31st OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်ကောင်စီသည် ရောမစာချုပ်အရ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ဆို

📌 ၂။ ဘုတလင် မြို့နယ်တွင် ကျူးလွန်ခဲ့သည့် စကစရဲ့ရာဇဝတ်မှုကို ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပုံနဲ့တကွ တင်ပြ

📌 ၃။ "နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတွေက ကြီးမားကျယ်ပြန့်လေတော်လှန်ရေးအတွက်ကောင်းတယ်" လို့  ဒုဝန်ကြီးခွန်းစောဖူးဆို

📌 ၄။ အမေရိကန်ရောက် မြန်မာအင်အားစုများနဲ့ ဒေါက်တာ မီမီဝင်းဘတ် တွေ့ဆုံမယ်

📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ  စုစုပေါင်း (၁၉၄၃) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၉၉၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်လာ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖာပွန်မြို့နယ် ခေါပုတ်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ထွက်ပြေး

🚩 ၂။ ဟားခါးမြို့အနီးက စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား (၁၅) ဦးသေဆုံးပြီး ဗိုလ်မှူး အပါအဝင် () ဦး ဖမ်းမိ 

🚩 ၃။ ကန့်ဘလူမြို့နယ် ကျီစုနှင့် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့

🚩 ၄။ မူးမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး () ဦး ဒဏ်ရာရ

🚩 ၅။ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကိုတိုက်ခိုက်ရာ () ဦး သေဆုံး

🚩 ၆။ စလင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရပြီး () ဦး သေဆုံး

🚩 ၇။ ကြို့ပင်ကောက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး () ဦးခန့် သေဆုံး

🚩 ၈။ ရွှေကျင်တွင် ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး () ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီသည် ရောမစာချုပ်အရ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ဆို


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးတွင် အစီအစဉ်အမှတ် (၇၄) - "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ" ခေါင်းစဉ်ဖြင့် အထွေထွေ မူဝါဒဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။

"အကြမ်းဖက်စစ်ကောင်စီသည် ရောမစာချုပ်အရ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ၎င်းတို့၏ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အရပ်သားပြည်သူများ အပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူပေါင်း (,၈၈၆) ဦးကျော် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် ပြည်သူပေါင်း (၂၁,၀၃၇) ဦးကျော်ကိုလည်း ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း၊ နေအိမ်ပေါင်း တစ်သိန်းကျော်မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း" သံအမတ်ကြီးက ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး၏ ထပ်မံတောင်းဆိုချက်ကို ထပ်လောင်းပြောကြား လိုတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။


========================


📌📌 ၂။ ဘုတလင် မြို့နယ်တွင် ကျူးလွန်ခဲ့သည့် စကစရဲ့ရာဇဝတ်မှုကို ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပုံနဲ့တကွ တင်ပြ


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများမှ စုပေါင်းရှင်းလင်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဘုတလင်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် စကစရဲ့ရာဇဝတ်မှုကို ပုံနဲ့တကွ တင်ပြပြောဆိုခဲ့ပါတယ်။

"စစ်အုပ်စုမှ မတရား စစ်အာဏာသိမ်းမှု မတိုင်မီနှင့် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း၌ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများသာမက ယခုလအတွင်း ဘုတလင်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုမှာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံ ညွှန်ပြပေးနေသည့် ခိုင်လုံသော သက်သေတစ်ခုပင်ဖြစ်ကြောင်း၊ အချို့သောသူများမှာ အပိုင်းပိုင်း ခုတ်ထစ်ခံထားရကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ကျဲပြန့်လွင့်စင်နေကြောင်း၊ ဦးခေါင်းများနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်း များမှာ အရပ်သားနေအိမ်များ၏ ခြံစည်းရိုးများ၌ ချိတ်ဆွဲခံထားရကြောင်း၊ ဤဖြစ်စဉ်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကြောင်း၊ သို့ရာတွင် ယခုဖြစ်စဉ်မှာ သီးခြားဖြစ်စဉ် မဟုတ်ကြောင်း၊ အချို့သော ဖြစ်စဉ်များတွင် လူပုဂ္ဂိုလ်များမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံထားရကြောင်း" သံအမတ်ကြီးက ပြောပါတယ်။

အချို့သော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဤမျှ လူမဆန်သော စစ်ကောင်စီအား ထောက်ခံအားပေးကာ လက်နက်၊ ခဲယမ်းနှင့် နှစ်မျိုးအသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ဆက်စပ်နည်းပညာများကို မည်သို့သော စိတ်အခြေအနေဖြင့် ပံ့ပိုးထောက်ပံ့ပေးနေနိုင်သည်ကို မိမိအနေဖြင့် မေးခွန်းထုတ်လိုကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ "နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတွေက ကြီးမားကျယ်ပြန့်လေတော်လှန်ရေးအတွက်ကောင်းတယ်" လို့  ဒုဝန်ကြီးခွန်းစောဖူးဆို


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းစောဖူးက အောက်တိုဘာ (၃၀)ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် အခုလို ပြောကြားလိုက်ပါတယ်။

"နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတွေက ကြီးမားကျယ်ပြန့်လေ ကောင်းလေပါပဲ၊ ဒါမှ ရန်သူကို နိုင်ငံရေး၊ စစ်ရေး ယှဉ်နိုင်မယ်။ သူတလူ ငါတမင်း ဆိုတဲ့အတွေးအခေါ် နဲ့ ရန်သူကို ယှဉ်လို့မရပါ။ မူဝါဒတွေ ရှင်းလင်းပြတ်သားပြီး ကျိုးကြောင်းဆီလျော်မှ အင်အားရှိမယ်၊ လူထု အမြင်ရှင်းမယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်နိုင်တဲ့အထိ စစ်ဆင်ရေးများ အောင်မြင်လျက်ရှိပါတယ်။


========================


📌📌 ၄။ အမေရိကန်ရောက် မြန်မာအင်အားစုများနဲ့ ဒေါက်တာ မီမီဝင်းဘတ် တွေ့ဆုံမယ်


အမေရိကန်ရောက် မြန်မာအင်အားစုများနဲ့ တွေ့ဆုံမယ်လို့ ဒေါက်တာ မီမီဝင်းဘတ်က ဆိုရှယ်မီဒီယာမှာ အောက်တိုဘာ (၃၀) ရက်က အသိပေးထားပါတယ်။

"November (9) ရက် Saturday မှာ Chicago နှင့် November (10) ရက် Sunday မှာ Fort Wayne တို့မှာ Town Hall Meetings တွေ ရှိပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွေဦးတော်လှန်ရေး အမြန်အဆုံးသတ်ဖို့ Town Hall Meetings တွေမှာ လာရောက်ဆွေးနွေး နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်" လို့ ဆိုပါတယ်။

ဒေါက်တာ မီမီဝင်းဘတ်ဟာ နွေဦးတော်လှန်ရေးကို တဖက်တလမ်းက ကူညီပံ့ပိုးနေသူတဦးလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ  စုစုပေါင်း (၁၉၄၃) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၉၉၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်လာ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှ (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၂၀၂၁) ခုနှစ်တွင် (၃၂၄) ဦး၊ (၂၀၂၂) ခုနှစ်တွင် (၆၃၂) ဦး၊ (၂၀၂၃) ခုနှစ်တွင် (၆၁၂) ဦးနှင့် (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ (၃၀) ရက်နေ့အထိ (၃၇၅) ဦး၊ စုစုပေါင်း (၁၉၄၃) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၉၉၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလ (၂၅) ရက်နေ့၊ () နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမမှ ထွက်ခွာလာသည့် အင်အား (၈၀) ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းသည် အောက်တိုဘာလ (၂၆) ရက်နေ့၊ နံနက် () နာရီခန့်အချိန်၌ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ကိုဝင်းဆန်းဦး၊ ကိုမင်းသူ၊ ကိုမျိုးကျော်နှင့် ကိုသန်းစိန်မင်းတို့အား ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၀၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ဖာပွန်မြို့နယ် ခေါပုတ်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ထွက်ပြေး


ကရင်ပြည်နယ် တပ်မဟာ () နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းမှာရှိတဲ့ ခေါပုတ်စစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အင်အား (၁၂ဝ) ကျော်ရှိတဲ့ ခေါပုတ်စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ () ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အောက်တိုဘာ (၂၉) ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာ ထွက်ပြေးသွားတာလို့ KNU/KNLA တပ်မဟာ () ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုပါတယ်။

KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဖာပွန်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။  

ခေါပုတ်စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ စစ်သုံ့ပန်းရရှိမှုနဲ့ လက်နက်ခဲယမ်းရရှိမှု အခြေအနေကို KNU/ KNLA တပ်မဟာ () ဘက်က အောက်တိုဘာ (၃ဝ) ရက်နေ့ ညနေ () နာရီအထိ တရားဝင်မထုတ်ပြန်သေးပေမယ့် စစ်ရေးသတင်းရင်းမြစ်အချို့ကတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူတွေနဲ့ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောနေတာတွေရှိနေပါတယ်။ 

KNU/ KNLA တပ်မဟာ () ပူးပေါင်းတပ်ဖွဲ့ဟာ အခုနှစ် မတ်လကစပြီး ဖာပွန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ လက်ရှိမှာ မြို့နဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် ဖာပွန် စစ်ကောင်စီဗျူဟာနဲ့ စခန်းငယ် အချို့ကို ဆက်လက်သိမ်းပိုက်ဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဟားခါးမြို့အနီးက စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား (၁၅) ဦးသေဆုံးပြီး ဗိုလ်မှူး အပါအဝင် () ဦး ဖမ်းမိ 

 

ချင်းပြည်နယ် ဟားခါးမြို့အနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ Kiamtlang အမည်ရ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်သား (၁၅) ဦးသေဆုံးပြီး ဗိုလ်မှူးအပါအဝင် () ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ CDF Hakha က ထုတ်ပြန်ပါတယ်။

ဟားခါးမြို့အနီးက ဟားခါး - ထန်တလန်လမ်းမှာရှိတဲ့ စစ်စခန်းကို အောက်တိုဘာ (၂၈) ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကို  အောက်တိုဘာ (၃ဝ) ရက်နေ့မှာ အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေအသုံးပြုတဲ့ MA-1 သေနတ် () လက်၊ MA-2 သေနတ် တလက် MA-3 သေနတ် () လက်၊ MA-11 သေနတ်တလက်၊ ကျည်‌ဘောက် (၄၂) ခု၊ မိုင်းနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Chinland Defense Force - Hakha နဲ့ Chin National Army တို့က Operation Rung အမည်နဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

CDF-Hakha အနေနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး‌၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းပြီး တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်လူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဟားခါးမြို့ဟာ ချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေးယန္တယားအတွက် စစ်ကောင်စီအဖွဲ့ အခြေစိုက်တဲ့အတွက် မြို့ပေါ် မှာ အရင်ထက် လုံခြုံရေးတိုးမြင့်ထားပြီး လေကြောင်းကနေ စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ ကန့်ဘလူမြို့နယ် ကျီစုနှင့် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကျီစုနှင့်ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။

အောက်တိုဘာလ (၃၀) ရက်နေ့  မွန်းလွဲ (၁၂း၅၀) အချိန်တွင် ကန့်ဘလူမြို့နယ် ကျီစုရွာ နှင့် နေ့လယ် (၂း၂၀) အချိန်တွင် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား (၁၅၀) ခန့်မှ အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က အတည်ပြုဆိုပါတယ်။

ထိုစစ်ကြောင်းဟာ အောက်တိုဘာလ (၂၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်တွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမှ ထွက်ခဲ့သော အင်အား (၇၀) ခန့် နှင့် ရေဦးမြို့နယ်၊ အောင်သာယာ ပျူအထိုင်မှ ထွက်ခဲ့သော စစ်ကြောင်းသည် ကာဘိုး ပျူအထိုင်စခန်းသို့ရောက်ရှိခဲ့ပြီး တညအိပ် တပ်စွဲခဲ့ကြောင်းသိရပါတယ်။

၎င်းနောက်  ထိုစစ်ကောင်စီတပ်နှင့် ပျူစုပေါင်းအင်အား (၁၅၀) ခန့်သည် ကန့်ဘလူမြို့နယ်၊ ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား အကြမ်းဖက်ဝင်ရောက်မီးရှို့ခဲ့သည့်အပြင် ကျီစု၊ ကျောက်တိုင်နှင့် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာတို့အား Drone ဖြင့် ဗုံးသီး () ကြိမ်အထိ ချခဲ့ခြင်းကြောင့် ပြည်သူများရှောင်တိမ်းနေရပြီး အထိအခိုက်ရှိ/မရှိကို ဆက်လက်စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ကျီစုရွာနှင့် ကျောက်တိုင်ရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ယခင်ကလည်း ခံထားရသည့်ကျေးရွာများ ဖြစ်ကြပါတယ်။


========================


🚩🚩 ၄။ မူးမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး () ဦး ဒဏ်ရာရ


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် စစ်ကောင်စီရဲ့ အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး () ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ (၂၇) ရက်နေ့ မနက် (၁၀) နာရီအချိန်မှာ သေဂေလူ ကျေးရွာအတွင်းကို လက်နက်ကြီး (၂၈) လုံးဖြင့် ပစ်ခတ်ခဲ့ရာ သေဂလူ ကျေးရွာအတွင်း (၂၆) လုံးနဲ့ ငနွားဆိပ်ကျေးရွာအတွင်း () လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ငနွားဆိပ် ကျေးရွာနေ အသက် (၄၀) အရွယ် မလဲ့လဲ့ဝင်း နဲ့ အသက် (၁၃) နှစ် အရွယ် မရတနာလင်း တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထို့အပြင် သေဂေလူ ကျေးရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် သေဂေလူ၊ ငနွားဆိပ်၊ ဝဲတူး ကျေးရွာ () ရွာမှ ပြည်သူ (,၈၅၄) ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ လိုအပ်နေတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကိုတိုက်ခိုက်ရာ () ဦး သေဆုံး


မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို ဖြတ်သန်းသွားတဲ့ ပုသိမ် - မုံရွာလမ်းပိုင်းက မဲဇလီကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား () ဦးသေဆုံးသွားတယ်လို့ သရက်ခရိုင် အမှတ် - တပ်ရင်းက ပြောပါ တယ်။ 

မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းက မဲဇလီကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား () ဦးခန့်ကို ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက အောက်တိုဘာ (၂၉) ရက်၊ နေလယ် (၃း၁၅) ခန့်အချိန်မှာ လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲ (၁၅) မိနစ်ခန့်အတွင်း အကြမ်းဖက်စစ်သား () ဦးသေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း အသိပေးထားပါတယ်။  

တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ဒဏ်ရာရသွားသူတွေကို စပါးတန်းရွာနဲ့ ညောင်ပင်သာရွာက ရောက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေက ဥသျှစ်ပင်ကျေးရွာဘက်ကို ကားနဲ့ သယ်သွားတယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်- တပ်ရင်း တပ်ခွဲ () က ရဲဘော်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။


========================


🚩🚩 ၆။ စလင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရပြီး () ဦး သေဆုံး


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည် ကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ (၂၇) ရက် နေ့လည် () နာရီ မှ (၁၀) နာရီ အတွင်း ဒရုန်းနဲ့ ဗုံးသီး () လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား () ဦး သေဆုံးခဲ့ပြီး () ဦး ထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် () တပ်ရင်း၊ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သတင်းရရှိပါတယ်။

လက်ရှိမှာ စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး စလင်းချောင်း မြောက်ဘက်က ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် နေတာကြောင့် ပြည်သူများ အနေနဲ့ အထူးဂရုစိုက်ကြဖို့ မင်းဘူးခရိုင် အမှတ် () တပ်ရင်းက အသိပေးထားပါတယ်။


========================


🚩🚩 ၇။ ကြို့ပင်ကောက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး () ဦးခန့် သေဆုံး


ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ () ဦးခန့် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် PDF အဖွဲ့ ထံက သိရပါတယ်။

အောက်တိုဘာ (၂၉) ရက်‌ မနက် (၁၀) နာရီခန့်မှာ ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာများကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ သင်္ခရိုင်ကျေးရွာ အနီး ရောက်ရှိလာချိန်မှာ ဒေသတွင်းက PDF အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦးခန့် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း - ၃၈ဝ၂ တပ်ခွဲ () မြေအောက်ပြောက်ကျား တပ်ဖွဲ့ တပ်ရင်း - ၃၈ဝ၁ တပ်ခွဲ () နတ်စစ်သည်တပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကာ PDF ရဲဘော်များ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ရွှေကျင်တွင် ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး () ဦး သေဆုံး

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာမှ လက်ယက်စခန်းကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး () ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲက သတင်း ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ (၂၈) ရက်နေ့ မနက် () နာရီအချိန်မှာ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို KNLA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စစ်ကြောင်းမှ တပ်ကြပ်ကြီး () ဦး အပါအဝင် () ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော် () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စစ်ကြောင်းမှာ ရှေ့ကိုမဆက်နိုင်တော့ဘဲ ဒုံဇရစ်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment