3rd OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Ambassadorial Beth Van Shaack) နဲ့ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Zeid Ra'ad Al Hussein တို့နဲ့ NUGလူ့အခွင့်ရေးဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေး

📌 ၂။ ကုလအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးနဲ့ သြစတြေးလျရောက်မြန်မာအင်အားစုများတွေ့ဆုံ

📌 ၃။ ဘုရားဆင်းတုတော် ဖျက်ဆီးသူတွေကိုရှာဖွေပြီး ပြင်းထန်တဲ့ပြစ်ဒဏ်ပေးမယ်လို့ KNDF ပြော

📌 ၄။ ပြင်ဦးလွင်ခရိုင်၊အမှတ်(၅၀၉)တပ်ရင်းထံသို့ သိန်းသုံးရာခုနှစ်ဆယ့်ငါးသိန်းကျပ် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMCက ထောက်ပို့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘုတလင်နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းတခုလုံး ချေမှုန်းခံရလို့ NUG ထုတ်ပြန်

🚩 ၂။ သပိတ်ကျင်းမြို့နယ် ရွှေကျွန်းပင်ရွာကို လေကြောင်းကနေတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေပြီး ၂ဦးဒဏ်ရာရ

🚩 ၃။ ချီဖွေနဲ့ ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ KIA အတည်ပြု

🚩 ၄။ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးက စရဖဝင်းကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ၅။ ရေဦး တိုင်းရင်းဆေးရုံမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် သံသည်ရွာက အမျိုးသမီး တဦး ကျည်ထိမှန်သေဆုံး 

🚩 ၆။ ဘုတလင်မြို့နယ် မောင်းထောင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတဦး ဒဏ်ရာရ

🚩 ၇။ ဖာပွန်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အမျိုးသမီးတဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Ambassadorial Beth Van Shaack) နဲ့ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Zeid Ra'ad Al Hussein တို့နဲ့ NUGလူ့အခွင့်ရေးဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေး


အောက်တိုဘာ၃ရက်


အမေရိကန်နိုင်ငံခြားရေးဌာနရဲ့  အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Ambassadorial Beth Van Shaack) နဲ့ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Zeid Ra'ad Al Hussein တို့နဲ့ NUGလူ့အခွင့်ရေးဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကို အောက်တိုဘာ၃ရက်မှာ  NUGလူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုပါတယ်။


"အမေရိကန်နိုင်ငံခြားရေးဌာနရဲ့  ကမ္ဘာ့လုံးဆိုင်ရာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Ambassadorial Beth Van Shaack) နှင့် လက်ရှိ IPI ဥက္ကဌ ကုလ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Zeid Ra'ad Al Hussein တို့နဲ့ ၇၉ ကြိမ်မြောက် ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ အစည်းအဝေးမတိုင်ခင် မြန်မာ့လူအခွင့်အရေးအခြေအနေ၊ တရားမျှတမှုဖေါ်ဆောင်ရေးလုပ်ငန်းစဉ်နှင့်ရိုဟင်ဂျာအရေးကိစ္စတွေ အလွတ်သဘောဆွေးနွေးဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ယုတ်မာရက်စက်မှုများကို အလျဥ်းသင့်သည့်အချိန်တိုင်းနိုင်ငံတကာအစိုးရများထံ အမျိုးသားညီညွတ်ရေးအစိုးရကရှင်းလင်းတင်ပြလျက်ရှိပါတယ်။


========================


📌📌 ၂။ ကုလအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးနဲ့ သြစတြေးလျရောက်မြန်မာအင်အားစုများတွေ့ဆုံ


အောက်တိုဘာ၃ရက်


အောက်တိုဘာ၃ရက်မှာ ကုလအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးနဲ့ သြစတြေးလျရောက်မြန်မာအင်အားစုများ Wyndham Park Community Centre သို့ရောက်ရှိကာ တွေ့ဆုံစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကုလအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးဟာမြန်မာအရေးကို အဓိကတွန်းအားပေးသူတဦးလည်းဖြစ်ပြီး NUG သည် ပြည်သူကရွေးကောက်ထားသော လွတ်တော်ကိုယ်စာလှယ်များမှ ဖွဲ့စည်းလိုက်သော အစိုးရ ဖြစ်ကြောင်း ၄င်းအစီရင်ခံတွင်လည်းထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။


========================


📌📌 ၃။ ဘုရားဆင်းတုတော် ဖျက်ဆီးသူတွေကိုရှာဖွေပြီး ပြင်းထန်တဲ့ပြစ်ဒဏ်ပေးမယ်လို့ KNDF ပြော


အောက်တိုဘာ၃ရက်


ကရင်နီပြည် ဖယ်ခုံမြို့နယ် လအိကျေးရွာမှာရှိတဲ့ စေတီတဆူက ဘုရားဆင်းတုတော်တွေကို ဖျက်ဆီးခဲ့သူတွေကို ရှာဖွေပြီး ကျူးလွန်သူတွေကို ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေလုပ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က အသိပေးပြောဆိုလိုက်ပါတယ်။

လအိကျေးရွာမှာရှိတဲ့ စေတီတဆူက ဘုရားဆင်းတုတော်တွေအားလုံးရဲ့ဦးခေါင်းတွေ ဖြတ်ထားတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့  KNDF ဖယ်ခုံက အောက်တိုဘာ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။  

လအိကျေးရွာမှာရှိတဲ့ ဘုရားစေတီတဆူက ဘုရားဆင်းတုတော်တွေ ခေါင်းဖြတ်ခံရတဲ့ ဗီဒီယိုတခု အောက်တိုဘာ ၂ရက်မှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီး ဒီလုပ်ရပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် နဲ့ စစ်ဗျူဟာ အမှတ်- တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အထွတ်မြတ်ထားကိုးကွယ်ရာ ဘုရားဆင်းတုတော်တွေကို အခုလိုဖျက်ဆီးတာဟာ တော်လှန်ရေး အားကောင်းတဲ့ ကရင်နီပြည်နယ်မြေမှာ နိုင်ငံရေး၊ ဘာသာရေးအထိကရုဏ်းဖြစ်စေဖို့  ဖန်တီးလုပ်ဆောင်နေတာလို့ KNDF က ဆိုပါတယ်။

ဒါကြောင့် လအိကျေးရွာက အုပ်ချုပ်ရေးတာဝန်ခံတွေနဲ့အတူ ကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် နဲ့ အမှတ်- တို့က ထပ်မံ အသိပေးထားပါတယ်။

ဖယ်ခုံမြို့အနောက်ဘက် လအိကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းကို စက်တင်ဘာ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒေသခံရွာသားတွေ စစ်ရှောင်နေချိန်မှာ တောင်ပေါ်မှာရှိတဲ့ ဘုရားအဆူတိုင်း ဦးခေါင်းတော် ဖြတ်ခံရတာဖြစ်တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ ဒီလိုဖြစ်ရပ်မျိုး တကြိမ်မှုမရှိခဲ့ဘူးတာကြောင့် ဒါဟာ ဘာသာရေးသွေးခွဲမှုနဲ့ နိုင်ငံရေးလှည့်ကွက်တခုဖြစ်ဖို့ များတယ်လို့ဆိုပါတယ်။ 

လက်ရှိအချိန်မှာ ကရင်နီပြည်အတွင်း အရပ်သားအသွင်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သတင်းပေးတွေ စိမ့်ဝင်နေ ပြီး မြေပြင်သတင်းအချက်အလက် ရယူဖို့ကြိုးစားနေသလို လေကြောင်းပစ်မှတ်အတည်ပြုပေးတာနဲ့ လူမျိုးရေး၊ ဘာသာရေးပြသာနာဖန်တီးမှုတွေလုပ်လာနေတာကြောင့် သတိနဲ့သွားလာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၄။ ပြင်ဦးလွင်ခရိုင်၊အမှတ်(၅၀၉)တပ်ရင်းထံသို့ သိန်းသုံးရာခုနှစ်ဆယ့်ငါးသိန်းကျပ် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMCက ထောက်ပို့


အောက်တိုဘာ၃ရက်


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMCထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများထဲမှ ပြင်ဦးလွင်ခရိုင်၊အမှတ်(၅၀၉)တပ်ရင်းထံသို့ သိန်းသုံးရာခုနှစ်ဆယ့်ငါးသိန်းကျပ်တိတိကို ထောက်ပို့ပေးအပ်ခဲ့တယ်လို့အောက်တိုဘာ၃ရက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMCကအသိပေးဖော်ပြပါတယ်။

ထောက်ပို့မှုအား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က လက်မှတ်ရေးထိုး၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘုတလင်နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းတခုလုံး ချေမှုန်းခံရလို့ NUG ထုတ်ပြန်


အောက်တိုဘာ၃ရက်


စစ်ကိုင်းတိုင်း ဘုတလင်တိုက်ပွဲမှာ ဗိုလ်မှူးဦးဆောင်တဲ့ ၈၅ဦးပါ စစ်ကောင်စီစစ်ကြောင်းက စစ်သား ၃ဝ ကျော်သေဆုံပြီး ဗိုလ်ကြီး၂ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ ၅၆ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်တပ်စစ် ကြောင်းတခုလုံးပြုတ်အောင် ချေမှုန်းနိင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန -MODက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတခုလုံးကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နိုင်ခဲ့ပြီး အောင်ပွဲရခဲ့တဲ့သတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဘုတလင်မြို့နယ် ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် ခမရ-၁၀၆ ဦးဆောင်တဲ့ ခမရ ၁၀၆ ၃၀၉၊ ၁၆၊ ခလရ ၂၂၉ နမခ တိုင်းလက်အောက်ခံတပ်တွေက ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နဲ့ ပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဘုတလင်မြို့နယ်၊ကူတော်ရွာမှထွက်လာသောစကစစစ်ကြောင်းတစ်‌ ကြောင်းလုံးကို အမြစ်ဖြတ်တိုက်ထုတ်လာသော ULF စစ်ကြောင်းမှ ရဲဘော်များကို ပြည်သူများမှသောင်းသောင်းဖျဖျကြိုဆိုတဲ့ မြင်ကွင်းများဖြစ်ပါတယ်"လို့အောက်တိုဘာ၃ရက်မှာ ULF စစ်ကြောင်းမှလည်း တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။


နေ့လည် ၁၂ နာရီ ၄၃ မိနစ်ကနေ နာရီ ၄ဝ မိနစ်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၃ ဦးသေဆုံး (အလောင်းရ) ပြီး လက်နက်ချအညံ့ခံတဲ့အတွက် ဗိုလ်ကြီး၂ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့တဲ့အပြင် လက်နက်မျိုးစုံ ၅၆ လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ် ရေးတပ်မတော်-PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ သပိတ်ကျင်းမြို့နယ် ရွှေကျွန်းပင်ရွာကို လေကြောင်းကနေတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေပြီး ၂ဦးဒဏ်ရာရ


အောက်တိုဘာ၃ရက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ရွှေကျွန်းပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာ ကြောင့် ဒေသခံအရပ်သားတဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ရောင်နီနွေဦးအဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ညက ရွှေကျွန်းပင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးသေဆုံးပြီး အသက် ၅၀ နဲ့ အသက် ၂၉ အရွယ် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရောင်နီနွေဦးအဖွဲ့က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ဗုံးတလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ် လုံး ပျက်စီးခဲ့ကာ ဒဏ်ရာရတဲ့သူတွေက မစိုးရိမ်ရ ဘူးလို့ ဒေသခံတွေက ပြောပါတယ်။   

သြဂုတ်လကုန်ရက်ကလည်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာနဲ့ စဥ့်ကူးမြို့နယ်ထဲက သီလှရွာနဲ့ ကြို့ပင်ကျေးရွာကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ဦး သေဆုံးခဲ့ရပါသေးတယ်။

သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နယ်အတွင်း က စစ်ကောင်စီစခန်းတွေကို ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ရာ သြဂုတ်လနဲ့ စက်တင်ဘာအတွင်း သပိတ်ကျင်းမြို့နယ် ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

ဒါကြောင့် ဒေသခံအရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်ဖိုင်ရေး ဗုံးခို ကျင်းတွေတူးထားကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၃။ ချီဖွေနဲ့ ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ KIA အတည်ပြု


အောက်တိုဘာ၃ရက်


စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေစိုးမိုထားတဲ့ ကချင်ပြည်နယ်က ချီဖွေမြို့နဲ့ ဆော့လောမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေးဌာနက မနေ့ အောက်တိုဘာ ရက် ညပိုင်းမှာ အသိပေးဖော်ပြလိုက်ပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ KIA တပ်မဟာ- နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ BGF ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၂၉ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌ပြီး တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

ချီဖွေမှာတပ်စွဲနေတဲ့ ခလရ-၁၀၅ တပ်စခန်းနဲ့ ပြည်သူ့စစ် တပ် စုပေါင်းဂိတ်၊ ၅၉ မိုင်မှာ တပ်စွဲထားတဲ့ BGF တပ်တွေကို စက်တင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့သလို ဆော့လော်မြို့မှာရှိတဲ့ ခလရ-၂၉၈ စခန်းနဲ့အနီးအနားမှာရှိတဲ့ ကာကင်းစခန်း တွေကို အောက်တိုဘာ ၂ရက် မနက်မှာ အပြီးသတ် သိမ်းနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

ချီဖွေမြို့နဲ့ ဆော့လောမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာ အဲဒီမြို့တွေပတ်ဝန်းကျင်မှာ အရေး ကြီးတဲ့ စစ်စခန်းတွေမရှိတော့ဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလုပ်နေပြီလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုထားပါတယ်။

ချီဖွေနဲ့ဆော့လော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းတွေနဲ့လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တဲ့ အကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကန်ပိုက်တည်နဲ့ ဆဒုံး စတဲ့နယ်မြေတွေဟာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်းနဲ့ သားဖြစ်သူ ဇခုန်ယိန်းဆောင်ရဲ့ ပြည်သူ့စစ်အဖွဲ့တွေ စိုးမိုးထားတာလို့သိရပြီး အဲဒီနယ်မြေတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တို့က သစ်အလွန်အကျွံ ထုတ်လုပ်ရောင်းချတာ ဘိန်းစိုက်ပျိုး ရောင်းဝယ်တာ မြေရှားသတ္တု တူးဖော်တာ လောင်းကစားနဲ့ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ကြတယ်လို့ KIA သတင်းပြန် ကြားရေးဌာနက ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးက စရဖဝင်းကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်


အောက်တိုဘာ၃ရက်


ရန်ကုန်မြို့တော်က အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ထောက်လှမ်းရေးရုံးချုပ်ကို  ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Column -R.U.C စစ်ကြောင်းက ပြောပါတယ်။

မနေ့ အောက်တိုဘာ ရက်နေ့ နာရီ ၁၇ မိနစ်ခန့်အချိန်မှာ အောင်မင်္ဂလာအဝေးပြေးကားဝင်း အရှေ့မှာရှိတဲ့ စရဖဝင်း ကို RUC စစ်ကြောင်းက ရဲဘော်တွေ ၇၉ မမ ဗုံးပစ်လောင်ချာသုံးပြီး ၄၀ မမ ဗုံးသီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ပထမအကြိမ်ပစ်ခတ်ချိန်မှာ ဗုံးသီးချို့ယွင်းချက်ဖြစ်သွားခဲ့ပြီး ဒုတိယအကြိမ် ထပ်မံပစ်ခတ်ခဲ့မှ ပစ်မှတ်နေရာမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိခဲ့ပြီး စရဖရုံးဝင်းအတွင်း ပျက်စီးမှုတွေရှိတယ် လို့ မြေပြင်သတင်းတွေအရ သိရပေမယ့် သတင်းအတိအကျသိနိုင်ဖို့ ဆက်လိက်စုံစမ်းနေတယ်လို့ Rangoon Urban Column -R.U.C စစ်ကြောင်းက အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ UG ရဲဘော်တွေကို လိုက်လံ ဖမ်းဆီးနေတဲ့ စရဖ တပ်ဖွဲ့ဝင်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရေဦး တိုင်းရင်းဆေးရုံမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် သံသည်ရွာက အမျိုးသမီး တဦး ကျည်ထိမှန်သေဆုံး 


အောက်တိုဘာ၃ရက်


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် သံသည်ရွာက အမျိုးသမီးတဦး ကျည်စထိမှန်သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ရက် မနက် နာရီခန့်အချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက် ဦးတည်ပစ်ခတ်ခဲ့တာလိုဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံး သံသည်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ပေါင်းနှုတ်နေတဲ့ အသက် ၄ဝ ခန့်အရွယ်ရှိတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ရတယ်လို့ ရေဦးအခြေစိုက် မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနဲ့ပန်ကြားရေးဌာနက ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၁၂၀ မမ၊ ၈၀ မမစတဲ့ လက်နက်ကြီးတွေနဲ့ ငြုပ်တုံနဲ့ သံသည်ရွာဘက် ဦးတည်ပြီး လက်နက်ကြီးကျည် လုံးထက်မနည်း ပစ်ခတ်ခဲ့တဲ့အပြင် ရွှေကျီးမင်း စစ်ဆေးရေးဂိတ်ကနေ သံသည်ရွာဘက်ကိုလည်း အကြမ်းဖက်စစ်သားတွေ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ဘုရားဘက်ကနေ ရေဦးဘက် ပြန်သွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဘုတလင်မြို့နယ် မောင်းထောင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတဦး ဒဏ်ရာရ


အောက်တိုဘာ၃ရက်


စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မောင်းထောင်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

တိုက်ပွဲဖြစ်တာမရှိတဲ့ မောင်းထောင်ရွာကို တံတားဦးနဲ့ မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ စင်းက မနေ့ အောက်တိုဘာ ရက်နေ့ နေလယ် နာရီကျော်ခန့်ခန့်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်

 မောင်းထောင်ရွာက စာသင်ကျောင်းကိုတကြိမ် ဆေးရုံကိုတကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းက နား နေဆောင်နဲ့ ဆေးရုံ ရွာလယ်က ဓမ္မာရုံ ထိခိုက်ပျက်စီးသွားသလို အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ဘုတလင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ က အသိပေးပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ မောင်းထောင်ရွာဟာ စက်တင်ဘာ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ရာ ကူတော်ရွာနဲ့ အနီးဆုံးရွာလို့ သိရပါတယ်။

ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများတဲ့အပြင် စစ်သုံးပန်းတွေအဖြစ်ပါ ဖမ်းဆီးခံခဲ့ ရတာကြောင့် စစ်ကြောင်းတခုလုံး ပျက်စီးခဲ့ပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေထပ်လုပ်လာနိုင်တဲ့အတွက် ဘုတလင်မြိုနယ် ပကဖ က ကျေးရွာဒေသခံတွေကို လေကြောင်းအန္တရာယ်သတိပေးတာနဲ့ ဘေးလွတ်ရာနေရွာတွေမှာ နေရာချထားတာတွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ဖာပွန်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အမျိုးသမီးတဦးသေဆုံး


အောက်တိုဘာ၃ရက်


ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ တပ်မဟာ မူတြော်ခရိုင်က ထုတ်ပြန်ပါတယ်။ 

မနေ့ အောက်တိုဘာ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် စင်းက ဖာပွန်မြို့ ရပ်ကွက် နဲ့ ရပ်ကွက် အတွင်း ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာလိုဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အိမ်ယာဟောင်းအနီး ဟင်းသီးဟင်းရွက်ရှာဖွေနေတဲ့ အသက် ၅၀ အရွယ် ကလေး ယောက် မိခင် ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU တပ်မဟာ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ၂ဝ၂၃ ခုနှစ် မတ်လကစပြီး ဖာပွန်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ရာမှာ ဖာပွန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံး ဆုတ်ခွာသွားတာကြောင့် မြို့ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ် ထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဖာပွန်အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက် မှုတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment