4th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စိုးမိုးနယ်မြေများ၌ သယံဇာတစီမံအုပ်ချုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သယံ ဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျပ်သိန်းပေါင်း ၃၅၀ မတည်ပေးမှုနဲ့ ဂန့်ဂေါမြို့နယ်အတွင်းရှိ (၃၆၀ ပေ ရှိသော) တံတားတစ်စင်းအား  ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့

📌 ၃။ အောင်ပွဲနဲ့ပြန်လာတဲ့ ကူတော်တိုက်ပွဲဝင်ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင်ငွေ ပေးအပ်

📌 ၄။ ကောလင်းမြို့နယ် အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆိုးရွားစွာခံခဲ့ရသော ကျေးရွာမှ စစ်ဘေးရှောင်များအတွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အလှူရှင်များကိုယ်စား  ဆန်၊ဆီ၊ပဲ များထောက်ပံ့လှူဒါန်း

📌 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၃၂) ဦး ရှိလာ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်အပါအဝင် အရပ်သား ၄ဦးသေဆုံး 

🚩 ၂။ မြိုင်နယ် တွင်းမပျူရွာကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှ ခဲယမ်းတွေ သိမ်းဆည်းရရှိ 

🚩 ၃။ အကြမ်းဖက်စစ်တပ်က လားရှိုးမြို့ကို နာရီပိုင်းအတွင်း ကြိမ်ဗုံးကြဲခဲ့ရာ တရုတ်ဘုံကျောင်းအပါအဝင် အဆောက်အအုံ များစွာပျက်စီး

🚩 ၄။ ဘုတလင်နယ် ကူတော်တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့စစ်သားတဦးကို ဖမ်းဆီးရမိ

🚩 ၅။ နွားထိုးကြီးမြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် 

🚩 ၆။ စစ်ရေးအရှိန်မြင့်နေသော ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲယင်းမာပင် ဗျူဟာ၄၂ ရဲဘော်များပူးပေါင်း ပါဝင်တိုက်ခိုက်နေ

🚩 ၇။ စကစရဲ့သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပက်သက်ခြင်းမပြုလုပ်ဖို့ ရေးပြောက်ကျားတပ်နဲ့ဒေါနစစ်ကြောင်းအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စိုးမိုးနယ်မြေများ၌ သယံဇာတစီမံအုပ်ချုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သယံ ဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အောက်တိုဘာ၄ရက်


စိုးမိုးနယ်မြေများ၌ သယံဇာတစီမံအုပ်ချုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။

အောက်တိုဘာ၂ရက် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ ( /၂၀၂၄) အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။

"တော်လှန်ရေးကာလအတွင်း မိမိတို့စိုးမိုးနယ်မြေများ၌ သယံဇာတစီမံအုပ်ချုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သယံ ဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် စနစ်တကျရှိစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် နယ်မြေစိုးမိုးမှု အခြေအနေအလိုက် လိုက်လျောညီထွေဖြစ်စေမည့် နည်းလမ်းများကို ကြံဆလုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ သို့မှသာ စီမံခန့်ခွဲမှုများ ပိုမိုထိရောက်စနစ်ကျမှာဖြစ်ပါကြောင်း၊ သယံဇာတစီမံ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအလိုက် လိုအပ်ချက်၊ လစ်ဟာချက်များကို စိစစ်ပြီး ၎င်းတို့အတွက် လိုအပ်သည့် နည်းပညာများ လုပ်ထုံးလုပ်နည်း/ မူဝါဒများကို သေချာရှင်းလင်း မျှဝေပေးဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ယခင်မူဝါဒများကို ဆန်းစစ်သုံးသပ်ပြီး ပိုမိုစနစ်ကျပြီး တာဝန် ယူ/တာဝန်ခံမှု ပိုအားကောင်းသည့် မူဝါဒများ ပြောင်းလဲပြင်ဆင် သင်မှတ်သင့်ပါက အချိန်မီ ပြင်ဆင် သတ်မှတ်ကြဖို့လည်း တိုက်တွန်းလိုပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။

ဒါ့အပြင် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ရှားပါးလာသည့် ဆင်သတ္တဝါများကိုလည်း ထိန်းသိမ်းရရှိသည်များ သိရှိရပါသဖြင့် စနစ်တကျ စီမံဆောင်ရွက်ကြစေလိုပါကြောင်း၊ သယံဇာတလုပ်ငန်းများ စီမံခန့်ခွဲရာတွင် ဒေသခံများအတွက် အဆင်ပြေစေမည့်နည်းလမ်းများ ဖြစ်စေဖို့၊ စနစ်ကျဖို့၊ ပွင်းလင်းမြင်သာမှုရှိဖို့ အင်မတန်အရေးကြီးကြောင်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။

အစည်းအဝေးသို့ ကာကွယ်ရေဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့ များ၊ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျပ်သိန်းပေါင်း ၃၅၀ မတည်ပေးမှုနဲ့ ဂန့်ဂေါမြို့နယ်အတွင်းရှိ (၃၆၀ ပေ ရှိသော) တံတားတစ်စင်းအား  ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့


အောက်တိုဘာ၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျပ်သိန်းပေါင်း ၃၅၀ မတည်ပေးမှုနဲ့ ဂန့်ဂေါမြို့နယ်အတွင်းရှိ (၃၆၀ ပေ ရှိသော) တံတားတစ်စင်းအား ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ အောက်တိုဘာ၄ရက်မှာ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အသိပေးထုတ်ပြန်ပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်ဆီးသွားသော ဂန့်ဂေါမြို့နယ်အတွင်းရှိ (၃၆၀ ပေ ရှိသော) တံတားတစ်စင်းအား  ပြန်လည်ပြင်ဆင်ရန် ကြိုးစားခဲ့ကြရာ ထို တံတားပြုပြင်ရန် လိုအပ်သောရံပုံငွေအား ဒေါ်ယဉ်မင်းလှိုင် ကူညီတောင်းခံပေးမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျပ်သိန်းပေါင်း ၃၅၀ မတည်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။

ထို့အပြင် ခရီးသွားပြည်သူနှင့်ကားသမားများ၏ အလှူငွေဖြင့် ၎င်းတံတားအား ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် ကားကြီးများလည်း ဖြတ်သန်းသွားလာနိုင်ပြီကြောင်းအသိပေးဖော်ပြပါတယ်။


========================


📌📌 ၃။ အောင်ပွဲနဲ့ပြန်လာတဲ့ ကူတော်တိုက်ပွဲဝင်ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင်ငွေ ပေးအပ်


အောက်တိုဘာ၄ရက်

 

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်တိုက်ပွဲမှာ စစ်ကောင်စစ်ကြောင်းကိုချေမှုန်းပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို အလေးပြုပြီး ဂုဏ်ပြုခဲ့ကြသလို ချီးမြှင့်ငွေတွေလည်း ပေးအပ်ခဲ့တယ်လို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ People's Defence Army က ပြောပါတယ်။ 

ကူတော်မှာ အောင်ပွဲအကြီးကြီးယူပြီး ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်းက ရှေ့တန်းထွက်ရဲဘော်တွေကို နောက်ချန် ရဲဘော်တွေက ဂုဏ်ပြုတဲ့အနေနဲ့ အလေးပြုခဲ့သလို တပ်ရင်းမှူးကလည်း ဂုဏ်ပြုဆုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

People's Defence Army တပ်ရင်းက ရဲဘော်တွေအနေနဲ စစ်ကိုင်းတိုင်းတင်မက အခြားစစ်မျက်နှာတွေမှာလည်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတယ်လို့လည်း အသိပေးထား ပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် ကျွန်တော်တို့တပ်ရင်းကရဲဘော်တွေဟာ အများနည်းတူ အသက်ပေး တိုက်ပွဲဝင်နေကြ တာဖြစ်တဲ့အတွက် ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကင်းရှင်းရေး ကျည်ကာဦးထုပ်နဲ့ကျည်ကာအင်္ကျီတွေ လိုအပ်နေတယ် လို့ People's Defence Army ဆိုပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေနဲ့ ကျွန်တော်တို့တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တဆင့် ထောက်ပံ့ကူညီနိုင်သလို တပ်ရင်းလူမှုကွန်ယက်စာမျက်နှာကနေလည်း တိုက်ရိုက်ကူညီနိုင်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ထပ်ပြီး အသိပေးထားပါတယ်။

ပြည်သူတွေ တောင်းတလိုလာနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ရရှိရေး ယင်းမာပင်ခရိုင်တပ်ရင်းက ရဲဘော်တွေ အသက်ကို ပမာဏမထားဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးထား ပါတယ်။

ဘုတလင်မြိုနယ် ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်ကိုပြန်လာတဲ့ ခမရ-၁၀၆ တပ်က ဗိုလ်မှူးကျော်တင့် ဦးဆောင်တဲ့ ခမရ ၁၀၆၊ ခမရ ၃၀၉၊ ခမရ ၁၆၊ ခလရ  ၂၂၉ စတဲ့တပ်တွေက ၈၅ ဦးပါ စစ်ကြောင်းကို စီပါရွာ‌အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပူးပေါင်းတပ်တွေ စက်တင်ဘာ ၃၀ ရက်နေ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်က ၃၃ ဦး သေဆုံးပြီး ဗိုလ်ကြီး ဦးပါ စစ်သုံပန်း ၄၃ ဦး ဖမ်းဆီးနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ ကောလင်းမြို့နယ် အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆိုးရွားစွာခံခဲ့ရသော ကျေးရွာမှ စစ်ဘေးရှောင်များအတွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အလှူရှင်များကိုယ်စား  ဆန်၊ဆီ၊ပဲ များထောက်ပံ့လှူဒါန်း


အောက်တိုဘာ() ဒေါင်းညို(ကောလင်း)


စက်တင်ဘာလ(၃၀)ရက်နေ့တွင်း စစ်ကောင်စီ၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးသင့်ပြည်သူများအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ(ကောလင်း)မှ စစ်ဘေးရှောင်ပြည်သူများရှိရာ‌ေနရာများသို့လိုက်လံကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ အခက်ခဲကိုပြေလည်အောင်လိုက်လံ‌ကူညီဆောင်ရွက်ပေးနေပါတယ်။ပျက်စီးထိခိုက်တာတွေကလည်းများသလို ဘယ်လောက်ထိကြောက်ရွံ့နေမလဲဆိုတဲ့ပြည်တွေရဲ့ ခံစားချက်ကိုလည်းကိုယ်ချင်းစာပါတယ်။ပြည်သူတွေကိုလည်း လုံခြုံရေးအသိ၊သတိနဲ့ ဘေးကင်းလုံခြုံစွာနေပေးကြဖို့တောင်းဆိုပါတယ်"ဟု ကူညီထောက်ပံ့ရေးတွင် လိုက်ပါဆောင်ရွက်နေသူ မြို့နယ်အဖွဲ့ဝင်တစ်ဦးမှပြောပါတယ်။

အလှူရှင်များမှလှူဒါန်းလာသော ဆန်၊ဆီ၊ပဲ များကို အောက်တိုဘာလ()ရက်နေ့မှစတင်ကာ လိုက်လံထောက်ပံ့ကူညီလျက်ရှိပြီး  အလုံးစုံပြီးစီးမှုမရှိသေးကြောင်းကိုလည်းသိရသည်။

 "အရင်ကသတင်းတွေမှာပဲ ကြားခဲ့ ၊မြင်ခဲ့ ရတာ‌။ခုမျက်မြင်ကိုယ်တွေ့ကြုံတော့ ကိုယ့်ဟာကိုယ်အသက်ရှင်လျက်ရှိပါဦးမလားတွေးမိတယ်။ နေရတာလည်းမလုံခြုံတော့ဘူး။ခေါင်းပေါ်ကအသံကြားတိုင်းကြောက်နေမိတယ်"ဟု စစ်ဘေးတိမ်းရှောင်လာသူပြည်သူတစ်ဦးကဆိုသည်။

ကောလင်းမြို့တွင် စစ်ကောင်စီ၏လေကြောင်းမှပြီးခဲ့သည့်စက်တင်ဘာလအတွင်းသုံးကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့မှုကြောင့်အရပ်သားပြည်သူ()ဦးသေဆုံးကာ(၁၀)ဦးကျော်ဒဏ်ရာရရှိခဲ့သည်။ထို့ပြင်ကောလင်းမြို့နှင့်()မိုင်ခန့်ဝေးသောဝန်းသိုမြို့ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၁၁၁)မှစက်တင်ဘာ(၂၉)ရက်နေ့မနက်တွင် ဟောင်ဝှစ်ဇာဖြင့်ပစ်ခတ်ခဲ့မှုကြောင့် စိန်တော၊အလယ်စုရွာများသို့ကျရောက်ပေါက်ကွဲကာအမျိုးသား()ဦး၊အမျိုးသမီး()ဦးသေဆုံးခဲ့ပြီး()ဦးဒဏ်ရာရခဲ့ကြောင်းသိရှိရသည်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၃၂) ဦး ရှိလာ


အောက်တိုဘာ၄ရက်


အကြမ်းဖက်စစ်အုပ်စုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၃၂) ဦး ရှိလာတယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၃၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နယ်မြို့များမှာ အရပ်သားများကို စစ်ရေးပစ်မှတ်၊အရပ်သားပစ်မှတ်မခွဲ ခြားပဲဖမ်းဆီးသတ်ဖြတ်မှုများ၊ရမ်းသန်းပစ်ခတ်မှုများနဲ့စစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိပါတယ်။

ထို့အပြင်မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၀၇) ဦးရှိပြီး ထိုအထဲမှ (၂၁၀၁၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်အပါအဝင် အရပ်သား ၄ဦးသေဆုံး 


အောက်တိုဘာ၄ရက်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကင်းတောင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တဦးအပါအဝင် အရပ်သား ဦးသေဆုံးကာ ဒဏ်ရာရသွားသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ရက် မနက် နာရီ ၁၅ နစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ထဲမှာအိပ်နေတဲ့ အသက် ၁ဝ နှစ်အရွယ် ကလေးငယ်အပါအတင် ဒေသခံ၄ဦး သေဆုံးပြီး ၁၀.ဦးကျော် ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

စစ်ကောင်စီကကြဲချတဲ့ ဗုံး လုံးဟာ ကင်းတောင်ရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် အိမ် ၁ဝ လုံးပျက်စီးကာ ဦးလှတင် ၇၀ နှစ်၊ ဒေါ်မြရီ ၆၇ နှစ်၊ ဇင်ဟိန်းကို ၁၀ နှစ်နဲ့ ဒေါ်မြကြည် ၇၄ နှစ်တို့ သေဆုံးခဲ့တယ်လို့ Western News က ဖော်ပြပါ တယ်။

တိုက်ပွဲတွေတကျော့ပြန်ဖြစ်လာပြီးနောက်ပိုင်း တောင်ကုတ်မြို့အနီးတဝိုက် စစ်ကောင်စီနဲ့ AA တို့ မကြာခဏ တိုက်ပွဲဖြစ်နေ ရာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ဒဏ်ရာရသူတွေလည်း ၂၀ ကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ ဒီနေ့ အောက်တိုဘာ ရက် မနက်အစောပိုင်းမှာ တောင်ကုတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲ ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် လာရှိုးမြို့က အရပ်သား ပြည်သူတဦး ဒဏ်ရာရ ပြီး တရုတ်ဘုံကျောင်းအပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။


========================


🚩🚩 ၂။ မြိုင်နယ် တွင်းမပျူရွာကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှ ခဲယမ်းတွေ သိမ်းဆည်းရရှိ 


အောက်တိုဘာ၄ရက်


မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစောထီးကျေးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာမှာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစု တွေက ပြောပါတယ်။ 

မနေ့ အောက်တိုဘာ ရက် မနက် နာရီဝန်းကျင်က မြိုင်မြို့နယ် တွင်းမပျူစောထီးကျေးရွာကနေ အင်အား ၁၀၀ ခန့်နဲ့ အိုရင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို အိုရင်ကျေးရွာအနီးမှာ အသင့်ထောင်ထားတဲ့ မိုင်းအကြီး ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး တွင်းမပျူရွာဘက် ထမ်းစင်တွေနဲ့  ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကို တော်လှန်ရေးအင်အားစုတွေ နယ်မြေရှင်းလင်းချိန်မှာ အကြမ်းဖက်စစ်သားတွေသုံးတဲ့ G3 ကျည် ၆၆ တောင့်၊ G3 ကျည်ဘောက်တခုနဲ့ ဦးထုပ်တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေစစ်ဆင်ရေးအင်အားစု အလင်းတန်းပြောက်ကျားတပ်ဖွဲ့ Phoenix People Defence Force -PNDF Zarmani Drone Force မဟူရာအလင်းတန်း U.A.V Fighter M.V.P Revolution Force အောင်ကျော်ဌေးပြောက်ကျားတပ်ဖွဲ့ နဲ့ Scorpion People Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်တပ်က လားရှိုးမြို့ကို နာရီပိုင်းအတွင်း ကြိမ်ဗုံးကြဲခဲ့ရာ တရုတ်ဘုံကျောင်းအပါအဝင် အဆောက်အအုံ များစွာပျက်စီး


အောက်တိုဘာ၄ရက်


အကြမ်းဖက်စစ်ကောင်စီ ဒီနေ့မနက်အစောမှာပဲ တိုက်လေ‌ယာဉ်တွေနဲ့ လားရှိုးမြို့ကို ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တရုတ်ဘုံကျောင်းအပါအဝင် အဆောက်အအုံ များစွာပျက်စီးခဲ့ပြီး အရပ်သားပြည်သူတဦး ဒဏ်ရာရသွားတယ်လို့ MNDAA နဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဒီနေ့ အောက်တိုဘာ ရက် မနက် နာရီ ၁ဝ မိနစ်၊ နာရီ မိနစ်၊ နာရီ ၁၄ မိနစ်၊ နာရီ ၁၉ မိနစ်တို့မှာ လေကြောင်းကနေတိုက်ခိုက်တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ စင်းနဲ့ လာရောက်တိုက်ခိုက်တာဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင် ၅ဝဝ ဗုံးတွေကို လူနေရပ်ကွက်ထဲ ကြဲချခဲ့တာလို့ လာရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောပါတယ်။   

ဒီတိုက်ခိုက်ကြောင့် လာရှိုးမြို့ ရပ်ကွက် မှာရှိတဲ့ တရုတ်ဘုံကျောင်းပျက်စီးခဲ့ရပြီး နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ရ တဲ့အပြင် အရပ်သားပြည်သူတဦး ဒဏ်ရာရသွားတယ်လို့ လာရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က အသိပေးထားပါတယ်။

လာရှိုးမြို့တွင်းမှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး နောက် ရက်အကြာမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်လာတာလို့ သိရပါတယ်။ 

အခုလို စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာ နေရတယ်လို့လည်း ဆိုပါတယ်။ 

စစ်ရေးကာလအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပုံမှန်လည်ပတ်နိုင်ဖို့ကြိုးစားနေတဲ့လာရှိုးမြို့ကို တိုက်ခိုက်နေတာ ဟာ စစ်ကောင်စီရဲ့ အဖျက်သဘောဆောင်တဲ့ ယုတ်မာမှုများစွာထဲက တခုလို့ လာရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ဝေဖန်ထားပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေထဲက ၂ကြိမ်ဟာ အမှတ် ရပ်ကွက်မှာရှိတဲ့ ကွမ်ယင်ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ကျန် ကြိမ်က အမှတ် ရပ်ကွက်က မပြီးဆုံးသေးတဲ့ အဆောက်အအုံကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား တဦး ဒဏ်ရာရသွားတယ်လို့ MNDAA က အသိပေးပါတယ်။

စစ်ကောင်စီဟာ ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ တလအတွင်း လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်တွေက ဦးအပါအဝင် တမြို့နယ်လုံးအတိုင်းအတာနဲ့ဆိုရင် အရပ်သား ဦး သေဆုံးကာ ၅၀ ကျော်ဒဏ်ရာရခဲ့တဲ့အပြင် ထပ်မြင့်အဆောက်အဦးတွေနဲ့ နေအိမ်များစွာပျက်စီးခဲ့ရပါ တယ်။

အခုလို စစ်ကောင်စီတပ်က တိုက်ခိုက်နေတာကို MNDAA အနေနဲ့ ပြန်လည်တုန့်ပြန်သင့်ပြီလို့ လာရှိုးဒေသခံတွေက ပြောဆို နေကြပါတယ်။


========================


🚩🚩 ၄။ ဘုတလင်နယ် ကူတော်တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့စစ်သားတဦးကို ဖမ်းဆီးရမိ


အောက်တိုဘာ၄ရက်


စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့စစ်သားတဦးကို ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးပြီး ၄၃ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့တဲ့ ကူတော်တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်သားတဦး ကို အရှင်ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်ကို မနေ့ အောက်တိုဘာ ရက်မှာ ဖမ်းမိတာဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ ဆေးကြောင် ကြောင်နေ တယ်လို့လည်း တော်လှန်ရေးတသင်းရင်းမြစ်တွေက ပြောပါတယ်။   

စိတ်ပုံမှန်မဟုတ်ဘဲ အရူးတစ်ယောက်လိုလျောက်သွားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်ကို ဖမ်းဆီးရမိချိန်မှာ သေနတ်နဲ့ဆက်စပ် ပစ္စည်းတွေမပါဘူးလို့ သိရပါတယ်။ 

ဘုတလင်မြို့နယ် ကူတော်ရွာရဲကင်းစခန်းကနေ ဘုတလင်ဘက်ပြန်လာတဲ့ ခမရ-၁၀၆ တပ်က ဗိုလ်မှူးကျော်တင့် ဦးဆောင် တဲ့ ခမရ ၁၀၆၊ ခမရ ၃၀၉၊ ခမရ ၁၆၊ ခလရ  ၂၂၉ စတဲ့တပ်တွေက ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၃၀ ရက်မှာ စီပါရွာ‌အနီးကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးထက်မနည်း ထွက်ပြေးသွားခဲ့ရမှာ ၎င်းတို့ထဲက စစ်သားတဦးကို ထပ်မံဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ နွားထိုးကြီးမြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် 


အောက်တိုဘာ၄ရက်


မန္တလေးတိုင်း နွားထိုးကြီးမြို့ မြို့မကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း - NRDF တပ်ဖွဲ့က ပြောပါတယ်။

နွားထိုးကြီးမြို့ မြို့မကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို မနေ့ အောက်တိုဘာ ရက် မွန်းလွဲ နာရီခန့်မှာ Shar Htoo WOW နည်းပညာသုံး Fixed Wings Drone တွေနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 

 တော်လှန်ရေးတပ်တွေက ဒရုံးနဲ့ဗုံးသီချတိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်သား တွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် တပ်ရင်း - NRDF ရဲ့ Drone တပ်ဖွဲ့ မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ နွားထိုးကြီး မြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်း နေတယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း - NRDF က ထုတ်ပြန်ထားပါတယ်။ 

ထို့အတူ မနေ့ စက်တင်ဘာ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ် သစ်ပင်ရှည်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို မြင်းခြံခရိုင် အမှတ် တပ်ရင်း - NRDF ရဲ့ Drone တပ်ဖွဲ့က Shar Htoo WOW နည်းပညာသုံး Fixed Wing ချ Drone တွေနဲ့ ဗုံးသီး လုံး ကြဲချခဲ့ပြီး ထိခိုက်မှုကို ဆက်လက်စုံစမ်းနေ တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ နွားထိုးကြီး မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။


========================


🚩🚩 ၆။ စစ်ရေးအရှိန်မြင့်နေသော ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲယင်းမာပင် ဗျူဟာ၄၂ ရဲဘော်များပူးပေါင်း ပါဝင်တိုက်ခိုက်နေ


အောက်တိုဘာ၄ရက်


စစ်ရေးအရှိန်မြင့်နေသော ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲယင်းမာပင် ဗျူဟာ၄၂ ရဲဘော်များပူးပေါင်း ပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

အောက်တိုဘာလအတွင်း ယင်းမာပင်ခရိုင်အမှတ်၂၈တပ်ရင်းဗျူဟာ၄၂မှရဲဘော်တဦးကအသိပေးဆိုထားပါတယ်။

"စစ်ရေးအရှိန်မြင့်နေသော ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကျွန်တော် ယင်းမာပင် ဗျူဟာ၄၂ ရဲဘော်များပူးပေါင်း ပါဝင်ဆင်နွဲ့တိုက်ခိုက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။

တိုက်ပွဲတွင်းအောင်မြင်မှုတွေလည်း ရသလိုအထိခိုက်တွေလည်း လည်း ရှိတယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၇။ စကစရဲ့သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပက်သက်ခြင်းမပြုလုပ်ဖို့ ရေးပြောက်ကျားတပ်နဲ့ဒေါနစစ်ကြောင်းအသိပေး


အောက်တိုဘာ၄ရက်


စကစရဲ့သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပက်သက်ခြင်းမပြုလုပ်ဖို့ ရေးပြောက်ကျားတပ်နဲ့ဒေါနစစ်ကြောင်းအသိပေးကြေညာလိုက်ပါတယ်။

အောက်တိုဘာ၄ရက် ရေးပြောက်ကျားတပ်နဲ့ဒေါနစစ်ကြောင်းကဖော်ပြပါတယ်။

စစ်ကောင်စီက ပြည်သူ့လူထုရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ မတရားအာဏာသိမ်းခြင်း၊ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ပြည်သူများအပေါ် လက်နက်အားကိုးကာ အကြမ်းဖက်နည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများကိုဖျက်ဆီးခြင်းအစရှိသည့် လူမဆန်သောရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်နေသော စစ်ကောင်စီမှ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အတုအယောင်ရွေးကောက်ပွဲအား ပြုလုပ်ရန်ပြင်ဆင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်း၌ ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်နေသော စစ်ကောင်စီမှပြုလုပ်ရန်ရှိနေသော အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြပြီး သန်းခေါင်စာရင်းကောက်ခြင်းကို ရေးမြို့နယ်အတွင်းမှာ အတင်း အဓ္ဓမ လိုက်လံကောက်ယူနေပြီဖြစ်ရာအဆိုပါသန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပက်သက်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြဖို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန် ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment