4th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ရေးအရှိန်ဟာ  ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေး အင်အားစုတွေဘက်က ပိုတိုးမြှင့်လုပ်ဆောင်လာနိုင်ပြီး စစ်ရေးအရှိန် ဆက်လက်တိုးမြှင့်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ စစ်ကောင်စီ အမျက်သင့်မှာ စိုး၍ ပရဟိတ အရေခြုံ မင်းသား မင်းသမီး ဆယ်လီများ နားရွက် မခတ်၊ အမြှီး မလှုပ်ဝံ့သည့် အချိန်တွင် စိတ်တူကိုယ်တူ ထောက်ပို့များက စစ်ဘေးဒုက္ခသည်များစွာကို ဖေးမကူညီခဲ့တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင် ထောက်ပြပြောဆို

📌 ၃။ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး  အမေရိကန်သံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်

📌 ၄။ မြန်မာ့ပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဖမ်းဆီးရရှိမှု တိုးများလာ

📌 ၅။ သက်မွေးပညာကော်မတီ(ကလေးခရိုင်) Mobile Medical Team (MMT West Division) တို့ စက်တင်ဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်းများတွင် လူဦးရေ ထောင်နဲ့ချီကို သင်ကြားပေးနိုင်ခဲ့

📌 ၆။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ  ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၃၈) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဂမုန်းဆယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး

🚩 ၂။ တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းအား နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့

🚩 ၃။ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း စကစ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး()ဦးနှင့် ဒု-တပ်ခွဲမှူးတစ်ဦး သေဆုံး

🚩 ၄။ စေတုတ္တရာတွင် ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး တဦးကို ဖမ်းဆီးလာချိန်မှာ လက်နက်လုယူရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

🚩 ၅။ မူးမြို့နယ်နှင့် ဆောထိမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ် () ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စေတီ () ဆူ ထိခိုက်ပျက်စီးခဲ့ရ

🚩 ၆။ ရခိုင်ပြည်နယ် တောင်ကုတ်နှင့် သံတွဲမြို့ ထပ်မံဗုံးကြဲခံရပြီး အရပ်သား ဦးသေဆုံး၊ ဦး ဒဏ်ရာရ

🚩 ၇။ ပေါက်မြို့နယ်၊ သီးခြောက်ကျေးရွာကို လေကြောင်းတိုက်မှုနှင့် ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်

🚩 ၈။ တော်လှန်ရေးတပ်ဖွဲ့များအတွက် သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်NUG Payနဲ့ပါဝင်နိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်ရေးအရှိန်ဟာ  ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေး အင်အားစုတွေဘက်က ပိုတိုးမြှင့်လုပ်ဆောင်လာနိုင်ပြီး စစ်ရေးအရှိန် ဆက်လက်တိုးမြှင့်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အောက်တိုဘာ ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၄) ကို အောက်တိုဘာ၃ရက်တွင် ကျင်းပရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


"စစ်ရေးအရှိန်ဟာ အခု ၂၀၂၄ ခုနှစ်အတွင်း ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဘက်က ပိုတိုးမြှင့်လုပ်ဆောင်လာနိုင်တာ ဝမ်းသာအားရစရာဖြစ်ပါကြောင်း။ ပြည်သူတွေလည်း ဒီအပေါ်မှာ အများကြီးမျှော်လင့်နေကြတယ်ဆိုတာ သံသယဝင်စရာတောင်မလိုတဲ့ အခြေအနေဖြစ်ပါကြောင်း။ ဒါ့ကြောင့် ဆက်လက်ပြီး တော်လှန်စစ်ကို တိုးမြှင့်ပြီး အကြမ်းဖက်စစ်အုပ်စု အပြီးပြတ်တိုက်ခိုက်သွားကြရင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း ခိုင်မာအောင် ကြိုးစားတည်ဆောက်ပေးကြဖို့"ဝန်ကြီးချုပ်က ပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၆/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ အမျက်သင့်မှာ စိုး၍ ပရဟိတ အရေခြုံ မင်းသား မင်းသမီး ဆယ်လီများ နားရွက် မခတ်၊ အမြှီး မလှုပ်ဝံ့သည့် အချိန်တွင် စိတ်တူကိုယ်တူ ထောက်ပို့များက စစ်ဘေးဒုက္ခသည်များစွာကို ဖေးမကူညီခဲ့တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင် ထောက်ပြပြောဆို


အောက်တိုဘာ ၃ရက်

Radio NUG

စစ်ကောင်စီ အမျက်သင့်မှာ စိုး၍ ပရဟိတ အရေခြုံ မင်းသား မင်းသမီး ဆယ်လီများ နားရွက် မခတ်၊ အမြှီး မလှုပ်ဝံ့သည့် အချိန်တွင် စိတ်တူကိုယ်တူ ထောက်ပို့များက စစ်ဘေးဒုက္ခသည်များစွာကို ဖေးမကူညီခဲ့တယ်လို့ အောက်တိုဘာ၃ရက် ဆိုရှယ်မီဒီယာမှာ  ဒုဝန်ကြီး ဦးမော်ထွန်းအောင် ထောက်ပြပြောဆိုလိုက်ပါတယ်။


"စစ်ဘီလူး လက်ချက်ဖြင့် ကူရာကယ်ရာမဲ့နေသည့် စစ်ဘေးရှောင်များကို UN, UNHCR, WFP တို့က နှာစေးနေသည့်အချိန်တွင် ထောက်ပို့ အဖွဲ့ အစည်းများက လက်မနှေး ကူညီကြပါတယ်။ စစ်ကောင်စီ အမျက်သင့်မှာ စိုး၍ ပရဟိတ အရေခြုံ မင်းသားမင်းသမီး ဆယ်လီများ နားရွက် မခတ်၊ အမြှီးမလှုပ်ဝံ့သည့် အချိန်တွင် စိတ်တူကိုယ်တူ ထောက်ပို့ များ၏ နယ်စည်းမခြားသည့် လူသားဆန်မှုက ကူညီထောက်ပံ့မှု အထူးလိုအပ်သည့် စစ်ဘေးဒုက္ခသည်များစွာကို ဖေးမကူညီခဲ့ရုံတင်မက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ထောက်ကူပေးနိုင်ခဲ့တယ်"လို့ ပြောပါတယ်။


တော်လှန်ရေး အောင်ရာအောင်ကြောင်းတွင် ထောက်ပို့များကို ဒေါင်ဒေါင်မြည် အရပ်ဘက် အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုတယ်လို့ ဒုဝန်ကြီးက ပြောကြားထားပါတယ်။


အန်ဂျီ အိုများလည်း ပြည်သူ့မျက်နှာ ကြည့်သည့် ဒေါင်ဒေါင်မြည် အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်လာစေကြောင်း ဆန္ဒပြုထားပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး  အမေရိကန်သံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်


အောက်တိုဘာ  

Radio NUG 


မြန်မာနိုင်ငံတွင် ကျူးလွန်ဖြစ်ပွားခဲ့သော  ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှုဆိုင်ရာ အကြီးတန်းသံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလ ရက်နေ့မှ ရက်နေ့အထိ အမေရိကန်အကြီးတန်း သံအမတ်ကြီး Beth Van Schaack သည်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်းအစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊  မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်စွာ  ကျူးလွန်ခံခဲ့ရသူများအတွက်  တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရေးကို  ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အမေရိကန်သံအမတ်ကြီး Van Schaack အနေဖြင့် မြန်မာနိုင်ငံတဝန်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် ရက်စက်ကြမ်းကြုတ်မှုကို ခံစားခဲ့ရပြီး အသက်ရှင်ကျန်ရစ်များသူများအတွက် တရားမျှတမှုရရှိစေရေး အမေရိကန်ပြည်ထောင်စုက  ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်အနေဖြင့်  ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့၏ဆန္ဒအရ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် အခြေအနေများကို  ဖန်တီးပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရပါတယ်။


========================


📌📌 ၄။ မြန်မာ့ပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဖမ်းဆီးရရှိမှု တိုးများလာ


အောက်တိုဘာ  

Radio NUG 


မြန်မာ့ပြည်တွင်းစစ်အခြေအနေကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် စိတ်ကြွဆေး၊  ဘိန်းဖြူ ဖမ်းဆီးရရှိမှု သိသိသာသာ တိုးလာနေကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။


မြောက်ပိုင်းဒေသသည် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ အဓိက  သယ်ယူရေးလမ်းကြောင်းဖြစ်ပြီး တောင်တန်းများ (သို့မဟုတ်) မဲခေါင်မြစ်ကို ဖြတ်သန်း၍ Methamphetamine နှင့် Ice များကို တင်သွင်းနေကြကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) ဒုတိယအတွင်းရေးမှူး Apikit Ch.Rojprasert က ပြောဆိုထားပါတယ်။


မူးယစ်ဆေးဝါး ရာဇ၀တ်ဂိုဏ်းများက  မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အထူးဓာတ်ခွဲခန်းများ ထူထောင်ရန် ပြည်သူ့စစ်များ၊ လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားပါတယ်။


ယခုနှစ် ပထမ ရှစ်လခွဲအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တို့တွင် မူးယစ်ဆေးပြား  ၃၄၆ သန်းအထိ သိမ်းဆည်းရမိခဲ့ပြီး ၎င်းပမာဏမှာ ၂၀၂၃ ခုနှစ်ပမာဏထက်  ၁၇၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။


အဆိုပါပြည်နယ်များတွင် မူးယစ်ဆေးဝါး Ice ဖမ်းဆီးရမိမှုမှာလည်း  ဒသမ ၄၈ တန် တိုးလာပြီး ယခင်ထက် ၃၉ ရာခိုင်နှုန်းတိုးလာကြောင်း၊ ဘိန်းဖြူ ဖမ်းဆီးရရှိမှုမှာ ယခုနှစ်တွင် ၃၂၇ ကီလိုဂရမ် (၇၂၁ ပေါင်) သိမ်းဆည်းရမိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးရမိသည့် ပမာဏထက် ဆနီးပါးတိုးလာကြောင်း ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ဓာတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားမှု အရှိန်အဟုန်ဖြင့် တိုးမြင့်လာကာ ဘိန်းစိုက်ပျိုးမှု ပြန်လည်ပေါ်ပေါက်လာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးမှ သိရပါတယ်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုင်းမြောက်ပိုင်းပြည်နယ် ခုတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် Ice ဆေးပြား ၂၈၄ ရာခိုင်နှုန်း၊ မက်သာဖက်တမင်းဆေးပြား ၂၀၁ ရာခိုင်နှုန်းနှင့် ဘိန်းဖြူ ၇၇ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ သက်မွေးပညာကော်မတီ(ကလေးခရိုင်) Mobile Medical Team (MMT West Division) တို့ စက်တင်ဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်းများတွင် လူဦးရေ ထောင်နဲ့ချီကို သင်ကြားပေးနိုင်ခဲ့


အောက်တိုဘာ ၃ရက်

Radio NUG

သက်မွေးပညာကော်မတီ(ကလေးခရိုင်) Mobile Medical Team (MMT West Division) တို့ စက်တင်ဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်းများတွင် လူဦးရေထောင်နဲ့ချီကို သင်ကြားပေးနိုင်ခဲ့ကြောင်း ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (ကလေးမြို့)က အသိပေးဖော်ပြပါတယ်။


သက်မွေးပညာကော်မတီ(ကလေးခရိုင်) Mobile Medical Team (MMT West Division) တို့ စက်တင်ဘာလအတွင်း ပူးပေါင်း ဆောင်ရွက်ခဲ့သော သင်တန်းများအနေနဲ့ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ်လျော့ချရေး သင်တန်း () ကြိမ်၊ သင်တန်းသား (၁၁၆၀)ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ထို့အပြင် လိင်ပညာပေး၊ ကျားမရေးရာ အခြေပြုအကြမ်းဖက် အသိပညာပေးသင်တန်း ()ကြိမ်၊ သင်တန်းသား (၄၀၀)ဦး၊ အစားအသောက်ပြုလုပ်ခြင်း သင်တန်း ()ကြိမ်၊ သင်တန်းသား (၂၄)ဦးတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ  ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၃၈) ဦး သေဆုံးခဲ့


အောက်တိုဘာ ၃ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ  ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အမျိုးသမီး (၂၀) ဦးနှင့် အမျိုးသား (၁၈) ဦး စုစုပေါင်း (၃၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ (၃၈) ဦး အနက် ရှမ်းပြည်နယ်မှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၂၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ထို့ပြင် စစ်အုပ်စုက ဖော်ပြပါကာလအတွင်း အဆိုပါကဏ္ဍမှ အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၄) ဦးကို နွေဦးတော်လှန်ရေး နှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ပြီး တနင်္သာရီတိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဂမုန်းဆယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး


အောက်တိုဘာ ရက်

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုပ်ဖိုမြို့နယ်ရှိ ဂမုန်းဆယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့ရပြီး ၁၂ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်း စစ်ဒေသ အမှတ် စစ်ဒေသခွဲ က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်နေ့ မနက် နာရီ အချိန်ခန့်မှာ စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ ()  စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ - () က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တနာရီကျော် ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကာ ၁၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကြောင်း ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ထံမှ G-3 () လက်၊ MA-1 () လက်၊ ၆၀ မမ BA 100 စိန်ပြောင်း () လက်၊ အီနာဂါ () လုံး၊ G-3 ကျည် (၁၈၁) တောင့်၊ MA-1 ကျည် (၁၃) တောင့်၊ ကျည်ဘောက် () ခု၊ အီကွေးမန့် () ခု၊ ကျောပိုးအိတ် () လုံး၊ စကစ ဦးထုပ် () လုံး၊ မိုးကာ () ထည်၊ ငွေသား (၇၄၀၀) ကျပ်၊ လက်ကိုင်ဖုန်း () လုံး၊ မှတ်ပုံတင်နဲ့ သက်သေခံကဒ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းအား နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့


အောက်တိုဘာ ရက်

Radio NUG


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ် ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာအနီးနဲ့ ရမ်းဖိုရွာအနီးတို့မှာ စစ်ကောင်စီ တပ်ဖွဲ့ကို ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုလာလ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က ညောင်ပင်ကုန်းရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ညနေ နာရီ ခန့်မှာလည်း ရမ်းဖိုရွာအနီးမှာ စစ်ကောင်စီ တပ်သားများ ကားပေါ် တက်နေစဉ် အဆိုပါ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီ ပကဖ ဇုန် () တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း စကစ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး()ဦးနှင့် ဒု-တပ်ခွဲမှူးတစ်ဦး သေဆုံး


အောက်တိုဘာ

Radio NUG 


စက်တင်ဘာလ()ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ တစ်လတာအတွင်း KNLA - အမှတ်() တပ်မဟာနှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ရှုံးကောင်စီနှင့် တိုက်ပွဲပေါင်း (၁၄၄)ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ရှုံးကောင်စီဖက်မှ (၇၄)ဦး သေဆုံးသွားကာ (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းမှ သတင်းထုတ်ပြန်ပါတယ်။


သေဆုံးမှုထဲတွင် တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး()ဦးနှင့် ဒု-တပ်ခွဲမှူးတစ်ဦး ပါဝင်ပြီး တပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။


တစ်လတာအတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီမှ လက်နက်ကြီး (၉၉)လုံး ရမ်းသန်းပစ်ခတ်ရာတွင် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စေတုတ္တရာတွင် ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး တဦးကို ဖမ်းဆီးလာချိန်မှာ လက်နက်လုယူရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ


အောက်တိုဘာ ရက် 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်၊ နန်ကြူရွာမှ အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင် မုန်တိုင်းဆိုသူအား စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖမ်းဆီးလာခဲ့ချိန်မှာ ပြည်သူ့ကာကွယ်ရေး ရဲဘော် တဦးရဲ့ သေနတ်အား လုယူခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့ နာရီ ၁၅ မိနစ်မှာ နန်ကြူကျေးရွာ အုပ်ချုပ်ရေးမှူးကို အပစ်ပေး အရေးယူနိုင်ရန် သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အချက်အလက် မှတ်တမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် နန်ကြူကျေးရွာနဲ့ ကီလိုမီတာခန့် အရောက်မှာ နန်ကြူ ပျူစောထီး အဖွဲ့က သေနတ် ပစ်ဖောက်ပြီး ပျူခေါင်းဆောင်အား ကယ်ထုတ်ရန် လိုက်လာခဲ့ရာ သေနတ်သံ ကြားသည်နှင့် ဖမ်းဆီးခံထားရတဲ့ ပျူခေါင်းဆောင်မှ သေနတ်လုယူရန် ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ သိရပါတယ်။


၎င်းပျူခေါင်းဆောင်ဟာ မြို့နယ်အဆင့် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းခြင်းကော်မတီမှာ ပါဝင်နေသူ ဖြစ်ပြီး နန်ကြူ တိုက်နယ်မှာ ပါဝင်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား သန်းခေါင်းစာရင်း ကောက်ယူရန် ကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ရက်နေ့မှာ အစည်းအဝေး ခေါ်ယူထားသေးတယ်လို့ သိရပါတယ်။


စေတုတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပျူစောထီးအဖွဲ့ ဖွဲ့ခြင်း၊ သန်းခေါင်စာရင်း ကောက်ခြင်းတို့မှာ ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်း မလုပ်ကြရန်နဲ့ လုပ်ဆောင်ပါက စေတုတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။


ထို့အပြင် အကြမ်းဖက် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် အထောက်အကူ ဖြစ်တဲ့ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်နေတဲ့ ဌာနဆိုင်ရာ Non CDM ဝန်ထမ်းများ အားလုံးကို မြို့နယ် Non CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီမှ စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ် စာရင်းယူထားပြီး နောင်တချိန်မှာ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေး ထားပါတယ်။ 


========================


🚩🚩 ၅။ မူးမြို့နယ်နှင့် ဆောထိမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ် () ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စေတီ () ဆူ ထိခိုက်ပျက်စီးခဲ့ရ


အောက်တိုဘာ  

Radio NUG 


မူးမြို့နယ်နှင့် ဆောထိမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်တပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများနေထိုင်ရာ ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် () ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စေတီ () ဆူထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


ဆောထိမြို့နယ်အတွင်း စက်တင်ဘာလ (၂၉) ရက်နေ့ နံနက် (၉း၁၅) အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၅၉၈ တပ်ရင်းမှ လက်နက်ကြီး (၁၀) လုံး ပစ်ခတ်ခဲ့ရာ ညောင်ခြေထာက် ကျေးရွာအနီး () လုံး ကျရောက်ပေါက်ကွဲပြီး ရှမ်းစုကျေးရွာအတွင်း () လုံး ကျရောက်ပေါက်ကွဲကာ ရှမ်းစုကျေးရွာရှိ စေတီ () ဆူလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ၎င်းတပ်မှ နေ့လယ် () နာရီ နှင့် () နာရီ အကြားတွင် စံဖဲကျေးရွာနှင့် သက်ကယ်ကုန်း ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာနေ မရတီနှင့် သက်ကယ်ကုန်း ကျေးရွာနေ  ဒေါ်နှင်းနှင်း (၅၀)နှစ်၊ မောင်မျိုးထက်အောင် (၂၅)နှစ်တို့ () ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မူးမြို့နယ်အတွင်း အောက်တိုဘာလ () ရက်နေ့ နံနက် (၂း၃၀) မိနစ် အချိန်ခန့်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခမရ၃၀၇ တပ်ရင်းမှ သနပ်ကွင်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ကလေးငယ် () ဦးဖြစ်သည့် မမြတ်စုလင်း၊ မောင်မင်းခန့်အောင်နှင့် မောင်သော်ဇင်ခန့်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ရခိုင်ပြည်နယ် တောင်ကုတ်နှင့် သံတွဲမြို့ ထပ်မံဗုံးကြဲခံရပြီး အရပ်သား ဦးသေဆုံး၊ ဦး ဒဏ်ရာရ


အောက်တိုဘာ ရက်

Radio NUG


ရခိုင်ပြည်နယ်၊ တောင်ကုတ်နှင့် သံတွဲ မြို့နယ်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ရက်နေ့ ညနေ နာရီမှာ သံတွဲမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာကို ဂျက်ဖိုက်တာ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူ ကျေးရွာကို အောက်တိုဘာ ရက်နေ့ ၁၂ နာရီမှာ ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၁၄ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး ၂၅ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ ပေါက်မြို့နယ်၊ သီးခြောက်ကျေးရွာကို လေကြောင်းတိုက်မှုနှင့် ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်


အောက်တိုဘာ ရက်

Radio NUG


အောက်တိုဘာလ ၃ရက် နေ့လယ် :၂၅တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သီးခြောက်ကျေးရွာအနီး တံတားဦးလေတပ်မှ တက်လာတဲ့ Jet Fighter တစ်စီး ဖြင့် လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူများ ထိခိုက်မှု မရှိကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေး တာဝန်ခံ ကိုစစ် မှ သတင်းထုတ်ပြန်ထားပါတယ်။


တစ်ချိန်ထဲမှာပဲ ပေါက်မြို့ ကပစ ၂၄ မှ 122 ဟောင်ဝှစ်ဇာဖြင့် သီးခြောက်ကျေးရွာအတွင်း ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး  အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရပါတယ်။


ပေါက်မြို့နယ် ဇုံ- နယ်မြေ ချိုင်ဇောက် အောက်စုရွာကို ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စကစမှ နေအိမ် (၁၁)လုံး မီးရှို့ဖျက်ခဲ့တာကြောင့် မြို့နယ် ပအဖအဖွဲ့ လူသားစာနာ အခွန်ခွဲတမ်း % ထဲမှ မီးရှို့ခံအိမ်ထောင်စု ()လျှင် ၁သိန်းခွဲကျပ်ဆီ စုစုပေါင်း (,၆၅၀,၀၀၀)ကို မီးဘေးသင့် အိမ်ထောင်စုများထံ ပေးအပ်ခဲ့တယ်လို့လည်း ပအဖအဖွဲ့ ပေါက်မြို့နယ်မှ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ တော်လှန်ရေးတပ်ဖွဲ့များအတွက် သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်NUG Payနဲ့ပါဝင်နိုင်


အောက်တိုဘာ၃ရက်

Radio NUG

တော်လှန်ရေးတပ်ဖွဲ့များအတွက် သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်NUG Payနဲ့ ပါဝင်နိုင်တယ်လို့ အောက်တိုဘာ၃ရက်မှာ NUG Payက အသိပေးဆိုထားပါတယ်။


"တော်လှန် သီတင်းကျွတ်ကို ထပ်မံရောက်ရှိလို့လာပြန်ပါပြီ။ သာမာန် သီတင်းကျွတ်ကာလမှာ မိသားစုတွေ စုဆုံကြရင်း အိမ်ဆိုတဲ့ အငွေ့အသက်နဲ့ ဖြတ်သန်းကြရပေမယ့်၊ အခုအခါမှာတော့ မိသားစုတွေ တကွဲတပြားနဲ့ ဖြတ်သန်းနေရတာပဲ ဖြစ်ပါတယ်။ အိမ်နဲ့ ဝေးရပေမယ့် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲမေတွေဟာ မဆုတ်မနစ်ပဲ တော်လှန်နေဆဲပါ။ အခုလို တော်လှန်သီတင်းကျွတ်ကာလမှာ ကျွန်တော်တို့ ရဲဘော်တွေအတွက် သီတင်းကျွတ်လက်ဆောင်ပေးကြရအောင်ပါ။ အိမ်ဆိုတဲ့ အငွေ့အသက်နဲ့ ထပ်တူမကျနိုင်သော်လည်းပဲ ရဲဘော်တိုင်းရဲ့ နောက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ စိတ်ခွန်အားနဲ့ မေတ္တာတရားတွေ မျှဝေရအောင်ဗျာ"လို့ဆိုထားပါတယ်။ 


သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပို့သွားမယ်လို့ NUGPayက ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment