5th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) ဖြေဆိုခွင့်လျှောက်ထားနည်းအဆင့်ဆင့်ကို အသိပေးနှိုးဆော်

📌 ၂။ တော်လှန်ရေးအတွက် ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ "စကားရည်လုပြိုင်ပွဲ"ကို ဝက်လက်မြို့နယ် ဗကသက  ဦးဆောင်ပြုလုပ်ပေးခဲ့

📌 ၃။ ကရင်နီပြည် မိုးဗြဲဘက်တွင်နေအိမ်များအိမ်ခေါင်မိုးပေါ်အထိရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေ

📌 ၄။ အကြမ်းဖက်စစ် အုပ်စုကြောင့် အမျိုးသမီး၆၃ဦး သေဆုံးခဲ့ရပြီး ၆ဦးမှာလည်း အဓမ္မပြုကျင့်ခံရ

📌 ၅။ မန္တလေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား  စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့ပြီး  () ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။  ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဖက်သို့ တပ်ဆုပ်ပြန်လာသည့် စကစတပ်များကို ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ရာ စကစတပ်ရင်းမှူးအပါအဝင် ၃၀ဦးသေဆုံး

🚩 ၂။ ခင်ဦးနယ် ကျေးရွာများအား စကစက Droneဖြင့် ရမ်းသမ်းဗုံးကြဲနေရာ ၎င်းတို့အပေါ်  ပြန်ကျပြီး ပျူနှင့် စကစတပ်သား ()ဦး‌ သေ

🚩 ၃။ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

🚩 ၄။ မြင်းမူမြို့ အထက- ကျောင်းဝန်းအတွင်း ဘန်ကာထဲ၌ အရက်သောက်နေကြသော စစ်သား ၅ဦးအား  ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ဦး သေဆုံး

🚩 ၅။ ပေါက်ခေါင်းမြို့နယ် ဆင်ခေါင်းအုပ်စု ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း

🚩 ၆။ တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ခံခြင်း တက်ကြွစွာ လုပ်ဆောင်နေသူ ဦးကို ဖမ်းဆီး

🚩 ၇။ ပေါက်မြို့နယ် ဇီးပြားပျူကျေးရွာမှ ပျူစောထီးတစ်ဦး အတူတကွကင်းစောင့်နေသော စစ်သားများထံမှ လက်နက်ခိုးယူ အလင်းဝင်ရောက်

🚩 ၈။ ရှေ့တန်းစစ်မြေပြင် ရဲဘော်များ၏ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) ဖြေဆိုခွင့်လျှောက်ထားနည်းအဆင့်ဆင့်ကို အသိပေးနှိုးဆော်


အောက်တိုဘာ  

Radio NUG 


၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) ဖြေဆိုခွင့်လျှောက်ထားနည်းအဆင့်ဆင့်ကို NUGပညာရေးဝန်ကြီးဌာနက အောက်တိုဘာ၄ရက်မှာ အသိပေးကြေညာပါတယ်။


၂၀၂၄ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း)ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးအကြိမ်ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကို ၂၀၂၄၊ အောက်တိုဘာလ () ရက်နေ့မှ နိုဝင်ဘာလ () ရက်နေ့အထိ https://mes.moeedu.org တွင်  လျှောက်ထားနိုင်တယ်လို့ဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမ တန်း) တွင် စစ်အာဏာမသိမ်းခင် အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တက်ရောက်ဖူးပြီး ၂၀၂၃ ခုနှစ် အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခဲ့ခြင်း မပြုရသေးသူများ၊ ၂၀၂၃ ခုနှစ် BECA ဖြေဆိုမှုရလဒ်သည် အဆင့်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် မပြည့်မီသော ဘာသာရပ်များရှိသောကြောင့် ပြန်လည်ဖြေဆိုလိုသူများ၊ ၂၀၂၃၊ BECA တွင် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မကိုက်ညီသောကြောင့် ဖြေဆိုမှုရလဒ် ပယ်ဖျက်ခံရသူများ ထိုသူများသည် ၂ဝ၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့်ကို လျှောက်ထားနိုင်မယ်လို့ဆိုပါတယ်။


BECA နှင့်စပ်လျဉ်း၍ မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို ပညာရေးဝန်ကြီးဌာနက ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအတွက် ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ "စကားရည်လုပြိုင်ပွဲ"ကို ဝက်လက်မြို့နယ် ဗကသက  ဦးဆောင်ပြုလုပ်ပေးခဲ့


အောက်တိုဘာ  

Radio NUG 


စက်တင်ဘာ ၂၈ ၂၉၊ ၃၀ ရက်နေ့များတွင် ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အကြိုအဖြစ် "စကားရည်လုပြိုင်ပွဲ" တစ်ရပ်ကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ပါတယ်။


ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည်  နောင်တခေတ် ဗမာပြည်ကို ဦးဆောင်မည့် ကျောင်းသားလူငယ်များကို ပြင်ပဗဟုသုတ နိုင်ငံရေးအတွေးအခေါ်များ ပိုမိုသိရှိ၍ စကားပြောထက်မြက်သည့် ကျောင်းသားလူငယ်များဖြစ်စေရန် အလို့ငှာ စကားရည်လုပြိုင်ပွဲအား ကြားကာလ  ပြည်သူ့အခြေပြုကျောင်း ကျောင်းပေါင်း ၂၀ ကျော် ပါဝင်ကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


စကားရည်လုပြိုင်ပွဲ အခမ်းအနားကို ဝက်လက်မြို့နယ် ဗကသ အလုပ်အမှုဆောင်အဖွဲ့မှ ဦးစီးကျင်းပပြုလုပ်ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ အကဲဖြတ်ဒိုင်လူကြီးများအဖြစ်လည်းကောင်း လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ရွှေဘိုခရိုင် အမှတ် တပ်ရင်း ရပ်ကျေး/တိုက်နယ် ပကဖ များမှလည်းကောင်း နေရာချထားရေးနှင့် ပွဲဖြစ်မြောက်ရေးအတွက် ရပ်ကျေး ပအဖများမှ လည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ ရေးရာတာဝန်ခံများနှင့် ဒေသခံပြည်သူများက ပြိုင်ပွဲဝင်ကျောင်းသားများကို တက်ရောက်အားပေးခဲ့ကြကြာင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ကရင်နီပြည် မိုးဗြဲဘက်တွင်နေအိမ်များအိမ်ခေါင်မိုးပေါ်အထိရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေ


အောက်တိုဘာ ၄ရက်

Radio NUG

ကရင်နီပြည် မိုးဗြဲဘက်တွင်နေအိမ်များအိမ်ခေါင်မိုးပေါ်အထိရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေတယ်လို့ Clean Yangonက အသိပေးဖော်ပြပါတယ်။


"မိုးဗြဲဘက်က ရေကျဖို့ အတော်မလွယ်နိုင်သေးဘူး ရေမြုပ်လား မမြုပ်လားဆိုတော့ ခေါင်မိုးပဲ ပေါ်ပါတယ်"လို့ဆိုပါတယ်။


ကရင်နီပြည်တွင်စက်တင်ဘာလအတွင်း မိုးဗြဲရေကာတာများ ရေများဖွင့်ချမှုကြောင့် နေအိမ်အများအပြား ရေကြီးနစ်မြုပ်ကာ အကူအညီများလည်း လိုအပ်လျက်ရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ် အုပ်စုကြောင့် အမျိုးသမီး၆၃ဦး သေဆုံးခဲ့ရပြီး ၆ဦးမှာလည်း အဓမ္မပြုကျင့်ခံရ


အောက်တိုဘာ၄ရက်

Radio NUG

အောက်တိုဘာ၄ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသမီးများဆိုင်ရာအချက်အလက်ကို ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလသည် ၃နှစ်ကျော်လာပြီဖြစ်ပြီး ယနေ့ထိတိုင်အောင်မြင်မှုမရှိသည့်အပြင် အကြမ်းဖက်စစ် အုပ်စုသည် လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထင်ထင် ရှားရှားဆက်လက် ကျူးလွန်နေတယ်လို့ ဖော်ပြပါတယ်။


၂၀၂၄ ခုနှစ် စက်တင်ဘာ၁ရက်နေ့မှ ၃၀ရက်အထိ နိုင်ငံတဝှမ်း အကြမ်းဖက်စစ် အုပ်စုကြောင့် အမျိုးသမီး၆၃ဦး သေဆုံးခဲ့ရပြီး ၆ဦးမှာလည်း အဓမ္မပြုကျင့်ခံရတယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၅။ မန္တလေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား  စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့ပြီး  () ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရ


အောက်တိုဘာ၄ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့မှ ၃၀ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၃) ဦး စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် () ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ထို့ပြင် တလတာအတွင်း မန္တလေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၂၀) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဆိုပါကာလအတွင်း မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသား () ဦးရှိခဲ့ပြီး ၎င်းတို့သည် အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။  ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဖက်သို့ တပ်ဆုပ်ပြန်လာသည့် စကစတပ်များကို ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ရာ စကစတပ်ရင်းမှူးအပါအဝင် ၃၀ဦးသေဆုံး


အောက်တိုဘာ ၄ရက်

Radio NUG

ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဖက်သို့ တပ်ဆုပ်ပြန်လာသည့် စကစတပ်များကို ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ရာ စကစတပ်ရင်းမှူးအပါအဝင် ၃၀ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူ-မူတြော် သတင်းက အောက်တိုဘာ()ရက်မှာ ထုတ်ပြန်ပါတယ်။


စက်တင်ဘာ(၃၀)နေ့၌ အကြမ်းဖက်စစ်ရှုံးကောင်စီများသည် ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဖက်သို့ တပ်ဆုပ်အပြန် လယ်ဝါးထာနှင့် စောမူပလောဒေသတွင် မိမိတို့အမှတ်()တပ်မဟာလက်အောက်ရှိ ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ရှုံးကောင်စီမှ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး()ဦးအပါအဝင် စုစုပေါင်း(၃၀)ဦးတိတိ မရှုမလှသေဆုံးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။


တိုက်ပွဲအပြီး အကြမ်းဖက်စစ်ရှုံးကောင်စီထံမှ ၆၀မမ()လက်၊ RPGတစ်လက်၊  MA-1 (၁၆)လက်၊ MA-2 ()လက်၊ MA-3 ()လက်၊ MA-4 တစ်လက်၊ A-5 တစ်လက်၊ 9မမပစ်စတိုတစ်လက်၊ စက်လတ်()လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး()လုံး၊ စကားပြောစက်အသေးတစ်လုံးနှင့် မိုင်းရှင်းစက်တစ်လုံး အသီးသီးသိမ်းပိုက်ရရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ ခင်ဦးနယ် ကျေးရွာများအား စကစက Droneဖြင့် ရမ်းသမ်းဗုံးကြဲနေရာ ၎င်းတို့အပေါ်  ပြန်ကျပြီး ပျူနှင့် စကစတပ်သား ()ဦး‌ သေ


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာ ၃ရက်‌နှင့် ၄ရက်နေ့မှာ မူးမြစ်အနောက်ဘက်ကမ်းရှိ ရေဦးနယ် အောင်သာယာပျူရွာမှ ပျူနှင့်စကစတပ်သားများဟာ တိုက်ပွဲ မဖြစ်ပါဘဲ မူးမြစ်အရှေ့ဘက်ကမ်းရှိ ခင်ဦးနယ် ကျောက်တိုင်ကျီစု၊ မုံလှ စတဲ့ ကျေးရွာများကို ၂ရက်ဆက် Droneဖြင့် ဗုံးကြဲရာ  ပြည်သူ ()ဦး ထိခိုက်ခဲ့ပြီး နွား()ကောင် သေဆုံးကာ နွားတင်းကုပ်တဲ ပျက်စီးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ပါတယ်။


ခင်ဦးနယ်တွင် ထိခိုက်မှု မရှိခဲ့ပေမယ့် ရေဦးမြို့အနောက်ဘက်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါင်းနှုတ်နေသော အမျိုးသမီး()ဦး သေဆုံးခဲ့ရသည်ဟု သိရှိရပါတယ်။


အဆိုပါ အောင်သာယာပျူရွာမှ စကစတပ်သားနှင့် ပျုများဟာ အောက်တိုဘာလ ၄ရက်နေ့ မနက်ပိုင်း ၅နာရီဝန်းကျင်မှာလည်း ခင်ဦးနယ် မုံလှကျေးရွာသို့ Droneဖြင့် ဗုံးသီးများကြဲချရာ Grade -8ကျောင်းသူအပါအဝင် အမျိုးသမီး()ဦး၊ အမျိုးသား()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။


အဆိုပါ ထိခိုက်မှုအပြီး :၃၀ ဝန်းကျင်၌ နောက်တစ်ကြိမ် ခင်ဦးနယ် ကျေးရွာများဆီ စကစတပ်သားများမှ  ဗုံးသီးများ ပါသော Droneတစ်စီး လွှတ်တင်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ Jummerဖြင့် တန်ပြန်ဆွဲယူမှုကြောင့် Droneအား ပျူရွာအတွင်း ပြန်လည်ခေါ်ဆောင်စဉ် ဗုံးသီးများဟာ ၎င်းတို့အပေါ် ပြုတ်ကျခဲ့ပြီး စကစနှင့် ပျူတပ်သား()ဦး သေဆုံးကာ ထိခိုက်မှု(၁၀)ဦးထက်မနည်း ဆေးကုသမှုခံယူနေကြရကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်းအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အကြမ်းဖက်စစ်တပ်က စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့တွေ  သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။


စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေး တပ်ဖွဲ့တပ်ရင်းတွေ စုပေါင်းပြီး ဗျူဟာဖွဲ့စည်းထားကာ အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် တော်လှန်နိုင်ဖို့  စစ်ဆင်ရေး စတင်လှုပ်ရှားချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပို့ပေးတဲ့ ခဲယမ်းဗုံးသီးတွေ၊ ၈၁မမ ဗုံးသီးတွေ၊ RPG ဗုံးသီးတွေ၊ 103 လက်နက်ဗုံးသီးအမျိုးအစားတွေနဲ့ ရှေ့တန်းသုံး ရိက္ခာထုပ်တွေ ရခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၄။ မြင်းမူမြို့ အထက- ကျောင်းဝန်းအတွင်း ဘန်ကာထဲ၌ အရက်သောက်နေကြသော စစ်သား ၅ဦးအား  ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ဦး သေဆုံး


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ၃ရက်နေ့ :၁၀မိနစ် အချိန်ခန့်တွင် မြင်းမူမြို့ အထက- ကျောင်းဝန်းအတွင်း ဘန်ကာထဲ၌ အရက်သောက်နေကြသော စစ်သား ၅ဦးအား ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄င်းတို့နေရာအား ဗုံးသီးကျရောက်၍ ပြင်းထန်စွာပေါက်ကွဲခဲ့တာကြောင့် စစ်သား ၂ဦး သေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


ဗုံးပေါက်ကွဲပြီးနောက် အထက () ကျောင်းဝန်းအတွင်းမှ စစ်သားများနှင့် ဘဏ်ရုံးမှ စစ်သားများ ပေါင်း၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ‌ဘူးလို့ သိရပါတယ်။


အဆိုပါမစ်ရှင်ကို TRUE Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်/ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပေါက်ခေါင်းမြို့နယ် ဆင်ခေါင်းအုပ်စု ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း


အောက်တိုဘာ  

Radio NUG 


ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဆင်ခေါင်းအုပ်စု ကြံ့သေကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်း စုဆောင်းရာတွင် အားတက်သရော လုပ်ဆောင်ပေးနေသည့် ရာအိမ်မှူးတင်ဆန်းအားအောက်တိုဘာလ ၂ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ကြံ့သေရွာထိပ်တွင် ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားကြာင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂PDF တပ်ရင်း၊ လှုပ်ရှားပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ရာအိမ်မှူးတင်ဆန်းသည် အကြမ်းဖက်စစ်ကောင်စီထံ  တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို ပေးပို့ခြင်း၊ အဓမ္မစစ်မှုထမ်း စုဆောင်းပေးခြင်း၊ ကျေးရွာနေ ပြည်သူများအပေါ် ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးများကောက်ခံခြင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်မည်ဖြစ်သော ရွေးကောက်ပွဲအား ဦးဆောင်၍ ကျေးရွာနေပြည်သူများကို ဟောပြောခြင်း၊ စည်ရုံးခြင်းများကို လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ ပြတ်သားစွာ အရေးယူလိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ခံခြင်း တက်ကြွစွာ လုပ်ဆောင်နေသူ ဦးကို ဖမ်းဆီး


အောက်တိုဘာ

Radio NUG 


အောက်တိုဘာလ ရက်နေ့တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အရွယ် U Kam Lam Thang သည် အကြမ်းဖက်စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများနှင့် ပူး‌ပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးမှုတွင် ရပ်ကွက်ခေါင်းဆောင်အဖြစ် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသဖြင့် ဝင်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း PDF Zoland မှ သတင်းထုတ်ပြန်ပါတယ်။


အရပ်သားဖြစ်ပေမယ့် Non CDM တွေနဲ့ အဆက်အ သွယ်ရှိပြီး သူတို့တွေနဲ့ ပူးပေါင်းကာ သန်းခေါင်စာရင်းကောက်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ပေါက်မြို့နယ် ဇီးပြားပျူကျေးရွာမှ ပျူစောထီးတစ်ဦး အတူတကွကင်းစောင့်နေသော စစ်သားများထံမှ လက်နက်ခိုးယူ အလင်းဝင်ရောက်


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ရက်နေ့ နံနက် ၆နာရီအချိန်တွင် မြိုင်-ပေါက် ပကဖအဖွဲ့များသို့ ချိတ်ဆက်၍ ဇီးပြားပျူကျေးရွာမှ ပျူစောထီးရဲမြတ်စိုး ( - ဦးစိုးစိုး၊ မိ - ဒေါ်လှဝင်း) (၁၇ နှစ်) သည် အတူတကွ ကင်းကျနေသော စစ်သားများထံမှ M4 Carbine အမျိုးအစား သေနတ် () လက်၊ ကျည်ဘောက် () ဘောက်၊ ၎င်းကျည် (၆၃) တောင့်၊ ကာဘိုင်ကျည် () တောင့်၊ လက်ပစ် () လုံး၊ ၆၀ မမ အဖူး () ဖူးနှင့် ဟန်းဖုန်း () လုံးတို့ လက်နက်ခိုးယူ ခဲ့ပြီး အလင်းဝင်ရောက်လာကာ ထိန်းချုပ်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း မြိုင် ပကဖ မှ သတင်းထုတ်ပြန်ပါတယ်။


ပေါက်မြို့နယ် ဇီးပြား (ပျူစောထီး) ကျေးရွာနှင့် တရော်ကိုင်း (ပျူစောထီး) ကျေးရွာ အတွင်းရှိ စစ်ကောင်စီ ဘက်တော်သား စခ၊ ပခများအား ကျေးရွာအပြင်ဘက်သို့ ထွက်ခွာလျှင် အသေပစ်ခတ်တိုက်ခိုက်မည်ဖြစ်ပြီး ချိတ်ဆက်၍ လက်နက်ဖြင့် အလင်းဝင်ရောက်လာမည်ဆိုပါက ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး အသက်ချမ်းသာပေးမည်ဖြစ်ကြောင်း မြိုင်ပကဖ၊ ပေါက်ပကဖ အဖွဲ့များမှ သတိပေးထားရှိခဲ့ပါတယ်။


========================


🚩🚩 ၈။ ရှေ့တန်းစစ်မြေပြင် ရဲဘော်များ၏ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်


အောက်တိုဘာ  

Radio NUG 


ရှမ်း-မန်းစစ်ဆင်ရေး ၁၀၂၇ ဒုတိယလှိုင်းတွင် တိုက်ပွဲဝင်နေသည့် ရွှေဘိုခရိုင်တပ်ရင်း-၁၅ Eagle Guerrilla Forceမှ ရဲဘော်များ၏ မိသားစုဝင်များကို ရိက္ခာနှင့်ထောက်ပံ့ငွေအချို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။


ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရဲဘော်များသည် ရှမ်း-မန်းစစ်ဆင်ရေး စတင်ချိန်မှစ၍ စဥ့်ကူး၊ မတ္တရာ၊ လားရှိုးနှင့် နောင်ချိုမြို့နယ်တိုက်ပွဲတို့တွင် ပါဝင်တိုက်ခိုက်ခဲ့သည့်အပြင် ထီးချိုင့်မြို့နယ်တိုက်ပွဲတို့တွင်လည်း  ပါဝင်တိုက်ခိုက်နေကြောင်း သိရပါတယ်။


ရဲဘော်တွေရဲ့ မိသားစုဝင်တွေ နောက်ဆံမတင်းရအောင် တပ်ရင်းရန်ပုံငွေထဲကနေ တတ်နိုင်သမျှ သွားရောက်ပေးအပ်ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့လည်း ရင်းရင်းနှီးနှီးစကားတွေ ပြောခဲ့တယ်လို့ သိရပါတယ်။


ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်း-၁၅ မှ တပ်ခွဲမှူး ဦးအပါအဝင် ရဲဘော် ဦး ကျဆုံးခဲ့ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment