူဆောင်လာပြီး အလင်းဝင်လာလို့ ပြောပါတယ်။
အလင်းဝင်လာသူတဲ့ ပျူစောထီးကို အောက်တိုဘာ ၂၄ ရက်နေ့မှာ Global Yaw Funding (GYF) မှ ကျပ်သိန်း (၅၀) နဲ့ အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းမှ ကျပ်သိန်း (၅၀) စုစုပေါင်း သိန်း (၁၀၀) ကျပ်တိတိ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ (Air Taxi) ပျံသန်းနိုင်တော့မယ်လို့ အိန္ဒိယကြေညာ
အိန္ဒိယနိုင်ငံမှာ လေယာဉ်ပျံမဟုတ်တဲ့ လေကြောင်းပျံသန်းမယ့် လျှပ်စစ် (Air Taxi) ဝန်ဆောင်မှု စတင်နိုင်တော့မယ်လို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောကြားပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်အရှေ့တောင်အာရှ ပစိဖိတ်မြို့ပြလေကြောင်းဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံမှာ ပြောတာပါ။
“Air Taxi နဲ့ လက်တွေ့ကျကျခရီးသွားမယ့်နေ့ဟာ မဝေးတော့ပါဘူး။” လို့ ဝန်ကြီးချုပ်မိုဒီ ပြောတဲ့အကြောင်း The Hindu သတင်းဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံအတွင်း အဆင့်သတ်မှတ်ချက် ၂ နဲ့ ၃ ရှိတဲ့မြို့တွေမှာ လေကြောင်းဆက်သွယ်မှု ပိုမိုတိုးတက်လာစေဖို့ အစိုးရအနေနဲ့ ကြိုးပမ်းနေတဲ့အကြောင်းလည်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က ညီလာခံမှာ ထည့်ပြောသွားပါတယ်။
အိန္ဒိယမှာ Air Taxi ဝန်ဆောင်မှုဘယ်အချိန် ပျံသန်းမယ်ဆိုတာ အတိအကျပြောမထားပေမယ့် လာမယ့် ၂၀၂၆ မှာ စတင်နိုင်တယ်လို့ ခန့်မှန်းရေးသားမှုတွေ ရှိနေပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့ ရည်ရွယ်အကောင်အထည်ဖော်ကြမယ့် Air Taxi မှာ ယာဉ်မောင်းအပါအဝင် အနည်းဆုံးလူ ၅ ဦးအထိ စီးနိုင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment