၂၀၂၄ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာပြည်သူအားလုံးရဲ့လှုပ်ရှားမှုတွေဟာ တော်လှန်ရေးအတွက်ပဲ ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်ပြောကြား
📌 ၂။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ သြစတြေးလျရောက်မြန်မာအင်အားစုများ ဆက်တိုက်တွေ့ဆုံမည်
📌 ၃။ ဘာသာအယူဝါဒမတူကွဲပြားသော်လည်း စစ်အာဏာရှင်စနစ်ကနေလွတ်မြောက်ချင်တဲ့စိတ်တူညီနေကြပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဆို
📌 ၄။ "စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေ ပြီ"လို့ဆို
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့
📌 ၆။ ”ရောင်နီလာရာလမ်း"မှ အစီစဉ်မှ တော်လှန်ရေးဘက်တော်သားများအတွက်ဒုတိယအသုတ် Save houseသုံးလတာနေထိုင်ခွင့်ကူညီမည်
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ဝ ကိုပါ စစ်ကောင်စီလော်ဘီတွေက ပုံဖျက်ဝါဒဖြန့်လာ
🚩 ၂။ သိန္နီမြို့ကိုစကစတပ်များက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့
🚩 ၃။ ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းကို ဖျက်အားပြင်း droneဗုံးသီး၁၆လုံးကြဲချတိုက်ခိုက်ရာ ပျူစောထီး၂ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာပြည်သူအားလုံးရဲ့လှုပ်ရှားမှုတွေဟာ တော်လှန်ရေးအတွက်ပဲ ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်ပြောကြား
အောက်တိုဘာ၂၈ရက်
မြန်မာပြည်သူအားလုံးရဲ့လှုပ်ရှားမှုတွေဟာ တော်လှန်ရေးအတွက်ပဲ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်က
အောက်တိုဘာ၂၆ရက် စုပေါင်းဆုတောင်းတော်လှန်ဒေပါဝလီရံပုံငွေပွဲတော်မှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့မြန်မာနိုင်ငံမှာ ဒီကနေ့ဘယ်လောက်အထိဖြစ်နေတယ်ဆိုတာအထူးပြောစရာမလိုတော့ပါဘူး။ကပ်ဘေးရောတပ်ဘေးရောမြန်မာပြည်သူတွေဟာခံစားနေရပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်အနုပညာရှင်တွေရဲ့သီဆိုဖျော်ဖြေမှုကလည်းတော်လှန်ရေးတရပ်ပါပဲ။ကပြကြတဲ့လူငယ်တွေကလည်းတော်လှန်ရေးတရပ်ပါပဲ။ဘာသာတရားအရဆုတောင်းပေးကြတာလည်းတော်လှန်ရေးအတွက်ပါပဲ။ပြည်တွင်းမှာကြိုးစားရုန်းကန်နေကြရတဲ့ ဘဝတွေ၊အသက်တွေပေးနေရတဲ့ကျနော်တို့ရဲ့လူငယ်တွေ၊ကျနော်တို့ရဲ့ရဲဘော်အာဇာနည်တွေကလည်းတော်လှန်ရေးအတွက်ပါပဲ"လို့ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်းစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူနွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ သြစတြေးလျရောက်မြန်မာအင်အားစုများ ဆက်တိုက်တွေ့ဆုံမည်
အောက်တိုဘာ၂၈ရက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ သြစတြေးလျရောက်မြန်မာအင်အားစုများ နိုဝင်ဘာလအတွင်းဆက်တိုက်တွေ့ဆုံမယ်လို့သတင်းရရှိပါတယ်။
အလုပ်သဘောခရီးစဥ်အဖြစ်သြစတြေးလျနိုင်ငံသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာသွားရောက်မှာဖြစ်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတို့နဲ့လည်းတွေ့ဆုံနိုင်တယ်လို့သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့လူထုတွေ့ဆုံပွဲမှာလူသားစာနာဝန်ကြီးဌာနဆောင်ရွက်မှုများနဲ့ တော်လှန်ရေးအကြောင်းအရာများကိုလည်းရှင်းလင်းပြောကြားသွားမယ်လို့သိရပါတယ်။
========================
📌📌 ၃။ ဘာသာအယူဝါဒမတူကွဲပြားသော်လည်း စစ်အာဏာရှင်စနစ်ကနေလွတ်မြောက်ချင်တဲ့စိတ်တူညီနေကြပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဆို
အောက်တိုဘာ၂၈ရက်
ဘာသာအယူဝါဒမတူကွဲပြားသော်လည်း စစ်အာဏာရှင်စနစ်ကနေလွတ်မြောက်ချင်တဲ့စိတ်တူညီနေကြပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အောက်တိုဘာ၂၆ရက် စုပေါင်းဆုတောင်းတော်လှန်ဒေပါဝလီရံပုံငွေပွဲတော်မှာ ဆိုပါတယ်။
"လူတိုင်း၊လူတိုင်းကဒီကနေ့ကိုယ့်တိုင်းပြည်နဲ့ဝေးရာကိုရောက်ရှိနေပေမယ့်ကိုယ့်တိုင်းပြည်ရဲ့လူ့အခွင့်အရေး၊ငြိမ်းချမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စုအရေး ဆက်လက်ပြီးတိုက်ပွဲဝင်ကြမယ်ဆိုတဲ့ တိုင်းပြည်ချစ်တဲ့စိတ်၊လူမျိုးတွေကိုပြန်လွတ်လပ်စေချင်တဲ့စိတ် အနာဂါတ်ဖက်ဒရယ်ထူထောင်ချင်တဲ့စိတ်တွေကြောင့် ဒီနေရာမှာပေါင်းစည်းရောက်ရှိနေတာတွေ့ရတယ်။ကျနော်တို့ဟာဘာသာအသားအရောင်ကွဲကောင်းကွဲမယ်။ဒါပေမယ့် ဒီနေရာကိုရောက်ရှိနေချိန်မှာ စစ်အာဏာရှင်စနစ်ကနေလွတ်မြောက်ချင်တာ ဒါကလူမှုအသိုင်းအဝိုင်းထဲမှာဂုဏ်ယူစရာအချက်ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှယအကြမ်းဖက်စကစဟာဘာသာရေးအဆောက်အဦများကိုလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတို့အပြင်နယ်ဘက်များတွင်ဘာသာရေးဆရာများကိုသတ်ဖြတ်မှုတို့လည်းကျူးလွန်လျက်ရှိပါတယ်။
========================
📌📌 ၄။ "စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေ ပြီ"လို့ဆို
အောက်တိုဘာ၂၈ရက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်Women, Peace and Security: Women Building Peace in a Changing Environmentခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုဆိုပါတယ်။
"စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ အမျိုးသမီးများ အပါအဝင် အရပ်သား များအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ်မှာအောက်တိုဘာ ၁၉ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများအနက် အချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်း နေသူများဖြစ်ကြောင်း၊ အချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရ ကြောင်း၊ အချို့၏ ဦးခေါင်းများ မှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကြောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ လည်း ပြန့်ကျဲနေကြောင်း၊ ဤဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့် ဖွယ်ကောင်း ကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးက အထူး အရေးပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့
အောက်တိုဘာ၂၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
အောက်တိုဘာ၂၆ရက်ကျင်းပတဲ့ အဆိုပါအစည်းအဝေးမှာကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှုး ဦးကျော်စိုး၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ကိုယ်စား ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခက်အခဲများကြားမှ အစည်းအဝေးသို့ တက်ရောက်လာသော မြေပြင်တရားရုံးများမှ ဆရာ ဆရာမများအားလုံး ကျေးဇူးတင်ရှိကြောင်းနှုတ်ခွန်းဆက်သကာ မြို့နယ်များ အနေဖြင့်လည်း လစဉ်အစည်းအဝေးအား ပုံမှန်တက်ရောက်ပေးစေလိုကြောင်း၊ အမှုအခင်းများ စစ်ဆေး စီရင်ရာတွင် ဥပဒေနှင့်အညီစစ်ဆေးရန်၊ ပြစ်ဒဏ်ချမှတ်မည်ဆိုလျင်လည်း ပြစ်မှုနှင့်ပြစ်ဒဏ်အား ဥပဒေ နှင့်အညီ မျှတစွာ ချမှတ်ရန်ဖြစ်ကြောင်း၊ မြေပြင်တရားရုံးများအနေဖြင့် အရေးကြီးမှုခင်းများနှင့် လုပ်ငန်း ဆောင်ရွက်ချက်များ ရှိပါက ဝန်ကြီးဌာနနှင့်ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်၍ မြေပြင်တရားရုံးများနှင့် အမှုစစ်ဆေးနိုင်မှုအခြေအနေ များကို စိစစ်ခြင်း၊ မှုခင်းလချုပ်၊ ဒဏ်ငွေလချုပ်နှင့် ရုံးတက်ရုံးဆင်းမှတ်တမ်းများအပေါ် ညှိနှိုင်းဆောင်ရွက်မှုများဆွေးနွေး ကာ မြေပြင် တရားသူကြီးများမှ မေးမြန်းလာသော မြေပြင်တွင် ကြုံတွေ့နေရသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းချက်များကို ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ လုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်မေပိုးနှင့် ရုံးအဖွဲ့မှူးဒေါ်ရွှေနွယ်ရိုးတို့မှ ပြန်လည် ဖြေကြားခဲ့ပါတယ်။
========================
📌📌 ၆။ ”ရောင်နီလာရာလမ်း"မှ အစီစဉ်မှ တော်လှန်ရေးဘက်တော်သားများအတွက်ဒုတိယအသုတ် Save houseသုံးလတာနေထိုင်ခွင့်ကူညီမည်
အောက်တိုဘာ၂၈ရက်
"ရောင်နီလာရာလမ်း"မှ အစီစဉ်မှ တော်လှန်ရေးဘက်တော်သားများအတွက်ဒုတိယအသုတ် Save houseသုံးလတာနေထိုင်ခွင့်ကူညီမယ်လို့ အောက်တိုဘာ၂၈ရက်မှာ ဒါရိုက်တာကိုပေါက်က ဆိုရှယ်မီဒီယာတွင်ဖော်ပြထားပါတယ်။
"ချစ်ခင်အားကိုးရပါသော တော်လှန်သူရဲကောင်းများအတွက် "ရောင်နီလာရာလမ်း"မှ အစီစဉ်လေးထပ်ပြီးချပြပါရစေ။
ဒါရိုက်တာကိုပေါက်၏ဦးဆောင်မှူဖြင့် တလရ ဘက်တော်သားများအတွက် ပထမအသုတ် ၃လတာSave house အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်။ယခုအခါ နောက် (၃)လအစီအစဉ်လေးကတော့ Safe ကူညီပေးမှု ထပ်ပေးမယ့်အစီစဉ်ပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ CDM သူရဲကောင်းများ နှင့် တက်ကြွလှုပ်ရှား တလရ ရဲဘော်Activist များအတွက် "ရောင်နီလာရာလမ်း"မှ ကူညီလျက်ရှိသော နေထိုင်ခိုလှုံရာ Safe ၌ ဒုတိယအကြိမ်မြောက် Safe အစီအစဥ်အား စတင်တော့မှာဖြစ်ပြီးနေရေးအခက်အခဲရှိသည့် CDM (မိသားစုဝင် ၃ ဦးနှင့် အထက်) မိသားစုများ ခေတ္တ နေထိုင်ခိုလှုံရန်နေရာ လိုအပ်နေသူများ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
အခြား အရေးပေါ် လိုအပ်နေသည့် ရဲဘော်များ၊ CDM Studentများ နှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ Activists မိသားစုဝင်များလည်းနေထိုင်ခွင့်လျှောက်ထားနိုင်ကာလျှောက်လွှာများကို နိုဝင်ဘာ၅ရက်နေ့အထိလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ဝ ကိုပါ စစ်ကောင်စီလော်ဘီတွေက ပုံဖျက်ဝါဒဖြန့်လာ
အောက်တိုဘာ၂၈ရက်
ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ဝ ကိုပါ စစ်ကောင်စီလော်ဘီတွေက ပုံဖျက်ဝါဒဖြန့်လာတယ်လို့ အောက်တိုဘာလအတွင်း ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေးအဖွဲ့BACSက အတည်ပြုဖော်ပြပါတယ်။
"ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့တာကြောင့် အာရက္ခတပ်တော် AA၊ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့ကို ဦးတည်ဝါဒဖြန့်မှုတွေ မြင့်တက်ခဲ့ရာကနေ အခုဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ဝ ကိုပါ စစ်ကောင်စီလော်ဘီတွေက ပုံဖျက်ဝါဒဖြန့်လာတာမျိုး တွေ့ရပါတယ်"လို့ဖော်ပြပါတယ်။
စောင့်ကြည့်ကာလ (အောက်တိုဘာ ၅ ရက်က ၁၁ ရက်အထိ) အတွင်း ရခိုင့်တပ်တော် AA ကို အများဆုံး ဦးတည်ဝါဒဖြန့်မှုတွေပြုလုပ်ခဲ့တဲ့ ပို့စ် ၅၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။
ကိုးကန့်တပ် MNDAA ကိုလည်း AA နဲ့ မတိမ်းမယိမ်း ပို့စ် ၅၀ ကျော်ခန့်ဖြန့်ပြီး သီပေါကို ဗုံးကြဲတိုက်ခိုက်ရာမှာလည်း TNLA တွေ အသေအပျောက်များနေတယ်ဆိုတဲ့ ဝါဒဖြန့်ပို့စ် ၄၀ ခန့်ဖြန့်ဝေခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ဝတပ်ဖွဲ့ကို ပုံဖျက်တိုက်ခိုက်လာခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ သိန္နီမြို့ကိုစကစတပ်များက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့
အောက်တိုဘာ၂၈ရက်
ရှမ်းပြည်နယ်သိန္နီမြို့ကိုစကစတပ်များက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က သိန္နီမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့MMDAAကဖော်ပြပါတယ်။
တိုက်လေယာဉ်များဟာ ပေါင်ချိန်များသော ဗုံးအများအပြားကို ကြဲချခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများသူငှာ အဆောက်အဦ အများအပြား ပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် အနီးနားရှိ နေအိမ်များကိုလည်း အမျိုးမျိုးသောထိခိုက်ပျက်စီးမှု အတိုင်းအတာ ဖြစ်ပွားခဲ့သော်လည်းထိခိုက်သေဆုံးသူ မရှိခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းကို ဖျက်အားပြင်း droneဗုံးသီး၁၆လုံးကြဲချတိုက်ခိုက်ရာ ပျူစောထီး၂ဦးသေဆုံး
အောက်တိုဘာ၂၈ရက်
ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းကို ဖျက်အားပြင်း droneဗုံးသီး၁၆လုံးကြဲချတိုက်ခိုက်ရာ ပျူစောထီး၂ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာ၂၈ရက်တွင် စစ်ရေးသတင်းကို မြိုင်ပကဖကအတည်ပြုဆိုထားပါတယ်။
"အောက်တိုဘာ၂၇ရက်မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းအား ဖျက်အားပြင်း droneဗုံးသီး၁၆လုံးကျဲချတိုက်ခိုက်ရာ ပျုစောထီး၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းဟာ ခရီးသွားအများပြည်သူများအားအမြဲအနိုင်ကျင့်ဗိုလ်ကျကာ ခရီးသွားပြည်သူများဆီမှအဆမတန် ငွေးကြေးများတောင်းယူနေတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
ထိုတိုက်ခိုက်မှုကိုမြိုင်ပကဖနှင့် အတူပေါက်ပကဖ၊Bly ပျောက်ကျားတပ်ဖွဲ့ PKU Thurain/ Black cobraforce(ကမ္မတပ်ပါင်းစု)/DMG ဓားမင်းကြီးအဖွဲ့ တို့ပါဝင်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment