3rd OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်ရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်

📌 ၂။ ရေဘေးသင့်ဘိုးဘွားများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် NUG ထောက်ပံ့

📌 ၃။ စစ်ပွဲဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများကို သတိပြုရန် NUG ကာကွယ်ရေးဝန်ကြီးဌာန သတိပေးထုတ်ပြန်

📌 ၄။ ဒီမော့ဆိုမြို့နယ် စစ်ဘေးနှင့် ရေဘေးရှောင် ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း

📌 ၅။ ပြည်သူ့ဝန်ထမ်း CDM များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေနှင့် စပ်လျဥ်းသည့် အသိပညာပေး သင်တန်းပို့ချ

📌 ၆။ မြန်မာနိုင်ငံက ရိုဟင်ဂျာအမှုများ အပါအဝင် စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးတို့က စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာရှိနေပြီး ဖမ်းဝရမ်း ထုတ်ကောင်းထုတ်နိုင်တယ်လို့ ဆို

📌 ၇။ ရှမ်းတောင် တော်လှန်ရေး တပ်ပေါင်းစုက ကြီးမှူးကျင်းပတဲ့ အပတ်စဉ် () တိုက်ခိုက်ရေး တန်းမြှင့် စစ်သင်တန်း ဆင်းပွဲ ကျင်းပ

📌 ၈။ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်၊ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီးနှင့်စုစုပေါင်း (၉၇) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၈၇) ဦးဖြင့် အများဆုံး ထောင်ဒဏ် ချမှတ်ခံထားရ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ဖို့ ပြင်ဆင်

🚩 ၂။ CDF- Zophei ကို နိုင်ငံတကာရောက် ဇိုဖေအင်အားစုက လက်နက်အမြောက်အများ တပ်ဆင်ပေး 

🚩 ၃။ ရေဦး မြို့မရဲစခန်းအတွင်းကို ဗုံးကြဲတိုက်ခိုက်

🚩 ၄။ သီပေါ (၅၀၃) (၅၀၄) တပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ အလောင်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိ

🚩 ၅။ ဘုတလင်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

🚩 ၆။ လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများ ရှိနေဟု ဆို

🚩 ၇။ မြိုင်ရဲစခန်းမှ ရဲတပ်ကြပ်တဦးနှင့်ဇနီး လက်နက်နှင့်တကွ မြိုင် ပကဖ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်ရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်ရေးဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်လိုက်ပါတယ်။

(၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ နေ့လယ် (၁၂:၂၀) ခန့်တွင် စစ်ကိုင်းတိုင်ဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ () ဦး သေဆုံးခဲ့ပြီး () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူများမှာ အမျိုးသမီး () ဦး၊ အမျိုးသား () ဦးတို့ ဖြစ်ပြီး ဒဏ်ရာရသူ များမှာ ကလေးငယ် () ဦးနှင့် အမျိုးသမီး () ဦးတို့ ဖြစ်ကာ ထိခိုက်ဒဏ်ရာသူထဲမှ အမျိုးသမီး () ဦးမှာ ညာခြေကျင်းဝတ်ဖြတ်တောက်ထားရသည့်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် () လုံး ထိခိုက်ပျက်စီးခဲ့ရသည့် အပြင် လောင်စာဆီ (၉၆) လုံး၊ ဆိုင်ကယ် (၁၂) စီး၊ ဆီသယ်ကားကြီး () စီး၊ လူစီးကား () စီး၊  'တွင်' စက်မှုလက်မှု အလုပ်ရုံမှ မီးစက် ဒိုင်နမို () လုံး၊ စာစီစာရိုက် ကွန်ပျူတာ ပစ္စည်းအစုံ နှင့်စားသောက် ကုန်စုံဆိုင်စသည်များ ပျက်စီးခဲ့ပြီး ကာလတန်ဖိုး သိန်း (၃၀၀၀) ကျော်ခန့် ရှိကြောင်း သိရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၂။ ရေဘေးသင့်ဘိုးဘွားများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် NUG ထောက်ပံ့


ရေဘေးသင့်ပြည်သူများအား ထောက်ပံ့‌ရာတွင် ဘိုးဘွားများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကိုပါ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် NUG က ထောက်ပံ့ခဲ့တယ်လို့ အောက်တိုဘာလ () ရက်  လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးပါတယ်။

ဝန်ကြီးဌာနအနေနှင့် စစ်ဘေးရှောင်ပြည်သူများထဲမှ သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်ပြည်သူများ၏ မိသားစုဝင်များအပါအဝင် လတ်တလော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့‌ရာတွင် ဘိုးဘွားများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကိုပါ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ () ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ဖော်ပြပါတယ်။

အောက်တိုဘာလ () ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဖြစ်ပြီး (၂၀၂၄) ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်သည် “Ageing with Dignity: The Importance of Strengthening Care and Support Systems for Older Persons Worldwide" ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန််ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးတွင် ပြည်သူများထဲက သက်ကြီးရွယ်အိုများသည်လည်း တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်ကြောင်းနှင့် နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြည်သူများ အထူးသဖြင့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေး ကြေညာစာတမ်းပါ ကတိကဝတ်များထဲမှ ၎င်းတို့အသက်ရှင်ခွင့်၊ လုံခြုံခွင့်ရှိစေရန်နှင့် ၎င်းတို့စားဝတ်နေရေးအပါအဝင် လူမှုဖူလုံရေး ဆိုင်ရာကိစ္စရပ်များကို တတ်စွမ်းသရွေ့ ဦးစားပေးဆောင်ရွက်လျက် ရှိပါတယ်။


========================


📌📌 ၃။ စစ်ပွဲဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများကို သတိပြုရန် NUG ကာကွယ်ရေးဝန်ကြီးဌာန သတိပေးထုတ်ပြန်


စစ်ပွဲဖြစ်ပေါ်နေသည့်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများကို သတိပြုရန် NUG ကာကွယ်ရေးဝန်ကြီးဌာန သတိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် နေရပ်သို့ပြန်ရန် အရေးကြီးတယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း မိုးကြီးရေလျှံခြင်းကြောင့် မြေလွှာသည် စိုစွတ်ပျော့ပျောင်းပြီး ပိုမိုလွယ်ကူစွာ ရွေ့လျားခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြှုပ်နှံထားသောပစ္စည်းများ မြေပြင်ပေါ်သို့ ပေါ်ထွက်လာခြင်း ဖြစ်နိုင်ပြီး စစ်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်တယ်လို့ ဆိုပါတယ်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် ရေအောက်သို့ သေချာရှင်းလင်းစွာ မမြင်ရပါက မလိုအပ်ဘဲ လမ်းလျှောက်ခြင်း မပြုရန်၊ လေးလံသော ပစ္စည်းများကို မြေကြီးပေါ်သို့ချသည့်အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားရန်၊မိမိ မသွားရောက်ဖူးသောနယ်မြေများကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှ ရှောင်ကျဉ်ရန်၊ အမျိုးအမည်မသိသော သံသယဖြစ်ဖွယ်ပစ္စည်းများကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ကျဉ်ရန်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းများ တွေ့ရှိခဲ့ပါက တာဝန်ရှိသူများကို ချက်ချင်း အကြောင်းကြားရန် စတဲ့ အချက်တို့ကိုသတိပေးထားပါတယ်။


========================


📌📌 ၄။ ဒီမော့ဆိုမြို့နယ် စစ်ဘေးနှင့် ရေဘေးရှောင် ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း


ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၁၆၄) စု  လူဦးရေ (၆၀၀) ကျော်အတွက် ဆန် (၇၀) အိတ်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ခရမ်းချဉ်သီး၊ ငါးပိ၊ ငါးခြောက်၊ ကြာဇံ၊ ဆပ်ပြာမှုန့်၊ ငြုပ်သီးစိမ်း၊ ဂေါ်ဖီအစရှိတဲ့ အာဟာရ (၁၁) မျိုးကို လှူဒါန်းခဲ့ကြောင်း နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်းမှာ ဖော်ပြထားပါတယ်။

အလှူရှင် ABSDF ရဲဘော်များနှင့် Let's talk in Korean adaim and fans ကိုယ်စား ကျေးလက်မြေအဖွဲ့၊ နန်းမယ်ခုံ အားမာန်သစ်အဖွဲ့၊ နန်းမယ်ခုံမြို့နယ် ပူးပေါင်းရေးကော်မတီမှ ရေဘေးသင့်မိဘပြည်သူများထံအရောက် လှုဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးနှင့် ရေဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆေးဝါး၊ အသက်ကယ် ၀တ်စုံ၊ ကားဆီဖိုးများ လတ်တလော အရမ်းလိုအပ်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သလောက် 500/1000 မှအစ ပါ၀င်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၅။ ပြည်သူ့ဝန်ထမ်း CDM များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေနှင့် စပ်လျဥ်းသည့် အသိပညာပေး သင်တန်းပို့ချ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီသည် ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ဥပဒေဆိုင်ရာအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ပြည်သူ့ဝန်ထမ်း CDM များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာပေးသင်တန်းအား (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်မှာ   ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါသင်တန်းတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားအုပ်စုတစ်စုစီအား အလုပ်ခန့်အပ်ရာတွင် အခွင့်အရေးနှင့် သတ်မှတ်ချက်များ၊ MOU အလုပ်သမားများနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ နယ်စပ်ဒေသအလုပ်သမား ဥပဒေပုဒ်မ (၆၄) ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် သိထားသင့်သော ကိစ္စရပ်များ၊ အလုပ်ဝင်၊ အလုပ်ထွက် အကြောင်းကြားခြင်းများနှင့် ထိုင်းနိုင်ငံက ချမှတ်ထားသော ဥပဒေကို ချိုးဖောက်ပါက ပြစ်ဒဏ်ကျခံရမည့်အချက်များကို ဆွေးနွေးပို့ချခဲ့တယ်လို့ သိရပါတယ်။

၎င်းနောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသားများက ပန်းရောင်ကတ်ပြုလုပ်သည့် လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံအတွင်း ကြုံတွေ့နေရသော အလုပ်သမားများ၏ အခက်အခဲများနှင့်စပ်လျဥ်း၍ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

သင်တန်းသို့ အလုပ်သမားရေးရာကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်း CDM များ တက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖော်ပြပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံက ရိုဟင်ဂျာအမှုများ အပါအဝင် စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးတို့က စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာရှိနေပြီး ဖမ်းဝရမ်း ထုတ်ကောင်းထုတ်နိုင်တယ်လို့ ဆို


မြန်မာနိုင်ငံက ရိုဟင်ဂျာအမှုများ အပါအဝင် စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံး စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာ ရှိနေပြီး ဖမ်းဝရမ်း ထုတ်ကောင်းထုတ်နိုင်တယ်လို့ ကော့စ်ဘဇားရှိ ရိုဟင်ဂျာ တစ်ဦးက IIMM ကို ပေးပို့ထားသည့် မေးခွန်းကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ ယန္တရားအကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ဖြေကြားရာမှာ ထည့်သွင်း ပြောပါတယ်။

"နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) မှာ ရှိနေတဲ့ အမှုက ဆက်လက်ဆောင်ရွက်နေဆဲပါ။ လာမယ့်နှစ်အတွင်း တရားရုံးမှာ ကြားနာမှုတွေဖြစ်မယ်လို့ မှန်းထားပါတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) နဲ့ အာဂျင်တီးနားနိုင်ငံက အမှုတွေကတော့ စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာ ရှိနေပါတယ်။ ဒီတရားရုံးတွေက လုံလောက်တဲ့ အထောက်အထားတွေရှိနေပြီလို့ ယုံကြည်ပြီး ဖမ်းဝရမ်းလျှောက်ထားပြီဆိုရင် ဖမ်းဝရမ်းထုတ်ကောင်းထုတ်ပါလိမ့်မယ်"လို့ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံ တရားရုံးတွင် စစ်အုပ်စုရဲ့ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုတို့အား တိုင်တန်းရာစစ်ဆေးခဲ့ပြီး စွဲချက်အပေါ် တရားရုံးက အတည်ပြုခဲ့ပါတယ်။


========================


📌📌 ၇။ ရှမ်းတောင် တော်လှန်ရေး တပ်ပေါင်းစုက ကြီးမှူးကျင်းပတဲ့ အပတ်စဉ် () တိုက်ခိုက်ရေး တန်းမြှင့် စစ်သင်တန်း ဆင်းပွဲ ကျင်းပ


ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် () တိုက်ခိုက်ရေး တန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာလ () ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါ စစ်သင်တန်းဆင်းပွဲကို SSLRU မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မဟာမိတ်တပ်ဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားတွင် သင်တန်းသား ရဲဘော်များမှ သစ္စာဓိဌာန် ရွတ်ဆိုခြင်း၊ အလေးပြုခြင်း၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်  ဧည့်သည်တော်များမှ အမှာစကား ပြောကြားခြင်းနှင့် သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်းတို့ အကျဉ်းရုံး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်‌ (တောင်ပိုင်း) ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု (SSLRU) ဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ရှမ်းတောင် အခြေစိုက် တပ်ဖွဲ့တခု ဖြစ်ပြီး လက်ရှိ ကရင်နီဒေသမှာ မဟာမိတ် တော်လှန်ရေးအင်အားစုများ နှင့်အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်၊ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီးနှင့်စုစုပေါင်း (၉၇) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၈၇) ဦးဖြင့် အများဆုံး ထောင်ဒဏ် ချမှတ်ခံထားရ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့မှ (၃၀) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၇၅) ဦး စုစုပေါင်း (၉၇) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၈၇) ဦးဖြင့် အများဆုံး ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ဖော်ပြပါတယ်။

အဆိုပါ (၉၇) ဦးအနက် အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး၊ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူ () ဦးနှင့် ၁၀နှစ် နှင့်အထက် ထောင်ဒဏ်ချမှတ်ခံရသူ (၅၆) ဦး ပါဝင်တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ သီတင်းကျေးရွာတွင် နေထိုင်သော နိုင်စိုး အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ဝယ်ယူရန်အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ (၂၆) ရက်နေ့တွင် စစ်ခုံးရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ () အရ ထောင်ဒဏ်တသက် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ဖို့ ပြင်ဆင်


ကချင်လွတ်လပ်ရေးတပ်မတော် KIA က ချီဖွေမြို့ကို သိမ်းပိုက်ပြီးနောက် အောက်တိုဘာလ () ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စတဲ့ နေရာတွေကို ‘KIO/KIA’  စာသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားကာ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။

KIO အစိုးရအောက်မှာ အုပ်ချုပ်ရေးစနစ်တွေပြုပြင်ပြောင်းလဲပြီး ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်သွားဖို့ အတွက် အောက်တိုဘာလ (ရက်နေ့မှာ KIO အုပ်ချုပ်တာဝန်ခံအဖွဲ့တွေက ချီဖွေမြို့ပေါ်က ဘာသာရေးပေါင်းစုံက ဒေသခံပြည်သူတွေကို ခေါ်ယူပြီး ဒေသခံပြည်သူတွေနဲ့ အလွတ်တန်း တွေ့ဆုံဆွေးနွေးမှုမှာ ဒေသအတွင်း အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲသွားဖို့နဲ့  ပြည်သူတွေအနေနဲ့ သွားချင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။

ညနေပိုင်း KIO အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူတွေ တွေ့ဆုံမှုအပြီး (နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်တစ်စီးနဲ့ ချီဖွေမြို့ပေါ်ကို ဗုံး လေးကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ CDF- Zophei ကို နိုင်ငံတကာရောက် ဇိုဖေအင်အားစုက လက်နက်အမြောက်အများ တပ်ဆင်ပေး 


ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့နယ် အခြေစိုက် CDF-Zophei က MA စက်သေနတ်များအပါအဝင် အမျိုးအစား မျိုးပါဝင်သော လက်နက် အမြောက်အများ လက်ခံရရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

MA 1 အပါအဝင် MA 2, MA 3 သေနတ် ၄၅ လက်၊  ခဲယမ်းအမြောက်အများ နှင့် စစ်ဝတ်စုံများကို  Zopheiram Council Supporting of Global မှ တပ်ဆင်ပေးခြင်းဖြစ်ပြီး အောက်တိုဘာလ () ရက်က CDF-Zophei ဌာနချုပ်မှာ ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အလှူရှင်များ၏ ကြိုးစားအားထုတ်မှုကြောင့် စစ်ရေးအသုံးအဆောင်ပစ္စည်းအချို့များ ထပ်မံရောက်ရှိရန် ကျန်သေးကြောင်းလည်း ဖော်ပြထားပါတယ်။

CDF-Zophei အနေဖြင့် ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ အလုံးရင်းလိုက်ရရှိနိုင်ရန် တစ်နှစ်နီးပါး နည်းလမ်းရှာဖွေ အား ယထုတ်ခဲ့ရကြောင်း သိရပါတယ်။

လက်နက်တပ်ဆင်နိုင်ရန် ရန်ပုံငွေရှာဖွေ‌‌ပေးသော Zopheiram Council Supporting of Global ပြည်တွင်းပြည်ပမှ အလှူရှင်များ နှင့် ဇိုဖေမိဘပြည်သူများအပေါ် ကျေးဇူး အထူးတင်ရှိကြောင်းနှင့် တော်လှန်ရေးအောင်မြင်သည်အထိ အားမလျှော့ဘဲ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရေဦး မြို့မရဲစခန်းအတွင်းကို ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာလ () ရက် မွန်းလွဲ (:၃၀) အချိန်၌ ရေဦးမြို့မရဲစခန်းအတွင်းကို  Fixed Wing Drone များဖြင့် ဗုံးသီး () လုံးကြဲချ၍ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ သတင်းပေး Informer သန်းနိုင် နေသော လိုင်းခန်းပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲသောကြောင့် စကစ () ဦး နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ()​ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လိုင်းခန်း မီးလောင်ပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDF မှ သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီးတွင် စကစများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ သီပေါ (၅၀၃) (၅၀၄) တပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ အလောင်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိ


စက်တင်ဘာ (၁၄) ရက်နေ့ကနေ ပြန်လည်စတင်ခဲ့တဲ့ သီပေါမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ (၅၀၃) (၅၀၄) တပ်တို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီရဲ့အလောင်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ရွှေဖီမြေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်နေဆဲဖြစ်ပြီး စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားကာ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ (၂၃) တပ်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ဘုတလင်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃၁) ဦး သေဆုံးပြီး သုံ့ပန်း (၄၂) ဦး ဖမ်းမိခဲ့ကာ လက်နက်မျိုးစုံ (၅၀) ကျော် သိမ်းဆည်းရရှိ ခဲ့တယ်လို့ Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၃၀) ရက်နေ့မှာ ဘုတလင်မြို့နယ်၊ ကူတော်ရွာ အခြေစိုက် တပ်စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့ကာ ၄၂ ဦး အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် BA-100 ပြောင်းတို () လက်၊ MA-13 () လက်၊ G-3 () လက်၊ MA-11 () လက်၊ MA-3 (၁၁) လက်၊ MA-1 (၂၂) လက်၊ MA-2 () လက်၊ MA-4 () လက်၊ ၆၀ မမ ဗုံးသီး () လုံး၊ RPG ကျည် () လုံး၊ ၈၁ မမ ဗုံးသီး () လုံး၊ အီနာဂါဗုံးသီး () လုံး၊ ကွန်ကျူး () ဖူး၊ MT () စီး၊ ကင်းထောက်ဒရုန်း () စီး၊ ဂျန်ပါ () လုံး၊ ဆက်သွယ်ရေးစကားပြောစက် () လုံး၊ မီးကျည် (၄၀) ခု တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ULF စစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် မုံရွာခရိုင် တပ်ရင်း - ၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်-ပကဖ) နဲ့ Local Mobile တပ်ဖွဲ့တို့က ချေမှုန်းရေး အဖြစ် ပါဝင်ခဲ့ပြီး ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ပြည်သူလွတ်မြောက်ရေး တပ်မတော် (PLA) ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (YRF) နဲ့ 96 Soldiers တပ်ဖွဲ့ တို့လည်း ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

၎င်း ဘုတလင် တိုက်ပွဲပြန် ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်များကို ဒေသခံ ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများ ရှိနေဟု ဆို


MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် သတင်းပေးများ၏ အချက်အလက်များကို အသုံးပြုတိုက်ခိုက်နေကြောင်း သိရပါတယ်။

လားရှိုးမြို့ကွက်နဲ့ မြေပုံက တပ်ဘက်မှာ ရှိပြီး အထဲက သတင်းပေးက ပြောတဲ့ ပစ်မှတ်များကို တည့်တည့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမှာ တည်နေရာ မြေပုံနှင့်တကွ သတင်းပေးများကြောင့် စစ်ကောင်စီက ရွေးချယ်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

MNDAA သည် လားရှိုးကို သိမ်းပြီးနောက် Mytel ဆက်သွယ်ရေး ဖုန်းလိုင်းများကို ပိတ်ထားရာက ပြန်လည်ဖွင့်ပေးခဲ့ရာ ဖုန်းလိုင်းဆက်သွယ်ရေး ကွန်ရက်ကတစ်ဆင့် သတင်းပေးများက တည်နေရာများကို စစ်ကောင်စီထံ သတင်းပေးခဲ့ကြောင်း၊ စစ်ကောင်စီသည် ဖုန်းလိုင်းအသုံးပြုသူများ၏ တည်နေရာနှင့် ပြောဆိုဆက်သွယ်ခြင်းများကို သိနိုင်ပြီး ထိန်းချုပ်ရေးစင်တာက ထောက်လှမ်းကာ ကြားဖြတ်နားထောင်နိုင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ () ရက်နေ့မှ အောက်တိုဘာ (၃၀) ရက်နေ့အတွင်း လားရှိုးမြို့ အပါအဝင် MNDAA က ထိန်းချုပ် ထားတဲ့ ဒေသတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့ပြီး ဗုံး အလုံး (၁၀၀) ကျော် ကြဲချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူ (၃၁) ဦး သေဆုံးခဲ့ကာ (၉၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး မရေမတွက်နိုင်တဲ့ အများပြည်သူပိုင် နေအိမ်များ၊ ဟိုတယ်များနဲ့ စာသင်ကျောင်းများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ MNDAA အနေဖြင့် စစ်ကောင်စီကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ အပစ်ရပ်ထား ပေမယ့် စစ်ကောင်စီကတော့ ဆက်တိုက်ဆိုသလို MNDAA ထိန်းချုပ်နယ်မြေက အရပ်သားများ နေထိုင်ရာ မြို့၊ ရွာများကို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ မြိုင်ရဲစခန်းမှ ရဲတပ်ကြပ်တဦးနှင့်ဇနီး လက်နက်နှင့်တကွ မြိုင် ပကဖ အလင်းဝင် 


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် တဦးဟာ သူရဲ့ ဇနီးဖြစ်သူ နှင့်အတူ မြိုင် ပကဖ ထံ ဆက်သွယ် အလင်းဝင်ရောက်လာတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ () ရက်နေ့ မနက် () နာရီခွဲ အချိန်မှာ အသက် (၄၇) နှစ် အရွယ်ရှိ ရဲတပ်ကြပ်ကြီး အောင်ကိုဟာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းလွင် အသက် (၄၈) နှစ်နဲ့အတူ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

၎င်း အလင်းဝင် တပ်ကြပ်ကြီးဟာ G-3 သေနတ် တလက်၊ ကျည်ဘောက် () ဘောက်၊ ကျည် (၁၂၅) တောင့် တို့ကို တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက် လာသူများကို ကောင်မွန်စွာ ကျွေးမွေးထားရှိပြီး ထိုက်သင့်တဲ့ ချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကာ သွားရောက်လိုတဲ့ နေရာကို ပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ မြိုင် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment