27th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တရားရုံးတွင် ကတိသစ္စာပြုကြမည့် မောင်နှံများကို တရားသူကြီးရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုးပေးမည်

📌 ၂။ ရွှေမန်းမြို့လယ် တစ်နေရာမှာ ဒေါက်တာ တေဇာဆန်း ဦးဆောင်ကာ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်

📌 ၃။ ဘုတလင်မြို့နယ် စီပါရွာ သေဆုံးခဲ့သူ ဦးအတွက် တရားနာ အမျှပေးဝေ

📌 ၄။ ဘုတလင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများထံသို့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့မှ ဆန် ဆီ ရိက္ခာများ ထောက်ပံ့ပေးပို့

📌 ၅။ မြောင်မြို့နယ်အတွင်း စစ်ကောင်စီမှလေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကြောင့် သေဆုံး/ထိခိုက်ပြည်သူများအား ထောက်ပံ့ပေးအပ်

📌 ၆။ DSTA အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းရန် မီးကြိုးများ လာဖြုတ်

📌 ၇။ ကျိုက်ထိုတွင် ရဲသတင်းပေး (WY ဆေးပြား ရောင်းချသူ) တဦးကို ပကဖ ဖမ်းဆီး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျားခဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ဦး သတ်ဖြတ်ခံရပြီး ဦးကို ဖမ်းဆီးသွား၊ ဦး ပျောက်ဆုံးနေ

🚩 ၂။ ပုလဲမြို့မ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး ဦး ဒဏ်ရာပြင်းထန်

🚩 ၃။ သာယာဝတီ ခရိုင်တွင် အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိခဲ့

🚩 ၄။ မြဝတီမြို့တွင် BGF  ကားနှင့် ဆိုင်ကယ် စီး တိုက်မိပြီး မောင်နှမ ၂ဦး သေဆုံးကာ BGF ကား မောင်းပြေး

🚩 ၅။ ကိုးကန့်တပ် MNDAA ထိန်းချုပ်ရာ သိန္နီနဲ့ လားရှိုးမြို့တို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

🚩 ၆။ ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရ

🚩 ၇။ မတ္တရာမြို့နယ် ကျေးရွာများကို လေကြောင်း ဗုံးကြဲပြီး ရွာသစ်ရွာကို စစ်ကြောင်းထိုး မီးရှို့

🚩 ၈။ အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပါတ်စဥ် / အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ တရားရုံးတွင် ကတိသစ္စာပြုကြမည့် မောင်နှံများကို တရားသူကြီးရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုးပေးမည်


အောက်တိုဘာ ၂၆ 

Radio NUG 


တရားရုံးတွင် ကတိသစ္စာပြုကြမည့် မောင်နှံများကို တရားသူကြီးရှေ့မှောက်တွင် တရားဝင် ကတိသစ္စာပြုလက်မှတ်ရေးထိုးပေးမည်ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာန၊ လက်ထပ်ထိမ်းမြားဌာနစိတ်မှ သတင်းထုတ်ပြန်ပါတယ်။


ကတိသစ္စာပြုကြမယ့် မောင်နှံများ လိုအပ်ချက်မှာ မှတ်ပုံတင်ကတ်ပြား၊ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ လူမျိုးနှင့် ဘာသာ၊ အလုပ်အကိုင်၊ မိဘအမည်များ၊ နေရပ်လိပ်စာနှင့် အသိသက်သေနှစ်ဦးရဲ့ အမည်နှင့် မှတ်ပုံတင်အမှတ်တို့ ဖြစ်ကြပါတယ်။


ဖော်ပြပါအချက်အလက်များကို လက်ထပ်ထိမ်းမြားဌာနစိတ်သို့ email, signal, telegram, viberများမှ တဆင့် ပေးပို့ ရက်ချိန်းယူပြီး အတည်ပြုသည့်နေ့တွင် တရားရုံးမှ ကတိသစ္စာပြုစာချုပ်ထုတ်ပေး၍ တာဝန်ရှိ တရားသူကြီးရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုးပေးမယ်လို့ သိရပါတယ်။


ချိန်းဆိုးထားတဲ့နေ့တွင် မောင်နှံနှစ်ဦးနှင့် အသိသက်သေနှစ်ဦးရဲ့ မှတ်ပုံတင်များ ယူဆောင်လာရန် လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ရွှေမန်းမြို့လယ် တစ်နေရာမှာ ဒေါက်တာ တေဇာဆန်း ဦးဆောင်ကာ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်


အောက်တိုဘာ ၂၆ 

Radio NUG 


ရွှေမန်းမြို့လယ် တစ်နေရာမှာ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒေါက်တာ တေဇာဆန်းက ရေးသားဖော်ပြပါတယ်။


တော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေးအတွက် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါကာ စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘဲ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်မှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်လို့ ရေးသားထားပါတယ်။


တော်လှန်ရေး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ CDM နဲ့ "ဘူး" သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုတွေကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုအပ်တယ်လို့ ဒေါက်တာတေဇာဆန်းက ဆိုပါတယ်။


တစ်လှိုင်းပြီး တစ်လှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုတွေကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြရမှာဖြစ်ပြီး ပြည်သူအားလုံး စစ်အာဏာရူးတွေကိုငုံ့မခံဘဲ တုံ့ပြန်ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ လိုတယ်လို့ ဒေါက်တာတေဇာစန်းက ပြောဆိုထားပါတယ်။


========================


📌📌 ၃။ ဘုတလင်မြို့နယ် စီပါရွာ သေဆုံးခဲ့သူ ဦးအတွက် တရားနာ အမျှပေးဝေ


အောက်တိုဘာ ၂၆ 

Radio NUG 


အောက်တိုဘာလ (၂၆)ရက်နေ့ မနက်(၁၁)နာရီခန့်တွင် ဘုတလင်မြို့နယ် စီပါရွာမှ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ သတ်ဖြတ်သွားသည့် အရပ်သား()ဦးအတွက် တရားနာ အမျှဝေပေးခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်က အောက်တိုဘာလ (၁၇)ရက်နေ့က စီပါရွာမှ ဦတင်လှိုင် (၇၈)နှစ်၊ ဦးရာစိန် (၅၈)နှစ်၊ ဦးဌေးလွင် (၅၈)နှစ်၊ ဦးထက်အောင် (၄၃)နှစ်နှင့် အမည်စုံစမ်းဆဲတို့ကို ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခြင်း၊ မျက်နှာကို ဓားဖြင့် မွှန်းခြင်း၊ အမျိုးသားအင်္ဂါကို ဖြတ်ကာ ပါးစပ်ထဲ ထိုးထည့်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခြင်းများနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ ဘုတလင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများထံသို့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့မှ ဆန် ဆီ ရိက္ခာများ ထောက်ပံ့ပေးပို့


အောက်တိုဘာ ၂၆ 

Radio NUG 


ဘုတလင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများထံသို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)နှင့် 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန် ဆီ ရိက္ခာများ ထောက်ပံ့ပေးပို့ခဲ့ကြပါတယ်လို့ သတင်းရရှိပါတယ်။


လက်ရှိအချိန်ထိ ဘုတလင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူအရေအတွက် ထောင်ကျော်မက ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မြောင်မြို့နယ်အတွင်း စစ်ကောင်စီမှလေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကြောင့် သေဆုံး/ထိခိုက်ပြည်သူများအား ထောက်ပံ့ပေးအပ်


 အောက်တိုဘာ ၂၆ 

Radio NUG 


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျေးရွာတစ်ခုတွင် အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကောင်စီမှ စစ်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲသွားသဖြင့် ပျက်ဆီးသွားသော အိမ်ထောင်စုစာရင်းများကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၊  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်/ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှ သွားရောက်ကောက်ယူကာ မြို့နယ်၏အခွန်ရငွေဖြင့် သေဆုံးပြည်သူ ()ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


သေဆုံးသူ ၆ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀သိန်း နှုန်းဖြင့် လည်းကောင်း၊ ပြင်းထန်ဒဏ်ရာရပြည်သူ ()ဦးအား တစ်ဦးလျှင် ငွေကျပ် ၁သိန်း နှုန်းဖြင့် လည်းကောင်း၊ ထိခိုက်ပြည်သူ (၁၃)ဦးအား တစ်ဦးလျှင် ငွေကျပ် သောင်းနှုန်းဖြင့်လည်းကောင်း အသီးသီးထောက်ပံ့ပေးခဲ့ကြတယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျေးရွာတစ်ခုသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးသဖြင့် ထိခိုက်ဒဏ်ရာရ ပြည်သူ ()ဦးအား မြို့နယ်၏ အခွန်ရငွေမှ  တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁သိန်းနှုန်းဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာ တာဝန်ခံမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၆။ DSTA အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းရန် မီးကြိုးများ လာဖြုတ်


အောက်တိုဘာ ၂၆ 

Radio NUG 


အောက်တိုဘာလ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့  ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်ရှိ ပြည်သူ သုံးသောင်းကျော် နေထိုင်နေသော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူရန် ရပ်ကွက်အတွင်းရှိ လျှပ်စစ်မီးကြိုးများကို လာရောက် ဖြုတ်သိမ်းသွားတယ်လို့ ဒေသခံပြည်သူများထံမှ သိရပါတယ်။


အဆိုပါ ရပ်ကွက်အတွင်းရှိ မီးကြိုးများ ဖြုတ်ယူမှုအတွက် တိုင်ကြားခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး မီးကြိုးများ ထပ်မံ ဖြုတ်ယူပါက မီးကြိုးသူခိုးများအဖြစ် ရပ်ကွက်နေပြည်သူများ  ဝိုင်းဝန်းဖမ်းဆီးမည်ဖြစ်ကာ ရပ်ကွက် မီးရရှိရေးအတွက် မီးကော်မတီကို တစ်အိမ်လျှင် ၁၅ သိန်းမှ သိန်း ၂၀ အထိ အသီးသီး ထည့်ဝင်ထားကြတယ်လို့ သိရပါတယ်။


ရေချမ်းအိုးရပ်ကွက်မြေနေရာကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံ တည်ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများမှ အလုပ်ရုံလျာထားမြေနေရာသာ ဖြစ်ပြီး တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်မြေမဟုတ်သည်မှာ ပေါ်လွင်ခဲ့ပြီး ဖြစ်ကြောင်း  သိရပါတယ်။


ရေချမ်းအိုးရပ်ကွက် မြေနေရာကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းရန် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော်တို့ကို ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးများအဖြစ် စစ်တပ်က  ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၇။ ကျိုက်ထိုတွင် ရဲသတင်းပေး (WY ဆေးပြား ရောင်းချသူ) တဦးကို ပကဖ ဖမ်းဆီး


အောက်တိုဘာ ၂၆၊ 

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရဲသတင်းပေး (WY ဆေးပြားများ ရောင်းချနေသူ) တဦးကို အောက်တိုဘာ ၂၂ ရက်နေ့ ညနေ နာရီခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထို ပကဖက ထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးခံရသူဟာ ကျော်ထက်အောင် ဆိုသူဖြစ်ပြီး တောင်စွန်း (ကျိုက်ထို) နယ်ထိန်း ဇော်မင်းထွန်းရဲ့ ခိုင်းစေမှုဖြင့် ဒေသတွင်း တော်လှန်‌ရေး အင်အားစုများရဲ့ သတင်းကို လိုက်လံထောက်လှမ်းနေခဲ့တာလို့ ဆိုပါတယ်။


ထို့အပြင် WY ဆေးပြားများကို ရောင်းချနေသူ တဦးလည်း ဖြစ်တာကြောင့် လမ်းကြုံ ဖမ်းဆီးခဲ့တာလို့ ကျိုက်ထို ပကဖ က ဆိုပါတယ်။


၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မှုများကို စစ်ဆေးဖော်ထုတ်ကာ  ကြားကာလ ဥပဒေများနှင့်အညီ အရေးယူသွားမှာဖြစ်ပြီး စစ်သုံပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ အသိပေး ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ကျားခဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ဦး သတ်ဖြတ်ခံရပြီး ဦးကို ဖမ်းဆီးသွား၊ ဦး ပျောက်ဆုံးနေ


အောက်တိုဘာ ၂၆၊

Radio NUG


စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီတပ်က အင်အား ၈၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ဦး သတ်ဖြတ်ခံရပြီး ဦးကို ဖမ်းဆီးသွား၊ ဦး ပျောက်ဆုံးနေ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၆ ရက် မနက် နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူစောထီး တပ်သားတွေဟာ ကျားခဲကျေးရွာကို သေနတ်တွေနဲ့ တရစပ်ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့ရာ ထိမှန်ဒဏ်ရာ ရခဲ့သူတွေနဲ့ ဖမ်းဆီးခံရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။


သေနတ်ထိမှန်ဒဏ်ရာနဲ့ ထွက်ပြေးလာခဲ့တဲ့ အမျိုးသား တဦးဟာ ရွာနားက လယ်ကွင်းပြင်မှာ သွေးထွက်လွန်ကာ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရတဲ့ထဲက အသက်လတ်ပိုင်း အမျိုးသား ဦးကို စစ်ကောင်စီတပ်က အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


ထို့ပြင် ဒေသခံ အမျိုးသား ဦးကိုလည်း ဓားစာခံအဖြစ် ထီးလင်းမြို့ထိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မနက် ၁၁ နာရီ ၁၀ မိနစ်ခန့်မှာ ထီးလင်းမြို့ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ ပြန်ထွက်သွားပြီးနောက် ဒေသခံ ပြည်သူ ဦးခန့်ဟာလည်း ဒဏ်ရာတွေနဲ့ ပျောက်ဆုံးနေပြီး အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။


၎င်း စစ်ကောင်စီတပ်ဟာ ထီးလင်းမြို့ ရွှေထီးခန်းမကို ပြန်ရောက်ပြီးနောက် ထမ်းစဉ် ခုဖြင့် သေဆုံး ဒဏ်ရာရထားတဲ့ ၎င်းတို့ တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာခဲ့ကာ ဦးထက်မနည်းကို ထီးလင်း သင်္ချုင်းမှာ သင်္ဂြိုလ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရကြောင်း ဖော်ပြထားပါတယ်။


ကျားခဲရွာကို စစ်ကြောင်းထိုးခဲ့ချိန်မှာ စစ်ကောင်စီနဲ့ ပျူ ပူပေါင်းတပ်ဖွဲ့ဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ရှိခဲ့သလို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် ခံရတာလည်း ရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ ပုလဲမြို့မ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး ဦး ဒဏ်ရာပြင်းထန်


အောက်တိုဘာ ၂၆၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး ပြီး ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၁၊ ကျားသစ်နက် တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၂၄ ရက် မနက် နာရီခွဲခန့်မှာ ပုလဲမြို့မ ရဲစခန်းအား ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ ကျားသစ်နက် တပ်မတော်က လက်နက်ကြီး ဆိုင်းဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့တာပါ။


အဆိုပါ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာပြင်းထန်စွာဖြင့် ဆေးရုံတင်ထားရတယ်လို့ ဖရဲသီးရဲ့ သတင်း ပေးပို့ချက်အရ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ သာယာဝတီ ခရိုင်တွင် အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိခဲ့


အောက်တိုဘာ ၂၆

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်ကြား ဘောဘင်ချောင်းမကြီးတွင် အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခံရပြီး ထိခိုက်မှု ရှိခဲ့တယ်လို့ BTZM GBK PDF က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၂၄ ရက်နေ့ ညနေ နာရီ ၅၀ မိနစ်တွင် ဘော်ဘင်ချောင်းမကြီးအား ဖြတ်ကူးဖို့ တံတားထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို BTZM GBK PDF (ပဲခူးရိုးမ အခြေပြု တပ်ခွဲ) က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရသူများကို ထမ်းစင်များနဲ့ ဇီးကုန်းမြို့နယ်၊ ခက်ချိုကွင်းရွာဘက်ကို သယ်ယူသွားတယ်လို့ သိရပါတယ်။


ထို့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ မနက် နာရီခန့်မှာ ဘော်ဘင်ချောင်း တံတားအတိုင်း စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော် ထပ်မံ စစ်ကြောင်းထိုးလာရာ ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ပြီး အင်အားမမျှတာကြောင့်  ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဒေသခံပြည်သူ ဦးကိုလည်း လူသားဒိုင်းအဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမအနီးက သခွတ်ပင်၊ အင်တိုင်းကုန်း၊ ဆည်တော်ဦး၊ သင်္ခရိုင်၊ ရုံးချောင်း၊ အေးရွာလေး၊ ဥယျဉ်ကြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


🚩🚩 ၄။ မြဝတီမြို့တွင် BGF  ကားနှင့် ဆိုင်ကယ် စီး တိုက်မိပြီး မောင်နှမ ၂ဦး သေဆုံးကာ BGF ကား မောင်းပြေး


အောက်တိုဘာ ၂၆  

Radio NUG 


အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ အချိန်တွင် မြဝတီမြို့ အာရှလမ်းမ ရတနာထမင်းဆိုင်ရှေ့တွင် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့၏ ကားနှင့်  ဆိုင်ကယ် စီး တိုက်မိကာ မောင်နှမ ၂ဦး သေဆုံးသွားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


ဆိုင်ကယ်မောင်းနှင်လာသူ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီး ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတို့ ပွဲချင်းပြီး သေဆုံးသွားကာ BGF တပ်ဖွဲ့ကားမှာ တိုက်ပြီးနောက် မောင်းထွက်ပြေးသွားတယ်လို့ သိရပါတယ်။


ဆိုင်ကယ် အနောက်ကနေ အရှိန်နဲ့ ရဲဘော်တွေပါတဲ့ BGFကား Vigoကားအမျိုးအစားနှင့် ဝင်တိုက်သွားတာဖြစ်ပြီး ကားအောက်ကို ဆိုင်ကယ် ပါသွားကာ ခပ်လှမ်းလှမ်းရောက်မှ ကားအောက်က ဆိုင်ကယ်ကိုထုတ်ပြီး မောင်းပြေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကိုးကန့်တပ် MNDAA ထိန်းချုပ်ရာ သိန္နီနဲ့ လားရှိုးမြို့တို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၂၆ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ရာ သိန္နီမြို့နဲ့ လားရှိုးမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၂၅ ရက်နေ့ နာရီ ၅၅ မိနစ်တွင် သိန္နီမြို့နယ် ကောင်းဟော် ကချင်ရွာအုပ်စုကို စစ်ကောင်စီက ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံး လုံး အပါအဝင် ဗုံး လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


အလားတူ လားရှိုးမြို့၊ ရပ်ကွက် ၁၂ အောင်သစ္စာကွက်သစ်၊ ရင်ကျားကျေး‌ရွာကိုလည်း နာရီ မိနစ်ခန့်မှာ ပေါင် ၅၀၀ ဗုံး တလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။


လားရှိုးမြို့ကို စစ်ကောင်စီတပ် လက်လွှတ်ရပြီးထဲက ဆက်တိုက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်နေတာ အကြိမ်ရေ ၃၀ ကျော် ရှိနေပြီလို့ သိရပါတယ်။


========================


🚩🚩 ၆။ ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရ


အောက်တိုဘာ ၂၆ 

Radio NUG 


အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း နာရီခန့်မှ စပြီး ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ပင်စိမ်းခင်းရွာနှင့် မုံလှရွာကို  ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


ပင်စိမ်းခင်းရွာကို ဒရုန်းဗုံး ၃လုံး ကြဲချမှုကြောင့်ဝါဆိုကျောင်းတိုက် ဘုန်ကြီးကျောင်း ထိမှန်ပြီး သံဃာတော် ပါးနဲ့ ပြည်သူ ဦး ပြင်းထန်ဒဏ်ရာရကာ ဘုန်းကြီးကျောင်း ညာဘက်ခြမ်း ပျက်စီးသွားတယ်လို့ သိရပါတယ်။


မုံလှရွာကို ဒရုန်းဗုံး ၄လုံး ကြဲချမှုကြောင့် လူနေအိမ် ၃လုံး ပျက်စီးပြီး နွား ၃ကောင် သေဆုံးကာ ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မတ္တရာမြို့နယ် ကျေးရွာများကို လေကြောင်း ဗုံးကြဲပြီး ရွာသစ်ရွာကို စစ်ကြောင်းထိုး မီးရှို့


အောက်တိုဘာ ၂၆ 

Radio NUG 


အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ နာရီ ၂၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများက ရွာသစ်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Networkမှ သတင်းထုတ်ပြန်ပါတယ်။


လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ၃နာရီခန့်ကြာအောင် ဝင်ရောက်မီးရှို့ ဖျက်ဆီးခြင်းကြောင့် ရွာသစ်ရွာရှိ မီးလောင် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။


========================


🚩🚩 ၈။ အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပါတ်စဥ် / အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ


အောက်တိုဘာ ၂၆ 

Radio NUG 


အောက်တိုဘာလ ၂၃ ရက်နေ့တွင် မကွေးတိုင်း အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပါတ်စဥ် / အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း Upper Minhla PDF မှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းကာလ () လကြာမြင့်ခဲ့ပြီး သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ဆေးဘက်ဆိုင်ရာ ဘာသာရပ်များ၊ နိုင်ငံရေး၊ စစ်ရေးဘာသာရပ်များနှင့် လူထုအခြေပြု ကူညီကယ်ဆယ်ရေး စသည့် ဘာသာရပ်များကိုပါ စာတွေ့၊ လက်တွေ့ သင်တန်းပို့ချပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပကဖရဲဘော်တစ်ယောက်၏ လုပ်ဆောင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment