2nd OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်ထုတ်ပေးရေး ဗဟိုကော်မတီအစည်းအဝေး ကျင်းပ

📌 ၂။ မြန်မာစစ်အုပ်စု၏ ATR လေယာဉ်အုပ်စုကို ပံ့ပိုးပေးသည့် ကုမ္ပဏီအုပ်စုများအပေါ် အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ချမှတ်သင့်

📌 ၃။ မြန်မာနိုင်ငံနဲ့ မန္တလေးဒေသ၏ လက်ရှိ တော်လှန်ရေး၊ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု အခြေအနေများဆွေးနွေး

📌 ၄။ ခင်ဦးမြို့နယ်၊ ကျေးရွာ(၁၀)ရွာရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်()နှစ်အောက် ကလေးသူငယ်စုစုပေါင်း (၈၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်

📌 ၅။ ၂၀၂၄ စက်တင်ဘာလ နွေဦးထီ ဝယ်ယူမှုယခင်လများထက် အနည်းငယ် ပိုမိုတိုးတက်လာ

📌 ၆။ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍  ၂၀၂၄ ခုနှစ်အတွင်း စက်တင်ဘာလအထိ နိုင်ငံရေးအကျဉ်းသား() ဦး နိုင်ငံရေးအကျဉ်းသူ() ဦး၊ ရဲ CDM () ဦး စုစုပေါင်း ကျား၊ (၁၂) ဦး အသက်သေဆုံးခဲ့ရ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ အတွင်းသတင်းများကို လုံခြုံစွာ သတင်းပေးနိုင်တဲ့ ဖရဲသီးစာတိုက်ပုံး ဝဘ်ဆိုဒ် စတင် 

🚩 ၂။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းပါဝင်ခြင်း မပြုကြရန် မွန်ပြည်သစ်ပါတီ (AD) နဲ့ KRF တိုက်တွန်း

🚩 ၃။ စစ်ကောင်စီက  သန်းခေါင်စာရင်းကောက်ယူမှုတွင် ရဲနှင့်စစ်သားများအပြင် ပျူစောထီးနှင့် ပြည်သူ့စစ်များ အများအပြားပါဝင်ကာ ပိုင်ဆိုင်မှုများအထိ မေးနေ

🚩 ၄။ အာဏာသိမ်းသည့်နေ့မှ စက်တင်ဘာလ ၃၀ရက်အထိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်မှုများ PKPF သတင်းထုတ်ပြန်

🚩 ၅။ လားရှိုးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ် 

🚩 ၆။ ကောလင်းတွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

🚩 ၇။ မင်းတပ်မြို့ပေါ်က နေအိမ်များကို စစ်ကောင်စီ မီးတင်ရှို့နေ

🚩 ၈။ ပခုက္ကူမြို့နယ် နယ်မြေ()အတွင်းရှိ မီးရှို့ခံပြည်သူ လူထု နေအိမ်များနှင့် စစ်ဘေးရှောင်များအား ရိက္ခာနဲ့ ငွေကြေးများ ထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်ထုတ်ပေးရေး ဗဟိုကော်မတီအစည်းအဝေး ကျင်းပ


အောက်တိုဘာလ  ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်ထုတ်ပေးရေး ဗဟိုကော်မတီအစည်းအဝေးကို အောက်တိုဘာ၁ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ အသင်းအဖွဲ့မှတ်ပုံတင်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားမှုအခြေအနေနှင့် ယခင်အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးရေး ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အသင်းအဖွဲ့မှတ်ပုံတင် စိစစ်ရေးလုပ်ငန်းအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များမှ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်/ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အစိုးရနှင့်အသင်းအဖွဲ့များကြား ချိတ်ဆက်ဆောင်ရွက်ရန်ကိစ္စများ၊ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ မြန်မာစစ်အုပ်စု၏ ATR လေယာဉ်အုပ်စုကို ပံ့ပိုးပေးသည့် ကုမ္ပဏီအုပ်စုများအပေါ် အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ချမှတ်သင့်


အောက်တိုဘာ၁ရက်

Radio NUG

Miya Win International KT Group International Gateways Group 24 Hour Group (ယခင် KBZ Group) Htoo Group နှင့် စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အပါအဝင် မြန်မာစစ်အုပ်စု၏ ATR လေယာဉ်အုပ်စုကို ပံ့ပိုးပေးသည့် ကုမ္ပဏီအုပ်စုများအပေါ် အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ချမှတ်သင့်တယ်လို့ အောက်တိုဘာ၁ရက်မှာ JusticeForMyanmarက အသိပေး ဖော်ပြပါတယ်။


ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် အဖွဲ့အစည်းများထံ ဝယ်ယူသုံးစွဲမှု၊ အလုပ်သမား၊ နည်းပညာဝန်ဆောင်မှု၊ ပိုင်ဆိုင်မှု၊ ငွေအကျိုးအမြတ်ရှာနိုင်မှု၊ လုပ်ငန်းအကူအညီနှင့် အဆက်အသွယ်များ ပေးအပ်နေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်မှုအတွက် သက်ဆိုင်ရာအာဏာပိုင်ဒေသများအတွင်း အရေးယူဆောင်ရွက်သင့်တယ်လို့ ဖော်ပြပါတယ်။


စင်ကာပူနိုင်ငံအနေဖြင့် ၎င်း၏ပိုင်နက်အတွင်းတွင် မြန်မာစစ်အုပ်စု၏ လက်နက်ပွဲစားအားလုံး လုပ်ငန်းလည်ပတ်ခြင်းများ မပြုစေရေး ပိတ်ဆို့အရေးယူရန် လိုအပ်တယ်လို့ ထောက်ပြထားကာ ထူးကုမ္ပဏီအုပ်စုမှ တေဇနှင့် International Gateways Group မှ နိုင်ထွဋ်အောင်တို့ကို စင်ကာပူ၏ မဟာမိတ်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း ၎င်းတို့သည် စင်ကာပူတွင် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျက်ရှိပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံနဲ့ မန္တလေးဒေသ၏ လက်ရှိ တော်လှန်ရေး၊ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု အခြေအနေများဆွေးနွေး


အောက်တိုဘာ ၁ရက်

Radio NUG

မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြား ပုံမှန် တွေ့ဆုံမှုအစည်းအဝေးကို (စက်တင်ဘာလ ၃၀ ရက်) က  Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။


မန်းဒေသ ပုံမှန်မပျက် တွေ့ဆုံညှိနှိုင်းကြရာမှာ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Hluttaw - CRMH) အပါအဝင် မန်းဒေသကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ မန္တလေးဒေသ၏ လက်ရှိ တော်လှန်ရေး၊ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု အခြေအနေများ၊ ဆောင်ရွက်လျက်ရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးမှု အခြေအနေများ၊ ဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာများ၊ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး တက်ရောက်လာသူများအကြား ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။


ထို့အပြင် မကြာခင်မှာ အတည်ပြု ဖွဲ့စည်းတော့မှာဖြစ်တဲ့ မန္တလေးဒေသအတွက် လက်ရှိတော်လှန်ရေးကာလ (ဝါ) ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေး လုပ်ငန်းကော်မတီနဲ့ ပတ်သတ်ပြီး နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ ခင်ဦးမြို့နယ်၊ ကျေးရွာ(၁၀)ရွာရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်()နှစ်အောက် ကလေးသူငယ်စုစုပေါင်း (၈၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်


အောက်တိုဘာ ၁ရက်

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ကျေးရွာ(၁၀)ရွာတို့ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်()နှစ်အောက် ကလေးသူငယ်စုစုပေါင်း (၈၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စက်တင်ဘာလအတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ  သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါထောက်ပံ့မှုအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ် ရေးရာလုပ်ငန်းများအတွက် အခွန်ခွဲတမ်းရငွေဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ ၂၀၂၄ စက်တင်ဘာလ နွေဦးထီ ဝယ်ယူမှုယခင်လများထက် အနည်းငယ် ပိုမိုတိုးတက်လာ


အောက်တိုဘာ၁ရက်

Radio NUG

၂၀၂၄ စက်တင်ဘာလ နွေဦးထီ ဝယ်ယူမှု ယခင်လများထက် အနည်းငယ် ပိုမိုတိုးတက်လာတယ်လို့ အောက်တိုဘာ ၁ရက် အောင်လံလွှင့်ချီ နွေဦးထီမိသားစုက အသိပေးကြေညာပါတယ်။


စက်တင်ဘာလ (၃၀)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့တဲ့ နွေဦးထီ ဖွင့်ပွဲ အခမ်းအနားမှာ မဟာဆုကြီး ဆုအား  နိုင်ငံတကာမှ နွေဦးထီကိုယ်စားလှယ်များမှ ဦးဆောင်ကာ ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်ပြခဲ့ပြီး ကျန်ဆုမဲများကိုလည်း နွေဦးထီ  Version 2 စနစ်မှ  မိနစ်ပိုင်းအတွင်း အလိုအလျောက် ရွေးချယ်ပြီးခဲ့ပါပြီ။ လစဥ် လက်မှတ်ပေါင်း ရောင်းချနိုင်မည့် အများဆုံး ပမာဏသည် အစောင်ရေ ,၀၀၀,၀၀၀  ရှိပြီး စက်တင်ဘာလ ၁မှ ၃၀ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၄၉,၉၅၀ စောင် ဖြစ်ပါတယ်။ ၎င်းတို့အနက်မှ ထီပေါက်မဲ ၄၂,၂၂၉ ဆုမှ နံပါတ် စုစုပေါင်း  ၃၁၅၇ ဆုကို ကံထူးရှင် နွေဦးထီချစ်သူများမှ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။  ယခင်လများထက် အနည်းငယ် ပိုမိုတိုးတက်လာသော်လည်း လစဉ်လိုအပ်ချက်အသီးသီးအတွက် မျှော်မှန်းထားတဲ့  ထီလက်မှတ် ဝယ်ယူမှု ပမာဏကို ရရှိနိုင်ရန် များစွာ များစွာမှ  လိုအပ်နေပါသေးတယ်"လို့ဖော်ပြပါတယ်။


နွေဦးထီ version အသစ်၏ အားသာချက်မှာ ဆုငွေများကို သက်ဆိုင်ရာ ကံထူးရှင်များ၏ ထီပေါက်သည့် အကောင့်များသို့ အလိုအလျောက်စနစ်ဖြင့်  တိုက်ရိုက်ပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍  ၂၀၂၄ ခုနှစ်အတွင်း စက်တင်ဘာလအထိ နိုင်ငံရေးအကျဉ်းသား() ဦး နိုင်ငံရေးအကျဉ်းသူ() ဦး၊ ရဲ CDM () ဦး စုစုပေါင်း ကျား၊ (၁၂) ဦး အသက်သေဆုံးခဲ့ရ


အောက်တိုဘာ

RadioNUG 


အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ()ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား() ဦး နိုင်ငံရေးအကျဉ်းသူ() ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) () ဦး စုစုပေါင်း ကျား၊ (၁၂) ဦး အသက်သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျိုက်မရောအကျဉ်းထောင်မှာ ပုဒ်မ ၅၄,ပုဒ်မ ၅၂(က) ထောင်တသက် ချမှတ်ခံထားရသူသည့် အသက်(၄၃)နှစ်အရွယ်  ကိုရာရှင်()ဟာရှင် ၁၂..၂၀၂၄ နေ့တွင်  စစ်ကြောရေးမှ ရရှိသည့် အတွင်း‌ဒဏ်ရာများ ကောင်းစွာကုသခွင့်မရ၍ ကျဆုံးခဲ့ကြောင်း၊ ပုဒ်မ ၅၂(က) ၇နှစ်ချမှတ်ခံထားရသည့် အသက်(၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည်  လေထိုးလေအောင့်ဖြစ်စဉ် အကျဉ်းထောင်ဆရာဝန်၏ ပေါ့လျော့မှုကြောင့် ၁၆..၂၀၂၄တွင် ကျဆုံးခဲ့ရကြောင်း၊ မကွေးထောင်မှာ ၅၀()ဖြင့် ထောင်ဒဏ်(၁၅)နှစ် အမိန့်ချခံထားရသည့် အသက်(၂၂)နှစ်အရွယ် မစုမေအောင်သည် ၂၂..၂၀၂၄နေ့တွင် အသည်းရောဂါ၊ အဆုတ်ရောဂါနှင့် ကျဆုံးခဲ့ရကြောင်း၊ ကလေးအကျဉ်းထောင်မှာ ကိုကြည်ရအောင် အသက်(၄၅)နှစ် ပုဒ်မ ၅၀၅(က)/ ၅၂(က)/ ၅၀() ထောင်ဒဏ်(၁၄)နှစ် ၂၃..၂၀၂၄တွင် ဆရာဝန်များ၏ ပေါ့လျော့မှုကြောင့် ကျဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလတွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အသက်(၃၅)နှစ်အရွယ် မယဉ်မိုးဟာ  ၅၀၅(က) ၅၀၅(က) နှစ်မှုဖြင့် ထောင်ဒဏ် ()နှစ် အမိန့်ချခံထားရပြီး ..၂၀၂၄ ကျောက်ကပ်ရောဂါဖြင့် ကျဆုံးခဲ့ရကြောင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ဦးအေးဝင်း အသက်(၆၈) ပုဒ်မ ၅၀၅/၁၂၄ ထောင်ဒဏ် ()နှစ် ကျခံနေရသူ ကျဆုံးခဲ့ရကြောင်း သိရပါတယ်။


အလားတူ မတ်လတွင် ဒိုက်ဦးအကျဉ်းထောင်မှာ ဦးခင်စိုး အသက်(၆၄)နှစ် ပုဒ်မ၅၂(က) ၅၀() ထောင်(၁၄)နှစ် စစ်ကြောရေး၏ နှိပ်စက်မှုမှ ရရှိခဲ့သည့် အတွင်းကြေဒဏ်ရာအပြင် ဗိုက်အောင့်ဝေဒနာအပေါ် လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုမရ၍ ..၂၀၂၄ တွင် ကျဆုံးခဲ့ရပါတယ်။


ထို့အပြင် မေလတွင် ဒိုက်ဦးအကျဉ်းထောင်မှာ မေလ (၁၁)ရက်နေ့တွင် ၅၀ည ဖြင့်အကျဉ်းကျနေသည့် အသက်၃၂နှစ်အရွယ် ကိုလင်းလင်းထွန်း() လယ်ဝေး ဒိုက်ဦးအကျဉ်းထောင်တွင်း ကျဆုံးခဲ့ပြီး ဇူလိုင်လတွင် သရက်ထောင်မှာ ပုဒ်မ၅၂က/ ၅၁ဂ ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက်၃၉နှစ်အရွယ် ကိုညီညီသည်လည်း ဇူလိုင်လ(၂၇)ရက်နေ့တွင် သွေးတိုးရောဂါဖြင့် ကျဆုံးခဲ့ရကြောင်းနှင့် အင်းစိန်ထောင်မှာ ပုဒ်မ ၅၀၅(က)/၅၂ (က) တို့ဖြင့်  အကျဉ်းချခံထားရသည့် အသက်၄၅နှစ်အရွယ်  ကိုနေလင်းထိုက်သည် အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။


ဩဂုတ်လမှာ ပြည်အကျဉ်းထောင်တွင် ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDM ရဲဝန်ထမ်း ကိုမျိုးသူသည် ကျန်းမာရေးအရေးပေါ်ဖြစ်ချိန် ဆရာဝန်အချိန်မှီ မရောက်ရှိ၍ ဩဂုတ်လ(၂၈)ရက်နေ့တွင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။


သထုံထောင်မှာလည်း အသက်၅၇နှစ်အရွယ် ဦးသန့်ဇင်သည်လည်း ကျန်းမာရေးမကောင်းစဉ် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရသည့် အတွက် ရင်ကြပ်ရောဂါဖြင့် ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ အတွင်းသတင်းများကို လုံခြုံစွာ သတင်းပေးနိုင်တဲ့ ဖရဲသီးစာတိုက်ပုံး ဝဘ်ဆိုဒ် စတင် 


အောက်တိုဘာ  

Radio NUG 


ဖရဲသီးစာတိုက်ပုံး အမည်ရ ဝဘ်ဆိုဒ်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ IT ပညာဖြင့် သင်ကြားလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကျောင်းသားများက တော်လှန်ရေးအတွက် သီးသန့်ဖန်တီး ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အောက်တိုဘာလ ရက်နေ့တွင် ဖရဲသီးစာတိုက်ပုံး ဝဘ်ဆိုဒ် စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ ဝဘ်ဆိုဒ်မှာ စစ်ကောင်စီ ဝန်ကြီးဌာနတွင်း သတင်းများ၊ အကျင့်ပျက်ဝန်ထမ်းတွေရဲ့သတင်းများနဲ့ စစ်ရေးသတင်းများကို ဝဘ်ဆိုဒ်မှတဆင့် စာဖိုင် (Text) ဓာတ်ပုံ (Image) ဗီဒီယိုဖိုင် (Video Files) များဖြင့်  ပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 


ရုံးတွင်းသတင်းတွေသာ မဟုတ်ဘဲ  အရပ်ဘက်သတင်းတွေကိုလည်း ပေးပို့နိုင်အောင် ပရိုဂရမ် ရေးဆွဲထားပြီး နည်းပညာ အားနည်းသူများအတွက်လည်း လွယ်ကူစွာ သုံးစွဲနိုင်အောင် ထည့်သွင်းရေးဆွဲထားပါတယ်လို့ ဖရဲသီးစာတိုက်ပုံး တာဝန်ရှိသူက ပြောဆိုထားပါတယ်။


စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်‌တွေ ပေးပို့မယ့် Non CDM ဝန်ထမ်းများအပါအ၀င် ပေးပို့သူတွေရဲ့ အချက်အလက်၊ တည်နေရာ ပေါက်ကြားမှုမရှိအောင် ဖရဲသီးစာတိုက်ပုံးက ရာနှုန်းပြည့် တာဝန်ယူထားတယ်လို့ သိရပါတယ်။


ပေးပို့လာတဲ့ စစ်ကောင်စီရဲ့ အတွင်းသတင်းအချက်အလက်များကို ထိန်းသိမ်းထားခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းအချက်အလက်များ အချိန်နှင့် တပြေးညီ ပေးပို့ခြင်းများကို ဖရဲသီးစာတိုက်ပုံး ဝဘ်ဆိုဒ်မှတဆင့် ဆောင်ရွက်မှာ ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလမှာလည်း  ရရှိထားတဲ့ အချက်အလက်များကို တရားစီရင်ရေးဆိုင်ရာ ကိစ္စများတွင် သက်သေမှတ်တမ်းအဖြစ် အသုံးပြုသွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။


ဖရဲသီးစာတိုက်ပုံးကို စစ်တပ်အာဏာသိမ်းပြီးချိန်တည်းက စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အခုအချိန်မှသာ တော်လှန်ရေး၏ အချိုးအကွေ့တစ်ခုအတွက် ပြည်သူထံ စတင်မိတ်ဆက်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် Eurocopter 365 စစ်ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်နိုင်ခြင်းဟာ ဖရဲသီးစာတိုက်ပုံးမှတဆင့် ရရှိခဲ့တဲ့ စစ်ဆင်ရေးခရီးစဉ်အချက်အလက်များကြောင့် ဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိတွင် ဖရဲသီးစာတိုက်ပုံးမှ နည်းပညာရှင်များသည် PDF တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ မြေပြင်သပိတ်အဖွဲ့များ၊ ဝန်ကြီးဌာနအသီးသီးမှ CDM ပြုလုပ်ထားကြသော အရာထမ်း၊ အမှုထမ်းများဖြင့် ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်လျက်ရှိနေကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းပါဝင်ခြင်း မပြုကြရန် မွန်ပြည်သစ်ပါတီ (AD) နဲ့ KRF တိုက်တွန်း


အောက်တိုဘာ

Radio NUG 


အောက်တိုဘာလ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းပါဝင်ခြင်း မပြုကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့နဲ့ ကျိုက်ထို တော်လှန်ရေး အင်အားစု KRF တို့က ထုတ်ပြန်ထားပါတယ်။


တနိုင်ငံလုံးတွင် စစ်ဘေးနဲ့ ရေးဘေး ဒုက္ခများ အကြီးအကျယ် ခံစားနေရပြီး စစ်ကောင်စီရဲ့ အဓမ္မ တပ်သားသစ် စုဆောင်းမှုကြောင့် လူငယ်အများအပြား အခြားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် နိုင်ငံရဲ့ နေရာတချို့ တဝက်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာကြောင့် တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ သန်းခေါင် စာရင်းကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ NMSP (AD) က ဆိုပါတယ်။


ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူရာမှာပါတဲ့ မေးခွန်းတချို့ဟာ တိုင်းရင်းသား လူမျိုးစုများရဲ့ ဘာသာစကားကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်လိုသော မေးခွန်းမျိုး ဖြစ်နေပြီး တိုင်းရင်းသား လူမျိုးများ အားလုံးကို ဗမာမှု ပြုလိုတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် စစ်ကောင်စီက ကောက်ယူမယ့် လူဦးရေ သန်းခေါင်စာရင်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP (AD) က အသိမှတ်ပြု လက်ခံမှာ မဟုတ်ဘဲ ပြည်သူ တရပ်လုံးလဲ ပူးပေါင်းပါဝင်ခြင်း မပြုကြဖို့ တိုက်တွန်းထားပါတယ်။


အလားတူ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်တဲ့ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးစားနေမှုကို ဝန်းရံ၊ ဝိုင်းဝန်းကူညီ၊ ပံ့ပိုးအားပေးသူများနဲ့ ကိုယ်တိုင်ကိုကျ ပါဝင်လုပ်ကိုင်နေသူများကို စစ်ကောင်စီ အလိုကျ လုပ်ဆောင်ခြင်း မပြုလုပ်ကြရန် သတိပေးထားပါတယ်။


ထို့အပြင် ပြည်သူများအနေနဲ့လည်း အချက်လက် အမှားများပေးခြင်း၊ ယာယီသုံး ဖုန်းနံပါတ်များဖြင့် အစားထိုးပေးခြင်း စတဲ့ ရွေးကောက်ပွဲကို ပျက်ပြားစေမယ့် နည်းလမ်းပေါင်းစုံကို အသုံးချပြီး စစ်ကောင်စီကို ဆက်လက် တော်လှန်သွားကြဖို့ကို KRF က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီက  သန်းခေါင်စာရင်းကောက်ယူမှုတွင် ရဲနှင့်စစ်သားများအပြင် ပျူစောထီးနှင့် ပြည်သူ့စစ်များ အများအပြားပါဝင်ကာ ပိုင်ဆိုင်မှုများအထိ မေးနေ


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ရက်နေ့ နံနက် နာရီမှ စတင်ကာ စစ်ကောင်စီက နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူနေပြီး ကမာရွတ်နှင့် တာမွေမြို့နယ်တို့တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရဲနှင့်စစ်သားများအပြင် ပြည်သူ့စစ်နှင့်ပျူစောထီးများကပါ လက်နက်များ ကိုင်ဆောင်လိုက်ပါလာတယ်လို့ သိရပါတယ်။


ထွေ/အုပ်၊ စစ်သား၊ ရဲနဲ့ လ၀က၊ ကျောင်ဆရာမ ဦးနဲ့ ရပ်ကွက်ရုံးက လူတွေ ပါဝင်ပြီး စစ်သားနဲ့ရဲက ရှေ့မှာထိုင်ပြီး ငုတ်တုတ်ကြီး ထိုင်ကြည့်နေကာ ဝင်ငွေ၊ ပစ္စည်း၊ ရွှေ၊ ငွေ ရှိလား စတဲ့ မေးခွန်းများကို မဖြေဆိုလိုသော်လည်း အတင်းအကြပ် မေး၍ ဖြေဆိုခဲ့ရကြောင်း၊ မေးခွန်းတွေကို တစ်အိမ်လုံးမှာရှိတဲ့ လူအကုန် လိုက်မေးကြောင်း ဖြေကြားသူတစ်ဦးက ပြောထားပါတယ်။


ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော် AA သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ စစ်တွေ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။


မွန်၊ ကရင်၊ ကရင်နီ၊ ချင်းနှင့် တိုင်းဒေသများတွင် စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူခြင်းကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက ဆန့်ကျင်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားသော်လည်း ရခိုင်ပြည်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေခြင်းနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။


========================


🚩🚩 ၄။ အာဏာသိမ်းသည့်နေ့မှ စက်တင်ဘာလ ၃၀ရက်အထိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်မှုများ PKPF သတင်းထုတ်ပြန်


အောက်တိုဘာ  

Radio NUG 


အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( )ရက်နေ့မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ( ၃၀ )ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး ပြည်သူများသိရှိရန်  တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFမှ သတင်းထုတ်ပြန်ပါတယ်။


ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းသည့်နေ့မှ စပြီး စက်တင်ဘာလ ၃၀ရက်နေ့အထိ အရပ်သားပြည်သူ ( ၅၂၀ ) ဦး သတ်ဖြတ်ခံရပြီး စစ်ရှောင် ( ၁၆၃ )ဦး သေဆုံးခဲ့ပါတယ်။


တိုက်ပွဲ ( ၁၂၀၉ ) ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု  ( ၁၆၇၂ )ကြိမ် ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦ (၅၂)လုံး၊ အိမ်  (၂၇၄၅ ) လုံး၊ ဆေးရုံ၊ ဆေးခန်းများ (၁၆)လုံးနှင့် စာသင်ကျောင်းများ (၂၆ )လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ  (၃၅၃၃) ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ ယာဉ် (၆၈) စီး၊ တိုက်လေယာဥ် ( ) စီး ပျက်စီးခဲ့ကာ  KNDF/ PDF/ KA ( ၆၅၅ ) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


မတရားဖမ်းဆီးခံရသူ ပြည်သူ (၁၆၁) ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ လားရှိုးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ် 


အောက်တိုဘာ  

Radio NUG 


ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး ဒဏ်ရာရခဲ့ကာ ဦးမှာ ဒဏ်ရာ ပြင်းထန်တယ်လို့ ကိုးကန့်သတင်းအေဂျင်စီက ဖော်ပြပါတယ်။


စက်တင်ဘာ ၃၀ ရက်နေ့ နာရီ ၅၈ မိနစ်နဲ့ ၁၀ နာရီ မိနစ်အတွင်း လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရှိ မန်နာရွာကို လေကြောင်းကနေ ဗုံး လုံး ထက်မနည်း ကြဲချခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးကြဲချ တိုက်ခိုက်မှုအတွင်း ဒေသခံ အရပ်သား ဦး ဒဏ်ရာရခဲ့ပြီး ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


ယခုလ နှောင်းပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိနေဘဲ လားရှိုးမြို့ စစ်ကောင်စီက ဆယ်ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ဦး သေဆုံးခဲ့ပြီး ၄၅ ဦးထိ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ကောလင်းတွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ကျေးရွာနှစ်ခုမှာ စစ်ကောင်စီရဲ့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ပြည်သူ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင် ၊အမှတ် () တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၃၀ ရက်၊ နေ့လည် ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ ကောလင်းမြို့ အနောက်ဘက်ခြမ်းက ဥက္ကံကျေးရွာ မြောက်ပိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး လုံး ကြဲချခဲ့ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ စက်တင်ဘာ ၂၉ ရက်နေ့ ၁၁ နာရီ ၁၀ မိနစ်ခန့်မှာလည်း ကောလင်းမြို့၊ အနောက်တောင်ဘက်ခြမ်းရှိ ရွာသစ်ကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး လုံး ကြဲချခဲ့ကာ အရပ်သားပြည်သူ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ကျေးရွာများမှာ တိုက်ပွဲဖြစ်ပွာခြင်း မရှိသလို PDF အဖွဲ့များ ရှိနေတဲ့ နေရာလည်း မဟုတ်ဘဲ အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မင်းတပ်မြို့ပေါ်က နေအိမ်များကို စစ်ကောင်စီ မီးတင်ရှို့နေ


အောက်တိုဘာ  

Radio NUG 


ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းခွဲမှ စတင်ပြီး မင်းတပ် - မတူပီ ကားလမ်းမကြီး တလျောက် နေအိမ်များကို စစ်ကောင်စီတပ်က မီးတင်ရှို့နေတယ်လို့ ဒေသတွင်းက သတင်းထောက် တဦးဖြစ်တဲ့  Hkl Mindat က ဖော်ပြထားပါတယ်။


စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ မင်းတပ် အခြေစိုက် ခလရ (၂၄၇) တပ်မှ ဆီများကို ဆိုင်ကယ် စီးနဲ့ သယ်ယူပြီး တအိမ်တက် တအိမ်ဆင်း မီးရှို့နေတာလို့ ဆိုပါတယ်။


အောက်တိုဘာလ ရက်နေ့ ညနေ နာရီအချိန်ထိ နေအိမ် ၃၀ ကျော် မီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။


ထို့အပြင် မီးငြိမ်းကူရန်လာတဲ့ ပြည်သူများကိုလည်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လှမ်းပစ်နေတာကြောင့် မီးငြိမ်းသတ်ခွင့် မရဘူးလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ ပခုက္ကူမြို့နယ် နယ်မြေ()အတွင်းရှိ မီးရှို့ခံပြည်သူ လူထု နေအိမ်များနှင့် စစ်ဘေးရှောင်များအား ရိက္ခာနဲ့ ငွေကြေးများ ထောက်ပံ့


အောက်တိုဘာ၁ရက်

Radio NUG

ပခုက္ကူမြို့နယ် နယ်မြေ()အတွင်းရှိ မီးရှို့ခံပြည်သူ လူထုနေအိမ်များနှင့် စစ်ဘေးရှောင်များအား ရိက္ခာနဲ့ ငွေကြေးများ ထောက်ပံ့ကြောင်း အောက်တိုဘာ၁ရက် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင် အသိပေးဆိုပါတယ်။


"ပခုက္ကူမြို့နယ် နယ်မြေ()အတွင်းရှိ မီးရှို့ခံပြည်သူ လူထု နေအိမ် (၃၀)လုံးနှင့် စစ်ဘေးရှောင် (  ၂၆၁ )ဦးအား  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနှင့် နယ်မြေတာဝန်ရှိသူများက ဆန်နှင့်ပိုက်ဆံသွားရောက်၍ ထောက်ပံ့လှူဒါန်းခဲ့တယ်"လို့ အတည်ပြုဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment