6th OCT 2024 - Evening Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ထိုင်းတောင်ပိုင်းက မြန်မာစာသင်ဝိုင်းက ထားဝယ်ဒေသခံ CDM ဆရာမ ဖမ်းဆီးခံရ 

📌 ၂။ သီပေါမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နောင်ချိုတိုက်ပွဲမှာ စစ်တပ်က ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက် 

📌 ၃။ ငါန်းဇွန်မြို့နယ် မင်းနေကုန်းနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်

📌 ၄။ ဒီပဲယင်းမြို့နယ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လာတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုဖို့ မြို့နယ် ပအဖ သတိပေး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပေါက်မြို့နယ်မှာရှိတဲ့ ရွှေဘုံသာပျူရွာကို PDF တွေစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးသေပြီး ၄ဦး အရှင်ဖမ်းမိ

🚩 ၂။ ပန်ဝါမြို့ကိုသွားတဲ့လမ်းပေါ်က စစ်စခန်းအချို့ကို KIA ထပ်မံ သိမ်းပိုက်

🚩 ၃။ ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ ပြည်သူပိုင်ပစ္စည်များကို အနုကြမ်းစီးကာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး 

🚩 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်တပ်လက်ချက်ကြောင့် တပတ်အတွင်း အရပ်သား ၂ဦးသေဆုံးကာ ၇ဦးဒဏ်ရာရပြီး လူငယ် ၈၇ ဦး ဖမ်းဆီးခံရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ထိုင်းတောင်ပိုင်းက မြန်မာစာသင်ဝိုင်းက ထားဝယ်ဒေသခံ CDM ဆရာမ ဖမ်းဆီးခံရ 


စက်တင်ဘာ၆ရက်


ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်က အုန်းတောထဲမှာ မြန်မာကလေးငယ်တွေ ပညာသင်ယူနေတဲ့ စာသင်ဝိုင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး ထားဝယ်ဒေသခံ မြန်မာဆရာမကို ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေနဲ့ ထိုင်းသတင်းတွေက ဆိုပါတယ်။ 

အောက်တိုဘာလ ရက်နေ့မှာ စစ်ဆေးခံခဲ့တဲ့ ဒီစာသင်ဝိုင်းမှာ မြန်မာကလေးငယ် ၅ဝ ခန့် ပညာသင်ယူနေကြပြီး မြန်မာနိုင်ငံသင်ရိုးအတိုင်း ဆရာမက သင်ကြားပေးနေချိန်မှာ ဖမ်းဆီးခံရတာလို့ ထိုင်းသတင်းအချို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ထိုင်းနိုင်ငံအတွင်း မြန်မာစာသင်ဝိုင်းဖွင့်လှစ်ထားခြင်းဟာ ဥပဒေနဲ့မညီတာကြောင့်ဆိုပြီး ကလေးတွေကို စာသင်ပေးနေတဲ့ အသက် ၃၇ နှစ်အရွယ်  မြန်မာဆရာမကို ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းဌာန Khaosod သတင်းက ဖော်ပြပါတယ်။ 

ကလေးတွေကို စာသင်ပေးနေတဲ့ဆရာမဟာ ထားဝယ်ခရိုင် ဒေသခံဖြစ်ပြီး CDM ဆရာမတဦးဖြစ်တယ်လို့ နီးစပ်သူတွေ ထံကသိရကြောင်း ဒေသတွင်းသတင်းတွေကိုအသားပေးဖော်ပြနေတဲ့ Dawei Watch ကဆိုပါတယ်။ 

အနီးအနားမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေချိန်မှာ ဖမ်းဆီးခံရတာလို့လည်း ဖော်ပြထားပါတယ်။ 

အခုလို ထားဝယ်ဒေသခံဆရာမ ဖမ်းဆီးခံလိုက်ရတာကြောင့် အိမ်နီးနားခြင်းကလေးတွေကို စာသင်ပေးနေတဲ့ဆရာမတဦး ကလည်း စာသင်တာကိုရပ်နားလိုက်တယ်လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူတဦးကလည်း Dawei Watch သတင်းဌာနကို အသိပေးဖြေကြားထားပါတယ်။

မြန်မာစာသင်ဝိုင်းကို သင်ကြားနေတာ နှစ်နဲ့ လခန့်ရှိနေပြီဖြစ်တယ်လို့ မြန်မာဆရာမရဲ့ ဖြေကြားချက်ကို ထိုင်းသတင်း က ဖော်ပြပါတယ်။ 

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ မြန်မာဆရာမကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်သောအလုပ်ကို ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူ ထားပြီး နာ့ဆက်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ထိုင်းကလာတဲ့ သတင်းတွေအရ သိရပါတယ်။ 

ဖမ်းဆီးချိန်မှာ သင်ကြားရေးမှာသုံးတဲ့ မြန်မာစာအုပ်များ၊ စာရေးကိရိယာများ၊ မာကာဘောပင်များ၊ ပေတံများကိုလည်း ထိုင်းအာဏာပိုင်တွေက သက်သေအဖြစ်သိမ်းဆည်းခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။  

ထိုင်းနိုင်ငံမှာ လူမျိုး၊ ဘာသာမခွဲခြားဘဲ ကလေးငယ်တွေအားလုံး ပညာသင်ယူခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့် မြန်မာ ကလေးငယ်တွေ ပညာသင်ယူနေတဲ့ကျောင်းတွေကို ဆက်တိုက်ပိတ်သိမ်းနေခဲ့ရာ ပြီးခဲ့တဲ့လက စူရတ်ဌာနီမှာရှိတဲ့ မေတ္တာရိပ်စာသင်ကျောင်းကို ပိတ်စေခဲ့တဲ့အတွက် ကျောင်းသား ၁၂၀၀ ကျော် ပညာဆက်လက်သင်ယူဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ သီပေါမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နောင်ချိုတိုက်ပွဲမှာ စစ်တပ်က ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက် 


စက်တင်ဘာ၆ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နောင်ချိုတိုက်ပွဲမှာ စစ်တပ်က ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေး ပြောဆိုလိုက်ပါတယ်။ 

မနေ့ အောက်တိုဘာ ရက်နေ့ မနက် နာရီခန့်က သီပေါမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၃ တပ်စခန်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ သီပေါမြို့က ခလရ ၂၃ တပ်စခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဗုံး လုံး၊ 

သီပေါမြို့က စစ်ကောင်စီတပ်ရင်း ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ TNLA က ထိုးစစ်ဆင်နေရာ ခမ‌ရ ၅၀၃ နဲ့ ခမရ ၅၀၄ တပ်ရင်းတို့ကို စက်တင်ဘာလကုန်ပိုင်းကတည်းက အပြီးသတ်သိမ်းပိုက်ပြီးဖြစ်တယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေ ပြောနေပေမယ့် TNLA ဘက်ကတော့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပဲ ခလရ ၂၃ တပ်စခန်းမှာ တိုက်ပွဲ တွေ ပြင်းထန်နေတယ်လို့သာ အသိပေးထားပါတယ်။

နောင်ချိုမြို့က အကြမ်းဖက်စစ်တပ်ရဲ့ အမြောက်တပ် ၃၅၄ စခန်းကို Y-12 နဲ့ ကြိမ် ဗုံး ၅၉ လုံး ကြဲချခဲ့ရာမှာ အဆိပ်ငွေ့ ဗုံးတွေ ပါဝင်နေတယ်လို့ TNLA ထုတ်ပြန်ချက်အရ သိပါတယ်။

ဒါ့အပြင် နောင်ချိုမြို တောင်ခမ်းရွာက အကြမ်းဖက်စစ်တပ်ရဲ့ ၉၀၂ တပ်စခန်းကိုလည်း စစ်တပ်ထောက်ပို့လေယာဉ် Y-8 နဲ့ ကြိမ် လက်နက်ခဲယမ်း ၆၀ ထုပ် လာရောက်ကြဲချ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဘက်ကနေ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့အပြင် ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန် နေတာပဲဖြစ်ပါတယ်။


========================


📌📌 ၃။ ငါန်းဇွန်မြို့နယ် မင်းနေကုန်းနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်


စက်တင်ဘာ၆ရက်


မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က မင်းနေကုန်းနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိတယ်လို့ တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မနေ့ အောက်တိုဘာ ရက် နေ့လယ် နာရီ ၄၅ မိနစ်ခန့်ကစပြီး မင်းနေကုန်း ရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို ၆ဝ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အပြင် ဒရုန်းတွေနဲ့ပါ ဗုံးသီးတွေကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ AungSan's Blood Civilians Defense Force – ABCDF အဖွဲ့က အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဦး ဒဏ်ရာရသွားပြီး သေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မီးရှို့နေတယ်လို့သိရတဲ့အတွက် အရေ အတွက် အတိအကျသိရအောင် ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။  

မင်းနေကုန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်အတွင်းက စခန်းစွန့်ခွာသွားတာကြောင့် စခန်းကို တော်လှန်ရေး တပ်တွေ မီးရှို့ဖျက်ဆီးခဲ့ပေမယ့် ပြန်လည်အခြေချတပ်စွဲလာတာကြောင့် ထပ်မံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ မင်းနေကုန်းရဲစခန်းတိုက်ခိုက်ခံရတာကို ဝန်ခံထားပြီး အထိအခိုက်မရှိဘူးလို့ သူတို့ တယ်လီဂရန် ချန်နယ်တွေက ဝါဒဖြန့်နေပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြင်းခြံ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်- MGN-Tiger MGN-35 နွားထိုးကြီးမြို့နယ်-ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့၊ ရာဝတီမင်းသားပြောက်ကျား တပ်ဖွဲ့၊ Myingyan Denger Dynamite AungSan's Blood Civilians Defense Force -ABCDF မြင်းခြံခရိုင်တပ်ရင်း အမှတ်-၉၊ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


📌📌 ၄။ ဒီပဲယင်းမြို့နယ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လာတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုဖို့ မြို့နယ် ပအဖ သတိပေး


စက်တင်ဘာ၆ရက်


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လာတဲ့အတွက် လေကြောင်း အန္တရယ် သတိထားကြဖို့ ဒေသခံပြည်သူတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ပြောဆိုလိုက်ပါတယ်။ 

မနေ့ အောက်တိုဘာ ၅ရက် နေ့ခင်းပိုင်းနဲ့ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့-ပအဖ က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ရက်နေ့ မွန်းလွဲ နာရီကျော်အချိန်မှာ Mi 35 ရဟတ်ယာဉ် စင်းနဲ့ ဒီပဲယင်း မြို့နယ်ထဲက ကံပြား၊တောင်ပြင်၊ အနောက်ကွက်သစ် စတဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ညနေ ၆နာရီ ခန့်မှာလည်း တင်းတိန်ရန် ဘုရားကုန်းပေါ်ကို ဂျက်ဖိုက်တာနဲ့ဗုံးသီးတလုံး၊ အနောက်ကွက်သစ်ကို ဗုံးသီးတလုံး ကြဲချခဲ့တယ် လို့ ဆိုပါတယ်။ 

တင်းတိန်ရန်ဘုရားကုန်းအနီးကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ရာမှာ ဒေသခံအမျိုးသမီးတဦးသေဆုံးကာ တစ်ဦးဒဏ်ရခဲ့ ပြီး အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာ ဒီပဲယင်းမြို့နယ်ကို အကြောင်းမဲ့ လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြဖို့ ဒေသခံပြည်သူတွေကို ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပေါက်မြို့နယ်မှာရှိတဲ့ ရွှေဘုံသာပျူရွာကို PDF တွေစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးသေပြီး ၄ဦး အရှင်ဖမ်းမိ


စက်တင်ဘာ၆ရက်


မကွေးတိုင်း ပေါက်မြို့နယ် ရွှေဘုံသာပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂ဦးသေဆုံးပြီး လေးဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပေါက် ပကဖ က ပြောပါတယ်။

ရွှေဘုံသာပျူရွာကို PDF ပူးပေါင်းတပ်ဖွဲ့က မနေ့ အောက်တိုဘာ ရက် မနက် နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကူနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ 

ရန်သူ့ဘက်က စစ်ကူလာတဲ့ အနေအထားရော ဂျက်ဖိုက်တာနဲ့ ကြဲတာတွေရောကြောင့် သိမ်းနိုင်တဲ့အဆင့်ထိတော့ မရောက် ခဲ့ဘူး။ ရွှေဘုံသာနဲ့ထိစပ်နေတဲ့ စပန်ရွာထဲထိ ဝင်နိုင်ခဲ့တယ်။ ကင်းကုန်း ကုန်း သိမ်းနိုင်ခဲ့တယ်လို့ ပေါက် ပကဖ က တာဝန် ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် မနက် နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တကြိမ်၊ နာရီဝန်းကျင်မှာ တကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေရှိပေမယ့် စခန်းကိုစီးနင်းတိုက်ခိုက်မှုအတွင်း စစ်သားတဦးနဲ့ ပျူစောထီး ဦးကို အရှင်ဖမ်းမိကာ MA 2 သေနတ်‌တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက် ပကဖ က အသိပေးပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စပါးမျောကျေးရွာက အမျိုးသားတဦးသေဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ၈၁ မမ နဲ့ ပစ်တာကြောင်း စပါးမျောရွာက အမျိုးသားတဦးသေဆုံကာ ဒဏ်ရာရသွားတဲ့သူဟာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေတယ်လို့ ပေါက် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပေါက်-မြိုင် တပ်ပေါင်းစု၊ Seven Star ပခုက္ကူခရိုင် တပ်ရင်း အမှတ် ၁၊ ၁၂၊ ၁၅၊ ၁၆၊ ၁၈၊ ပေါက်မြောက် ပိုင်းတော်လှန်ရေးတပ်ဦးနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ပန်ဝါမြို့ကိုသွားတဲ့လမ်းပေါ်က စစ်စခန်းအချို့ကို KIA ထပ်မံ သိမ်းပိုက်


စက်တင်ဘာ၆ရက်


ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ကို သွားတဲ့လမ်းပေါ်က စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင် လွတ်လပ်ရေးတပ်မတော်-KIA ပါတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆော့လော်မြို့နဲ့ ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ KIA ပူးပေါင်းတပ်ဟာ အောက်တိုဘာ ရက်နေ့မှာ ချီဖွေ-ပန်ဝါလမ်းပေါ်က ၁၁ မိုင် BGF စခန်းကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ရက်မှာ ပန်ဝါသွားတဲ့လမ်းပေါ်က လန်းဂျော် စစ်ကောင်စီယာယီစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိရာ လန်းဂျော်စစ်ကောင်စီ ယာယီစခန်းကို သိမ်းပိုက်နိုင်ခဲ့ချိန်မှာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

အခုသိမ်းပိုက်နိုင်ခဲ့တဲ့စခန်းတွေဟာ ပန်ဝါမြို့အနီးက စခန်းတွေဖြစ်ပြီး ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။ 

ပန်ဝါသွားတဲ့လမ်းပေါ်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်လို့ KIA သတင်း ပြန်ကြားရေးဌာနက အောက်တိုဘာ ရက်နေ့ မွန်းလွဲပိုင်းအထိ တရားဝင်ထုတ်ပြန်တာတော့မရှိသေးပါဘူး။ 

KIA နဲ့ KPDF ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ရက်အထိ ရက်အတွင်း ချီဖွေနဲ့ ဆော့လော် မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပမ်းနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့ပါတယ်။

ချီဖွေတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပန်ဝါဘက်ကို ထွက်ပြေးသွားတယ်လို့ သတင်းရင်း မြစ်တွေက ပြောထားပါတယ်။

အခု KIA ထိုးစစ်ဆင်နေတဲ့ဒေသဟာ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ နယ်မြေဖြစ်ပြီး ဒီနယ်မြေမှာရှိတဲ့ ဆဒုံး၊ ဆော့လော်နဲ့ ချီဖွေမြို့တို့ကို KIA က အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီး ဒေသတွင်း လမ်းကြောင်းတွေကိုလည်း KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ ပြည်သူပိုင်ပစ္စည်များကို အနုကြမ်းစီးကာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး 


စက်တင်ဘာ၆ရက်


မကွေးတိုင်း ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီနဲ့ပျူစောထီးတွေပါတဲ့ အင်အား ၆ဝ ကျော်ပါတဲ့အဖွဲ့ဟာ ဒေသခံပြည်သူတွေကို အနုကြမ်းစီး ဓားပြတိုက်ကာ နေအိမ်အချို့ကို ဖျက်ဆီးသွားတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ-Info Committee Yesagyo က ပြောပါတယ်။

မနေ့ အောက်တိုဘာ ရက် မနက် နာရီခန့်က စစ်ကောင်စီနဲ့ပျူစောထီးတွေပါတဲ့အဖွဲ့ဟာ အမှတ် စိတ္တသုခရပ် ဘောလုံးကွင်းအနီးမှာရှိတဲ့ ဒေါ်သန်းအေးနေအိမ်ကို ဓားပြတိုက်သွားရာမှာ သားသမီးတွေဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး၊ နားကပ်နဲ့ လက်ကောက်ပါမကျန် ချွတ်ယူသွားတယ်လို့ ဆိုပါတယ်။

စိတ္တသုခရပ် ဘောလုံးကွင်းအနီးဝန်ကျင်ဟာ စစ်ကောင်စီတပ်တွေဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေ ကင်းပုန်းဝပ်လေ့ရှိတဲ့နေရာ ဖြစ်ပြီး မနက်လင်းခါနီးအချိန်မှ ပြန်သွားလေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီနေ့ နေ့လည် နာရီခွဲအချိန်မှာလည်း အမှတ် ထင်တန်းရပ်နေ ကိုမြင့်စီုးနေအိမ်နဲ့ အခြားအိမ်တလုံးကို စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပျူစောထီးတွေက Alphard ကား၂ စီး၊ မြို့နယ် ထွေအုပ်ကားတစီးတို့နဲ့ရောက်ရှိလာပြီး အိမ်တွင်းက အဖိုးတန် ပစ္စည်းတွေကို အဓမ္မ လုယက်ယူဆောင်ပြီး အိမ် လုံးစလုံးကို မီးရှို့ဖျက်ဆီသွားတယ်လို့လည်း ပြောပါတယ်။

ဒါအပြင်အနီးမှာရှိတဲ့ ဒေါ်သန်းအေး နေအိမ်ခြံဝင်းအတွက်းက အိမ် လုံးကို ဝင်ရောက်မွှေနှောက်ကာ ရွှေလက်ဝတ်ရတနာ တွေ အနုကြမ်းစီးဓားပြတိုက် ယူဆောင်သွားတယ်လို့လည်း ရေစကြိုသတင်းအချက်အလက်ကော်မတီ-Info Committee Yesagyo က အသိပေးထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ရက်နေ့ နာရီခန့်ကလည်း ရေစကြိုမြို့ အမှတ် ရပ်ကွက်အတွင်းက နေအိမ်အချို့ ဓားပြတိုက်ခံရ ပြီး ဖုန်း၊ ငွေကြေးနဲ့ တန်ဘိုးကြီးပစ္စည်းယူသွားတယ်လို့ ရေစကြိုမြို့ခံအချို့က ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေဟာ ရပ်ကွက်ထဲ ကင်းပတ်ရင်း ဓားပြတိုက်သွားတာဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးရဲဘော် PDF တွေလုပ်သယောင် ပုံမှားရိုက်သွားတာလို့ဆိုပါတယ်။  

အခုလို အနုကြမ်းစီး ဓားပြတိုက်ခံရပေမယ့် အိမ်ရှင်တွေတွေအနေနဲ့ ရန်ရှာခံရမှာကြောက်တာကြောင့် မပြောရဲကြဘူးလို့ ရေစကြိုမြို့ခံအချို့က ပြောပါတယ်။


========================


🚩🚩 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်တပ်လက်ချက်ကြောင့် တပတ်အတွင်း အရပ်သား ၂ဦးသေဆုံးကာ ၇ဦးဒဏ်ရာရပြီး လူငယ် ၈၇ ဦး ဖမ်းဆီးခံရ 


စက်တင်ဘာ၆ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့တပတ်တာအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သား ၂ဦး သေဆုံးကာ ကလေးငယ် ဦးအပါအဝင် ဦး ဒဏ်ရာရကာ လူငယ် ၈၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် အတွက် လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးတာနဲ့ ခြိမ်းခြောက်ငွေညှစ်ဖို့ ဖမ်းဆီးတာတွေလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရသူ ၈၇ ဦး ရှိတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်သားအင်အားဖြည့်တင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လမ်းသွားလမ်းလာတွေသာမက စက်ရုံအလုပ် သမားတွေ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်မရှိရင် များပြားတဲ့ငွေပမာဏတောင်းတာတွေ နေရာအများစုမှာ ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေကြီးရေလျံမှုတွေကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ရောက်နေတဲ့သူတွေကိုလည်း သန်းခေါင်စာရင်း ကောက်ယူဖို့ရျိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအဓမ္မ နေရပ်ပြန်စေပြီး အိမ်ထောင်စုစာရင်းကောက်ခံတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။ 

အခုထုတ်ပြန်တဲ့အချက်တွေဟာ တောင်ပိုင်းစစ်ဒေသက ရရှိထားတဲ့အချက်အလက်တွေကို အခြေခံထားတာဖြစ်တဲ့အတွက် လက်တွေ့မြေပြင်မှာ ဖမ်းဆီးခံရသူနဲ့ ထိခိုက်သေဆုံးသူအရေအတွက် ပိုများနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment