2nd OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ 'တော်လှန်အမွေ' ကမ်ပိန်းဆုမဲအဖြစ် ဝန်ကြီး နော်စူစန်နာလှလှစိုးရဲ့ ဘိုးဘွားပိုင် ပတ္တမြားတစ်ဆင်စာကိုပေးအပ်မည်

📌 ၂။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်း

📌 ၃။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို ကန့်ကွက်ဖို့ ဆရာတော်၊ သံဃာတော်တွေကို သံဃသမဂ္ဂ -မန္တလေး တိုက်တွန်း

📌 ၄။ အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘုတလင်မြို့နယ်မှာ ချေမှုန်းခံလိုက်ရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဒေသခံပြည်သူ ဦးနဲ့ပကဖ အဖွဲ့ဝင် ဦးကို ပစ်ခတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ဖျက်ဆီးခဲ့

🚩 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဖလူးကျေးရွာကစာသင်ကျောင်းဆောင်တွေပျက်စီးပြီး ဒေသခံ ၂ဦး ဒဏ်ရာရ

🚩 ၃။ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းမှာပါဝင်တဲ့ Non-CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ တောင်သာ ပကဖပြော

🚩 ၄။ ဆော့လော်မြို့ကို KIA KPDF ပူးပေါင်းတပ် တွေထပ်မံ သိမ်းပိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ 'တော်လှန်အမွေ' ကမ်ပိန်းဆုမဲအဖြစ် ဝန်ကြီး နော်စူစန်နာလှလှစိုးရဲ့ ဘိုးဘွားပိုင် ပတ္တမြားတစ်ဆင်စာကိုပေးအပ်မည်


အောက်တိုဘာလ၂ရက်


အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးရဲ့ ဘိုးဘွားပိုင် ပတ္တမြားတစ်ဆင်စာကို'တော်လှန်အမွေ' ကမ်ပိန်းအတွက် ဆုမဲအဖြစ်ပေးအပ်မယ်လို့ သတင်းရရှိပါတယ်။


အောက်တိုဘာလ ရက်နေ့မှစ၍  'တော်လှန်အမွေ' ကမ်ပိန်းရဲ့ ရတနာမဲလက်မှတ်တွေ ကိုရောင်းချပေးလျက်ရှိပါတယ်။


တော်လှန်အမွေ ကမ်ပိန်းဟာ စစ်ဘေးရှောင် အမျိုးသမီးတွေနဲ့ ကလေးသူယ်တွေကို  ကူညီပေးနိုင်ရေးအဓိကပါဝင်ပြီး တော်လှန်ရေး အကျိုးပြုလုပ်ငန်းတွေမှာ ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်တယ်လို့သိရပါတယ်။


ကမ်ပိန်းမဲလက်မှတ်များကို  'တော်လှန်အမွေ' ကမ်ပိန်းပေ့ခ်ျ  မှာ ဝယ်ယူနိုင်သလို နိုင်ငံတကာFRများထံတွင်လည်းcurrency အမျိုးမျိုးဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်း


အောက်တိုဘာ၂ရက်


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက်ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်းခဲ့တယ်လို့ အောက်တိုဘာ၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဖော်ပြပါတယ်။


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊   လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများမှ အမျိုးသမီးများအတွက် အမျိုးသမီးတကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်းခြင်း၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက်အာဟာရ အစားအစာများလှူဒါန်းခြင်းနှင့် ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်းခြင်း

လုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို ကန့်ကွက်ဖို့ ဆရာတော်၊ သံဃာတော်တွေကို သံဃသမဂ္ဂ -မန္တလေး တိုက်တွန်း


အောက်တိုဘာ၂ရက်


အကြမ်းဖက်စစ်ကောင်စီကလုပ်ဆောင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းတွေမှာ ဆရာတော်၊ သံဃာတော်တွေ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ -မန္တလေးက ဒီနေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ရက်နေ့ကစပြီး သန်းခေါင်စာရင်းကောက်ယူနေပေမယ့် ဘုန်းကြီးကျောင်း အချို့မှာ စက်တင်ဘာ ၃၀ ရက်န့ကတည်းက သံဃာတော်တွေကို သန်းခေါင်စာရင်းကောက်ယူခဲ့တယ်လို့ဆိုပါတယ်။ 


သံဃာတော်တွေကို သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဉ်ကို မြို့နယ်အလိုက် ကောက်ယူဖို့ စီစဉ်နေတယ်လို့ သိထား တယ်လို့လည်း အသိပေးထားပါတယ်။ 

အကြောင်းအမျိုးမျိုးနဲ့ ဘုန်းကြီးကျောင်းတွေမှာရောက်နေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းကောက်ယူမယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ သံဃာမဟာနာယကအဖွဲ့ကလည်း စက်တင်ဘာ ၂၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အခုလို စာရင်းကောက်ယူရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး ကျောင်းထိုင်ဆရာတော်တွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ မြို့နယ်၊ ခရိုင်၊ တိုင်း စတဲ့ သံဃာနာယကအဖွဲ့တွေကို စာထုတ်ညွှန်ကြားထားတာ တွေ့ရတယ်လို့ ဃသမဂ္ဂ-မန္တလေးက ပြောပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီအလိုကျ စာထုတ်ညွှန်ကြားခဲ့တဲ့ မဟနအဖွဲ့အစည်းကိုလည်း သံဃသမဂ္ဂ-မန္တလေးက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ၎င်းတို့ အာဏာတည်မြဲရေးအတွက် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတဲ့နောက် နိုင်ငံတဝှမ်း အဓမ္မပေါ်တာဆွဲတာ စစ်သင်တန်းပေးတာ ရှေ့တန်းစစ်မြေပြင်တွေစေလွှတ်နေတာတွေကြောင့် လူသားအရင်းအမြစ် ဆုံးရှုံး နစ်နာမှုတွေရှိနေတယ်လို့ သံဃသမဂ္ဂ-မန္တလေး ရဲ့ ထုတ်ပြန်ကြေညာမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်တဲ့ .. အဖွဲ့အစည်းရဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်ပါ အကြောင်း အရာတွေကို ဓမ္မကို မြတ်နိူးတန်ဖိုးထားတဲ့ ဆရာတော်သံဃာတော်များအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ဖို့နဲ့ ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချဖို့လိုတဲ့အကြောင်း သံဃသမဂ္ဂ-မန္တလေးက တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို


အောက်တိုဘာလ () ရက် 


အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆိုလိုက်ပါတယ်။


အာဆီယံက ထိပ်သီးအစည်းအဝေးနဲ့နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။


သို့သော်၊ စစ်အုပ်စုနှင့်၎င်း၏ခန့်အပ်ခံများသည် မြန်မာနိုင်ငံကိုကိုယ်စားပြု၍ အာဆီယံ အစည်းဝေး(၅၀၀) ကျော်ကို တက်ရောက်ခဲ့ကြပါတယ်။


စစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များဟာ

ဝန်ကြီးအဆင့်အစည်းအဝေး (၂၀) ကျော်ကို တက်ရောက်ခဲ့ပြီး ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊  ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း စသည်တို့နှင့်စပ်လျဥ်းသော အစည်းအဝေးများ အပါ၀င်ဖြစ်ပါတယ်။


အောက်တိုဘာလ () ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအ၀ေးတွင် မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်၍ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားရန် အရပ်ဘက်အဖွဲ့အစည်း (၂၃၇) ဖွဲ့က အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ၀နကြီးများသို့ တောင်းဆိုသည့် အိပ်ဖွင့်ပေးစာကို ပေးပို့ခဲ့ပြီး အဆိုပါပေးစာတွင် အာဆီယံအစည်းအဝေးများသို့စစ်အုပ်စုအဖွဲ့ဝင်များ၏ လတ်တလော တက်ရောက်မှုအခြေအနေများအကြောင်းကို အရပ်ဘက်အဖွဲ့အစည်းများက အသေးစိတ်ဖော်ပြထားပါတယ်။


Defend Myanmar Democracy အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က မှတ်ချက်ပြုသည်မှာ- 


"နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်" ဆိုတာမျိုးက လုံး၀မရှိပါဘူး။ အာဏာသိမ်းကြိုးပမ်းမှုဖြစ်စဥ် စတင်ကတည်းက စစ်အုပ်စု ခန့်အပ်ထားသူမှန်သမျှဟာ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး။ ဗုံးကြဲလိုက်၊ ညှင်းပန်းနှိပ်စက်လိုက်နဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံက အစည်းအ၀ေးဖိတ်ကြားတာဟာ အင်မတန် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဘုတလင်မြို့နယ်မှာ ချေမှုန်းခံလိုက်ရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဒေသခံပြည်သူ ဦးနဲ့ပကဖ အဖွဲ့ဝင် ဦးကို ပစ်ခတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ဖျက်ဆီးခဲ့


အောက်တိုဘာလ၂ရက်


ဘုတလင်မြို့နယ်မှာ ချေမှုန်းခံလိုက်ရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဒေသခံပြည်သူ ဦးနဲ့ပကဖ အဖွဲ့ဝင် ဦးကို ပစ်ခတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မုံရွာခရိုင် ဘုတလင်မြို့နယ် ကူတော်ရွာမှာရှိတဲ့ အကြမ်းဖက် ဖက်ဆစ်စခန်းကုန်းကို Budalin Mobile Team-BMT -ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းနဲ့အတူ မဟာမိတ်‌ တော်လှန်‌ရေးတပ်ပေါင်းစုတွေက စက်တင်ဘာ ၂၀ ရက်နေ့ မနက် နာရီမှာ စခန်းသိမ်းတိုက်ပွဲစတင်ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 


တိုက်ပွဲဟာ နေလယ် နာရီအချိန်ထိကြာခဲ့တာကြောင့် တိုက်ပွဲကြာချိန် ခန့်နာရီခန့် ကြာမြင့်ခဲ့ပြီး စခန်းကို ထိုးဖောက်နိုင်ခဲ့ ပေမယ့် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူ ၁၂ ကြိမ်ဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခဘက်က အကြမ်းဖက်စစ်သား အင်အား ၈၀ ခန့်လည်း ဘုတလင်မြို့ကတဆင့် မြေပြင်စစ်ကူရောက်ရှိလာခဲ့တဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုတွေ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။


ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ များစွာထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ဦး အသက်ပေးလှူခဲ့ရပြီး Budalin Mobile Team-BMT -ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းက ရဲဘော်တဦး ခြေတဖက် ပေးဆပ်လိုက်ရတယ် လို့လည်း ထပ်သိရပါတယ်။


မုံရွာမြို့ကနေ စစ်ကူရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ကူတော်ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ကျွန်သေချောင်းရွာက အရပ်သားတဦး၊ ကတိုးရွာက အသက် ၇၀ ကျော် အမျိုးသားတဦးနဲ့ ပကဖ အဖွဲ့ဝင် ၂ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကတိုးရွာက နေအိမ် ၂၀ ဝန်းကျင်ကို မီးရှိဖျက်ဆီးခဲ့တယ်လို့ Budalin Mobile Team-BMT က အသိပေးထားပါတယ်။


ကူတော်စခန်းကိုရောက်နေတဲ့ နမခက စစ်ကူစစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဘုတလင်မြို့ကို ဆုတ်ခွာလာ ချိန်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဘုတလင်-ကူတော်လမ်းတနေရာမှာ နေလယ် ၁၂ နာရီ ၄၅ မိနစ်ကစပြီး ဝိုင်းဝန်းချေမှုန်းတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဟာ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 


ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီ ဘက်က ၃၅ ဦးကျော် သေဆုံးပြီး ၄၃ ဦး အရှင်ဖမ်းမိကာ ပစ္စတိုတလက်၊ လက်နက်ငယ် ၅၄ လက်၊ ၆၀ မမ စိန်ပြောင်း လက်၊ ဒရုန်း စင်း၊ ဂျန်မာစက် လုံးနဲ့အတူ ခဲယမ်း ‌‌အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်နဲ့တကွ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး ခန့်ရှိနိုင်တယ်လို့ မုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB ကလည်း အသိပေးထားပါတယ်။

စစ်ကြောင်းတခုလုံးပျက်သွားတဲ့ စစ်ကောင်စီတပ်ကို မုံရွာခရိုင် အမှတ်-၂၀ တပ်ရင်း Battalion of butalin- BOB ULF ယင်းမာပင်တပ်ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြိုနယ် ပကဖ၊ SAF -ကျောင်းသားတပ်၊ Budalin Mobile Team-BMT FRF မုံရွာခရိုင် ဗျူဟာ ‌‌၆၆ (၁၉၊၂၁၊၂၆) PLA -ကွန်မြူနစ်တပ်၊ BLDF 96 Soldiers ရွှေဘိုခရိုင် တပ်ရင်း-၉၊၁၂၊ ရေဦး၊ ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြိုနယ် ပလဖ၊ KUGF-ခင်ဦး၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ၊ မုံရွာခရိုင်တပ်ရင်း-၈၊ Golden Brothers Local အရာတော်နဲ့ မိတ္ထီလာ ဒရုန်းအဖွဲ့များ၊ ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နဲ့အတူ အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဖလူးကျေးရွာကစာသင်ကျောင်းဆောင်တွေပျက်စီးပြီး ဒေသခံ ၂ဦး ဒဏ်ရာရ


အောက်တိုဘာလ၂ရက်


ကရင်အမျိုးသားအစည်းအရုံး- ကော်သူးလေအုပ်ချုပ်နယ်မြေကော့ကရိတ်မြို့နယ် လေးကေကော်မြို့သစ်အနီး စွယ်တော်ကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဖလူးကျေးရွာ က စာသင်ကျောင်းဆောင်တွေပျက်စီးပြီး ဒေသခံ ၂ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်ပါတယ်။

စွယ်တော်ကုန်းအမြောက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စခန်းကုန်းကနေ ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ရည်ရွယ် ချက်ရှိရှိပစ်ခတ်တာကြောင့် ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ခြမ်း ဖလူးကြီးကျေးရွာအတွင်းက စာသင်ကျောင်းဆောင် ဆောင်စလုံး ပျက်စီးခဲ့ပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေထိခိုက်မှုမရှိခဲ့ပေမယ့် ဖလူးလေးကျေးရွာက ဒေသခံအမျိုးသားတဦးနဲ့အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ရက်နေ့ နေလယ် နာရီကျော်အချိန်ကစပြီး စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းက လက်နက် ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းစောလွှတ်လိုက်တာကြောင့် လက်နက်ကြီးထိမှန်ချိန်မှာ ကျောင်းသားကျောင်းသူတွေ နဲ့ ဆရာ၊ ဆရာမတွေ ထိခိုက်မှုမရှိတာလို့ KNU တပ်မဟာ နယ်မြေမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

လေးကေ့ကော်မြို့သစ်အနီးမှာရှိတဲ့ စွယ်တော်ကုန်းကို တော်လှန်ရေးတပ်တွေက မကြာခဏထိုးစစ်ဆင်နေပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ၀ိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

တပ်မဟာ- ဒူးပလာယာခရိုင်အတွင်းမှာရှိပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကကျတဲ့ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -K.N.L.A နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် နေ့စဥ်ဖော်ဆောင်နေ တာပဲဖြစ်ပါတယ်။

K.N.L.A နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာရှိသလို ရမ်းသမ်း ပစ်ခတ်နေတဲ့အပြင် လေကြောင်းကလည်း ဗုံးကြဲနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းမှာပါဝင်တဲ့ Non-CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ တောင်သာ ပကဖပြော


အောက်တိုဘာလ၂ရက်


ရွေးကောက်ပွဲအကြောင်းပြပြီး ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကောက်ယူနေတဲ့ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းမှာ ပူးပေါင်းပါဝင်ပတ်သက်နေတဲ့ Non-CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။  

အကြမ်းဖက်စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတာဟာ အရပ်သားပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်း စေဖို့ရည်ရွယ်ပြီး ကိုယ်ရေးအချက်အလက်ကောက်ယူနေတာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယူဆတဲ့ အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ စစ်ရေးပစ်မှတ်ဆိုတဲ့အချက်ပါဝင်နေတာကြောင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ Non CDM ဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ဒါကြောင့် Non CDM ဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုလုပ်ရပ်တွေကိုသေချာ နားလည်သဘောပေါက်ပြီး ဒီကျူးလွန်မှုတွေမှာပါဝင်လာအောင် တနည်းတဖုံ ခိုင်းစေခံနေရတယ်ဆိုတာ နားလည်သဘော ပေါက်ဖို့လို့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာပါဝင်တဲ့ အချို့သောအချက်အလက်တွေဟာ အကြမ်းဖက်စစ်ကောင်စီကပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်စေနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ သား၊သမီးတွေကို စစ်တပ်လက်ထဲ ထိုးအပ် လိုက်သလိုမဖြစ်ရလေအောင် အကင်းပါးပါးနဲ့ရှောင်ရှားကြဖို့ တော်လှန်ရေးအင်အားစုတွေက အကြံပြုထားပါတယ်။


========================


🚩🚩 ၄။ ဆော့လော်မြို့ကို KIA KPDF ပူးပေါင်းတပ် တွေထပ်မံ သိမ်းပိုက်


အောက်တိုဘာလ၂ရက်


ကချင်ပြည်နယ် ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေ ဒီနေ့ အောက်တိုဘာ မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ချီဖွေမြို့ကို KIA PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီး ၂ရက်အကြာ အောက်တိုဘာ ရက် မနက်အစောပိုင်းမှာ ဆော့လောမြို့ကိုပါထပ်မံ သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေး သတင်းရင်းမြစ်တွေကဆိုပါတယ်။

မြို့နယ်အဆင့်ရှိတဲ့ ဆော့လော်မြို့နဲ့  ဒေသတွင်း အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ အမှတ် ၂၉၈ ခြေလျင်တပ်ရင်းရဲ့ အချက်အခြာစခန်းကို ဒီနေ့မနက် နာရီခွဲမှာ သိမ်းပိုက် နိုင်ခဲ့ပြီး ခဲယမ်းနဲ့သုံ့ပန်းတွေ ဖမ်းဆည်းရရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တဦးက အသိပေးပါတယ်။

ဒီမြို့သိမ်းတိုက်ပွဲမှာ ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတွေအပါအဝင် စစ်တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေက လွန်ခဲ့သော တနှစ်ကျော်ကတည်းက လမ်းအားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားတာလို့ သိရပါတယ်။  

ဆော့လော်မြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးတပ်တွေ ၂ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး လက်ရှိမှာ စစ်တပ်ကင်းစင်သွားတဲ့မြို့ ဖြစ်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ မနက် နာရီကစပြီး ချီဖွေမြို့က အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ပြည်သူ့စစ်စခန်း ချီဖွေမြို့မ ရဲစခန်း၊ မိုင် စုပေါင်းဂိတ်စခန်းနဲ့ ဗျူဟာတပ်စခန်းကုန်းတို့ကို KIA KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ရက်အတွင်း ချီဖွေနဲ့ ဆော့လော်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။  

ဆော့လော်နဲ့ချီဖွေမြို့တို့ဟာ ကချင်အထူးဒေသ- နယ်မြေမှာပါဝင်တဲ့ဒေသတွေဖြစ်ပြီး KIA နဲ့ပူးပေါင်းတပ်တွေ အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment